【ရွေးချယ်နိုင်သော တာဝန် (၂) - အနီရောင်မိန်းမပျိုကိုနှိမ်နင်းပါ။ ဆုလာဘ် - ၆၀၀ မှော်ငွေ】
ဆရာကြီး အားလုံက နတ်ဆိုးကလေးအကြောင်း ပြောအပြီးမှာ တန်းဝမ်ကျဲဆီ ဒုတိယမြောက် ရွေးချယ်နိုင်တဲ့ တာဝန် ပေါ်လာပါတယ်။
နောက်ခံလူပိုတစ်ယောက်လို ထင်ရတဲ့ ဆရာကြီး အားလုံရဲ့ ခေါင်းပေါ်မှာ ရွှေရောင် အာမေဍိတ်အမှတ်အသား (!) ပေါ်လာလိမ့်မယ်လို့ သူ မထင်ထားခဲ့မိဘူး။
အနီရောင်မိန်းမပျို ဇာတ်လမ်းတွဲဟာ သူမရဲ့ အမည်ကို အစွဲပြုထားတာ မှန်ပေမဲ့တကယ်တမ်း အန္တရာယ်အရှိဆုံး အရာကတော့ တောတောင်တွေထဲမှာ နေထိုင်တတ်တဲ့နတ်ဆိုးကလေး ဆိုတဲ့ ဝိညာဉ်သတ္တဝါပဲ ဖြစ်ပါတယ်။ ဒီလို သတ္တဝါမျိုးက လူတွေကို တောင်ပေါ်ကို မျှားခေါ်သွားပြီးသေဆုံးသွားအောင် လုပ်တတ်ကြတာပါ။
ဆန့်ကျင်ဘက်အနေနဲ့ အနီရောင်မိန်းမပျို ကတော့ ကြည့်ရတာ ထိတ်လန့်စရာ ကောင်းပေမဲ့ တကယ်တော့ သူမဟာအချစ်ငတ်မွတ်နေတဲ့ကောင်မလေးသာ ဖြစ်ပြီး သူမရဲ့ မိခင်ကို ရှာဖွေဖို့ပဲ အာရုံစိုက်နေတာပါ။
တာဝန်ကို လက်ခံရရှိပြီးနောက် ဝမ်ကျဲရဲ့ ပထမဆုံး တုံ့ပြန်မှုကတော့ တန်းစီစောင့်နေလိုက်ဆိုတာပါပဲ။
နတ်ဆိုးသခင်ကလည်း သူ့ဖနောင့်ကို တက်နင်းမတတ် လိုက်နေတယ် အစိုးရအဖွဲ့အစည်းတွေကလည်း သူ့ကို လိုက်ဖမ်းနေတယ်ဆိုတော့အနီရောင်မိန်းမပျိုကို ကိုင်တွယ်ဖိုအင်အားပိုမရှိသေးပါဘူး။
ထို့ပြင်နတ်ဆိုးသခင်၏စွမ်းအားမှာလဲ အလွန်ကြောက်လန့်ဖွယ်ဖြစ်ကြောင်းသိရှိခဲ့ပြီးဖြစ်၍ တစ်ဦးချင်းရင်ဆိုင်ဖို့မှာမလွယ်လှပေ။
လက်ရှိ အခြေအနေမှာတော့ ရန်သူတွေက တရားသဖြင့် တိုက်ခိုက်ဖို့ထက် ညစ်ပတ်တဲ့ နည်းလမ်းတွေကိုပဲ သုံးချင်နေပုံရပါတယ်။
“ဟိုမှာ... လိုက်ကြစို့။”
ကျဉ်းမြောင်းတဲ့ လူနေရပ်ကွက် လမ်းကြားတစ်ခုထဲမှာ ရဲအရာရှိတွေဟာ သေနတ်တွေကို ကိုင်ဆောင်ပြီး ရှေ့က လူအရိပ်နောက်ကို အပြင်းအထန် လိုက်နေကြပါတယ်။
“သူက တကယ်ပဲ လူလားကွာ။တောက်... မြန်လိုက်တာ။”
ရဲတွေဟာ တန်ဝမ်ကျဲကို ပိတ်ဆို့ဖမ်းဆီးနိုင်ဖို့ အတော်လေး အချိန်ပေးလိုက်ရပါတယ်။ ဝမ်ကျဲကို အလွန်အန္တရာယ်ရှိတဲ့ ရာဇဝတ်သားလို့ သတ်မှတ်ထားတာကြောင့် ထိပ်တိုက်တွေ့ရင် သေနတ်ကို ချက်ချင်း အသုံးပြုခွင့် ပေးထားပါတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ သူ့ကို အသေသတ်လို့ မရပါဘူး။
