သတင်းထူး… ရုပ်ရှင် ပွဲတော်၌ လျှို့ဝှက်ဆန်းကြယ်သော ပေါက်ကွဲရေး ပစ္စည်း တွေ့ရှိ….။
ပေါက်ကွဲရေး ပစ္စည်း ထူးဆန်းစွာ ပေါ်ပေါက်လာမှု…။
ပျားမလေး၏ အံ့မခန်း လုပ်ရပ်…။
အစ်ကိုယီတောင်း ဟောကိန်း မှန်ကန်သွားပြီ! ဖျော်ဖြေရေး လောက တစ်ခုလုံးကို ကယ်တင်လိုက်ပြီ။
ပျားမလေးနှင့် အစ်ကိုယီတောင်း ကြားက ပြောမပြရသေးတဲ့ လျှို့ဝှက်ချက်။
နောက်တစ်နေ့တွင် အင်တာနက်ပေါ်၌ သတင်းများ အလျှံပယ် တက်လာတော့သည်။
ဤသို့သော သတင်းများကို ကြည့်ရင်း လူတိုင်း လုံးဝ မှင်သက်သွားကြလေသည်။
မနေ့ကတင် အစ်ကိုယီတောင်း ချဲ့ကား ပြောဆိုနေသည်ဟု တချို့က ထင်နေခဲ့ကြသေး၏။
ဘာပဲဖြစ်ဖြစ်... မနေ့က တစ်နေကုန် ဘာအန္တရာယ်မှ မရှိခဲ့ဘူးလေ...။
သို့သော် လူတိုင်းကို အံ့အားသင့်သွားစေသည်မှာ နောက်တစ်နေ့ နံနက်စောစောတွင် အဓိက သတင်းဌာန အမျိုးမျိုးက သတင်းအချက်အလက်များ ထုတ်ပြန်လာခြင်းပင်။
တရားဝင် အကောင့် အများအပြားကပင် အစစ်အမှန် အချက်အလက်များကို ထုတ်ဖော်ပြသလာကြလေသည်။
ရုပ်ရှင် ပွဲတော် ကျင်းပသည့်နေ့က ကားပါကင်တွင် ပေါက်ကွဲရေး ပစ္စည်းများ အပြည့် တင်ဆောင်ထားသော လုပ်ငန်းသုံး ကားတစ်စီး ရှိနေခဲ့ပေသည်။
ထို့ပြင် ရုတ်တရက် နှလုံးရပ်သွားသော ယာဉ်မောင်း တစ်ဦးလည်း ရှိနေခဲ့သေးသည်။ ထိုယာဉ်မောင်းမှာ ပေါက်ကွဲရေး ပစ္စည်းများကို ဖောက်ခွဲရန် အသင့်ဖြစ်နေခဲ့သည်ဟု ဆိုကြလေသည်။
လူတိုင်းကို သေတွင်းထဲ အတူတူ ခေါ်သွားမည့် အသေခံ နည်းလမ်း တစ်ခုပင်။
သို့သော် နောက်ဆုံး အချိန်လေးမှာ သူ ရုတ်တရက် နှလုံးရပ်သွားခဲ့လေသည်။
ဤအချက်ကြောင့် ရုပ်ရှင် ပွဲတော်ရှိ လူတိုင်း သေဘေးမှ လွတ်ကင်းသွားခဲ့ကြခြင်း ဖြစ်၏။
" လခွမ်း... ငါ တကယ် လန့်သေတော့မလို့... မနေ့က ငါ ပွဲကျင်းပတဲ့ နေရာ အပြင်ဘက်မှာ ရှိနေခဲ့တာ... တကယ်လို့ ပေါက်ကွဲသွားခဲ့ရင်... "
" ဖက်ခ်... အနုပညာရှင်တွေကို အနီးကပ် မြင်ရအောင်လို့ တစ်လကတည်းက ပွဲကျင်းပတဲ့ နေရာမှာ သန့်ရှင်းရေး အလုပ် လျှောက်ထားခဲ့တာ... လန့်လွန်းလို့ သေတော့မလို့ပဲ... "
" တအားကို လန့်စရာ ကောင်းတာပဲ... ဗုံးတွေ အပြည့် တင်ထားတဲ့ ကားလို့ ပြောကြတယ်... အဲဒီကား အထဲကို ဘယ်လို ဝင်လာလဲ ဆိုတာကို ငါ တကယ် သိချင်တယ်... "
" ဟုတ်တယ်... လုံခြုံရေးက အလကားပဲလား... ဗုံးတွေ အပြည့် တင်ထားတဲ့ ကားတစ်စီးက မြေအောက် ကားပါကင်ထဲကို ဝင်လာတာလား... ဒါ ဟာသ လုပ်နေတာလား... "
" ဟီးဟီး... ဘယ်လို ဝင်လာလဲ ဆိုတာထက်... ဒီဗုံးတွေ အပြည့် တင်ထားတဲ့ ကားကြီးက ဘယ်က ရောက်လာတာလဲ ဆိုတာကို ငါ ပိုသိချင်တယ်... "
