စွမ်းအားကြီးမားသော လောကအုပ်ချုပ်သူများပင် မိစ္ဆာအမြုတေကို ဤသို့ တိုက်ရိုက် မစားသုံးရဲကြပေ။
အမှန်စင်စစ် မိစ္ဆာများတွင် မိစ္ဆာစွမ်းအင်များ ပြည့်နှက်နေ၏။ တစ်စုံတစ်ယောက်က ထိုရောနှောနေသော အစစ်အမှန်စွမ်းအင်များကို သူတို့၏ အစစ်အမှန် စွမ်းအင်နှင့် ထိတွေ့ပေါင်းစပ်စေပါက မီးနှင့်ရေကဲ့သို့ ဖြစ်လာပေလိမ့်မည်။ အပြင်းထန်ဆုံး တုံ့ပြန်မှုအနေဖြင့် သူတို့၏ အရိုးများ ကျိုးကြေကာ သွေးသားများက ပြာအဖြစ် ပြောင်းလဲသွားနိုင်ချေသည်။
အချို့သော လောကအုပ်ချုပ်သူများက မိစ္ဆာသားရဲ အမြုတေများကို အစစ်အမှန် စွမ်းအင်နှင့် ပျော်ဝင်စေကာ လက်နက်များတွင် တပ်ဆင်၍ဖြစ်စေ၊ သူတို့၏ ကျင့်ကြံခြင်း၌ ထိုပစ္စည်းများကို အသုံးပြု၍ဖြစ်စေ သုံးစွဲကြသည်။ အချို့ကမူ ဆေးမီးပြင်းဖိုများဖြင့် ၎င်းတို့ကို သန့်စင်ကာ စိတ်ဝိညာဉ်ဆေးများ၌ ထည့်သွင်း အသုံးပြုကြ၏။
ရန်ချီကဲ့သို့ တိုက်ရိုက် စားသုံးခြင်းမျိုးကား ကြားပင် မကြားဖူးကြပေ။ သို့သော် ရန်ချီ၏ ငရဲမီးတောက် မီးပြင်းဖိုကြီးမှာ စွမ်းအား ကြီးမားလွန်းလှပြီး ရောနှောနေသော အစစ်အမှန် စွမ်းအင်များကို သူ့အတွက် အသုံးဝင်သည့် စွမ်းအင်အဖြစ် အလွယ်တကူ ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။
ထိုအချက်က သူ့အား အဆင့်တူ ပြိုင်ဘက်များကို လွှမ်းမိုးနိုင်စေပြီး အဆင့်တူများကြား ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်စေ၏။
ထို့ကြောင့်ပင် သူက ချူထျန်းကောနှင့် အသေသတ်တိုက်ပွဲ ဆင်နွှဲရန် ယုံကြည်ချက် ရှိနေခြင်း ဖြစ်သည်။
သူစားသုံးသမျှ မိစ္ဆာအမြုတေ တစ်ခုပြီးတစ်ခုက ငရဲမီးတောက် မီးပြင်းဖိုကြီးအတွင်းသို့ ရောက်ရှိသွားကာ သူ့ကျင့်ကြံခြင်း၌ အသုံးဝင်စေမည့် အရာတစ်ခုအဖြစ် အရည်ပျော်သွားတော့သည်။
"အနှစ်သာရကို ပြောင်းပြန်လှန်၊ ကျင့်ကြံရန်အတွက် သန့်စင်မယ်"
သူက ကိုယ်တွင်းရှိ အစစ်အမှန်စွမ်းအင်များကို စုစည်းကာ သက်စောင့်စွမ်းအင်အဖြစ် ပြောင်းလဲလိုက်သည်။
စွမ်းအင်ပညာရှင် အများစုက အသက်ဓာတ်အမြုတေကို အစစ်အမှန် စွမ်းအင်အဖြစ် ပြောင်းလဲကြသော်လည်း ရန်ချီမှာမူ ဆန့်ကျင်ဘက် ဖြစ်နေ၏။ သူက အစစ်အမှန် စွမ်းအင် ပမာဏ အများအပြားကို စုစည်းကာ အသက်ဓာတ် အမြုတေအဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
ထို့နောက် အသက်ဓာတ် စွမ်းအားများကို (၂၁) ခုမြောက် အစိတ်အပိုင်းအတွင်းသို့ သွန်းလောင်း ထည့်သွင်းလိုက်သည်။ ထိုကဲ့သို့ အဆက်မပြတ် ရိုက်ခတ်မှုကြောင့် (၂၁) ခုမြောက် အစိတ်အပိုင်းက ဆက်လက် အိပ်မောကျမနေနိုင်တော့ဘဲ နိုးထလာကာ ကမ္ဘာဦး ဆင်ရိုင်းကြီး၏ အော်ရာ အရှိန်အဝါက ရန်ချီထံမှ ထွက်ပေါ်လာတော့သည်။
ထိုသည်မှာ အစစ်အမှန်စွမ်းအင်ဖြင့် ရေချိုးနေရသလို ခံစားလိုက်ရခြင်းပင်။ တစ်ချိန်တည်း၌ ချော်ရည်ကဲ့သို့ စွမ်းအားစက်ဝန်းက သူ့ကို ဝန်းရံကာ ဖြစ်ပေါ်လာပြီး အခန်းတွင်း ပိတ်လှောင်ထားသည့် စွမ်းအင်စုစည်းမှု ပုံစံကို ရပ်တန့်သွားစေခဲ့သည်။
ဝှစ်...
