ရန်ချီက သူ့ဖခင် ရေးပေးလိုက်သည့် စာကို ငုံ့ကြည့်လိုက်သည်။ သူ့ နှလုံးသားက ခုန်လှုပ်သွားပြီး ရေရွတ်လိုက်သည်။
'ငါ့အမေရဲ့ ချစ်စနိုး နာမည်ပြောင်က ဂရင်းဆူဒါတဲ့လား...'
နောက်ဆုံး စာကြောင်းက ချမ်းသာကြွယ်ဝ တိုက်ကြီးတစ်ခုလုံး၏ အုပ်ချုပ်သူကိုပင် တုန်လှုပ်သွားစေနိုင်သည်။ သာမန်ထက် ထူးကဲသူမှသာ ချမ်းသာကြွယ်ဝတိုက်ကြီး တစ်ခုလုံးကို အုပ်စိုးနိုင်ပေသည်။ ယခုအချိန်၌ အုပ်ချုပ်နေသူမှာ သူတော်စင်ဘိုးဘေးမင်းဆက်၏ အင်ပါယာတစ်ပါး ဖြစ်သည်။
မင်းဆက်က အင်အားကျဆင်းလာသော်လည်း ထီးနန်းကို နှစ်ထောင်ချီ ချုပ်ကိုင်ထားသည့် အင်ပါယာတစ်ပါးတော့ ရှိသေးသည်။ သူက လူမြင်ကွင်းသို့ ထွက်ပေါ်လာသည်မှာ ရှားပါးလွန်းသော်လည်း နယ်မြေများကို အင်ပါယာမင်းသားများက ချုပ်ကိုင်ထားလေရာ ထိုမင်းဆက်ကို လေးစားမှုနှင့် ကြောက်ရွံ့မှုတော့ ရှိကြသေးသည်။
အင်ပါယာ၏ ကျင့်ကြံမှု အခြေခံမှာ လျှို့ဝှက်ဆန်းကြယ်ကာ ဉာဏ်မမီနိုင်လောက်အောင် နက်နဲလှသည်။ သူက မည်သည့် အဆင့်တွင်ရှိကြောင်း မသိကြသော်လည်း လွန်ခဲ့သည့် နှစ်တစ်ထောင်ခန့်ကပင် ဒဏ္ဍာရီအဆင့်သို့ ရောက်ရှိခဲ့ကြောင်းတော့ သိထားကြသည်။
ထိုအချိန်မှစ၍ အချိန်မည်မျှ ကုန်ဆုံးသွားခဲ့ပြီကြောင်း တွက်ကြည့်လျှင် သူ့ လက်ရှိ ကျင့်ကြံမှု အဆင့်ကို ပြောဖို့က ခက်ခဲလှ၏။ သူက ဒဏ္ဍာရီအဆင့်ကို ကျော်လွန်ကာ သေမျိုးတို့ ကန့်သတ်ချက်ကို ဖောက်ထွက်၍ သူတော်စင်ပင် ဖြစ်သွားနိုင်သေးသည်။ သူက မဟာသူတော်စင်အဆင့် သို့မဟုတ် ထိုထက် ပိုမြင့်လိမ့်မည်ဟု လူအများစုက ယူဆထားကြသည်။
ရန်ချီက ကျင့်ကြံခြင်း၌ တိုးတက်လာခဲ့ကာ လောကအုပ်ချုပ်သူ အဆင့်ပြီးနောက် ဒဏ္ဍာရီအဆင့် ရှိကြောင်း သိခဲ့သည်။ သို့သော်လည်း ထိုအဆင့်၌ အဆင့်ငယ် ဘယ်နှဆင့် ရှိကြောင်း သူ မသိသော်လည်း တစ်ဆင့်ချင်းစီက အလွန်အမင်း ခက်ခဲလာမည်ကိုတော့ သိထားသည်။
