ရန်ချီက ထိုမိန်းမပျိုလေး ရောက်လာမှန်း သိလိုက်သည်။
"အန်တီလေးစုစု... နောက်ဆုံးတော့ ဒီရောက်လာပြီပေါ့"
သူ့နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းနိုင်စွမ်း မရှိခဲ့ချေ။ သို့သော် သူမက အတိတ်တုန်းက သူ့ကို အစားအစာ စားသောက်ဖို့ ကူညီပေးခဲ့သည့် ကလေးမလေးနှင့် လုံးဝ ကွဲပြားနေလေပြီ။ သူမက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိနေပုံပေါ်သော်လည်း ယခင်ကဲ့သို့ တူညီသော အရာတစ်ခု ရှိနေသေးသည်။
အိုးရန်ဟိုကို သူမက ကြည့်လိုက်ကာ "တော်ဝင်အိမ်ရှေ့စံ နှစ်သက်နေတဲ့ သူဆိုတာ ယွမ်ဟိုက်လန်ကို ဆိုလိုတာလား… ငါက သူမကို အထင်ကြီးပြရမှာလား… အကယ်၍ လူတွေကို ခြိမ်းခြောက်ဖို့ အတွက် သူမကို အသုံးချတော့ကော ဂရုစိုက်နေစရာ လိုမှာလား။ ဒါပေမဲ့ ငါ့မိသားစုဝင်ကို ဒုက္ခပေးဖို့ ရှင်ကြိုးစားနေတာက မပြောင်းလဲသွားဘူး။ ကောင်းပြီလေ။ ကျွန်မ ရှင့်အသက်ကို မလိုချင်ဘူး။ ရှင့်ရဲ့ လက်နှစ်ဖက်ကို ထားခဲ့ပြီး ထွက်သွားလိုက်တော့"
"ဘာ"
အိုးရန်ဟိုက နှုတ်မှ လွှတ်ခနဲ့ ပြောမိကာ မျက်နှာ မည်းမှောင်သွားသည်။
"ဘယ်လိုတောင် ပြောရဲရတာလဲ ရန်စုစု။ ငါတို့ နှစ်ယောက်လုံးက လက်ရွေးစင် ကျောင်းသားတွေပဲ။ မင်းက ငါ့ကို တကယ်ပဲ ရက်ရက်စက်စက် တိုက်ခိုက်ရဲလို့လား။ ကျောင်းတော်က မင်းကို အပြစ်ပေးမှာ မကြောက်ဘူးလား။ အကယ်၍ မင်းသာ ငါ့ကို ဆက်ပြီး တိုက်ခိုက်မယ်ဆိုရင် မင်းနောင်တ ရတယ်ဆိုတာ ဘာလဲဆိုတာ မင်းကိုပြပေးမယ်"
"မင်းရဲ့ လက်တွေကို ဖြတ်ထားခဲ့"
ရန်စုစုက ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအား အလင်းတန်းကို သူ့ညာဘက်လက်အား ရက်ရက်စက်စက် ခုတ်ဖြတ်ဖို့ ထုတ်ဖော်လိုက်သည်။ သူမက သူ့လက်ကို ခုတ်ဖြတ်ပစ်မည်မှာ သံသယ ဝင်စရာ မရှိချေ။
အိုးရန်ဟိုက အံကို ကြိတ်လိုက်ကာ ညာလက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ ကျားလက်သည်း သဏ္ဌာန် အစစ်အမှန်စွမ်းအားများ ထွက်ပေါ်လာ၏။ ထိုအရာက သူ့ သားရဲဘုရင် စွမ်းအား သိုင်းကွက်ထဲမှ ကောင်းကင်ထပ်မှ ကျားဟိန်းသံ ဖြစ်သည်။
အစစ်အမှန် စွမ်းအားများကြောင့် သူ့နောက်ကျောဘက်၌ ကျားများ၊ ကျားသစ်များ၊ ခွေးအများ၊ ဝံပုလွေများ၊ မြွေများ၊ လင်းတများ၊ သိန်းငှက်များ၊ ဝက်ဝံများ၏ ပုံရိပ်များ ထွက်ပေါ်လာသည်။
သူက လက်ဝါး ရိုက်ချက် တစ်ခုကို ထုတ်ဖော်ကာ တိုးဝင်လာသော ဓားစွမ်းအားကို ဆန့်ကျင်ဖို့ ကြိုးစားလိုက်သည်။
