ဆေးပမာဏ အများအပြားစားသုံးပြီး နောက်ဆုံး၌ ရန်ချီ၏ ကိုယ်အတွင်း အသက်ဓာတ် စွမ်းအားများက စီးဆင်းသွားသည်။ ၎င်းက နှစ်ဆယ့်တစ်ခုမြောက် အစိတ်အပိုင်းအတွင်း စုပြုံ ဝင်ရောက်သွားကာ လှုပ်ယမ်းလာတော့သည်။
ယခုအချိန်၌ သူက ငရဲချေမှုန်း နတ်ဆင်စွမ်းအားနှင့် ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း နားလည်လာသည်။
ထိုအရာကို တစ်ယောက်တည်း ကျင့်ကြံပါက အလွန်ခက်ခဲလှသည်။ အဆင့် တစ်ဆင့်တိုင်း ခြေလှမ်းတစ်လှမ်းတိုင်းက အလွန် ကြီးမားသော အတားအဆီးကို ချိုးဖောက် ဝင်ရောက်ရသည်။ သူရရှိထားသော စိတ်ဝိညာဉ် ဆေးများက သူ့အတွက် နှစ်တစ်ရာ ကျင့်ကြံခြင်း ပမာဏလောက်ပင် အကျိုး မဖြစ်ထွန်းခဲ့ချေ။
သို့သော်လည်း သူက နတ်ဘုရားနှင့် စိတ်ဝိညာဉ်များကဲ့သို့ စွမ်းအားပညာရပ်ကို စွန့်လွှတ်လိုခြင်း မရှိချေ။ ဘယ်လိုလုပ် သူ စွန့်လွှတ်နိုင်မှာလဲ။
သူသာ စွမ်းအား တိုးမြှင့်နိုင်ပါက ကောင်းကင်နှင့်မြေပြင် အရာအားလုံးကို နိမ့်ကျစွာ ကြည့်မြင်နိုင်သည်။ သူက သေမျိုး လူသားတစ်ယောက်ဖြစ်သော်လည်း နတ်ဘုရား နှလုံးသားက တိုးတက်ခဲ့ပြီး ဖြစ်သည်။ အစွမ်းထက်သော ကျင့်ကြံသူများက အစွမ်းထက်သည်ဆိုသည်မှာ သူတို့၏ နှလုံးသားကြောင့်ပင်။ သူတို့ နှလုံးသား ကြီးမားခြင်းက သူတို့၏ အလားအလာကို ကြီးမား ကျယ်ပြန့်စေသည်။
အခုတော့ သူက များပြားလှသော ဆေးလုံးများ၏ စိတ်ဝိညာဉ် စွမ်းအားများကို ငရဲမီးတောက် မီးပြင်းဖိုအတွင်း စေလွှတ်ကာ လောကအုပ်ချုပ်သူအဆင့်ကို ချိုးဖောက် တက်လှမ်းဖို့ ပြင်ဆင်လိုက်သည်။
"ကောင်းကင်ဘုံက သက်တမ်းကို ခိုးယူမယ်။ နတ်ဘုရား ဆင်ရိုင်းတွေက ကြယ်တာရာတွေကို ခူးဆွတ်နိုင်သလို လတွေကို ဆွဲငင်နိုင်ပြီး နေမီးတောက်ကို စားသုံးနိုင်လောက်အောင် အတုမရှိ ပြိုင်ဘက်ကင်းတယ်"
အစစ်အမှန် စွမ်းအားများက သူ့အနီး၌ စုဝေးလာကာ အပေါ်သို့ ထောင်တက်သွားသည်။ ၎င်းတို့က စွမ်းအားပုံစံကို ထိမိပြီးနောက် သူ့ထံ ပြန်လည် ဝင်ရောက်လာခဲ့တော့သည်။
ခလွတ်... ခလွတ်....
