သို့သော်လည်း တစ်ကြိမ်လဲကျတိုင်း မုန့်ဝမ်၏ ရင်ထဲမှ တိုက်ခိုက်လိုစိတ် အရှိန်အဝါမှာ ပိုမို တောက်လောင်လာခဲ့သည်။ သူမသည် သွားကို တင်းတင်းကြိတ်ကာ အနိုင်ရလိုစိတ် ပြင်းပြနေခဲ့သည်။
မရေမတွက်နိုင်သော အရိုက်အနှက်များကို ခံယူပြီးနောက် လေ့ကျင့်ရေးကွင်းတစ်ခုလုံးမှာ ပျက်စီးယိုယွင်းနေပြီ ဖြစ်သည်။
မုန့်ဝမ်သည် သူမ၏ ခိုင်မာသော စိတ်ဓာတ်နှင့် မယိုင်လဲသော ဇွဲလုံ့လတို့ကြောင့် ‘ဝိညာဉ်ပြောင်းလဲခြင်းအဆင့်’ ၏ ဖိအားအောက်တွင် ‘သွေးရိပ်ခြေလှမ်း’ ၏ စစ်မှန်သော အဓိပ္ပာယ်ကို တဖြည်းဖြည်း နားလည်လာခဲ့သည်။
အစပိုင်းတွင် ဗရုတ်သုတ်ခ ဖြစ်နေခဲ့သော်လည်း နောက်ပိုင်းတွင် စည်းချက်ကို တဖြည်းဖြည်း ကျွမ်းကျင်လာရာ သူမ၏ လှုပ်ရှားမှုများမှာ အစကဲ့သို့ အမှားအယွင်း မရှိတော့ပေ။
တိုက်ခိုက်ခံရသည့် အကြိမ်ရေ နည်းပါးလာပြီး ဒဏ်ရာရရှိမှုလည်း လျော့နည်းလာခဲ့သည်။
မုန့်ဝမ်၏ တိုးတက်မှုကို ကိုယ်တိုင်မြင်တွေ့နေရသောကြောင့် အမြဲတမ်း တည်တံ့နေသည့် ‘ဝိညာဉ်ပြောင်းလဲခြင်းအဆင့်’ ကျင့်ကြံသူပင်လျှင် အံ့ဩသွားရသည်။
နောက်ဆုံးတွင် မုန့်ဝမ် ‘သွေးရိပ်ခြေလှမ်း’ ကို အသုံးပြုလိုက်သောအခါ တစ်ဖက်မှ ကျင့်ကြံသူမှာ သူ၏ ပတ်ပတ်လည်ရှိ မရေမတွက်နိုင်သော ပုံရိပ်ယောင်များကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
သူသည် မုန့်ဝမ်ရှိရာနေရာကို အတင်းအကျပ် ရှာဖွေပြီး အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သော်လည်း အားလုံးမှာ လွဲချော်သွားခဲ့သည်။ ထိုအခါ ကျင့်ကြံသူသည် စိတ်မရှည်တော့ဘဲ မုန့်ဝမ်နှင့် တူပုန်းတမ်းကစားနေခြင်းကို ရပ်တန့်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် သူ၏ အတွင်းအားကို ထုတ်ဖော်လိုက်ပြီး လေ့ကျင့်ရေးကွင်းတစ်ခုလုံးကို လွှမ်းမိုးသွားသော ပြင်းထန်တဲ့ လေပြင်းတစ်ချက် ဖန်တီးလိုက်သည်။
လေပြင်းများ တိုက်ခတ်သွားသော်လည်း မုန့်ဝမ် ပေါ်မလာခဲ့ပေ။ ကျင့်ကြံသူ၏ မျက်နှာမှာလေးနက်သည့်အကြည့်ဖြင့်အစားထိုးသွားတော့သည်၊ သူသည် မုန့်ဝမ်၏ ခြေရာကို ရှာမတွေ့တော့ခြင်းမှာ သူ ရှုံးနိမ့်သွားပြီဟု အဓိပ္ပာယ်ရသည်။ သူသည် အမျိုးမျိုးသော တာအိုကျင့်စဉ်များကို အသုံးပြုသော်လည်း မုန့်ဝမ်ကို အတင်းအကျပ် ပေါ်လာအောင် မလုပ်နိုင်ခဲ့ပေ။
