ရန်ချီ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသည်ကို မြင်တော့ ရန်စုစုက ပြောလိုက်သည်။
"ချီအာ… မင်းငါ့ဆရာကို ယုံလို့ရတယ်… တကယ်လို့ မင်းပြောစရာရှိရင် ပြောလိုက်ပါ… မင်းဘယ်လို ကံကောင်းမှုကြီးပဲ ကြုံခဲ့ကြုံခဲ့ အဲဒါက အံ့ဖွယ် မဟုတ်ဘူး… မင်းက လောကအုပ်ချုပ်သူ အဆင့်ကို ၁၉ နှစ်နဲ့ ရောက်ခဲ့ပေမယ့် ငါ့ဆရာက အဲဒီထက် သာတယ်လေ… သူက ၁၅ နှစ်မှာ လောကအုပ်ချုပ်သူ အဆင့်ရောက်ခဲ့ပြီး ၂၄ နှစ်မှာ လောကအုပ်ချုပ်သူ အဆင့်ကိုးကို ရောက်ခဲ့ပြီးတော့ အခု သူက ဒဏ္ဍာရီအဆင့်ရဲ့ တာအိုကို လုပ်ဆောင်နေခဲ့ပြီ"
ရန်ချီ ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်၏ နောက်ခံအကြောင်း ကြားရသောအခါ အံ့အားသင့်သွားရသည်။ သူမက ကောင်းကင်ဘုံမှ မျက်နှာသာပေးခံခဲ့ရကြောင်း သိသာလွန်းလှ၏။ ၁၅ နှစ်နဲ့ လောကအုပ်ချုပ်သူ … သူက သူကြားရသည်ကိုပင် ယုံကြည်နိုင်ဖို့ ခဲယဉ်းလှသည်။ ယန်ကောင်းကင်လို ကျေးလက်ဒေသ၌ ထိုကဲ့သို့ အရာမျိုးက မဖြစ်နိုင်ချေ။
အသက် ၂၄ နှစ်ဖြင့် လောကအုပ်ချုပ်သူ အဆင့်ကိုးကို ရောက်ရှိခြင်းက စိတ်ကူးယဉ်နိုင်တာထက် ပိုနေပေသည်။
သူမက သူ့ထက် သိသိသာသာ စွမ်းအားကြီးသည်။ သို့သော် သူက သူမကို နတ်ဘုရားအဆင့် စွမ်းအင်ပညာရပ်ဆိုသည့် အမှန်တရားကို ပြောမည် မဟုတ်ချေ။ ထိုကိစ္စသာ ပေါက်ကြားသွားပါက အင်မော်တယ်ခြေနင်း ကျောင်းတော်မှ လူများပင် ထိတ်လန့်သွားပေလိမ့်မည်။
အကယ်၍ သူသာ ထိုနည်းစနစ်ဖြင့် မွေးဖွားလာပါက ကလေးအရွယ်ကတည်းကပင် လောကအုပ်ချုပ်သူအဆင့်ကို ရောက်သွားပေလိမ့်မည်။ ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်က သူနှင့် ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာလဲ။
"ကြီးမြတ်သော အကြီးအကဲ … အမှန်တရားကတော့ ငါ မိုးကြိုးပစ်ချခံခဲ့ရတာပါ… အဲဒါက ငါ့ရဲ့ သွေးကြောတွေကို သန်မာလာစေပြီးတော့ စွမ်းအင်ပင်လယ်ကို တိုးချဲ့ပေးခဲ့တယ်… ဒါကြောင့် ငါ့ရဲ့ အစစ်အမှန်စွမ်းအင်က သာမန်အဆင့်တူတွေထက် ပိုအားကောင်းပြီးတော့ ငါ့ရဲ့ သွေးသားခန္ဓာကိုယ်ကလည်း ၁၀ ဆ ပိုမို အစွမ်းထက်လာတယ် … ဒါကြောင့်ပဲ ငါ လုံရွမ်ဝူကို အနိုင်ယူနိုင်ခဲ့တာ"
ထိုအချိန်၌ သူက မိစ္ဆာနတ်ဘုရား တံဆိပ်တော်ကို အနည်းငယ် လွှတ်ပေးလိုက်ရာ သူ့သွေးတချို့က ရွှေရောင်ဖျော့ဖျော့ ဖြစ်လာခဲ့သည်။
"အိုး … တကယ်ကြီးလား… မိုးကြိုးပစ်ချခဲ့ပြီး ခွန်အားတွေ ရလာတယ်"
