ချူဖုန်းက မျက်မှောင်ကို ပြင်းပြင်းထန်ထန် ကြုတ်လိုက်သည်။
သူက ဒိုင်လူကြီးနှင့် သိပ်မဝေးလှဘဲ ဆယ်မီတာခန့်သာ ကွာဝေးပြီး ပင်နယ်တီ ဧရိယာထဲသို့ မြင်ရသော အမြင်ထောင့်မှာလည်း အတူတူလောက်ပင် ဖြစ်သည်။
သူ မြင်လိုက်ရသည်မှာ ဒေးဗစ်လူးဝစ်နှင့် စတာလင်း ထိခိုက်မိသွားခြင်းပင်။ ဒေးဗစ်လူးဝစ်က စတာလင်းကို ထိရုံလေး ထိခဲ့သည်မှာ မှန်သော်ငြား ထိတာက ထိတာပင်…။
မန်ယူ ကစားသမားများက ဒိုင်လူကြီးကို ဝိုင်းဝန်း ကန့်ကွက်ကြပြီး မန်စီးတီး ကစားသမားများကမူ ဒိုင်လူကြီးကို ဝိုင်းဝန်း ကာကွယ်ပေးကြလေသည်။
ဒါက သူတို့ အံ့ဖွယ်ဖြစ်ရပ် တစ်ခု ဖန်တီးနိုင်မယ့် နောက်ဆုံး မျှော်လင့်ချက်ပဲလေ... အကယ်၍ သူတို့ ဒီပင်နယ်တီကို ဝင်အောင် သွင်းနိုင်ရင် ချေပဂိုး တစ်ဂိုး ရသွားပြီ။
နာကျင်အချိန်ပိုမှာ နောက်တစ်ဂိုး ထပ်သွင်းနိုင်ရင် ပွဲကို အချိန်ပို အထိ ဆွဲခေါ်သွားနိုင်ပြီ။
အသင်းနှစ်သင်းလုံး အစကနေ ပြန်စရတဲ့ အချိန်ကျရင် ဘယ်သူနိုင်မလဲ ဆိုတာကို ပြောဖို့ ခက်ခဲသွားပါပြီ။
ကွင်းထဲတွင် အကြိတ်အနယ် ငြင်းခုံမှုများ ဖြစ်ပွားနေစဉ် ပွဲကြည့်စင်ပေါ်တွင်လည်း အမြင်အမျိုးမျိုး ကွဲလွဲနေကြလေသည်။
"ပင်နယ်တီလား..."
"ပင်နယ်တီပဲဟေ့"
မန်စီးတီး အမာခံ ပရိသတ်နှင့် ဋီကာဆရာ ဖြစ်သူ ဂျော်ဒီက ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ "ဒေးဗစ်လူးဝစ်က စတာလင်းကို ဖောင်းလုပ်ခဲ့တယ်... ဒါက ပင်နယ်တီ ဆိုတာ သံသယ ဝင်စရာ မလိုပါဘူး"
"မန်စီးတီးကို နှစ်ပေါင်းများစွာ အားပေးလာခဲ့တဲ့ သူတစ်ယောက် အနေနဲ့... မန်စီးတီး ဥရောပရဲ့ ထိပ်တန်း နေရာမှာ ရပ်တည်နိုင်မယ်လို့ ကျွန်တော် အမြဲတမ်း ခိုင်ခိုင်မာမာ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ အနာဂတ်ကို ဆက်ပြီး မျှော်လင့်မနေချင်တော့ဘူး"
"ဒီနေ့ပဲ"
ဂျော်ဒီက ကွင်းဘေးရှိ ချန်ပီယံလိဂ် ဆုဖလားကြီးကို လှမ်းကြည့်လိုက်ပြီး သူ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ အပြည့် ရှိနေသည်။ "ဒီနေ့ ငါတို့ နောက်ကလိုက် အနိုင်ယူပြပြီး အံ့ဖွယ်ဖြစ်ရပ် တစ်ခုကို ဖန်တီးပြမယ်ကွ"
"အားတင်းထားကြ မန်စီးတီး ကောင်လေးတို့ရေ"
ဘေးခန်းရှိ နဗီးလ်နှင့် ကာရေဂါ တို့ကလည်း ပင်နယ်တီ ကိစ္စကို ဆွေးနွေးနေကြသည်။
"ပင်နယ်တီတဲ့လား..."