ရန်ချီက ရုတ်တရက် ပြတင်းပေါက်မှ ခုန်ထွက်ကာ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ပြေးထွက်သွားပြီး တစ်ချိန်တည်းမှာပင် သူ့အစစ်အမှန် စွမ်းအား အတက်အကျကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားလိုက်၏။
အပြင်ဘက်ရှိ အမှောင်ထု အားသာချက်ကို အသုံးပြု၍ ငရဲနတ်ဆိုး တောင်ပံကို ဆင့်ခေါ်ကာ သဲလွန်စ မကျန်ဘဲ ပျောက်ကွယ်သွားသည်။
ယခုအချိန်ကား သူ လောကအုပ်ချုပ်သူအဆင့်သို့ တက်လှမ်းတော့မည့် အချိန်ပင်။
သို့သော် အင်မော်တယ်ခြေနင်း ကျောင်းတော်မှ စွမ်းအားကြီး ကျွမ်းကျင်သူများက သူ့လျို့ဝှက်ချက်ကို အာရုံခံမိသွားမည် စိုးသဖြင့် ကျောင်းတော်အတွင်း အဆင့်တက်လှမ်းခြင်း မပြုလုပ်လိုခဲ့ပေ။
သူက လျှပ်စီးကဲ့သို့ လေထဲတွင် နှစ်နာရီကြာ ပျံသန်းသွားပြီးမှ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ နောက်ဆုံးတွင် ကျောင်းတော်မှ ကီလိုမီတာ ငါးထောင်ခန့် ဝေးကွာပြီး လူသူကင်းမဲ့သော ကမ်းရိုးတန်းတစ်ခုသို့ ရောက်ရှိလာခဲ့၏။
"ဒီမှာပဲ လုပ်လိုက်တော့မယ်... အကန့်အသတ်မရှိ လူသူကင်းမဲ့တဲ့ ဒီနေရာက လောကအုပ်ချုပ်သူအဆင့်ကို ချိုးဖောက် တက်လှမ်းဖို့ အကောင်းဆုံး နေရာပဲ"
ထို့နောက် သူက သန္တာကျောက်တန်းများနှင့် ရေနေအပင်များ ကင်းမဲ့သည့် ပင်လယ်ရေ မျက်နှာပြင် အထက်သို့ ပျံသန်းသွားလိုက်သည်။
ထိုနေရာရှိ ပင်လယ်လှိုင်းလုံးများကြောင့် သန္တာကျောက်တန်းများ ဆက်လက် ရှင်သန်နိုင်ခြင်း ရှိမရှိ မသိသော်လည်း ထိုအရာများက ရန်ချီအတွက် စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ပေ။
လမင်းကို မော့ကြည့်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး စွမ်းအင်များကို လှည့်ပတ်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ယခုနေရာ၌ သူ အော်ချင်သလောက် အော်ဟစ်နိုင်လေပြီ။
ဝုန်း...