မုန့်ဝမ်၏ ကျင့်ကြံမှုအဆင့်မှာ သူ့ထက် များစွာ နိမ့်ကျနေခြင်းသာ မဟုတ်ပါက သူမ၏ တိုက်ခိုက်မှုကို သူ မည်သို့မျှ ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
ကျင့်ကြံသူ၏ မျက်လုံးများ အေးစက်သွားပြီး လေ့ကျင့်ရေးကွင်းတစ်ခုလုံးကို ပစ်မှတ်ထားသည့် ‘ဧရိယာလွှမ်းမိုးနိုင်သော တိုက်ကွက်’ ဖြင့် ဗုံးကြဲသလို တိုက်ခိုက်လိုက်သည်။ သို့သော်လည်း မုန့်ဝမ်၏ ပုံရိပ်မှာ ပျောက်ကွယ်သွားသကဲ့သို့ပင်။ လေ့ကျင့်ရေးကွင်းတစ်ခုလုံးတွင် ‘သွေးရိပ်ခြေလှမ်း’ မှ ကျန်ရစ်သော ပုံရိပ်ယောင်များသာ ရှိတော့သည်။
၁၅ မိနစ်ခန့် ကြာပြီးနောက် မုန့်ဝမ်၏ အားအင်နှင့် သွေးစွမ်းအင်များ ကုန်ခမ်းသွားသောအခါမှ သူမသည် ထောင့်တစ်ခုမှ ပြန်လည် ပေါ်လာသည်။
သူမသည် အသက်ကို ပြင်းပြင်းရှူနေရပြီး အဝတ်အစားများမှာလည်း ဖရိုဖရဲ ဖြစ်နေကာ တစ်ကိုယ်လုံးမှာ ရေထဲမှ ဆွဲတင်ထားသကဲ့သို့ ချွေးများဖြင့် ရွှဲနစ်နေသည်။
သို့သော် သူမ၏ မျက်လုံးများမှာမူ အထူးပင် တောက်ပနေသည်။
“ဘိုးဘေး... ‘သွေးရိပ်ခြေလှမ်း’ ကို ပုံရိပ်ယောင်တွေနဲ့ တွဲသုံးလို့ရတာ ဘာလို့ စောစောက မပြောတာလဲ.....”
ဘိုးဘေးက လှောင်ပြောင်လိုက်သည် ..... “ဒီလောက် ရိုးရှင်းတဲ့ အရာကို တစ်ချက်ကြည့်ရုံနဲ့ သိသင့်တာ မဟုတ်လား..... ငါက အသေးစိတ် ရှင်းပြနေဖို့ လိုသေးလို့လား.....”
မုန့်ဝမ် အနေဖြင့် ... ဘာမှ ပြန်မပြောနိုင်တော့ပေ။
‘ထားလိုက်ပါတော့လေ... ဘိုးဘေး နှိမ်တာခံရတာက အရှက်ရစရာ မဟုတ်ပါဘူး၊ ဂုဏ်ယူစရာပဲလေ.....’
မုန့်ဝမ်သည် ဘိုးဘေးနှင့် စိတ်ထဲမှ စကားပြောနေစဉ် တစ်ဖက်မှ ‘ဝိညာဉ်ပြောင်းလဲခြင်းအဆင့်’ ကျင့်ကြံသူမှာ မျက်နှာပျက်နေသည်။ ‘နက်နဲသော ဝိညာဉ်အဆင့်’ ပထမဆင့် ကျင့်ကြံသူလေးကို ရှုံးနိမ့်ခြင်းမှာ အရှက်ရစရာပင်။
သူက သိချင်စိတ်ဖြင့် မေးလိုက်သည် ..... “မင်း ခုနက လေ့ကျင့်နေတဲ့ ကျင့်စဉ်က ဘာလဲ.....”
မုန့်ဝမ်သည် ချက်ချင်းပင် ရိုသေသော အမူအရာဖြင့် ..... “စီနီယာကို တင်ပြရရင်... ကျွန်မ လေ့ကျင့်နေတဲ့ ကျင့်စဉ်က ‘သွေးဝါးမျို မိစ္ဆာခန္ဓာ’ လို့ ခေါ်ပါတယ်၊ သခင်မလေး ဝူက ကိုယ်တိုင် သင်ပေးထားတာပါ.....”