နဗီးလ်က ဒေါသတကြီးဖြင့် စားပွဲကို ထုကာ ပြောလိုက်သည်။ "ဒီလောက်လေး ထိတာကို ပင်နယ်တီ ပေးရသလား။ စတာလင်းက ဟန်ဆောင် လဲကျတဲ့ သမိုင်းကြောင်း ရှိပြီးသား... ဒိုင်လူကြီးက မန်စီးတီးကို ပင်နယ်တီ ပေးလောက်အောင် မျက်ကန်း ဖြစ်နေမယ့် အစား... စတာလင်းကို အဝါကတ် ပြဖို့ ကျွန်တော် တောင်းဆိုပါတယ်"
"ကျွန်တော်တို့ ခေတ်တုန်းကသာဆိုရင် ဟန်ဆောင် လဲကျရဲတဲ့ ကောင်ဆိုရင် သူ့ကို အတင်း ဆွဲထူပြီး ဘောလုံးကို ဘယ်လို ကစားရမလဲ ဆိုတာ လက်သီးနဲ့ သေချာ သင်ပေးလိုက်ပြီ"
"စတာလင်း အနေနဲ့ ယဉ်ကျေးတဲ့ ဘောလုံးခေတ်မှာ နေရတာကို ကျေးဇူးတင်သင့်တယ်"
နဗီးလ်က ဒေါသ မပြေသေးပုံဖြင့် မိုက်ကရိုဖုန်းကို ဆွဲယူကာ ရူးသွပ်စွာ အော်ဟစ်နေလေသည်။ သို့သော် သူ၏ နောက်ပိုင်း စကားများကတော့ သိသိသာသာ ချဲ့ကားပြောနေခြင်း ဖြစ်ပေသည်။
ဟန်ဆောင် လဲကျခြင်း ဆိုသည်မှာ ပြစ်ဒဏ်ဘော ရှာရန် နည်းလမ်းတစ်ခု ဖြစ်သောကြောင့် အမြဲတမ်း တည်ရှိနေမည်သာ ဖြစ်သည်။
လူတွေက အမြဲတမ်း ဖြတ်လမ်းက သွားရတာကို ပိုသဘောကျကြတယ်လေ။
ခရစ္စတီယာနို ရော်နယ်ဒို ပင်လျှင် ဟန်ဆောင် လဲကျခြင်းကို အလွန် စွဲလမ်းခဲ့ဖူးပြီး ဖာဂူဆန်၏ ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းမှုကို ခံရပြီးမှသာ သူ၏ စွမ်းရည်များ တိုးတက်လာစေရန် အာရုံစိုက်လာခဲ့ခြင်း ဖြစ်သည်။
ကာရေဂါက ဝမ်းသာအားရဖြင့် ဝင်ပြောလိုက်သည်။ "ကျွန်တော်တို့ ခေတ်တုန်းကလည်း ဒီလို အခြေအနေမျိုးက ပင်နယ်တီပဲ ပေးမှာပါ။ အဓိပ္ပာယ် မရှိတဲ့ ရုန်းကန်မှုတွေကို အရှုံးပေးလိုက်ပါတော့ဗျာ"
"ဗီဒီယို အကူဒိုင်က ဘာလုပ်နေတာလဲ။ ဒီဆုံးဖြတ်ချက်အတွက် VAR ကြားဝင် စွက်ဖက်ပေးဖို့ ကျွန်တော် တောင်းဆိုပါတယ်"
နဗီးလ်၏ အသံက ဒိုင်လူကြီး၏ နားထဲသို့ ရောက်သွား၍လားတော့ မသိပေ။
ဒိုင်လူကြီးက သူ၏ နားကြပ်ကို ဖိထားရင်း ခေါင်းဆက်တိုက် ညိတ်ပြလိုက်ပြီးနောက် VAR စစ်ဆေးမည်ဟု လက်ဟန်ပြကာ ကွင်းဘေးရှိ တီဗီ ဖန်သားပြင် အသေးလေးဆီသို့ အပြေးအလွှား သွားလိုက်လေသည်။
"တကယ်ကြီး ပင်နယ်တီ ဖြစ်သွားနိုင်သလား..."