သူ့ခန္ဓာကိုယ် အတွင်းရှိ အစိတ်အပိုင်း ပေါက်ကွဲသွားကာ အစစ်အမှန် စွမ်းအင် စီးဆင်းမှုကြောင့် ခြေလှမ်းတစ်ထောင်အတွင်းရှိ ပင်လယ်ရေလှိုင်း အားလုံး ငြိမ်သက်သွားစေသည်။
ထို့အပြင် အစစ်အမှန်စွမ်းအင်၏ ပြင်းထန်လွန်းသော အပူဓာတ်ကြောင့် ရေငွေ့များ ပျံတက်လာ၏။
မည်သည့်အရာကမျှ ထိုစွမ်းအင်စီးကြောင်းကို ရပ်တန့်နိုင်စွမ်း ရှိပုံမပေါ်ချေ။
(၂၁) ခုမြောက် အစိတ်အပိုင်း နိုးထလာကာ ကမ္ဘာဦး ဆင်ရိုင်းကြီး၏ စွမ်းအားက သူ့ကြွက်သားများ၊ သွေးကြောများနှင့် သွေးကြောမကြီးများမှ ထွက်ပေါ်လာပြီး ၎င်းတို့ကို သတ္တုကဲ့သို့ မာကျောလာစေ၏။
သူက လူသားတစ်ယောက် မဟုတ်တော့သလို နတ်ဆိုးမျိုးနွယ်တစ်ယောက်လည်း မဟုတ်တော့ဘဲ နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်လာတော့သည်။ (စာရေးသူ စကားချပ် - ယခုမှစပြီး သူ့မိခင်၏ မျိုးနွယ်စုကို နတ်ဆိုးမျိုးနွယ်စုအဖြစ် ပြောင်းလဲ ရေးသားပါမည်။)
သူ့ကိုယ်တွင်း၌ နတ်ဆိုးစွမ်းအင်များ မရှိတော့ဘဲ နတ်ဘုရားစိတ်ဝိညာဉ်၏ စွမ်းအင်များသာ ရှိတော့သည်။
လူသားများ၏ စွမ်းအင်က နွေးထွေးကာ တက်ကြွ၏။ နတ်ဆိုးများ၏ စွမ်းအင်က ထူးခြားကာ စွမ်းအား ကြီးမားကြသည်။ မိစ္ဆာများ၏ စွမ်းအားကမူ ရက်စက်ကာ ကြောက်မက်ဖွယ် ကောင်းလှသည်။ သို့သော် နတ်ဘုရားများ၏ စွမ်းအားက အရာအားလုံးထက် သာလွန်ကာ မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားမှုကို ပေးစွမ်းပေသည်။
ယခုတွင် ရန်ချီက ကမ္ဘာဦး ဆင်ရိုင်း (၂၁) ကောင် စွမ်းအားကို ရရှိသွားကာ အဆင့်ချိုးဖောက် တက်လှမ်းရန် အချိန်ကျရောက်လာခဲ့ချေပြီ။ သူ့အတွေးအာရုံများနှင့် စိတ်ဝိညာဉ်က အရင်ကထက် ယခုအခါ ပိုမို အစွမ်းထက်လာခဲ့သည်။
ထို့အပြင် သူက သာမန်မျက်စိဖြင့် မမြင်နိုင်သော ပင်ကိုယ်သဘာဝစွမ်းအင်များ သန်းပေါင်းများစွာ သူ့အနီး၌ ဝန်းရံနေသည်ကို မြင်တွေ့လာနိုင်၏။
ထိုအသက်ဓာတ်စွမ်းအင်များကို စုပ်ယူကာ ၎င်းတို့၏ စွမ်းအင်များကို သူ့ကိုယ်တွင်း အစိတ်အပိုင်းများနှင့် ပေါင်းစပ်ခြင်း အားဖြင့် ကောင်းကင်ဘုံမှ သက်တမ်းကို ခိုးယူနိုင်ကာ ကျင့်ကြံခြင်း အဆင့် တိုးတက်လာနိုင်ပေသည်။ လောကအုပ်ချုပ်သူအဆင့်၌ လူတစ်ယောက်က ကောင်းကင်နှင့် မြေကြီးအကြားရှိ အလွန်သေးငယ်လွန်းသော ပင်ကိုယ်သဘာဝစွမ်းအင်များကို ခိုးယူကာ သူတို့၏ သွေးသားများအတွင်း ထည့်သွင်း၍ အသက်ဓာတ် စွမ်းအင်ကို မြှင့်တင်လေ့ရှိကြ၏။
