ကလီမန့်ဆိုသူကား တော်ဝင်အဆင့်မြင့်ရဲအကယ်ဒမီ၏ စီနီယာစုံထောက်တစ်ဦး ဖြစ်ပြီး၊ ဒုတိယအဆင့် အထူးစွမ်းအားရှင် တစ်ဦးအဖြစ် နိုက် လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေသူပင်။
နိုက် ဆိုသည်မှာ သာမန်သူရဲကောင်းထက် ပိုမိုမြင့်မားသည့် "နိုင်ငံတော်မှ အသိအမှတ်ပြုထားသော စွမ်းအားကြီးမားသည့် တိုက်ခိုက်ရေးသမား ၊အထူးစွမ်းအားရှင်" တစ်ဦးဟု မှတ်ယူနိုင်သည်။
အမှန်ဆိုပါက နိုင်ငံတော်စစ်တပ်အတွင်း၌သာ ၎င်း၏စွမ်းရည်ကို ထုတ်ဖော်ပြသသင့်သူဖြစ်သော်လည်း၊ စစ်စည်းကမ်းကို ချိုးဖောက်မိခဲ့သဖြင့် အငြိမ်းစားယူလိုက်ရရှာသည်။
နောင်တွင်မူ အပြစ်ဖြေရန်အတွက် ဆဲလက်စ် ညစောင့်တပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး၊ သက်တမ်းကုန်ဆုံးသောအခါမှသာ မြို့တော်ရဲဌာနချုပ်သို့ ပြန်လည်ရောက်ရှိလာသူ ဖြစ်ပေသည်။
တတိယအဆင့်သို့ ချဉ်းကပ်နေပြီဖြစ်သော ဒုတိယအဆင့် အထူးစွမ်းအားရှင် နိုက်တစ်ဦးပီပီ၊ ကလီမန့်ကား အတွေ့အကြုံရင့်ကျက်ပြီး စစ်မြေပြင်တွင် အခက်အခဲပေါင်းစုံကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ဖူးသူတစ်ဦးပင်။
သို့သော်လည်း ရိုနန်နှင့် ကြုံတွေ့ရသည့်အခါတွင်မူ အခြေအနေမှာ လုံးဝမတူညီတော့ချေ။
အသက်နှစ်ဆယ်ပင် မပြည့်သေးသည့် ဤလူငယ်လေးသည် လက်ကိုမြှောက်လိုက်ရုံဖြင့် ကလီမန့်နှင့်တကွ ၎င်း၏ထိပ်တန်းလက်အောက်ငယ်သားများမှာ ခေါင်းပင်မဖော်နိုင်လောက်အောင် ဖိနှိပ်ခံလိုက်ရလေသည်။
ရိုနန်သာ သူ၏ လက်သန်းကို တစ်ချက်ယိမ်းလိုက်လျှင် ကလီမန့်၏အသက်မှာ ပြတ်ရှသွားနိုင်သည်ကို သူကောင်းစွာ သဘောပေါက်လိုက်၏။
"မင်းက နိုင်ငံတော်ကို ဆန့်ကျင်ဖို့ ကြံရွယ်နေတာလား"
စုံထောက်ကြီးမှာ သွားများကြိတ်ကာ မေးမြန်းလိုက်ရပြီး၊ သူ၏မျက်နှာမှာလည်း နက်မှောင်သော ခရမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားရှာသည်။
ခုခံနိုင်စွမ်းမရှိတော့သည့် အဆုံးတွင် သူ၏ ရာထူးအရှိန်အဝါဖြင့် ရိုနန်ကို ကြောက်ရွံ့သွားစေရန်သာ ကြိုးပမ်းနိုင်တော့သည်။
"နိုင်ငံတော် ဟုတ်လား"
ရိုနန်မှာ ရယ်မောလိုက်ပြီးနောက် "မင်းက ဘယ်သူမို့လို့ နိုင်ငံတော်ကို ကိုယ်စားပြုရတာလဲ" ဟု ပြန်လည်မေးခွန်းထုတ်သည်။
"တော်တော့" ဟု ရိုနန်က တည်ငြိမ်စွာပင် ဆိုလိုက်သည်။ "မင်းတို့လို အောက်ခြေလူတန်းစားတွေနဲ့ ပြောစရာစကား မရှိဘူး။ အရေးပါတဲ့လူတစ်ယောက်ကို ခေါ်လာခဲ့၊ ငါဒီမှာပဲ စောင့်နေမယ်"
