“မင်း တော်တော် ဟန်ဆောင်ကောင်းတာပဲ ကောင်လေး…။”
ထိုအချိန်တွင် ဝမ်ဟွာပင်း သည် ဝမ်းနည်းကြေကွဲမှုနှင့် ဒေါသတို့ဖြင့် ပြည့်နှက်နေခဲ့ပြီး ထျန်ဖုန်းကို အလွန်အမင်း မုန်းတီးနေမိသည်။
အစပိုင်းမှာတင် သူ၏ ညီအစ်ကို နှစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီး သူ၏ ဇနီးသည်မှာလည်း တစ်ဖက် လူ၏ အမြတ်ထုတ်ခြင်းကို ခံလိုက်ရသည်ပင်။
သူသည် ဤကောင်စုတ်လေးအား အလွယ်တကူ လှည့်စားနိုင်မည့် အတွေ့အကြုံမရှိသည့် လူသစ်လေး တစ်ယောက်ဟု ထင်ခဲ့မိလေသည်။ သို့သော် မမျှော်လင့်ဘဲ ထိုကောင်သည် ကောက်ကျစ်စဉ်းလဲပြီး အရှက်မရှိသည့်အပြင် အောက်တန်းကျလှသည့် လူစားမျိုး ဖြစ်နေခဲ့လေသည်။
သူသည် တစ်ဖက်လူ၏ ပါးနပ်သော အကွက်ထဲတွင် ပြန်လည် အမိခံလိုက်ရခြင်းပင်။
ဝမ်ဟွာပင်းမှာ အလွန်ပင် နာကျည်းနေမိသည်။ အမှန်ဆိုလျှင် သူကိုယ်တိုင် သူ၏ ဇနီးနှင့်အတူ သရုပ်ဆောင်ရမည် ဖြစ်သော်လည်း သူသည် ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူကိုယ်တိုင် ပါဝင်လှုပ်ရှားပါက ဝဖြိုးနေတဲ့ သိုးသူငယ်လေး ကို လန့်ပြေးသွားစေမည်ကို စိုးရိမ်မိခဲ့၏။ ထို့ကြောင့် သူ၏ ဒုတိယညီနှင့် ဇနီးသည်ကိုသာ သရုပ်ဆောင်ခိုင်းခဲ့ခြင်း ဖြစ်လေသည်။
ဤကဲ့သို့ ချမ်းသာသော သခင်လေးများ၊ အထူးသဖြင့် ကြည့်ကောင်းသော လူငယ်များမှာ အမြဲတမ်း သူရဲကောင်းလုပ်ကာ မိန်းမလှလေးများကို ကယ်တင်တတ်ကြသည် မဟုတ်ပါလား…။ ထို့နောက် ထို အမျိုးသမီးက သူတို့၏ ခန္ဓာကိုယ်ဖြင့် ကျေးဇူးဆပ်မည်ကိုလည်း သူတို့ မျှော်လင့်တတ်ကြသည်ပင်။
သို့သော် ဤကောင်စုတ်မှာ နည်းနည်းလေးမျှ တုန်လှုပ်ခြင်း မရှိခဲ့ခြင်းပင်။
ဝမ်ဟွာပင်း ယခုမှ နားလည်သွားသည်မှာ ဤလူယုတ်မာလေးသည် အစကတည်းက ဘာကိုမှ ယုံကြည် ခဲ့ခြင်း မရှိသည်မှာ ထင်ရှားလှပေသည်။
ထျန်ဖုန်းသည် ရွှေရောင်ကွင်းများ တပ်ဆင်ထားသော ဓားကြီးကို ကိုင်ထားသည့် ရှေ့မှလူကို ကြည့် လိုက်သည်။ သူသည် အသက် လေးဆယ်ကျော်အရွယ်ရှိပြီး မျက်နှာမှာ မှုန်ကုပ်ကုပ်နှင့် အမှန်တကယ် ပင် လူကောင်းတစ်ယောက်တော့ မဟုတ်ပေ။
ထို့နောက် သူသည် ခေါင်းကို အနည်းငယ် စောင်းကာ မတ်တပ်ရပ်နေပြီးဖြစ်သော ဟယ်ဖန်ဟုန်ကို ကြည့်လိုက်လေသည်။ သူမ၏ ဖြူဖွေးသော ခန္ဓာကိုယ်မှာ ကောက်ကြောင်းများဖြင့် ကြည့်ကောင်းနေ ဆဲပင်။
