“ကောင်းပါပြီ... အစ်ကိုထျန်….။”
ချန်ယွင်က များများစားစား ပြန်မပြောတော့ပေ။ အမှန်တကယ်တမ်းတွင်လည်း သူမ၏ အစွမ်းမှာ ထျန်ဖုန်းထက် နိမ့်ကျနေသည် မဟုတ်ပါလား။
လေထဲမှ အရှိန်သည် တဖြည်းဖြည်း လျော့ကျလာပြီး မြေပြင်နှင့် မီတာအနည်းငယ်အကွာသို့ ရောက် သောအခါ ချန်ယွင်သည် လှေပျံပေါ်မှ ခုန်ဆင်းသွားခဲ့လေတော့သည်။
ထျန်ဖုန်းသည်လည်း ထိုအခွင့်အရေးကို အမိအရ အသုံးချကာ စနစ်၏ အမှတ်တရဓာတ်ပုံရိုက်ကူးခြင်း လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်လေသည်။
“ခရီးလမ်းမှာ ဂရုစိုက်ဦး၊ ငါ အရင်သွားနှင့်မယ်…။”
ထျန်ဖုန်း စကားပြောပြီးသည်နှင့် လှေပျံကို အရှိန်မြှင့်ကာ ဝေးရာသို့ ပျံသန်းသွားလေတော့သည်။
“ဘေးကင်းပါစေ အစ်ကိုထျန်…။”
ထျန်ဖုန်း ထွက်ခွာသွားသည်ကို ကြည့်ရင်း ချန်ယွင် သက်ပြင်းတစ်ချက်ကို ဖြေးညှင်းစွာ ချမိလိုက်လေ သည်။ လှေပျံတစ်စင်းကို မောင်းနှင်ခြင်းမှာ လူအများ၏ အာရုံစိုက်မှုကို အလွန်အမင်း ရရှိစေသည် မဟုတ်ပါလား။
သူမ သူ့ကို အကြိမ်ကြိမ် ဖျောင်းဖျခဲ့သော်လည်း အရာမထင်ခဲ့ပေ။
သူစိမ်းတစ်ယောက်နှင့် အလွန်အမင်း ရင်းနှီးသလိုမျိုး ထပ်ခါတလဲလဲ အကြံပေးနေမည်ဆိုပါကလည်း အသစ်စက်စက် တည်ဆောက်ထားသည့် ခင်မင်မှုကို ပျက်စီးသွားစေနိုင်သဖြင့် သူမ ထပ်မပြောတော့ ရန် ဆုံးဖြတ်လိုက်ခြင်းပင်ဖြစ်လေသည်။
လှေပျံပေါ်တွင် ထျန်ဖုန်းသည် တစ်ဦးတည်း ဟန်ပါပါ ပျံသန်းလာခဲ့လေသည်။
အမွှေးတိုင်တစ်တိုင် မကုန်ခင် အချိန်အတွင်းမှာပင် ရှေ့ရှိ ဈေးကွက်မြို့ငယ်လေးကို သူ လှမ်းမြင်လိုက် ရလေသည်။
ထိုနေရာမှာ ဧရိယာ ဧက (၁၀၀) ပတ်ဝန်းကျင်မျှသာ ရှိပြီး အဆောက်အအုံအားလုံးမှာ သစ်သားများ ဖြင့် တည်ဆောက်ထားလေသည်။
ထိုသစ်သားအိမ်များမှာ နှစ်ထပ်၊ သုံးထပ် အဆောက်အအုံများဖြစ်ပြီး ရှေးဟောင်းအငွေ့အသက်များ လွှမ်းမိုးနေလေသည်။ လေးထပ်အဆောက်အအုံမှာမူ အလွန်ပင် ရှားပါးလှသည်ပင်။
၎င်းမှာ အလွန်အမင်း ခမ်းနားထည်ဝါနေခြင်း မရှိသော်လည်း လက်တွေ့ကျကျ တည်ဆောက်ထားခြင်း ပင်ဖြစ်၏။
လှေပျံကြီးမှာ ဝေါခနဲ မြည်သံနှင့်အတူ ဈေးကွက်၏ အစွန်းတွင် ဆိုက်ရောက်လာရာ လူအများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားလေတော့သည်။
