ထိုစကားထွက်လာသည်နှင့် လီယန်ချူသာမက ဆိုင်ရှင်မပါ လှည့်ကြည့်လာတော့သည်။
ဤကဲ့သို့ အဖိုးတန်ပစ္စည်းမျိုးကို တခြားသူအား အလွယ်တကူ ပေးအပ်နိုင်သည်ဆိုကတည်းက ထိုမိန်းကလေးမှာ လီယန်ချူနောက်သို့ တကောက်ကောက်လိုက်ရန် ဆုံးဖြတ်ချက် ချထားပြီးဖြစ်ကြောင်း ထင်ရှားလှသည်။
အမျိုးသမီးတစ်ဦး၊ ၎င်းပြင် လှပသောအမျိုးသမီးတစ်ဦး ဖြစ်သည့်အတွက် ဆိုင်ရှင်မ၏ ဆဌမအာရုံမှာ အလွန်ပင် ထက်မြက်လှပေသည်။
"ဒါဆိုရင်လည်း ကျေးဇူးတင်ပါတယ်"
ဟု လီယန်ချူက ပြောလိုက်သည်။
ရှောင်းရန်မှာ အလွန်ဝမ်းသာသွားပြီး ထပ်မံ၍ ဘာမှမပြောတော့ချေ။
နတ်ဘုရားနယ်မြေထဲတွင် အတူတူ အဖွဲ့ဖွဲ့ရန်လည်း အတင်းအကျပ် မတောင်းဆိုခဲ့ပေ။
သူမသည် လူကြီးလူကောင်းဆန်စွာပင် လာရောက်နှုတ်ဆက်ပြီးနောက်၊ ယုမင်ရှန်းမှ ပါရမီရှင် ကပင် အသည်းသန် လိုချင်နေသည့် ကြေးညိုတံဆိပ်ပြား ကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
အမှန်အတိုင်း ပြောရလျှင် သူမသည် လီယန်ချူအပေါ် အတော်လေး စွဲဆောင်မှုရှိသော အထင်အမြင်မျိုး ပေးစွမ်းနိုင်ခဲ့သည်။
ရှောင်းရန်သည် နတ်ဘုရားနယ်မြေ ပွင့်လာမည့်အချိန်ကို စောင့်ဆိုင်းရန် ထိုက်ဖင်တည်းခိုခန်းမှာပင် တည်းခိုရန် ရွေးချယ်လိုက်သည်။
ဂိုဏ်း၏ ရှေးဟောင်းမှတ်တမ်းများအရ နတ်ဘုရားနယ်မြေ ပွင့်ခြင်းမှာ မည်သည့်ပုံသေနည်းမျှ မရှိချေ။
အချို့မှာ အမှတ်အသား တံဆိပ်ပြား လိုအပ်သော်လည်း၊ အချို့မှာမူ မည်သည့်အရာမျှ မလိုအပ်ဘဲ လူများကို အတင်းအကျပ် ဆွဲခေါ်သွားတတ်ကြသည်။
အချို့နယ်မြေများမှာ အကြိမ်ကြိမ် ပေါ်လာတတ်သော်လည်း၊ အချို့မှာမူ တစ်ကြိမ်တစ်ခါမျှ မပေါ်လာတော့ဘဲ သမိုင်းမှတ်တမ်းများထဲတွင် ပျောက်ကွယ်သွားတတ်ကြသည်။
လီယန်ချူမှာလည်း ချင်းယွန်းကျောင်းသို့ ပြန်မသွားတော့ဘဲ၊ ညဘက်တွင် ဆိုင်ရှင်မ၏ အတင်းအကျပ် တောင်းဆိုမှုကြောင့် တည်းခိုခန်းမှာပင် အိပ်ခဲ့လေသည်။
"မကြာခင် နတ်ဘုရားနယ်မြေ ပွင့်တော့မှာ၊ တစ်ခါတလေ လူတွေကို အတင်းဆွဲခေါ်တတ်တယ်ဆိုတော့... အဲဒီအချိန်ကျမှ ကိုယ်တုံးလုံးနဲ့ အထဲရောက်သွားတာမျိုးတော့ ငါ မဖြစ်ချင်ဘူး"
ဟု လီယန်ချူက သူ၏ကိုယ်ပေါ်သို့ ခုန်တက်လာသော ဆိုင်ရှင်မကို ကြည့်ကာ ပြောလိုက်သည်။
"ကျမ ဂရုမစိုက်ဘူး၊ ရှင် အထဲရောက်သွားရင် ဘယ်လောက်ကြာမယ်မှန်း ဘယ်သူသိမှာလဲ။ ရှင်ပြောတဲ့ ကျန်းထင်ရှန်း နတ်ဘုရားနယ်မြေတုန်းကလည်း အထဲနဲ့ အပြင် အချိန်မတူဘူးဆို။ ဒီတစ်ခါလည်း အကြာကြီး ပွင့်နေမှာမဟုတ်ဘူးလို့ ဘယ်သူ အာမခံနိုင်မှာလဲ "