စကားဆုံးသည်နှင့် ရိုနန်က လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ စိတ်အာရုံစွမ်းအား များမှာ ရုတ်ချည်းပင် ပျောက်ကွယ်သွားတော့သည်။
ကလီမန့်နှင့် သူ၏အဖွဲ့မှာ ကြီးမားသော လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ ခံစားလိုက်ရပြီး၊ ရဲအရာရှိအချို့မှာ စက္ကူကဲ့သို့ ဖြူလျော့နေသော မျက်နှာဖြင့် မြေပြင်မှ ထရပ်ရန်ပင် ရုန်းကန်နေကြရ၏။
လက်ထဲတွင် လက်နက်များ ကိုင်ဆောင်ထားကြသော်လည်း ပြန်လည်ပစ်ခတ်ရန် သတ္တိမရှိကြတော့ချေ။ သူတို့ကြားရှိ စွမ်းအားကွာဟချက်မှာ အလွန်ပင် ကြီးမားလှပေသည်။
ကလီမန့်မှာ မျက်လုံးများ တစ်ချက်တုန်လှုပ်သွားပြီးနောက် "သွားကြစို့" ဟု တိုးညှင်းသော အသံဖြင့် အမိန့်ပေးလိုက်သည်။
ဒီနေရာတွင် ဆက်နေခြင်းက အရှက်ကွဲစေရုံသာ ရှိမည်ဖြစ်ပြီး၊ ရိုနန်၏ အကြံပြုချက်အတိုင်း ဆောင်ရွက်ခြင်းကသာ သူ့ကဲ့သို့သော "အောက်ခြေ" အဆင့်အတွက် အကောင်းဆုံးရွေးချယ်မှုပင် ဖြစ်သည်။
"ဖမ်းဝရမ်းကို ချထားခဲ့"
ရိုနန်က လှောင်ပြုံးပြုံးရင်း "ဒါက ငါရဖူးတဲ့ ပထမဆုံး ဖမ်းဝရမ်းပဲ၊ တန်ဖိုးရှိတယ်" ဟု ပြောသည်။ ကလီမန့်မှာ ၎င်းကို ပေးလိုက်ချင်စိတ် လုံးဝမရှိချေ။
ဤဖမ်းဝရမ်းမှာ ရိုနန်ကို လုပ်ကြံဖန်တီးထားသည့် အထောက်အထား ဖြစ်နေသောကြောင့်ပင်။ သို့သော်လည်း သူရွေးချယ်စရာလမ်း မရှိချေ။ သူ၏ အထက်လူကြီးကိုသာ ကျိန်ဆဲရင်း ဖမ်းဝရမ်းကို စားပွဲပေါ်သို့ ချထားခဲ့လိုက်ရသည်။
ရိုနန်မှာ ရဲအရာရှိအဖွဲ့ စိတ်ပျက်လက်ပျက် ထွက်ခွာသွားသည်ကို ကြည့်နေမိသည်။ ဖြစ်ပျက်သွားသည်များက သူ့အတွက် အံ့ဩစရာဖြစ်သော်လည်း လုံးဝမျှော်လင့်မထားသည်တော့ မဟုတ်ပေ။
ရိုနန်မှာ ရန်သူ၏ စိန်ခေါ်မှုကို ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်၏။ သူ ဘယ်သောအခါမှ ထွက်ပြေးရန် မစဉ်းစားခဲ့ပေ။
ကမ္ဘာကြီးမှာ စက်မှုတော်လှန်ရေးခေတ်သို့ ရောက်ရှိနေသော်လည်း၊ လျှို့ဝှက်နက်နဲသည့် ဘက်ခြမ်း၏ စွမ်းအားများမှာ နိုင်ငံ၏ ကံကြမ္မာကို ထိန်းချုပ်ထားဆဲ ဖြစ်သည်။
သာမန်လူ သို့မဟုတ် မှူးမတ်မျိုးနွယ် အသေးစားများ၊ အဆင့်နိမ့် အထူးစွမ်းအားရှင်များသာ ဆိုပါက ရိုနန်၏ အခြေအနေမှာ အလွန်ပင် နာရေးပင် ဖြစ်မည်မှာ အမှန်ပင်။
နိုင်ငံရေး အရှိန်အဝါ တစ်ခုတည်းဖြင့်ပင် သူတို့ကို ဖိနှိပ်ဖျက်ဆီးပစ်နိုင်ပြီး၊ သေဆုံးသွားလျှင်တောင် တရားမျှတမှု ရမည်မဟုတ်ချေ။ သို့သော်လည်း ရိုနန်မှာ အဆင့်မြင့် အထူးစွမ်းအားရှင် တစ်ဦးဖြစ်သည့်အတွက် အခြေအနေမှာ လုံးဝကွဲပြားခြားနားသွားရတော့သည်။