" မှန်တယ်... ဒီဗုံးတွေ ဘယ်လို ရောက်လာတာလဲ... ဒီနေ့ ရုပ်ရှင် ပွဲတော်မှာ ဗုံးတွေ အပြည့် တင်ထားတဲ့ ကားတစ်စီး ရောက်နေတာ... မနက်ဖြန် ဘယ်နေရာမှာ အန္တရာယ် ရှိလာဦးမလဲ ဆိုတာ ဘယ်သူ သိနိုင်မှာလဲ... "
" လူတွေတော့ ထိတ်လန့်ကုန်ကြပြီ... "
" ဒါနဲ့ စကားမစပ်... ဒီတစ်ခေါက် ဗုံးပါတာကို ပျားမလေးက ဘယ်လို လုပ်သိတာလဲ... "
" ပျားမလေးက အဲဒီလို ပြောလိုက်တာလား... ငါ မသိလိုက်ဘူး... "
" မင်း Live မကြည့်ဘူးလား... အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ယူနေတုန်း ဗုံးပါတယ်လို့ သူ အော်လိုက်တာလေ... အစ်ကိုယီတောင်း ကျေးဇူးကြောင့်ပေါ့... "
" ငါ ကြည့်တယ်... ငါ ကြည့်တယ်... အဲဒီတုန်းက ပျားမလေး မျက်နှာ ဘာလို့ အဲဒီလောက် ဖြူရော်နေတာလဲ ဆိုတာကို ငါ ဇဝေဇဝါ ဖြစ်နေခဲ့တာ... အခုတော့ အရာအားလုံး ရှင်းသွားပြီ... "
" တကယ်ကို ကြောက်စရာ ကောင်းတာပဲ... အစ်ကိုယီတောင်းက အမိုက်စားပဲ... "
" ဟုတ်တယ်... အစ်ကိုယီတောင်းက ရေလည်မိုက်တယ်... ပြီးခဲ့တဲ့ ရှော့ပင်းမောလ် ကိစ္စတုန်းကလိုပဲ... ဒီတစ်ခေါက်လည်း သူ လူအများကြီးကို ကယ်တင်လိုက်ပြန်ပြီ... "
" မဟုတ်ဘူး... အစ်ကိုယီတောင်းက ဒီနိုင်ငံရဲ့ ဖျော်ဖြေရေး လောက တစ်ခုလုံးကို ကယ်တင်လိုက်တာလို့ ပြောရမှာ... "
" လခွမ်း... သေချာ စဉ်းစားကြည့်တော့လည်း ဟုတ်နေတာပဲ... "
" ငါတို့ ဘာများ ထပ်ပြောနိုင်ဦးမှာလဲ... အစ်ကိုယီတောင်း သောက်ရမ်းမိုက်တယ်... "
" ဟုတ်တယ်... "
" အမိုက်စားပဲ... "
တစ်ချိန်တည်းမှာပင် မြို့တော်ရှိ အဆင့်မြင့် လူနေအိမ်ရာ တစ်ခုတွင် တိန့်ချောင် တစ်ယောက် ဆိုဖာပေါ်၌ ထိုင်ရင်း ဖုန်းထဲမှ မက်ဆေ့ချ်များကို ကြည့်နေလေသည်။ သူ၏ မျက်နှာထားက တင်းမာနေ၏။
သူ့ဘေးတွင် ထိုင်နေသော ဆွန်လီ၏ မျက်နှာ အမူအရာကလည်း ထိုနည်းတူပင်။ သူမက တိန့်ချောင် လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်လေသည်။
သူတို့ နှစ်ယောက်လုံးက ပွဲကျင်းပရာ နေရာတွင် ရှိနေခဲ့ကြသည်ကို သတိပြုရန် လိုအပ်ပေသည်။
ပျားမလေး ၏ သတိပေးချက်သာ မရှိခဲ့လျှင် သူတို့ အနေဖြင့် အလွန် ဆိုးရွားသော အကျိုးဆက်များနှင့် ရင်ဆိုင်ခဲ့ရနိုင်လေသည်။
ဖြစ်လာနိုင်မည့် အကျိုးဆက်များကို တွေးကြည့်ရုံနှင့်တင် သူတို့ ကျောရိုးတစ်လျှောက် ကြက်သီးဖြန်းကနဲ ထသွားရ၏။
ပျားမလေးက ဗုံးပါသည်ဟု ကြေညာလိုက်ချိန်တွင် သူတို့နှင့် အခြားသူများ အားလုံးက ခဏတာ မှင်သက်သွားပြီးနောက် ရယ်မောလိုက်မိကြသည်။
သူတို့တင် မကပေ။ ထိုနေရာတွင် ရှိနေသူ အားလုံးက ၎င်းကို ပျားမလေး၏ နောက်ပြောင်မှု တစ်ခု အဖြစ်သာ ယူဆခဲ့ကြ၏။
သို့သော် ပျားမလေးက အစွန်းရောက်သည့် လုပ်ရပ် တစ်ခုကို လုပ်ဆောင်ခြင်းဖြင့် လူတိုင်း ယုံကြည်လာအောင် လုပ်နိုင်ခဲ့လေသည်။
