"မင်းတို့ သင့်တော်သလိုလုပ်ကြပါ။ သူတို့ကို နည်းနည်းပါးပါးပညာပေးလိုက်။ အရမ်းလွန်လွန်ကျွံကျွံလုပ်စရာမလိုဘူး။ မဟုတ်ရင် ငါက သူများကို အနိုင်ကျင့်တယ်လို့ အပြောခံရလိမ့်မယ်"
"ဆရာသခင်.. ဒါက အသေးအဖွဲကိစ္စလေးပါ။ ကျွန်တော်တို့ ချက်ချင်းရှင်းလိုက်ပါ့မယ်"
"ဆရာသခင်.. ကျွန်တော့်စစ်သင်္ဘောအဖွဲ့ ထွက်သွားပါပြီ။ အဆင့်သုံးမျိုးနွယ်စုတစ်ခုအတွက် စစ်သင်္ဘောနည်းနည်းဆိုရင် ရပါပြီ။ အာကာသဖြတ်လမ်းနည်းပညာနဲ့ဆိုတော့ ဒီလိုနေရာလေးကိုရောက်ဖို့ စကြဝဠာစံတော်ချိန် နာရီနည်းနည်းပဲ ကြာမှာပါ"
"ဆရာသခင်.. ဆရာကရော အခု အမြွှာဝေလငါး စကြဝဠာအင်ပါယာမှာပဲလား။ လမ်းကြုံတုန်း အဲဒီက ဒေသထွက်ကုန်လေးတွေ ဝယ်လာခဲ့ပေးရမလား"
...
"ကဲ ပြီးပြီ"
ကျန်းမုန့်လောင်က လက်ဖျောက်တစ်ချက် တီးလိုက်သည်။
"ဒီလိုလုပ်လို့ရတာလား"
ဂရုထဲတွင်ရှိနေသော အိုင်းရင်းကလည်း တက်ကြွလှသော ထိုဆွေးနွေးမှုများကို သဘာဝကျကျ မြင်တွေ့ခဲ့ရသည်။
ကျန်းမုန့်လောင်၏ စကားတစ်ခွန်းတည်းနှင့်ပင် ထိုလူများမှာ သူတို့၏စစ်သင်္ဘောများကို အလုအယက် စေလွှတ်နေကြသည်။
ဤဂရုထဲမှာ လူပေါင်းထောင်ချီ ရှိ၏။ တစ်ယောက်ကို အဆင့်ငါးမျိုးနွယ်စု စံသတ်မှတ်ချက်ဝင် စစ်သင်္ဘောအုပ်စုတစ်စုစီ ထုတ်ပေးမည်ဆိုလျှင် အဆင့်ငါးမျိုးနွယ်စု စံသတ်မှတ်ချက်ဝင် စစ်သင်္ဘောအုပ်စု ထောင်ပေါင်းများစွာ ဖြစ်သွားပေလိမ့်မည်။
ဒါက ဘာကိုဆိုလိုလေသလဲ။ အမြွှာဝေလငါးစကြဝဠာအင်ပါယာမှာပင် စံသတ်မှတ်ချက်ဝင်ရုပ်ဝတ္ထုပိုင်းဆိုင်ရာ မျိုးနွယ်စုပင်မစစ်သင်္ဘောအုပ်စုက စုစုပေါင်းမှ ၁၂ခုသာရှိ၏။
အကယ်၍ ဤစစ်သင်္ဘောအုပ်စုများအားလုံးသာ အဆင့်ငါးမျိုးနွယ်စုစံသတ်မှတ်ချက်ဝင် ပင်မစစ်သင်္ဘောအုပ်စုများ ဖြစ်ခဲ့မည်ဆိုလျှင် အမြွှာဝေလငါးစကြဝဠာအင်ပါယာတစ်ခုလုံးကို အကြိမ်ပေါင်းရာနှင့်ချီပြီး ဖျက်ဆီးပစ်နိုင်စွမ်းရှိ၏။
ကျန်းမုန့်လောင်၏ လွှမ်းမိုးနိုင်စွမ်းကို သူအထင်သေးမိခဲ့ကြောင်း သဘောပေါက်လိုက်သည်။ ယခုအချိန်ဆိုလျှင် မတူညီသော စကြဝဠာအင်ပါယာအသီးသီးက စစ်သင်္ဘောအုပ်စုအမြောက်အများမှာ အာကာသဖြတ်လမ်းများကတစ်ဆင့် ဖြတ်သန်းလာနေလောက်ပြီဖြစ်၏။
