စူးဟောင်ရန်သည် သူ၏ ကောင်းကင် အဂ္ဂိရတ် ရှန့်ထိုနှင့် အတူ ထျန်းရှီယာကိုပါ ကာကွယ်ပေးလိုက်၏။ ထျန်းရှီယာမှာ မူးဝေသွားကာ သူမ၏ အတွေးများ အားလုံး အရည်ပျော်ပြီး ပေါင်းစပ်သွားသကဲ့သို့ ခံစားလိုက်ရပေသည်။ စူးဟောင်ရန်က ကာကွယ်ပေးထားသည့်တိုင် သူတို့၏ စိတ်စွမ်းအားများမှာ အထွတ်အထိပ် သူတော်စင်များ ပင်လျှင် ခုခံရန် ခက်ခဲသော ထူးခြားသည့် ဂုဏ်သတ္တိများဖြင့် အံ့မခန်း ဖြစ်နေလေသည်။
အဂ္ဂိရတ် စွမ်းအင် သည် အများအားဖြင့် ထိခိုက်နစ်နာစေခြင်း မရှိသော်လည်း၊ ၎င်း၏ ထူးခြားသော ဂုဏ်သတ္တိများသည် အခြေခံ ကာကွယ်မှုများစွာကို ကျော်ဖြတ်သွားနိုင်စွမ်း ရှိပေသည်။ ချက်ချင်းဆိုသလိုပင် စူးဟောင်ရန် သည် ထျန်းရှီယာ ကို ကာကွယ်ရန် ခက်ခဲလာကြောင်း တွေ့ရှိလိုက်ရလေသည်။
"စူးခိုင်မင်..."
မိုးခြိမ်းသံကဲ့သို့ ပြင်းထန်မှု မရှိသော်လည်း နယ်မြေ တစ်ခုလုံး ကြားနိုင်လောက်အောင် လုံလောက်သော အသံဖြင့် စူးဟောင်ရန် က အော်ဟစ်လိုက်လေသည်။
စူးခိုင်မင် ဟုလည်း လူသိများသော မိုးကုပ်စက်ဝိုင်း ထိန်းချုပ်ခြင်း အဂ္ဂိရတ် ရှန့်ထိုက လှမ်းကြည့်လိုက်ရာ၊ ထျန်းရှီယာ ၏ စိတ်အာရုံ ကိုယ်ပွားမှာ ရုန်းကန်နေရသည်ကို မြင်တွေ့လိုက်ရလေသည်။ သူမက လေကို အနည်းငယ် ရှူသွင်းလိုက်ပြီး သူမ၏ စိတ်စွမ်းအားကို ပြန်လည် ရုပ်သိမ်းလိုက်လေသည်။
မိုးကုပ်စက်ဝိုင်း ပေါင်းစပ်ခြင်း လည်း အလားတူ ပြုလုပ်လိုက်၏။ သူ၏ စိတ်အာရုံ ကိုယ်ပွား မှာ အနည်းငယ် မှုန်ဝါးနေပေသည်။ သူ၏ အိုမင်းသော မျက်လုံးများက စူးခိုင်မင် ကို သတိထားမှု အရိပ်အယောင်များဖြင့် ကြည့်လိုက်လေသည်။ သူမသည် အစစ်အမှန် သိုင်းကျင့်ကြံသူ တစ်ဦး ဖြစ်လင့်ကစား၊ သူမ၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်မှာ မှင်တက်သွားစေလောက်အောင် စွမ်းအားကြီးမားလှပေသည်။
ပဲ့တင်ထပ် ဝိညာဉ် အဆင့် သို့ ဝင်ရောက်မည့် ကောင်းကင် ရှန့်ထို အဂ္ဂိရတ်ပညာရှင်လောင်း ဆိုသည့် ဂုဏ်ပုဒ်နှင့် သူမ အမှန်တကယ် ထိုက်တန်ပေသည်။
ယခုအခါ၌ပင် သူမသည် ထိုအဆင့်သို့ တက်လှမ်းတော့မည့်ဆဲဆဲ ဖြစ်နေသော အစစ်အမှန် ဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ဦး ပင် ဖြစ်လေသည်။
ထျန်းရှီယာမှာ စိတ်သက်သာရာ ရသွားကာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူမ၏ ခန္ဓာကိုယ်က အနည်းငယ် ပျော့ခွေသွားကာ စူးဟောင်ရန်ကို မှီတွယ်လိုက်လေသည်။ သူမက မိုးကုပ်စက်ဝိုင်း ထိန်းချုပ်ခြင်းကို လှမ်းကြည့်လိုက်၏။ သူမ၏ နှလုံးသားက ကြည်ညိုလေးစားမှုများနှင့် ပြည့်နှက် နေခဲ့လေသည်။ သူမသည် မိုးကုပ်စက်ဝိုင်း ထိန်းချုပ်ခြင်းကို စံပြပုဂ္ဂိုလ် တစ်ယောက် အလား ကိုးကွယ်မိသွားခဲ့ပေသည်။
"ဘာလို့လဲ ဆိုတော့... ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်..."