အစစ်အမှန် စွမ်းအားများက သူ့ထံ ဆင်းသက်လာကာ သံချပ်ဝတ်အင်္ကျီက အရည်ပျော်လာပြီး မဟူရာ ရွှေအနက်ရောင်အဖြစ် ပြောင်းလဲကာ ချော်ရည်များအလား စီးဆင်းလာတော့သည်။ ပြင်းထန်လွန်းသော မိုးကြိုးက သူ့ထံ ဆင်းသက်လာကာ မရေတွက်နိုင်သော မီးပွားများ ထွက်ပေါ်လာပြီးနောက် သူ့ သွေးကြောများနှင့် အစစ်အမှန် စွမ်းအားများ၌ ထိုမိုးကြိုး စွမ်းအားများ စီးဆင်းသွားစေသည်။
ကြောက်မက်ဖွယ်စွမ်းအားများက သူ့ကို ဖုံးလွှမ်းသွားကာ မျက်စိတစ်မှိတ်အတွင်း ရန်ချီကို မမြင်တွေ့နိုင်တော့ချေ။ အခန်းထဲ၌ ကျန်ရှိနေသည့် တစ်ခုတည်းသော အရာက ကြီးမားသော ကမ္ဘာဦး ဆင်ရိုင်းကြီးသာ ဖြစ်သည်။
ထိုကြီးမားသော ကမ္ဘာဦး ဆင်ရိုင်းကြီးက သာမန်ဆင်တစ်ကောင်နှင့် မတူညီချေ။ ၎င်းက ကြီးမားလွန်းပြီး အခန်းတွင်းရှိ လေများကို တစ်ခဏအတွင်း စုပ်ယူနိုင်လောက်အောင် စွမ်းအား ကြီးမားသည်။
ရန်ချီကတော့ အခန်းတစ်ခုစာမျှ ကြီးမားသည့် အစစ်အမှန်စွမ်းအား ဆင်ကြီးအတွင်း ကြက်ခြေခတ် ထိုင်နေသည်။
"ကောင်းကင်ဘုံကနေ အသက်ခိုးယူရမယ်... ကောင်းကင်ဘုံက အသက်ခိုးယူပြီးရင်... ငါ ပိုပြီး သန်မာလာလိမ့်မယ်။ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးက စိတ်ဝိညာဉ်စွမ်းအားကော နေနဲ့ လရဲ့ အနှစ်သာရတွေကိုကော ဆက်သွယ်လိုက်စမ်း။ အသက် ခိုးယူမယ်။ ပြောင်းလဲလိုက်စမ်း..."
ထိုအရာက ဉာဏ်အလင်းအမြင့်ဆုံးသို့ ရောက်ရှိစေခြင်း သာမက ထို့ထက် ကျော်လွန်သွားဖို့ တွန်းအားပေးသည့် ဖြစ်စဉ်တစ်ခုသာဖြစ်သည်။ တဖြည်းဖြည်းနှင့် သူ့ဝန်းကျင်ရှိ လေများက မသန့်ရှင်းဘဲ ရောနှောနေတယ် ဆိုတာကို သဘောပေါက်လာခဲ့သည်။ ၎င်း၌ သက်ရှိများကို ရှင်သန် ကြီးထွားစေတတ်သည့် အပင်များကို ရှင်သန် ပွင့်လန်းစေသည့်၊ လူသားများကို ပိုမိုမြင့်မားသော အဆင့်များသို့ တက်လှမ်းစေနိုင်သည့် အမျိုးမျိုးသော ဒြပ်စင်များ ပါဝင်နေသည်။ ထိုအရာ၌ စွမ်းအားများ၊ ထူးခြား ဆန်းကြယ်မှုများ ပါဝင်နေသော်လည်း ခန္ဓာကိုယ်အတွင်း အတင်းအကြပ် ဝင်ရောက်ခြင်း မရှိချေ။
ထိုအရာက ကောင်းကင်နှင့် မြေကြီးမှ စိတ်ဝိညာဉ် စွမ်းအားများ ဖြစ်ကြသည်။
လောက အုပ်ချုပ်သူအဆင့်၌ လူသားတွေက စွမ်းအင်များအပေါ် နားလည်မှုများ တိုးတက်လာကြသည်။ စွမ်းအင်များကို သူတို့ ခန္ဓာကိုယ် အတွင်းထည့်သွင်းကာ အသက်ဓာတ် အမြုတေကို ဖန်တီးကြပြီး အစစ်အမှန် စွမ်းအားများဖြင့် သွေးသား ခန္ဓာကိုယ်ကို အသစ်တစ်ဖန် တည်ဆောက်ကြသည်။ ထိုအရာတွေက သူတို့ကို ပိုမို သန်မာလာစေပြီး သက်တမ်း တိုးစေကာ စိတ်ဝိညာဉ်ကို သန့်စင်စေသည်။
အခြေခံအကျဆုံး ပြောင်းလဲမှုအနေဖြင့် လောကအုပ်ချုပ်သူများက လက်ကို ဝှေ့ယမ်းရုံမျှဖြင့်ပင် ကောင်းကင်နှင့် မြေကြီးမှ စိတ်ဝိညာဉ် စွမ်းအားများကို ထိန်းချုပ်ကာ ရန်သူကို တိုက်ခိုက်နိုင်သလို နက္ခတာရာနှင့် ရာသီဥတုကိုပါ ထိန်းချုပ်နိုင်စွမ်း ရှိလာသည်။
ဥပမာအနေဖြင့် ရန်ချီက လေးရာသီ ဓားပညာကို ကျင့်ကြံခဲ့သောကြောင့် လောက အုပ်ချုပ်သူ အဆင့်ကို ရောက်ရှိခဲ့ပါက ဆောင်းရာသီ ဓားစွမ်းအားကို အသုံးပြုခြင်းဖြင့် နှင်းမုန်တိုင်းများကို ဖန်တီးနိုင်သည်။
အကယ်၍ သူသာ သက်တမ်းကို ခိုးယူပြီး လောကအုပ်ချုပ်သူအဆင့်ငါး ဒါမှမဟုတ် ပိုကောင်းမွန်သည့် အဆင့်ခွန်၊ အဆင့်ရှစ်သို့ ရောက်ရှိသွားပါက ကီလိုမီတာ ငါးဆယ်မှ ငါးရာအတွင်း လေ၊ မိုး၊ နှင်း၊ မိုးကြိုး ထိုအရာအားလုံး၏ နယ်ပယ်များအဖြစ် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပြုလုပ်နိုင်ပါလိမ့်မည်။
"မိုးပြာနဂါး၊ ကျားဖြူ၊ ဇာမဏီငှက်၊ အနက်ရောင်လိပ်..."
