ကျောက်မျက်အကဲဖြတ်ကျောက်တုံးက တကယ်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ အရာတစ်ခုပါ။ သူ့ရဲ့ အလုပ်လုပ်ပုံ သဘောတရားကို ဘယ်သူမှ မသိကြပါ။ ဒဏ္ဍာရီတွေအရ ဒီကျောက်တုံးကို ရှေးခေတ်တုန်းက အင်မော်တယ်ဘုရင်တစ်ပါးက ကောင်းကင်ကို ဖာထေးဖို့ အသုံးပြုခဲ့တယ်လို့ ဆိုသည်။ မဟာရှေးဟောင်းစစ်ပွဲကြီးအတွင်း ကောင်းကင်မှာ အပေါက်ကြီးတစ်ခု ဖြစ်သွားခဲ့ပြီး ဒီကောင်းကင်ဖာထေးတဲ့ ကျောက်တုံးက လူ့လောကထဲကို ပြုတ်ကျလာကာ အပိုင်းအစတွေအဖြစ် ကွဲကြေသွားခဲ့တာပင်။
ကောင်းကင်ကို ဖာထေးဖို့ အသုံးပြုခဲ့ဖူးတာကြောင့် ကောင်းကင်ဘုံလမ်းစဉ်ရဲ့ ကိုယ်ပွားတစ်ခု ဖြစ်လာပြီး လောကမှာရှိတဲ့ အရာခပ်သိမ်းကို သိမှတ်နိုင်စွမ်း ရှိလာခဲ့တယ်လို့ ဆိုကြသည်။
ဒါက ဒဏ္ဍာရီသက်သက်သာ။ တကယ်လို့ ကောင်းကင်ဘုံလမ်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုသာ တကယ်ဖြစ်ခဲ့မယ်ဆိုရင် ကျောက်မျက်အကဲဖြတ်ကျောက်တုံးက အရမ်းကို ထိတ်လန့်စရာကောင်းနေမှာပင်။
“ပထမဆုံး လှုပ်ရှားမှုကတင် ထိပ်တန်းအဆင့် ရတနာတစ်ခု ပါဝင်နေပြီ။ ဒီနေ့တော့ မျက်စိပွင့်နားပွင့် ဖြစ်ရတော့မယ်”
“ဟုတ်ပါ့၊ မှန်လိုက်တာ”
သစ်အုရေနွေးအိုး ထွက်ပေါ်လာခြင်းက ကျောက်မျက်အကဲဖြတ်ကျောက်တုံးရဲ့ အစွမ်းကို ပျက်ပြယ်သွားစေသည်။
“ရေနွေးကြမ်းသောက်ဖို့ သုံးတဲ့ လက်ဖက်ရည်အိုး အစုတ်လေးတစ်ခုပါပဲ။ ဒါကို ရှားပါးရတနာတစ်ခုအဖြစ် ငါ မတတ်သာလို့ ထည့်တွက်ပေးလိုက်မယ်။ တောသား... ငါက ထိပ်တန်းရတနာတစ်ခုကို တိုက်ရိုက်ထုတ်ပြီး မင်းကို အနိုင်ကျင့်တယ်လို့ မပြောနဲ့။ မင်းကို အခွင့်အရေးပေးတဲ့အနေနဲ့ ငါ့ရတနာကို အရင်ထုတ်ပြမယ်။ မင်းသာ ငါ့ရတနာကို ယှဉ်နိုင်မယ်ဆိုရင် မင်းမှာ အရည်အချင်း နည်းနည်းရှိတယ်လို့ ငါ ဝန်ခံပေးမယ်”
“ဘယ်သူက အမီမလိုက်နိုင်ဘူးလဲဆိုတာ ဒီသခင်လေးက ကြည့်ချင်သေးတယ်”
“ဟက်ဟက်... မင်းရဲ့ ယုံကြည်မှုတွေ ဘယ်ကလာသလဲဆိုတာ ငါ တကယ်ကို မသိတော့ဘူး”
ဖုန့်ချန်ဖုန်းက စဉ်းစားခန်းဝင်သွားပြီး သူ၏လက်ပေါ်ရှိ လက်စွပ်ကို စိုက်ကြည့်ကာ ခဏအကြာတွင် ပြောလိုက်သည်။