"ရှင် တခြားမိန်းမတွေဆီ သွားဖို့ အားမရှိတော့အောင် လုပ်ထားရမယ်"
ဆိုင်ရှင်မ၏ မျက်နှာလေးမှာ နီမြန်းနေပြီး နှုတ်ခမ်းကို ခပ်ဖွဖွလေး ကိုက်ထားသည်။
ပုံမှန်ဆိုလျှင် သူမသည် ထိုမျှအထိ တက်ကြွလှုပ်ရှားသူ မဟုတ်သော်လည်း၊ ယနေ့ ထိုမိန်းမလှလေး ပေါ်လာခြင်းက ရင့်ကျက်ပြီး ပြည့်ဖြိုးလှသော ဆိုင်ရှင်မကို စိုးရိမ်စိတ် ဖြစ်ပေါ်စေခဲ့သည်။
"မင်း သေချာလို့လား "
လီယန်ချူက ပြုံးလိုက်သည်။
ဆိုင်ရှင်မ၏ ပါးပြင်လေးမှာ နီမြန်းသွားသော်လည်း အရှုံးမပေးလိုသည့်ဟန်ဖြင့် ခေါင်းမော့ကြည့်လာသည်။
လီယန်ချူက ရှေ့သို့တိုးကာ ဆိုင်ရှင်မကို ပွေ့ချီလျက် အခန်းအတွင်းဘက်သို့ လျှောက်သွားတော့သည်။
တည်းခိုခန်း၏ ဝေးလံသော အခန်းငယ်တစ်ခုအတွင်း၌ ရှောင်းရန်သည် ခရုသင်းတစ်ခုကို နားတွင် ကပ်ထားလေသည်။
ထိုစဉ် တစ်ခုခုကို ရုတ်တရက် ကြားလိုက်ရသဖြင့် သူမ၏ မျက်နှာလေးမှာ ရဲခနဲ ဖြစ်သွားပြီး လန့်ဖျပ်သွားသော ယုန်လေးတစ်ကောင်ပမာ ဝုန်းခနဲ ထခုန်လိုက်မိသည်။
သူမ၏ မျက်နှာမှာ အလွန်ပူထူနေသည်။
သူမသည် ခရုသင်းကို အမြန်ဝှက်လိုက်ပြီး လက်ဖက်ရည် ခွက်ကြီးကို ကောက်သောက်လိုက်သည်။
သို့သော်လည်း သူမ၏ ပါးပြင်များမှာ နီမြန်းနေဆဲဖြစ်ကာ နားရွက်များပင် ရဲတက်နေလေပြီ။
ရှောင်းရန်မှာ သက်ပြင်းတစ်ချက်ကို ပြင်းပြင်းရှူလိုက်သော်လည်း... နောက်ဆုံးတွင် မအောင့်နိုင်ဘဲ ခရုသင်းကို နားတွင် ပြန်ကပ်လိုက်ပြန်သည်။
ထိုပုံစံအတိုင်း မိုးလင်းသည့်အထိ...
အရှေ့ဘက်မှ အလင်းရောင် စလာပြီး ကြက်ဖတွန်သံ ထွက်ပေါ်လာချိန်တွင်...
ခေတ္တမျှ အနားယူရန် ပြင်နေသော လီယန်ချူသည် ရုတ်တရက် ရင်းနှီးနေသော စွမ်းအားတစ်ခုက သူ့ကို လွှမ်းခြုံလာသည်ကို ခံစားလိုက်ရသည်။
"မဟုတ်လောက်ပါဘူး၊ ဒီအချိန်မှ လာရွေးရတယ်လို့ "
သူသည် မကျေမနပ် ကျိန်ဆဲလိုက်မိသည်။
နောက်တစ်ခဏ၌ သူ၏ ကိုယ်ဟန်မှာ ထိုက်ဖင်တည်းခိုခန်းအတွင်းမှ ပျောက်ကွယ်သွားတော့သည်။
ထိုအချိန်မှာပင် တည်းခိုခန်းအတွင်းရှိ နတ်ဘုရားနယ်မြေ၏ ကံထူးမှုကို လာရောက်စောင့်စားနေကြသော ကျင့်ကြံသူ အများအပြားလည်း ရုတ်တရက် ပျောက်ကွယ်သွားကြသည်။
ရှောင်းရန်လည်း တည်းခိုခန်းထဲတွင် မရှိတော့ချေ။
မျက်လုံးကို ပြန်ဖွင့်လိုက်ချိန်တွင်မူ...
