“သခင်လေး... ကျွန်မကို ကယ်ပါဦး…။ ကျေးဇူးပြုပြီး ကျွန်မကို ကယ်ပေးပါ…။”
ဟယ်ဖန်ဟုန်သည် ထျန်ဖုန်းကို ကြည့်ကာ အသနားခံ တောင်းပန်နေရှာလေသည်။ သူမ၏ မျက်နှာ ထက်တွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး ပါးပြင်ပေါ်တွင် မျက်ရည်များက စီးကျနေခဲ့သည်ပင်။
ထျန်ဖုန်းက သေချာကြည့်လိုက်ရာ ထိုသူနှစ်ဦးလုံးမှာ ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၈) တွင် ရှိနေကြ သည်ကို တွေ့လိုက်ရ၏။ ထိုအမျိုးသမီးမှာ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်နှင့် ညှို့ဓာတ်ပြင်း သော အသွင်အပြင် ရှိလေသည်။
အသက် (၃၀) မပြည့်သေးသော သူမမှာ အမှည့်လွန်ကာ စားချင် စဖွယ်ဖြစ်နေသော မက်မွန်သီးတစ်လုံး ကဲ့သို့ပင်။ သူမ၏ ဖရိုဖရဲ ဖြစ်နေသော ဆံနွယ်များကို ကြည့်ရသလောက် သူမ၏ သရုပ်ဆောင်မှုမှာ မဆိုးလှပေ။
သန်မာသောအမျိုးသားမှာမူ အမျိုးသမီး၏ လက်နှစ်ဖက်ကို လက်တစ်ဖက်ဖြင့် ဖိထားပြီး ကျန်လက် တစ်ဖက်ဖြင့် သူမ၏ အင်္ကျီများကို အတင်းဆွဲဖြဲနေသည်ပင်။ သို့သော် ထူးဆန်းသည်မှာ အကြာကြီး ဆွဲဖြဲနေခဲ့ပါသော်လည်း အင်္ကျီမှာ ပြဲမသွားခဲ့ခြင်းပင်။
ထျန်ဖုန်းမှာ အကြာကြီး ဘာမှမလုပ်ဘဲ ကြည့်နေသဖြင့် ဟယ်ဖန်ဟုန်မှာ စိုးရိမ်စိတ်ဖြင့် ထပ်မံပြော လိုက်ပြန်လေသည်။
“သခင်လေး... ကျေးဇူးပြုပြီး ကျွန်မကို ကယ်ပါ။ ကျွန်မ ဒီလူ့ရဲ့ ထောင်ချောက်ထဲကို မိသွားလို့ အခု ဘာအစွမ်းမှ မရှိတော့ပါဘူး။ ရှင် ကျွန်မကို ကယ်မယ်ဆိုရင် ရှင်ခိုင်းသမျှ လုပ်မယ့် ကျွန်မအဖြစ်နဲ့ ရှင့်ဘေးနားမှာ တစ်သက်လုံး အစေခံပါ့မယ်….။”
ထျန်ဖုန်း စကားမပြောရသေးခင်မှာပင် သန်မာသောအမျိုးသားက လှည့်ကြည့်ကာ ရက်စက်သော အကြည့်ဖြင့် ကြိမ်းမောင်းလိုက်သည်။
“ဟေ့ကောင်... မင်း တခြားသူကိစ္စထဲ ဝင်ပါရဲရင်ပါကြည့် မင်းကို ငါ သတ်ပစ်မယ်…။”
ယေဘုယျအားဖြင့်ဆိုလျှင် ဤကဲ့သို့ မြင်ကွင်းမျိုးကို တွေ့ပါက မည်သူမဆို ဝင်ရောက် ကူညီချင်စိတ် ပေါ်လာမည်မှာ သေချာပေသည်။ အထူးသဖြင့် အဆင့် (၉) ကျင့်ကြံသူတစ်ဦးအတွက် အဆင့် (၈) ကျင့်ကြံသူကို ရင်ဆိုင်ရန်မှာ မခဲယဉ်းပေ။ သို့သော်လည်း ထျန်ဖုန်းမှာ လှုပ်ရှားခြင်း မရှိဘဲ ထိုမြင်ကွင်း ကိုသာ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေခဲ့လေသည်။