“ဒါက... လှေပျံကြီးပဲ၊ ဒါပေမဲ့ မောင်းနှင်တဲ့သူက ချီစွမ်းအင်သန့်စင်ခြင်းအဆင့်ပဲ ရှိသေးတာ လား….။”
“ဘယ်လို အင်အားကြီးမိသားစု ဒါမှမဟုတ် ဘယ်လိုဂိုဏ်းက သခင်လေး ဖြစ်မလဲမသိဘူး…။”
“ဝဖြိုးနေတဲ့ သိုးသူငယ်လေးတစ်ကောင်ပဲဟေ့…။”
“ဟဲဟဲ... သူက သိုးသူငယ် ဖြစ်၊ မဖြစ်ဆိုတာ သူ့နောက်ခံပေါ်မှာတော့ မူတည်တာပေါ့ကွာ…။”
“ဟုတ်တယ်၊ မင်းက လူငယ်လေးကို သွားနှိပ်စက်လိုက်လို့ သူ့နောက်က ရွှေအမြုတေအဆင့် ကျင့်ကြံ သူကြီး ထွက်လာရင် မင်း အသက်ရှင်နိုင်ဦးမလား ကြည့်ရသေးတာပေါ့…။”
“ဟက်... ဒီအနီးအနားမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေ အများကြီး မရှိပါဘူးကွာ၊ ဒီလောက် တိုက်ဆိုင်စရာလား…။”
ထျန်ဖုန်းသည် ထိုမကောင်းသော အကြည့်များကို လျစ်လျူရှုကာ လှေပျံကို လူမရှိသကဲ့သို့ အေးအေး ဆေးဆေးပင် သိမ်းဆည်းလိုက်လေသည်။
အတွင်းသို့ ဝင်သွားသောအခါ နှစ်လံခန့် ကျယ်သော ဂိတ်တံခါးကို ဖြတ်ကျော်ပြီးနောက် မြင်ကွင်းမှာ ချက်ချင်း ပွင့်လင်းသွားလေတော့သည်။
အတွင်းပိုင်းမှာ အလွန်ပင် စည်ကားလှပေသည်။
၎င်းမှာ လူသားလောကရှိ ဈေးကွက်တစ်ခုသို့ ပြန်ရောက်သွားသကဲ့သို့ပင် ရောင်းသူ၊ ဝယ်သူများ၏ အော်ဟစ်သံများဖြင့် ဆူညံနေလျှက် ရှိနေသည်ပင်။
ထျန်ဖုန်းက အစပိုင်းတွင် လူတိုင်းမှာ ကျင့်ကြံသူများ ဖြစ်လိမ့်မည်ဟု ထင်ခဲ့သော်လည်း အနီးကပ်၍ ကြည့်သောအခါ ထိုသို့ မဟုတ်သည်ကို တွေ့လိုက်ရ၏။
အချို့မှာ သာမန်လူများဖြစ်ပြီး ကျန်အများစုမှာ ချီစွမ်းအင်သန့်စင်ခြင်း အဆင့်နိမ့် ကျင့်ကြံသူများသာ ဖြစ်ကြလေသည်။
ထျန်ဖုန်းသည် ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) ရှိသူ အနည်းငယ်ကိုသာ မြင်တွေ့ခဲ့ရသည်။
သို့သော်လည်း ဤမြင်ကွင်းမှာ သူ့အတွက် အတွေ့အကြုံသစ်ပင် ဖြစ်နေသည်ပင်။
ဈေးကွက်ထဲတွင် မရေမတွက်နိုင်သော ဆိုင်ခန်းလေးများနှင့် အဆောက်အအုံငယ်လေးများထဲရှိ ဆိုင်ကြီးများလည်း ရှိနေသည်။
“စီနီယာ... လက်နက်တွေ ကြည့်ဦးမလား…။ ကျွန်တော်တို့ဆီမှာ ဓား၊ လှံ၊ လေးမြှားတွေ အကုန်ရှိပါ တယ်…။”
ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၅) ရှိသော ကြွက်သားတောင့်တောင့်နှင့် အမျိုးသားတစ်ဦးက လှမ်းမေး လိုက်ခြင်းဖြစ်လေသည်။