ဒေးဗစ်လူးဝစ်မှာ မျက်နှာ ဖြူရော်နေပြီး အသံများပင် တုန်ယင်နေလေသည်။
"ပင်နယ်တီ ဖြစ်တော့ရော ဘာဖြစ်လဲ..."
ချူဖုန်းက အားလုံးကို နှစ်သိမ့်လိုက်သည်။ "ပင်နယ်တီ ဝင်သွားရင်တောင် ငါတို့က ၂-၁ နဲ့ ဦးဆောင်နေတုန်းပဲလေ... ပွဲပြီးရင်လည်း ငါတို့ပဲ ချန်ပီယံ ဖြစ်မှာပါ..."
သို့သော် ဒေးဗစ်လူးဝစ်မှာ အနည်းငယ် ကြောက်လန့်နေဆဲပင်။ "သူတို့သာ ၁၉၉၉ ခုနှစ်တုန်းက မန်ယူလိုမျိုး များဆိုရင်…"
"ဒေးဗစ်"
ချူဖုန်း၏ လေသံက ရုတ်တရက် လေးနက်သွားသည်။ "ခင်ဗျားက အဆိုးဆုံး အခြေအနေကို တွေးနေရင် အဲဒီအတိုင်းပဲ ဖြစ်လာတတ်တယ်..."
"ခင်ဗျား ဆက်ပြီး မတောင့်ခံနိုင်တော့ဘူးလို့ ထင်ရင် အခုချက်ချင်း ဘော့စ်ကို လူစားလဲပေးဖို့ တောင်းဆိုလို့ ရတယ်..."
"ဒါပေမဲ့ ခင်ဗျား အဲဒီလို လုပ်ခဲ့ရင် ခင်ဗျားက သတ္တိကြောင်တဲ့ လူပဲ ဆိုတာကိုတော့ ခင်ဗျား သိထားသင့်တယ်"
ချူဖုန်းက လုံးဝ ညှာတာမှု မရှိဘဲ ပြတ်ပြတ်သားသား ပြောလိုက်သည်။ အကယ်၍ တကယ်ပင် ပင်နယ်တီ ဖြစ်သွားခဲ့လျှင် ဒေးဗစ်လူးဝစ်၏ စကားများက အသင်း၏ စိတ်ဓာတ်ကို သေချာပေါက် ထိခိုက်စေလိမ့်မည်။
ပွဲ၏ နောက်ဆုံး အချိန်ပိုင်းလေးများတွင် စိတ်ဓာတ်ပိုင်းဆိုင်ရာက မည်မျှ လွှမ်းမိုးမှု ရှိသလဲ ဆိုသည်ကို သူ အလွန် ကောင်းကောင်း သိထားလေသည်။ ပြီးခဲ့သည့် ရာသီက ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် မန်ယူတို့သည် စိတ်ဓာတ်ကို အားကိုးကာ ရီးရဲလ်မက်ဒရစ် အသင်းကြီးကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့သည် မဟုတ်ပါလား…။
မန်စီးတီးတို့ရော အဲဒီလို လုပ်နိုင်မလား။
ချူဖုန်းကတော့ လုံးဝ မယုံကြည်ပေ။
မက်ဂွိုင်းယား၏ လည်စိက လှုပ်ရှားသွားပြီး သူက အတင်း ပြုံးကာ ပြောလိုက်သည်။ "ကိစ္စ မရှိပါဘူးကွာ... အရင်တုန်းက ငါ ခဏခဏ ပင်နယ်တီ ပေးရဖူးတယ်။ ဒါပေမဲ့ အမြဲတမ်း ငါတို့ပဲ နိုင်တာပါပဲ..."