“အစ်ကိုထျန်... ဒီလူက နေ့ခင်းကြောင်တောင်ကြီးမှာ ဒီလိုမျိုး လုပ်ဝံ့တာပဲ…။ ကျွန်တော်တို့ အောက်ကို အမြန်ဆင်းပြီး ဒီအမျိုးသမီးကို ကယ်ကြရအောင်…။”
ရှဲ့လင်းခွန်က ထျန်ဖုန်း မလှုပ်မယှက် ရှိနေသည်ကို မြင်သောအခါ အတင်း တိုက်တွန်းလေတော့သည်။
“မင်း တစ်ခုခု ထူးဆန်းတယ်လို့ မထင်ဘူးလား…။”
ထျန်ဖုန်းက ရုတ်တရက် မေးလိုက်လေသည်။
“ဗျာ…”
ရှဲ့လင်းခွန် နားမလည်ဘဲ ကြောင်သွားလေတော့သည်။
“သေချာ ကြည့်စမ်း... အဲ့ဒီအင်္ကျီက ဒီလောက် ဆွဲဖြဲနေတာတောင် အခုထိ မပြဲသေးဘူး။ ငါ့စိတ်ထဲမှာ တစ်ခုခု မှားနေတယ်လို့ ထင်တယ်…။”
ထျန်ဖုန်းက ဂုဏ်ယူဟန်ဖြင့် ဆက်ပြောလိုက်လေသည်။
“ငါ့ရဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုတွေ ကြည့်ခဲ့တဲ့ နှစ်ပေါင်းများစွာက အတွေ့အကြုံအရ ဒါဟာ လုံးဝ မူမမှန်ဘူး…။”
*အော်... ဒါကြောင့်ကိုး…. ဒီနေရာမှာ ပြဿနာ ရှိနေတာကိုး….။*
ရှဲ့လင်းခွန်မှာ ဤလူ၏ အကဲခတ်မှုမှာ အလွန်ပင် စေ့စပ်လှကြောင်း ရုတ်တရက် နားလည်သွားလေ သည်။ တစ်ဖက်လူ ပြောနေသော ‘ရုပ်ရှင်’ ဆိုသည်ကိုမူ သူ စိတ်မဝင်စားအားပေ။ သူသည် ချက်ချင်း ပင် သူ၏ အင်္ကျီလက်ထဲရှိ အဆောင်ကို သုံး၍ တိတ်တဆိတ် အချက်ပေးလိုက်လေသည်။
ထို့နောက် သူသည် ထျန်ဖုန်း၏ နောက်ကွယ်မှနေ၍ အောက်ရှိ လူနှစ်ဦးကို မျက်စိမှိတ်ပြကာ အင်္ကျီကို ဆွဲဖြဲရန် အချက်ပြလိုက်လေသည်။ အောက်မှ လူနှစ်ဦးမှာ နားလည်သွားသော်လည်း သူတို့မျက်နှာတွင် ခက်ခဲသော အမူအရာများ ပေါ်လာခဲ့လေသည်။
“မရီး... မရီး... ကျွန်တော် ဘယ်လိုလုပ်ရမလဲ….။”
သန်မာသောအမျိုးသားက အသံတိုးတိုးဖြင့် အထစ်ထစ်အငေါ့ငေါ့ မေးလိုက်ပြီး သူ၏ လှုပ်ရှားမှုများမှာ ခဏတာ နှေးကွေးသွားခဲ့လေသည်။
ဟယ်ဖန်ဟုန်သည် ဘာမှမပြောဘဲ တောအုပ်ထဲတွင် ပုန်းကွယ်နေသော ရက်စက်သည့် မျက်လုံးတစ်စုံ ရှိရာသို့ လှည့်ကြည့်လိုက်လေသည်။
“လုပ်တော့... လုပ်လိုက်တော့…။”