“အစကတော့ အမှိုက်တချို့ကို ထုတ်ပြချင်ခဲ့တာ။ ကံမကောင်းတာက ကုဗမီတာ တစ်ထောင်ကျယ်တဲ့ ငါ့ရဲ့ သိုလှောင်လက်စွပ်ထဲမှာ အဲဒီလို အသုံးမကျတဲ့ ပစ္စည်းတွေ လုံးဝ မဆံ့တော့လို့ပဲ။ အဲဒီတော့ အတန်ဖိုးမရှိဆုံး ပစ္စည်းတစ်ခုကိုပဲ ငါ ရွေးထုတ်လိုက်တော့မယ်”
သူ စကားပြောပြီးသည်နှင့် သူ၏အရှေ့တွင် ဓားရတနာတစ်လက် လေထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။
“ကြည်လင်တောက်ပ ဓား... အဆင့်မြင့် စိတ်ဝိညာဉ်လက်နက်။ စိတ်မကောင်းပါဘူး... ဒါက ငါရှာတွေ့သမျှထဲမှာ အတန်ဖိုးမရှိဆုံး ပစ္စည်းပဲ။ မင်းကို ဒီလိုပုံစံနဲ့ အနိုင်မကျင့်ချင်ခဲ့ပါဘူး”
အဆင့်မြင့် စိတ်ဝိညာဉ်လက်နက်တစ်ခုကို အမှိုက်တစ်စလို ကျောက်မျက်အကဲဖြတ်ကျောက်တုံးပေါ်သို့ ပစ်ချလိုက်ရာ ကျောက်တုံးက ပြင်းထန်သော အဝါရောင်အလင်းတန်းဖြင့် ချက်ချင်း လင်းလက်သွားသည်။
ပတ်ဝန်းကျင်ရှိ ပွဲကြည့်ပရိသတ်များအကြား ဆူညံပွက်လောရိုက်သွားသည်။
“ပွဲအစမှာတင် အဆင့်မြင့် စိတ်ဝိညာဉ်လက်နက်တစ်ခု ထွက်လာပြီ။ မိုက်တယ်... တကယ်မိုက်တယ်”
“မိုက်ရုံတင် ဘယ်ကမလဲ။ သခင်လေးဖုန့် ပြောတာ မင်းတို့ မကြားဘူးလား။ ဒါက သူ့ရဲ့ ကုဗမီတာ တစ်ထောင်ကျယ်တဲ့ သိုလှောင်လက်စွပ်ထဲမှာ အတန်ဖိုးမရှိဆုံး ပစ္စည်းတဲ့။ အထဲမှာ ရတနာတွေ ဘယ်လောက်တောင် သိုလှောင်ထားမလဲ စဉ်းစားကြည့်တော့”
“အလယ်ပိုင်းကုန်းမြေတိုက်ရဲ့ အချမ်းသာဆုံးလူ ပီသပါပေတယ်”
ဖုန့်ချန်ဖုန်း၏ ကြွားလုံးထုတ်မှုကို မြင်သောအခါ တုကူးဖူကွေ့က စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
ကုဗမီတာ တစ်ထောင်ကျယ်တဲ့ သိုလှောင်လက်စွပ် ဟုတ်လား။ တုကူးမိသားစုမှာတောင် ဒီလောက်ကျယ်တဲ့ သိုလှောင်လက်စွပ် မရှိဘူးလေ။
အထဲမှာရှိတဲ့ အတန်ဖိုးမရှိဆုံး ပစ္စည်းတွေက အဆင့်မြင့် စိတ်ဝိညာဉ်လက်နက်တွေချည်းပဲ ဟုတ်လား။ အဆင့်မြင့် စိတ်ဝိညာဉ်လက်နက်တွေက ဘယ်တုန်းက ဒီလောက် ဈေးပေါသွားရတာလဲ။
ဖုန့်ချန်ဖုန်း ပစ်ချလိုက်သော ကြည်လင်တောက်ပ ဓားကို ရင်ဆိုင်ရန်အတွက် တုကူးဖူကွေ့ကလည်း အဆင့်တူဖြစ်သော နှင်းတိမ်တိုက် ဓားတစ်လက်ကို ရွေးချယ်လိုက်ပြီး သူ၏ရှေ့ရှိ ကျောက်မျက်အကဲဖြတ်ကျောက်တုံးပေါ်သို့ ပစ်တင်လိုက်သည်။