"အမြွှာဝေလငါးစကြဝဠာအင်ပါယာရဲ့ ဘုရင်ကြီးတော့ လန့်သေမသွားပါစေနဲ့လို့ မျှော်လင့်ပါတယ်"
အိုင်းရင်းခမျာ တိတ်တဆိတ် ဆုတောင်းလိုက်သည်။ အဆင့်သုံးမျိုးနွယ်စုလေးတစ်ခုကို ပညာပေးဖို့အတွက် ဤမျှကြီးမားသော အင်အားချီတက်မှုကြီးမှာ နည်းနည်းတော့ လွန်ကဲလှသည်ဟု သူတွေးမိသည်။
"အိုင်းရင်း.. မင်းရဲ့ယောက္ခမကို သွားတွေ့ကြမလား"
ကျန်းမုန့်လောင်က နောက်ပြောင်လိုက်သည်။
"Brother, I want to meet Shayana’s father, is it convenient?" Ireel asked.
"အစ်ကို.. ကျွန်တော် ရှာယန်နာ့အဖေနဲ့ တွေ့ချင်ပါတယ်။ အဆင်ပြေနိုင်မလား"
အိုင်းရင်းက မေးလိုက်သည်။
"အဆင်ပြေတာပေါ့။ အရမ်းအဆင်ပြေတာပေါ့။ အရမ်းအဆင်ပြေတယ်"
အာပါချီက အလျင်စလို ပြန်ဖြေလိုက်သည်။
အိုင်းရင်းလို အဆင့်အတန်းမျိုးရှိသူတစ်ယောက်ကို ပုံမှန်အခြေအနေမျိုးမှာဆိုလျှင် သူ့အဖေဘက်က တောင်းပန်ခယပြီး တွေ့ခွင့်တောင်းလျှင်ပင် တွေ့ခွင့်ရမည်မဟုတ်ချေ။ ယခု သူကိုယ်တိုင်က လာရောက်လည်ပတ်ချင်သည်ဟု ဆိုလာသည်ဖြစ်ရာ သူတို့မိသားစုအတွက် ဂုဏ်ယူစရာကိစ္စတစ်ခုပင်။
အိုင်းရင်း ပြန်ရောက်သောအခါ သူ့စကားတစ်ခွန်းတည်းဖြင့် သူတို့မျိုးနွယ်စု ရင်ဆိုင်နေရသော အကျပ်အတည်းက အလိုလိုပြေလည်သွားနိုင်ခြေပင် ရှိနေချေသည်။
နောက်ဆုံးတော့ သူတို့တစ်သိုက် အာကာသပတ်လမ်းဓာတ်လှေကားကတစ်ဆင့် အင်ပါယာသလင်းကျောက်ကြယ်ဆီသို့ ရောက်သွားကြသည်။
အပြင်ဘက်ကကြည့်လျှင် လူသူကင်းမဲ့နေသော သလင်းကျောက်ဂြိုဟ်တစ်ခုနှင့် တူသော်လည်း တကယ်တမ်းတွင်မူ ဤဂြိုဟ်၏ ဂေဟစနစ်က တောင်တန်းများ၊ မြစ်များ၊ ငှက်များနှင့် သားရဲတိရစ္ဆာန်များဖြင့် ကောင်းစွာတည်ဆောက်ထားသည်။ အဆောက်အအုံများမှာ နေရာအနှံ့ ပြန့်ကျဲနေပြီး လူများ၏ အဆင့်အတန်းသတ်မှတ်ချက်များအပေါ် မူတည်၍ မတူညီသောဧရိယာများလည်း ခွဲခြားထားသည်။
အိုင်းရင်း၏အဖေမှာ အနိမ့်ဆုံးအဆင့်သုံးဧရိယာတွင် ရှိနေပေသည်။
"ဒီနေရာက တော်တော်ကောင်းတာပဲ"
