ရန်ရှောက်ထျန်းက ရုတ်တရက်လှည့်ကြည့်လိုက်သောအခါ လုံရှန့်တုန်း၏ကျောရိုးတစ်လျှောက် အေးစိမ့်သွားသလို ခံစားလိုက်ရလေသည်။
တစ်ဖက်လူ၏ အလွန်တရာပြင်းထန်လှသောလက်သီးချက်ကိုရင်ဆိုင်ရင်းမှ ရန်ရှောက်ထျန်းသည် လည်း သူ၏လက်သီးတစ်ချက်ကိုပြန်လည်ထိုးနှက်လိုက်လေရာ သူ့ခန္ဓာကိုယ်မှအတိုင်းအဆမဲ့သော နဂါးအရှိန်အဝါများပေါက်ကွဲထွက်လာခဲ့ပြီးနောက် သူ၏လက်သီးစွမ်းအားအတွင်းမှစစ်မှန်သောနဂါးစွမ်း အားသန်းပေါင်းများစွာတို့သည်မှာလည်းအဆမတန်ပျံသန်းထွက်ပေါ်၍လာခဲ့လေတော့သည်။
ချက်ချင်းဆိုသလိုပင် စစ်မှန်သောနဂါးသန်းပေါင်းများစွာမှာ နတ်ဘုရားနဂါးပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားများရယ်ကြောင့် လုံရှန့်တုန်း၏မျက်နှာမှာ ထိတ်လန့်တကြား ဖြစ်သွားခဲ့တော့သည်။
သူ နောက်သို့ ဆုတ်ခွာချင်သော်လည်း နောက်ကျသွားခဲ့လေပြီသာဖြစ်တော့သည်။
“ဘုန်း…”
ရန်ရှောက်ထျန်း၏နဂါးလက်သီးစွမ်းအားတို့သည် တစ်ဖက်လူ၏လက်သီးစွမ်းအားကို ချက်ချင်း ထိုးဖောက်ဝင်ရောက်ဖြိုခွင်းသွားလေတော့သည်။
သူတို့၏လက်သီးများမှာ ထိပ်တိုက်တွေ့ဆုံသွားခဲ့ကြလေသည်။
နတ်ဘုရားနဂါး မင်နဂါးသွေးမျိုးဆက်နှင့်နတ်ဘုရားဆင်မျိုးနွယ်၏ကောင်းကင်ဆင်သွေးမျိုး ဆက်ကိုပိုင်ဆိုင်ထားသည်ဟုဆိုသောလုံရှန့်တုန်းမှာ နတ်ဘုရားတောင်ကြီးတစ်လုံးနှင့် တိုက်မိသွားသော ကျောက်တုံးတစ်တုံးအလား နောက်သို့ လွင့်ထွက်သွားခဲ့လေသည်။
သူသည် ထိုပြင်းထန်လှသောအရှိန်အဝါရယ်ကြောင့် အဝေးရှိတောင်ထိပ်တစ်ခုပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားခဲ့လေသည်။
တောင်ထိပ်မှာ တိုက်ရိုက်ပင် ပေါက်ကွဲသွားခဲ့လေသည်။
လုံရှန့်တုန်းသည် အဝေးရှိတောင်တန်းဒေသသို့ကျဆင်းသွားသောအခါ သူ၏လက်မောင်းတစ်ခု လုံးမှာ ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားတစ်ခုကြောင့်ပျက်စီးသွားသလိုပင်ခံစားလိုက်ရပြီး တိုက်ရိုက် ပေါက်ကွဲထွက်လို့သွားကာ အသားစများတို့လွင့်စင်သွားပြီး အရိုးများပင်ပေါ်ထွက်သွားခဲ့တော့သည်။
ထို့အပြင် လုံရှန့်တုန်းကိုယ်တိုင်မှာလည်း သွေးများအဆက်မပြတ်အန်ထုတ်နေရပြီး ဖရိုဖရဲ ဖြစ်နေကာ သူတောင်းစားတစ်ဦးနှင့်ပင် အလားသဏ္ဍာန်တူနေလေသည်။