ဒဏ္ဍာရီများကို ကျော်လွန်သွားပါက မဟာသူတော်စင် ဖြစ်လာပေလိမ့်မည်။ သူတို့က ပညာရှင်များ ဖြစ်ကြပြီး ပြိုင်ဘက်ကင်းသည့် ပုဂ္ဂိုလ်များ ဖြစ်ကြကာ မထင်မှတ်ထားလောက်အောင် စွမ်းအားကြီးမား ကြသည်။ အတိတ်တုန်းက နတ်ဆိုးမျိုးနွယ်စုမှ စွမ်းအားကြီး ကျွမ်းကျင်သူ အချို့ မဟာသူတော်စင် အဆင့်သို့ ရောက်ရှိကာ ကမ္ဘာမှ ထွက်ပြီး အချိန်စကြဝဠာ အတွင်း ခြေဦးတည်ရာ သွားလာခဲ့ကြသည်။
ထိုထက် ကျော်လွန်သည့် အရာများနှင့် ပတ်သက်၍မူ ရန်ချီ မသိတော့ချေ။
မည်သို့ပင်ဖြစ်စေ အကယ်၍ တစ်စုံတစ်ယောက်က ချမ်းသာကြွယ်ဝ တိုက်ကြီး၏ အုပ်ချုပ်သူအဖြစ် ကြေညာလိုက်ပါက သူတော်စင် ဘိုးဘေးမင်းဆက်၏ သုတ်သင်ခြင်းခံရကာ အင်ပါယာ၏ ကွပ်မျက်ခြင်းကို ခံရပေလိမ့်မည်။
ထိုကဲ့သို့ ပြုလုပ်နိုင်ဖို့အတွက် ပထမဦးစွာ မဟာသူတော်စင် တစ်ယောက်ထက် ပိုမို သန်မာသူ ဖြစ်ဖို့ လိုအပ်ပေလိမ့်မည်။
'ငါ့အမေက ဘယ်လိုလူမျိုးလဲ... သူမက အလွန် အရေးပါတဲ့သူ ဖြစ်လို့ သူမကို တွေ့မြင်ချင်ရင် အရင်ဆုံး ချမ်းသာကြွယ်ဝတိုက်ကြီးရဲ့ အုပ်စိုးသူ အရင်ဖြစ်လာဖို့တောင် လိုအပ်သေးတယ်... သူမနဲ့ အဖေရဲ့ဇာတ်လမ်းက ဘယ်လိုတွေ့ဆုံပြီး အဆုံးသတ်ခဲ့တာလဲ... သူတို့နှစ်ယောက်ကြား အဆင့်အတန်းက မိုးကောင်းကင်နဲ့ မြေကြီးလို ကွာခြားလွန်းတယ်လေ... ကောင်းပြီ... ငါ့ရဲ့ ကျင့်ကြံခြင်း လုံလောက်အောင် မြင့်မားမှပဲ ငါကိုယ်တိုင် ကြိုးပေးတောင်တန်းကို သွားပြီးတော့ သူမကို ကိုယ်တိုင် မေးမြန်းကြည့်ရမယ်'
အဖြေများထက် မေးခွန်းတွေသာ များပြားလာသောအခါ သူက လက်ကို ဝှေ့ယမ်းပြီး စာကို မီးရှို့ပစ်လိုက်သည်။
အရေးကြီးသည့် လျှို့ဝှက်ချက်များကြောင့် ရန်ကျန့်က စာကို ဖတ်ပြီးပါက မီးရှို့ပစ်ဖို့ မှာကြားထားခဲ့သည်။
ရန်ချီက အေးဆေး တည်ငြိမ်စွာ ဗိမာန်ဝန်းကျင်၏ သဘာဝ အလှတရားများနှင့် ပေါများနေသော စွမ်းအင်များကို ကြည့်ရှုနေခဲ့သည်။ ဗိမာန်အလယ်ရှိ ဧကရာဇ်များ၏ တာအို စွမ်းအင် အစီအရင်က သူ့အတွက် အလွန် စိတ်ဝင်စားဖို့ ကောင်းနေသည်။
