ရန်ချီ၏ လက်မောင်းပေါ်၌ ရွှေမဟူရာသတ္တုကဲ့သို့အရာများ ဖုံးလွှမ်းသွားကာ ၎င်းတို့၌ မှော်သင်္ကေတများ သိပ်သည်းစွာ ပါရှိနေပြီး ငရဲမှ မိစ္ဆာနတ်ဘုရား တစ်ပါးနှင့် ဆင်တူနေသည်။
ထိုသံချပ်က သူ့ကို ဖုံးလွှမ်းထားလေရာ ပိုက်ကွန်က ဆင်းသက်လာသည်နှင့် သံချပ်ကာကို ကုတ်ခြစ်သည့် အသံများနှင့် ဖျက်ဆီးနေသည့် အသံများ ထွက်ပေါ်လာသည်။
ရှေးဟောင်း ကိုလိုဟန် မြို့တော်၌ ချူထျန်းကောနှင့် တိုက်ခိုက်စဉ် သူ့ငရဲနတ်ဆိုး အကာအကွယ် စက်ဝန်းကို ငရဲနတ်ဆိုးချပ်ဝတ်အဖြစ် အသုံးပြုခဲ့ကာ စကြဝဠာတစ်ခွင် နေရောင်ခြည်လွှမ်းမိုး ဓားပညာပင် မဖောက်ထွင်းနိုင်ခဲ့ချေ။
ထို့ပြင် ကိုလိုဟန်က အတိတ်၌ ဖြစ်သည်။ ယခုအခါ သူ့ကျင့်ကြံမှု အခြေခံက တိုးတက်လာကာ မိုးကောင်းကင်မှ သက်တမ်းခိုးယူနိုင်ခြင်းနှင့် နီးကပ်လာခဲ့သည်။ သူ့ ငရဲမီးတောက်မီးပြင်းဖိုက အခြေတည်စ အဆင့်ဖြစ်လာကာ ငရဲနတ်ဆိုး အကာအကွယ် စက်ဝန်းနှင့် ဆိုပါက မည်သည့် အံ့ဖွယ်လက်နက်မှ သူ့ကို ထိခိုက်နိုင်တော့မည် မဟုတ်ချေ။
ထို့ပြင် ကမ္ဘာဦးဆင်ရိုင်း အကောင်နှစ်ဆယ် စွမ်းအားကြောင့် သူ့လမ်းကြောင်း တစ်လျှောက် အရာရာတိုင်းကို ဖျက်ဆီးပစ်နိုင်သည်။
သူက ကျယ်လောင်စွာ ဟိန်းလိုက်လေရာ ထိုနေရာရှိ အရာရာတိုင်းက လှုပ်ယမ်းကုန်သည်။ ထို့နောက် သူက ရှေ့တိုးလိုက်သည်နှင့် ရန်စုစု၏ ဓားအလင်းပိုက်ကွန်က တစ်လွှာပြီး တစ်လွှာ ပျက်စီးသွားခဲ့သည်။ ပျက်စီးသွားသော ဓားစွမ်းအားများက သူမထံ ပျံသန်းလာကာ သူမလက်အတွင်း ဓားရှည် တစ်ချောင်းသဖွယ် ပြန်လည် ဖြစ်တည်လာသည်။
ဝှစ်...