မိုးကုပ်စက်ဝိုင်း ထိန်းချုပ်ခြင်းက ရေခဲပြင်တစ်ခုအလား အေးစက်သော လေသံဖြင့် စတင် ပြောဆိုလိုက်လေသည်။
"ဒီတိုက်ပွဲက သံသယဝင်စရာ မလိုလောက်အောင် သေခြင်းနဲ့ ရှင်ခြင်း တိုက်ပွဲတစ်ခုဆီကို ဦးတည်သွားနိုင်တယ်... အဲဒါက ရှင်းနေပါတယ်... နောက်ပြီးတော့ သူက တိုက်ကွက် သုံးကွက် အတွင်းမှာ မင်းတို့ထဲက ဘယ်သူ့ရဲ့ အသက်ကိုမဆို သိမ်းပိုက်နိုင်တယ်... အနည်းဆုံးတော့ လုံးလုံးလျားလျား အနိုင်ယူနိုင်တယ် ဆိုတာကို... သေချာပေါက် ယုံကြည်နေတယ်... တာအိုမိတ်ဆွေ စု ရဲ့ လျှို့ဝှက်ချက်တွေအပေါ် မင်းတို့ အားလုံးရဲ့ လောဘကြောင့် ငါ့ရဲ့ တာအို တရားဥပဒေ ထိန်းသိမ်းသူ ကို ထိခိုက်ခံရစေမှာ မဟုတ်ဘူး..."
"ဒါဆို မင်း ဘာအကြံပေးချင်လဲ... ငါတို့ ခွန်အားတွေကို တစ်ခုတည်းအဖြစ် စုစည်းပြီး သူ့ကို အတူတကွ တိုက်ခိုက်ကြမလား... သူ့ကို ဖိနှိပ်ပြီး တာအိုမိတ်ဆွေ စု ရဲ့ တည်နေရာကို အတင်းအဓမ္မ ရယူကြမလား..."
ထျန်းရှီကျောက်ရွှမ်က ထိုအကြံအစည်၏ ဖြစ်နိုင်ချေကို ချိန်ဆနေသည့်အလား မျက်လုံးများကို ကျဉ်းမြောင်းကာ မေးမြန်းလိုက်လေသည်။
"လုံးဝ မဖြစ်ဘူး..."
မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း က ထိုအကြံအစည်ကို ချက်ချင်း ငြင်းပယ်လိုက်လေသည်။ အကယ်၍ အထွတ်အထိပ် သူတော်စင် အဆင့် ပဋိပက္ခတစ်ခုသာ စတင်ခဲ့ပါက… ဂလက်ဆီဇုန်များ အန္တရာယ် ကျရောက်သွားမည် ဖြစ်သည်။ ယခင်ကဆိုလျှင် သူသည် ထိုကဲ့သို့သော ကိစ္စများကို အများအားဖြင့် သဘောတူခဲ့မည် ဖြစ်သည်။ သို့သော်လည်း... ယခုမူ သူ၏ မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း မျှော်စင် သည် လည်ပတ်၍ မရနိုင်တော့လောက်အောင် ပြင်းထန်စွာ ပျက်စီးနေခဲ့ပြီး၊ သူတို့ ဂလက်ဆီဇုံ၏ တာအို တရားဥပဒေ ထိန်းသိမ်းသူ ဖြစ်သော ဆင်ကျား အရှင်သခင် မှာလည်း လျှို့ဝှက်ပြစ်ဒဏ် မှ သီသီလေး လွတ်မြောက်လာပြီးနောက် ခွန်အား မရှိသလောက်ပင် ဖြစ်နေလေသည်။
အကယ်၍ ထိုနယ်ခြားသားသည် သူ၏ နောက်ဆုံး အချိန်များတွင် အလွန်အမင်း သဘောထား သေးသိမ်ခဲ့မည်ဆိုလျှင် သူသည် ကောင်းကင် သန့်စင်ခြင်း ဂလက်ဆီဇုံ ၏ နယ်မြေကို အမြစ်ပြတ် ချေမှုန်းပစ်နိုင်သည်။ ထိုအခါ.. သူ၏ မဟာမိတ်ဆိုသူများက ထိုအဖြစ်အပျက်ကို ဂရုမစိုက်သော အကြည့်များဖြင့် သေချာပေါက် စောင့်ကြည့်နေကြမည်သာ ဖြစ်ပေသည်။ သူက ထိုရလဒ်မျိုးကို မည်သို့ စွန့်စားနိုင်မည်နည်း။
“ဒါဆိုရင် မင်း ဘာအကြံပေးချင်လဲ..."
မိုးကုပ်စက်ဝိုင်း ပေါင်းစပ်ခြင်း ရှန့်ထိုက မေးလိုက်လေသည်။ သူတို့သည် အမှန်တကယ်ပင် အကျပ်အတည်း အခြေအနေ တစ်ခုသို့ ရောက်ရှိနေခဲ့ကြခြင်း ဖြစ်လေသည်။
"ငါ့မှာ ပြီးပြည့်စုံတဲ့ ကိုယ်စားလှယ်လောင်း တစ်ယောက် ရှိတယ်..."
စူးဟောင်ရန်က ပြောလိုက်ရာ လူတိုင်းက သူ့ဆီသို့ လှည့်ကြည့်လိုက်ကြလေသည်။
"သူ့ကို တွန်းအားလေး နည်းနည်း ပေးဖို့ပဲ လိုလိမ့်မယ်... ဘာပဲဖြစ်ဖြစ် တိုက်ကွက် သုံးကွက်တည်းပဲလေ..."
"..."
မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထိုများ။
တာအို တရားဥပဒေ ထိန်းသိမ်းသူ များ။
မိုးကုပ်စက်ဝိုင်း ဖန်တီးခြင်း မျှော်စင် ၏ တာအို တရားဥပဒေ ထိန်းသိမ်းသူသည် မျက်လုံးများထဲတွင် တောက်ပမှုတစ်ခုနှင့်အတူ လုံရှီယာ ထံသို့ လှည့်ကြည့်လိုက်လေသည်။
စူးဟောင်ရန်၏ အကြည့်ကို ခံစားလိုက်ရပြီးနောက် လုံရှီယာ ၏ မနှစ်မြို့ဖွယ် မျက်နှာအမူအရာက ပြောင်းလဲသွားကာ၊ သူ၏ ဘယ်ဘက် မျက်ခုံးမှာလည်း စူးစမ်းလိုစိတ်ဖြင့် ပင့်တက်သွားလေသည်။
'ဒီခွေးသူတောင်းစားက ဘာလိုချင်နေတာလဲ...'