၎င်းက သန့်စင်စွမ်းအား တည်ဆောက်ရန်၊ ကိုယ်ခန္ဓာ ကျင့်ကြံရန်၊ ကျင့်ကြံမှု အခြေခံ သန်မာလာစေရန်၊ သွေးကြောကြောများ ပြုပြင်နိုင်ရန်နှင့် ဧကရာဇ်များ၏ တာအို စွမ်းအား တည်ဆောက်ရန် ရည်ရွယ်ထားသည့် စွမ်းအင် အစီအရင် ဖြစ်သည်။
ထိုစွမ်းအင် အစီအရင်၌ အချိန်ကြာမြင့်စွာ ကျင့်ကြံပါက လူတစ်ယောက်၏ ပင်ကိုယ်ဗီဇနှင့် အတွေးများကို အကျိုးသက်ရောက်မှုရှိစေကာ ဧကရာဇ်တစ်ပါးကဲ့သို့ တွေးထင်လာစေသည်။ ၎င်းက လူတစ်ယောက်၏ အတွေးများကို ပိုမိုရှင်းလင်းစေကာ ထိုလူ၏ အမြင်ကို တိုးမြှင့်ပေး၍ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်စေရန် အကူအညီ ဖြစ်စေသည်။
ထိုအရာက ဧကရာဇ်များ၏ တာအိုစွမ်းအင် အစီအရင်၏ အံ့ဖွယ်အရည်အချင်းတစ်ခု ဖြစ်သည်။
ကံမကောင်းစွာပင် သာမန် လောကအုပ်ချုပ်သူများအနေဖြင့် ထိုကဲ့သို့ စွမ်းအင် အစီအရင်ကို မပြုလုပ်နိုင်ကြချေ။ ထို့ပြင် ၎င်းကို တည်ဆောက်ဖို့အတွက် အရင်းအမြစ်နှင့် အစစ်အမှန် စွမ်းအင် အများအပြား လိုအပ်သည်။
နှစ်လကြာ လေ့လာ စူးစမ်းခဲ့ပြီးနောက် ရန်ချီက ၎င်းတို့ မည်သို့ ပြုလုပ်သနည်းဟု ခပ်ရေးရေး နားလည်လာခဲ့သည်။
သူက မှော်အစီအရင် ဖွဲ့စည်းပုံ အတန်းများစွာ တက်ရောက်ခဲ့သဖြင့် ယခင်ကထက် ၎င်းတို့ အကြောင်းကို ပိုမို သိမြင်လာခဲ့သည်။ ဥပမာအနေဖြင့် စွမ်းအင်ပညာများစွာကို မှော်အစီအရင် ဖွဲ့စည်းပုံနှင့် ပေါင်းစပ်ကာ အသုံးပြုနိုင်ကြောင်း သိလာသည်။ လေးရာသီ ဓားပညာကလည်း မှော်အစီအရင်နှင့် ပေါင်းစပ်အသုံးပြုနိုင်ကာ ထိုကဲ့သို့ အသုံးပြုပါက ထိုပညာရပ်က မူလထက် ဆယ်ဆလောက် အစွမ်းထက်လာနိုင်သည်။
သူက လက်ရွေးစင် ကျောင်းသား ဖြစ်လာသည့် နှစ်လအတွင်း အလွန် တိုးတက်လာခဲ့သည်။
သူက အတိတ်တုန်းကထက် အဆဆယ်ဆလောက် အသိဉာဏ် ဗဟုသုတ ပိုမို ကြွယ်ဝလာကြောင်း သူကိုယ်သူ သိလာခဲ့သည်။
သူ့ ငရဲချေမှုန်း နတ်ဆင်စွမ်းအားကလည်း ပိုမိုသန့်စင်သည့်အထိ ကြီးထွား တိုးတက်လာသည်။ အကယ်၍ အသက်ဓာတ် အမြုတေသာ လုံလုံလောက်လောက် ရှိခဲ့ပါက သိပ်မကြာခင်မှာပင် လောကအုပ်ချုပ်သူ ဒုတိယအဆင့်ကို တက်လှမ်းနိုင်မယ်လို့ သေချာနေခဲ့သည်။