“သခင်မလေး သင်ပေးထားတဲ့ ကျင့်စဉ်ကိုး၊ ဒါကြောင့်လည်း ဒီလောက် အစွမ်းထက်နေတာပဲ။ မင်း ကျင့်စဉ်ကို ကျွမ်းကျင်သွားပြီဆိုတော့ ငါ့ကို လေ့ကျင့်ဖော်အဖြစ် ထပ်လိုတော့မှာ မဟုတ်ဘူး.....” ကျင့်ကြံသူသည် ခနဲ့တဲ့တဲ့ ပြောဆိုလိုက်သော်လည်း မုန့်ဝမ်ကို အခက်အခဲ မဖြစ်စေခဲ့ပေ။
သူသည် နှာခေါင်းရှုံ့ကာ စိတ်ပျက်နေသော မျက်နှာထားဖြင့် လေ့ကျင့်ရေးကွင်းထဲမှ ထွက်သွားလေသည်။
ကျင့်ကြံသူ ထွက်သွားပြီးနောက် မုန့်ဝမ်သည် မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည် ..... “ဘိုးဘေး... နောက်ထပ် ‘သွေးဝါးမျို မိစ္ဆာခန္ဓာ’ ရဲ့ ဒုတိယပုံစံကို သင်ပေးတော့မှာလား.....”
ပထမတိုက်ကွက်ကိုတင် ‘ဝိညာဉ်ပြောင်းလဲခြင်းအဆင့်’ ကျင့်ကြံသူကို အနိုင်ယူနိုင်နေပြီဆိုလျှင် နောက်ထပ် သုံးကွက်စလုံးကို တတ်မြောက်ပါက ထိုကျင့်ကြံသူကို အမှုန့်လုပ်နိုင်မည် မဟုတ်ပါလား.....
“‘ဝိညာဉ်ပြောင်းလဲခြင်းအဆင့်’ ကျင့်ကြံသူကို အမှုန့်လုပ်မယ် ဟုတ်လား..... အိပ်မက်မက်မနေနဲ့.....” ဘိုးဘေးက နှာခေါင်းရှုံ့လိုက်သည် .....
“မင်းရဲ့ အခုရှိနေတဲ့ ကျင့်ကြံမှု အဆင့်နဲ့ ပထမတစ်ကွက်ကို သင်ယူနိုင်တာတောင် အနိုင်နိုင် ဖြစ်နေတာ ...နောက်ထပ် တိုက်ကွက်တွေကို သင်ချင်ရင် အရင်ဆုံး မင်းရဲ့ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ဖို့ အာရုံစိုက်စမ်း.....”
မုန့်ဝမ်မှာ အနည်းငယ် စိတ်ပျက်သွားသော်လည်း ဘိုးဘေး ပြောသည်မှာ အကြောင်းရှိပေသည်။ ‘နက်နဲသော ဝိညာဉ်အဆင့်’ ပထမဆင့်မှာ အဆင့်အတန်း အလွန် နိမ့်ကျနေသေးသည်။
“ကောင်းပါပြီ၊ ဒါဆိုရင် ကျွန်မ အဆင့် (က) ရှိတဲ့ ကျင့်ကြံခြင်းအခန်းကို သွားပြီး တစ်နှစ်၊ နှစ်နှစ်လောက် တံခါးပိတ်ကျင့်ကြံလိုက်ပါ့မယ်.....”
“ဒီလိုတွေ ဒုက္ခခံနေစရာ မလိုပါဘူး။ ငါ မင်းကို အဆင့်မြှင့်တင်ပေးမယ့် အခမ်းအနားတစ်ခု လုပ်ပေးမယ်.....”
မုန့်ဝမ်၏ မျက်နှာမှာ ရုတ်တရက် စိတ်လှုပ်ရှားသွားသည့်အမူအရာပေါ်လာသည် ..... “ဘာအခမ်းအနားလဲ..... ဘိုးဘေး... ကျွန်မကို မလိမ်ပါနဲ့နော်၊ ဘေးထွက်ဆိုးကျိုးတွေ ရှိမှာ မဟုတ်လား.....”