“ကောင်းတယ်…။”
သူ၏ စကားမှာ ထိုအမျိုးသားကို ပြန်ပြောခြင်းလား သို့မဟုတ် အမျိုးသမီး၏ ကိုယ်လုံးကို ချီးမွမ်းခြင်း လား ဆိုသည်မှာ မသဲကွဲပေ။
“ရှင်... ရှင်...။”
ဟယ်ဖန်ဟုန်မှာ ရှက်လွန်းသောကြောင့် မျက်နှာနီသွားပြီး ဝမ်ဟွာပင်း၏ နောက်သို့ အမြန် ပုန်းလိုက် လေတော့သည်။
“ဒါ မင်းမိန်းမလား…။ ကိုယ်လုံးကိုယ်ပေါက်ကတော့ မိုက်သားပဲ၊ ပြီးတော့ တော်တော်လည်း ရက်ရက် ရောရော ပြရဲတာပဲနော်…။”
ထျန်ဖုန်းက အသိအမှတ်ပြုဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး…။
“ဒါပေမဲ့ မင်းကတော့ အစိမ်းရောင်ဦးထုပ် ဆောင်းခံထားရတာ နှမြောစရာပဲ….။”
“မင်း သေချင်နေပြီပဲ….။”
ဝမ်ဟွာပင်းက အံကိုကြိတ်ကာ ပြောလိုက်လေသည်။
“အိုး... အလုပ်ကြီးအကိုင်ကြီး လုပ်မယ့်သူတွေက ဒီလို အသေးအဖွဲကိစ္စတွေကို ဂရုမစိုက်ကြပါဘူး။ ဒါက မိန်းမတစ်ယောက်ပဲ မဟုတ်လား….။”
ထျန်ဖုန်းက ပခုံးတွန့်ပြရင်း ဟယ်ဖန်ဟုန်ကို ဆက်လက် စိုက်ကြည့်နေခဲ့လေသည်။
“အင်္ကျီ ဝတ်လိုက်စမ်း…။”
ဝမ်ဟွာပင်းက သူ၏ သိုလှောင်အိတ်ထဲမှ အဝတ်တစ်စုံကို ထုတ်ယူကာ ဟယ်ဖန်ဟုန်ထံသို့ ပစ်ပေး လိုက်လေသည်။
“မင်းက ကြည့်ရတာ သိပ်ကြိုက်နေတာလား…။ ခဏနေရင် မင်းမျက်လုံးတွေကို ငါ ထိုးဖောက်ပြစ် မယ်…။”
ဝမ်ဟွာပင်းက ထျန်ဖုန်းကို ဝါးစားတော့မတတ် စိုက်ကြည့်ရင်း ဟယ်ဖန်ဟုန်ကို နောက်ကွယ်တွင် ကာကွယ်ထားလေသည်။ အကယ်၍ ဟယ်ဖန်ဟုန်သာ ကိုယ်လုံးတီး ဖြစ်မနေပါက သူသည် ချက်ချင်း ပင် ပြေးတိုက်ပြီး ဤလူယုတ်မာကို ပိုင်းဖြတ်ပစ်လိုက်ပြီ ဖြစ်၏။
“သူကလည်း ပြချင်နေတာပဲလေ….။”
ထျန်ဖုန်းက ပြုံးလျက် ပြောလိုက်လေသည်။
“သူကိုယ်တိုင်က လိုလိုလားလား ပြနေတာပဲ။ ငါ့မျက်လုံးက သူ့ခန္ဓာကိုယ်ပေါ် ရောက်သွားတာကို သူက ငါ့ကို ဘယ်လို အပြစ်တင်နိုင်မလဲ…။”
ဟယ်ဖန်ဟုန်က သူမ၏ လက်တစ်ဖက်ကို အင်္ကျီထဲသို့ ထည့်လိုက်သည့် အချိန်မှာပင် ထျန်ဖုန်းသည် မိုးတိမ်ခြေလှမ်း ကို ချက်ချင်း အသုံးပြုလိုက်လေသည်။