အမိန့်ရပြီးနောက် ဟယ်ဖန်ဟုန်က အံကိုကြိတ်ကာ ပြောလိုက်လေသည်။
သန်မာသောအမျိုးသား၏ မျက်နှာတွင် ဝမ်းသာသွားသော အရိပ်အယောင် ပေါ်လာခဲ့ပါသော်လည်း ဟန်ဆောင်လျက်ပင် တိုးတိုးလေး ပြောလိုက်လေသည်။
“မရီး... ကျွန်တော့်ကို ခွင့်လွှတ်ပါ…။”
ယခုမူ သူသည် ထျန်ဖုန်းကို ကျောပေးထားသဖြင့် သူ၏ အမူအရာကို ရိပ်မိမည်ကို မစိုးရိမ်တော့ပေ။
ဤတစ်ကြိမ်တွင်မူ အင်္ကျီမှာ မခံနိုင်တော့ဘဲ ပြဲထွက်သွားလေတော့သည်။ အမျိုးသမီးမှာ ရုန်းကန်ဟန် ဆောင်နေသော်လည်း မကြာမီမှာပင် သူမ၏ ဖြူဖွေးဝင်းပသော အသားအရေများ ပေါ်ထွက်လာလေ တော့သည်။
*ဝင်းအိနေတာပဲဟေ့….။*
ထျန်ဖုန်းမှာ မျက်လုံးအပြူးသားဖြင့် နောက်ထပ် ဘာများဆက်ဖြစ်လာဦးမလဲဆိုသည်ကို စိတ်လှုပ်ရှား စွာ စောင့်ကြည့်နေမိလေသည်။ သို့သော် ထိုမျှနှင့်တင် ရပ်တန့်သွားခဲ့လေသည်။ ထိုလူမှာ ဆက်လက် လှုပ်ရှားနေသော်လည်း နောက်ဆုံး အရှက်ဖုံးလေးမှာမူ နဂိုအတိုင်း ကျန်နေသေးသည်ပင်။
*စိတ်ပျက်စရာကြီး….*
ထျန်ဖုန်း ရုတ်တရက် ပျင်းရိသွားလေသည်။
“အစ်ကိုရှဲ့... ကြည့်ဦး၊ ဒါက ထောင်ချောက် ဖြစ်ဖို့ များတယ်။ ဘယ်လို ကာမရူးက ဒီအဆင့်အထိတောင် အင်္ကျီကို မဖြဲနိုင်ရတာလဲ…။ ငါ့အထင်တော့ သူက အစွမ်းကုန် မသုံးသေးတာပဲ။ သူက ငါတို့ ဆင်းသွား တာကို စောင့်နေပြီးမှ ငါတို့ကို တစ်ခါတည်း ရှင်းပစ်မလို့ ဖြစ်ရမယ်…။”
ထျန်ဖုန်းက အမှန်တရားကို သိနေသူတစ်ဦးကဲ့သို့ ပြောလိုက်လေသည်။
“အဲ... အစ်ကိုထျန်၊ ကျွန်တော့်အထင်တော့ သူက ငါတို့ကို မြင်နေရလို့ ရှက်နေတာလည်း ဖြစ်နိုင်တာ ပဲ…။”
ရှဲ့လင်းခွန်မှာ ထိုကဲ့သို့ပင် အပေါစား ဆင်ခြေတစ်ခု ပေးလိုက်ရလေတော့သည်။
“ဒါဆို ငါ သွားတော့မယ်နော်…။”
ထျန်ဖုန်းက လှည့်ထွက်မည့်ဟန်ဖြင့် ပြောလိုက်လေသည်။
“ဟင်... အဲ့ဒါက မကောင်းဘူး ထင်တယ်နော်။ တစ်ယောက်ယောက် သေတော့မှာကို ငါတို့ ဒီအတိုင်း ကြည့်နေလို့ မဖြစ်ဘူးလေ…။”
ရှဲ့လင်းခွန်မှာ ထျန်ဖုန်း တကယ် ထွက်သွားမည်ကို ကြောက်သဖြင့် ချွေးစေးများပင် ထွက်လာလေ တော့သည်။