အာပါချီက သူတို့ကို နန်းတော်နှင့်တူသော အဆောက်အအုံတစ်ခုထဲသို့ ခေါ်ဆောင်သွားသည်။
အတွင်းပိုင်းအလှဆင်မှုမှာ အလွန်တရာ ခမ်းနားထည်ဝါလှပြီး ကမ္ဘာမြေပေါ်ရှိ အဆင့်မြင့်လူကုံထံပွဲလမ်းသဘင်များကိုပင် သတိရစေသည်။ မီးရောင်များ ထိန်လင်းနေပြီး လူတိုင်းက သူတို့မျိုးနွယ်စု၏ အခမ်းနားဆုံးပွဲတက်ဝတ်စုံများကို ဝတ်ဆင်ကာ အုပ်စုလိုက် စကားစမြည်ပြောဆိုနေကြသည်။
"ဧည့်သည်တော်လေးဦး ဘာများသောက်သုံးချင်ပါသလဲ"
လှပသော ဂြိုဟ်သားကောင်မလေးတစ်ယောက်က သူတို့အနားသို့ ချဉ်းကပ်လာပြီး ကျန်းမုန့်လောင်နှင့် အိုင်းရင်းတို့၏ ရင်ဘတ်ပေါ်ရှိ တံဆိပ်များကို မြင်သောအခါ အနည်းငယ်တုံ့ဆိုင်းသွားသည်။
"ကြယ်ငါးပွင့်ဧည့်သည်တွေလား"
သူ(မ)က ဇဝေဇဝါတွေးလိုက်မိသည်။ တူရာတူရာစုတတ်ကြသည့် သဘောတရားအတိုင်း အင်ပါယာသလင်းကျောက်ကြယ်ကို ကြယ်သုံးပွင့်ဧည့်သည်ဧရိယာ၊ ကြယ်လေးပွင့်ဧည့်သည်ဧရိယာနှင့် ကြယ်ငါးပွင့်ဧည့်သည်ဧရိယာဟူ၍ သုံးပိုင်းခွဲခြားထားသည်။
အဆင့်မြင့်ဧည့်သည်များက အဆင့်နိမ့်ဧရိယာများသို့ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်သော်လည်း အဆင့်နိမ့်ဧည့်သည်များကမူ အဆင့်မြင့်ဧရိယာများသို့ ဝင်ရောက်ရန် တစ်စုံတစ်ယောက်၏ ခေါ်ဆောင်မှု လိုအပ်သည်။
ယေဘုယျအားဖြင့် အဆင့်နိမ့်ဧည့်သည်များမှာ အဆင့်မြင့်နေရာများသို့ ဝင်ရောက်ရန် ငွေကုန်ကြေးကျမခံဘဲ အစွမ်းကုန်ကြိုးစားအားထုတ်တတ်ကြသည်။ သို့သော် ကြယ်ငါးပွင့် ဧည့်သည်များက အဆင့်သုံးဧည့်သည်ဧရိယာသို့ လာရောက်ခြင်းကို သူ(မ) တစ်ခါမှမမြင်ဖူးခဲ့ပေ။
"လူကြီးမင်းတို့.. အဆင့်ငါးဧည့်သည်ဧရိယာကို ရှာရတာ အခက်အခဲဖြစ်နေလို့များလား"
ဝန်ထမ်းက ယဉ်ကျေးစွာ မေးလိုက်သည်။ သူတို့က ငယ်ရွယ်သော်ငြား တန်ခိုးအာဏာကြီးမားသော လူငယ်များနှင့် ဆက်ဆံရခြင်းမှာ မလွယ်ကူကြောင်း၊ သူတို့က ရံဖန်ရံခါဒေါသကြီးတတ်ကြောင်း သူ(မ) ကောင်းကောင်းသိသည်။
"သြော် ငါတို့က လူတစ်ယောက်ကို လာရှာတာပါ"
ကျန်းမုန့်လောင်က ပြန်ဖြေလိုက်၏။
"ဒီမှာ ဘာသောက်စရာတွေ ရနိုင်လဲ"
"ဒီမီနူးမှာ ကြည့်လို့ရပါတယ်"
