" အစ်ကိုယီတောင်း... ကျွန်မတို့ နေရာတွေက ဒီမှာပါ... "
အခမ်းအနား ကျင်းပမည့် နေရာသို့ ဝင်ရောက်လာပြီးနောက် ပျားမလေးက အစ်ကိုယီတောင်းနှင့် အခြားသူများကို ရှေ့တန်းရှိ ထိုင်ခုံများဆီသို့ ခေါ်ဆောင်သွားလေသည်။
တကယ်တမ်းတွင် ပျားမလေးက လီယီတောင်း ရုပ်ရှင် ပွဲတော်သို့ တက်ရောက်မည်ဟု ပြောလိုက်ချိန်တွင် နောက်ကွယ်မှ ပံ့ပိုးသူ တစ်ဦးမှာ ချက်ချင်း စိတ်လှုပ်ရှားသွားခဲ့လေသည်။
ထိုမျှမကသေးဘဲ လီယီတောင်း အတွက် အထူး သီးသန့် VIP နေရာ တစ်နေရာ စီစဉ်ပေးရန်ပင် ဆုံးဖြတ်လိုက်ကြ၏။
အကြောင်းရင်းမှာ ရိုးရှင်းလှပေသည်။ ဤရုပ်ရှင် ပွဲတော်၏ ပွဲစီစဉ်သူများထဲမှ တစ်ဦးမှာ အစ်ကိုယီတောင်း၏ အမာခံ ပရိသတ် တစ်ဦး ဖြစ်နေသောကြောင့်ပင်။
အတိအကျ ဆိုရပါက အစ်ကိုယီတောင်း၏ လျှို့ဝှက်ဆန်းကြယ်ပြီး ကြိုတင် ခန့်မှန်းမရနိုင်သော စွမ်းရည်များကို သူတို့ စွဲလမ်းနေကြသည်ဟု ဆိုနိုင်ပေသည်။
ထိပ်တန်း သူဌေးကြီးများ အနေဖြင့် သူတို့ အဓိက အာရုံစိုက်သည်မှာ ငွေမည်မျှ ထပ်ရှာနိုင်မည်၊ သို့မဟုတ် သူတို့၏ အဆင့်အတန်းကို မည်မျှ ကြာကြာ ထိန်းသိမ်းထားနိုင်မည် ဆိုသည်များ မဟုတ်တော့ပေ။ သူတို့၏ အဓိကနှင့် တစ်ခုတည်းသော အာရုံစိုက်မှုမှာ သူတို့ မည်မျှ ကြာကြာ အသက်ရှင်နိုင်မည်နည်း ဆိုသည်သာ။
ပို၍ တိတိကျကျ ဆိုရလျှင် သူတို့၏ သက်တမ်းကို မည်မျှ ကြာကြာ ထပ်မံ တိုးမြှင့်နိုင်မည်နည်း ဆိုသည်ပင်။
သူတို့၏ ခန္ဓာကိုယ်များက ကုသ၍ မရနိုင်သော ရောဂါများနှင့် ရင်ဆိုင်လာရချိန်တွင် သူတို့ကို ကယ်တင်နိုင်မည့်သူ တစ်ဦးကို သဘာဝကျကျ လိုအပ်လာလေသည်။
သာမန် မဟုတ်သော နည်းလမ်းများကို အသုံးပြု၍ သူတို့ကို ကုသပေးနိုင်မည့်သူ တစ်ဦးပင်။
ထို့ကြောင့် အစ်ကိုယီတောင်း ဆိုသည်မှာ...
