မကောင်းဆိုးဝါး တောင်တန်းအောက်ရှိ ပြန့်ကျဲနေသော ဂူသင်္ချိုင်းများထဲတွင် ရန်ချီက နှစ်တစ်ထောင် အလောင်းဘုရင် ဟွိုက်ယင်ကို ရှာတွေ့ခဲ့ပြီး ချက်ချင်း တိုက်ခိုက်တော့သည်။
အင်မော်တယ်ခြေနင်း ကျောင်းတော်မှ ခေါင်းဆောင်ပိုင်းများသာ ဤကိစ္စကို သိရှိသွားပါက အကြီးအကျယ် အံ့ဩသွားကြပေလိမ့်မည်။ မကောင်းဆိုးဝါး တောင်တန်းရှိ သင်္ချိုင်းဂူများမှာ သာမန် ဝင်္ကပါတိုလေးတစ်ခု မဟုတ်ချေ။ လောကအုပ်ချုပ်သူများပင် ဖုတ်ကောင် တပ်ဖွဲ့များကြား ပိတ်မိသွားပါက အစစ်အမှန် စွမ်းအင်များ ခန်းခြောက်ပြီး သေဆုံးရကိန်း ဆိုက်ပေလိမ့်မည်။ အကယ်၍ သူတို့က အရိုးစုများနှင့် ဖုတ်ကောင်များကို ရှင်းလင်းနိုင်လျှင်တောင်မှ နှစ်တစ်ထောင် အလောင်းဘုရင်နှင့် ရင်ဆိုင်ရပါက ရလဒ်က အတူတူပင် ထွက်လာပေလိမ့်မည်။
ရန်ချီကဲ့သို့ တစ်မူထူးခြားသူက ယခုနေရာထိ လမ်းတစ်လျှောက် အရာရာကို ရှင်းလင်းသုတ်သင်နိုင်ခဲ့ပြီး အစစ်အမှန် စွမ်းအင်များစွာ ကုန်ဆုံးခဲ့လေပြီ။
ဘုန်း...
ပြိုင်ဘက်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ယှဉ်ရိုက်မိကာ ပြိုင်တူ နောက်ဆုတ် သွားကြ၏။
ဟွိုက်ယင်ဘုရင်က စက်ဆုပ်ဖွယ်ကောင်းသည့် ရောင်ခြည်များ တောက်ပနေသော မျက်လုံးများဖြင့် ရန်ချီအား ကြည့်ကာ ပြောလိုက်သည်။ "အဲ့ဒါ ဘာသိုင်းပညာလဲ... မင်းက သာမန် စွမ်းအားရှင် တစ်ယောက် မဟုတ်ဘူး... မင်းက လောကအုပ်ချုပ်သူ တစ်ယောက်လို သန်မာနေတာပဲ... အင်မော်တယ်ခြေနင်း ကျောင်းတော်မှာ စစ်မှန်တဲ့ ပါရမီရှင် တစ်ယောက် ပေါ်လာတယ်လို့တော့ ငါ့ကို မပြောနဲ့..."
ရန်ချီက အေးစက်စက် နှာတစ်ချက် ရှုံ့လိုက်ကာ ဟွိုက်ယင်ဘုရင် ဝတ်ဆင်ထားသည့် ရွှေနှင့် ကျောက်စိမ်းဝတ်စုံကို ကြည့်လိုက်၏။ ထိုဝတ်စုံက မာကျောလွန်းသဖြင့် သူ့ငရဲနတ်ဆိုးလှံတံကိုပင် တားဆီးနိုင်သည်။ ထိုအရာက သာမန်ရတနာပစ္စည်း မဟုတ်ဘဲ မယုံကြည်နိုင်လောက်အောင် တန်ဖိုးကြီးကြောင်း ထင်ရှားလှပေသည်။
ဟွိုက်ယင်ဘုရင်က ရန်ချီဘက်မှ တုံ့ပြန်ပြောဆိုသည်ကို စောင့်ဆိုင်းမနေဘဲ ဆက်ပြောလိုက်သည်။
"မင်းက ပါရမီရှင်တစ်ယောက်ဖြစ်ပေမယ့် ဒီမှာပဲ ပျက်စီးသွားတော့မယ်... အခု မင်းက လမ်းဆုံးကို ရောက်နေတဲ့ မြားတစ်စင်းလိုပဲ... ငါပြောတာ မှန်တယ်မလား... ဒီကိုလာဖို့ အရိုးစုနဲ့ ဖုတ်ကောင်တပ်ကို တိုက်ခိုက်ရင်း မင်းရဲ့ အစစ်အမှန်စွမ်းအင် အများအပြား သုံးစွဲခဲ့ရတယ်လေ... မင်း အခု ဘယ်လိုနေလဲ..."