သူက နောက်ဆုံးထိ အလွှာထိုးဖောက်ကာ ပြာများအဖြစ် ပြောင်းလဲသွားစေဖို့က အချိန်ခဏလေးသာ လိုအပ်ခဲ့သည်။
ထို့နောက် သူက အစစ်အမှန် စွမ်းအားများကို ပြန်လည် ရုပ်သိမ်းလိုက်လေရာ နဂိုမူလပုံစံ ပြန်ဖြစ်သွားသည်။
ရန်စုစုက ဓားစွမ်းအားများကို ပြန်သိမ်းဆည်းလိုက်ပြီး ထိတ်လန့်တုန်လှုပ်ကာ သူ့တူကို မယုံကြည်သလို ကြည့်လိုက်သည်။
"ချီအာ... မင်းရဲ့ ကျင့်ကြံမှုအခြေခံက လောကအုပ်ချုပ်သူ မဟုတ်ပေမယ့် လောက အုပ်ချုပ်သူတွေနဲ့ ယှဉ်နိုင်လောက်အောင် သန်မာနေပြီ။ ဒါက အံ့ဖွယ်တစ်ခုပဲ။ မင်းက ပါရမီရှင်ပဲ။ မင်းက ကျောင်းတော်မှာ အထူးခြားဆုံးသူတစ်ယောက် ဖြစ်လိမ့်မယ်။ ဘယ်လို ကံကောင်းမှုကြီးကိုတောင် ရခဲ့တာလဲ။ ဒီစွမ်းအား ပညာရပ်က ဘာကြီးလဲ"
"အန်တီလေးစုစု... ငါကျင့်ကြံတဲ့ စွမ်းအား ပညာရပ်က အရမ်းကြီး ထူးခြားလွန်းတယ်။ အကယ်၍ ဒီအကြောင်းတွေသာ ပေါက်ကြားသွားရင် အန်တီလေးအင်မော်တယ် ခြေနင်း ကျောင်းတော်တောင် ဘေးဒုက္ခ ကြုံလာရလိမ့်မယ်"
သူက ခေါင်းရမ်းလိုက်သည်။
"အသေးစိတ်တော့ ငါ လောက အုပ်ချုပ်သူဖြစ်ပြီးသွားမှပဲ ပြောပြတော့မယ်။ အဲဒီအချိန်ကျမှ ငါ အားလုံး ရှင်းရှင်းလင်းလင်း ပြောပြမယ်။ အခုတော့ အန်တီလေး သိဖို့ လိုအပ်တာ တစ်ခုက ငါ လောက အုပ်ချုပ်သူတွေကို အနိုင်ယူနိုင်လောက်အောင် သန်မာတယ် ဆိုတာပဲ"
"သိပ်အံ့သြဖို့ ကောင်းလွန်းတယ်..."
သူမ၏ မျက်လုံးများက ပျော်ရွှင်မှုများ တောက်ပနေပြီး သိပ်မကြာခင်မှာပင် လေးနက်သလို ပြောင်းလဲသွားခဲ့သည်။
"ဆရာသခင် အဆင့်တစ်ယောက်အနေနဲ့ ယခုလို လုပ်နိုင်တယ် ဆိုတာကိုက တုန်လှုပ်ဖို့ ကောင်းလွန်းနေပြီ။ ချီအာ... ငါ ခန့်မှန်းကြည့်သလောက်တော့ မင်းကျင့်ကြံတဲ့ စွမ်းအား ပညာရပ်က အနည်းဆုံး အင်ပါယာအဆင့် ဖြစ်ရမယ်ဆိုတာ ငါ ယုံတယ်။ မင်းမှန်တယ်။ လူတွေကသာ ဒီအကြောင်း သိသွားရင် ကပ်ဘေးကြီး ဖြစ်လာလိမ့်မယ်။ ဒီကိစ္စကို ငါ လျှို့ဝှက် ထားပါ့မယ်"
"ကျေးဇူးတင်ပါတယ် အန်တီလေးစုစု။ ဒါနဲ့လေ ကျောင်းတော်မှာ အခု ဘာတွေ ဖြစ်နေလဲ သိလား... ယွမ်ဟိုက်လန်က ဒီမှာ ရောက်နေပြီးတော့ တော်ဝင်အိမ်ရှေ့စံကလည်း သူ့ကို နှစ်သက်နေတယ်။ တော်ဝင်အိမ်ရှေ့စံက တကယ်တော့ ဘယ်သူလဲ။ သူက တကယ်ပဲ စွမ်းအားကြီးလွန်းလား။ ယွမ်ဟိုက်လန်သာ သူနဲ့ ဆက်ဆံရေးကို အသုံးချပြီး ငါ့ကို ဖိနှိပ်ဖို့ ကြံစည်နေရင် တကယ် အန္တရာယ်များလွန်းမှာကို စိုးရိမ်မိတယ်"
"တော်ဝင်အိမ်ရှေ့စံ..."