ခဏချင်းမှာပင် သူသည် ဟယ်ဖန်ဟုန်၏ ရှေ့တည့်တည့်သို့ ရောက်ရှိသွားလေသည်။ လျင်မြန်သော ခုန်ပျံမှုများဖြင့် ဝမ်ဟွာပင်းကို ကျော်ဖြတ်ကာ ဟယ်ဖန်ဟုန်၏ ရှေ့သို့ ရောက်သွားပြီး ဓားကို မြှောက် ကာ ပိုင်းချလိုက်လေတော့သည်။
လန့်သွားသော ဟယ်ဖန်ဟုန်သည် သူမ၏ လက်ကို အင်္ကျီထဲမှ အမြန်ပြန်ထုတ်ကာ ထျန်ဖုန်း၏ တိုက် ကွက်ကို ခုခံရန် ပြင်လိုက်ရသည်။ သူမမှာ အင်္ကျီဝတ်ရန်ပင် အချိန်မရတော့ဘဲ မူလအတိုင်း အဝတ် ဗလာ အခြေအနေသို့ ချက်ချင်း ပြန်ရောက်သွားလေတော့သည်။
“ချွင်….“
ထျန်ဖုန်း၏ တိုက်ကွက်မှာ လျင်မြန်လှသော်လည်း ဝမ်ဟွာပင်းက ခက်ခက်ခဲခဲပင် ကာကွယ်နိုင်ခဲ့သည်။ ဟယ်ဖန်ဟုန်သည် သက်ပြင်းချနိုင်သော်လည်း ယခုမူ သူမသည် အဝတ်ကို စိတ်ချ လက်ချ မဝတ်ရဲတော့ပေ။
“မင်းက တကယ့်ကို အောက်တန်းကျတဲ့ ကောင်ပဲ….။”
ဝမ်ဟွာပင်းမှာ သူ၏ ဇနီးသည်အား ဤကောင်က အဝတ်မပါဘဲ မြင်နေရသည်ကို တွေးမိပြီး ဒေါသ တကြီး အံကြိတ်လိုက်လေသည်။
အဓိကအချက်မှာ သူသည် ယခုအချိန်အထိ ဘာအမြတ်မှ မရသေးဘဲ ဤကောင်စုတ်မှာမူ အရာအား လုံးကို အမြတ်ထုတ်နေပြီး သူ၏ ညီအစ်ကို နှစ်ယောက်ကိုပင် သတ်ပစ်ခဲ့ခြင်းပင် ဖြစ်သည်။
“မင်းလည်း အတူတူပါပဲ... မင်းကလည်း အတွေ့အကြုံမရှိတဲ့ လူသစ်တစ်ယောက်လိုပါပဲလား…။”
ထို့နောက် သူသည် ထပ်မံ တိုက်စစ်ဆင်လိုက်ရာ သူ၏ ပစ်မှတ်မှာ မည်သူဖြစ်သည်ကို ခန့်မှန်းရ ခက်ခဲ လှပေသည်။
“အင်္ကျီကိစ္စ ထားလိုက်တော့၊ အတူတူ တိုက်ကြစို့….။”
ခေတ္တမျှ တိုက်ခိုက်ပြီးနောက် ဝမ်ဟွာပင်းသည် ဤလူကို သူတစ်ယောက်တည်း အလွယ်တကူ မနိုင်နိုင် ကြောင်း နားလည်သွားလေသည်။
ဟယ်ဖန်ဟုန်သည်လည်း အဝတ်ကို လွှင့်ပစ်လိုက်ပြီး အမှန်တကယ်ပင် အဝတ်ဗလာဖြင့် ပါဝင်၍ တိုက်ခိုလေတော့သည်။ သူမ၏ မျက်နှာမှာ ရှက်သွေးဖြာကာ နီမြန်းနေပြီး လက်ကို ဝှေ့ယမ်းကာ ထျန်ဖုန်းထံသို့ လေဓားသွား အချို့ကို ပစ်လွှတ်လိုက်လေသည်။
“တောက်... မင်းက တကယ့်ကို အရှက်မရှိတဲ့ မိန်းမပဲ….။”
ထျန်ဖုန်းက လေဓားသွားများကို ရှောင်တိမ်းရင်း ကျိန်ဆဲလိုက်လေသည်။
“ပြီးတော့ မင်းကော... မင်းမိန်းမ ဒီလိုဖြစ်နေတာကို ဘာမှ မလုပ်တော့ဘူးလား….။”
“မင်းက သားပဲ၊ မင်း အခု သေရတော့မယ်….။”
ဝမ်ဟွာပင်းက ဒေါသတကြီးဖြင့် သူ၏ ရွှေရောင်ကွင်းတပ် ဓားကြီးကို ထျန်ဖုန်းထံသို့ အားကုန်လွှဲ၍ ပိုင်းချလိုက်လေတော့သည်။