ရဲအရာရှိငယ်တစ်ဦးက အစွမ်းကုန်ပြေးပြီး နောက်ဆုံးမှာတော့ တန်ဝမ်ကျဲကို လိုက်မီသွားပါတယ်။ ဒါက လမ်းကြားထဲက လမ်းပိတ်နေတဲ့ နေရာဖြစ်ပြီး နှစ်မီတာခွဲမြင့်တဲ့ နံရံကြီးက တန်ဝမ်ကျဲကို တားဆီးထားပါတယ်။
“မလှုပ်နဲ့ မင်းက ကျည်ဆန်ကို ရှောင်နိုင်တယ်လို့ ကြားတယ်နော်။ ငါ အနီးကပ် ပစ်လိုက်ရင်ရော ရှောင်နိုင်မလား ကြည့်ကြတာပေါ့။”
သေနတ်ကိုင်ထားတဲ့ ရဲအရာရှိငယ်က ပစ်မှတ်ထားခံရတဲ့လူထက်တောင် ပိုပြီး တုန်လှုပ်နေပါတယ်။ ဒီနေ့ ထူးဆန်းတာတွေ အများကြီး ကြုံခဲ့ရတာကိုး။ ကားတိုက်ခံရသလို လွင့်ထွက်သွားတဲ့ လုပ်ဖော်ကိုင်ဖက်ရယ် ပုခုံးမှာ သေနတ်ဒဏ်ရာရထားပြီး အခုတော့ ဘာမှမဖြစ်သလို ဖြစ်နေတဲ့ တန်ဝမ်ကျဲရယ်သူက စူပါဟီးရိုးလည်း မဟုတ်ဘဲနဲ့လေ။
ရုတ်တရက် တန်ဝမ်ကျဲကလည်း လက်ကို မြှောက်လိုက်ပြီး သေနတ်ပစ်တဲ့ ပုံစံ လုပ်လိုက်ပါတယ်။
“ဘုန်းးးး”
အသံတော့ မကြားရပါဘူး။ဒါပေမဲ့ ရဲအရာရှိငယ်ရဲ့ ဝမ်းဗိုက်ထဲကို မမြင်ရတဲ့ လက်သီးတစ်ချက် အထိုးခံလိုက်ရသလို ခံစားလိုက်ရပါတယ်။ သူဟာ အသည်းခါမတတ် နာကျင်ခသွားတော့တယ်။
“တကယ်ပဲ လူအစစ်ကြီးလား။”
သူ ပြန်မော့ကြည့်လိုက်တဲ့အခါမှာတော့ ထိုလူက ဂျက်ကီချန်းလိုပဲ နံရံကို နင်းပြီး အလွယ်တကူ ကျော်တက်ကာ ပျောက်ကွယ်သွားတာကို မြင်လိုက်ရပါတယ်။ ဒါကတော့ မယုံနိုင်စရာပါပဲ။
ရဲစခန်းမှာတော့ အရာရှိချုပ်က စာတမ်းဖတ်ရင်း မျက်လုံးကို ပွတ်ကာ စားပွဲကို ခေါက်နေပါတယ်။
“မင်း ရေးထားတာ ဒါပဲလား။သူက နှစ်မီတာခွဲမြင့်တဲ့ နံရံကို ကျော်တက်သွားတယ်နောက်ပြီး ၁၀ မီတာလောက် အကွာကနေ မင်းကို အတွင်းအားနဲ့ လှမ်းထိုးတယ် ဟုတ်လား။”
“ကျွန်တော်... ကျွန်တော် ကိုယ်တိုင် မြင်ခဲ့တာပါဆရာ။”
ထိုစဉ် အခြားတစ်ယောက် ဝင်လာပါတယ်။
“အဲဒီနေရာက စုံစမ်းစစ်ဆေးမှု ဘယ်လိုလဲ။သူ ဘာသဲလွန်စတွေ ချန်ထားခဲ့လဲ။”
“သူက ပလတ်စတစ်စက္ကူနဲ့ ထုပ်ထားတဲ့ အထုပ်တစ်ထုပ်ရယ် သက်တမ်းကုန်ခါနီး ချောကလက်ထုပ်တစ်ထုပ်ရယ် ချန်ခဲ့ပါတယ်။ မိန်းကလေး ပြောပုံအရတော့ ချောကလက်က သရဲတိုက်ဖို့ဖြစ်ပြီးပလတ်စတစ်စက္ကူထဲမှာတော့ သူမရဲ့ ဦးလေးဝိညာဉ် ပါတယ်လို့ ပြောပါတယ်။
“ဟမ်....”