ရန်စုစု၏ မျက်လုံးများက နိုးကြားလာပုံရသည်။ တစ်ခဏလောက် တိတ်ဆိတ်သွားပြီးနောက် သူမက သက်ပြင်းချလိုက်သည်။
"သူက ထူးခြားတယ်။ သူက လောကအုပ်ချုပ်သူအဆင့်ကို ချိုးဖောက် ကျော်လွန်သွားပြီး အခုချိန်မှာ ဒဏ္ဍာရီအဆင့်ကို ရောက်နေပြီ။ ဘယ်သူမှ သူ့ရဲ့ ကျင့်ကြံခြင်း အခြေခံအစစ်အမှန်ကို မသိကြဘူး။ ဒါပေမဲ့ သူက သူတော်စင် သားတော်တစ်ပါးပဲ။ သူနဲ့ ပတ်သက်ပြီး မင်း စိုးရိမ်စရာ မလိုပါဘူး။ သူ့ရဲ့ ရည်မှန်းချက်က မင်းကို ဂရုစိုက်ဖို့ထက် ပိုကြီးတယ်။ ယွမ်ဟိုက်လန်က သူ့ရဲ့ နာမည်ကို သုံးပြီး သူမကိုယ်သူမ တိုးတက်လာဖို့ လုပ်နေတာပဲ။ ချီအာ ဖြစ်နိုင်ရင် လောက အုပ်ချုပ်သူ အဆင့်ကို အမြန်ဆုံး ချိုးဖောက် တက်လှမ်းနိုင်ဖို့ ကြိုးစားပါ။ ဒီလိုဆိုရင် ဖိအားတွေ နည်းသွားလိမ့်မယ်"
"ဒီလိုဖြစ်လာဖို့က သိပ်ကြာမှာ မဟုတ်ပါဘူး"
သူက ရေရွတ်လိုက်သည်။ ရုတ်တရက် သူ့မျက်လုံးများက တောက်ပလာခဲ့သည်။
"အန်တီလေးစုစု... ကျွန်တော်က ကံကောင်းမှုကြီးကို ကြုံတွေ့ခဲ့ပေမယ့် ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး ကျွန်တော် နားလည်ထားတာတွေက အရမ်းနိမ့်လွန်းသေးတယ်။ အန်တီလေးပြောတဲ့ ဒဏ္ဍာရီအဆင့်ဆိုတာ ဘာလဲ ရှင်းပြပေးပါလား။ အဲဒီအဆင့်က လောကအုပ်ချုပ်သူထက် ကျော်လွန်သွားပြီလား"
"ကောင်းပြီ ငါ ရှင်းပြပေးမယ်"
သူမက ပြောလိုက်ကာ ကြက်ခြေခတ် ထိုင်လိုက်သည်။
"လောကအုပ်ချုပ်သူအဆင့်လို့ ခေါ်တာက မိုးကောင်းကင်ကနေ လူသက်တမ်းကို ခိုးယူပြီး ခန္ဓာကိုယ်က အကန့်အသတ်ကို ကျော်လွန်သွားစေတာပဲ။ ဒါက မင်းရဲ့ သက်တမ်းကို တိုးတက်သွားစေတယ်။ ထိုအဆင့်မှာ မိုးကောင်းကင်ကနေ သက်တမ်းကိုးကြိမ် ခိုးယူနိုင်ပြီးတော့ ခိုးယူပြီးတဲ့ အချိန်တိုင်း မင်းရဲ့ သက်တမ်းက ပိုတိုးလာလိမ့်မယ်။ ဒါပေါ့ မင်း သက်တမ်းကို ခိုးယူတဲ့ အခေါက်တိုင်း တစ်ခေါက်ထက်တစ်ခေါက် ပိုခက်ခဲလာလိမ့်မယ်။ အခေါက်တိုင်းမှာ အဖျက်အဆီး စွမ်းအားတွေက