သို့သော် ရန်စုစု၏ ဓားစွမ်းအားများက အဆုံးအစမဲ့ တုန်ခါလာသည်။ ၎င်းက ရှေ့သို့ ဆက်တိုးလာသည်နှင့် ရေခဲစက်ကွင်းနှင့် မီးစက်ကွင်းက ၎င်း၏ ရှေ့၌ ဖြစ်ပေါ်လာခဲ့သည်။ ထိုရေခဲစွမ်းအားများက ကီလိုမီတာ ငါးရာအတွင်း အရာရာတိုင်းကို ချုပ်နှောင်နိုင်သလို မီးစွမ်းအားကလည်း အရာရာတိုင်းကို လောင်ကျွမ်းစေနိုင်သည်။
ထိုစက်ဝိုင်း နယ်ပယ်နှစ်ခုက ယင်နဲ့ ယန်ကဲ့သို့ တစ်ခုနှင့်တစ်ခု ပေါင်းစည်း ထောက်ပံ့ ပေးနေကြသည်။
ထိုအရာက ရန်စုစု၏ ပြိုင်ဘက်ကင်း ဓားပညာဖြစ်သော မီးရေခဲ ထိုက်ကျိ တံဆိပ်တော် ဖြစ်သည်။
"ဒြပ်မဲ့လောက သရဲမှန်သမျှ သတ်ဖြတ်ရမယ်။ ယင်နဲ့ ယန်က နတ်ဘုရားတွေကို တိုက်ထုတ်နိုင်တယ်။ ထိုအရာက အဆုံးအစမဲ့ အမှန်တရားတစ်ခုပဲ။ ကောင်းပြီ အိုးရန်ဟို... ငါကျင့်ကြံပြီးတဲ့ ဝိညာဉ်သရဲ သတ်ဖြတ် နတ်ဘုရားတွေကို တိုက်ထုတ် နတ်ဓားပညာရပ် အသစ်ကို မစမ်းသပ်ချင်ဘူးလား"
ဝှစ် …
ဓားစွမ်းအားများက လေကိုပင် အပိုင်းပိုင်း ဖျက်ဆီးပစ်လိုက်ပုံ ပေါ်သည်။
မီးနှင့်ရေခဲ ထိုက်ကျိ တံဆိပ်တော်က သားရဲဘုရင် စွမ်းအားပညာရပ်ကို ဖျက်ဆီးပစ်လိုက်ရာ အိုးရန်ဟိုက နောက်သို့ ဒယီးဒယိုင် ဆုတ်ခွာသွားခဲ့ပြီး ပါးစပ်အပြည့် သွေးတစ်လုတ် အန်ထွက်သွားသည်။
အိုးရန်ဟိုက လောကအုပ်ချုပ်သူတစ်ယောက်ဖြစ်သော်လည်း အဆင့်ချိုးဖောက် တက်လှမ်းနိုင်သည်မှာ မကြာသေး၍ အစစ်အမှန် စွမ်းအားများက တည်ငြိမ်မှု မရှိသေးချေ။ သူက ချူးထျန်းကော အဆင့်လောက်သာ ရှိသေးကြောင်း ရန်ချီ ပြောနိုင်သည်။
ကင်းခြေမြားက အနင်းခံရသော်လည်း လူးလွန့် ရုန်းကန်သည့် ဆိုရိုးအတိုင်းပင် အိုးရန်ဟို၏ သားရဲဘုရင် စွမ်းအား ပညာရပ်ကို ရန်စုစု အောင်မြင်စွာ ဖြိုခွင်းနိုင်ခဲ့သော်လည်း သူက အရှုံးပေးမည့်ပုံ မပေါ်ချေ။ လူပုံသဏ္ဌာန် အစစ်အမှန် စွမ်းအားက သူ့ထံမှ ရုတ်တရက် ထွက်ပေါ်လာကာ ရန်ချီထံ ပြေးဝင်သွားသည်။
ထိုအရာက အလွန် ထူးဆန်းသော ပုံသဏ္ဌာန် ဖြစ်သည်။ ကိုးမီတာရှည်ကာ သားမွေးများ ဖုံးလွှမ်းနေပြီး ဦးခေါင်းက ကျားခေါင်းနှင့် ဆင်တူသည်။ ထိုအရာက သားရဲနတ်ဘုရား သဖွယ် တိုးဝင်လာသော်လည်း ရန်ချီက ကြောက်ရွံ့သည့်ပုံ မပေါ်ချေ။
အိုးရန်ဟိုက ကောက်ကျစ်စွာ ပြုံးလိုက်သည်။
"ဒီမှာ ရပ်လိုက် ရန်စုစု။ မင်း ထပ်လှုပ်ရှားရင် မင်းတူကို ငါသတ်လိုက်မယ်။ ဒီလူပုံသဏ္ဌာန် အစစ်အမှန် စွမ်းအားက ငါ့ရဲ့ သားရဲ ဘုရင်စွမ်းအား ပညာရပ်က ဖြစ်ပေါ်လာတာပဲ။ ကျားဘုရင် အစစ်အမှန် စိတ်ဝိညာဉ် ရှိတယ်"