ရန်ချီက သူ့စိတ်အာရုံကို ကောင်းကင်နှင့် မြေကြီးအတွင်း စေလွှတ်လိုက်သောအခါ သူ့စိတ်နှင့် ဝိညာဉ်က ပင်ကိုယ်စွမ်းအင်များနှင့် ထပ်တူကျနေသလို ခံစားလိုက်ရသည်။
ကောင်းကင်ဘုံမှ သက်တမ်းခိုးယူခြင်းက ပေါ့သေးသေးကိစ္စတစ်ခု မဟုတ်ချေ။ သာမန် သက်တမ်းကို ပြောင်းလဲလိုက်ချိန်တွင် ကောင်းကင်နှင့် မြေပြင်မှ ဆန့်ကျင်မှုအချို့ ရှိနေခြင်းက သဘာဝပင်။ အမှန်စင်စစ် တစ်စုံတစ်ယောက်က သူ့စိတ်ဝိညာဉ်ထဲသို့ ကောင်းကင်နှင့် မြေကြီးအကြားမှ ပင်ကိုယ်သဘာဝစွမ်းအင်များကို ထည့်သွင်းရန် ကြိုးစားပါက ၎င်းတို့က ကျူးကျော်သူကို အတတ်နိုင်ဆုံး ဖျက်ဆီးကြပေမည်။
ယခုအချိန်၌ ရန်ချီ ကြုံတွေ့နေရသည်မှာ ထိုအခြေအနေပင်။
ရန်ချီ၏ အဆင့်ချိုးဖောက် တက်လှမ်းခြင်း အောင်မြင်ရန်မှာ ကံမကောင်းစွာဖြင့် သာမန် စွမ်းအားရှင်များထက် အဆဆယ်ဆ၊ အဆတစ်ရာခန့် ပိုမိုခက်ခဲသည်။ ကောင်းကင်နှင့် မြေကြီးအကြားရှိ ပင်ကိုယ်သဘာဝစွမ်းအင် တုံ့ပြန်မှုကလည်း ပိုမို ပြင်းထန်၏။ ထိုအခိုက်အတန့်၌ ရန်ချီက ပြင်းထန်သော လေဆင်နှာမောင်းကြား ရောက်ရှိနေသည့် ကလေးတစ်ယောက်လို အကူအညီမဲ့နေရှာသည်။
သန္တာကျောက်တန်းများ အနီးရှိ အဆုံးမဲ့ ပင်ကိုယ်သဘာဝ စွမ်းအင် စီးကြောင်းများက သူ့ကိုယ်တွင်း ဝင်ရောက်လာရာ အရေပြားများပင် ကွဲထွက်လုနီးပါး ဖြစ်လာခဲ့၏။
မကြာမီမှာပင် တောက်ပနေသော မဟူရာ ရွှေရောင်သွေးများက သူ့ခန္ဓာကိုယ်မှ စိမ့်ထွက်လာတော့သည်။
"သေစမ်း..."
သူက ကြုံတွေ့နေရသည့် အန္တရာယ်အဆင့်အတန်းကို သဘောပေါက်လာသည်နှင့် တွေးလိုက်မိသည်။
သူက ခေါင်းကို နောက်ပစ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "လောကအုပ်ချုပ်သူ အဆင့်ကို မရောက်နိုင်သေးဘူးလားကွာ... ငါ အသက်ဓာတ် စွမ်းအား နည်းပါးနေလို့များလား... ငါ ကောင်းကင်ဘုံကနေ သက်တမ်း မခိုးနိုင်သေးဘူးလား... အခုချိန်က နတ်ဘုရားအဆင့် စွမ်းအင်ပညာရပ် ဘယ်လောက် ကြောက်ဖို့ကောင်းလဲဆိုတာ မြင်ရတော့မယ့် အချိန်ထင်ပါရဲ့"
ရုတ်တရက် ရန်ချီ၏ သိုလှောင်လက်စွပ်ထဲမှ ကြီးမားသော မိစ္ဆာအမြုတေတစ်ခု ပေါ်လာခဲ့သည်။ ၎င်းက အလောင်းကောင် စွမ်းအင်များ စုဝေးနေကာ အလွန် ပြင်းထန်လှသည့် အသက်ဓာတ် စွမ်းအား အနှစ်သာရများ ပါဝင်နေသည်။ ထိုအရာက နှစ်တစ်ထောင် အလောင်းဘုရင် ဖြစ်သည့် ဟွိုက်ယင်ဘုရင်၏ မိစ္ဆာအမြုတေပင်။
ထိုအမြုတေတွင် လောကအုပ်ချုပ်သူတစ်ယောက်၏ ကျင့်ကြံခြင်းအနှစ်သာရများ ပါဝင်နေသည်။
ယခုအခါ သူက လောကအုပ်ချုပ်သူ အဆင့်တက်လှမ်းရန် ကြိုးစားနေသဖြင့် ၎င်းကို စားသုံးဖို့ ဆုံးဖြတ်လိုက်တော့သည်။
ခလွမ်...