အကြီးအကျယ် ပါဝင်လိမ့်မယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မူလအစ လောက အုပ်ချုပ်သူအဆင့် (ပထမအဆင့်)ကို ငါ ရောက်ရှိခဲ့တယ်။ အခု လောကအုပ်ချုပ်သူ အဆင့်နှစ်ကို တက်ဖို့ ငါ ပြင်ဆင်နေတာပဲ။ ငါသာ အောင်မြင်ခဲ့ရင် ငါ့သက်တမ်း နှစ်ငါးရာ ခြောက်ရာလောက် ထပ်တိုးလာလိမ့်မယ်။ အကယ်၍ မင်းသာ လောကအုပ်ချုပ်သူ အဆင့်ကိုးကို ရောက်ရှိသွားရင် သက်တမ်း သုံးထောင်အထိ တိုးလာလိမ့်မယ်။ သက်တမ်း ကိုးကြိမ် ခိုးယူပြီးတဲ့ နောက်မှာ မင်းရဲ့ အစစ်အမှန် စွမ်းအားတွေက လုံးဝ ပြောင်းလဲသွားပြီးတော့ ကမ္ဘာကြီးရဲ့ ဖွဲ့စည်း တည်ဆောက်ပုံနဲ့ ချိတ်ဆက်သွားလိမ့်မယ်။ ပြောရရင် ဒဏ္ဍာရီအဆင့်မှာ အဆင့်ခွဲ ဘယ်လောက် ရှိလဲတော့ ငါ မသိဘူး။ ဒါပေမဲ့ ဒဏ္ဍာရီ အဆင့်ထက် ပိုမြင့်တဲ့ အဆင့်တွေတော့ ရှိသေးတယ်။ ရှေးခေတ် နတ်ဘုရားတွေနဲ့ ပတ်သက်တဲ့ ရှေးဟောင်းပုံပြင်တွေကို မင်းကြားဖူးမှာပါ။ တကယ်တော့ အဲဒါက ကြီးမြတ်တဲ့ သူတော်စင် အဆင့်ပဲ..."
ထို့နောက် ရန်စုစုက ကျင့်ကြံခြင်းနှင့် ပတ်သက်ပြီး အသေးစိတ်ကို ဆက်လက် ပြောပြခဲ့သည်။ စွမ်းအားပုံစံများ အကြောင်း၊ အစစ်အမှန် စွမ်းအား အသုံးပြုပုံ၊ သွေးကြော အမျိုးအစားများ၊ ကောင်းကင်နှင့် မြေကြီးမှ စိတ်ဝိညာဉ် စွမ်းအားများ၊ နေနှင့် လတို့၏ အနှစ်သာရ အမြုတေ သဘာဝ အစရှိသဖြင့် သူမက ပြောပြခဲ့သည်။
သူမက ကြီးမြတ်သော အကြီးအကဲ၏ ခွင့်ပြုချက်ဖြင့် အန်တီလေးအင်မော်တယ် ခြေနင်း ကျောင်းတော်မှာ ဆယ်နှစ်ကြာ ပညာ သင်ယူခဲ့သည်။ ထို့ကြောင့် သူမ၏ အသိပညာများက ရန်ချီထက် များစွာ သာလွန်နေခဲ့သည်။
သူမေးမြန်းသည့် မေးခွန်းများ၊ ပဟေဠိများကို ရှင်းပြပေးခဲ့သည့်အတွက် သူမကို ကျေးဇူးတင်ရပေမည်။
ရန်ချီက အကြီးအကျယ် ဉာဏ်အလင်းပွင့်နေသလို ခံစားနေရသည်။
အရာရာကို ကြိုတင် သိမြင်ခြင်းက အကောင်းဆုံး နည်းဗျူဟာပင်။ ယခုအချိန်၌ ရန်ချီက လောကအုပ်ချုပ်သူအဆင့်ကို ချိုးဖောက် တက်လှမ်းနိုင်ဖို့ အတွက် ပိုမို ချောမွေ့လာတော့သည်။