"ရှင်လုပ်ရဲလား"
ရန်စုစုက ပြောကာ ရန်ချီကို ကယ်တင်ဖို့အတွက် သူမ၏ ဓားစွမ်းအားများကို ဦးတည်ချက် ပြောင်းလဲဖို့ ပြင်ဆင်လိုက်သည်။ သို့သော် သူမက ရန်ချီ၏ သက်ပြင်းချသံကို ကြားလိုက်ရသည်။
"ကျွန်တော့်အတွက် စိတ်မပူနဲ့ အန်တီလေးစုစု၊ သူ့ကိုသာ နိုင်အောင်တိုက်ပါ။ သူ့ရဲ့ လူပုံသဏ္ဌာန် စွမ်းအား သေးသေးလောက်ကို ကျွန်တော့်ဘာသာ ထိန်းနိုင်ပါတယ်"
သူ့ပါးစပ်မှ ထိုစကားများ ထွက်လာပြီးနောက် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ကြယ်တာရာ တွင်းပေါက်ကြီးကဲ့သို့ စွမ်းအားစက်ဝန်းနယ်ပယ် ဖြစ်ပေါ်လာသည်။
"ပြိုင်ဘက်ကင်း ရှင်ဘုရင် လက်သီး... လက်တံခြောက်ခု ပူးပေါင်းခြင်း"
ကျားခေါင်းသဖွယ် လူပုံသဏ္ဌာန် အစစ်အမှန် စွမ်းအားက တွင်းပေါက်ကြီး၏ စုပ်ယူမှုခံရကာ အပိုင်းပိုင်း ပြတ်သွားခဲ့သည်။ အစစ်အမှန် စွမ်းအားကို ရန်ချီ၏ သွေးကြောများက စုပ်ယူလိုက်ကာ သူ့ စွမ်းအား ပင်လယ် အတွင်းရှိ ငရဲမီးတောက် မီးပြင်းဖိုထဲသို့ ပို့လွှတ်လိုက်သည်။
ပုံမှန်အားဖြင့် ရောနှောနေသော အစစ်အမှန်စွမ်းအားများက လူတစ်ယောက်က ထိုကဲ့သို့ စုပ်ယူပါက အဆိပ်အတောက် ဖြစ်စေသည်။ ထိုကြောင့် သာမန် လူတစ်ယောက်က စွမ်းအား တည်ငြိမ်မှု ပျက်ပြားခြင်း မရှိအောင် ဟန်ချက်ညီစေရန် ထိုစွမ်းအားများကို ခန္ဓာကိုယ်အတွင်းမှ တွန်းထုတ်ပစ်ဖို့ လိုအပ်သည်။
သို့သော် ရန်ချီက ယခုအချိန်၌ ဆရာသခင် အဆင့်ဖြစ်လာကာ လျှပ်စီး ဆင်ရိုင်းကြီး၏ အသက်ဓာတ်စွမ်းအား အမြုတေကို စုပ်ယူနိုင်ခဲ့ခြင်းကြောင့် သူ့ထံ၌ဖြစ်တည်စ အဆင့် ငရဲနတ်ဆိုး မီးတောက် မီးပြင်းဖိုရှိနေခဲ့သည်။ ထိုအရာက ရောနှောနေသော စွမ်းအားများကို အရည်ကျို သန့်စင်ပေးပြီး သူအသုံးပြုနိုင်သည့် စွမ်းအားအဖြစ် ပြောင်းလဲပေးသည်။
ထိုကြောင့် ရန်ချီက ထိုကဲ့သို အခြေအနေမျိုးကို ကြောက်ရွံ့ခြင်း မရှိချေ။ ၎င်းက နတ်ဘုရားအဆင့် စွမ်းအားပညာရပ်၏ စွမ်းအားပင်။
ရန်စုစုက ရန်ချီအတွက် စိတ်ပူပန်နေခဲ့သည်။ ရန်ချီက လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် သားရဲဘုရင်၏ လူပုံသဏ္ဌာန် အစစ်အမှန် စွမ်းအားများ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ သူမပင် အံ့အားသင့်သွားခဲ့သည်။