ထိုဝန်ထမ်းက အနည်းဆုံး စကြဝဠာဒင်္ဂါးပြားတစ်သောင်းတန်ဖိုးရှိသည့် ပရီမီယမ်စကြဝဠာသောက်စရာများ ပါဝင်သော အီလက်ထရောနစ်မီနူးတစ်ခုကို ကမ်းပေးလေသည်။
တခြားနည်းနှင့်ပြောရလျှင် ဤနေရာတွင် ပေါ့ပေါ့ပါးပါးသောက်လိုက်သော အအေးတစ်ခွက်၏တန်ဖိုးက မျိုးနွယ်စုဂြိုဟ်တစ်ခုလုံး၏ တန်ဖိုးနှင့် ညီမျှနေနိုင်သည်။
ဈေးအကြီးဆုံးကိုပြောရလျှင် တစ်ခွက်ကို စကြဝဠာဒင်္ဂါးပြား ၂ဘီလီယံတန်ဖိုးရှိသော အအေးတစ်ခုကိုပင် ကျန်းမုန့်လောင် တွေ့လိုက်ရသည်။
ဤသည်မှာ အဆင့်သုံးမျိုးနွယ်စုတစ်ခုလုံး၏ ပိုင်ဆိုင်မှုနှင့် ညီမျှနေသည်ဖြစ်ရာ လူတိုင်း အလွယ်တကူဝယ်သောက်နိုင်သည့် အရာမျိုးမဟုတ်ချေ။
ဤဧရိယာကိုဝင်ဖို့ ပိုင်ဆိုင်မှုအထောက်အထားပြရန် လိုအပ်သည်မှာ မဆန်းပါချေ။ သာမန်လူဆိုလျှင် ဈေးအပေါဆုံးအအေးကိုပင် ဝယ်နိုင်မည်မဟုတ်ပေ။
သို့သော် ယခုလို ဈေးကြီးနေခြင်းကလည်း အကြောင်းပြချက်မရှိသည်တော့ မဟုတ်ပါချေ။ စကြဝဠာဒင်္ဂါးပြား ၂ဘီလီယံတန်အအေးကို အလွန်ရှားပါးသော အပင်အဆီအနှစ်များနှင့် ဖော်စပ်ထားခြင်းဖြစ်လေရာ အဆင့်ငါးအောက် သက်ရှိများ၏ စိတ်ပိုင်းဆိုင်ရာကို မြှင့်တင်ပေးနိုင်သလို ပျော်ရွှင်မှုကိုလည်း ပေးစွမ်းနိုင်သည်။
ကမ္ဘာမြေပေါ်ရှိ လူတစ်ယောက်သာ ဤအအေးကို တစ်ငုံသောက်လိုက်မည်ဆိုလျှင် ထာဝရအသက်ရှင်ခြင်းမျိုး မဖြစ်နိုင်သော်ငြား ရောဂါဘယကင်းစင်ပြီး ကျန်းမာရှည်ကြာစွာ အသက်ရှင်နိုင်ရန်မှာမူ မဖြစ်နိုင်သည့်အရာတော့ မဟုတ်ပေ။ ဤသည်မှာ သူတို့ကို အဆင့်နှစ်အထက်တန်းစားသက်ရှိတစ်ယောက်နှင့် ညီမျှသော ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုပင် ရရှိစေနိုင်သည်။
"အော်တိုလေ့စ်အအေးငါးခွက်ပေး"
စကြဝဠာဒင်္ဂါးပြား ၂ဘီလီယံတန်အအေးက ဘယ်လိုအရသာမျိုးရှိမလဲဆိုသည်ကို ကျန်းမုန့်လောင် မြည်းစမ်းကြည့်ချင်သည်။
အာပါချီ၏ မျက်လုံးထောင့်စွန်းများကား အနည်းငယ် တုန်ယင်သွားသည်။ အကြောင်းမှာ သူ့အာရုံက အိုင်းရင်းအပေါ်တွင်သာ အဓိကရှိနေပြီး အတူပါလာသည့် အဖော်ဖြစ်သူကိုမူ အလိုလို လျစ်လျူရှုထားမိသောကြောင့်ပင်။