တစ်ချိန်မှာတော့ သူမ ပြောသည့် စကားများက အရေးကြီး ကိစ္စတစ်ခုကို သတိရသွားစေတော့သည်။
သူက အနည်းငယ် ပြုံးဖြီးဖြီးလုပ်ကာ လက်မ လက်စွပ်ကို ထုတ်ကာ သူ့လက်ပေါ် တင်ပြလိုက်သည်။
ထိုအချိန်၌ ရန်စုစုက စကားပြောနေတာကို ချက်ချင်း ရပ်တန့်သွားပြီး ပြောလိုက်သည်။
"ချီအာ ဒါက ဘာလဲ"
"စောင့်ကြည့်လိုက်ပါ အန်တီစုစု... ဘာလဲဆိုတာ သိစေရမယ်။ ဒါက ကျွန်တော့်ရဲ့ နောက်ထပ် လျှို့ဝှက်ချက်ကြီးပဲ"
သူက အစစ်အမှန် စွမ်းအား အချို့ကို လက်စွပ်အတွင်း ထည့်သွင်းလိုက်လေရာ အပြာရောင် တံခါးတစ်ခုက ပေါ်လာပြီး ထိုတံခါးမှ နောက်ထပ် နေရာလွတ် နယ်မြေတစ်ခု ပေါ်လာခဲ့သည်။
"ဒါက နေရာလွတ် လက်စွပ်လား"
ရန်စုစုက သိသိသာသာ တုန်လှုပ်သွားသည်။
"ဒါက ရတနာတွေထဲက ရတနာတစ်ခုပဲ။ မင်း ဘယ်က ရလာတာလဲ"
"ကျွန်တော် ဒီကိုလာရင်း ပင်လယ်နတ်ဘုရား ကျောင်းတော်က စွမ်းအား ပညာဆရာ သခင်တစ်ယောက်ကို သတ်လိုက်တယ်။ သူ့ဆီမှာ ဒါပါလာခဲ့တာပဲ။ အဲဒါကို ယူလာတဲ့ အချိန်ခဏအတွင်း ဘယ်လို အသုံးပြုရမလဲတောင် မသိခဲ့ဘူး။ ဘယ်လိုထင်လဲ အန်တီလေး"
"မင်းမှာ ဒါရှိနေတာကို ဘယ်သူမှ မသိစေနဲ့။ ဒီကိစ္စသာ ပျံ့နှံ့သွားရင် ကပ်ဘေးကြီး တစ်ခု ဖြစ်လာလိမ့်မယ်"
ရန်စုစုက ရန်ချီကြောင့် တစ်နေ့တည်းဖြင့် ထပ်ခါထပ်ခါ တုန်လှုပ်ခဲ့ရသည်။
"ပင်လယ် နှလုံးသားက ပင်လယ် နတ်ဘုရား ကျောင်းတော်ရဲ့ ဂိုဏ်းဝင် ပစ္စည်းတစ်ခုပဲ။ သူတို့တွေက ကမ္ဘာကြီးရဲ့ စွမ်းအားတွေကို ကိုယ်တိုင် အသုံးပြုနိုင်ကြလို့ လောက အုပ်ချုပ်သူတွေတောင် သူတို့ကို မဖျက်ဆီးနိုင်ဘူး"
"အန်တီလေးစုစုက လွဲရင် ဘယ်သူမှ မပြောပြပါဘူး"
အစစ်အမှန် စွမ်းအားအချို့ကို နေရာလွတ် နယ်မြေအတွင်း စေလွှတ်ကာ ဆေးလုံးအပြည့် ကျောက်မြတ် သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။
"အိုး... ကိုလိုဟန် ရှေးဟောင်းမြို့တော်မှာတုန်းက သွေးစုတ်ဖုတ်ကောင် ဓားပြ ခေါင်းဆောင်ဆီကနေ ဒါကို ရလာခဲ့တယ်။ ကံဆိုးချင်တော့ ဒါက ဘာတွေလဲ ကျွန်တော် မသိဘူး တစ်ချက် ကြည့်ပေးပါလား"
"အိုး..."