သူ့မျက်နှာက ကြောက်မက်ဖွယ်ကောင်းစွာ ပြုံးလိုက်ရင်း သင်တုန်းဓားကဲ့သို့ အစွယ်နှစ်ချောင်းကို ထုတ်ပြလာ၏။
"ငါ မင်းရဲ့ အသက်ဓာတ်စွမ်းအား ခန်းခြောက်သွားအောင် ပျော်ပျော်ကြီး လုပ်ပေးမှာပါ... ငါ မင်းကို ခြောက်သွေ့အောင် စုပ်ယူပြီးရင် ငါ့ရဲ့ လက်အောက်ခံ ဗိုလ်ချုပ်အဖြစ် ပြောင်းလဲပစ်မယ်... မစိုးရိမ်ပါနဲ့... သိပ်မကြာခင်မှာပဲ ဖုတ်ကောင်ဖြစ်ရတာ မင်းထင်သလောက် မဆိုးဘူးဆိုတာ သိလာလိမ့်မယ်"
"အဲ့ဒီတော့..."
ရန်ချီက ငရဲနတ်ဆိုးလှံတံကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ၎င်းက တုန်ခါလာပြီး မျက်နှာပြင်ပေါ်၌ မှော်သင်္ကေတများ ဖြစ်ပေါ်လာလေ၏။ ထို့နောက် ငရဲပြည် အနက်ရှိုင်းဆုံးမှ မိစ္ဆာနတ်ဘုရားတစ်ပါးကဲ့သို့ အရှိန်အဝါက ထွက်ပေါ်လာခဲ့သည်။ ရန်ချီက သူ့နှလုံးသား အလိုဆန္ဒအတိုင်း တိုက်ခိုက်ဖို့ အသင့်ဖြစ်နေလေပြီ။
သူက စွမ်းအင်ပညာအသစ်တစ်ခုကို ရရှိပြီးနောက် ထိုအရာကို အသုံးပြုဖို့ အခွင့်အရေး မရခဲ့ချေ။ ယခုအချိန်၌ သူ့ကို စောင့်ကြည့်နေသူ တစ်ယောက်မျှမရှိသလို နှစ်တစ်ထောင် အလောင်းဘုရင်ကလည်း သူ့ရှေ့၌ ရှိနေသဖြင့် ၎င်းကို အသုံးပြုရန် ရွယ်လိုက်သည်။
"မင်း သေဖို့အချိန် ကျပြီ"
သူက အထင်သေးစွာ အော်ဟစ်လိုက်သည်။ ရုတ်တရက် သူ့ငရဲနတ်ဆိုးလှံတံက နဂိုထက် ဆယ်ဆ ပိုမို ကျစ်လျစ်ခိုင်မာလာကာ မရေတွက်နိုင်သည့် မဟူရာရွှေရောင် အရည်များက ထိုသင်္ကေတများအပေါ် စီးဆင်းသွား၏။
အံ့ဩဖွယ်ကောင်းသည်မှာ ထိုအရည်များက သွေးစက်များဖြစ်ကာ ရန်ချီ၏ သွေးများပင်။
သူ့သွေးများက လက်နက်၏ အစစ်အမှန် စွမ်းအင်များနှင့် ပေါင်းစပ်သွားကာ စွမ်းအင်ပုံသဏ္ဌာန်မှ ပြောင်းလဲထားသော လက်နက်၏ စွမ်းအားကို မြှင့်တင်ပေးလိုက်ရမည့်အစား လက်နက်အစစ်ဖြစ်လာသည်။ ထိုလက်နက်က မိစ္ဆာနတ်ဘုရား ကိုင်ဆောင်ကာ ဝိညာဉ်ပရလောကကို အုပ်စိုးပြီး အကျင့်ပျက် နတ်ဘုရားများကို သတ်ဖြတ်ရာ၌ အသုံးပြုသည့် လက်နက် ဖြစ်လာတော့သည်။
လှံတံက လေထဲသို့ ထိုးခွင်းသွားသောအခါ မိစ္ဆာနတ်ဘုရားတစ်ပါး၏ ဆန်းကြယ်ကာ အကန့်အသတ်မဲ့သော စွမ်းအားများ ပါဝင်နေသည်။ အကယ်၍ ၎င်းသာ တည်ရှိမည် ဆိုပါက ဤကမ္ဘာမှ မဟုတ်ဘဲ အခြားကမ္ဘာ၊ အခြား လျှို့ဝှက်နယ်မြေ ဒိုင်မေးရှင်း တစ်ခုခုမှ ဖြစ်နိုင်ချေ ရှိသည်။
မိစ္ဆာဘုရင်၏အော်သံက လေထဲ၌ ပျံ့နှံ့သွားကာ မျက်စိတစ်မှိတ်အတွင်း လှံတံက ဟွိုက်ယင်ဘုရင်၏ ရင်အုပ်ထံ တိုးဝင်သွား၏။