ရန်ချီ၏ အစစ်အမှန်စွမ်းအား ကမ္ဘာဦးဆင်ရိုင်းကြီးက ကျယ်လောင်စွာ ဟိန်းလိုက်သည်နှင့် နတ်ဘုရား တိရစ္ဆာန် ပုံရိပ်ယောင်များက ထင်ရှားစွာ ဖြစ်ပေါ်လာပြီး ၎င်းကို ဦးညွှတ်လိုက်ကြသည်။
နတ်ဆင်ရိုင်းများက နတ်ဘုရားကုန်းမြေမှ နတ်ဘုရားများဖြစ်ကာ သက်ရှိခေါင်းဆောင် အားလုံးကို ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။ အဆုံးအစမဲ့ ပင်လယ်များ၊ ကုန်းမြေကြီးများနှင့် ငရဲပြည်တွင်ပင် သူတို့က အရာရာကို ဖျက်ဆီးနိုင်သလို ဖန်တီးနိုင်စွမ်းရှိသည့် မြင့်မြတ်သော သားရဲကြီးများ ဖြစ်ကြသည်။
ရန်ချီက မျက်လုံးများ ဖွင့်လိုက်ကာ ခေါင်းမော့ရင်း ကျယ်လောင်စွာ ဟိန်းလိုက်သည်။
အစစ်အမှန် စွမ်းအားများက သူ့ ချွေးပေါက်များမှ ထွက်လာသကဲ့သို့ ငရဲမီးတောက် မီးပြင်းဖိုကြီးကပါ ဆေးစွမ်းအားများကို အသက်ဓာတ် အမြုတေအဖြစ် ပြောင်းလဲပေးသည်။
ဟူးရှလူး (အသက်ရှူသွင်း ရှူထုတ်)
အသက်ရှူ လေ့ကျင့်ခန်း လုပ်နေစဉ်မှာပင် အခန်းတစ်ခုလုံး တဖြည်းဖြည်းဖြင့် အစစ်အမှန် စွမ်းအင်များပြည့်နှက်လာကာ လေဆင်နှာမောင်းတစ်ခုကဲ့သို့ ရစ်ပတ်ရင်း တိမ်တိုက်များနှင့် ဆက်သွယ်ဖို့ ကြိုးစားလိုက်သည်။
သို့သော်လည်း ရုတ်တရက်...