ထျန်ဖုန်းက ညာလက်ကို မြှောက်လိုက်ပြီး နှင်းခဲဓားဖြင့် ခုခံလိုက်လေသည်။
နှစ်ဦးလုံးမှာ အင်အားချင်း မတိမ်းမယိမ်းပင် ဖြစ်သည်။
သူသည် ဓားကို ပြန်သိမ်းကာ တစ်ဖက်လူကို တည့်တည့် ထိုးရန် ပြင်လိုက်လေသည်။ သို့သော် မမျှော် လင့်ဘဲ ဟယ်ဖန်ဟုန်၏ လေဓားသွားများက ထပ်မံ တိုက်ခိုက်လာသဖြင့် ထျန်ဖုန်းသည် ဘေးဘက်သို့ အလျှင်အမြန် ရှောင်လိုက်ရလေသည်။
ထိုစဉ်မှာပင် ဝမ်ဟွာပင်း၏ ဓားကြီးက သူ့ထံသို့ ထပ်မံ ရောက်ရှိလာပြန်လေသည်။ ထျန်ဖုန်းသည် လက်နှစ်ဖက်ဖြင့် ဓားကိုကိုင်ကာ ခုခံနေစဉ်မှာပင် လေဓားသွားများက ထပ်မံ ရောက်ရှိလာပြန်သည်။
“ကောင်လေး... ခုနကတော့ တော်တော် မိုက်နေခဲ့တယ် မဟုတ်လား….။”
ထျန်ဖုန်း အရေးနိမ့်နေသည်ကို မြင်သောအခါ ဝမ်ဟွာပင်းက လှောင်ပြောင်လိုက်လေသည်။
“ဟွန်း... မင်းမိန်းမက သူ့အလှနဲ့ ငါ့ကို မျှားခေါ်နေတာလေ၊ ငါက သူ့ကိုပဲ အာရုံစိုက်နေမိလို့ပါ…။”
“မင်း... မင်း... လူယုတ်မာ….။”
ဝမ်ဟွာပင်း အံကြိတ်ကာကျိန်းဝါးလိုက်လေသည်။
“သူ့ကို သတ်ပြီးရင်တော့ မင်း ငါ့ကို နိုင်ဦးမလား ကြည့်ရသေးတာပေါ့…။”
ထျန်ဖုန်း ပြောပြီးသည်နှင့် ဟယ်ဖန်ဟုန်ထံသို့ ပိုမိုမြန်ဆန်သော အရှိန်ဖြင့် ပြေးဝင်သွားခဲ့လေသည်။ ချက်ချင်းဆိုသလိုပင် သူသည် ဟယ်ဖန်ဟုန်၏ ရှေ့သို့ ရောက်သွားပြီး လေဓားသွားများကို ဓားဖြင့် ပိုင်းချကာ သူမ၏ လည်ပင်းကို တည့်တည့် ထိုးလိုက်လေတော့သည်။
“ကောင်လေး... သေစမ်း…။”
ဝမ်ဟွာပင်းသည် နောက်ကွယ်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့ပြီး သူ၏ ဓားကြီးဖြင့် ထျန်ဖုန်း၏ ကျောပြင်ကို အားကုန် ပိုင်းချလိုက်လေသည်။ အကယ်၍ ထျန်ဖုန်းသာ မရှောင်ဘဲ ဟယ်ဖန်ဟုန်ကို သတ်ရန် ဆက်လက် ကြိုးစားပါက ဤတိုက်ကွက်ကြောင့် ထျန်ဖုန်းလည်း သေဆုံးမည်မှာ သေချာ ပေသည်။
သို့သော် ထျန်ဖုန်းက ငြိမ်မနေဘဲ ကိုယ်ကို လှည့်ကာ အားကုန်သုံး၍ ဓားဖြင့် ပြန်လည် တိုက်ခိုက်လိုက် လေသည်။ ဟုတ်ပါသည်... သူသည် အစကတည်းက သူ၏ အစွမ်းအစအမှန်ကို ထိမ်ချန်ထားခဲ့ခြင်း ဖြစ်ပေသည်။
ဓားအလင်းတစ်ချက် လက်သွားပြီးနောက် နှင်းခဲဓားသည် ရွှေရောင်ကွင်းတပ် ဓားကြီးကို ပြင်းထန်စွာ ရိုက်ခတ်သွားတော့လေသည်။