နှစ်ခုလုံးက အဆင့်မြင့် စိတ်ဝိညာဉ်လက်နက်များဖြစ်ပြီး လူနှစ်ယောက်စလုံးက ၎င်းတို့ကို အမှိုက်များလို သဘောထားနေကြသည်။
အခြားအရာများကို ဘေးဖယ်ထားလိုက်လျှင် အဆင့်မြင့် စိတ်ဝိညာဉ်လက်နက်များအပေါ်ထားရှိသော ဤသဘောထားကို လူအများအပြားက ကြွားလုံးထုတ်ချင်လျှင်တောင် ဟန်ဆောင်၍ရနိုင်မည့် အရာမဟုတ်ပေ။
၎င်းသည် သင့်အရှေ့တွင် ငွေဆယ်သိန်း အထုပ်လိုက် ချထားသကဲ့သို့ပင်။ ဆင်းရဲသားတစ်ယောက်က မည်မျှပင် ဟန်လုပ်နေပါစေ သူ၏မျက်လုံးများက ထိုငွေထုပ်ဆီသို့ အလိုအလျောက် ရောက်သွားမည်သာဖြစ်သည်။
သို့သော် ဘီလီယံရာချီ ချမ်းသာသော သူဌေးကြီးတစ်ဦးကမူ ၎င်းကို တစ်ချက်လေးမျှပင် အဖက်လုပ်ကြည့်မည် မဟုတ်ပေ။
“တောသား... မင်း တော်တော်မြန်မြန် ရှာတွေ့တာပဲ။ မင်းရဲ့ သိုလှောင်လက်စွပ်က နေရာအရမ်းကျဉ်းလို့ ဖြစ်ရမယ်၊ ဒါမှမဟုတ် အဲဒီအထဲမှာ ဒီလိုအမှိုက်မျိုးတွေ အများကြီး ရှိနေလို့ပဲ ဖြစ်ရမယ်”
“မင်းပြောသလိုပဲ ထားလိုက်ပါ။ ဆက်လုပ်လေ”
“အို... မင်းရဲ့ မျက်နှာအမူအရာကို ကြည့်ရတာ နည်းနည်း စိတ်မရှည်ဖြစ်နေပုံပဲ။ ဒါဆို နောက်တစ်ခုကိုလည်း မင်း အခုလို တည်တည်ငြိမ်ငြိမ်လေး ဆက်နေနိုင်ပါစေလို့ မျှော်လင့်ပါတယ်”
ဖုန့်ချန်ဖုန်းက လက်ကို ထပ်မံဝှေ့ယမ်းလိုက်ရာ ကြေးလက်ကောက်တစ်စုံ ကျောက်မျက်အကဲဖြတ်ကျောက်တုံးပေါ်သို့ ကျဆင်းသွားသည်။ ခုနလေးတင် အဝါရောင်လင်းလက်နေသော ကျောက်တုံးသည် ချက်ချင်းပင် အစိမ်းဖျော့ရောင် အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။
“အဆင့်မြင့် စိတ်ဝိညာဉ်လက်နက်ကို ကျော်လွန်သွားတဲ့ ရတနာတစ်ခုပဲ”
ပွဲကြည့်ပရိသတ်များထဲမှ ကျွမ်းကျင်သူတစ်ဦးက အစိမ်းဖျော့ရောင် အလင်းတန်းကို မြင်သည်နှင့် အာမေဋိတ်သံဖြင့် ဟစ်အော်လိုက်သည်။