တကယ့်ကို သြဇာအာဏာ ကြီးမားတဲ့ အရင်းအနှီးရှင် တချို့ရဲ့ မျက်စိထဲမှာတော့ သူက ထိပ်တန်း အဆင့် VIP စာရင်းထဲမှာ ပါနေတာ ကြာပြီလေ...။
ထို့ကြောင့် အစ်ကိုယီတောင်း ရုပ်ရှင် ပွဲတော်သို့ မမျှော်လင့်ဘဲ တက်ရောက်မည်ဟု သိလိုက်ရချိန်တွင် သူတို့၏ သိတတ်မှုကို ဖော်ပြရန် ပထမဆုံး အခွင့်အရေး မဟုတ်ပါလား။
ဤသို့သော အခြေအနေမျိုး အောက်တွင် လီယီတောင်း အတွက် သီးသန့် VIP နေရာ တစ်ခု စီစဉ်ပေးခြင်းမှာ သဘာဝပင်။
သို့သော် ပျားမလေးက အစ်ကိုယီတောင်း ကိုယ်စား ထိုကမ်းလှမ်းချက်ကို ချက်ချင်း လက်မခံခဲ့ပေ။ သူမက အစ်ကိုယီတောင်းကို ဆက်သွယ်ပြီး သူ၏ သဘောထားကို တောင်းခံခဲ့လေသည်။
နောက်ဆုံး ရလဒ်ကိုတော့ ခန့်မှန်းရ လွယ်ကူလှပေသည်။
လီယီတောင်း သဘောမတူခဲ့ပေ။ လူအများကြားတွင် ထိုမျှလောက်အထိ ပေါ်ပေါ်ထင်ထင် ဖြစ်နေရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် နောက်ဆုံးတွင် သူက သိပ်မရှေ့ကျလွန်း၊ သိပ်လည်း မနောက်ကျလွန်းသော နေရာကိုသာ ရွေးချယ်လိုက်လေသည်။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ပွဲစတင်မည့် အချိန်သို့ ရောက်ရှိလာ၏။
နာမည်ကြီး အနုပညာရှင် ဧည့်သည်တော်များ အားကစားရုံသို့ ရောက်ရှိလာကြလေသည်။
ကော်ဇောနီ လျှောက်ခြင်း စတင်ပြီ ဖြစ်၏။
ကင်မရာ မီးရောင်များ တဖျပ်ဖျပ် လက်နေပြီး ပရိသတ်များကလည်း သြဘာပေး အော်ဟစ်နေကြသည်။
ကော်ဇောနီ လျှောက်ပြီးနောက် နာမည်ကြီး အနုပညာရှင် ဧည့်သည်တော်များက စကားပြောဆို ရယ်မောရင်း အခမ်းအနား ကျင်းပမည့် နေရာသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်လာကြလေသည်။
ဤအချိန်တွင် ပျားမလေး လည်း သဘာဝကျကျပင် ကော်ဇောနီ လျှောက်ခဲ့ပြီး သူမနှင့်အတူ အချစ်ဆုံး သူငယ်ချင်းလည်း ဖြစ်၊ အတော်ဆုံး ဝန်ထမ်းလည်း ဖြစ်သူက အတူ လိုက်ပါလာခဲ့၏။
ဆွဲဆောင်မှု ရှိသော အလှလေး ရီတာပင်။
သူမက ပျားမလေး၏ လက်မောင်းကို ချိတ်ကာ စကား အမျှင်မပြတ်ပြောနေလေသည်။
" မမ... မမ တကယ်ပဲ အစ်ကိုယီတောင်း ဆီ သွားခဲ့တာလား... မမကို Follow လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သူ ဘာပြောလဲဟင်... ဒီကိစ္စ ပြေလည်နိုင်ပါ့မလား... "
ရီတာ တစ်ယောက် တကယ်ကို စိုးရိမ်နေလေသည်။
အစကတော့ သူမ ကိုယ်တိုင် ကျန်းမြို့သို့ သွားရန် စီစဉ်ထားခဲ့ခြင်း ဖြစ်၏။
ပွဲတစ်ခုကြောင့် ပျားမလေးက ကျန်းမြို့သို့ တိုက်ဆိုင်စွာ ရောက်ရှိနေခဲ့သည်။