သူမက တိုက်ပွဲများစွာ ကြုံတွေ့ခဲ့ပြီး သူမဘဝ၌ အခက်အခဲများစွာ ကြုံတွေ့ခဲ့သည်။ ထို့ကြောင့်ပင် သူမကို ဆုံးဖြတ်ချက် မြန်မြန်ချမှတ်ဖို့ လွယ်ကူစေခဲ့သည်။ ဓားစွမ်းအားများက တောက်ပလာကာ သွေးနီရောင်ကဲ့သို့ နီရဲလာသည်။ အိုးရန်ဟိုက သူ့ ညာဘက်လက် ပြတ်သွားခြင်းကြောင့် နာကျင်စွာ အော်ဟစ်လိုက်သည်။
သွေးသံရဲရဲ ဖြစ်နေသော အိုးရန်ဟို၏ မျက်နှာပေါ်တွက် နာကျင်သည့် ခံစားချက်ကို မထိန်းထားနိုင်ခဲ့ချေ။ သို့သော် သူ့ စွမ်းအား ပညာရပ်များက နက်နဲသောကြောင့် သွေးထွက်ခြင်းက အမြန် ရပ်တန့်သွားခဲ့သည်။ သူက ပြတ်နေသော လက်ကို အခြား လက်တစ်ဖက်ဖြင့် ကိုင်ကာ ထွက်ပြေးရင်း အော်ပြောသွားခဲ့သည်။
"မင်း မသေမချင်း ငါမရပ်ဘူး ရန်စုစု၊ မင်းတူကို မင်းစောင့်ရှောက် ထားနိုင်ပါစေ။၊ ငါက ရပ်တန့်မှာ မဟုတ်ဘူး "
လောက အုပ်ချုပ်သူများက အလွန် အစွမ်းထက်ကြသည်။ လက်တစ်ဖက် ပြတ်သွားခြင်းက ကြီးမားသော အတားအဆီးတစ်ခု မဟုတ်ချေ။ သူတို့၏ ခြေလက်လေးဖက်လုံး အဖြတ်ခံလိုက်ရလျှင်ပင် လောကအုပ်ချုပ်သူများက သူတို့၏ အစစ်အမှန် စွမ်းအားများကို အသုံးပြုကာ မိုးကြိုးသဖွယ် လျင်မြန်စွာ သွားလာနိုင်သေးသည်။ သူတို့က ထိုကဲ့သို့ အခြေအနေများကို ပြန်လည် ကုသနိုင်သည်။ သူတို့ကို သတ်ဖြတ်ဖို့ တစ်ခုတည်းသော နည်းလမ်းမှာ ဦးခေါင်းကို ဖြတ်ပစ်ရန်၊ စွမ်းအားပင်လယ်ကို ဖျက်ဆီးဖို့နှင့် သွေးကြောများကို ဖောက်ခွဲပစ်လိုက်ဖို့သာ ရှိသည်။
"အမှိုက်ကောင်ပဲ"
ရန်စုစုက ပြောကာ ခေါင်းခါလိုက်သည်။
"သူ့ရဲ့ လက်ကို ဖြတ်လိုက်တာက သူ့ရဲ့ သွေးကြောတွေကို ထိခိုက်သွားစေလို့ အချိန်တစ်ခုထိ သူဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး"
သူမက ရန်ချီဘက်လှည့်ကာ ကြည့်လိုက်စဉ်တွင် သူမ၏ မျက်လုံးများ၌ ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။
"ချီအာ ဒီလောက်ထိ ကြီးလာမယ်လို့ မထင်ထားခဲ့ဘူး။ အန်တီလေး မင်းအဖေရဲ့ စာကို ရတယ်။ အဲဒီထဲမှာ ယွမ်ဟိုက်လန် ကိစ္စနဲ့ ငုပ်လျှိုးနေသော နဂါးဆေးလုံး မတော်တဆမှုတွေအကြောင်း အကုန် ပြောပြထားတယ်။ မင်းရဲ့ စွမ်းအားပင်လယ် ဖျက်ဆီးခံရပြီး မိုးကြိုးပစ်ချ ခံလိုက်ရတယ်။ ပြီးတော့ အံ့မခန်း တိုးတက်လာတယ်ဆိုတာကို အန်တီလေး သိတယ်။ ဒါပေမဲ့ ငါ့တူရဲ့ စွမ်းအားပညာက အရင်ကနဲ့ အတူတူပဲလို့ အန်တီလေး ထင်ထားခဲ့တာ။ ဒီလောက်ထိတောင် တိုးတက်လာမယ်လို့ လုံးဝ မထင်ထားခဲ့မိဘူး"
ရန်ချီက ခေါင်းညိတ်လိုက်သည်။
"အန်တီလေးစုစု...."