ထို့နောက် သူက အစစ်အမှန် စွမ်းအင်အချို့ကို ရန်ချီထံ စေလွှတ်လိုက်ရာ ရွှေရောင်သွေးများ၊ သာမန်ထက် ကြီးမားသည့် သွေးကြောကြောများနှင့် သာမန်ထက် ၁၀ ဆကျယ်ဝန်းသည့် စွမ်းအင်ပင်လယ်တို့ကို ချက်ချင်း သတိပြုမိလိုက်သည်။
"ကောင်းပြီ… ကြည့်ရတာ မင်းက အမှန်တရားကို ပြောနေတဲ့ပုံပဲ… ဒါပေမယ့် မိုးကြိုးပစ်ချခံခဲ့ရတဲ့ သူတွေက ဘယ်နည်းနဲ့မှ အသက်မရှင်နိုင်ကြဘူး… ဒီပုံပြင်က ဒီထက်ပိုမယ်ထင်တယ်… အချို့လျှပ်စီး ဒြပ်စစ်က မင်းရဲ့ စွမ်းအင်ပညာရပ်ကို အကူအညီ ဖြစ်စေနိုင်ပေမယ့် မင်းပြသထားသလောက်တော့ မဟုတ်ဘူးလေ"
သူမက သံသယ ရှိနေသော်လည်း မိစ္ဆာနတ်ဘုရား စည်းတံဆိပ်တော်ကြောင့် သူမက ရန်ချီ မြင်စေချင်တာထက် ပိုမမြင်တွေ့နိုင်ချေ။
"မိုးကြိုး ပစ်ချချိန် အလင်းတန်းတစ်ခု ငါ့ဆီဝင်လာတာတော့ သတိထားမိလိုက်တယ်… အဲဒါက လူပုံသဏ္ဍာန် အစစ်အမှန် စွမ်းအင်ဆိုတာတော့ သေချာတယ်"
အမှန်အတိုင်း ပြောရလျှင် သူ့နဖူးထဲရှိ ရွှေရောင် နတ်ဆိုးကလေးက ၎င်းအလိုရှိချိန်မှသာ လှုပ်ရှားလာသဖြင့် သူပင် ထိုအရာက ဘာမှန်း တိတိကျကျ မသိချေ။ အမှန်တရား အနည်းငယ်ကို ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်ကို ထုတ်ဖော်ပြလိုက်ခြင်းဖြင့် ထိုအရာနှင့် ပတ်သက်ကာ သူမ တစ်စုံတစ်ခု သိရှိနေပါက ထိုအရာက ထိုက်တန်ပေသည်။
"လူပုံသဏ္ဍာန် အစစ်အမှန် စွမ်းအင်အချို့ မင်းကိုယ်ထဲကို ဝင်သွားတယ်"
ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်က သိသာစွာ တုန်လှုပ်သွားသည်။
"အင်း … အခု ငါနားလည်သွားပြီ… အချို့ စွမ်းအားကြီးတဲ့ ကျွမ်းကျင်သူတွေက စွမ်းအင်ပညာရပ်မှာ ဆိုးရွားလွန်းတဲ့ အခက်အခဲတွေကို ဖြတ်ကျော်နေချိန်အတွင်း သူတို့က မိုးကြိုးလျှပ်စီးကြောင့် အသတ်ခံကြရတယ်… နောက်ဆုံးအချိန်မှာ သူက သူ့ရဲ့ အသက်ဓာတ် အမြုတေအချို့ကို ကယ်တင်နိုင်ဖို့အတွက် မိုးကြိုးရဲ့ စုပ်ယူခြင်းကို ခံခဲ့ရတယ်လေ… အဲဒီက မိုးကြိုးက မင်းကို ထိမှန်သွားပြီး အမြုတေက မင်းဆီ ရောက်လာတာပဲ… လောကအုပ်ချုပ်ခြင်းအဆင့်၊ ဒဏ္ဍာရီလာအဆင့်၊ မဟာသူတော်စင်အဆင့်တွေ အားလုံးက ကပ်ဘေးကြီးတွေကို ရင်ဆိုင်ကြရတယ်… တကယ်လို့ မင်းသာ အောင်မြင်အောင် မဖြတ်ကျော်နိုင်ရင် မင်းရဲ့ စိတ်ဝိညာဉ်က ကွဲကြေသွားပြီးတော့ အသက်ဓာတ် အမြုတေကလည်း အစိတ်စိတ်အမွှာမွှာ ကွဲသွားလိမ့်မယ်… အခြားလူတစ်ယောက်ကသာ အဲဒီ အသက်ဓာတ် စွမ်းအားကို ရရှိသွားရင် သူတို့က အလျင်အမြန် တိုးတက်လာလိမ့်မယ်… ကြည့်ရတာ မင်းက တကယ် ကံကောင်းခဲ့ပုံပဲ"