“ကျောက်မျက်အကဲဖြတ်ကျောက်တုံးရဲ့ စည်းမျဉ်းတွေက ရိုးရှင်းပါတယ်။ အဆင့်နိမ့် စိတ်ဝိညာဉ်လက်နက်တွေက ကျောက်တုံးကို မှိန်ဖျော့ဖျော့ လင်းစေတယ်။ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက်တွေက အလင်းရောင်ကို ကျောက်တုံးတစ်တုံးလုံး လွှမ်းခြုံသွားစေတယ်။ အဆင့်မြင့် စိတ်ဝိညာဉ်လက်နက်တွေက ပြင်းထန်တဲ့ အလင်းရောင်ကို ထုတ်လွှတ်ပြီး ထိပ်တန်းအဆင့် စိတ်ဝိညာဉ်လက်နက်တွေကတော့ ခုနက ငါတို့မြင်ခဲ့ရတဲ့ စူးရှတောက်ပတဲ့ အလင်းရောင်ကို ထုတ်လွှတ်တယ်။ အစိမ်းဖျော့ရောင်ဆိုတာကတော့ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်လက်နက်ကို ကျော်လွန်သွားပြီး နက်နဲလက်နက်အဆင့်ကို ရောက်သွားတာပဲ”
“နက်နဲလက်နက် ဟုတ်လား”
လူအများအပြားမှာ ဤဝေါဟာရကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။
“လက်နက်မှတ်တမ်းမှာ ရေးသားထားတာကတော့ စိတ်ဝိညာဉ်လက်နက်တွေရဲ့နောက်မှာ နက်နဲလက်နက်တွေလာပြီး နက်နဲလက်နက်တွေရဲ့အထက်မှာတော့ ဒဏ္ဍာရီလာ အင်မော်တယ်လက်နက်တွေ ရှိတယ်လို့ ဆိုတယ်။ ဒါပေမဲ့ အင်မော်တယ်လက်နက်ကို ဘယ်သူမှ မမြင်ဖူးကြဘူး။ နက်နဲလက်နက်တွေကတော့ ထွက်ပေါ်ဖူးတယ်၊ ဒါပေမဲ့ ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့် ပညာရှင်တွေလောက်ပဲ ကိုင်ဆောင်နိုင်တာ။ တစ်ခုစီတိုင်းက တန်ဖိုးဖြတ်လို့မရနိုင်သလို ထွက်ပေါ်လာပြီဆိုတာနဲ့ သွေးချောင်းစီးတဲ့ ပြဿနာတွေကို ဖြစ်စေနိုင်တယ်”
“အဲဒီလောက်တောင် ချဲ့ကားပြောရလား။ သခင်လေးဖုန့်က အဲဒီလိုရတနာမျိုးကို ပေါ့ပေါ့ပါးပါးလေး ထုတ်ပြလိုက်တာနော်”
“တကယ်တော့...”
ဖုန့်ချန်ဖုန်းက သံမဏိကွင်းတစ်ခုကို ပစ်ချလိုက်သည်။
“အဆင့်နိမ့် နက်နဲလက်နက် နေလသလင်းကွင်း... မင်း လိုက်နိုင်ပါစေလို့ မျှော်လင့်ပါတယ်”
“မင်းအစ်မ နို့ကြီးကိုသွားပြီး ကြွားလိုက်”
တုကူးဖူကွေ့က လုချန်ထံမှ သင်ယူထားသော ဆဲဆိုနည်းကို အသုံးပြုကာ အဆင့်နိမ့် နက်နဲလက်နက် တစ်ခုကို ထုတ်ယူလိုက်သည်။
“အဲဒါကလည်း အဆင့်နိမ့် နက်နဲလက်နက်ပဲ”
“တော်တော် လက်ဖွာတဲ့ ပွဲပါလား”
“သူဌေးလုရဲ့ သူငယ်ချင်း ပီသပါပေတယ်”
“ဒီနေ့တော့ ငါတို့ ပွဲကောင်း ကြည့်ရတော့မယ်။ အင်မော်တယ်လက်နက်များ ထွက်လာမလားလို့ ငါ ကြိုတင် ခံစားနေရတယ်”