ဟွိုက်ယင်ဘုရင်၌ အလောင်းစွမ်းအား အကာအကွယ်ရှိသော်လည်း လှံတံနှင့် ရင်ဆိုင်မိသောအခါ စက္ကူတစ်ရွက်ကဲ့သို့ ကွဲကြေပျက်စီးသွားသည်။
"တစ္ဆေနတ်ဘုရား ပြန်လာခြင်း ..." ဟွိုက်ယင်ဘုရင်က အော်ဟစ်လိုက်၏။ သူ့တုတ်တံက ရင်အုပ်ရှေ့၌ ပေါ်လာကာ ၎င်းပေါ်ရှိ ကြီးမားသော ကျောက်မြတ်တုံးကြီးက နေကဲ့သို့ ရောင်ခြည်များ တောက်ပလာသည်။
ဘုန်း ...
နတ်ဘုရား လက်နက်နှစ်ခု ရင်ဆိုင်မိသောအခါ ရန်ချီက ဘာမျှ ဖြစ်ပုံမပေါ်ပေ။ အခြားတစ်ဖက်၌ ဟွိုက်ယင်ဘုရင်က ကမ္ဘာဦး ဆင်ရိုင်းအကောင် နှစ်ဆယ်၏ စွမ်းအားကြောင့် နောက်သို့ ဒယီးဒယိုင် ဆုတ်သွားခဲ့ရသည်။
ထိုအချိန်၌ သူက တုံ့ဆိုင်းမနေတော့ဘဲ သင်္ချိုင်းဂူ တစ်ခုလုံး ပြည့်နှက်နေသည့် ကြီးမြတ်သော စွမ်းအားပုံစံကို ထုတ်ဖော်လိုက်သည်။
ကောင်းကင်ကိုယ်ထည်မှ ကြယ်အလင်းရောင်ကဲ့သို့ လင်းလက်နေသော ပုလဲများက မီးလျှံကဲ့သို့ အလင်းများ တောက်ပလာ၏။ တောင်တန်းနှင့် မြစ်ပြင်ပုံများက အသက်ဝင်လာကာ မြေဆီလွှာများနှင့် ရေများက မြင့်တက်လာသည်။ ထိုအရာအားလုံးက သေဆုံးခြင်း စွမ်းအားများအဖြစ် ပြောင်းလဲသွားကာ ရန်ချီထံ တိုးဝင်သွားတော့သည်။
ဟွိုက်ယင်ဘုရင်က ထိုစွမ်းအားပုံစံကို အတိတ်တစ်ချိန်က မရေတွက်နိုင်ခဲ့သည့် နှစ်ပေါင်းများစွာသုံးရင်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ၎င်းက အသက်ဝင်လာကာ ထိုစွမ်းအားများက ရန်ချီကို လွှမ်းမိုးလာသည်။ အင်မော်တယ်ခြေနင်း ကျောင်းတော်မှ လောကအုပ်ချုပ်သူများပင် ထိုအရာကို ဝင်ရှုပ်ရဲမည် မဟုတ်ပေ။ ဟွိုက်ယင်ဘုရင်ကဲ့သို့ သန်မာသူများပင် ထိုစွမ်းအားပုံစံ၌ ဖမ်းဆီးခံရပါက အသတ်ခံရမည်မှာ အသေအချာ။
သို့သော် ထိုအရာကြောင့် ရန်ချီ၏ တိုက်ပွဲစိတ်ဝိညာဉ်က ပိုမိုတောက်ပစွာ လောင်ကျွမ်းလာသည်။
သူ့သွေးများက ကမ္ဘာဦး မိစ္ဆာနတ်ဘုရားများ၏ အရှင်သခင်ဖြစ်သော နတ်ဘုရားဆင်ရိုင်းကြီး များ၏ စိတ်ဝိညာဉ်များကို နိုးထလာစေသည်။
ဒဏ္ဍာရီများနှင့် နတ်သမီးပုံပြင်များအရ နတ်ဘုရားဆင်ရိုင်းကြီးများနှင့် ငရဲပြည်မှ မိစ္ဆာနတ်ဘုရားများ၏ တိုက်ပွဲများမှာ ဘယ်တော့မှ မရပ်တန့်ခဲ့ကြပေ။ ကမ္ဘာဦးခေတ်တုန်းက သူတို့တွေက မရေတွက်နိုင်သော မိစ္ဆာအင်ပါယာများ၊ မိစ္ဆာဘုရင်များနှင့် မိစ္ဆာအာဏာရှင်များကို သတ်ဖြတ်ခဲ့ကြသည်။ သူတို့က ကောင်းကင်ဘုံမှ နတ်ဘုရားများပင် ထိတ်လန့်စေနိုင်သည့် စွမ်းအားများ ရှိကြ၏။
ဝှစ်...