ရိုနန်မှာ ကြာကြာစောင့်ဆိုင်းလိုက်ရသည် မဟုတ်ချေ။ နာရီဝက်ခန့်အကြာတွင် ဆံပင်နှင့် မုတ်ဆိတ်ဖြူဖြူဖြင့် လူကြီးတစ်ဦးမှာ စာသင်ခန်းတံခါးကို တွန်းဖွင့်ကာ ဝင်ရောက်လာလေသည်။
ဤလူကြီးမှာ အရပ်မြင့်မားပြီး ကြံ့ခိုင်ကာ၊ အဖြူရောင်ယူနီဖောင်းကို ဝတ်ဆင်ထားသည်။ ထူထဲသော မျက်ခုံးမွှေးနှင့် နှာတံကြီးဖြင့် ခြင်္သေ့တစ်ကောင်ကဲ့သို့ ဝင်ရောက်လာခြင်းဖြစ်သည်။
ရိုနန်မှာ မျက်လုံးများ အရောင်လက်သွားသည်။ ဤလောကသို့ ရောက်ရှိလာပြီးနောက်ပိုင်း ဤမျှ အရှိန်အဝါကြီးမားသည့် လူကြီးကို သူတစ်ခါမျှ မတွေ့ဖူးသေးချေ။
ထိုသူ၏ အရှိန်အဝါမှာ မီးလျှံတစ်ခုကဲ့သို့ တောက်လောင်နေပြီး၊ ထိတွေ့၍ မရသော်လည်း ရိုနန်၏ အပေါ်သို့ လေးလံစွာ ဖိနှိပ်လာသည်။ အခန်းတွင်းရှိ အပူချိန်မှာ ရုတ်ချည်း မြင့်တက်လာပြီး လေပင်လျှင် တောက်လောင်တော့မည့်အလား ဖြစ်ပေါ်လာ၏။
"ငါကတော့ ဂူစတပ် ရိန်း ပဲ"
နှစ်ဦးစလုံးမှာ မျက်လုံးချင်းဆုံမိကြပြီး၊ ဆံပင်ဖြူ လူကြီးက လေးနက်သော အသံဖြင့် ဆိုလိုက်သည်။ "မင်း ငါ့နာမည်ကို ကြားဖူးမှာပါ၊ စုံထောက်ရိုနန်"
"ဟုတ်ကဲ့၊ ကြားဖူးပါတယ်"
ရိုနန်မှာ မတ်တပ်ရပ်လိုက်ပြီး လူကြီးကို ဦးညွှတ်ကာ "မင်္ဂလာပါ၊ ကျောင်းအုပ် " ဟု နှုတ်ဆက်လိုက်သည်။
ရိန်းမျိုးနွယ်စုမှာ အင်ဗီယာ ၏ ရှေးအကျဆုံးနှင့် သြဇာအကြီးဆုံး မျိုးနွယ်စုကြီးတစ်ခု ဖြစ်ပေသည်။
ဂူစတပ် ရိန်း၏ ခြင်္သေ့ကဲ့သို့ မျက်လုံးများက ရိုနန်ကို စူးစိုက်ကြည့်နေပြီး၊ သူ၏ အကြည့်မှာ အေးစက်ပြီး ရက်စက်လှသည်။
"မင်း နိုင်ငံတော်ရဲ့ ဥပဒေတွေကို ချိုးဖောက်ထားတဲ့အတွက် စည်းမျဉ်းတွေကို လိုက်နာရလိမ့်မယ်။ တရားရုံးမှာ ခုခံချေပနိုင်ပေမယ့်၊ အင်အားသုံးပြီး တုံ့ပြန်လို့တော့ မရဘူး"
သူ၏ အရှိန်အဝါမှာ ပိုမိုအားကောင်းလာပြီး၊ သူ၏အသံမှာ အာဏာစက်အပြည့်ဖြင့် ခြင်္သေ့တစ်ကောင်၏ ဟိန်းသံကဲ့သို့ ဖြစ်နေသည်။
ရိုနန်မှာ လူကြီးထံမှ ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားလိုက်ရသော်လည်း ကြောက်ရွံ့ခြင်းမရှိဘဲ၊ အဆိုပါ အဆင့်မြင့် အထူးစွမ်းအားရှင် အာဏာပိုင်ထံသို့ ခြေတစ်လှမ်း ရှေ့တိုးလိုက်သည်။
ဗုန်း
အခန်းတွင်းတွင် မမြင်နိုင်သော မုန်တိုင်းတစ်ခု ပေါက်ကွဲထွက်လာပြီး အနီးအနားရှိ စားပွဲ၊ ကုလားထိုင်များကို အပိုင်းပိုင်း ဖြစ်သွားစေသည်။ တစ်အဆောက်အအုံလုံးမှာ ပြင်းထန်စွာ တုန်ခါသွားလေ၏။