နောက်ဆုံးတော့ ရန်ချီ ဘာဖြစ်ခဲ့လဲ နားလည်သွားသည်။
သူ့ကိုယ်ထဲမှာ အနားယူနေသည့် လျှပ်စီးဆင်ရိုင်းကြီးက ကြည့်ရတာ သန့်စင်သော အသက်ဓာတ်စွမ်းအားအမြုတေ ဖြစ်နိုင်ပေသည်။ ရွှေရောင် နတ်ဆိုးကလေးက အချို့သော စွမ်းအားကြီး ကျွမ်းကျင်သူ့ စိတ်ဝိညာဉ် အပိုင်းအစဖြစ်ကာ ထိုအရာက ကျင့်ကြံခြင်း နည်းစနစ် ပါဝင်သည့် အပိုင်းအစ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ငရဲချေမှုန်း နတ်ဆင်စွမ်းအားကို ဘယ်လိုလူမျိုးက ကျင့်ကြံခဲ့တယ်ဆိုတာကို သူစဉ်းစားလို့ မရချေ။
အမှန်တော့ ချမ်းသာကြွယ်ဝ တိုက်ကြီးမှာ နတ်ဘုရားအဆင့် စွမ်းအင်ပညာရပ်များ ရှိကြောင်း တစ်ခါမှ မကြားဖူးခဲ့ချေ။
တကယ်တော့ ကောင်းကင်အဆင့် စွမ်းအင်ပညာရပ်များကိုပင် မမြင်ဖူးချေ။ ထို့ပြင် သူတော်စင်အဆင့် စွမ်းအင်ပညာရပ်နှင့် ပတ်သက်၍ ပုံပြင်အနည်းငယ်သာ ကြားဖူးသည်။ အင်ပါယာအဆင့် စွမ်းအင်ပညာရပ်ပင် ကောင်းကင်ကို တုန်လှုပ်စေပြီး မြေပြင်ကို အက်ကွဲစေနိုင်လောက်သည့် တည်ရှိမှုတစ်ခုပင်။
ဥပမာအားဖြင့် ဂူဖန်းရှန်းက အင်မော်တယ် သတ်ဖြတ်ခြင်း အတွဲငါးတွဲက အင်ပါယာအဆင့် ဖြစ်သော်လည်း ထိုအရာက မပြည့်စုံချေ။ အကောင်းဆုံးကတော့ သူတို့က တော်ဝင်အဆင့်ကို ဖိနှိပ်ထားနိုင်ခြင်းသာ ဖြစ်သည်။
"မဆိုးပါဘူး"
မြင့်မြတ်သော သမီးတော်က ပြောလိုက်သည်။
"မင်းက ကံကောင်းမှုအချို့ပဲ ကြုံတွေ့ခဲ့တာ မဟုတ်ပါဘူး သဘာဝ ပါရမီလည်း ရှိပြီးသားပါ… ဒါပေမယ့် လောကအုပ်ချုပ်သူ အဆင့်တွေမှာ မင်းစိုးရိမ်စရာ တစ်ခုက သေခြင်းရှင်ခြင်း လမ်းပေါ်မှာ လျှောက်လှမ်းနေရတယ်ဆိုတာပဲ … မင်းသိတယ်လို့တော့ ငါထင်ပါတယ် လောကအုပ်ချုပ်သူ အဆင့်မှာ ကပ်ဘေးများစွာ ဖြတ်ကျော်ရလိမ့်မယ်… တစ်ခါတစ်ရံ ကောင်းကင်နဲ့ မြေပြင်ရဲ့ ပင်ကိုယ်သဘာဝ စွမ်းအားတွေက ကြောက်စရာကောင်းတဲ့ မွန်းစတားကြီးပုံစံ ဖန်တီးပြီး မင်းရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ ကြိုးစားလိမ့်မယ်"
"ဒါက မင်းရဲ့ ကြိုးစားအားထုတ်မှု၊ ဉာဏ်ပညာ၊ စိတ်သဘောထားနဲ့ ဇွဲလုံ့လရှိမှုပေါ် မူတည်တယ်… မင်းသာ အတားအဆီး အားလုံးကို ဖြတ်ကျော်နိုင်ရင် ဒဏ္ဍာရီလာ အဆင့်ကို ရောက်ရှိနိုင်လိမ့်မယ်"
ထိုအချက်အရ ရန်ချီသည် ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်ထံမှ အတည်ပြုမှု အချို့ ရရှိခဲ့သည်။