“အို... မင်းဆီမှာ သေနတ်တွေကော ရှိလား…၊ လေဆာသေနတ်တွေ ရှိသလား…။”
ထျန်ဖုန်းက စပ်စုသောလေသံဖြင့် မေးလိုက်လေသည်။
“လေ... လေဆာသေနတ် ဟုတ်လား…။”
ထိုအမျိုးသားမှာ ကြောင်အမ်းအမ်း ဖြစ်သွားသည်။
“မရှိဘူးလား….။ အဲ့ဒီလေဆာသေနတ်က အလင်းတန်းတွေနဲ့ တိုက်ခိုက်တာ၊ အလွန်ပြင်းထန်တဲ့ အလင်းနဲ့ အပူကို ထုတ်ပေးနိုင်ပြီး အရှိန်ကလည်း ကြောက်စရာကောင်းလောက်အောင် မြန်တာ။ အဲ့ဒါက တကယ့် ရတနာပဲကွ….။”
ထျန်ဖုန်းက နှမြောတသဟန်ဖြင့် ပြောလိုက်ပြီး ထပ်မေးလိုက်ပြန်သည်။
“ဒါဆို စနိုက်ပါသေနတ်ကော ရှိလား….။”
“စ... စနိုက်ပါသေနတ်…။”
ထိုသူမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားလေသည်။
*အခုခေတ်မှာ ဒီလိုလက်နက်တွေက ခေတ်စားနေတာလား….။*
“အိုး... မရှိရင်လည်း ရပါတယ်။ ငါက မေးကြည့်ရုံပါ။ မင်း စီးပွားရေး ဒီထက်မက ကောင်းပါစေ…။”
ထျန်ဖုန်းက ယဉ်ကျေးစွာ နှုတ်ဆက်ပြီး ထွက်ခွာသွားရာ ထိုသန်မာသောအမျိုးသားမှာ မျက်မှောင် ကြုတ်လျက် ကျန်ရစ်ခဲ့လေတော့သည်။
“အဲ့ဒီ လေဆာသေနတ်ဆိုတာက တကယ်ပဲ အစွမ်းထက်ပုံရတယ်…။”
…………
ထျန်ဖုန်းသည် ဈေးကွက်အတွင်း ဟိုကြည့်ဒီကြည့်ဖြင့် လျှောက်သွားရင်း ဗဟုသုတများစွာ ရရှိခဲ့လေ သည်။
သူသည် ပြာသဒ်ပုံစံ အဆောက်အအုံရှိ ဆိုင်တစ်ဆိုင်အတွင်းသို့ ဝင်သွားရာ ပစ္စည်းအမျိုးမျိုးနှင့်အတူ သိုလှောင်အိတ်အချို့ကိုလည်း တွေ့လိုက်ရလေသည်။
“ဆိုင်ရှင်... ဒီသိုလှောင်အိတ်က ဘယ်လောက်လဲ…။”
ထျန်ဖုန်း မေးလိုက်လေသည်။
“စီနီယာက မျက်စိလျင်တာပဲ…။ ကျွန်တော်တို့ရဲ့ သိုလှောင်အိတ်တွေက အရည်အသွေး အကောင်းဆုံး တွေပါ၊ စိတ်ဝိညာဉ်ကျောက်တုံး ငါးဆယ်ပဲ ကျသင့်မှာပါ ခင်ဗျာ….။”
ကြင်နာတတ်သော ပုံစံရှိသည့် ဆိုင်ရှင်က ပြုံးလျက် ပြန်ဖြေလေသည်။
ထိုစကားကို ကြားသောအခါ ချန်ယွင်သည် သူ့ကို လိမ်ပြောခဲ့ခြင်း မရှိကြောင်း၊ သူမမှာ တကယ့်ကို ပေါင်းသင်းထိုက်သော သူငယ်ချင်းတစ်ယောက်ဖြစ်ကြောင်းကို ထျန်ဖုန်း တွေးမိသွားလေ၏။
“ငါက မေးကြည့်ရုံပါ…၊ ငါ့မှာ တစ်ခု ရှိပြီးသားမို့လို့….။”
ထျန်ဖုန်းက ပြောရင်းပင် သူ၏ ခါးရှိ သိုလှောင်အိတ်ကို ပုတ်ပြလိုက်လေသည်။
ဆိုင်ရှင်က စိတ်မဆိုးသည့်အပြင် ဖော်ဖော်ရွေရွေပင် ပြန်ပြောလာလေသည်။