ထို့ကြောင့် သူမက အစ်ကိုယီတောင်းထံ တိုက်ရိုက် သွားရောက်ခဲ့ခြင်း ဖြစ်၏။
သို့သော် ရီတာ၏ အမေးများကို ကြားသောအခါ ပျားမလေး၏ စိတ်အခြေအနေက သိပ်မကောင်းလှပေ။
သူမက စိတ်မပါ့တပါဖြင့်သာ ပြန်ဖြေနေလေသည်။
လူအများအပြားက ရီတာ နှင့် ပျားမလေး တို့ကို နှုတ်ဆက်ကြ၏။
သူတို့ နှစ်ယောက်စလုံးက ယဉ်ကျေးစွာ ပြန်လည် နှုတ်ဆက်ပြီး ဆက်လက် လျှောက်လှမ်းခဲ့ကြသည်။
တကယ်တမ်းတွင် ပျားမလေးက ကော်ဇောနီ လျှောက်ရန် မရည်ရွယ်ခဲ့ပေ။
သို့သော် သူမ၏ နာမည်ကျော်ကြားမှု အရ ကော်ဇောနီ မလျှောက်ရန် ဆိုသည်မှာ လက်တွေ့ မကျလှပေ။ ထို့ကြောင့် နောက်ဆုံးတွင် သူမက အစ်ကိုယီတောင်းနှင့် အခြားသူများကို အရင် နေရာယူခိုင်းထားရလေသည်။
ကော်ဇောနီ လျှောက်ပြီးနောက် ကျန်ရှိသော လုပ်ငန်းစဉ်များမှာ သူတို့၏ အဆင့်အတန်း အသီးသီးအလိုက် နေရာယူရန် ဖြစ်၏။
" မမ... သွားရအောင်... ကျွန်မတို့ နေရာသွားထိုင်ကြမယ်... ခဏနေရင် လူကျပ်လာလိမ့်မယ်... "
ပျားမလေး ခေါင်းညိတ်လိုက်သည်။
သို့သော် သူတို့ အစ်ကိုယီတောင်း ရှိရာ အနီးသို့ ရောက်လာသောအခါ ပျားမလေးက သူ့ထံသို့ တည့်တည့်မတ်မတ် လျှောက်သွားလေသည်။
ရီတာ ဇဝေဇဝါ ဖြစ်သွား၏။
" မမ... ကျွန်မတို့ နေရာက အရှေ့မှာလေ... ဒီမှာ မဟုတ်ဘူး... "
မှန်ပေသည်။ ပျားမလေးနှင့် သူမ၏ အဖွဲ့ အဆင့်အတန်း အရ ဤနေရာတွင် ထိုင်၍ မရပေ။
ထိုနေရာမှာ ယေဘုယျအားဖြင့် ထိပ်တန်း နိုင်ငံတော် အဆင့် သရုပ်ဆောင်များအတွက် သီးသန့် ဖယ်ထားခြင်း ဖြစ်၏။
ဒါပေမဲ့...
အစ်ကိုယီတောင်း က ဒီမှာ ရှိနေတာကိုး...။
ဒါကြောင့် သဘာဝကျကျပဲ ပျားမလေး နဲ့ သူ့အဖွဲ့လည်း ဒီကို ရောက်လာတာပေါ့...။
" အို... နင် နင့်နေရာကို အရင်သွားနှင့်လိုက်... ငါ အစ်ကိုယီတောင်း နဲ့ အတူတူ ထိုင်လိုက်မယ်... "
" ဟင်... "
ရီတာ ခဏတာ မှင်သက်သွားလေသည်။
ထို့နောက် ပျားမလေး ဦးတည်သွားနေသော နေရာကို သူမ လှမ်းကြည့်လိုက်၏။
ထင်တဲ့အတိုင်းပဲ...
အစ်ကိုယီတောင်း က အဲဒီမှာ ထိုင်နေတာပဲ...။
သူမ ပျားမလေးကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
နာမည်ကြီး အနုပညာရှင် ဧည့်သည်တော်များ အသီးသီး နေရာယူပြီးနောက် ပွဲကြီးက စတင်လေတော့သည်။ တကယ်တမ်းတွင် အစီအစဉ်များက သိပ်ပြီး ထူးခြားမှု မရှိလှပေ။ ရိုးရိုးသားသား ဆိုရလျှင် ပွဲ၏ အစီအစဉ်များမှာ အထူးတလည် ပြောစရာ မရှိပေ။