လုံရှန့်တုန်း၏ သနားစရာကောင်းသောအခြေအနေကိုမြင်လိုက်ရသဖြင့် အားလုံးမှာထိတ်လန့်သွား ကြပြီး လုံရှန့်တုန်းနှင့်အတူလာခဲ့သောလူငယ်လူရွယ်အနည်းငယ်မှာလည်း သေလုမတတ်ထိတ်လန့်သွားကြ တော့သည်၊ ကောင်းကင်ပျံဖီးနစ်အမျိုးသမီး၏ လှပသောမျက်နှာလေးမှာပင် ဖြူဖျော့သွားခဲ့လေသည်။
ရန်ရှောက်ထျန်း၏ ခုနကလက်သီးချက်မှာ သူမ၏နှလုံးသားကိုလည်း ရိုက်ခတ်သွားပုံ ရလေသည်။
မင်နဂါးသွေးမျိုးဆက်နှင့် ကောင်းကင်ဆင်သွေးမျိုးဆက်ကိုပိုင်ဆိုင်ထားသောလုံရှန့်တုန်းက မည်မျှ အစွမ်းထက်ကြောင်း သူမ မသိဘဲနေပါ့မည်နည်း။
သို့သော်လည်း သိုင်းပညာအမျိုးမျိုးကိုကျင့်ကြံထားပြီး ချန်ကျိုး၏နံပါတ်တစ်သိုင်းပညာသားတော် ဟု လူသိများသောလုံရှန့်တုန်းမှာ ယခုအခါ ခွေးသေတစ်ကောင်အလားလဲကျနေခြင်း ဖြစ်လေသည်။
ခေတ္တမျှကြာအောင် ကောင်းကင်ကံကြမ္မာနတ်ဘုရားတောင်၏ပတ်ဝန်းကျင်တွင် သေလုမတတ် တိတ်ဆိတ်သွားခဲ့လေသည်။
အားလုံးမှာ ဤကြောက်မက်ဖွယ်ကောင်းသောမြင်ကွင်းကြောင့် ထိတ်လန့်နေကြခြင်းဖြစ်လေသည်။
လုံရှန့်တုန်းမှာ ချန်ကျိုးရှိ ဒဏ္ဍာရီတစ်ခုဖြစ်လေသည်။
သူသည် ချန်ကျိုးရှိ လူအများအသိအမှတ်ပြုထားသောနံပါတ်တစ်ပါရမီရှင်ဖြစ်သလို၊ ချန်ကျိုးရှိ လူငယ်မျိုးဆက်များကြားတွင်လည်း နံပါတ်တစ်ပညာရှင်ဖြစ်ကာ စိန့်အဆင့်ဒုတိယအလွှာရှိပညာရှင်တစ်ဦး ၏ လက်သီးချက်ကိုပင် တောင့်ခံနိုင်ခဲ့သူလည်းဖြစ်လေသည်။
သို့သော်လည်း ယခုမူ သူသည်လူငယ်လေးတစ်ဦး၏လက်သီးတစ်ချက်ကိုပင် မတောင့်ခံနိုင်ခဲ့ပေ။
ဤလူငယ်လေး၏လက်သီးချက်မှာ စိန့်အဆင့်ဒုတိယအလွှာရှိပညာရှင်တစ်ဦးထက်ပင် ပိုမို ကြောက် မက်ဖွယ်ကောင်းနေသည်တဲ့လား။
ဤအတွေးကြောင့် တပည့်အများအပြားမှာ သူတို့၏ခြေထောက်များ ပျော့ခွေသွားသလို ခံစားလိုက်ရ လေသည်။
လွန်ခဲ့သော နှစ်ပေါင်းသန်းနှင့်ချီက ဟွန်ချွမ်ဘိုးဘေးမှာဝမ်ကျန့်တိုက်ကြီးတစ်ခုလုံးတွင် ပြိုင်ဘက် ကင်းခဲ့ပြီး မည်သူမျှသူ၏ပြိုင်ဘက်မဟုတ်ခဲ့ကြပေ၊ သူသည်ဝမ်ကျန့်တိုက်ကြီးပေါ်ရှိလူတိုင်း သူ့ကို ဒူးထောက်ရသည်အထိ သတ်ဖြတ်ခဲ့သူ ဖြစ်သော်လည်း ယခုအခါ ဤဟွန်ချွမ်ဘိုးဘေး ဆက်ခံသူမှာ ထိုနှစ်က ဟွန်ချွမ်ဘိုးဘေးထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းနေပုံ ရလေသည်။