အစစ်အမှန်စွမ်းအင်များက ငရဲပြည်မှ ချော်ရည်များကဲ့သို့ ပေါက်ကွဲထွက်လာကာ ရန်ချီ ဝန်းကျင်ရှိ အရာရာတိုင်းကို လောင်ကျွမ်းကာ အရည်ဖြစ်သွားစေသည်။ ထို့နောက် ချော်ရည်များ ပွတ်ပွတ်ဆူနေသည့် ငရဲမီးတောက် မီးပြင်းဖိုကြီးတစ်ခု ပေါ်လာသည်။ ထိုအရာက အခြေတည်စ ပုံစံသာ ရှိသေးသော်လည်း နတ်သက်ကြွေ နတ်ဘုရားများ၏ အော်ရာများကို အရည်ကျိုနိုင်ကာ ဘီလီယံနှင့်ချီသော မိစ္ဆာနတ်ဘုရားများ၏ နှလုံးသားများကို တုန်ခါစေနိုင်စွမ်း ရှိသည်။
ထိုအခိုက်အတန့်၌ ရန်ချီသည် ငရဲပြည်၏ အစစ်အမှန် ရှင်ဘုရင် ယမမင်းတစ်ပါးနှင့် တူညီသွားသည်။
ကြီးကျယ်ခမ်းနားသည့် စွမ်းအားပုံစံက ချက်ချင်းပြိုလဲပျက်စီးသွားကာ မြေပြင်က အက်ကွဲလာပြီး အမိုးထက်ရှိ ပုလဲများ ပေါက်ကွဲကုန်၏။
ရန်ချီက ကြယ်တာရာများကို ခူးဆွတ်နိုင်ပြီး လတွေကို ဆွဲငင်ကာ နေလုံးများပါ စုပ်ယူနိုင်သည့် နတ်ဘုရားဆင်ရိုင်းကဲ့သို့ ဖြစ်လာသည်။
နတ်ဘုရားဆင်ရိုင်း အသွင်ဖြင့် သင်္ချိုင်းဂူတွင်း အရာအားလုံးကို ဖျက်ဆီးပစ်တော့သည်။
ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...
နံရံက ပေါက်ကွဲသွားကာ ကျန်ရှိနေသေးသည့် စွမ်းအားပုံစံက ပျက်စီးသွားခဲ့ပြီး ပုလဲများက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားသည်။
"ဒီနတ်ဆိုးပညာက ဘာလဲ... အဲ့ဒါက တော်ဝင်အဆင့် နတ်ဆိုးပညာရပ် မဖြစ်နိုင်ဘူး... ဒဏ္ဍာရီလာ အင်ပါယာအဆင့်လား... ဒါမှမဟုတ် သူတော်စင်အဆင့်တောင်လားဟ... မင်းက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနေရတာလဲ... ဘယ်လိုလုပ်ပြီး ငါ့ရဲ့ အစစ်အမှန် စွမ်းအင် အမျိုးအစားကို သေသေချာချာ ပစ်မှတ်ထားနိုင်ရတာလဲ..."