"ဒါ့အပြင် ဒေးဗစ်ကို မင်းတို့ ယုံကြည်ရမယ်။ သူက ကာကွယ်တဲ့ နေရာမှာ တကယ် တော်တယ်"
"ပြီးခဲ့တဲ့ ရာသီတုန်းက ရီးရဲလ်မက်ဒရစ်ရဲ့ ပင်နယ်တီကို သူ ကယ်တင်နိုင်ခဲ့လို့သာ မန်ယူ ချန်ပီယံဆု ရခဲ့တာလေ... ပွဲကို အချိန်ပိုအထိ ဆွဲခေါ်သွားရရင်တောင်မှ…"
မက်ဂွိုင်းယား စကားမဆုံးခင်မှာပင် ဒီဂီယာက ရက်စက်စွာ ဖြတ်ပြောလိုက်သည်။ "ပွဲက မကြာခင် ပြီးတော့မှာပဲ... အများကြီး တွေးမနေနဲ့... ကိုယ့်အလုပ် ကိုယ်လုပ်ကြ"
"ဟုတ်တယ်... ကိုယ့်အလုပ် ကိုယ်လုပ်ကြ..." ချူဖုန်းက ခေါင်းညိတ်လိုက်သည်။
ဒိုင်လူကြီးက တီဗီ ဖန်သားပြင် အသေးလေးကို ကြည့်ရှုပြီးနောက်...
မရေမတွက်နိုင်သော လူများ၏ စိုးရိမ်တကြီး စောင့်ကြည့်နေသော အကြည့်များ ကြားတွင် သူက ပင်နယ်တီ အမှတ်ဆီသို့ နောက်တစ်ကြိမ် လက်ညှိုး ထိုးပြလိုက်လေသည်။
ဝိုး...
ကွင်းထဲရှိ မန်စီးတီး ပရိသတ်များမှာ ရူးသွပ်စွာ အောင်ပွဲခံ အော်ဟစ်လိုက်ကြပြီး အချို့က အပြာရောင် မီးရှူးမီးပန်းများကိုပင် ဖောက်လိုက်ကြသည်။
ဒီလိုအချိန်မျိုးမှာ ပင်နယ်တီ ရတာက အံ့ဖွယ်ဖြစ်ရပ် တစ်ခုရဲ့ အစပျိုးမှု မကြာခဏ ဖြစ်လေ့ရှိပါတယ်။ သူတို့ကတော့ အံ့ဖွယ်ဖြစ်ရပ် တစ်ခုကို မျက်မြင်ကိုယ်တွေ့ ကြုံရတော့မယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်နေကြပါတယ်။
စတာလင်းက ဘောလုံးကို အဂူရိုထံ ကမ်းပေးလိုက်သည်။ "ဆာဂျီယို... ငါတို့ရဲ့ မျှော်လင့်ချက်တွေ အားလုံး မင်းအပေါ်မှာပဲ မူတည်နေပြီ။ မင်း သွင်းကို သွင်းရမယ်"
အဂူရိုက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး ဘာမှ ပြန်မပြောခဲ့ချေ။
အသင်းတစ်သင်းလုံး၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် ပင်နယ်တီ ကန်ချက်။
သူ့အပေါ် ကျရောက်နေသော ဖိအားများက မုန်တိုင်းကြီး တစ်ခုအလား လွှမ်းမိုးလာပြီး သူ့ကို အသက်ရှူကျပ်မတတ် ဖြစ်စေသည်ဟု သူ ခံစားလိုက်ရသည်။
သို့သော် အာဂျင်တီးနား ကစားသမားများ ဆိုသည်မှာ အမြဲတမ်း ပွဲကြီးပွဲကောင်းများတွင် ခြေစွမ်းပြနိုင်သူများ ဖြစ်ကြသည်။
သူက ဘောလုံးကို ပင်နယ်တီ အမှတ်ပေါ်တွင် ချလိုက်ပြီး နောက်သို့ ခြေငါးလှမ်း ဖြည်းဖြည်းချင်း ဆုတ်လိုက်သည်။
ဒီဂီယာက အဂူရို၏ ခန္ဓာကိုယ် ဗဟိုချက်ကို မျက်ခြည်မပြတ် စောင့်ကြည့်နေပြီး ဂိုးစည်း တစ်လျှောက် ညင်သာစွာ ခုန်ပေါက်နေကာ အချိန်မရွေး ဘေးတစ်ဖက်ဖက်သို့ ဒိုင်ဗင်ထိုး ကာကွယ်ရန် အသင့်ပြင်ထားလိုက်သည်။