ငရဲမီးတောက်မီးပြင်းဖိုထဲမှ ဆေးစွမ်းအားများက ပျောက်ကွယ်သွားသည်။ သူ့ထံမှ ဆေးများလည်း ကုန်ဆုံးသွားသည်။
သူ ထုတ်ဖော်လိုက်သည့်ထက် ပိုများသည့် အသက်ဓာတ် စွမ်းအားများ လိုအပ်လာသည်။
စိတ်ဝိညာဉ် ဆေးလုံးများသာ လုံလုံလောက်လောက် မရှိပါက သူ့ နှစ်ဆယ့်တစ်ခုမြောက် အစိတ်အပိုင်းက ပြန်လည် ငြိမ်သက်သွားတာကို ကြည့်နေရုံသာ တတ်နိုင်သည်။
"အား..ယား"
သူက သက်ပြင်းချလိုက်ကာ အစစ်အမှန် စွမ်းအင်များကို ပြန်ရုပ်သိမ်းလိုက်သည်။
ကြီးမားသော ဆင်ရိုင်းကြီး ပျောက်ကွယ်သွားသည်နှင့် သူ့ကို ဝန်းရံထားသည့် ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါးနှင့် တူညီစေသည့် ရွှေရောင်များက သူ့ခန္ဓာကိုယ်အတွင်း တဖြည်းဖြည်း ပြန်ဝင်သွားသည်။
ထိုအရာကို ယခုလက်ရှိအချိန်၌ ရန်ချီက သူ့ မျက်လုံးဖြင့် မမြင်နိုင်သော်လည်း သူ့အရေပြားအောက်ရှိ အမှေးပါးအလွှာက ပြောင်းလဲသွားကြောင်း သူ နားလည်လိုက်သည်။ ထို့ပြင် ယခု၌ ၎င်းအပေါ်ရှိ ရှုပ်ထွေးနေသော မျဉ်းကြောင်းများက စွမ်းအားပုံစံ တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
သူသာ လောကအုပ်ချုပ်သူအဆင့်သို့ ချိုးဖောက်တက်လှမ်းနိုင်ခဲ့ပါက သူကား သက်ရှိအားလုံးထဲ၌ တစ်ယောက်တည်းသော သက်ရှိစွမ်းအား ဖွဲ့စည်းပုံစံ ရှိသူဖြစ်ကာ ပြိုင်ဘက်ကင်း ဖြစ်လာပါလိမ့်မည်။
"လောကအုပ်ချုပ်သူ အဆင့်ကို ချိုးဖောက် တက်လှမ်းတာ ငါ ကျရှုံးသွားတယ်။ ဒါပေမဲ့လည်း ငါ့အတွက် အနည်းငယ်တော့ အကျိုးရှိခဲ့ပါတယ်လေ"
ယခုအချိန်၌ သူ့ အစစ်အမှန် စွမ်းအားများက သူ့ ကိုယ်တွင်း ပြန်လည် ဝင်ရောက်ကာ နောက်တစ်ဖန် ပြန်လည် တည်ဆောက်နေတော့သည်။ ထိုအရာက သူ့ သွေးကြောများကို ပိုမို ထူထဲလာစေကာ ပိုမို သန်မာလာစေသည်။ အစစ်အမှန် စွမ်းအားများကလည်း သူ့ကိုယ်တွင်း၌ ဧရာမ မြစ်ကြီး တစ်ခုကဲ့သို့ စီးဆင်းလာစေသည်။
သူ့ သွေးကြောများနှင့် ယှဉ်ကြည့်လျှင် သာမန်လူများ၏ သွေးကြောများက စမ်းချောင်း တစ်ခုခုသာသာ ဖြစ်နေသည်။ သူ့ အမျိုးမျိုးသော သွေးကြောစုံမှတ်များ အတွင်း၌ အစစ်အမှန် စွမ်းအားများက ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးတော့မလို မီးတောင် ပေါက်ကွဲရာမှ ထွက်ပေါ်လာသည့် ချော်ရည်များကဲ့သို့ ဖြစ်နေသည်။
ရန်ချီက အစစ်အမှန် စွမ်းအားများကို လှည့်ပတ်လိုက်ကာ လက်ချောင်းထိပ်သို့ ညွှန်လိုက်သည်နှင့် လက်ချောင်းထိပ်မှ သွေးတစ်စက် ထွက်လာလေပြီး မြေပေါ် ကျသွားသည်။ ၎င်းက ရွှေမဟူရာ ပုလဲနှင့်တူကာ သတ္တုကဲ့သို့ တောက်ပနေသည်။