ဘိုးဘေးက ရယ်မောလိုက်သည် ..... “ဘာဘေးထွက်ဆိုးကျိုး ရှိရမှာလဲ..... မင်းက မိစ္ဆာကျင့်ကြံသူ ဖြစ်နေပြီး ကြောက်နေတယ်တော့ မပြောနဲ့.....”
“ကြောက်တယ် ဟုတ်လား..... ကျွန်မ မုန့်ဝမ်က ဘယ်တုန်းက ကြောက်ဖူးလို့လဲ.....”ဟု ဆိုကာ မုန့်ဝမ်သည် ပြတ်သားစွာ ရပ်တည်လိုက်သည်။
‘အခမ်းအနားတစ်ခုပဲ မဟုတ်လား..... ငါ့ကို သေအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ ဘိုးဘေးက ငါ့ခန္ဓာကိုယ်ထဲမှာပဲ ရှိနေတာဆိုတော့ ငါ့ကို အန္တရာယ်ပြုမှာ မဟုတ်ပါဘူး.....’
“ကောင်းတယ်..... သတ္တိရှိသားပဲ။ ဒါဆိုရင် တင်ပျဉ်ခွေထိုင်ပြီး အာရုံစိုက်ထားလိုက်.....” ဘိုးဘေး၏ အသံတွင် မသိမသာ စိတ်လှုပ်ရှားမှုများ ပါဝင်နေသည်။
မုန့်ဝမ်သည် ညွှန်ကြားချက်အတိုင်း ထိုင်လိုက်ကာ မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်ပြီး စိတ်ကို ကြည်လင်အောင် ထားကာ သူမ၏ ‘ဒန်ထျန်’ ထဲသို့ အာရုံကို လုံးလုံးလျားလျား နှစ်မြှုပ်လိုက်သည်။
ဘိုးဘေးက ဂါထာများကို ရွတ်ဆိုလိုက်သောအခါ မုန့်ဝမ်သည် သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ထူးဆန်းသော စွမ်းအင်တစ်ခု စီးဝင်လာသည်ကို ခံစားလိုက်ရသည်။
အစပိုင်းတွင် ဤစွမ်းအင်မှာ ရေကဲ့သို့ နူးညံ့ပြီး အကြောများတစ်လျှောက် နွေးထွေးမှုကို ပေးစွမ်းသည်။
သို့သော်လည်း တဖြည်းဖြည်းနှင့် ထိုစွမ်းအင်မှာ ရူးသွပ်နေသော မြစ်တစ်စင်းကဲ့သို့ ကြမ်းတမ်းလာပြီး သူမ၏ ခန္ဓာကိုယ်ထဲတွင် သောင်းကျန်းလာတော့သည်။
ပြင်းထန်သော နာကျင်မှုမှာ ခန္ဓာကိုယ်အနှံ့ ချက်ချင်း ပျံ့နှံ့သွားပြီး အကြောတိုင်းမှာ ဆွဲဖြဲခံရသကဲ့သို့ ခံစားရသည်။ မုန့်ဝမ်သည် ညည်းညူလိုက်မိပြီး နဖူးတွင် ပဲစေ့ခန့် ချွေးစက်များ ထွက်လာကာ မျက်နှာမှာလည်း ဖြူလျော့သွားသည်။
သို့သော် သူမသည် နာကျင်မှုကို အံတုရင်း သွားကို တင်းတင်းကြိတ်ကာ ခဏလေးပင် အာရုံမလျှော့ဘဲ တောင့်ခံထားသည်။ ဤသည်မှာ သူမ၏ ကျင့်ကြံမှုအဆင့် တိုးတက်စေရန် အရေးကြီးသော အချိန်ဖြစ်ကြောင်း သူမ သိနေသောကြောင့် အရှုံးမပေးနိုင်ပေ။
အချိန်ကြာလာသည်နှင့်အမျှ ထိုကြမ်းတမ်းသော စွမ်းအင်မှာ ပိုမို အားကောင်းလာသည်။ မုန့်ဝမ်သည် သူမ၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲထွက်တော့မည့်အတိုင်း ခံစားရပြီး အတွင်းကလီစာများမှာလည်း မီးဖြင့် ကင်ခံနေရသကဲ့သို့ ခံစားရကာ မခံမရပ်နိုင်အောင် နာကျင်လာသည်။