အလယ်ကို ပြန်ပြီး ရွေးချယ်ဖို့ကရော။
သူ့မှာ အဲဒီလောက် ရဲတင်းတဲ့ သတ္တိ မရှိပါဘူး။
တီ… တီ…
စူးရှသော ခရာသံက အားလုံး၏ အာရုံကြောများကို တုန်လှုပ်သွားစေသည်။ သူတို့က အဂူရို၏ ပြေးလမ်းကြောင်း၊ လက်လွှဲမှု၊ ခြေထောက် ကန်ထုတ်မှုနှင့် ဂိုးအလယ်ဗဟိုဆီသို့ ပျံသန်းလာသော ဘောလုံးတို့ကို စူးစူးရဲရဲ ကြည့်နေကြလေသည်
၂ : ၁
ကမ္ဘာတစ်ဝှမ်းရှိ မန်စီးတီး ပရိသတ်များမှာ အလွန်အမင်း စိတ်လှုပ်ရှားလွန်းသဖြင့် စကားပင် မပြောနိုင်တော့ချေ။ အဂူရိုက ဂိုးပေါက်ထဲသို့ အမြန် ပြေးဝင်သွားပြီး ဘောလုံးကို ကောက်ယူကာ ကွင်းလယ်စက်ဝိုင်းဆီသို့ အပြေးအလွှား သွားလိုက်သည်။
"ငါတို့ သရေကျအောင် လုပ်နိုင်တယ် ငါတို့ သရေကျအောင် လုပ်နိုင်တယ်ဟေ့"
အဂူရိုက သူ၏ အသင်းဖော်များကို ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ဤအခိုက်အတန့်တွင် သူသည် "၉၂ မိနစ် ၃၀ စက္ကန့်" အံ့ဖွယ်ဖြစ်ရပ်၏ အရသာကို ခံစားလိုက်ရပြီး မန်စီးတီးတို့ နောက်ထပ် အံ့ဖွယ်ဖြစ်ရပ် တစ်ခုကို ထပ်မံ ဖန်တီးနိုင်လိမ့်မည်ဟု သူ ခံစားနေရသည်။
ဒီဂီယာက သူ့ကိုယ်သူ အပြစ်တင်သည့် စကားတစ်ခွန်း ပြောရန် ပြင်လိုက်စဉ် ချူဖုန်းက ဖြတ်ပြောလိုက်သည်။ "အားလုံး မျက်နှာသေတွေနဲ့ မနေကြစမ်းပါနဲ့... ငါတို့ ပွဲရှုံးသွားလို့လား..."
"မနှစ်က အခက်ခဲဆုံး ရာသီတုန်းကတောင် ငါတို့ ဒီလိုမျိုး မခံစားခဲ့ရဘူးလေ။ အခု ငါတို့က ဦးဆောင်နေတာကို ဘာလို့ စိတ်ဓာတ်ကျနေကြတာလဲ..."
"မန်ယူ ဂျာစီကို ဝတ်ဆင်ထားပြီ ဆိုကတည်းက အရာရာကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားရမယ်။ ဘောလုံးကွင်းထဲမှာ ဘာမဆို ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ အဲဒါက သေချာပေါက် ဖြစ်လာမယ်လို့ ဆိုလိုတာ မဟုတ်ဘူး"
"အရင်တုန်းကလိုပဲ... မန်စီးတီးရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးပစ်လိုက်ကြစို့"
ချူဖုန်း၏ အသံက မန်ယူ ကစားသမားတိုင်း၏ နားထဲသို့ ရောက်ရှိသွားလေသည်။
"ချကြဟေ့"
မန်ယူ ကစားသမားများက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး "ချကြဟေ့" ဟု အသံကုန် ဟိန်းဟောက်လိုက်ကြသည်။
ယခင်က VAR ကြားဝင် စွက်ဖက်မှုကြောင့် အချိန်အနည်းငယ် ကုန်ဆုံးသွားခဲ့သည်။
ပွဲက နာကျင်အချိန်ပိုသို့ ရောက်ရှိလာခဲ့ပြီ။ နာကျင်အချိန်ပို… ၆ မိနစ်။
***