ထျန်းရှီယာ နှင့် ဖြစ်ပွားခဲ့သော ပြဿနာအပြီးတွင် လုံရှီယာ သည် စူးဟောင်ရန် အပေါ် စိတ်ထဲတွင် မကျေမနပ် ဖြစ်နေခဲ့လေသည်။ အငြိုးအတေး ထားတတ်သူ တစ်ဦးအနေဖြင့် သူသည် ၎င်းကို လုံးလုံးလျားလျား အခဲမကြေ ဖြစ်နေခဲံပြီး စုရီ ၏ အခြေအနေက ထိုအရာကို ပိုမို ဆိုးရွားသွားစေခဲ့ပေသည်။ စုရီ ကို တိုက်ရိုက် အရေးယူ လှုပ်ရှားခြင်း မပြုဘဲ သူ၏ ကိုယ်စား လက်အောက်ငယ်သားများကိုသာ စေလွှတ်ခဲ့မိပြီး၊ ထိုပိုးလောက်လန်းလေးကို ကျားတစ်ကောင်အဖြစ် ကြီးထွားလာခွင့် ပြုခဲ့မိသည့်အတွက် သူသည် နောင်တရနေခဲ့ပြီ ဖြစ်လေသည်။ အကယ်၍ ထိုကျိန်စာသင့် နေမင်းအလင်းတန်းများ ထုတ်လွှတ်နေသော ခွေးမကြောင့်သာ မဟုတ်ခဲ့လျှင်၊ သူသည် စုရီ ကို ကိုင်တွယ်ဖြေရှင်းပြီးရုံသာမက သူ၏ လျှို့ဝှက်ချက်များကိုပါ သိမ်းပိုက်ပြီးဖြစ်နေပေလိမ့်မည်။
သို့သော်... ထိုအချိန်က လျှို့ဝှက် အာဏာရှင် အဆင့် ပုရွက်ဆိတ်လေး တစ်ကောင်အတွက် သူ၏ တစ်ဦးတည်းသော ဂိုဏ်းပြိုင်ဘက် နှင့် ပဋိပက္ခ ဖြစ်ရသည်မှာ တန်ကြေး မရှိခဲ့ချေ။ မည်သို့ပင်ဆိုစေ သူတို့သည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်း၌ ဒုတိယ အကြီးဆုံး နန်းတော် ဖြစ်ကြသည်။ ဤသည်မှာ ဦးဆောင်သူအဖြစ် အထွတ်အထိပ် သူတော်စင် နှစ်ပါးတည်းသာ ရှိခြင်းဖြင့် ရရှိခဲ့သော ကြီးမားသည့် အောင်မြင်မှု တစ်ရပ်ပင် ဖြစ်လေသည်။
အကယ်၍ ဤသို့ ဖြစ်လာမည်ကို သူ သိခဲ့မည်ဆိုလျှင်...
ပိုးလောက်လန်းက ကျားအဖြစ် ကြီးထွားလာကာ တစ်နေ့တွင် သူ့ဖင်ကို ပြန်ကိုက်လိမ့်မည်ဟူသော စက်ဆုပ်ဖွယ် အချက်အပါအဝင်ကို သူ သိခဲ့မည်ဆိုလျှင်..
နောင်တ ဆိုသည်မှာ နောင်မှရသော တရားပင် ဖြစ်လေသည်။
"ဘာလဲ..."
လုံရှီယာက ခက်ထန်သည့် လေသံဖြင့် မေးလိုက်၏။
စူးဟောင်ရန် က ပြုံးလိုက်သည်။
"စက်ဆုပ်ဖွယ် ကောင်းကင် အရှင်သခင်... မိုးကုပ်စက်ဝိုင်းတွေက ခင်ဗျားနဲ့ ကိစ္စတချို့ ဆွေးနွေးချင်နေကြတယ်..."
"မိုးကုပ်စက်ဝိုင်း ရှန့်ထိုတွေကလား..."