“ဟက်ဟက်... မင်းကို သေချာ ရှင်းပြလိုက်မယ်၊ မင်းရဲ့ ခံစားချက်က မှားနေတယ်။ အင်မော်တယ်လက်နက်တစ်ခုက ဘာကို ကိုယ်စားပြုလဲဆိုတာ မင်း သိလား။ သာမန်ကျင့်ကြံသူတစ်ယောက်သာ အင်မော်တယ်လက်နက်တစ်ခုကို ပိုင်ဆိုင်ထားရင် ထိပ်သီးပညာရှင်တွေရဲ့ အဆင့်ကို ချက်ချင်း ရောက်သွားနိုင်တယ်”
“မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောလဲ။ ငါတို့ရဲ့ သခင်လေးဖုန့်က အင်မော်တယ်လက်နက်တစ်ခုကို သေချာပေါက် ထုတ်ပြလာနိုင်တယ်”
ပွဲကြည့်နေသော အမျိုးသမီးငယ်တစ်ဦးက ဝင်ပြောသည်။
“နားထောင်စမ်း ကောင်မစုတ်လေး၊ နင်က ဘာအကြောင်းပြချက်မှမရှိဘဲ ဘာလို့ ဒီလောက်တောင် သွေးဆူနေရတာလဲ။ 'ငါတို့ရဲ့ သခင်လေးဖုန့်' ဟုတ်လား... နင့်ရုပ်လေးနဲ့များ နင် အဝတ်အစားတွေ ချွတ်ပြရင်တောင် ဘယ်သူမှ လှည့်ကြည့်မှာ မဟုတ်ဘူး”
ရတနာယှဉ်ပြိုင်နေသော အမျိုးသားနှစ်ဦးမှာ အပြင်းအထန် ရန်လိုနေကြပြီး ပွဲကြည့်ပရိသတ်များကလည်း သူတို့ထက်မလျော့သော အားမာန်များဖြင့် ပါဝင်ပတ်သက်နေကြသည်။
အဆင့်နိမ့် နက်နဲလက်နက်ကို ထုတ်ပြလာသော တုကူးဖူကွေ့ကို ကြည့်ပြီး ဖုန့်ချန်ဖုန်း အနည်းငယ် အံ့ဩသွားသည်။
“မင်းမှာ နည်းနည်းတော့ အရည်အချင်းရှိသားပဲ။ ဆက်လုပ်လေ”
စကားပြောပြီးနောက် သူက အလယ်အလတ်အဆင့် နက်နဲလက်နက် တစ်ခုကို ပစ်ချလိုက်သည်။
“အရင်ရပ်တဲ့ကောင် အမေသေပြီး နိဗ္ဗာန်ယာဉ်နဲ့ ဒရစ်ဖ် (Drift) ဆွဲပါစေ”
တုကူးဖူကွေ့က လုချန်ဆီကနေ သင်ထားသည့် ရိုင်းစိုင်းသော စကားများကို ဆက်တိုက်ပြောဆိုရင်း အလယ်အလတ်အဆင့် နက်နဲလက်နက် တစ်ခုကို ပစ်ချလိုက်သည်။
“တောသား... အဲဒီစကားတွေက မင်းပါးစပ်ထဲက ထွက်လာတာနော်”
ဖုန့်ချန်ဖုန်းက အလယ်အလတ်အဆင့် နက်နဲလက်နက် နှစ်ခုကို ပစ်ချလိုက်သည်။
“မင်းကြားအောင် ပြောတာလေ”
တုကူးဖူကွေ့က အလယ်အလတ်အဆင့် နက်နဲလက်နက် သုံးခုကို ပစ်ချလိုက်သည်။
“မင်းက ပါးစပ်နဲ့ပဲ သတ္တိကောင်းနေတာပါ”
ဖုန့်ချန်ဖုန်းက အလယ်အလတ်အဆင့် နက်နဲလက်နက် လေးခုကို ပစ်ချလိုက်သည်။
“အဲဒီတုန်းက ဒီသခင်လေးက မာကျော ကြမ်းတမ်းတယ်ဆိုပြီး မင်းအမေကလည်း ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ သူမပြောတာ ငါ့ပါးစပ်ကို မဟုတ်ဘူးနော်”