“ရပါတယ်ခင်ဗျာ၊ ဒီတစ်ခါ အရောင်းအဝယ် မဖြစ်ရင်လည်း နောက်တစ်ခါပေါ့၊ ကျွန်တော်တို့ မိတ်ဆွေ တွေ ဖြစ်သွားတာပဲ မဟုတ်လား…။”
“ဆိုင်ရှင်... ဒီမှာ မြေပုံတွေကော ရောင်းပါသလား…။”
“ရှိပါတယ်၊ ရှိပါတယ်... စီနီယာ ခဏစောင့်ပါဦး….။”
ထိုစကားကို ကြားသည်နှင့် ဆိုင်ရှင်မှာ ဝမ်းသာအားရဖြင့် ကောင်တာအတွင်းရှိ အံဆွဲထဲမှ သိုးရေခွံလိပ် တစ်ခုကို ထုတ်ပေးလိုက်လေသည်။
“ဒါက ချင်းရှောင်းမင်းဆက်ရဲ့ မြေပုံပါ။ ပြည်နယ် ခုနစ်ခုလုံး ပါဝင်ပါတယ်။ ဒါပေမဲ့ ဒါက အဖိုးတန်တဲ့ အရာမို့ စီနီယာအနေနဲ့ အသက်ရှူသံ ငါးကြိမ်စာ အချိန်အတွင်းမှာပဲ ကြည့်ရှုခွင့်ရှိပါတယ်။ နားလည် ပေးပါ ခင်ဗျာ…။”
ထျန်ဖုန်းက ခေါင်းငြိမ့်ပြလိုက်သည်။ မြေပုံကို ခဏတာကြည့်ရုံဖြင့် အလွတ်မှတ်မိနိုင်သူများ ရှိသဖြင့် ဤသို့ ကန့်သတ်ထားခြင်း ဖြစ်ကြောင်း သူ နားလည်သည်ပင်။
ပစ္စည်းအားလုံးကို အလွတ်မှတ်မိရန် ခက်ခဲသော်လည်း လိုအပ်သော အစိတ်အပိုင်းအချို့ကို မှတ်သား ရန်မှာမူ မခဲယဉ်းပေ။
သို့သော်လည်း ထျန်ဖုန်းသည် ထိုစိတ်ဝိညာဉ်ကျောက်တုံး အနည်းငယ်အတွက် တွန့်တိုနေမည့်သူတော့ မဟုတ်ချေ။
သူ ထိုသိုးရေခွံလိပ်ကို ထိလိုက်သောအခါ အလွန်ထူထဲသည်ကို ခံစားလိုက်ရလေသည်။ သေချာကြည့် လိုက်သောအခါ ချင်းရှောင်းမင်းဆက်အကြောင်းကို ပိုမိုသိရှိလာရလေသည်။
လက်ရှိ သူတို့ရှိနေသော ရှော့ကျိုးပြည်နယ်မှာ ချင်းရှောင်းမင်းဆက်၏ အရှေ့တောင်ဘက်တွင် တည်ရှိပြီး မင်းဆက်တစ်ခုလုံးတွင် ပြည်နယ် ခုနစ်ခု ရှိလေသည်။
ရှော့ကျိုး၏ မြောက်ဘက် လင်ကျိုးနှင့် ထိစပ်နေသော နေရာတွင် ရှောင်းကျင်းတောင်တန်း ရှိပြီး ထိုနေရာ၌ မြစိမ်းတောင်တန်းဂိုဏ်း တည်ရှိလေသည်။
မြစိမ်းတောင်တန်းဂိုဏ်းသာမက အနီးအနားတွင် အခြားသော ဂိုဏ်းငယ်လေးများလည်း ရှိနေသည်။
ထျန်ဖုန်းသည် မြေပုံကို အကြာကြီး မကြည့်တော့ဘဲ ကောင်တာပေါ် ပြန်တင်လိုက်ကာ မေးလိုက် လေသည်။
“ဒါက ဘယ်လောက်လဲ…။”
“ကျွန်တော်တို့ မြေပုံက နှစ်အနည်းငယ်ကြာတိုင်း နောက်ဆုံးအခြေအနေတွေနဲ့ အမြဲမွမ်းမံထားတာမို့ ပြုလုပ်ခက များပါတယ်။ ဒါကြောင့် ဈေးကိုတော့ အရမ်းမလျှော့နိုင်ဘူး ခင်ဗျာ…။”
ဆိုင်ရှင်က ဈေးကို တိုက်ရိုက်မပြောဘဲ အခက်အခဲကို အရင်ရှင်းပြကကာ စျေးကိုင်ချင်နေသည်ပင်။