၎င်းက အခြေခံအားဖြင့် ငွေရှင်ကြေးရှင်များ၏ အောင်ပွဲခံ ပွဲတစ်ခုသာ ဖြစ်၏။
ဖျော်ဖြေတင်ဆက်မှုများ ဆက်တိုက် ပြသနေပြီး အချို့က ပျော်ရွှင်နေကြကာ အချို့ကတော့ စိုးရိမ်နေကြလေသည်။ တစ်ချိန်တည်းမှာပင် ရုပ်ရှင် ပွဲတော် ဆုပေးပွဲ အခမ်းအနား တစ်ခုလုံးကို အင်တာနက်ပေါ်တွင် တစ်ပြိုင်နက်တည်း တိုက်ရိုက် လွှင့်ထုတ်နေ၏။
ပွဲ၏ ကြီးကျယ်ခမ်းနားမှုကြောင့် အာရုံစိုက်မှု အတော်လေး ခံရပေသည်။ ထို့ကြောင့် ပရိသတ်များက ပွဲကျင်းပရာ နေရာသို့ ကိုယ်တိုင် လာရောက်ရန် မလိုဘဲ ပွဲ၏ ခမ်းနားမှုကို မျက်မြင်ကိုယ်တွေ့ ခံစားနိုင်ကြခြင်း ဖြစ်၏။
ပွဲ၏ တရားဝင် Live ထဲတွင် comment များက အဆက်မပြတ်၊ တရစပ်။
" ဟားဟား... အရမ်း ချောတာပဲ... ငါ့ရဲ့ မစ္စတာဝူ က အစီအစဉ် တင်ဆက်သူကို ဖြုတ်လိုက်ပြီ... အခု သူတို့ စကားတောင် မပြောနိုင်တော့ဘူး... "
" ယွဲ့ ကို ကြည့်ပါဦး... အိုး... မဟုတ်ဘူး... ငါ ရယ်ရလွန်းလို့ ဗိုက်တွေတောင် နာနေပြီ... "
" တကယ်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ... ဟားဟား... ဒီနာမည်ကြီးတွေရဲ့ ဖျော်ဖြေမှုတွေက နှစ်တိုင်း ငါ အကြိုက်ဆုံးပဲ... "
" နေပါဦး... ငါ့ရဲ့ ပျားမလေး ကော... သူ ဘာလို့ ထွက်မလာသေးတာလဲ... "
မကြာမီ ည ၉ နာရီ ထိုးသွားလေပြီ။
ည ၈ နာရီ ပွဲစတင်ကတည်းက ယခုအချိန်အထိ ပျားမလေး၏ မျက်လုံးများထဲတွင် တိတ်ဆိတ်မှုများ ပြည့်နှက်နေပြီး စိတ်ပျံ့လွင့်နေသည့် အမူအရာ ရှိနေလေသည်။
သူမ အကြည့်များမှာ အာရုံများစွာ လွင့်ပါးနေ၏။
တစ်ခါတစ်ရံ စိုးရိမ်နေပုံ ရပြီး တစ်ခါတစ်ရံ အာရုံများနေပုံ ရလေသည်။
ကျိုးရှုရီနှင့် အခြားသူများ သူမကို စကားပြောသည့်တိုင် သူမ သိပ်မတုံ့ပြန်ခဲ့ပေ။
သူမ ဘေးရှိ ကျိုးရှုရီနှင့် အခြားသူများလည်း အနည်းငယ် စိတ်လွင့်နေပုံ ရ၏။
ဤအချိန်အတွင်း ပျားမလေး က အစ်ကိုယီတောင်းကို အကြိမ်များစွာ စကားပြောချင်ခဲ့လေသည်။ သို့သော် အကြိမ်တိုင်း လျှာဖျားရောက်နေသော စကားများကို သူမ ပြန်မျိုချလိုက်မိ၏။
အန္တရာယ် တစ်ခုခု ရှိလာနိုင်မလား ဆိုသည်ကို သူမ မေးချင်နေခဲ့ခြင်ပင်။
ဒီရုပ်ရှင် ပွဲတော်မှာ အန္တရာယ်ရဲ့ အရင်းအမြစ်က ဘာလဲ ဆိုတာကို သူမ သိချင်နေခဲ့တာလေ...။
အဲဒီနောက် ချက်ချင်းဆိုသလိုပဲ... ပရဟိတ အလှူငွေတွေကို ကြေညာမယ့် အချိန် ရောက်လာပါပြီ...။
တကယ်တော့ ဒီအစီအစဉ်က အပို ထည့်ထားတာပါ...။