ဤအချိန်တွင် ရန်ရှောက်ထျန်း၏ဓားဖြင့်ထိုးဖောက်ခြင်းခံခဲ့ရသော လူငယ်ဧကရာဇ်ချန်ယွမ်မှာ ရပ်နေသော အနေအထားမှမြေပြင်ပေါ်သို့ တောင့်တောင့်ကြီး လဲကျသွားခဲ့လေပြီ။
ကျယ်လောင်သော အသံတစ်ခုထွက်ပေါ်လာလေသည်။
၎င်းက ရောက်ရှိနေသူအားလုံးကို နောက်တစ်ကြိမ်ထိတ်လန့်သွားစေခဲ့လေသည်။
အဝေးတွင် လေခွဲသံများကိုကြားလိုက်ရပြီး ဧကရာဇ်အဆင့်ပညာရှင်အုပ်စုကြီးတစ်ခုမှာ ကောင်း ကင်ကံကြမ္မာနတ်ဘုရားတောင်ဆီသို့ အဝေးမှပျံသန်းလာကြသည်ကိုမြင်တွေ့လိုက်ရလေသည်၊ သူတို့မှာ လည်း ကံကြမ္မာနတ်ဘုရားကျောက်တုံးအတွက် လာခဲ့ကြခြင်းဖြစ်ကြောင်း ရှင်းလင်းလှပေသည်။
သူတို့ ရောက်ရှိလာချိန်တွင် လူတိုင်းမှာကျောက်ရုပ်များအလားတိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေကြ သည်ကို မြင်လိုက်ရသဖြင့် သူတို့မှာထူးဆန်းသည်ဟု ခံစားမိလိုက်ကြလေသည်။
ပညာရှင်တစ်ဦးက ထိုနေရာရှိတစ်စုံတစ်ယောက်ကိုနှုတ်ဆက်လိုက်ပြီး နောက်ပြောင်လိုက်သည်။
“ယန်အစ်ကို... ခင်ဗျား ဘာလို့အဲဒီမှာရပ်နေတာလဲ။ လှပတဲ့အမျိုးသမီးတစ်ယောက်ကို ကြည့်ပြီး စိတ်လှုပ်ရှားနေတာလား”
သို့သော်လည်း သူ အနားသို့တိုးသွားသောအခါမှ ထိုယန်အစ်ကိုမှာစိတ်လှုပ်ရှားနေခြင်း မဟုတ်ဘဲ တုန်ယင်နေခြင်း ဖြစ်ကြောင်း သူ တွေ့ရှိလိုက်ရလေသည်။
သူသည် အံ့အားသင့်စွာကြည့်လိုက်ရာ ရန်ရှောက်ထျန်း၏နောက်ကွယ်ရှိ အလောင်းကိုတွေ့လိုက်ရ သောအခါ သူ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။
“လူငယ်ဧကရာဇ် ချန်”
သူနှင့်အတူ လာခဲ့သောသူများသည်လည်း ဤအချိန်တွင်ချန်ယွမ်၏အလောင်းကို မြင်လိုက်ရသဖြင့် သူတို့၏ မျက်နှာများအားလုံး အကြီးအကျယ်ပြောင်းလဲသွားကြတော့သည်။
“ဒါ... ဒါက နဂါးဆင် လူငယ်ဧကရာဇ်လား”
သူတို့ထဲမှ တစ်ဦးကအဝေးတွင် သူတောင်းစားတစ်ဦးအလားလဲကျနေသော လုံရှန့်တုန်းကို ကြည့် ရင်း စကားထစ်လျက်မေးလိုက်သည်။
ရောက်ရှိလာသူ အားလုံးမှာတစ်ကိုယ်လုံး တုန်ယင်သွားကြပြီး သူတောင်းစားနှင့် တူနေသော ထိုသူကို ကြည့်လိုက်ကြလေသည်။
ဒါ အမှန်တကယ်ပဲ နဂါးဆင် လူငယ်ဧကရာဇ် လုံရှန့်တုန်းပါလား။
ဒါ ဘယ်သူလဲ။
ဘယ်သူက နဂါးဆင်လူငယ်ဧကရာဇ်ကို ဒီလိုအခြေအနေမျိုးဖြစ်အောင် လုပ်လိုက်တာလဲ။
ရန်ရှောက်ထျန်းသည် ရောက်ရှိလာသူများကိုလျစ်လျူရှုလိုက်ပြီး လုံရှန့်တုန်းကိုအေးစက်စွာ ကြည့် လိုက်သည်။