"ကျွန်တော်နားလည်ပါပြီ မြင့်မြတ်တဲ့ အကြီးအကဲ… ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းမှာ အပျင်းမခိုရဲပါဘူး"
ယခုအချိန်မှာ သူက သူ့ခွန်အား အပြည့်အစုံကို ထုတ်ဖော်ရင်တောင် ငရဲချေမှုန်း နတ်ဆင်စွမ်းအား၏ အစစ်အမှန်ပုံစံ မထုတ်ဖော်သရွေ့ မည်သူကမှ သူ့ထံမှာ နတ်ဘုရားအဆင့် စွမ်းအင်ပညာရပ် ရှိလိမ့်မည်ဟု သံသယဝင်တော့မည် မဟုတ်ချေ။
ထို့ပြင် အင်မော်တယ်ခြေနင်း ကျောင်းတော်၏ တည်ထောင်သူများပင် ထိုကဲ့သို့ ပညာရပ်မျိုးကို မြင်တွေ့ခဲ့ဖူးခြင်း မရှိချေ။
"သိပ်ကောင်းတယ်… စုစုက မင်းအတွက် ဆရာရှာပေးဖို့ ငါ့ကို မေးမြန်းထားတော့လည်း မင်းရဲ့ ပါရမီကို လူအိုကြီးအချို့ စိတ်ဝင်စားလိမ့်မယ်… သူတို့နဲ့ တွေ့ရအောင် ငါမင်းကို ခေါ်သွားပေးမယ်… သူတို့ မင်းကို လက်ခံမလား လက်မခံဘူးလား ဆိုတာတော့ မင်းအပေါ်ပဲ မူတည်တယ်"
ထို့နောက် သူမက လက်ကို ဝှေ့ယမ်းလိုက်လေရာ တောင်ပေါ်မှ ပန်းပွင့်ချပ် သန်းပေါင်းများစွာက ကြီးမားသော ကြာပန်းပလ္လင်တစ်ခုသဖွယ် ဖြစ်သွားသည်။ ရန်ချီနှင့် ရန်စုစုတို့က ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်နှင့်အတူ ပလ္လင်ထက် တက်သွားပြီးနောက် တောင်တန်းများထံ ပျံသန်းသွားသည်။
ရန်ချီက သူမ၏ စွမ်းအင်ပညာရပ်ကို မည်သို့ကောင်းစွာ ထိန်းချုပ်နိုင်ကြောင်းကို အလွန် အံ့အားသင့်သွားပြီး ခေါင်းညိတ်လိုက်မိသည်။
ရန်ချီက စွမ်းအင် မငြိမ်မသက်မှုကိုပင် အာရုံမခံရကာ ၎င်းက သဘာဝနှင့် တစ်သားတည်း ဖြစ်နေပြီး ကောင်းကင်နှင့်မြေပြင်မှ အစစ်အမှန် စွမ်းအင်များ ပြည့်နှက်နေသည်။ ပန်းပွင့်ချပ် တစ်ခုစီတိုင်းက ဉာဏ်ရည်ရှိပုံရကာ ၎င်းတို့က တညီတညွတ်တည်း လှုပ်ရှားနေကြ၏။
ကြာပန်းပလ္လင်က တောင်တန်းနှင့် တိမ်များကို ဖြတ်သန်းသွားလေရာ ရန်ချီက ရှုခင်းများကို ကြည့်နေခဲ့သည်။ တူညီနေသည့် တောင်ထွတ်များက အများအပြားရှိကာ သူတို့ထဲမှ အချို့က ချွန်ထက်နေပုံရပြီး မညီမညာ ချိုင့်ဝှမ်းများဖြစ်နေကာ အချို့တောင်များက ကြောက်စရာကောင်းပုံ ပေါ်နေသည်။ အချို့ ထူးခြားသည့် နေရာများ၌ စမ်းချောင်းများ၊ ရေတံခွန်များ ရှိနေကြလေရာ ထိုအရာက အလွန်လှပနေသည်။ အချို့တောင်များက ကောင်းကင်နှင့် နီးကပ်လုနီးနီး မြင့်နေကြကာ ကောင်းကင်နှင့် ချိတ်ဆက်နေသည်ဟု ခံစားရ၏။
ကျောင်းတော်၏ စည်းမျဉ်းများအရ လောကအုပ်ချုပ်သူ အဆင့်ငါး ရောက်ပြီးမှသာ ကောင်းကင်လျှိုမြောင်၌ နေခွင့်ရသည်။ ထိုနေရာက လက်ရင်းတပည့်များ၏ ကျင့်ကြံရာ နေရာ ဖြစ်သည်။