ရန်စုစုက သေတ္တာကိုဖွင့်ကာ မြစိမ်းရောင် ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။
"မြစိမ်းနှင်းစက် နုပျိုးဆေး... နှစ်တစ်ထောင် ကျောက်စိမ်းကို အခြား စိတ်ဝိညာဉ်ဆေးပင် သုံးရာကျော် ရောနှောပြီးတော့ ဖော်စပ်ထားတာပဲ။ ဒီဆေးတစ်လုံးကို ဖော်စပ်ဖို့အတွက် ဆယ်နှစ်လောက် အချိန်လိုအပ်တယ်။ ဆေးလုံးတစ်လုံးက နှစ်တစ်ထောင် ကျောက်စိမ်း ရာချီ တန်ဖိုးရှိတယ်လေ။ ဒီဆေးကိုလုပ်ဖို့ အချိန် ဒီလောက် သုံးစွဲတဲ့ သူက ရှားပါးလွန်းတယ်လေ။ မင်းမှာ ဘယ်လိုလုပ်ပြီး ဒီလောက် အများကြီးတောင် ရှိနေရတာလဲ"
"ဒါတွေကို ဘယ်လိုသုံးရတာလဲ"
"ဒါတွေက အစစ်အမှန် စွမ်းအားနဲ့ အရည်ဖျော်ပြီး သောက်လိုက်ရင် မင်းရဲ့ သွေးကြောနဲ့ အရိုးတွေက အလိုအလျောက် စုပ်ယူသွားလိမ့်မယ်။ ဒါက မင်းဆီက အညစ်အကြေး အမျိုးမျိုးကို သန့်စင်ပေးပြီးတော့ ပိုမိုသန်မာလာစေလိမ့်မယ်။ ဒီဆေးလုံးမှာ ကျောက်စိမ်းရဲ့ အနှစ်သာရတွေ ပါဝင်လို့ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးတယ်လေ။ ဒီဆေးလုံးကို ရဖို့ လူတွေ အများကြီးတောင် တိုက်ခိုက်ဖို့ ဝန်မလေးကြဘူး"
စွမ်းအား ပညာရပ်ကို နက်နက်နဲနဲ နားလည်တဲ့ သူတွေက နှစ်ရာနဲ့ ချီ ရှင်သန် နေထိုင်နိုင်ပေမယ့် သူတို့က အိုမင်းလာတာကို မတားဆီးနိုင်ကြချေ။ ဥပမာအနေဖြင့် ရန်စုစုက အသက် လေးရာလောက် ရှင်သန်နိုင်သော်လည်း အသက် ငါးဆယ် ခြောက်ဆယ်လောက်မှာ ရုပ်သွင်က အိုမင်းလာပါလိမ့်မည်။ ထိုကဲ့သို့ ဖြစ်သွားပါက သူမက ပြန်လည် နုပျိုအောင် လုပ်နိုင်တော့မည် မဟုတ်ချေ။ ရုပ်ရည်ကို တန်ဖိုးထားသည့် သူများအတွက် ထိုအရာက အကြီးအကျယ် ထိတ်လန့်စရာ ကောင်းသည်။
မြစိမ်းနှင်းစက် နုပျိုဆေးမှာ နှစ်တစ်ထောင် ကျောက်စိမ်း၏ အမြုတေပါဝင်သဖြင့် ၎င်းက လူတစ်ယောက်၏ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးကာ အသက်နှစ်ဆယ်အရွယ်သာ အမြဲတမ်း ဖြစ်နေစေသည်။ အကယ်၍ ၎င်းကိုသာ လူကြားထဲ ထုတ်ပြလိုက်ပါက အန်တီလေး အင်မော်တယ် ခြေနင်း ကျောင်းတော်ရှိ မိန်းကလေးကျောင်းသူတိုင်း ထိုဆေးများကိုရဖို့အတွက် ရူးသွပ်သွားစေနိုင် သည်။
"ဒီဆေးအကြောင်းက အံ့ဖွယ်ပဲ။ အန်တီလေးစုစု ဒီသေတ္တာကို ယူလိုက်ပါ။ အန်တီလေး ကိုယ်တိုင် သုံးတာဖြစ်ဖြစ် အခြားလူတွေနဲ့ ဆက်ဆံရေး တိုးအောင်လို့ လက်ဆောင် ပေးတာဖြစ်ဖြစ် သုံးနိုင်တယ်"
ရန်စုစုက စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။
"ကောင်စုတ်လေး... မင်း ကလေး အရွယ်တုန်းက ငါက အရသာ အရှိဆုံး အစားအစာတွေပဲ ကျွေးခဲ့တယ်။ ငါ့ပစ္စည်းတွေကို လုဖို့ ကြိုးစားတာ မှတ်မိသေးလား။ ငါ့ရဲ့ ရတနာ အချို့တောင် ဖျက်ဆီးခဲ့သေးတယ်လေ"
ရန်ချီ ရယ်မောလိုက်တော့သည်။
"ကောင်းပြီ။ အန်တီလေးကို ပြန်ဆပ်ဖို့ အချိန်ရောက်လာပြီ ထင်ပါတယ်"
လွန်ခဲ့သည့် နှစ်တွေတုန်းက ရန်စုစုက သူမ ဘယ်သွားသွား ရန်ချီကို ခေါ်သွားခဲ့သည်။ သူကတော့ သူမရဲ့ လက်ဝတ်ရတနာ မရေတွက်နိုင်အောင် ခိုးရင်ခိုး မခိုးရင် ဖျက်ဆီးပစ်တတ်ခဲ့သည်။ ထိုစဉ်က သူတို့က ခဏခဏ ရန်ဖြစ်ကြကာ ရန်စုစုက သူ့ကို သင်ခန်းစာ တစ်ခု နှစ်ခု ပေးလေ့ရှိသည်။
ယခု ဆယ်နှစ်ကျော်ပြီးနောက် ထိုအမှတ်တရများက သူတို့နှစ်ယောက်လုံး၏ နှလုံးသားကို နွေးထွေးစေသည်။
သူ့ အန်တီလေး ရန်စုစုက အများကြီး ပြောင်းလဲမသွားဘဲ သူမကို အရင်တိုင်း ယုံကြည်ကာ သူမကို ချစ်နေဆဲဖြစ်ကြောင်းကို ရန်ချီ ပြောနိုင်သည်။
"အန်တီလေးစုစု... ကျွန်တော်က လောကအုပ်ချုပ်သူ အဆင့်ကို ချိုးဖောက်တက်လှမ်းနိုင်ဖို့ နီးကပ်နေပြီ။ ကံဆိုးချင်တော့ ကျွန်တော့်မှာ အသက်ဓာတ် အမြုတေ အားနည်းနေတယ်။ ဒီထဲက ဆေးတစ်မျိုးမျိုးက အကူအညီ ဖြစ်စေမယ်လို့ ထင်မိသေးလား.. "
ထို့နောက် ရန်ချီက ဆေးလုံး အမျိုးအစားအချို့ကို ထပ်ထုတ်ကာ သူတို့ကြားရှိ မြေပေါ် ပုံချလိုက်သည်။
"ဘယ်လိုတောင် ကံကောင်းတာလား....."