“မင်းလည်း သေချင်နေတယ်ဆိုမှတော့ ငါ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”
ထိုသို့ပြောရင်း သူသည်လုံရှန့်တုန်းဆီသို့ လမ်းလျှောက်သွားရန် ပြင်ဆင်လိုက်လေသည်။
လုံရှန့်တုန်းမှာ ထိတ်လန့်တကြားဖြင့်ပြန်ထလိုက်ပြီး ကြောက်လန့်တကြားနောက်သို့ ဆုတ်ခွာခဲ့ လေသည်။
လုံရှန့်တုန်းက ဤမျှလောက်အထိထိတ်လန့်နေခြင်းမှာမဆန်းတော့ပေ၊ ရန်ရှောက်ထျန်း၏ လက်သီး ချက်က မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သူကိုယ်တိုင်သာအမှန်တကယ်ခံစားမိခဲ့ခြင်း ဖြစ်လေ သည်။
ရန်ရှောက်ထျန်းသည် လုံရှန့်တုန်းဆီသို့လမ်းလျှောက်သွားစဉ်မှာပင် ရုတ်တရက်ကောင်းကင်ကံ ကြမ္မာ နတ်ဘုရားတောင်၏ပတ်ဝန်းကျင်ရှိ အလွန်တရာပြင်းထန်လှသောတားမြစ်ချက် အရှိန်အဝါများမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာခဲ့ပြီး မှေးမှိန်သွားခဲ့လေသည်။
အားလုံးမှာ မှင်တက်သွားကြပြီးနောက် အကြီးအကျယ်ဝမ်းသာသွားကြတော့သည်။
တပည့်အများအပြားမှာ ကောင်းကင်ကံကြမ္မာ နတ်ဘုရားတောင်ဆီသို့ တိုးဝင်သွားကြလေသည်။
၎င်းကို မြင်သောအခါ ရန်ရှောက်ထျန်းသည် လုံရှန့်တုန်းကိုသတ်ရန် အချိန်မဖြုန်းတော့ပေ။
ဤအချိန်တွင် ကောင်းကင်ကံကြမ္မာ နတ်ဘုရားတောင်၏တားမြစ်ချက်အရှိန်အဝါမှာ မှေးမှိန်နေပြီး တားမြစ်ချက်စွမ်းအားမှာအားနည်းဆုံးဖြစ်နေချိန်ဖြစ်လေသည်၊ ဤအချိန်တွင် တောင်တက်ခြင်းမှာ အကောင်းဆုံးအခွင့်အရေးဖြစ်ပြီး တားမြစ်ချက်စွမ်းအားမှာမကြာမီမူလအခြေအနေသို့ ပြန်လည်ရောက်ရှိ သွားပေလိမ့်မည်။
ရန်ရှောက်ထျန်းနှင့် အခြားသောတပည့်များသည်လည်း ကောင်းကင်ကံကြမ္မာနတ်ဘုရားတောင် ဆီသို့ အပြေးတိုးဝင်သွားကြလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရန်ရှောက်ထျန်းသည်ကောင်းကင်ကံကြမ္မာ နတ်ဘုရားတောင်၏ တားမြစ်ချက်အရှိန်အဝါကိုထိုးဖောက်ပြီး ကောင်းကင်ကံကြမ္မာနတ်ဘုရားတောင်အတွင်းသို့ ဝင်ရောက်ခဲ့ လေသည်။
ချက်ချင်းဆိုသလိုပင် ရန်ရှောက်ထျန်းသည် တောင်ထိပ်ဆီသို့ တိုက်ရိုက်ပျံသန်းသွားခဲ့လေသည်။
ပေတစ်ရာ၊ နှစ်ရာ၊ သုံးရာ။
ပေတစ်ထောင်။