သူက မိစ္ဆာအမြုတေကို ချေမွလိုက်သဖြင့် အလောင်းစွမ်းအင်များ ထွက်ပေါ်လာသည်။ ၎င်းက သူ့စွမ်းအားပင်လယ်နှင့် ငရဲမီးတောက် မီးပြင်းဖိုကြီးထံ စီးဝင်လာသည်နှင့်အမျှ ပြင်းထန်လွန်းသော အပူချိန်ကြောင့် အလောင်းကောင်စွမ်းအင်များက သန့်စင်သည့် အသက်ဓာတ် အနှစ်သာရ အမြုတေ အဖြစ် ပြောင်းလဲသွားခဲ့လေပြီ။
မိစ္ဆာအမြုတေ၌ ပါရှိသည့် စွမ်းအင်အားလုံးက ယခုအခါ သူ့ကိုယ်တွင်း၌ လည်ပတ် လှုပ်ရှားလာ၏။
သူ့သွေးများက ၎င်းကို အပြင်းအထန် စုပ်ယူလိုက်ပြီးနောက် ရန်ချီ၏ အရေပြားပေါ်ရှိ အက်ကွဲကြောင်းများက ပြန်လည် ကောင်းမွန်လာခဲ့သည်။ သူ့အရိုးများပင် မဟူရာ ရွှေရောင်များ တောက်ပလာခဲ့သည်။
ထိုအခိုက်အတန့်၌ ရန်ချီက ကောင်းကင်မှ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးနှင့် ဆင်တူနေပေသည်။
သူက လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ပင်လယ်ရေများက ရေဝဲတစ်ခု ဖြစ်ပေါ်လာ၏။ ၎င်းက လေဆင်နှာခေါင်း တစ်ခုနှင့် တူညီလာကာ အပေါ်ဘက်ရှိ တိမ်များနှင့် ချိတ်ဆက်သွားတော့သည်။
"နွေရာသီ မိုးကြိုး ကျဆင်းစေ..."
မိုးတိမ်များက မြည်ဟည်းလာပြီး မိုးများ စတင် ရွာသွန်းကာ လျှပ်စီးများ လက်လာလေတော့သည်။
ရန်ချီ အနားဝန်းကျင်က အချိန်တိုလေးအတွင်း ပြင်းထန်သော မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။
ရေများမှ မိုးတိမ်အဖြစ် ပြောင်းလဲသွားကာ မိုးတိမ်များမှ မိုးရွာလာခြင်းက မိုးလေဝသ ဖြစ်စဉ်များကို ကျွမ်းကျင်စွာ ခြယ်လှယ်နိုင်သည့် စွမ်းရည်ပင်။
"ကောင်းကင်ဘုံက သက်တမ်းကို ခိုးယူလိုက်စမ်း ..." ရန်ချီ ဟိန်းဟောက်လိုက်သည်။ ရန်ချီက သူ့စိတ်အာရုံကို ပိုမိုစူးစိုက်လေ ပိုမို အားကောင်းလာလေပင်။ ပင်ကိုယ်သဘာဝ စွမ်းအင် စီးကြောင်းများက ကြင်နာခြင်း၊ နူးညံ့ခြင်း၊ အသက်ဓာတ်များ ပြည့်နေခြင်း၊ ခွန်အား ကြီးမားခြင်း၊ သေဆုံးခြင်း၊ ယိုယွင်းပျက်စီးခြင်း စသည်ဖြင့် အမျိုးမျိုး ကွဲပြားသွားကာ အချို့က ဓားစွမ်းအင်များနှင့်ပင် တူညီနေသည်။ ပင်ကိုယ်သဘာဝ စွမ်းအင်အမျိုးအစား သန်းပေါင်းများစွာ ရှိကြရာ အချို့အရာများက တစ်ခုနှင့်တစ်ခု ကွဲပြားကြောင်း ပြောနိုင်ဖို့ပင် ခက်ခဲပေသည်။
နူးညံ့သော ပင်ကိုယ်သဘာဝ စွမ်းအင်များက သူ့ကိုယ်တွင်း ဝင်ရောက်လာကာ တစ်ချိန်တည်းမှာပင် ယိုယွင်းခြင်း၊ သေဆုံးခြင်း ပင်ကိုယ်သဘာဝ စွမ်းအင်အချို့ကို ဖယ်ထုတ်ပစ်လိုက်သည်။