လီယန်ချူသည် စိမ်းနေသော နေရာတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကောင်းကင်တွင် တောက်ပလှသော နေမင်းကြီးရှိနေပြီး နေပူရှိန်မှာ အလွန်ပြင်းထန်လှသည်။
မိမိသည် နတ်ဘုရားနယ်မြေ၏ ဆွဲယူခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း သူ သိလိုက်သည်။
သို့သော် ပုံမှန်အတိုင်း ဖြစ်နေသော ထိုကမ္ဘာမြေကို ကြည့်ရင်း သူ ခေတ္တမျှ ကြောင်အမ်းသွားမိသည်။
ယခင် သူရောက်ဖူးသော နတ်ဘုရားနယ်မြေနှစ်ခု၏ ခြောက်ကပ် ပျက်စီးနေသော ခံစားချက်မျိုးနှင့် မတူဘဲ၊ ထိုနေရာမှာ သက်ရှိများဖြင့် စည်ပင်နေသကဲ့သို့ ခံစားရသည်။
"ဒီနေရာက အရင်တုန်းက မိစ္ဆာတွေရဲ့ ဖျက်ဆီးမှုကို မခံခဲ့ရဘဲ အကောင်းအတိုင်း ကျန်နေခဲ့တာလား"
ဟု လီယန်ချူ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
သူသည် မျက်ဝန်းထဲတွင် မှော်အလင်းတန်းများ ဖြတ်သန်းစေလျက် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ထိုစဉ် ရှေ့ဘက် တောင်ကုန်းပေါ်တွင် အလောင်းတစ်ခုကို တွေ့လိုက်ရသည်။
လီယန်ချူသည် ခြေလှမ်းကျဲကျဲဖြင့် လေထဲတွင် ပုံရိပ်ယောင်ကျန်အောင် ပြေးထွက်လိုက်ရာ ခဏချင်းမှာပင် ထိုအလောင်းရှေ့သို့ ရောက်သွားသည်။
ထိုအလောင်းမှာ အရိုးစု ဖြစ်နေပြီဖြစ်ကာ ကိုယ်ပေါ်ရှိ အဝတ်အစားများမှာလည်း ကြာမြင့်လှပြီဖြစ်သဖြင့် ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ။
ဘေးနားရှိ မြေပြင်တွင်မူ သံချေးတက်နေသော ကျန့်မာဓား တစ်လက် စိုက်ထားသည်။
ကြည့်ရသည်မှာ ဆွေးမြည့်နေပြီဖြစ်သဖြင့် ထိလိုက်သည်နှင့် ကြေမွသွားမည့်ပုံပင်။
"ဒါက မူလ နတ်ဘုရားနယ်မြေက တာအိုတပည့်လား၊ ဒါမှမဟုတ် နောက်မှ ကံထူးမှုကို လာရှာရင်း သေသွားတဲ့သူလား "
အမှန်အတိုင်း ပြောရလျှင် ဤမျှ ပုံမှန်ဖြစ်လွန်းနေသော နတ်ဘုရားနယ်မြေကို လီယန်ချူ အတော်လေး သံသယဝင်မိသည်။
သူ၏အမြင်တွင် အလွန်အမင်း ပုံမှန်ဖြစ်နေခြင်းကပင် မူမမှန်သည့် အချက်ပြမှုတစ်ခု ဖြစ်ပေသည်။
သူသည် ထိုစိမ်းသက်သော နယ်မြေထဲတွင် ရတနာများ ရှာတွေ့နိုင်မလားဟူသော မျှော်လင့်ချက်ဖြင့် ကိုယ်ဖော့အတတ်ကို အသုံးပြု၍ လှည့်လည်ကြည့်ရှုနေမိသည်။
ကျန်းထင်ရှန်း နတ်ဘုရားနယ်မြေမှာ ခြောက်ကပ်နေသော်လည်း ကောင်းကင်နှင့် မြေကြီး၏ ရတနာများစွာ ရှိခဲ့သည်။
ဤနေရာသည် သူ့ကို စိုးရိမ်စိတ် အနည်းငယ် ပေးနေသော်လည်း လေထုထဲတွင် ပျံ့လွင့်နေသော သက်ရှိအငွေ့အသက်များမှာ အတုအယောင် မဟုတ်ချေ။
သေချာပေါက် အဖိုးတန်ရတနာများ ရှိနေပေလိမ့်မည်။