ပို၍ မြင့်မားသောနေရာသို့ရောက်လေလေ တားမြစ်ချက်စွမ်းအားမှာ ပိုမိုပြင်းထန်လာလေလေဖြစ် ပြီး ဧကရာဇ်အဆင့်ဒသမအလွှာရှိ တပည့်အများအပြားမှာပေတစ်ထောင်အမြင့်သို့ ရောက်ရှိသောအခါ သူတို့၏အပေါ်တွင် ရှေးဟောင်းနတ်ဘုရားတောင်ကြီးတစ်လုံးဖိနှိပ်ထားသလိုခံစားရပြီး ဆက်လက်၍မသွား နိုင်တော့ဘဲ ရပ်တန့်ခဲ့ကြရလေသည်။
ထို့ကြောင့် ပေတစ်ထောင်သို့ရောက်ရှိပြီးနောက်တွင် အနည်းငယ်သောတပည့်များသာ ဆက်လက်၍ တက်နိုင်ခဲ့ကြလေသည်။
ပေနှစ်ထောင်သို့ ရောက်ရှိသောအခါတွင်မူ လူအနည်းငယ်သာ ကျန်တော့လေသည်။
ပေသုံးထောင်အမြင့်သို့ရောက်ရှိသောအခါတွင်မူ ကောင်းကင်ပျံဖီးနစ်အမျိုးသမီးတစ်ဦးသာ ကျန်ရှိ တော့လေသည်။
နောက်ဆုံးတွင် ကောင်းကင်ပျံ ဖီးနစ်အမျိုးသမီးသည် ပေသုံးထောင်ကျော်တွင်သာရပ်တန့်ခဲ့ရလေ သည်။
အခြားသူများ အားလုံးရပ်တန့်သွားကြသော်လည်း ရန်ရှောက်ထျန်းမှာမူဆက်လက်၍ တက်နေခဲ့ လေသည်။
မကြာမီမှာပင် သူသည်ပေလေးထောင်ကို ထိုးဖောက်သွားခဲ့လေသည်။
ရန်ရှောက်ထျန်း၏ အရှိန်မှာ လျော့ကျသွားခြင်း မရှိသေးပေ။
“သူက ပေငါးထောင်ကိုများ ထိုးဖောက်သွားမလားမသိဘူး”
ဖီးနစ်မျိုးနွယ်စုမှ ပညာရှင်တစ်ဦးက အံ့အားသင့်စွာအော်ဟစ်လိုက်လေသည်။
လွန်ခဲ့သော နှစ်ပေါင်းသန်းနှင့်ချီအတွင်း ပေငါးထောင်သို့ခုနစ်ဦးသာရောက်ရှိနိုင်ခဲ့ခြင်း ဖြစ်လေ သည်။
တစ်ဦးမှာ ဘိုးဘေးဟုန်ဖုန်းနတ်ဘုရားအရှင်သခင်ဖြစ်ပြီး၊ တစ်ဦးမှာဟွန်ချွမ်ဘိုးဘေး၊ တစ်ဦးမှာ ကျောက်ရုန်နှင့် နောက်တစ်ဦးမှာကျန့်ထျန်းဧကရာဇ်တို့ဖြစ်လေသည်။
ကောင်းကင်ပျံ ဖီးနစ်အမျိုးသမီးသည်လည်းပေငါးထောင်ဆီသို့ဆက်တိုက် တိုးဝင်နေသော ရန်ရှောက်ထျန်းကို မျက်တောင်မခတ်တမ်းကြည့်နေမိသည်။
ရန်ရှောက်ထျန်း ပေငါးထောင်သို့ရောက်နိုင်မလားဆိုသည်ကို သူမလည်းအမှန်တကယ် သိချင်နေ ခြင်း ဖြစ်လေသည်။
“လေးထောင် ရှစ်ရာ”
“လေးထောင် ကိုးရာ”
အားလုံးမှာ အင်မတန်ရင်ခုန်နေကြလေသည်။
ရန်ရှောက်ထျန်း ပေငါးထောင်ကိုထိုးဖောက်သွားသောအခိုက်အတန့်တွင် အားလုံးမှာအံ့အားသင့် သွားကြတော့သည်။
“ပေငါးထောင်”
ယခုမှစ၍ ပေငါးထောင်သို့ ရောက်ရှိသူစာရင်းတွင် နောက်ထပ်တစ်ဦး တိုးလာခဲ့လေပြီ။
“သူ့ရဲ့ အရှိန်ကလျော့မသွားသေးဘူး”
တစ်စုံတစ်ယောက်က ရုတ်တရက်အံ့အားသင့်စွာ အော်ဟစ်လိုက်လေသည်။