အလှူငွေများ အားလုံးကို ဆင်းရဲနွမ်းပါးသော တောင်ပေါ်ဒေသများရှိ သက်ကြီးရွယ်အိုများနှင့် မိဘမဲ့ ကလေးငယ်များကို ကူညီရန် အသုံးပြုမည် ဖြစ်၏။
ဤအစီအစဉ်တွင် အနုပညာရှင်များ၏ မျက်နှာကို ထောက်ထား၍ သူတို့၏ အလှူငွေ ပမာဏကို ကြေညာမည် မဟုတ်ပေ။
သို့သော် အဆင့် သတ်မှတ်ချက်ကိုတော့ ကြေညာမည် ဖြစ်၏။
" ကဲ... ဒီနေ့အတွက် ကျွန်တော်တို့ ပွဲရဲ့ နောက်ဆုံး အစီအစဉ်ကို ရောက်လာပါပြီ... ဒီတစ်ကြိမ် လှူဒါန်းထားတဲ့ အလှူငွေတွေကို ကြည့်လိုက်ကြရအောင်ဗျာ... "
အစီအစဉ် တင်ဆက်သူက စင်မြင့်ပေါ်မှ အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။
ထို့နောက် စခရင်ကြီးပေါ်တွင် အရှည်ကြီး ဖြစ်နေသော အဆင့် သတ်မှတ်ချက် စာရင်း တစ်ခု ပေါ်လာ၏။
လီယီတောင်းကို အံ့အားသင့်သွားစေသည်မှာ စာရင်း၏ ပထမဆုံး နေရာတွင် ရှိနေသူမှာ တခြားသူ မဟုတ်၊ ပျားမလေး ဖြစ်နေခြင်းပင်။
လီယီတောင်းက သူ့ဘေးရှိ ပျားမလေး ကို အနည်းငယ် အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်လေသည်။
ဒီလို ပွဲမျိုးမှာ ထိပ်ဆုံး နေရာကို ရောက်ဖို့ ဆိုတာ မမျှော်လင့်ထားတဲ့ ကိစ္စလေ...။
အလှူငွေ ပမာဏက အများကြီး ဖြစ်ရမယ် ဆိုတာ အားလုံး သိကြတယ် မဟုတ်လား...။
သူ့ဘေးရှိ ကျိုးရှုရီကလည်း တအံ့တဩဖြင့်... " ပျားမလေး... တကယ်ပဲ ယွမ် သန်း ၅၀ လှူလိုက်တာလား... "
ပျားမလေး ခဏတာ မှင်သက်သွားပြီးနောက် ညင်သာစွာ ခေါင်းညိတ်လိုက်၏။
ဤအချိန်တွင် လီယီတောင်း အံ့အားမသင့်ဘဲ မနေနိုင်တော့ပေ။
ဒီအနုပညာရှင်တွေ တကယ်ကို ပိုက်ဆံ ပေါတာပဲ...။
သန်း ၅၀ တောင်...။
ဒီလို လွယ်လွယ်လေး လှူလိုက်တာပဲလား...။
ပျားမလေး၏ တကယ့် ပိုင်ဆိုင်မှုက အဲဒီလောက် မများပါဘူး...။
ဘီလီယံနဲ့ချီတဲ့ ပိုင်ဆိုင်မှု ရှိတယ် ဆိုပေမဲ့ အများစုက မရွှေ့ပြောင်းနိုင်တဲ့ ပိုင်ဆိုင်မှုတွေထဲမှာ မြှုပ်နှံထားတာလေ...။
ယခုတစ်ကြိမ် ယွမ် သန်း ၅၀ လှူဒါန်းလိုက်ခြင်းဖြင့် ပျားမလေးက သူမ၏ ကြွယ်ဝချမ်းသာမှု အများအပြားကို ထုတ်သုံးလိုက်ခြင်း ဖြစ်ပေမည်။
" တစ်ခါတည်း သန်း ၅၀ လှူတာ... မဆိုးဘူးပဲ... "
လီယီတောင်းက ခပ်ပေါ့ပေါ့ ပြောလိုက်လေသည်။
ပျားမလေး၏ မျက်လုံးများ ပြူးကျယ်သွားပြီး... " ကျွန်မ... ကျွန်မ နည်းနည်းလောက် ကူညီချင်ရုံပါ... " ဟု အလျင်အမြန် ပြန်ဖြေလိုက်၏။
ဤအချိန်တွင် မိမိအသံတို့ မသိမသာ တုန်ယင်နေသည်ကို ပျားမလေး သတိမပြုမိပေ။
လီယီတောင်း ခေါင်းညိတ်ပြလိုက်သည်။