သူက ဧကရာဇ်များ၏ တာအိုစွမ်းအင် အစီအရင်အတွင်း ကျင့်ကြံခြင်း လုပ်ဆောင်နေစဉ် မြေအောက်မှ စိတ်ဝိညာဉ် သတ္တုကြောများကိုပင် အာရုံခံမိသည်။ ၎င်းတို့ကို ကောင်းကင်နှင့် မြေပြင်ကြားမှ စိတ်ဝိညာဉ် စွမ်းအင်များဟု ခေါ်ရခြင်းမှာ ကောင်းကင်၌ လွတ်လပ်စွာ စီးဆင်းနေသည့် စိတ်ဝိညာဉ် စွမ်းအင်များရှိပြီး မြေပြင်၌ စိတ်ဝိညာဉ် သတ္တုကြောများ ရှိခြင်းကြောင့်ပင်။ စိတ်ဝိညာဉ်သတ္တုကြော နေရာများ၌ ပုံမှန်အားဖြင့် ကျင့်ကြံခြင်း၊ မြေအောက် အိမ်တော် ဆောက်လုပ်ခြင်း၊ စွမ်းအင် လှည့်ပတ်ခြင်းတို့အတွက် အကောင်းဆုံး ဖြစ်သည်။
အင်မော်တယ်ခြေနင်း ကျောင်းတော်က ပုံမှန်အားဖြင့် အကောင်းဆုံးနေရာ၌ တည်ဆောက် ထားခြင်း ဖြစ်သည်။ ၎င်းက ချမ်းသာကြွယ်ဝ တိုက်ကြီး၏ အလယ်တည့်တည့်ရှိ ကြီးမားသော စိတ်ဝိညာဉ် သတ္တုကြောပေါ်တွင် တည်ရှိသည်။ ထို့ကြောင့် ရန်ချီက သူ့ အောက်ဘက်တွင် စွမ်းအင်များ အလွန်များပြားစွာ ရှိနေတာကို အာရုံခံစားမိခြင်း ဖြစ်သည်။
သူက အကြိမ် အနည်းငယ်ခန့် ထိုနေရာသို့ ဥမင်တစ်ခု ဖောက်ထွင်းရန် ကြိုးစားခဲ့သော်လည်း ၎င်းက အလွန်စွမ်းအားကြီးလွန်းသဖြင့် နောက်ဆုံးမှာ သူက အရှုံးပေးလိုက်လေတော့သည်။
အမှန်စင်စစ် လက်ရွေးစင်ကျောင်းသားနယ်မြေရှိ ဧကရာဇ်များ၏ စွမ်းအင်အစီအရင်က ၎င်းဖြင့် ပြုလုပ်ထားခြင်းသာ ဖြစ်သည်။ ကံမကောင်းစွာပင် ထိုစွမ်းအင် အစီအရင်ကို သူ့ သူငယ်ချင်းများကို အသုံးပြုခွင့်ပေး၍ မရခဲ့ချေ။ အကယ်၍ သူသာ ထိုကဲ့သို့ ပြုလုပ်ပြီး ကျောင်းတော်မှ သိရှိသွားပါက ပြင်းထန်စွာ အပြစ်ပေးခြင်း ခံရပေလိမ့်မည်။
ထို့ကြောင့် သူက အပြင်ဘက်၌ အသေးစား ပုံစံပြုလုပ်ရန် မျှော်လင့်ချက်ဖြင့် မှော်အစီအရင်များကို လေ့လာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူတို့သာ ဧကရာဇ်များ၏ တာအို စွမ်းအင် အစီအရင်ကို ရရှိပါက အလျင်အမြန် တိုးတက်လာကာ မကြာမီမှာပင် လောကအုပ်ချုပ်သူ အဆင့်သို့ သူတို့ကိုယ်တိုင် ရောက်ရှိလာကြပေလိမ့်မည်။
