နာကျင်အချိန်ပို နောက်ဆုံး တစ်မိနစ်သာ ကျန်ရှိတော့ချိန်တွင်...
မော်ရင်ညို လုံးဝ ထိုင်မနေနိုင်တော့ချေ။ သူက စတုတ္ထ ဒိုင်လူကြီးထံသို့ ပြေးသွားပြီး ဘာစကားမှ မပြောဘဲ သူ၏ နာရီကိုသာ လက်ညှိုး ထိုးပြလိုက်သည်။
ဆိုလိုရင်းက ရှင်းနေပါတယ်။
နာကျင်အချိန်ပို ပြီးသွားပြီလေ... ဘာလို့ ပွဲမသိမ်းသေးတာလဲ။
ဂွါဒီယိုလာက တစ်ဖက်တွင် ရပ်နေသည်။
"ခုနက လက်ပစ်ဘော နှစ်ခါ ပစ်တုန်းက အချိန်တွေ၊ မန်ယူ ဂိုးသမား အချိန်ဆွဲတာတွေနဲ့ အသေဘော ကန်တုန်းက လူတံတိုင်း ကာတဲ့ အချိန်တွေကို ကျွန်တော်တို့ အစားထိုး ပြန်ပေးရမယ်"
"ကျွန်တော် အကြမ်းဖျင်း တွက်ကြည့်လိုက်တာ ၂ မိနစ်နဲ့ ၁၃ စက္ကန့် ပိုကြာလိမ့်မယ်"
ဂွါဒီယိုလာက တိကျသော ကိန်းဂဏန်း အချက်အလက်များကို ပေးလိုက်သည်။
စတုတ္ထ ဒိုင်လူကြီး: "..."
ကမ္ဘာ့အဆင့်မီ နည်းပြကြီး နှစ်ယောက်... ခင်ဗျားတို့မှာ ဒိုင်လူကြီးကို အခက်တွေ့အောင် လုပ်နိုင်စွမ်း ရှိတယ်ဆိုရင်... ကျွန်တော့်ကို လာပြီး အခက်တွေ့အောင် လုပ်နေတာက ဘာအဓိပ္ပာယ် ရှိလို့လဲဗျာ။
ခရာမှုတ်တဲ့သူက ကျွန်တော်မှ မဟုတ်တာ။
ကွင်းထဲရှိ ပရိသတ်များမှာ နာရီလက်တံ တောက်တောက် မြည်သံများကို ကြားနေရသကဲ့သို့ပင်။
လေထုက တဖြည်းဖြည်း လေးလံလာသည်။
နောက်ဆုံး အခိုက်အတန့်များတွင် ဘာဆက်ဖြစ်မည် ဆိုသည်ကို မည်သူကမျှ မသိနိုင်ကြချေ။
"စတုန်းစ်က ဘေးစည်း တစ်လျှောက် မျှောထိုး ပေးပို့မှု တစ်ခု လုပ်လိုက်ပါတယ်"
"အင်အား ပမာဏက ကွက်တိပါပဲ"
"ဘာနာဒို…"
ဘာနာဒို ဆေးလ်ဗားက သူ့ရှေ့ရှိ ဘောလုံးကို ကျွမ်းကျင်စွာ ထိန်းချုပ်လိုက်ပြီး ချက်ချင်းပင် အမြန် စည်းချက် ပြောင်းလဲမှု တစ်ခုကို အသုံးပြုကာ လုခ်ရှောကို အပြင်ဘက်မှ ကျော်ဖြတ်ရန် အခွင့်အရေး ရှာလိုက်သည်။
လုခ်ရှောက အံကြိတ်ကာ သူ့နောက်မှ လိုက်သွားလေသည်။ သူ၏ ဒူးတွင် မသက်မသာ ဖြစ်မှုများကို ခံစားနေရသော်လည်း အရှိန်ကို မလျှော့ချခဲ့ချေ။
အခု သူ့ခေါင်းထဲမှာ အတွေးတစ်ခုတည်းပဲ ရှိတယ်။ ဘာနာဒို ဆေးလ်ဗားကို လုံးဝ အကျော်ခံလို့ မဖြစ်ဘူး။
သို့သော် ခြေထောက်ကျိုးခဲ့သည့် ဒဏ်ရာ၏ သက်ရောက်မှုက အလွန် ကြီးမားလွန်းလှရာ ဘာနာဒို ဆေးလ်ဗားကို သူ တားဆီးနိုင်ခြင်း မရှိခဲ့ချေ။
ဝှစ်…
ဘောလုံးက လူတစ်ဝက်ခန့် အမြင့်မှနေ၍ ပင်နယ်တီ ဧရိယာ၏ ဂိုးတိုင် အနီးဘက်ဆီသို့ ပျံသန်းသွားလေသည်။ အဂူရိုက ရုတ်တရက် အရှိန်တင်ကာ ပေါက်ကွဲထွက်လာသည်။
သို့သော်လည်း...