တုကူးဖူကွေ့က တမင်သက်သက် ခါးကို ကော့ပြလိုက်ပြီးနောက် အလယ်အလတ်အဆင့် နက်နဲလက်နက် ငါးခုကို ပစ်ချလိုက်သည်။
တုကူးဖူကွေ့ အသုံးပြုနေသော ဆဲဆိုစကားများအားလုံးကို လုချန်ထံမှ သင်ယူထားခြင်းဖြစ်သည်။ ထိုစကားလုံးများက မှန်သားလို ကျိုးပဲ့လွယ်တဲ့ နှလုံးသားကို ချက်ချင်း အမှုန့်ကြိတ်ပစ်နိုင်စွမ်း ရှိလေသည်။
ဖုန့်ချန်ဖုန်းက သေချာပေါက် ကြားလိုက်ရသဖြင့် ချက်ချင်း ဒေါသထွက်သွားသည်။
“တောသား၊ ပါးစပ်နဲ့ပဲ ကြွားမနေနဲ့။ လာစမ်း၊ ဆက်လုပ်လေ”
သူက အလယ်အလတ်အဆင့် နက်နဲလက်နက် ခြောက်ခုကို ပစ်ချလိုက်သည်။
“အလယ်အလတ်အဆင့် အမှိုက်လေးတွေကို ပစ်ချပြီး ပါးစပ်နဲ့ ကြွားနေတာ မင်းပဲ”
တုကူးဖူကွေ့က အဆင့်မြင့် နက်နဲလက်နက် တစ်ခုကို ပစ်ချလိုက်သည်။
စိတ်ဝိညာဉ်ကျောက်တုံးများဖြစ်စေ၊ လက်နက်မှော်ရတနာများဖြစ်စေ အဆင့်တစ်ဆင့်နှင့်တစ်ဆင့်ကြား ကွာခြားချက်မှာ ဆယ်ဆခန့်ရှိပြီး အဆင့်မြင့်လာလေ ကွာဟချက်က ပိုကြီးမားလေဖြစ်သည်။
ဒီဝတုတ်က ခံစစ်ကနေ တိုက်စစ်ကို ပြောင်းလဲသွားတာကို မြင်တော့ ဖုန့်ချန်ဖုန်းက သူ့မျက်နှာအိုးမည်းသုတ်ခံရပြီဟု ခံစားလိုက်ရပြီး အဆင့်မြင့် နက်နဲလက်နက် ငါးခုကို ချက်ချင်း ပစ်ချလိုက်သည်။
“တောသား... မင်း ဘယ်လောက်ကြာကြာ ခံနိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်”
ထိုအချိန်တွင် လုချန်က တည်းခိုခန်းအပေါက်ဝတွင် မတ်တတ်ရပ်ကာ လမ်းမပေါ်ရှိ အမျိုးသားနှစ်ဦး ရတနာများ ပစ်ချရင်း အပြန်အလှန် ဆဲဆိုနေကြသည်ကို ကြည့်ရှုနေသည်။
“ဆက်လုပ်... မရပ်နဲ့။ အသံချဲ့စက်တွေ ဖွင့်... ရေဒီယိုလှိုင်းတွေ လွှင့်လိုက်စမ်း။ သူဌေးကြီးတွေ တစ်ယောက်နဲ့တစ်ယောက် အသေသတ်နေကြတာကို ငါ ကြည့်ရတာ အရမ်းသဘောကျတာပဲ”
အကျိုးဆက်တွေကို ဂရုမစိုက်ဘဲ ပွဲကြည့်ရတာကို တကယ် သဘောကျတဲ့ နေရာမှာ လုချန်ကို ချန်ထားခဲ့လို့ ဘယ်လိုမှ မရနိုင်ပါ။
ထို့အပြင် တုကူးဖူကွေ့ လုံးဝ ရှုံးမှာမဟုတ်ဘူးဆိုတာကို သူ ကောင်းကောင်းသိနေသည်။
“ဒီဝတုတ်က ဒီရက်ပိုင်း တော်တော်လေး ကောက်ကျစ်လာတာပဲ”
*