'ဧကရာဇ်များရဲ့ တာအို အစစ်အမှန် အနှစ်သာရက မှော်အစီအရင် တစ်ခုတည်းမှာ ထာဝရ ပေါင်းစည်းနေတာပဲ'
မှော်အစီအရင်ကို အချိန် အနည်းငယ်မျှ လေ့လာပြီးနောက် သူက ရုတ်တရက် နေရာလွတ် လက်စွပ်မှ အဖြူရောင် မိစ္ဆာအမြုတေ လက်တစ်ဆုပ်စာ ထုတ်ယူလိုက်သည်။ ၎င်းတို့ကို ချေမွလိုက်ရာ အဖြူရောင်စွမ်းအင်များ ထွက်ပေါ်လာပြီး ထိုစီးကြောင်းများကို အလွန်တိကျသည့် ပုံစံတစ်ခုဆီသို့ ပို့လွှတ်လိုက်သည်။
သူက စွမ်းအင်များကို ချုပ်နှောင်ခြင်း မပြုဘဲ ဆက်လက် စီးဆင်းစေခဲ့သည်။ ထိုအရာ၏ လက်ရှိ အဆင့်ကား လောကအုပ်ချုပ်သူ များစွာ ပူးပေါင်း လုပ်ဆောင်ခြင်းကဲ့သို့ စွမ်းအားရှိနှင့် တူညီလေရာ ရန်ချီ၏ ဗိမာန်အတွင်း လေပြင်းများ ကြောက်မက်ဖွယ် ကောင်းစွာ တိုက်ခိုက်လာသည်။
ဝုန်း... ဘုန်း...
ရန်ချီ၏ နှစ်လတာ မှော်အစီအရင်များ လေ့လာခြင်း၏ ရလဒ်အနေဖြင့် ဧကရာဇ်များ၏ စွမ်းအင် အစီအရင်နှင့် တူညီသည့် ပုံစံငယ်တစ်ခု ဖြစ်ပေါ်လာသည်။
ထိုမှော် အစီအရင်က အချိန်မရွေး အသုံးပြုလို့ရသည်။ အချို့ မှော်အစီအရင် ဆရာသမားများက သူတို့ကိုယ်သူတို့ သာမန်ထက် ပိုမို သန်မာလာစေရန် မှော်အစီအရင် စက်ဝိုင်းများကို သူတို့၏ ကိုယ်တွင်း အင်္ဂါများ၊ ကြွက်သားများ၊ အရိုးများတွင် ထည့်သွင်းကြသည်။
ထို့အပြင် မိစ္ဆာအမြုတေများကို အစီအရင်၌ ထည့်သွင်း အသုံးပြုကြသည်။
သူ အသုံးပြုခဲ့သည့် အမြုတေများက သွေးစုတ်ဖုတ်ကောင် ဓားပြရတနာသိုက်မှ ရရှိခဲ့သည့် ဆရာသခင် အဆင့် မိစ္ဆာအမြုတေများပင်။
သေးငယ်သော မှော်အစီအရင်က ချက်ချင်း ဆိုသလိုပင် ထိုနေရာရှိ ဧကရာဇ်များ၏ တာအို စွမ်းအင်များကို စုပ်ယူနေသည်။
ထို့ပြင် ၎င်းက မြေအောက် စွမ်းအင် သတ္တုကြောမှ ပင်ကိုယ်သဘာဝစွမ်းအင်များကိုလည်း စုပ်ယူနေကြောင်း ရန်ချီ ခံစားမိသည်။