သူ့ရှေ့တွင် တံတိုင်းကြီး တစ်ခု ပေါ်လာသည်။ သေချာ ကြည့်လိုက်သောအခါ မက်ဂွိုင်းယား ဖြစ်နေလေသည်။
'ငါ အတင်း တိုးဝင်မယ်'
အဂူရို အစွမ်းကုန် ကြိုးစားခဲ့သော်လည်း မက်ဂွိုင်းယားကို လုံးဝ မရွှေ့နိုင်ခဲ့ချေ။
မန်ယူ ပရိသတ်များမှာ ချက်ချင်းပင် အလွန်အမင်း စိုးရိမ်ထိတ်လန့် သွားကြလေသည်။
'ကျေးဇူးပြုပြီး ရောဂါဟောင်း ပြန်မထပါနဲ့'
မက်ဂွိုင်းယားမှာ အဂူရိုနှင့် တွေ့သော်ငြား တည်ငြိမ်နေဆဲပင် ဖြစ်ပြီး ဘောလုံးကို ထိန်းချုပ်ရန် မကြိုးစားဘဲ ကွင်းပြင်သို့သာ ပြတ်ပြတ်သားသား ကန်ထုတ်လိုက်လေသည်။
"ဟူး"
ထိုအခါမှ မန်ယူအသင်း တစ်သင်းလုံး သက်ပြင်းချလိုက်နိုင်ကြသည်။
"ပွဲမပြီးသေးဘူးနော်။ မန်စီးတီးတို့ ညာဘက်ကနေ ထောင့်ကန်ဘော ရသွားပါတယ်"
"အခွင့်အရေး ရှိသေးတယ်ဟေ့"
ကွန်ပနီက သူ့ကိုယ်သူရော မန်စီးတီး ပရိသတ်များကိုပါ နှစ်သိမ့်လိုက်သည်။
အီဒါဆန်က အမြန် ပြေးလာပြီး မန်ယူ ပင်နယ်တီ ဧရိယာထဲသို့ တိုးဝင်လာသည်။
သေချာ ကြည့်လိုက်ပါလျှင်…
ပင်နယ်တီ ဧရိယာထဲတွင် မန်စီးတီး ကစားသမား ရှစ်ယောက် ရှိနေလေသည်။
မန်ယူ ကစားသမားများ အနေဖြင့်မူ ကစားသမား တစ်ယောက် အပို လိုအပ်ပြီး မန်စီးတီး ကစားသမားများ ဒုတိယအကြိမ် အခွင့်အရေး ရကာ ပြန်ထွက်လာသော ဘောလုံးများကို ကန်သွင်းခြင်းမှ တားဆီးရန် အပြင်ဘက်တွင် တစ်ယောက် နေခဲ့ရမည် ဖြစ်သည်။
ဒီဘရိုင်းက အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူလိုက်ပြီး လက်ချောင်း သုံးချောင်းကို ထောင်ပြလိုက်သည်။
တတိယမြောက် နည်းဗျူဟာ…
ဘောလုံးက အပြင်ဘက်သို့ ကွေးထွက်သွားပြီး ပင်နယ်တီ အမှတ်ဆီသို့ ပျံသန်းသွားလေသည်။
တစ်ချိန်တည်းမှာပင် အဂူရို ကဲ့သို့သော လျင်မြန် သွက်လက်သည့် ကစားသမားများက ရူးသွပ်စွာ ဟိုဒီ ပြေးလွှားနေကြပြီး မန်ယူ၏ လူကပ် ခံစစ် ကစားကွက်ကို နှောင့်ယှက်နေကြသည်။
ဖာနန်ဒင်ဟို၊ ကွန်ပနီ၊ အော်တာမန်ဒီနှင့် စတုန်းစ်တို့ကဲ့သို့ အရပ်ရှည်သော ကစားသမားများက ပင်နယ်တီ ဧရိယာ အစွန်းမှနေ၍ တိုက်ခိုက်လာကြသည်။