သူမက ဆုကို မြေပြင်ပေါ်သို့ အားကုန် ပေါက်ခွဲလိုက်၍ ပရိသတ်များ အံ့အားသင့်သွားကြလေသည်။ ပျားမလေးက သူမ၏ သတိပေးချက်ကို ထပ်ခါတလဲလဲ အော်ပြောနေခဲ့၏။
" ဒီမှာ ဗုံး ရှိတယ်... ပြေးကြ... "
ထိုအခိုက်အတန့်တွင် လူတိုင်းက သူမ၏ လုပ်ရပ်များကြောင့် မှင်သက်သွားကြသော်လည်း အခြေအနေကို နားမလည်ကြသေးပေ။
ဘာပဲဖြစ်ဖြစ်... ဒီလို နေရာမျိုးမှာ ဗုံးရှိနိုင်တယ် ဆိုတာကို ဘယ်သူက ယုံမှာလဲ...။
ဒါက ကမ္ဘာပေါ်မှာ အလုံခြုံဆုံး နိုင်ငံလေ...။ ဗုံးဆိုတာ ဝေလာဝေး... သေနတ် တစ်လက်တောင် ဒီနေရာ ရောက်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပဲ...။ ဒါ ယုံနိုင်စရာ မရှိဘူးလေ...။
သို့သော် ပရိသတ်များ၏ တုံ့ပြန်မှု မရှိသည်ကို မြင်သောအခါ ပျားမလေး လုံးဝ အသည်းအသန် ဖြစ်သွားတော့၏။ သူမက အနီးနားရှိ နောက်ထပ် မိုက်ကရိုဖုန်း တစ်လုံးကို ကောက်ယူကာ သူမ နောက်ကွယ်ရှိ စခရင် အကြီးကြီးဆီသို့ ပစ်ပေါက်လိုက်လေသည်။
မိုက်ကရိုဖုန်း တစ်လုံးမှာ တော်တော်လေး အလေးချိန် ရှိပြီး မာကျောမှုလည်း ရှိသည် မဟုတ်ပါလား။ ထိုသို့သော အခြေအနေမျိုးတွင် စခရင် တစ်ခုလုံး ချက်ချင်း အက်ကွဲသွားလေသည်။ အပိုင်းပိုင်း မကွဲသွားသော်လည်း စခရင်ပေါ်ရှိ ပုံရိပ်ကတော့ သေချာပေါက် ပျက်စီးသွားခဲ့ပြီ ဖြစ်၏။
" ဒီမှာ ဗုံး ရှိတယ်... ပေါက်ကွဲတော့မယ်... ပြေးကြတော့... "
၎င်းမှာ ပျားမလေး၏ တတိယမြောက် အစွမ်းကုန် အော်ဟစ်မှုပင်။ သူမ၏ သိက္ခာကိုပင် မငဲ့ကွက်နိုင်တော့ပေ။
ဤအချိန်ရောက်မှသာ ပွဲကျင်းပရာ နေရာ တစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်သွားတော့၏။ ပျားမလေး ကဲ့သို့သော လူမျိုးက ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ ဤကဲ့သို့သော နောက်ပြောင်မှုမျိုးကို ဘယ်တော့မှ လုပ်မည် မဟုတ်ကြောင်း လူတိုင်း သိကြလေသည်။
တကယ်ကြီး ဗုံးရှိနေတာပဲ...။
ပျားမလေးက ငါတို့ အားလုံးကို တကယ် ကယ်တင်ခဲ့တာပဲ...။
ပျားမလေးသာ မပြောခဲ့ရင်…။
ငါတို့ လှောင်ပြောင်နေပေမယ့် သူ ဆက်ပြောခဲ့လို့ပေါ့…။
အရာအားလုံးကို လျစ်လျူရှုထားတဲ့ သူမရဲ့ ရူးသွပ်မှုသာ မရှိခဲ့ရင်...။
တစ်ချိန်တည်းမှာပင် တိန့်ချောင်၏ အိမ်တွင် ဖြစ်ပျက်ခဲ့သလို အလားတူ အခြေအနေမျိုး မရေမတွက်နိုင်သော မိသားစုများတွင် ဖြစ်ပွားနေလေသည်။ ပွဲကျင်းပရာ နေရာတွင် ရှိနေခဲ့သူ တိုင်း၏ ကျောရိုးတစ်လျှောက် ကြက်သီးဖြန်းကနဲ ထသွားကြ၏။တင်စားပြီး ပြောရလျှင် သူတို့က သေမင်းနှင့် ပခုံးချင်း ပွတ်တိုက်သွားခဲ့ကြခြင်းပင်။
မဟုတ်ဘူး... အဲဒါက မတိကျဘူး...။
ဒီလို ပြောရမယ်...။
သေမင်းက သူတို့ကို သေဘေးကနေ လွတ်မြောက်အောင် ကူညီပေးခဲ့တာ...။