“ဝုန်း…“
ဓားမှတစ်ဆင့် အလွန်ကြီးမားသော အင်အားတစ်ခု စီးဝင်လာသဖြင့် ဝမ်ဟွာပင်း၏ ခန္ဓာကိုယ် တစ်ခု လုံး ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ သူ၏ လက်ဖဝါးများပင် ကွဲအက်သွားပြီး ဓားကိုပင် လွှတ်မိလု နီးပါး ဖြစ်သွားစေခဲ့သည်။
“မင်း... မင်းရဲ့ အစွမ်းအစအမှန်ကို ဝှက်ထားခဲ့တာလား….။”
သူ ထိတ်လန့်သွားသော်လည်း နောက်ထပ် မစဉ်းစားနိုင်ခင်မှာပင် ရင်ဘတ်ထဲတွင် ပြင်းထန်သော နာကျင်မှုနှင့်အတူ အေးစိမ့်သော ခံစားချက်ကို ခံစားလိုက်ရသည်။ ထျန်ဖုန်း၏ နှင်းခဲဓားသည် သူ၏ နှလုံးသားတည့်တည့်သို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီ ဖြစ်၏။ ဓားဦးဖျားမှာ ကျောဘက်မှ လက်မဝက် ခန့် ထွက်နေပြီး သွေးများ စီးကျနေခဲ့လေသည်။
ထျန်ဖုန်းသည် ဓားကို ပြန်ထုတ်ကာ အေးဆေးစွာပင် နောက်သို့ဆုတ်လိုက်သည်။ လှုပ်ရှားမှုများမှာ တစ်ဆက်တည်းဖြစ်ပြီး အလွန်ပင် တိကျမှုရှိလှသည်။
အခြေအနေများက လျင်မြန်လွန်းသဖြင့် အနားရှိ လူနှစ်ဦးမှာ ခဏတာ ကြောင်အမ်းသွားကြသည်။ ခုနကအထိ အသာစီးရနေသော်လည်း ယခုအခါ ဝမ်ဟွာပင်းမှာ သေလုမြောပါး ဖြစ်နေသည်မှာ အိမ်မက်တစ်ခုကဲ့သို့ပင်။
“မင်း...။”
နှလုံးသား ပျက်စီးသွားပြီဖြစ်ရာ ဝမ်ဟွာပင်းမှာ အားနည်းစွာပင် စကားဆိုလိုက်သည်။ သူ၏ အသက် စွမ်းအားများမှာ လျင်မြန်စွာ လျော့နည်းလာလေတော့သည်။
သူတို့၏ ကြိုးစားအားထုတ်မှုအားလုံး ဤကဲ့သို့ အဆုံးသတ်သွားမည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ အထူးသဖြင့် တစ်ဖက်လူမှာ ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) သာ ရှိနေသည် မဟုတ်ပါလား။
အကယ်၍ အဆင့် (၉) ရှိသူ နှစ်ယောက် လာလျှင်ပင် သူတို့ တိုက်ခိုက်နိုင်သေးသည်။ သို့သော် ယခုမူ သူတို့မှာ တစ်ဖက်လူ၏ လက်ထဲတွင် ရှုံးနိမ့်သွားခဲ့ပြီဖြစ်၏။
ထျန်ဖုန်းသည် သူ့ကို ဆက်မသတ်တော့ပေ။ အသက်ရှင်ရန်အတွက် မျှော်လင့်ချက် မရှိတော့သူကို အပို အားထုတ်စရာ မလိုတော့ပေ။ ချီစွမ်းအင်သန့်စင်ခြင်းအဆင့်တွင် နှလုံးသား ပျက်စီးသွားခြင်းမှာ သေစေနိုင်သော ဒဏ်ရာပင် ဖြစ်လေသည်။
“ပင်း... အစ်ကိုပင်း…။”