ထျန်ဖုန်း နောက်ကို ပြန်လှည့်လာသည်ကို မြင်မှ ရှဲ့လင်းခွန်က မြန်မြန် အချက်ပေးလိုက်ပြန်လေသည်။ ဟယ်ဖန်ဟုန်သည် ဘေးဘက်သို့ ထပ်မံ ကြည့်လိုက်ရာ ပုန်းနေသော မျက်လုံးများမှာ ပို၍ပင် ရက်စက် လာသော်လည်း သူမကို ခွင့်ပြုသည့်အကြည့်ကို ပေးလိုက်လေသည်။ အမျိုးသမီးက သန်မာသော အမျိုးသားကို တိတ်တဆိတ် ခေါင်းငြိမ့်ပြလိုက်လေသည်။
“မရီး... ဒါဆို ကျွန်တော် အားမနာတော့ဘူးနော်…။”
သန်မာသောအမျိုးသားမှာ ဝမ်းသာအားရဖြစ်သွားပြီး သူ၏ တုန်ရီနေသော လက်များဖြင့် သူမ၏ နောက်ဆုံး အရှက်ဖုံးသော အဝတ်စကို ဆွဲလိုက်လေတော့သည်။
*အိုး... အရသာ ရှိလိုက်တာ….။*
ယခုမူ သူသည် အပေါ်မှ ‘ဝဖြိုးနေသော သိုးသူငယ်လေး’ ကိုပင် ကျေးဇူးတင်နေမိလေသည်။
ထိုအချိန်တွင် ထျန်ဖုန်း၏ မျက်လုံးများမှာ အလွန်အမင်း စိတ်လှုပ်ရှားမှုကြောင့် ပြူးကျယ်နေခဲ့သည်။ နေ့ခင်းကြောင်တောင်ကြီး၌ တကယ့်ကို ကြည့်ကောင်းလှသည်ပင်။
“အစ်ကိုထျန်... အခုတော့ ထောင်ချောက် မဟုတ်တော့ဘူးမလား…။”
ရှဲ့လင်းခွန်ကလည်း တံတွေးကို ခက်ခက်ခဲခဲ မျိုချရင်း ထျန်ဖုန်းကို ကျေးဇူးတင်နေမိသည်။ သို့သော် လည်း သူ နှမြောမိသည်။
*ငါသာ အောက်မှာ သရုပ်ဆောင်ရရင် ဘယ်လောက် ကောင်းမလဲ…။* ဟုပင် တွေးလိုက်မိသေးသည်။
“မလောပါနဲ့ဦး... နောက်ဆုံးအဆင့် မပြီးသေးဘူးလေ…။”
ထျန်ဖုန်းက အောက်ကို စိုက်ကြည့်ရင်း မျက်လုံးများက အရောင်တောက်နေခဲ့လေသည်။
“ဒါ... အစ်ကိုထျန်၊ အဲ့ဒီ နောက်ဆုံးအဆင့်အထိ ရောက်သွားရင်တော့ သူမရဲ့ ဘဝ ပျက်စီးသွားမှာပေါ့။ ငါတို့က လူကြီးလူကောင်းတွေ ဖြစ်ပြီး ဒီအတိုင်း ကြည့်မနေသင့်ဘူးလေ…။”
ရှဲ့လင်းခွန်မှာ ချွေးပြန်နေပြီဖြစ်၏။ သူ၏ ခေါင်းဆောင်မှာ အလွန် စိတ်ဆိုးနေလိမ့်မည်ကို သူ သိသည်။ သို့သော် ထျန်ဖုန်းက လေထဲတွင် ရှိနေသဖြင့် အောက်မှလူများက ဘာမှ လုပ်မရပေ။ အကယ်၍ သူကိုယ်တိုင် စတင် လှုပ်ရှားလိုက်ပါကလည်း ရန်သူကို သတိပေးသလို ဖြစ်သွားမည်ကို သူ စိုးရိမ်နေ မိပြန်လေသည်။
“အကယ်၍ သူက နောက်ဆုံးအဆင့်ကို မလုပ်သေးရင် သူက အတင်းအဓမ္မ မလုပ်သေးဘူးလို့ ပြောလို့ ရတယ်။ အလွန်ဆုံးရှိရင် ‘ကြံစည်မှု’ ပဲ ဖြစ်မှာပါ၊ အဲ့ဒါက ကြီးလေးတဲ့ ပြစ်မှုမှ မဟုတ်တာ…။”