ရန်ချီက လေထဲသို့ မြင့်တက်လာသောအခါ သူထံမှ ထွက်ပေါ်လာသည့် အရှိန်အဝါများက အလွန် ပူပြင်းလွန်းသဖြင့် အောက်ဘက်ရှိ သန္တာကျောက်များပင် အရည်ပျော်လာ၏။ ၎င်းတို့က အရည်ပျော်ပြီးနောက် ပင်လယ်သမုဒ္ဒရာအတွင်း စီးဝင်ကာ ထိုရေစီးကြောင်းများကြောင့်ပင် အနီးတစ်ဝိုက်ရှိ ပင်လယ်သားကောင်များ သေဆုံးသွားကြသည်။ ငရဲပြည်မှ စွမ်းအင်များက ထိုနေရာတစ်ဝိုက် ဖုံးလွှမ်းလာခဲ့ပြီ ဖြစ်သည်။
ရန်ချီက လည်ပတ် လှုပ်ရှားလာခဲ့ကာ လောင်ကျွမ်းနေသော စွမ်းအင်များက ရစ်ဝဲလှည့်ပတ်လာပြီး ကောင်းကင်သို့ တက်သည့် ရေငွေ့စီးကြောင်းများ ပိုမိုဖြစ်ပေါ်လာ၍ ကောင်းကင်သို့ ပိုမို တက်ရောက်သွားသည်။
ရန်ချီ၏ ကိုယ်တွင်းမှ အရိုးများနှင့် ကိုယ်တွင်း အင်္ဂါများပါ စတင် ပြောင်းလဲလာခဲ့သည်။ သူ့အရေပြား အောက်ရှိ အမြှေးပါးကလည်း အသားအရေအဖြစ် ပြောင်းလဲလာ၏။ တစ်ချိန်တည်းမှာပင် မြင့်မြတ်ကာ ခမ်းနား ထည်ဝါသည့် အရှိန်အဝါက သူ့ဝန်းကျင်၌ ပျံ့နှံ့လာကာ နှလုံးသားက တဒုတ်ဒုတ် ခုန်လာခဲ့သည်။
ဒုတ်... ဒုတ်... ဒုတ်... ဒုတ်... ဒုတ်... ဒုတ်...
သူ့ စွမ်းအင်များနှင့် နှလုံးခုန်နှုန်းက မိုးခြိမ်းသံနှင့်အတူ ပဲ့တင် ထွက်ပေါ်လာ၏။
သူ့နှလုံးခုန်နှုန်းက ကောင်းကင်ဘုံမှ စည်တော်နှင့် တူညီကာ အစစ်အမှန် စွမ်းအင်များက မိုးကြိုးများကဲ့သို့ ကခုန်နေကြသကဲ့သို့ပင်။
ထိုအရာအားလုံးက သူ့အသက်ဓာတ် အခြေခံက ပြောင်းလဲလာသည်ကို ညွှန်ပြနေခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လေထဲ၌ ထူးခြားဆန်းကြယ်သည့် အသက်ဓာတ်များက စီးကြောင်းများသဖွယ် ဖွဲ့စည်းလာကာ သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်၍ အိပ်မောကျနေသည့် အစိတ်အပိုင်းများဆီ ဦးတည်သွားကြ၏။
ချက်ချင်းပင် (၂၂) ခုမြောက် အစိတ်အပိုင်းက နိုးထလာခဲ့သည်။ ထို့နောက် (၂၃)၊ (၂၄)... နောက်ဆုံး (၂၉) ခုအထိ နိုးထလာခဲ့တော့သည်။
သူ့စွမ်းအင်များက ယခုအချိန်၌ သံကဲ့သို့ မာကျောကာ ရေကဲ့သို့ နူးညံ့နေပေသည်။ ထိုသည်မှာ လောကအုပ်ချုပ်သူ အဆင့်ပင်။
သူ့အနီးရှိ ပင်လယ်ရေများက ကမ္ဘာဦးဆင်ရိုင်း (၂၉) ကောင် စွမ်းအားကြောင့် အကွာအဝေး တစ်ခုထိ ပြိုကျကာ တွန်းပို့ခံလိုက်ရ၏။
သူက နောက်ဆုံး၌ လောကအုပ်ချုပ်သူ အဆင့်ကို ရောက်ရှိခဲ့လေပြီ။
End
***