ဒေသခံတွေဟာ ဘုရားကျောင်းတွေနဲ့ ရိုးရာယုံကြည်မှုတွေကို အလေးထားကြပေမဲ့ ချောကလက်နဲ့ ပလတ်စတစ်စက္ကူကိုသုံးပြီးသရဲဖမ်းတယ်ဆိုတာကိုတော့ ဘယ်သူက ယုံမှာလဲ။
ရဲမေတစ်ဦး ဝင်လာပြီး အစီရင်ခံပါတယ်။
“သံသယရှိသူ တန်ဝမ်ကျဲရဲ့ သဲလွန်စကို တွေ့ပါပြီ။ သူက ကျောင်းသားလေးယောက်ဆီက ဖုန်းတွေနဲ့ ပိုက်ဆံ ၄၀၀ ကို လုယူသွားပါတယ်။ ပြီးတော့ လမ်းဘေးက ကားတစ်စီးကို တားပြီး အဲဒီလုထားတဲ့ ပိုက်ဆံနဲ့ ဟမ်ဘာဂါ သုံးခု အာလူးကြော်တစ်ထုပ် အအေးတစ်ခွက် ဝယ်စားသွားပါတယ်။ သူက ခရမ်းချဉ်သီးဆော့စ် နှစ်ထုပ် ပိုထည့်ပေးဖို့ အသေအချာ မှာသွားတယ်လို့ ဆိုပါတယ်။”
“မင်းက သူ့ရဲ့ Stalkerလား။”
“မဟုတ်ပါဘူး အဖြစ်မှန်ကို မှတ်တမ်းတင်နေတာပါ။ သူက ဆော့စ်ပိုထည့်ပေးဖို့ကို တကယ့်ကို အလေးအနက်ထားမှာသွားတာပါ။”
အားလုံး ငြိမ်ကျသွားပါတယ်။ သူ့ရဲ့ လုပ်ရပ်တွေက ဘာယုတ္တိမှ မရှိဘူး ဖြစ်နေတာကိုး။ သားအမိကို ပိတ်လှောင်တယ် ရဲကို တိုက်ခိုက်တယ် ဘုရားကျောင်းသွားတယ်အခုတော့ ဟမ်ဘာဂါ ဝယ်စားပြီး ဆော့စ်ပိုတောင်းနေတယ်...။
ရဲအရာရှိငယ်လေးက ခပ်တိုးတိုး ပြောလိုက်ပါတယ်။
“သူက ကိုယ့်ကိုယ်ကိုယ် ဗီဒီယိုဂိမ်း ကစားနေတယ်လို့ ထင်နေတာများလား။”
တန်ဝမ်ကျဲကတော့ မှော်ငွေတွေ ထပ်ရှာချင်ပေမဲ့ သူဟာ စည်းကမ်းလိုက်နာတဲ့ အလုပ်သမားမျိုး မဟုတ်ပါဘူး။ရွေးချယ်နိုင်တဲ့ တာဝန်ဆိုမှတော့ မလုပ်ဘဲ နေလို့လည်း ရတာပဲလေ။
အခု သူ အလိုရှိတရားခံ တစ်ယောက်ဖြစ်နေပါပြီ။ သူဟာ လမ်းဘေးမှာ စက်ဘီးစီးနေတဲ့ ကျောင်းသားလေးယောက်ဆီကနေ ဖုန်းတွေနဲ့ ပိုက်ဆံတွေကို လုယူလိုက်ပါတယ်။
မင်းတို့ကျောင်းတက်ရမယ့်အချိန်မှာ ဘာလို့ အပြင်ရောက်နေတာလဲ။ဖုန်းတွေကို သိမ်းလိုက်ပြီ။ ပိုက်ဆံတွေလည်း အကုန်ပေး။ပိုက်ဆံရှိရင် မင်းတို့ လူဆိုးဖြစ်လိမ့်မယ်။ဒီစကားတွေနဲ့ ဆုံးမရင်း လုယူသွားတာပါ။
ကျောင်းသားလေးတွေကတော့ ကြောက်ကြောက်လန့်လန့်နဲ့ အကုန်ပေးလိုက်ရပါတယ်။ တန်ဝမ်ကျဲက လူမိုက်တစ်ယောက်ဆီကနေ ကားတစ်စီးကိုပါ အတင်းအဓမ္မ လုယူပြီး မောင်းထွက်သွားတာကို သူတို့ ကြည့်နေခဲ့ကြပါတယ်။
သူ့ရဲ့ ရည်မှန်းချက်ကတော့ မြေခွေးဝိညာဉ်ကို သတ်ဖို့ပါပဲ။ အဲဒီအတွက် အစွမ်းထက်တဲ့ ဓားမကြီး ကို သူ ပြန်ရှာဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
***