ထျန်ဖုန်းက ဟန်ဆောင်ကာ တစ်ဖက်လူကို စနောက်နေခဲ့သည်။
“အစ်ကိုထျန်... မြန်မြန် သွားကယ်ပါတော့၊ မဟုတ်ရင် အချိန်နှောင်းသွားပါလိမ့်မယ်…။”
ရှဲ့လင်းခွန်မှာ အလွန် စိုးရိမ်တကြီးဖြင့် ခြေဆောင့်နေတော့သည်။
*ဒါက ဘယ်လိုလူမျိုးလဲ…။ ဒီလိုကိစ္စမျိုးကို မြင်နေရတာတောင် ဘာလို့ ဒီလောက် တွေဝေနေရတာ လဲ….။’
“ကဲ... ထားပါတော့…။”
ထျန်ဖုန်း သက်ပြင်းချလိုက်ပြီး အောက်မှ လူများကို လှမ်းအော်လိုက်လေသည်။
“ဟေး... နောက်ထပ် လူနှစ်ယောက် ထပ်ပေါင်းရင်ကော မင်းတို့ စိတ်ဆိုးကြမလား…။”
“ဗျာ…။”
အားလုံး ဆွံ့အသွားခဲ့ကြလေသည်။
*ဒါက ဘာစကားလဲ…။*
*မင်းက လူလာကယ်ရမှာ မဟုတ်ဘူးလား….။ ဘာလို့ မင်းကပါ ဝင်ပါဖို့ ကြံနေရတာလဲ…။*
ရှဲ့လင်းခွန်သည် ထျန်ဖုန်းကို အံ့သြမှင်တက်စွာ ကြည့်လိုက်မိသည်။
“အစ်ကိုထျန်... မင်း... မင်း ဒါ ဘာပြောတာလဲ…။”
ထျန်ဖုန်း၏ အတွေးကို မည်သူမျှ ခန့်မှန်း၍ မရတော့ပေ။
သန်မာသောအမျိုးသားမှာ ခေတ္တ ကြောင်သွားပြီးမှ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
“သွားစမ်း…။”
ထျန်ဖုန်းက လက်ကာပြကာ ဘေးမှ ရှဲ့လင်းခွန်ကို ပြောလိုက်လေသည်။
“အစ်ကိုရှဲ့... သူက မင်းကို ရုပ်ဆိုးတယ်ဆိုပြီး အုပ်စုထဲ မထည့်ချင်ဘူးတဲ့…။”
“ငါ... ငါ...။”
ရှဲ့လင်းခွန် သွေးအန်မတတ် ခံစားလိုက်ရ၏။
*ဒီကောင် ရူးနေတာလား….။ ဘယ်သူကများ ဒီလိုကိစ္စမျိုးမှာ သူစိမ်းနှစ်ယောက်ကို အဖော်ခေါ်မှာလဲ။ ပြီးတော့ ငါ့ရုပ်နဲ့ ဒါက ဘာဆိုင်လို့လဲ….။*
ရှဲ့လင်းခွန်၏ ကြောင်အမ်းအမ်း ဖြစ်နေသော မျက်နှာကို ကြည့်ပြီး ထျန်ဖုန်းက ဒေါသထွက်ဟန် ပြ လိုက်လေသည်။ သူသည် အောက်မှ သန်မာသောအမျိုးသားကို ဆဲဆိုလိုက်၏။
“တောက်... အစ်ကိုရှဲ့က မင်းအမေနဲ့တောင် အတူတူ အိပ်ဖူးတာကို၊ မင်းက သူ့ကို ရွံနေတာလား။ သူက မင်းအဖေတောင် ဖြစ်နိုင်တယ်နော်….။”
အားလုံးမှာ ထျန်ဖုန်း၏ အတွေးအခေါ်ကြောင့် လုံးဝ ဇဝေဇဝါ ဖြစ်သွားကြပြန်လေသည်။
ထိုစဉ်မှာပင် ထျန်ဖုန်းက အော်ဟစ်လိုက်လေသည်။
“အဲ့ဒီ အလှလေးကို လွှတ်လိုက်စမ်း…၊ ငါ့ကို ပေး…။”