လုံရှီယာ ချက်ချင်း အံ့အားသင့်သွားခဲ့လေသည်။ မိုးကုပ်စက်ဝိုင်းတွေ ဆိုသည်မှာ ဂလက်ဆီ၏ ကောင်းကင် ရှန့်ထို အဂ္ဂိရတ်ပညာရှင် ခုနစ်ပါးစလုံး၏ စုပေါင်း ကိုယ်ပိုင် အမှတ်အသားနှင့် ဘွဲ့အမည် ဖြစ်သည်။ တစ်ပါးစီတွင် ကောင်းကင်ဘုံကို ယှဉ်ပြိုင်နိုင်စွမ်းရှိသော အဂ္ဂိရတ် ထုတ်ကုန်များ သို့မဟုတ် စွမ်းရည်များဖြင့် တည်ထောင်ထားသည့် စစ်မှန်ပြီး သင့်လျော်သော သွေးဆက်များ ရှိကြပေသည်။
ဂလက်ဆီ အတွင်းရှိ အဆင့်နိမ့် ထုတ်ကုန်များကို အသုံးပြုသူများ သို့မဟုတ် ဘိုးဘေးများ၏ အရှိန်အဝါကို တိုက်ရိုက် မှီခိုသူများကဲ့သို့သော အခြား ကောင်းကင် ရှန့်ထို အဂ္ဂိရတ်ပညာရှင်များ နှင့် ခြားနားစွာပင်... မိုးကုပ်စက်ဝိုင်း တစ်ပါးချင်းစီတိုင်းသည် သူတို့ ကိုယ်ပိုင် လျှို့ဝှက်-ကောင်းကင် အဂ္ဂိရတ် သွေးဆက် တစ်ခုစီကို ပိုင်ဆိုင်ထားသော အဂ္ဂိရတ်ပညာရှင်များ ဖြစ်ကြလေသည်။
သူ ချက်ချင်း သံသယ ဝင်သွားခဲ့ပေသည်။ စူးဟောင်ရန်က သူ့ကို ဘွဲ့အမည်ဖြင့် ခေါ်ဝေါ်လေ့ အလွန် ရှားပါးလှပေသည်။ သူသည် သူ့ကို အမြဲလိုလို အစစ်အမှန် နာမည်ဖြစ်သော လုံရှီယာ ဟုသာ ခေါ်ဝေါ်လေ့ ရှိသည်။ သူက အတည်တကျ ပြောနေသည့်ပုံ ရလေသည်။
ထို့အပြင်... စူးဟောင်ရန်သည် မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထိုများနှင့် ကစားရဲမည် မဟုတ်ကြောင်း သေချာသည်။ ထို့ကြောင့်ပင် လုံရှီယာသည် စူးဟောင်ရန် ၏ ရည်ရွယ်ချက်ကို ဆက်လက် မေးခွန်းထုတ်ခြင်း မပြုခဲ့ချေ။
"ဘယ်အချိန်လဲ..."
သူ၏ မျက်နှာအမူအရာက လေးနက်သည့် အသွင်သို့ ပြောင်းလဲ သွားခဲ့၏။
"အခုပဲ..."
စူးဟောင်ရန်က နေရာတစ်ခုကို ညွှန်ပြလိုက်လေသည်။ ရွှေရောင် ညဉ့်ဦးယံ အရှင်သခင် က ထိုအရပ်သို့ လှမ်းကြည့်လိုက်လေသည်။ သူမသည် အရောင် ခုနစ်မျိုးရှိသော ဂြိုဟ်တစ်လုံးကို ရှာတွေ့သည်အထိ ချဲ့ကြည့်ရင်း၊ ဂလက်ဆီ စောင့်ကြည့်ရေး မျက်လုံး အစီအရင် ကို အသုံးပြုလိုက်ချိန်တွင် သူမ၏ မျက်လုံးများ တောက်ပသွားလေသည်။ ၎င်းသည် လူလုပ်ဂြိုဟ်တစ်လုံး ဖြစ်ကာ အဂ္ဂိရတ် စွမ်းအား ဖြင့် လုံးလုံးလျားလျား ဖန်တီးထားခြင်း ဖြစ်သည်။
"မိုးကုပ်စက်ဝိုင်း ကမ္ဘာပဲ..."
သူမ၏ မျက်လုံးများ ပြူးကျယ်သွားလေတော့သည်။
***