'လောကအုပ်ချုပ်သူအများစုက မြေအောက်စိတ်ဝိညာဉ် သတ္တုကြောမှ ပင်ကိုယ်သဘာဝ စွမ်းအင်များကို မစုပ်ယူနိုင်ကြဘူး... သတ္တုကြောရဲ့စွမ်းအင်ကြောင့် သူတို့ရဲ့ အစစ်အမှန် စွမ်းအင်တွေတောင် လုံးဝ ပျက်စီးသွားနိုင်သေးတယ်... ဒါပေမဲ့ ငါ့ရဲ့ ငရဲချေမှုန်း နတ်ဆင်စွမ်းအားကြောင့် ငါ့အောက်မှာရှိတဲ့ မြေပြင်ကို ထူးထူးခြားခြား ထိန်းချုပ်နိုင်သေးတယ်လေ... အခု ငါက မြေအောက်မှာရှိတဲ့ စိတ်ဝိညာဉ် သတ္တုကြောနဲ့ ဆက်သွယ်နိုင်လာပြီ... ဒီနည်းစနစ်က ငါ့ကို ကမ္ဘာမြေရဲ့ အရှင်သခင်လို ဖြစ်စေတယ်'
သူက သူ့ စွမ်းအင်ပညာရပ်ကို အပြည့်အဝ ထုတ်ဖော်လိုက်သည်နှင့် အစစ်အမှန် စွမ်းအင်များက သူ့ ဦးခေါင်းထက်၌ စုဝေးလာကာ နတ်ဘုရားဆင်ရိုင်းကြီး ပုံသဏ္ဍာန် ဖြစ်ပေါ်လာသည်။ ထိုနတ်ဘုရား ဆင်ရိုင်းကြီး၏နှာမောင်းက မြေပြင်ပေါ်သို့ ကျဆင်းလာကာ မြေအောက်ရှိ စိတ်ဝိညာဉ် သတ္တုကြောနှင့် ချက်ချင်း ဆက်သွယ်သွားခဲ့သည်။ အကယ်၍ ကျောင်းတော်မှ အခြားကျွမ်းကျင်သူများသာ ထိုအခြင်းအရာကို မြင်တွေ့သွားပါက တုန်လှုပ်သွားပေလိမ့်မည်။ စီးဆင်းလာသော စိတ်ဝိညာဉ် စွမ်းအင်များက အဖြူဆွတ် ဆိတ်ကဲ့သို့ သန့်စင်နေပုံအရ ၎င်းတို့က မယုံကြည်နိုင်လောက်အောင် သန်မာကြောင်း သိသာလှ၏။
"ကမ္ဘာကြီးရဲ့ အရှင်သခင်"
ထိုစကားလုံးများက အစစ်အမှန် စွမ်းအင်နတ်ဘုရား ဆင်ရိုင်းကြီးထံမှ ပဲ့တင်ထွက်ပေါ်လာသည်။
ငရဲပြည်၏ အရှင်သခင်ကား ပုံမှန်အားဖြင့် ကမ္ဘာမြေကြီး၏ အရှင်သခင်သာ ဖြစ်သည်။
သန့်စင်သော မြေအောက် စိတ်ဝိညာဉ် စွမ်းအင်များက ဧကရာဇ်များ၏ တာအိုစွမ်းအင် အစီအရင်အတွင်း စီးဆင်းသွားကာ ရန်ချီဖန်တီးထားသည့် သေးငယ်သော အစီအရင်က ကြီးမားလာသည်။ ထိုအရာ၌ နတ်ဘုရား ဆင်ရိုင်းကြီး၏ အစစ်အမှန် စွမ်းအင်များ ပါဝင်နေသည်။
'အခု ငါ့ရဲ့ အစီအရင်ကို နေရာလွတ် လက်စွပ်ထဲ ထည့်သိမ်းထားနိုင်ပြီ'