သူသည် ချက်ချင်းပင် လှေပျံကို အောက်ရှိ လူနှစ်ဦးထံသို့ တည့်တည့် မောင်းနှင်လိုက်လေတော့သည်။
“ကောင်စုတ်... သေဖို့ ပြင်ထားပေတော့…။”
ထျန်ဖုန်း အော်ဟစ်လိုက်ပြီး မြေပြင်နှင့် ဆယ်မီတာအကွာသို့ ရောက်သောအခါ လှေပျံကို သိုလှောင် အိတ်ထဲသို့ ချက်ချင်း သိမ်းဆည်းလိုက်လေသည်။ နှင်းခဲဓားကို လက်တွင် ဆုပ်ကိုင်လျက် အောက်ရှိ အမျိုးသားထံသို့ တည့်တည့် ထိုးချလိုက်လေတော့သည်။
ရှဲ့လင်းခွန်သည်လည်း သူနှင့်အတူ အောက်သို့ ကျဆင်းလာခဲ့သည်။
ရှဲ့လင်းခွန် အပါအဝင် အောက်ရှိလူများမှာ စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာသွားခဲ့ကြလေသည်။ ဒီ ‘ဝဖြိုးနေတဲ့ သိုးသူငယ်လေး’ တော့ ထောင်ချောက်ထဲ မိပြီ။ သူ့ကို လှည့်စားဖို့ တကယ့်ကို မလွယ်ကူခဲ့ ပေမယ့် နောက်ဆုံးတော့လည်း သူ မိသွားခဲ့ပြီ မဟုတ်ပါလား။
“မင်း သေဖို့သာ ပြင်ထားတော့…။”
ရှဲ့လင်းခွန်က အော်ဟစ်ရင်း သူ၏ ဓားရှည်ဖြင့် ထိုးလိုက်သည်။ သို့သော် သူ၏ ဓားဦးတည်ချက်မှာ အောက်မှ လူနှစ်ဦးဆီသို့ မဟုတ်ဘဲ ထျန်ဖုန်း၏ ကျောပြင်ဆီသို့သာ ဖြစ်လေသည်။
“တောက်... ရှဲ့... ဒီကောင်စုတ်က တကယ်ပဲ မင်းသားလား…။ မင်းက ငါ့ကိုပါ တိုက်ခိုက်တယ်ပေါ့လေ.. .။”
ထျန်ဖုန်းက အဆင်သင့် ဖြစ်နေခဲ့သည်။ သူသည် နောက်မှ လေတိုးသံကို နားထောင်ခြင်းဖြင့် သူတို့ ကြားက အကွာအဝေးကို သိနိုင်ပေသည်။ ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) ၏ စွမ်းအားနှင့် မိုးတိမ် ခြေလှမ်း ၏ ကျွမ်းကျင်မှုကြောင့် သူသည် လေထဲတွင် ခဏတာ ရပ်တန့်နိုင်ခဲ့လေသည်။
ဘယ်ခြေဖြင့် ညာခြေကို နင်းလိုက်သည်။ မဟုတ်သေး… အဆင့်တိုင်းတွင် သူ၏ ခြေထောက်အောက်၌ တိမ်တိုက်တစ်ခု ပေါ်လာသကဲ့သို့ပင်။ သူသည် ခန္ဓာကိုယ်ကို လျင်မြန်စွာ လှည့်လိုက်ပြီး တစ်ဖက်လူ၏ ဓားကို ပါးနပ်စွာ ရှောင်လိုက်လေသည်။
ထို့နောက် ရှဲ့လင်းခွန်၏ ကြောက်လန့်တကြား အကြည့်များအောက်တွင် နှင်းခဲဓားသည် သူ၏ လည်ပင်းကို တဒင်္ဂအတွင်း ဖြတ်တောက်သွားလေတော့သည်။