အိုင်းရင်း၏ ပိုင်ဆိုင်မှုအထောက်အထားဖြင့် အင်ပါယာသလင်းကျောက်ကြယ်သို့ ဝင်ရောက်လာသောကြောင့် ကျန်းမုန့်လောင်သည် အိုင်းရင်း၏ အဖော်ဖြစ်နိုင်သည်ဟု သူ ထင်ခဲ့သည်။
သို့သော် စကားတစ်ခွန်းမျှဖြင့် စကြဝဠာဒင်္ဂါးပြား၂ဘီလီယံတန် အော်တိုလေ့စ်အအေးငါးခွက်ကို မှာယူလိုက်သည်။ အဆင့်ငါးမျိုးနွယ်စု၏ မည်သည့်ထိတ်ထိတ်ကြဲပုဂ္ဂိုလ်ကမှ ဤမျှများပြားသောငွေပမာဏကို ဖြုန်းတီးမည်မဟုတ်ပေ။
"ငါ ဒကာခံမယ်"
ကျန်းမုန့်လောင်က ပိုင်ရှင်၏အကောင့်ထဲသို့ ငွေလွှဲပေးလိုက်သည်။
"ဟားဟားဟား အစ်ကိုကျန်း.. ခင်ဗျား ဒကာခံမယ်ဆိုမှတော့ ကျွန်တော် အားမနာတော့ဘူးနော်"
ဤပမာဏက ကျန်းမုန့်လောင်အတွက် ပမာဏတစ်ခုဟုပင် သတ်မှတ်၍မရသောကြောင့် အိုင်းရင်းလည်း လိုလိုလားလား လက်ခံလိုက်သည်။ အားနာနေမည်ဆိုလျှင် ကျန်းမုန့်လောင်ကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည်။
"ဒီလူရဲ့နောက်ခံက ဘာလဲ"
အာပါချီက သူ့ညီမကို တိုးတိုးလေး ကပ်မေးလိုက်သည်။
"အစ်ကို့ကို ပြောသင့်မသင့် ကျွန်မလည်း သေချာမသိဘူး"
ရှာယန်နာက ပြောလိုက်သည်။
"ဒါပေမဲ့ သူ့ရဲ့စွမ်းဆောင်ရည်က သူ့စကားတစ်ခွန်းတည်းနဲ့ အဆင့်ငါးမျိုးနွယ်စုတစ်ခုကို ညတွင်းချင်း ပြာချပစ်နိုင်တယ်"
အာပါချီ၏ခြေထောက်များမှာ မတုန်ဘဲမနေနိုင်လောက်အောင် ဖြစ်သွားသည်။
ဒါ ဘယ်လိုနောက်ခံမျိုးလဲ။ သူ့နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီ။
သူ့ညီမက အထင်ကြီးစရာကောင်းသော ချစ်သူကို ရှာတွေ့ရုံသာမက သူ့သူငယ်ချင်းကပါ ဤမျှအင်အားကြီးရလေသလား။
"ခဏစောင့်ပေးပါဦးနော်။ သီးသန့်နေရာလေး တစ်ခု ရှာပေးပါ့မယ်"
ဝန်ထမ်းက သူတို့ကို အနိမ့်ဆုံးသုံးစွဲရမည့်ပမာဏ သတ်မှတ်ထားသော ကမ္ဘာမြေပေါ်ရှိ ဘားတစ်ခုနှင့်ဆင်တူသည့် တိတ်ဆိတ်သော နေရာတစ်ခုသို့ အမြန်ခေါ်ဆောင်သွားသည်။
"နံပါတ်တစ်ဇုန်မှာ အော်တိုလေ့စ်အအေး ငါးခွက် မှာထားပါတယ်။ အခုချက်ချင်း လာပို့ပေးပါ"