သူမက အနည်းငယ် အနံ့ရှူကြည့်ကာ ပြောလိုက်သည်။
"ဒီဆေးတွေ အားလုံးသာ ရောင်းလိုက်ရင် ထိပ်သီး လက်ရွေးစင် ကျောင်းသားတွေထက်တောင် ပိုချမ်းသာလာဦးမယ်။ ကောင်းပြီ ငါ ကြည့်လိုက်ဦးမယ်။ အသက်ဓာတ် စွမ်းအားကို တိုးတက်စေတဲ့ ဆေးလုံး... အင်း....."
တစ်ချိန်မှာတော့ သူမက မီးခိုးရောင် ဆေးလုံး တစ်လုံးကို ကောက်ကိုင်လိုက်သည်။
"ဒီဆေးက ရိုးတွင်းခြင်ဆီကို အားတိုးစေပြီး စိတ်ဝိညာဉ်ကို သန်မာစေတယ်။ ဒီဆေးလုံးတွေက အံ့ဖွယ်ပဲ။ သူတို့ကို ရှေးခေတ်ဟောင်းက မိစ္ဆာသားရဲ ရုပ်ကြွင်းတွေကနေ ပြုလုပ်ထားတာပဲ။ ဒီဆေးလုံး တစ်လုံးကို ဖော်စပ်နိုင်ဖို့ ဆရာသခင် အဆင့်တွေ နှစ်ပေါင်းများစွာ အတူတကွ လုပ်ဆောင်ကြရတယ်။ ဒါတွေက မင်း လိုအပ်တာနဲ့ ကွက်တိပဲ"
"ဒီမှာ နဂါး-ကျား ခန္ဓာလိမ်းဆီမွှေးလည်း ရှိတယ်။ ဒါကလည်း မင်းရဲ့ အသက်ဓာတ် စွမ်းအား အမြုတေကို တိုးတက်လာစေလိမ့်မယ်။ ဒါက အနည်းဆုံး နှစ်တစ်ရာ သက်တမ်းကြီးတဲ့ စပါးကြီး သည်းခြေအိတ်ကို ကျားရိုးနဲ့ ရောထောင်းပြီး ဖော်စပ်ထားတာပဲ။ အိုး ဒီမှာက မြွေဝက်ဝံ ဆေးလုံး၊ သွေးစွမ်းအား ခန္ဓာ ဆေးလုံး... ဒါတွေ အားလုံးက ရှားပါး ပစ္စည်းတွေပဲ"
ရန်စုစုက စိတ်ဝိညာဉ် ဆေးအမျိုးမျိုးကို ညွှန်ပြကာ ၎င်းတို့ကို သုံးစွဲပုံနှင့် ဘေးထွက် ဆိုးကျိုးများ အကြောင်း ရှင်းပြသည်။ သူမက ထိုပစ္စည်းများ အကြောင်း ရှင်းပြနေသောအခါ ရန်ချီက သူကိုယ်သူ ဗဟုသုတ နည်းပါးကြောင်း နားလည်မိသည်။
သူက စိတ်ဝိညာဉ်ဆေးလုံး အကုန်လုံးကို စုဆောင်းနိုင်ခဲ့ပြီး ထိုအရာအားလုံးက အရမ်း တန်ဖိုးကြီးမားလှသည်။ သူက ထိုအရာများနှင့် ပတ်သက်သည့် အချက်အလက်များကို မှတ်သားထားပြီးနောက် မကြာမီမှာ အဆင့်ချိုးဖောက် တက်လှမ်းနိုင်ဖို့ သေချာနေသည်။
"အိုး... ငါ့မှာ နောက်ထပ် ရတနာတစ်ခု ရှိသေးတယ်.."
သူက ပြောကာ သူတော်စင် မိစ္ဆာပန်းချီကားကို ထုတ်လိုက်သည်။
ထိုပန်းချီကားကို ဖွင့်ကြည့်လိုက်မိသည်နှင့် ရန်စုစုတစ်ယောက် ထခုန်မိသည်။
"ဒါက...."
End
***