သို့သော် အလုပ်မဖြစ်ခဲ့ချေ။
တစ်စုံတစ်ယောက်က ဘောလုံး ကျမည့်နေရာကို သူတို့ထက် ပိုမြန်အောင် ခန့်မှန်းနိုင်ခဲ့ပြီး ထိုလူက သူတို့ထက် အများကြီး ပိုမြင့်အောင် ခုန်နိုင်ခဲ့သည်။ ထိုလူသည်ကား ချူဖုန်းပင်…။
စတုန်းစ်က လေထဲရှိ ချူဖုန်းကို ငေးကြည့်နေမိသည်။ ထိုခဏ၌ သူက ဆဲဆိုချင်စိတ်ပင် ပေါက်လာသည်။
ငါ့ထက် စင်တီမီတာ ၂၀ လောက် အရပ်ပိုရှည်တဲ့ လူဆီကနေ ငါ ဘယ်လိုလုပ် လုယူရမှာလဲ။
စတာလင်းမှာ အနည်းငယ် အံ့ဩသွားသည်။ ချူဖုန်း၏ အရိပ်က သူ့အပေါ်သို့ ကြီးစိုးလာသဖြင့် သူ့ခမျာ ကွင်းကြီး တစ်ခုလုံး ခေတ္တမျှ မီးပျက်သွားသလား ဟုပင် တွေးမိသွား၏။
မန်စီးတီး ကစားသမားများ၏ တွေးခေါ်နိုင်စွမ်းမှာ လျင်မြန်စွာ ပြောင်းလဲနိုင်စွမ်း ရှိကြသည်။
ပြန်ကျဘောလုံးကို လုယူရမယ်။
"ဘောလုံး ဘယ်ကျမလဲ ဆိုတာကို သေချာ ကြည့်ထား"
ကွန်ပနီက သူ့အနောက်မှနေ၍ ဟိန်းဟောက်လိုက်သည်။ မီးမောင်းများ ထိုးထားသည့် အောက်တွင် ချူဖုန်းက ဘောလုံးကို ခေါင်းတိုက် ရှင်းထုတ်လိုက်ပြီး ဘောလုံးမှာ လွတ်နေသော ဟာရဲရားဆီသို့ ပျံသန်းသွားလေသည်။
ချူဖုန်းသည် ခေါင်းတိုက်ဘော လမ်းကြောင်းကို ထိန်းချုပ်ရာတွင် ကျွမ်းကျင်သူ ဖြစ်ရာ အန်ဒါ ဟာရဲရားဆီ ဘောလုံးကို ကွက်တိကျအောင် တိုက်ချပေးခဲ့ခြင်း ဖြစ်ပေသည်။
ချက်ချင်းပင်...
အပြင်ဘက်တွင် ဘောလုံးကို လက်ခံရယူရန် စောင့်ဆိုင်းနေသော ဟာရဲရားမှာ ဒီဘရိုင်းနှင့် ဂန်ဒိုဂန်တို့၏ ဝိုင်းရံခြင်းကို ခံလိုက်ရလေသည်။
ဒီဘောလုံးကို ရအောင် လုရမယ်။
သူတို့၏ မျက်လုံးများတွင် ပြတ်သားသော စိတ်ပိုင်းဖြတ်မှုများ အပြည့် ရှိနေသည်။
ဟာရဲရားမှာ အကြောင်းပြချက် မရှိဘဲ ရုတ်တရက် ထိတ်လန့်သွားရသည်။ ဒိုင်လူကြီးက ဘာလို့ ခရာ မမှုတ်သေးတာလဲ။
ယုတ္တိဗေဒ အရ ဆိုလျှင် နာကျင်အချိန်ပိုလည်း ကုန်ဆုံးသွားပြီ ဖြစ်သလို ဒုတိယအကြိမ် တိုက်စစ်လည်း မရှိတော့သဖြင့် ခရာမှုတ်သင့်နေပြီ မဟုတ်ပါလား…။
ရုတ်တရက်...