လက်စွပ်အတွင်းရှိ နယ်မြေက အစီအရင်ကို သိမ်းထားနိုင်လောက်အောင် ကြီးမားရုံသာမက တစ်ချိန်တည်းမှာပင် ပျောက်ကွယ်မသွားဖို့ ထိန်းထားနိုင်သည်။ ဆန့်ကျင်ဘက် အားဖြင့် အစီအရင်ကို အခန်းတွင်းထားကာ စောင့်ကြည့်မနေပါက တဖြည်းဖြည်း ပျောက်ကွယ်သွားပေလိမ့်မည်။ ထိုကဲ့သို့ အရာမျိုးကို နောက်တစ်ခါ ပြုလုပ်ဖို့က မလွယ်ကူလှချေ။
လက်စွပ်အတွင်းမှာပင် အစီအရင်က မြေအောက် သဘာဝ ပင်ကိုယ်စွမ်းအင်များကို ဆက်လက် စုပ်ယူကာ ဧကရာဇ်များ၏ တာအိုစွမ်းအင်များအဖြစ် ပြောင်းလဲပေးနေသေးသည်။
'ဒါကို ငါ အကြာကြီး ထားလိုက်ရင် ဒီအစီအရင်က စိတ်ဝိညာဉ်တစ်ကောင်အဖြစ် သူဟာသူ ပြောင်းလဲသွားလိမ့်မယ်... လီဟီနဲ့ အခြားလူတွေဆီ အမြန်ဆုံး သွားပို့ပေးတာပဲ ကောင်းမယ်'
သူ အခန်းအတွင်း အစီအရင်ကြီးကို ရပ်ဆိုင်းလိုက်ကာ အရိပ်တစ်ခုကဲ့သို့ လက်ရွေးစင် ကျောင်းသားနယ်မြေမှ ထွက်ခွာလာပြီး အပြင်စည်းကျောင်းသား နယ်မြေသို့ ဦးတည်သွားလိုက်သည်။
ထိုအတောအတွင်း လက်ရွေးစင် ကျောင်းသားနယ်မြေ တစ်နေရာ၌ တစ်စုံတစ်ယောက်က ရန်ချီ ထွက်သွားတာကို စောင့်ကြည့်နေခဲ့သည်။
ထိုလူက အခြားသူတစ်ယောက်မဟုတ်ဘဲ သိပ်မကြာသေးခင်က ရန်ချီ၏ အရှက်ခွဲခြင်း ခံခဲ့ရသော ဂူဖန်းရှန်းပင်။
သူက တော်ဝင်အိမ်ရှေ့စံ အဖွဲ့သားများဖြစ်သည့် အခြား လက်ရွေးစင် ကျောင်းသားများနှင့် အတူတကွ ရှိနေသည်။ သူတို့၏ မျက်လုံးများ အရောင်တောက်နေပုံအရ သူတို့က တစ်စုံတစ်ရာ အစီအစဉ်တစ်ခုခု တိုင်ပင်ထားကြကြောင်း သိသာလှ၏။
"ငါတို့ ရန်ချီကို လျှို့ဝှက်ပြီး စောင့်ကြည့်နေတာ နှစ်လတောင် ရှိပြီနော် ဂူဖန်းရှန်း"
လက်ရွေးစင် ကျောင်းသားတစ်ယောက်က ပြောလိုက်သည်။
"မင်းတို့ မသင်္ကာစရာတစ်ခုခု တွေ့မိလား... သူက ထင်ထားတာထက် ပိုပြီး စွမ်းအားကြီးမားသလို ငါ ခံစားရတယ်... သူ့မှာ ပါရမီ အချို့ရှိပြီးတော့ ငါတို့ တော်ဝင်အိမ်ရှေ့စံ အဖွဲ့ကို ဝင်ရောက်လာတာ သူ့အတွက် မကောင်းဘူးလား... ဒါပေမဲ့ အရင်လတွေမှာ ငါတို့ ဘယ်လို ဖိတ်ခေါ် ဖိတ်ခေါ် သူ့ဘက်က ငြင်းဆိုခဲ့တယ်... သူက ဘယ်သူ့ကိုမှ သစ္စာရှိဖို့ အသိအမှတ် မပြုပုံအရတော့ ရည်မှန်းချက် ကြီးမားတဲ့ ပုံပဲ... တကယ်လို့ သူသာ အနာဂတ်မှာ ငါတို့အတွက် ပြဿနာ ဖြစ်လာနိုင်တယ်ဆိုရင် စောစောစီးစီး ရှင်းထားတာ မကောင်းဘူးလား... တော်ဝင်အိမ်ရှေ့စံ သဘောကျနေတဲ့ ယွမ်ဟိုက်လန်ကလည်း သူ့ကို သေလောက်အောင် မုန်းတီးနေတယ်... ငါတို့ ဘာလို့ အခု အဆုံးမသတ်လိုက်ရတာလဲ"
"သူ့ကို ရှင်းလင်းပစ်မယ်ဟုတ်လား... ငါတို့ သူ့ကို လုပ်ကြံသတ်ဖြတ်နိုင်ပေမယ့် သူက အခု လက်ရွေးစင်ကျောင်းသားပဲ... ပြီးတော့ ကျောင်းတော်ရဲ့ အဆင့်မြင့်ပိုင်းက အရူးတွေ မဟုတ်ဘူး... သူတို့က ငါတို့ကို ချက်ချင်း သံသယ ဝင်လာလိမ့်မယ်... ပြီးတော့ လက်ရွေးစင် ကျောင်းသား တစ်ယောက်ကို သတ်တာ အပြစ်ကြီးပဲ... တော်ဝင်အိမ်ရှေ့စံ ဝင်စွက်ဖက်ရင်တောင် ငါတို့ သိုင်းပညာတွေ ဖျက်ဆီးခံရမှာ အသေအချာပဲ... အဲဒါက သေတာထက်တောင် ဆိုးဝါးသေးတယ်"
"ဒီကိစ္စက အလျင်လိုစရာ မလိုပါဘူး"
နောက်ထပ် ကျောင်းသားတစ်ယောက်က ပြောလိုက်သည်။ သူ့ မျက်လုံးများက ရက်စက် ယုတ်မာသည့် အရိပ်အယောင်များ တောက်ပသွားကာ ဆက်ပြောလိုက်သည်။ "ငါတို့ နောက်ဆုံး အဖြေ ရှာတွေ့မှာပဲ... ကျောင်းသားတွေက အချိန်တိုင်း သေနေကြတာပဲလေ... သေဆုံးမှုတိုင်းကို ကျောင်းတော်က အသေးစိတ် စုံစမ်းစစ်ဆေးဖို့ နည်းလမ်း မရှိဘူး။ ဟုတ်တယ်မှတ်လား... ဘာလို့ ဒီလို ညစ်ပတ်တဲ့ အလုပ်တွေ ငါတို့ လုပ်နေမှာလဲ... ဥပမာ ကျောင်းတော်များကြားက သိုင်းပြိုင်ပွဲက လာတော့မယ်... အခြား ကျောင်းတော်က တစ်ယောက်ယောက်ကို ငါတို့အတွက် လုပ်ဖို့ ခိုင်းလိုက်မယ် ဆိုရင်ကော"
"ဒါ ကောင်းတာပဲ... တော်ဝင်အိမ်ရှေ့စံ အဖွဲ့က ဒီစစ်ဆင်ရေးကို နှစ်နဲ့ချီပြီး လုပ်လာတာပဲ... ငါတို့မှာ အခြားကျောင်းက ကိုယ်စားလှယ်တွေ ရှိတယ်... အဲဒီတော့ ငါတို့ ဒီကိစ္စကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်လိမ့်မယ်..."
ထို့နောက် သူတို့ ဆက်လက် ဆွေးနွေးနေကြတော့သည်။
End
***