မကြာခင်မှာပင် ဝန်ထမ်းဝတ်စုံ ဝတ်ဆင်ထားသော အဖွဲ့တစ်ဖွဲ့က ပန်းပွင့်ပုံစံများဖြင့် အလှဆင်ထားသော ထူးခြားလှသည့် ပစ္စည်းတစ်ခုဖြင့် ပြုလုပ်ထားဟန်တူသည့် သေတ္တာငယ်များကို ကိုင်ဆောင်ကာ သူတို့ဆီသို့ လာနေကြသည်။
"ဘုရားရေ.. ဒါက ဘားတွေမှာသုံးတဲ့ နဂါးတစ်ဆင်စာမဟုတ်ဘူးလား"
ကျန်းမုန့်လောင်မှာ ဆွံ့အသွားရလေသည်။ ထိပ်တန်းအဆင့် မျိုးနွယ်စုများတွင် ဤသို့နှယ်ရိုးအီလှသော ပုံစံမျိုးကို သုံးနေကြဆဲလေလားဟု သူ တွေးလိုက်မိသည်။
တကယ်တော့ ကြယ်ငါးပွင့်ဧည့်သည်ဧရိယာတွင် ဤမျှချဲ့ကားပြီး ခမ်းနားအောင် မလုပ်ပြထားကြောင်း သူ မသိပါချေ။ အဆင့်ငါးမျိုးနွယ်စုရှိ အထက်တန်းလွှာများမှာ ဤအရာအားလုံးကို မြင်ဖူးပြီးသားပင်။
သို့သော် ကြယ်သုံးပွင့်ဧရိယာတွင်မူ မတူပါချေ။ လူတစ်ယောက်က အဆင့်သုံးမျိုးနွယ်စုတစ်ခုလုံး၏တန်ဖိုးနှင့် ညီမျှသော ငွေပမာဏကို သုံးစွဲလိုက်ချိန်တွင် အပြန်အလှန်အနေနှင့် ခမ်းနားမှုတစ်ခုခုကိုတော့ ပြသရပေမည်။
ဤမြင်ကွင်းက လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ အော်တိုလေ့စ်အအေး မှာယူခြင်းက တစ်ပိုင်းပင်။ တစ်ခါတစ်ရံ ချမ်းသာလှသော အဆင့်သုံးမျိုးနွယ်စုသခင်များက တစ်ခွက်လောက် မှာသောက်ပြီး ကြွားလုံးထုတ်တတ်ကြ၍ပင်။
သို့သော် သူတို့ရင်ဘတ်ပေါ်ရှိ တံဆိပ်များမှာမူ အတုလုပ်၍ မရပါချေ။ ကြယ်ငါးပွင့်ဧည့်သည်အသိုင်းအဝိုင်းနှင့် ဆက်သွယ်နိုင်ရန် ကြိုးစားနေကြသည့် အဆင့်ငါးမျိုးနွယ်စုရှိ လူများမှာ သူတို့ ရောက်လာသည်ကိုမြင်သော် သဘာဝကျကျပင် မျက်နှာချိုသွေးရန် ချဉ်းကပ်လာကြသည်။
"လူကြီးမင်း.. ကျွန်တော်က နေပယ်လ်စကြဝဠာအင်ပါယာက ယွဲ့ဆယ်မျိုးနွယ်စုရဲ့ အရှင်သခင်ပါ။ လူကြီးမင်း လက်ပါးစေများ လိုအပ်လား"
"လူကြီးမင်း..ကျွန်တော်က အိုဖဲလစ်မျိုးနွယ်စုရဲ့ အရှင်သခင်ပါ။ သခင်ကြီးရဲ့နောက်လိုက်ခွေးအဖြစ် ခစားခွင့်ရနိုင်မလား"
ကျန်းမုန့်လောင်နှင့် အိုင်းရင်းတို့ခမျာ တစ်ယောက်ကိုတစ်ယောက် အံ့ဩတုန်လှုပ်နေသော အကြည့်များဖြင့် အပြန်အလှန် ကြည့်လိုက်မိသည်။
ဒီလူတွေက ဒီလောက်တောင် ဗြောင်ကျကျပြောတတ်ကြတာလား။
********************
***