သူ့ သွေးများက လောကအုပ်ချုပ်သူများ နားမလည်နိုင်လောက်သည့် အဆင့်သို့ပင် ရောက်ရှိနေသည်။ သူက လူသားတစ်ယောက် မဟုတ်သည့်နီးနီး ဖြစ်လာသည်။ လူတစ်ယောက်၏ သွေးက ရွှေရောင် ပေါက်လာကာ ပြဒါးကဲ့သို့ လေးလံလာပါက ထိုလူရဲ့ စွမ်းအင်ပညာနှင့် ကျင့်ကြံခြင်း အခြေခံက လုံးဝ ပြောင်းလဲသွားသည်။
အကယ်၍ သွေးစက် တစ်စက်ကပင် လေးလံနေလျှင် ရန်ချီ၏ သွေးသား ခန္ဓာတစ်ခုလုံး ဆိုပါက လုံးဝ ကွဲပြားခြားနားသွားသည်။ သူက ရှေးဟောင်းခေတ်မှ အချို့ ကြီးမားသော သားရဲများကဲ့သို့ မာကျောကာ ခံနိုင်ရည် မြင့်မားလာသည်။
"ဝိုး... ငါ တစ်လလုံးတောင် ကျင့်ကြံနေတာ... လီဟီနဲ့ အခြားလူတွေ ပြန်ရောက်နေပြီလားတောင် မသိဘူး... သူတို့ဆီ သွားပြီး ကလန်ကိစ္စ သွားမေးဦးမှပါလေ"
သူက လက်ကို ဝှေ့ယမ်းကာ မဟူရာရွှေရောင်သွေးစက်ကို သူ့ခန္ဓာကိုယ်အတွင်း ပြန်စုပ်ယူလိုက်သည်။
သူ့ သွေးများ၌ ဆေးစွမ်းအားများ ရှိနေလေရာ တစ်စက်ချင်းစီကပင် တန်ဖိုးကြီးလှသည်။ အချို့ဆေးဝါး ဆရာများသာ သူ့သွေးကို အသုံးပြုပါက ပြီးပြည့်စုံသည့် စိတ်ဝိညာဉ် ဆေးလုံးကို ထုတ်လုပ်နိုင်ပါလိမ့်မည်။
ထို့နောက် သူက အစစ်အမှန် စွမ်းအားများဖြင့် အခန်းတံခါး ပိတ်ကာ မျှော်စင်မှ ထွက်လာခဲ့သည်။
ထိုအချိန်ကျမှ လီဟီနှင့် အခြားလူတွေ ပြန်ရောက်ကြောင်း သူ သိခဲ့ရသည်။
သူက သူတို့ကို ချက်ချင်းခေါ်ကာ သူ့အခန်းသို့ ပျံသန်းလာခဲ့ကြသည်။
"ညီလေးရန်... ငါတို့ ပြန်ရောက်တာ ဆယ်ရက်တောင် ရှိပြီ။ မင်းက ဘယ်လိုလုပ်ပြီး ဒီလောက် အကြာကြီး တရားကျင့်ကြံနေရတာလဲ… မင်းတစ်လလုံး ကျင့်ကြံနေခဲ့တာလား"
သူတို့ အခန်းထဲ ဝင်လာသောအခါ၌ သူတို့အားလုံး စိတ်အား ထက်သန်နေကြသည်။
"အိမ်ပြန်ခရီးက အဆင်ပြေရဲ့လား။ မင်းတို့ ကလန်ထဲမှာ အဆင့်အတန်း ဘယ်လို ဖြစ်သွားပြီလဲ … ငါ့ကလန်ကကော အခြေအနေ..."
တစ်ချက် ကြည့်ရုံမျှဖြင့် သူတို့ လေးယောက်သိသိသာသာ တိုးတက်လာကြောင်း ရန်ချီ သိလိုက်သည်။ သူတို့က ဆရာသခင် အဆင့် စဖြစ်တုန်းကထက် များစွာ တိုးတက်လာသည်။
သူတို့၏ အိမ်ပြန်ခရီးက ကောင်းမွန်ခဲ့ကြောင်း သိသာလှသည်။
"ငါတို့ လေးယောက်က စွမ်းအား ပညာဆရာသခင် အယောက်သုံးဆယ်ကျော်နဲ့ အဆင့်ရှစ် ကျွမ်းကျင်သူတစ်ရာလောက် စုမိခဲ့တယ်။ သူတို့ရဲ့ အကူအညီနဲ့ မင်းအဖေက မြို့တော်ဝန်ကို တိုက်ထုတ်ပြီး ယန်ကောင်းကင်ကို ထိန်းချုပ်နိုင်သွားခဲ့ပြီ"
"ဘာ... သူတို့က ယန်ကောင်းကင်ကို ချုပ်ကိုင်နိုင်ပြီလား... ငါ့အဖေက ဘာသတင်းမှ မပေးလိုက်ဘူးလား"
ရန်ချီက အံ့သြသွားတော့သည်။
"ဒီမှာ ညီလေးရန်ချီ... ဒါကို ဖတ်ကြည့်လိုက်"
ထို့နောက် လီဟီက ချိတ်ပိတ်ထားသော စာတစ်စောင်ကို ရန်ချီထံ ပေးလိုက်သည်။
ရန်ချီက ထိုစာကိုယူပြီး ချက်ချင်း ဖောက်ကြည့်လိုက်သည်။ ပထမဆုံး အနေဖြင့် သူ့အဖေ၏ လက်ရေးများကို မြင်တွေ့လိုက်ရသည်။
End
***