သူ၏ ကိုယ်ပေါ်တွင်လည်း ဆုတောင်း နှင့် ကံကောင်းခြင်းကို သယ်ဆောင်လာသည့် ဒိုချန်ပုတီး ရှိနေရာ၊ သူ၏ ကံကြမ္မာမှာ ထိပ်တန်းပါရမီရှင်များကို မမီသော်လည်း ကံကောင်းသော လူတန်းစားထဲတွင် ပါဝင်သည်ဟု ဆိုနိုင်သည်။
ဝင်လာမှတော့ လက်ဗလာနှင့် မပြန်သင့်သည်မှာ အမှန်ပင်။
အတိအကျ ပြောရလျှင် ထိုနေရာမှာ ကျန်းထင်ရှန်းလောက် မကျယ်ဝန်းလှချေ။
သို့သော် သူသည် မည်သည့်လူနှင့်မျှ မဆုံရသေးဘဲ စိမ်းလဲ့နေသော ရေကန်တစ်ခု၏ ဘေးတွင် ရေချိုးနေသော မိန်းမတစ်ဦးကိုသာ တွေ့လိုက်ရသည်။
ထိုအမျိုးသမီးမှာ အကောက်အကွေး အချိုးအစား ပြေပြစ်လှပြီး ကိုယ်လုံးတီး ဖြစ်နေသည်။
ကျောပြင် တစ်ခုတည်းကို ကြည့်ရုံနှင့်ပင် အမျိုးသားများအား လှပသော စိတ်ကူးယဉ်မှုများကို ပေးစွမ်းနိုင်သည်။
သို့သော် လီယန်ချူမှာ ဇွတ်အတင်း ရှေ့မတိုးဘဲ သတိကြီးစွာဖြင့် နေရာမှာပင် ရပ်စောင့်နေကာ ဝိညာဥ်မျက်စိအတတ် ကို အသုံးပြု၍ ကြည့်လိုက်သည်။
သူ၏ အရင်ဘဝတွင် ကျောပြင်ကြည့်လျှင် လှသော်လည်း မျက်နှာမြင်လျှင် လန့်ပြေးရသည့် ကျောပြင်လူသတ်သမား များကို မြင်ဖူးထားသဖြင့်၊ ယခုလည်း မျက်နှာလှည့်လိုက်လျှင် စစ်တပ်တစ်ခုလုံးကို ခြောက်လှန့်နိုင်မည့် မိစ္ဆာမျိုးနှင့် တိုးမည်ကို စိုးရိမ်မိသည်။
လီယန်ချူ၏ မျက်ဝန်းထဲတွင် မှော်အလင်းများ တောက်ပလာပြီးနောက် ရေချိုးနေသော မိန်းမ၏ ပုံရိပ်အစစ်ကို မကြာခင်မှာပင် ထိုးဖောက်မြင်လိုက်ရသည်။
သူမသည် ပြည့်စုံသော သက်ရှိတစ်ခု မဟုတ်ဘဲ ဝိညာဉ်တစ်ခု သာ ဖြစ်နေသည် ။
လီယန်ချူ ပတ်ဝန်းကျင်ကို အကဲခတ်နေစဉ်မှာပင် သူ၏နားထဲသို့ ရယ်မောသံတစ်ခု တိုးဝင်လာသည်။
"ဒီလို နေရာပျက်ကြီးမှာ ဒီလောက် အဆင့်အတန်းမြင့်တဲ့ မိန်းမလှလေး ရေချိုးနေတာကို တွေ့ရမယ်လို့ မထင်ထားဘူး၊ ငါ့အတွက်တော့ အမြတ်ပဲပေါ့ "
ပြောဆိုသူမှာ ဝတ်ရုံဖြူဝတ် လူငယ်တစ်ဦး ဖြစ်သည်။
မျက်ဝန်းများမှာ ကြွေပန်းပွင့် ပမာ ဆွဲဆောင်မှုရှိပြီး မျက်နှာမှာ ကျောက်စိမ်းကဲ့သို့ ချောမောလှပသည်။
လီယန်ချူသည် လူအကဲခတ် အနည်းငယ် တတ်သဖြင့် ထိုဝတ်ရုံဖြူလူငယ်မှာ အပြင်ပန်းသာ ကြည့်ကောင်းပြီး အတွင်းထဲတွင် အားအင်ချည့်နဲ့နေသူ ဖြစ်ကြောင်း သိလိုက်သည်။
လီယန်ချူမှာ ရှေ့သို့တိုးကာ မတားဆီးခဲ့ချေ။
နတ်ဘုရားနယ်မြေထဲ ဝင်လာနိုင်သူတိုင်းမှာ ကိုယ်ပိုင် အစွမ်းအစများ ရှိကြသည်ချည်း။
အခြေအနေကို အရင် စောင့်ကြည့်ရုံဖြင့်လည်း မနှောင်းသေးပေ။
လူငယ်သည် အပျော်အပါးမက်သော လေသံဖြင့် လေချွန်ရင်း ရှေ့သို့ လျှောက်သွားကာ နှုတ်ဆက်ရန် ပြင်လိုက်သည်။
"မိန်းကလေး..."