သူမ၏ အသိစိတ်မှာ ဝေဝါးလာပြီး မျက်စိရှေ့တွင် မှောင်မိုက်ကာ နားထဲတွင်လည်း အူဟိန်းနေတော့သည်။ အဆုံးတွင် မုန့်ဝမ်သည် သတိလစ်ကာ မေ့မြောသွားလေတော့သည်။
သုံးရက်ကြာပြီးနောက် မုန့်ဝမ်သည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ တစ်ကိုယ်လုံးမှာ နာကျင်ကိုက်ခဲနေပြီး အသေအလဲ တိုက်ပွဲတစ်ခုကို ဆင်နွှဲထားရသကဲ့သို့ အားအင်ကုန်ခမ်းနေသည်။
သူမသည် အတင်းအကျပ် ထထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ သူမသည် လေ့ကျင့်ရေးကွင်းထဲတွင် ရှိနေဆဲ ဖြစ်ကြောင်း တွေ့ရသည်။
“နိုးလာပြီလား.....” ဘိုးဘေး၏ အသံမှာ သူမ၏ စိတ်ထဲတွင် ရယ်မောသံနှင့်အတူ ပဲ့တင်ထပ်လာသည် ..... “ဘယ်လို ခံစားရလဲ.....”
မုန့်ဝမ်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူမ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို ခံစားကြည့်လိုက်ရာ အံ့ဩမှုများကြောင့် မျက်လုံးများ ပြူးသွားရသည်။
သူမသည် မူလက ‘နက်နဲသော ဝိညာဉ်အဆင့်’ ပထမဆင့်မှာသာ ရှိခဲ့သော်လည်း ယခုအခါ နဝမဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
“ကျွန်မရဲ့... ကျွန်မရဲ့ ကျင့်ကြံမှုအဆင့်က ဒီလောက်တောင် မြန်မြန် တိုးသွားတာလား.....”
“ကောင်းတယ်... မင်းက ‘မိစ္ဆာစွမ်းအင်နဲ့ အဆင့်မြှင့်တင်တာ ကို အောင်မြင်စွာ တောင့်ခံနိုင်ခဲ့ပြီး အခုဆိုရင် ‘နက်နဲသော ဝိညာဉ်အဆင့်’ နဝမဆင့်ကို ရောက်သွားပြီ.....” ဘိုးဘေး၏ စကားတွင် ချီးကျူးဟန် အနည်းငယ် ပါဝင်လာသည် .....
“ဒါပေမဲ့ ဒီနည်းလမ်းရဲ့ သေနှုန်းက ၉၀ ရာခိုင်နှုန်း ရှိတယ်ဆိုတော့ မင်း အသက်ရှင်ကျန်ခဲ့တာက တကယ့်ကို ကံကောင်းတာပဲ.....”
“ကိုးဆယ် ရာခိုင်နှုန်း..........” မုန့်ဝမ်သည် ထိတ်လန့်သွားပြီး မကျေမနပ် ဖြစ်သွားရသည်...
‘သေချာပြီ... ဒီဘိုးဘေးက လူကောင်း မဟုတ်ဘူး.....’
သူမ ရင်ထဲတွင် ကျိန်ဆဲနေမိသော်လည်း အပြင်ပန်းတွင်မူ မကျေနပ်မှုကို အနည်းငယ်မျှ မပြရဲပေ။
ထိုအစား သူမသည် ဖားသည့် အပြုံးမျိုးဖြင့် ပြောလိုက်သည် ..... “ဘိုးဘေး... ဘိုးဘေးရဲ့ တန်ခိုးစွမ်းအားတွေက တကယ့်ကို ကြီးမားလှပါတယ်။ ကျွန်မရဲ့ သေးငယ်တဲ့ စွမ်းအားတွေက ဘိုးဘေးရဲ့ သင်ကြားမှုတွေကို ခံနိုင်ရည် မရှိပါဘူး.....”
‘ဒီလောက် သေနှုန်းမြင့်တဲ့ အခမ်းအနားကို နောက်တစ်ခါတော့ မလုပ်ရင် မကောင်းဘူးလား.....’
***