“ဟက်... ခက်ခဲတယ်ဆိုတာက အစပိုင်းမှာပဲ နေမှာပါ။ နောက်ပိုင်း မွမ်းမံတာတွေက သိပ်အားစိုက်စရာ မလိုပါဘူး။ ဒီဂိုဏ်းတွေနဲ့ မြေမျက်နှာသွင်ပြင်တွေက ဆယ်စုနှစ်ချီအောင် ပြောင်းလဲမှာ မဟုတ်ဘူး။ အင်အားစုအငယ်လေးတွေပဲ ပြောင်းလဲနိုင်တာ၊ ဒါပေမဲ့ မင်းရဲ့ မြေပုံပေါ်မှာ အင်အားစုအသေးလေး တွေက သိပ်မပါဘူး မဟုတ်လား….။”
ထျန်ဖုန်း၏ ဖော်ထုတ်မှုကို ခံလိုက်ရသော်လည်း ဆိုင်ရှင်မှာ ရှက်ရွံ့ခြင်းမရှိဘဲ ပြုံးလျက်ပင်
“စီနီယာက တကယ့်ကို သိတတ်နားလည်သူပဲ။ ဒါဆိုရင်တော့ စိတ်ဝိညာဉ်ကျောက်တုံး သုံးတုံးပဲ ပေးပါတော့ ခင်ဗျာ…။”
သုံးတုံးဖြစ်စေ၊ ငါးတုံးဖြစ်စေ ထျန်ဖုန်းအတွက်တော့ ကွာခြားမှု မရှိပေ။
အကယ်၍ အရင်းအမြစ်တွေ ကုန်သွားလျင်လည်း ‘ကူညီချင်တဲ့သူ’ တစ်ယောက်ယောက်ကို ရှာလိုက်ရုံ သာ မဟုတ်ပါလား။
သူသည် စိတ်ဝိညာဉ်ကျောက်တုံး သုံးတုံးကို ကောင်တာပေါ် တင်လိုက်ပြီး သိုးရေခွံမြေပုံကို ယူကာ ဆိုင်ထဲမှ ထွက်လာခဲ့လေသည်။
ဆိုင်အပြင်သို့ ရောက်သည်နှင့် ဆူညံသံများက ပြန်လည် ဆီးကြိုနေခဲ့၏။
ထျန်ဖုန်းသည် တန်ဖိုးကြီးပစ္စည်းများကို ဈေးပေါပေါဖြင့် ရနိုင်မလားဟု မျှော်လင့်ချက်ဖြင့် ဆက်လက် လျှောက်ကြည့်နေသော်လည်း ဘာမျှတော့ ထူးခြားမှု မရှိခဲ့ပေ။
“ငါတော့ ဈေးပေါပေါနဲ့ ရတနာရဖို့ ကံမပါဘူး ထင်တယ်…။”
“အစ်ကိုထျန်…။”
ထျန်ဖုန်း လျှောက်သွားနေစဉ် နောက်မှ ခေါ်သံတစ်ခု ကြားလိုက်ရသည်။ လှည့်မကြည့်ဘဲ မည်သူဖြစ် ကြောင်း သူ သိလိုက်သည်။
သူ လှည့်ကြည့်လိုက်သောအခါ ချန်ယွင်သည် သူ့ကို ပြုံးရွှင်စွာဖြင့် နှုတ်ဆက်နေသည်ကို တွေ့လိုက်ရ လေသည်။
ထျန်ဖုန်းသည် သူမအနားသို့ ကပ်သွားပြီး ခပ်တိုးတိုး ပြောလိုက်လေသည်။
“ဒီနေရာမှာ ငါနဲ့ သိပ်ရင်းနှီးသလိုမျိုး မနေနဲ့ဦး။ မဟုတ်ရင် တစ်ယောက်ယောက်က ငါ့ကို မယှဉ်နိုင်တဲ့ အခါ မင်းကိုပါ ရန်ရှာသွားမှာ ငါစိုးရိမ်လို့…။”
သူ အမုန်းဆုံးအရာမှာ သူငယ်ချင်းများကို လိုက်ကယ်နေရခြင်းပင်။ ယနေ့ တစ်ယောက်၊ မနက်ဖြန် တစ်ယောက်နှင့် ကယ်တင်နေရခြင်းမှာ အချိန်ကုန်လှသည်ပင်။
အကောင်းဆုံးနည်းလမ်းမှာ ပြဿနာ မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ထားခြင်းပင် ဖြစ်ပေ တော့သည်။
***