ဟယ်ဖန်ဟုန်သည် စိတ်လွတ်သွားသကဲ့သို့ ဝမ်ဟွာပင်း၏ အားနည်းနေသော ကိုယ်ကို တွဲထားပေး လေသည်။
ဝမ်ဟွာပင်းသည် သူမကို မှီထားရင်း သူမ၏ အဝတ်ဗလာကျင်းနေသော ခန္ဓာကိုယ်ကို နှမြောတသစွာ ကြည့်လိုက်ပြီး
*ငါ မသေခင်မှာ သူ့ကို နောက်ဆုံးအကြိမ် မြင်လိုက်ရတာ ကံကောင်းတာပဲ…။* ဟု စိတ်ထဲမှ တွေးလိုက်မိလေသည်။
ထိုသို့ တွေးရင်း သူမ၏ မက်မွန်သီးများကို လက်လှမ်းထိရန် ကြိုးစားလိုက်သော်လည်း အားမရှိတော့ ဘဲ မြေပြင်ပေါ်သို့ လဲကျသွားကာ အသက်ပျောက်သွားလေတော့သည်။
သူ သေဆုံးသွားသည့်တိုင် သူ၏ မျက်လုံးများမှာ ဟယ်ဖန်ဟုန်ကိုသာ စိုက်ကြည့်နေဆဲပင်။
ဟယ်ဖန်ဟုန်ကမူ မြေပြင်ပေါ်ရှိ အလောင်းကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူမသည် ထျန်ဖုန်းထံသို့ လှည့်ကာ သူမ၏ ညှို့ဓာတ်ပြင်းသော ခန္ဓာကိုယ်ကို လှုပ်ခါလျက် နူးညံ့သော အသံဖြင့် ပြောလိုက်လေသည်။
“သခင်လေး... ကျွန်မ ရှင့်နောက်ကို တကယ် လိုက်ချင်ပါတယ်၊ ရှင့်ရဲ့ အစေခံအဖြစ် လက်ခံပေးပါ။ ကျွန်မကို မနှင်ထုတ်ပါနဲ့….။”
ထျန်ဖုန်းသည် သူမ၏ ဖြူဖွေးဝင်းပသော ခန္ဓာကိုယ်ကို အေးစက်စွာ ကြည့်လိုက်ပြီး။
“တော်ပြီ... ငါ မြင်သင့်တာထက်တောင် ပိုမြင်ပြီးသွားပြီ…။”
ဟယ်ဖန်ဟုန် ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ထျန်ဖုန်း၏ ဓားက ဝှေ့ယမ်းပြီးသား ဖြစ်နေခဲ့သည်။
“ရွှပ်….“
သွေးများ ပန်းထွက်လာပြီး ဦးခေါင်းတစ်ခုမှာ လေထဲသို့ မြှောက်တက်သွားလေသည်။ ထိုဦးခေါင်းရှိ မျက်လုံးများမှာ အံ့သြနေဆဲပင်။ ဟယ်ဖန်ဟုန်၏ ခေါင်းမပါသော ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ လဲကျ သွားလေတော့သည်။
[ဟေ့ ထျန်ဖုန်း... မင်းက သူမကို ရုပ်ဆိုးတယ်လို့ ထင်နေတာလား… ခေါင်းကိုပါ ဖြတ်လိုက်တော့ ပိုတောင် ရုပ်ဆိုးသွားပြီ မဟုတ်လား။ ဒါမှမဟုတ် မင်းက ဒီလိုမျိုးမှ ကြိုက်တာလား…။ ထားပါတော့... ပူပူနွေးနွေးလေး ရှိတုန်း စားလိုက်ပါဦးလား…။]
စနစ်၏ ပြောင်ချော်ချော် အသံကို ကြားသောအခါ ထျန်ဖုန်း ခဏမျှ ဆွံ့အသွားလေသည်။
ဤကဲ့သို့ အရှက်မရှိ၊ ကောက်ကျစ်ပြီး ကိုယ်ကျင့်တရားမရှိသော စနစ်ရှိနေခြင်းမှာ ဤလောကအတွက် တကယ့်ကို ကံဆိုးမှုပင် ဖြစ်ပေတော့သည်။
***