သူက ဆက်မပြောခင်မှာပင် သူမက လက်ကို ယမ်းလိုက်သည်။
"ဒီနေရာက စကားပြောရမယ့် နေရာ မဟုတ်ဘူး။ လာ... အန်တီလေး အိမ်တော်အခန်းကို လိုက်ခဲ့ချေ"
ဓားအလင်းစီးကြောင်းက ပေါ်လာကာ ရန်ချီကို ရစ်ပတ်ပြီး လေထဲ၌ အသံ၏ မြန်နှုန်းထပ် ပိုမြန်စွာ ပျံသန်းလာကြသည်။ တစ်ခဏကြာပြီးနောက် သူက ဘုရားကျောင်း တစ်ခုရှေ့သို့ ရောက်ရှိလာသည်။
ထိုနေရာက ကြီးမားကျယ်ပြန့်သော ကန်ကြီး၏ အလယ်၌တည်ရှိကာ မြင့်မားသော တံတိုင်းများ၌ ကျောက်မြတ် ရတနာမျိုးစုံနှင့် မိစ္ဆာအမြုတေ အမျိုးမျိုးဖြင့် အလှဆင်ထားသည်။
ရန်ချီနှင့် ရန်စုစုတို့ ဘုရားကျောင်း အပေါ်ဆုံးထပ် ရောက်သောအခါ မရေတွက်နိုင်သော ရေကန်များ၊ ဘုရားကျောင်းများနှင့် နေရာအနှံ့ကို ဦးတည်နေသော လမ်းမျိုးစုံတို့ကို မြင်တွေ့ရသည်။
"ချီအာ... ဒီဘုရားကျောင်းတွေ အားလုံးက လက်ရွေးစင် ကျောင်းသားတွေအတွက် အထူး သတ်မှတ်ထားတဲ့ နေထိုင်ရာ အိမ်တော်တွေပဲ"
ထို့နောက် ရှုခင်းများကို ညွှန်ပြလိုက်ကာ
"ဒီရေကန်တွေကို မြင်လား၊ အဲဒါ ရိုးရိုးရေတွေ မဟုတ်ဘူး။ သူတို့က စိတ်ဝိညာဉ် ရေကြောကနေ အထောက်အပံ့ ပေးထားတာပဲ။ ဒါကြောင့်ပဲ ဒီရေတွေက ငါတို့ ဝန်းကျင်က မြေပြင်တွေကို အနှစ်သာရ အမြုတေ ဖြစ်စေတယ်။ ဘုရားကျောင်းတွေကလည်း ကျင့်ကြံခြင်းကို အထောက်အကူ ဖြစ်စေတဲ့ စိတ်ဝိညာဉ် ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတာပဲ။ ဘုရားကျောင်းတွေရဲ့ ထိပ်မှာ ဧကရာဇ်များရဲ့ တာအို စွမ်းအားပုံစံတွေ ထည့်သွင်းထားတယ်။ ဒီနန်းတော်နေရာတွေ အားလုံးက အိမ်တော်တွေချည်းပဲ။ ဘယ်သူပဲဖြစ်ဖြစ် ကျူးကျော် ဝင်ရောက်လာရင် ငါက ကန်ထဲကို စိတ်ဝိညာဉ် စွမ်းအား စေလွှတ်ပြီးတော့ သတ်ဖြတ်ခြင်းစွမ်းအားပုံစံကို အသက်သွင်းလိုက်တာနဲ့ လောကအုပ်ချုပ်သူ လေးငါးယောက်လောက်ကို သတ်ပစ်နိုင်တယ်။ ဘယ်သူမှ ဒီနေရာမှာ ငါတို့ကို အနှောင့်အယှက် မပေးနိုင်ဘူး"
ရန်ချီကို ဘုရားကျောင်းထဲ ခေါ်သွားရင်း သူမက ဆက်လက်၍