"အန်ဒါ…”
ဟာရဲရားက ရင်းနှီးနေသော အသံကို ကြားလိုက်ရပြီး မသိစိတ်အရ အလိုအလျောက် ဘောလုံးကို ထိုနေရာဆီသို့ ပေးပို့လိုက်သည်။ ဘာတွေ ဖြစ်နေသလဲ ဆိုတာကို သဘောပေါက်သွားချိန်တွင် သူ မော့ကြည့်လိုက်သည်။
အို... ချူဖုန်းက ဘောလုံး လက်ခံဖို့ ညာဘက်ခြမ်းကို ပြေးသွားတာပဲ။ အသင်းခေါင်းဆောင်လေးက အယုံကြည်ရဆုံး ပါပဲလား…။
ချူဖုန်းက လိမ့်လာသော ဘောလုံးကို ကြည့်လိုက်ပြီးနောက် အဝေးရှိ ဂိုးပေါက်ကို လှမ်းကြည့်လိုက်သည်။
ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ ဂိုးပေါက်ကို ကန်လိုက်လို့ ဘာမှ နစ်နာသွားမှာမှ မဟုတ်တာ။
ထိုသို့ တွေးလိုက်ရင်း သူက တတ်နိုင်သမျှ သက်တောင့်သက်သာ အရှိဆုံးနှင့် အလှပဆုံး ကန်သွင်းမည့် ကိုယ်ဟန်အနေအထားကို ယူလိုက်သည်။
ကွင်းဘေးတွင်...
ဂွါဒီယိုလာက သူ၏ ခေါင်းကို ထပ်မံ အုပ်ကိုင်လိုက်ပြန်သည်။
မော်ရင်ညိုက ခေါင်းပြူထွက်လာသည်။
ချူဖုန်းက သူ၏ စပရိန်ကဲ့သို့ ကန်ထွက်နိုင်သော ခြေထောက်များဆီသို့ အင်အား အားလုံးကို စုစည်းလိုက်ပြီးနောက် သူ့ရှေ့ရှိ ဘောလုံးဆီသို့ အားလုံးကို လွှဲပြောင်းပေးလိုက်သည်။
ဘုန်း…
နားကွဲမတတ် ပေါက်ကွဲသံကြီး တစ်ခုနှင့်အတူ...
ဘောလုံးမှာ မြေပြင်မှ ပျံတက်သွားလေသည်။ နောက်ကျကျန်ရစ်နေသော ကိုင်လီ ဝေါ်ကာက အမြန် ပြေးလိုက်လာသည်။
သူက လေထက်တောင် အများကြီး ပိုမြန်တယ်လို့ ခံစားနေရသော်ငြား သူနှင့် ဘောလုံးကြားက အကွာအဝေးကတော့ အချိန်ကြာသည်နှင့်အမျှ ပိုဝေးလာလေလေပင်…။
ဝမ်ဒါ မက်ထရိုပိုလီတာနို ကွင်းကြီး၏ မီးမောင်းများ အောက်တွင်...
ဘောလုံးက တိတ်ဆိတ်နေသော အိုင်ဘေးရီးယား ကျွန်းဆွယ်ကို ဖြတ်သန်း ပျံသန်းသွားသည့် ကြယ်တံခွန် တစ်စင်းအလား ပင်နယ်တီ ဧရိယာရှေ့တွင် ကျသွားသည်... ပြန်ခုန်တက်လာသည်... ထပ်ကျသည်... ထပ်ခုန်တက်လာသည်။
ထို့နောက် ဂိုးပေါက်ထဲကို တည့်တည့် ဝင်သွားလေသည်။
၃ : ၁
မန်စီးတီး၏ နောက်ဆုံး မျှော်လင့်ချက်လေး လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပြီး နောက်ကလိုက် အနိုင်ယူနိုင်မည့် အခွင့်အရေးလည်း လုံးဝ မရှိတော့ချေ။
ကွင်းကြီးထဲတွင် မန်ယူ ပရိသတ်များ၏ အားပေးသံများသာ ကျန်ရှိနေတော့သည်။
နောက်ဆုံးတွင်...
မန်စီးတီးတို့ အရှုံးမပေးလိုသေးဘဲ ပွဲစတင် ကန်ထုတ်လိုက်သော်လည်း ဒိုင်လူကြီးက ချက်ချင်းပင် ခရာမှုတ်လိုက်လေသည်။
တီ… တီ… တီ…
ဤသို့ဖြင့် ၂၀၁၈-၁၉ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဗိုလ်လုပွဲကြီး ပြီးဆုံးသွားခဲ့လေပြီ။