ရှဲ့လင်းခွန်၏ ဓားရှည်မှာ မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ကျသွားပြီး လည်ပင်းမှ သွေးများ ပန်းထွက်လာ လေတော့သည်။ သူသည် လည်ပင်းကို အသည်းအသန် အုပ်ထားခဲ့သော်လည်း သွေးထွက်သည်ကို မတားဆီးနိုင်တော့ပေ။ အရာအားလုံးမှာ အလွန်ပင် လျင်မြန်လွန်းသဖြင့် မည်သူမျှ ချက်ချင်း တုံ့ပြန်နိုင် ခြင်း မရှိခဲ့ကြချေ။
“ငါ့ကို သတ်ချင်တာလား….။”
ထျန်ဖုန်း၏ အပြုံးမှာ ရှဲ့လင်းခွန်၏ မျက်လုံးထဲတွင် နတ်ဆိုးတစ်ပါးကဲ့သို့ပင်။
အသက်ပျောက်လုနီးပါး ဖြစ်နေသော ရှဲ့လင်းခွန်ကို လျစ်လျူရှုကာ ထျန်ဖုန်းက လှည့်ပတ်၍ ဆက် လက် တိုက်ခိုက်လိုက်လေသည်။
“သတိထား…။”
“တောက်... သူက အကုန်လုံးကို ဟန်ဆောင်နေခဲ့တာပဲ…။”
အောက်မှ ကျိန်ဆဲသံ သုံးခု ထွက်ပေါ်လာပြီး သူတို့ သတိဝင်လာကြသည်။ သူတို့အားလုံးမှာ အဆင်သင့် ပြင်ဆင်လိုက်ကြသည်။ သို့သော် ထျန်ဖုန်းမှာ အပေါ်စီးမှ ရောက်နေပြီး လက်ဦးမှု ရယူထားသဖြင့် သူတို့ကို အခွင့်အရေး ပေးမည် မဟုတ်ပေ။
ထျန်ဖုန်းသည် မိုးတိမ်ခြေလှမ်း ကို သုံး၍ ပုံမှန်ထက် ပိုမိုမြန်ဆန်စွာ ဆင်းသက်လိုက်လေသည်။ သန်မာ သောအမျိုးသားမှာ ဟယ်ဖန်ဟုန်၏ ကိုယ်ပေါ်မှ မဆင်းနိုင်သေးခင်မှာပင် ထျန်ဖုန်း၏ ဓားမှာ သူ၏ ကျောပြင်သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။
“မင်း နောက်ကို ကြည့်ဦး…။”
ဘေးဘက်မှ အလျင်စလို အသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ထျန်ဖုန်းက ထိုအသံကို လျစ်လျူရှု ကာ နှင်းခဲဓားဖြင့် ပိုင်းချလိုက်လေသည်။ သွေးရောင် တစ်ချက် လက်သွားပြီးနောက် ကြီးမားသော ဦးခေါင်းကြီးတစ်ခုမှာ မြေပြင်ပေါ်သို့ တစ်လိမ့်ချင်း လိမ့်ကျသွားလေတော့သည်။
ထျန်ဖုန်းသည် ထိုခေါင်းပြတ်ကြီးကို လှည့်ပင် မကြည့်ပေ။ သူသည် ဟယ်ဖန်ဟုန်ကို ဆက်လက် တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် အမှောင်ထဲတွင် ပုန်းနေသော အစိမ်းရောင်ဦးထုပ်ဆောင်းထားသူ မှာ လမ်းကိုပိတ်လျက် ထွက်လာခဲ့လေသည်။
“ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) လား…။”
တစ်ဖက်လူ၏ အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် ထျန်ဖုန်းသည် ချက်ချင်း မလှုပ်ရှားတော့ဘဲ ရပ်တန့်လိုက်လေသည်။
***