သို့သော် စကားပင် မဆုံးသေးခင်မှာပင် ဆွဲဆောင်မှုရှိသော ကျောပြင်ပိုင်ရှင် အမျိုးသမီးမှာ လှည့်ကြည့်လာတော့သည်။
သူမ၏ ပါးပြင်များမှာ ချောမောနူးညံ့နေသော်လည်း... မျက်နှာတွင် မျက်လုံး၊ နှာခေါင်း၊ ပါးစပ် မည်သည့် အင်္ဂါရပ်မျှ ရှိမနေချေ။
ကြည့်ရသည်မှာ ပြောမပြတတ်အောင် ထူးဆန်းခြောက်ခြားဖွယ် ကောင်းလှသည် ဝတ်ရုံဖြူလူငယ်မှာလည်း အကြီးအကျယ် လန့်ဖျပ်သွားတော့သည်။
"သောက်ဂွ... ဒါ ဘာသရဲသောက်တလွဲကြီးလဲ "
ဝတ်ရုံဖြူလူငယ်မှာ ဒေါသထွက်သွားပြီး ရင်ခွင်ထဲမှ အဝါရောင်အဆောင်တစ်ခုကို ထုတ်ကာ တိုက်ရိုက် ပစ်ပေါက်လိုက်သည်။
ဝုန်း
ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် မျက်နှာမဲ့အမျိုးသမီးမှာ မမျှော်လင့်ထားသော လှုပ်ရှားမှုတစ်ခုကို လုပ်လိုက်သည်။
သူမ၏ ခေါင်းမှာ ပေါက်ကွဲသွားသော်လည်း၊ သူမ၏ ခန္ဓာကိုယ်မှာ ဝတ်ရုံဖြူလူငယ်နှင့် တင်းတင်းကျပ်ကျပ် ကပ်လျက်သား ဖြစ်နေပြီ။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ ရရှိထားသော ဒဏ်ရာများမှာ လုံးဝ ပြန်လည်ကောင်းမွန်သွားပြီး အေးစက်တောင့်တင်းသော မျက်နှာမဲ့မိန်းမ အဖြစ် ပြန်ပြောင်းသွားပြန်သည်။
ထို့နောက် သူမသည် ဝတ်ရုံဖြူလူငယ်၏ မျက်နှာကို တိုက်ရိုက် နမ်းလိုက်တော့သည်။
ထူးဆန်းသည်မှာ လူငယ်၏ ကိုယ်ပေါ်ရှိ အကာအကွယ် မှော်လက်နက်များမှာ အလုပ်မလုပ်ခဲ့ချေ။
လူငယ်မှာလည်း သူ၏လက်နက်များ အစွမ်းမပြသည့်အပေါ် အံ့သြနေမိစဉ်မှာပင် သတိမကပ်နိုင်ဘဲ မျက်နှာမဲ့မိန်းမ၏ အနမ်းကို ခံလိုက်ရလေသည်။
ကျောပြင်ကိုသာ ကြည့်မည်ဆိုလျှင် ထိုမြင်ကွင်းမှာ အလွန်ပင် လှပတင့်တယ်နေပေလိမ့်မည်။
သို့သော် လီယန်ချူမှာမူ ထိုနေရာမှ ထူးဆန်းသော စွမ်းအင်လှိုင်းများ စီးဆင်းလာသည်ကို ခံစားလိုက်ရသည်။
နောက်တစ်ခဏတွင်မူ...
ဝတ်ရုံဖြူလူငယ်၏ မျက်နှာမှာ တဖြည်းဖြည်းချင်း ဆွဲခွာခြင်း ခံလိုက်ရတော့သည်...
ကြည့်ရသည်မှာ ဦးရေခွံပင် ထုံကျင်သွားစေလောက်အောင် ထိတ်လန့်စရာ ကောင်းလှပေတော့သည်။
***