နတ်ဘုရားဆင်ရိုင်းနှင့် ရင်ဆိုင်ရာ၌ နှစ်တစ်ထောင် အလောင်းဘုရင်မှာ သက်ပြင်းချရုံမှလွဲ၍ ဘာမှမတတ်နိုင်တော့ပေ။ သူ ဘာမှမလုပ်နိုင်သေးခင်မှာပင် သူ့ ကြီးမြတ်သော စွမ်းအားပုံစံက ဖျက်ဆီးခံလိုက်ရသည်။
နတ်ဘုရားဆင်ရိုင်းကြီးက သူ့အသက်ကို ဖျက်ဆီးနိုင်သလို မိစ္ဆာမကောင်းဆိုးဝါး သရဲသားရဲများ အားလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိပုံပေါ်နေသည်။
ငရဲပြည်၌ နတ်ဘုရားဆင်ရိုင်းကြီးများက အရာအားလုံးကို လွှမ်းမိုးနိုင်စွမ်းရှိသဖြင့် သဘာဝအားဖြင့် သူတို့က မိစ္ဆာနတ်ဘုရားအဖြစ် တည်ရှိနေကြသည်။ နှစ်တစ်ထောင် အလောင်းဘုရင်၏ မိစ္ဆာစွမ်းအင်ပညာရပ်နှင့် အစစ်အမှန် စွမ်းအင်ရင်းမြစ်က ဘယ်လိုလုပ် ငရဲပြည်မှ မိစ္ဆာများထက် သာလွန်နိုင်မည်နည်း။ ထို့ကြောင့် သူက ပုရွက်ဆိတ်တစ်ကောင်ထက် မပိုခဲ့ချေ။
သို့သော်လည်း စွမ်းအားပုံစံ ပျက်စီးသွားသည့်နောက် အပျက်အစီးပုံအတွင်း မိစ္ဆာအမြုတေတစ်ခုက ခုန်ပျံထွက်လာကာ အစစ်အမှန်စွမ်းအင်များ ဝန်းရံလောင်ကျွမ်းနေတာကို ရန်ချီမြင်လိုက်သောအခါ မျက်မှောင်ကြုတ် ကြည့်လိုက်သည်။ သူ ဘာမှမလှုပ်ရှားသေးခင်မှာပင် ၎င်းက လခြမ်းကွေးသဏ္ဌာန် အလောင်းရောင်ခြည်များဖြင့် ရန်ချီထံ ပစ်လွှတ်လိုက်၏။
"ကောင်းကင်အလောင်း၏ အရှိန်အဟုန်ပြင်းစွာ တိုက်ခိုက်ခြင်း... စကြဝဠာကို ဖျက်ဆီးလိုက်စမ်း..." ဟွိုက်ယင်ဘုရင်က ကြွေးကြော်လိုက်ကာ အလွန်ကြီးမားသော အလောင်းစွမ်းအင်များက ရန်ချီ ရင်ဘတ်သို့ ဦးတည် ပစ်လွှတ်လိုက်သည်။
ရန်ချီက ငရဲနတ်ဆိုးချပ်ဝတ်ကို သူ့သွေးများဖြင့် အပြည့်အဝ စွမ်းအားဖြည့်လိုက်ပြီး တတ်နိုင်သမျှ အခိုင်ခံ့ဆုံး အကာအကွယ်ကို ထုတ်ဖော်လိုက်သည်။
ထို့ကြောင့် အလောင်းစွမ်းအင်များက သူ့ပေါ် ကျရောက်လာသော်လည်း ရွေ့မရသော ကျောက်တောင်တစ်တောင်ကို ရိုက်လိုက်သကဲ့သို့ပင် တူညီသွားစေသည်။
ဝုန်း...
ရန်ချီ၏ လှံတံက ရွှေနှင့်ကျောက်စိမ်းဝတ်စုံကို မဖောက်ထွင်းနိုင်သော်လည်း ပြန်ကန်ထွက်လာသည့် အလောင်းကောင် စွမ်းအင်တွေက ချပ်ဝတ်ကို ထွင်းဖောက်သွားသည်။
"အား..." ဟွိုက်ယင်ဘုရင်က နာကျင်စွာ အော်ဟစ်ရင်း အနောက်ဘက်ဆီ ဆုတ်သွားကာ ကြေးခေါင်းတလားထံ ပြုတ်ကျသွား၏။
သို့သော်လည်း ရန်ချီက ဤကဲ့သို့ အဆုံးသတ်ပေးမည့်ပုံ မပေါ်ချေ။ ရန်ချီက လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်ရာ အစစ်အမှန် စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ခေါင်းတလားကြီးကို ဖျက်ဆီးသွားစေကာ ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာ ရနေသော ဟွိုက်ယင်ဘုရင် ထွက်ပေါ်လာသည်။ သူ့နေရာအနှံ့မှ အနက်ရောင် အလောင်းသွေးများ စိမ့်ထွက်နေလေပြီ။ သူက သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုသာ ထိန်းချုပ်နိုင်စွမ်း ရှိတော့သည့်ပုံ ပေါ်နေသည်။
"မင်း..."