"ချီအာ... ဒီမှာ ငါနဲ့ အတူနေပါလား။ ဒီမှာဆို ငါ့တူရဲ့ ကျင့်ကြံခြင်းကို ဆယ်ဆ ပိုမြန်စေလိမ့်မယ်။ ဒီလိုဆို ငါ့တူရဲ့ ကျင့်ကြံခြင်းက ပိုမိုချောမွေ့ပြီး လောကအုပ်ချုပ်သူ အဆင့်ကို ရောက်မှာ အတိအကျပဲ။ အိုးရန်ဟိုရဲ့ စွမ်းအားပညာရပ်ကို လွယ်လွယ်ကူကူ ရင်ဆိုင်နိုင်ပုံကို ကြည့်ရတာ ငါ့တူရဲ့ ကျင့်ကြံခြင်း အခြေခံက မြင်နေရတာထက် ပိုသာမယ် ထင်တယ်"
ရန်ချီက ဧကရာဇ်များ၏ တာအိုစွမ်းအားနှင့် ကောင်းကင်နှင့် မြေကြီးမှ စိတ်ဝိညာဉ် စွမ်းအားများကို အာရုံခံစားမိသည်။ ထိုအရာက အံ့ဖွယ်တစ်ခုပင်။
သို့သော်လည်း သူက ခေါင်းခါလိုက်သည်။
"အန်တီလေးစုစု... ဒီဘုရားကျောင်းတွေက လူတစ်ယောက်တည်းအတွက် ဖန်တီးထားတာလေ။ ငါ့ရဲ့ ကျင့်ကြံခြင်း တိုးတက်ဖို့အတွက်နဲ့ အန်တီလေးရဲ့ ကျင့်ကြံခြင်းကို မနှောင့်နှေးစေချင်ဘူး။ ပြီးတော့ ငါ့ရဲ့ ကျင့်ကြံခြင်းကလည်း လုံလုံလောက်လောက် မြန်နေပါပြီ။ အခုချိန်မှာ လက်ရှိအဆင့်မှာပဲ အခြေခံခိုင်အောင်လုပ်ပြီး အစစ်အမှန်စွမ်းအားတွေကို ပိုမို သန့်စင်ရဦးမယ်"
"အိုး... ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး ဒီထိတောင် နားလည်နေပြီလား... မဆိုးဘူး။ ငါ့တူရဲ့ ကျင့်ကြံခြင်း အခြေခံက ဘယ်အဆင့်ကို ရောက်နေပြီလဲ။ ငါ့ကို နည်းနည်းလောက် ကစားပြပါလား။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်းအဖေပို့တဲ့ စာထဲမှာတော့ မင်းက ရန်ရှင်းရှီနဲ့ ရန်ကတော်ကို အနိုင်ယူပြီး ကလန်ကို ပြန်လည် ဖွဲ့စည်းခဲ့တယ်ဆို။ မင်းက အံ့သြဖွယ်ရာတွေ လုပ်ခဲ့တာပဲ။ မင်းလည်း သိပါတယ်။ ငါ အိမ်ကို အလည်သွားချင်ခဲ့တယ်။ ဒါပေမဲ့ ငါ အရမ်း အလုပ်များနေပြီး အချိန် မပေးနိုင်ခဲ့ဘူး"
"မင်း ငါ့ရဲ့ ကျင့်ကြံခြင်း အခြေခံကို မြင်ချင်တာလား အန်တီလေးစုစု"
ရန်ချီက ပြုံးလိုက်သည်။ သူ ဘယ်လောက် သန်မာကြောင်း ဂုဏ်ယူမိနေသလို သူ့ အန်တီလေးကိုလည်း မဖုံးကွယ်ထားချင်ပေ။
"ကိစ္စ မရှိပါဘူး။ ဒါပေမဲ့ ဒီကိစ္စကို လျှို့ဝှက်ထားပါ... ဒါသာ ပေါက်ကြားသွားရင် ကျောင်းတော် တစ်ခုလုံး တုန်လှုပ်သွားလိမ့်မယ်"