အဆိုပါ မကြုံစဖူး ဖိအားမှာ ရိုနန်၏ စိတ်အာရုံစွမ်းအားကို နှိုးဆွပေးလိုက်ပြီး၊ သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ပိတ်ဆို့ထားသော အတားအဆီးမှာ ရုတ်ချည်းပင် ကွဲအက်သွားတော့သည်။
ခဏတာအတွင်းမှာပင် ရိုနန်၏ စိတ်အာရုံစွမ်းအားမှာအဆင့်၆ သို့ ကျော်လွန်သွားခဲ့သည်။ သူ၏ စိတ်စွမ်းအားများမှာ အရှိန်အဟုန်ဖြင့် တိုးထွက်လာပြီး၊ ဂူစတပ် ရိန်း၏ ဖိအားကို အလိုအလျောက်ပင် ပြန်လည်တွန်းလှန်လိုက်သည်။
ဂူစတပ် ရိန်း၏ မျက်လုံးများမှာ အံ့အားသင့်စွာဖြင့် ကျဉ်းမြောင်းသွားသည်။ သူသည် ရိုနန်၏ စွမ်းရည်ကို ကောင်းစွာ နားလည်ထားသည်ဟု ထင်မှတ်ခဲ့သော်လည်း၊ အမှန်တကယ်တွင်မူ ရိုနန်၏ စွမ်းအားကို လုံးဝ အထင်အမြင်မှားခဲ့ခြင်းပင် ဖြစ်သည်။
သူတို့၏ စွမ်းအားများမှာ အပြန်အလှန် ထိပ်တိုက်တွေ့နေကြသည်။
ခဏအကြာတွင် ဂူစတပ် ရိန်းက ရုတ်တရက် "စနစ်တကျ စကားပြောကြရအောင်" ဟု ဆိုလိုက်သည်။
ရိုနန်၏ စွမ်းအားမှာ မျှော်လင့်ထားသည်ထက် ပိုမိုမြင့်မားနေသည်ကို သဘောပေါက်လိုက်သောအခါ၊ ခြင်္သေ့ကဲ့သို့ တပ်မှူးကြီးမှာ ၎င်း၏ မူလဗျူဟာကို ချက်ချင်းပင် ပြောင်းလဲလိုက်ရသည်။
သူသည် ရိုနန်နှင့် ဤနေရာတွင် အသက်သေဆုံးသည်အထိ တိုက်ခိုက်လိုခြင်း မရှိချေ။
ရိုနန်မှာ ခေါင်းညိတ်လိုက်ပြီး "ကောင်းပါပြီ" ဟု ဆိုကာ သူ၏ စိတ်အာရုံစွမ်းအားကို ရုပ်သိမ်းလိုက်သည်။ အခန်းတွင်းရှိ တင်းမာသော လေထုမှာလည်း ပျောက်ကွယ်သွားပြီး၊ ကြမ်းပြင်တွင် ပြန့်ကျဲနေသော အပျက်အစီးများမှလွဲ၍ ဘာမျှမဖြစ်ပျက်ခဲ့သကဲ့သို့ ဖြစ်သွားလေသည်။
သို့သော်လည်း ဤနေရာမှာ စကားပြောရန်အတွက် သင့်တော်သောနေရာ မဟုတ်ပေ။ ဂူစတပ် ရိန်းမှာ ရိုနန်ကို သူ၏ ရုံးခန်းသို့ ဖိတ်ခေါ်လိုက်ပြီး၊ စကတ်တိုတို ဝတ်ဆင်ထားသော သူ၏ လှပသည့် အတွင်းရေးမှူးမလေးကို ရိုနန်အတွက် ကော်ဖီတစ်ခွက် ပြင်ဆင်ပေးရန် အမိန့်ပေးလိုက်သည်။
"တကယ်တော့ ဒီကိစ္စက ဘာတွေ ဖြစ်ပျက်နေတာလဲ"
ဂူစတပ် ရိန်းမှာ အခြေအနေကို အနည်းငယ်သာ သိရှိထားပြီး ယခင်က သိပ်အရေးမထားခဲ့သော်လည်း၊ ယခုမူ.. ခြင်္သေ့ကဲ့သို့ တပ်မှူးကြီးမှာ ယခုအခါတွင်မူ သူနှင့် မရှေးမနှောင်း စွမ်းအားရှိသည့် အထူးချွန်ဆုံးပုဂ္ဂိုလ်တစ်ဦးကို လေးစားရတော့မည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
***