ဆရာသခင် အဆင့်တစ်ယောက်က ယခုကဲ့သို့ ပြုလုပ်နိုင်ခြင်းကြောင့် ကြောက်လန့်ကာ ရေရွတ်မိလိုက်သည်။
"မင်းကို ငါ သတ်နိုင်မယ်လို့ မင်း မထင်ထားဘူးဆိုတာ ငါ လောင်းတောင် လောင်းရဲသေးတယ်... မင်းကို အထောက်အကူဖြစ်စေခဲ့လို့ ကျေးဇူးပဲ... နောက်ဆုံးတော့ ငါ စိတ်ကျေနပ်တဲ့အထိ တိုက်ခိုက်ခဲ့ပြီး ငါ ဘယ်လောက် သန်မာလဲဆိုတာကို သိခဲ့ရပြီ... ငါ လောကအုပ်ချုပ်သူ အဆင့်ကို ရောက်ဖို့ သိပ်မလိုတော့ဘူးပဲ... ကောင်းပြီလေ... နှုတ်ဆက်ဖို့ အချိန်ကျပြီ..."
လေထဲသို့ ခုန်လိုက်ကာ ဟွိုက်ယင်ဘုရင်၏ ဦးခေါင်းကို နင်းချေလိုက်ပြီး ကျန်နေသည့် ခန္ဓာကိုယ်တစ်ခုလုံးကို ဖျက်ဆီးလိုက်သည်။ ထိုအချိန်မှာပင် လက်သီးဆုပ်အရွယ် အရိုးမိစ္ဆာ အမြုတေက ထွက်ပေါ်လာ၏။ မမျှော်လင့်ဘဲ ထိုအမြုတေက အပေါက်ခုနစ်ပေါက်ရှိနေကာ ဉာဏ်ရည်ရှိလုဆဲဆဲ ဖြစ်နေသည်။ ရန်ချီက ထိုထဲမှ များပြားလွန်းသော အစစ်အမှန် စွမ်းအင်များကို အာရုံခံမိသည်။
ထိုအရာက နှစ်တစ်ထောင် အလောင်းကောင်၏ မိစ္ဆာအမြုတေဖြစ်ကာ စိတ်ကူးနိုင်သည်ထက် ပိုမို အဖိုးတန်လှသည်။
သင်္ချိုင်းဂူထဲ၌ ထပ်မံ ရှာဖွေပြီးနောက် တန်ဖိုးရှိသည့် ပစ္စည်းများကို နေရာလွတ်လက်စွပ် အတွင်း သိမ်းဆည်းလိုက်သည်။ ဟွိုက်ယင်ဘုရင်၏ အလောင်းကိုပင် သိမ်းဆည်းလိုက်၏။
ထို့နောက် ဝတ်စုံကိုဝတ်လိုက်ကာ တုတ်ချောင်းကိုကိုင်ပြီး အရိပ်တစ်ခုကဲ့သို့ သင်္ချိုင်းဂူမှ ပြန်ထွက်လာခဲ့သည်။
အပြင်ဘက်၌ လီဟီနှင့် အခြားသူများက တောင်ထိပ်တွင် ရှိနေကြကာ ရွံ့နွံ့များမှ ပေါ်လာသည့် အရိုးစုများနှင့် ဖုတ်ကောင်များကို တိုက်ထုတ်နေခဲ့ကြသည်။ သူတို့တွေက အကောင်ရာနှင့်ချီ သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။
"ညီလေးရန်ချီ အန္တရာယ် မရှိနိုင်လောက်ပါဘူး ဟုတ်တယ် မဟုတ်လား..."
"မစိုးရိမ်ပါနဲ့... သူ တတ်နိုင်တာ ငါတို့ အားလုံး သိတာပဲ..."
ရုတ်တရက် အနီးရှိ မြေပြင်က ပေါက်ကွဲသွားကာ ရန်ချီက ထိုအပေါက်မှ ပျံသန်းထွက်လာသည်။ သူက လက်များကို ဝှေ့ယမ်းလိုက်ပြီး မီးတောက်အချို့ကို ထုတ်လွှတ်လိုက်၏။ ထိုမီးတောက်များကြောင့် ဖုတ်ကောင်များနှင့် အရိုးစုများက ချက်ချင်း ပြာအဖြစ် ပြောင်းလဲသွားတော့သည်။
End
***