"ကျောင်းတော်ကိုတောင် တုန်လှုပ်စေမယ်"
ရန်စုစုက အံ့အားသင့်သွားသည်။ ထို့နောက် သူမက ပြန်လည် ရယ်မောကာ
"အန်တီလေး အင်မော်တယ် ခြေနင်း ကျောင်းတော်တစ်ခုလုံးကို မတုန်လှုပ်နိုင်ပါဘူးကွယ်။ ဒီမှာ သင်ကြားနေတာ လူသန်းပေါင်းများစွာ ရှိတယ်။ ဒီမှာ အချို့လူတွေက ကံကောင်းမှု တစ်ခု မဟုတ်တစ်ခု ကြုံတွေ့ဖူးတဲ့ သူတွေ အများကြီးပဲ။ အချို့အရာတွေကို ကျောင်းတော်မှာ လျှို့ဝှက်ထားတာ ပုံမှန်ပါပဲ။ ဒါပေမဲ့ ဘယ်ကျောင်းသားရဲ့ အောင်မြင်မှုဖြစ်ဖြစ် ပင်လယ်ထဲက ရေတစ်စက် သာသာပါပဲ"
"သေချာလို့လား အန်တီစုစု... ကောင်းပြီ သေချာကြည့်ထား"
ရန်ချီက ခေါင်းကို နောက်ပစ်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်ရာ အစစ်အမှန် စွမ်းအားများက ပေါက်ကွဲထွက်လာသည်။ ဘုရားကျောင်းတစ်ခုလုံး မရေတွက်နိုင်သည့် ငရဲသားများကြောင့် တုန်ခါသွားကြသည်။ နတ်ဘုရားသားရဲများ၊ မိစ္ဆာဘုရင်များ မြေပြင်ပေါ်သို့ တက်လာသကဲ့သို့ ခမ်းနားကြီးကျယ်လွန်းလှကာ ငရဲတံခါးကဲ့သို့ ကြီးမားသော တံခါးကြီးတစ်ချပ်က သူ့နောက်ကျောဘက်မှ ပွင့်လာသည်။ ထိုတံခါးများဆီမှ မိစ္ဆာနတ်ဆိုးများနှင့် သရဲများ၏ လက်များ ထွက်ပေါ်လာသည်။
ရန်စုစုက အံ့အားသင့်သွားကာ သူမ၏ အမူအရာက ပြောင်းလဲသွားသည်။ ရုတ်တရက် သူမ၏ လက်ဝါးမှ ဓားစွမ်းအားများ ဖြစ်ပေါ်လာကာ ရန်ချီ အထက်၌ ဓားပိုက်ကွန် တစ်ခုကို ဖန်တီးလိုက်သည်။
"အဆုံးအစမဲ့ ကောင်းကင်ဓားပိုက်ကွန်... မြေကမ္ဘာချုပ်နှောင်ခြင်း"
သူမက သူမ၏ အကောင်းဆုံးသော ပညာရပ်ကို အသုံးပြုလိုက်သည်။
"ချီအာ... ဒါ ငါ့ရဲ့ အသေသတ်အကွက်ပဲ။ ဒီဓားစွမ်းအား ပိုက်ကွန်က ကောင်းကင်တွေကနေ အလွှာ ၈၁ခုနဲ့ ဖွဲ့စည်းထားတာပဲ။ အကယ်၍ ဒါကိုသာ ရုန်းထွက်နိုင်ရင် မင်းက လောကအုပ်ချုပ်သူ တစ်ယောက်လို သန်မာတယ်လို့ ဆိုလိုတာပဲ"
"ဒါက ဘာများ ခက်လို့လဲ"
ရန်ချီက သူ့ လက်တွေကို အလျင်အမြန် လှုပ်ရှားလိုက်သည်။
"ဖျက်ဆီးလိုက်စမ်း"
End
***