ထိုအချိန်မှာပင် သူမက ပထမ နေရာတွင် ရှိနေသဖြင့် Live ကင်မရာများက သူတို့ ရှိရာ နေရာသို့ အချိန်ကိုက် ချိန်ရွယ်လာလေသည်။
ရုတ်တရက် Live ထဲရှိ comment များ ပေါက်ကွဲသွားတော့၏။
" နေပါဦး... အဲဒါ ငါ့ရဲ့ ပျားမလေး မဟုတ်ဘူးလား... ဘာလို့ သူ့ဘေးက လူနဲ့ အဲဒီလောက် ရင်းနှီးနေပုံ ပေါက်နေရတာလဲ... "
" ဟင်... တကယ်ပဲ အဲဒီလို ပုံပေါက်နေတယ်... ဖက်ခ်... ဒီလူက ဘယ်သူလဲ... "
" ဟုတ်တယ်... သူတို့ အတူတူ ထိုင်နေတာ ကြည့်ပါဦး... တအား ရင်းနှီးနေတာပဲ... ဒီမှာ သတင်းကြီး တစ်ခုခုတော့ သေချာပေါက် ရှိရမယ်... "
" ဘာ... အချိန်အတော်ကြာ အပျိုစင်လေးလို နေလာတဲ့ ငါ့ရဲ့ ပျားမလေးမှာ အခု ဆိုင်သူရှိသွားပြီလား... "
" မဖြစ်နိုင်တာ... ကြည့်ပါဦး... ပျားမလေး ဘေးက လူက ရင်းနှီးနေသလိုပဲနော်... "
" ရင်းနှီးတယ် ဟုတ်လား... အိုး ရှစ်... ဒါ... ဒါက... "
" လခွမ်း... ဒါ အစ်ကိုယီတောင်း မဟုတ်ဘူးလား... "
" တကယ်ကြီး အစ်ကိုယီတောင်း ပဲဟေ့... "
" ပျားမလေး နဲ့ အစ်ကိုယီတောင်း ကြားက အခြေအနေ... ငါ့ခေါင်းတွေ နည်းနည်း မူးလာပြီ... "
" မဖြစ်နိုင်ဘူး... ဘာတွေ ဖြစ်နေတာလဲ... ရုပ်ရှင် ပွဲတော်မှာ ပြဿနာ ရှိနိုင်တယ်လို့ အစ်ကိုယီတောင်း အရိပ်အမြွက် ပေးခဲ့တာ မဟုတ်ဘူးလား... ဘာလို့ သူ ကိုယ်တိုင် အဲဒီကို သွားရတာလဲ... "
" အစ်ကိုယီတောင်း... ဘာတွေ လုပ်နေတာလဲဗျာ... "
" ခန့်မှန်းကြည့်ကြ... အစ်ကိုယီတောင်းက အခင်းဖြစ်ပွားရာ နေရာမှာ ဘာလုပ်နေတာလဲ... ပျားမလေး နဲ့ ပတ်သက်တဲ့ ကိစ္စ တစ်ခုခုကြောင့်များလား... "
" မင်းတို့ ဘာတွေ ပြောနေကြတာလဲ... ဆိုလိုတာက... ဒီရုပ်ရှင် ပွဲတော်မှာ တကယ်ပဲ ပြဿနာ ရှိနေလို့လား... "
" တအား စိတ်လှုပ်ရှားဖို့ ကောင်းနေပြီ... ငါ မျှော်လင့်နေပြီ... "
" Live ကနေ လာမယ့် ရလဒ်တွေကို စောင့်နေတယ်... "
" ဒါနဲ့ စကားမစပ်... အစ်ကိုယီတောင်းက အန္တရာယ် ရှိမှန်း သိရက်နဲ့ ရုပ်ရှင် ပွဲတော်ကို ဘာလို့ သွားတာလဲ... ဖြစ်နိုင်တာက... တကယ်ပဲ ပျားမလေး ကြောင့်လား... "
" တကယ်လို့ အဲဒီလိုသာ ဆိုရင်... အစ်ကိုယီတောင်း နဲ့ ပျားမလေး တို့က... ဟာ... သောက်ကျိုးနည်းဟေ... "
" မဖြစ်နိုင်ပါဘူး... ငါတို့ရဲ့ ကျိုးရှုရီ ကကော ဘယ်လို လုပ်မလဲ... "
" ပြီးတော့ ငါ့ရဲ့ အလှလေး ကကော... "
" ပြီးတော့... "
" ပျားမလေးရဲ့ တိတ်တိတ်ပုန်း အမျိုးသားက တကယ်တော့ အစ်ကိုယီတောင်း ဖြစ်နေတာပဲ... "