အားလုံးမှာ ထိတ်လန့်သွားကြသည်၊ အမှန်တကယ်ပင် ရန်ရှောက်ထျန်းပေငါးထောင်ကို ထိုးဖောက် ပြီးနောက်တွင် သူ၏အရှိန်မှာလျော့ကျမသွားဘဲ ပေခြောက်ထောင်ဆီသို့ ဆက်လက်တိုးဝင်နေခဲ့လေသည်။
“ငါးထောင် ခုနစ်ရာ”
ရန်ရှောက်ထျန်း ငါးထောင်ခုနစ်ရာအမြင့်သို့ ရောက်ရှိသွားသောအခါ အားလုံးမှာနောက်တစ်ကြိမ် အကြီးအကျယ်တုန်လှုပ်သွားကြပြန်သည်။
အဘယ်ကြောင့်ဆိုသော် ဟိုတုန်းကဘိုးဘေးဟုန်ဖုန်းနတ်ဘုရားအရှင်သခင်ပင်လျှင် ငါးထောင် ခုနစ်ရာအမြင့်သို့သာရောက်ရှိခဲ့သောကြောင့် ဖြစ်လေသည်။
၎င်းမှာ သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန်ဖြစ်လေသည်။
ယခုအခါ ဤဟွန်ချွမ်ဘိုးဘေးဆက်ခံသူမှာ ဟိုတုန်းကဘိုးဘေးဟုန်ဖုန်း နတ်ဘုရားအရှင်သခင်၏ အမြင့်သို့ ရောက်ရှိနေပြီဖြစ်လေသည်။
အားလုံး အံ့အားသင့်နေကြစဉ်မှာပင် ရန်ရှောက်ထျန်းသည်ငါးထောင်ခုနစ်ရာအမြင့်ကို အလွယ်တကူ ဖြတ်ကျော်သွားခဲ့ပြီး ပေခြောက်ထောင်ဆီသို့ချဉ်းကပ်သွားခဲ့လေသည်။
“ပေခြောက်ထောင်”
ရန်ရှောက်ထျန်း ပေခြောက်ထောင်သို့ရောက်ရှိသွားသောအခိုက်အတန့်တွင် အားလုံးမှာဆွံ့အသွား ကြတော့သည်။
“ပေခြောက်ထောင်၊ သူကအမှန်တကယ်ပဲ ပေခြောက်ထောင်အထိတက်နိုင်တာပဲ”
ပေခြောက်ထောင်အထိ တက်နိုင်သူသမိုင်းတစ်လျှောက်ပထမဆုံးလူ
အဘယ်ကြောင့်ဆိုသော် ယခင်ကမည်သူမျှပေခြောက်ထောင်သို့ မရောက်နိုင်ခဲ့သောကြောင့်ဖြစ်လေ သည်။
ကောင်းကင်ပျံဖီးနစ်အမျိုးသမီးလည်း ထိတ်လန့်သွားခဲ့လေသည်၊ ဤဟွန်ချွမ်ဘိုးဘေးဆက်ခံသူက အရှင်ကျောက်ရုန်ထက်သာမက ကျန့်ထျန်းဧကရာဇ်၊ ဟွန်ချွမ်ဘိုးဘေးနှင့် ဘိုးဘေးဟုန်ဖုန်းနတ်ဘုရားအရှင် သခင်တို့ထက်ပင် သာလွန်သွားခဲ့သည်တဲ့လား။
“သူ... သူကအပေါ်ကိုဆက်ပြီး တက်နေတုန်းပဲ”
ရန်ရှောက်ထျန်း ပေခြောက်ထောင်ကိုထိုးဖောက်ပြီးနောက်တွင် သူ၏အရှိန်မှာ လျော့ကျမသွားဘဲ ပေခုနစ်ထောင်ဆီသို့ ဆက်လက်တိုးဝင်နေသည်ကို အားလုံးမြင်တွေ့လိုက်ရလေသည်။
“ပေခုနစ်ထောင်”
ရန်ရှောက်ထျန်း ပေခုနစ်ထောင်ကိုထိုးဖောက်သွားသောအခါ အားလုံးမှာပါးစပ်အဟောင်းသား ဖြစ် သွားကြတော့သည်။
သို့သော်လည်း ရန်ရှောက်ထျန်းမှာ အပေါ်သို့ ဆက်လက်တိုးဝင်နေဆဲဖြစ်လေသည်။
“သူက ပေရှစ်ထောင်ကိုများ ထိုးဖောက်သွားမလား မသိဘူး”
တစ်စုံတစ်ယောက်က တုန်ရီသောအသံဖြင့် ပြောလိုက်လေသည်။
***