"ဒီတောင်တန်းဒေသက အင်မော်တယ်ခြေနင်း ကျောင်းတော်ရဲ့ အစွန်အဖျား နေရာပဲ"
ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်က ရှင်းပြလိုက်သည်။
"ကောင်းကင်လျှိုမြောင် တောင်တန်းရဲ့ အနက်ပိုင်းမှာ တည်ထောင်သူတွေက သီးခြား ဒိုင်းမန်းရှင်းတစ်ခုကို တည်ဆောက်ထားပြီးတော့ အဲဒါကို အသေးစား စကြဝဠာကမ္ဘာလို့ ခေါ်တယ်… ဒါက ကျောင်းတော်ရဲ့ တကယ်အမြုတေပဲ… ဒဏ္ဍာရီအဆင့်တွေသာ အဲဒီနေရာကို သွားနိုင်တယ်… ဥပမာ ငါ့ဆရာလိုပေါ့… စုစု… မင်းဒီကို ရောက်တာ ၁၀ နှစ် ရှိသွားပေမယ့် မင်းကို ခေါ်သွားဖို့ တစ်ခါမှ အခွင့်အရေး မရခဲ့ဘူး… မျက်စိရှင်ရှင်ထားပါ… ဒါက မင်းရဲ့ ကျင့်ကြံခြင်းအတွက် အလွန်အကျိုးရှိစေလိမ့်မယ်"
နောက်ဆုံး၌ ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်က လက်ကို ဝှေ့ယမ်းလိုက်ပြီး တိမ်နှင့်မြူများရှိနေသည့်နေရာကို ဦးတည်သွားသည်။ ထို့နောက် ကြာပန်းပလ္လင်က တောင်တန်းများ အပေါ်သို့ ပို၍ ပို၍ မြင့်မားစွာ တက်သွားခဲ့ပြီး နောက်ဆုံး တိမ်ပင်လယ်တစ်ခု ပေါ်လာသည်။
ထိုမြင်ကွင်းကြောင့် ရန်ချီတစ်ယောက် မျက်လုံးပြူးသွားသည်။
တောင်ထိပ်များ အားလုံး၏ အလယ်၌ ကြီးမားသော ကျောက်တုံး ဂိတ်တံခါးကြီး ရှိသည်။ ၎င်းက မီတာ ၃၀၀၀ မြင့်မားပြီး ကီလိုမီတာ ဒါဇင်ချီ ကျယ်ပြန့်ကာ တိမ်ပင်လယ်ထဲမှာ တစ်ခုတည်း ရပ်တည်နေသည်။
ထိုဂိတ်တံခါးကြီးနှင့် နှိုင်းယှဉ်လျှင် ရန်ချီက ပုရွက်ဆိတ်တစ်ကောင် ဒါမှမဟုတ် ထိုထက် ပိုသေးသည့် သဲပွင့်လေး တစ်ခုလို ခံစားလိုက်ရသည်။
"ဒီတံခါးက အသေးစား စကြဝဠာကမ္ဘာကို ဦးတည်တာပဲ… လာ… သွားကြမယ်"
ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်က တိမ်ပင်လယ်ထဲရှိ ဂိတ်တံခါးကို မြင်သော်လည်း သူတို့ကဲ့သို့ အထင်ကြီး အံ့ဩမနေခဲ့ချေ။
"ဒီကျောက်တုံးဂိတ်ကို ကောင်းကင်နှင့် မြေပြင်အကြား ဆန်းကြယ်သော မုခ်ဝလို့ ခေါ်တယ်… ဒီလို သူမတူလောက်အောင် စွမ်းအားကြီးတဲ့ မှော်ရတနာက အင်မော်တယ်ခြေနင်း ကျောင်းတော်ရဲ့ ကံတရားကို ထိန်းချုပ်နိုင်ပြီးတော့ အတွင်းထဲက ကမ္ဘာတစ်ခုလုံးကိုလည်း ထိန်းချုပ်ထားနိုင်တယ်လေ…."
မုခ်ဝက တင်းကျပ်စွာ ပိတ်ထားလေရာ ရန်ချီက ၎င်း၏ မျက်နှာပြင်ပေါ်တွင် ဖုံးလွှမ်းနေသည့် ရှုပ်ထွေးသော သင်္ကေတမျဉ်းများကို ပြည့်စုံစွာ မြင်ရသည်။ ထိုအရာက ဘာနဲ့ တည်ဆောက်ထားကြောင်း သူ မပြောနိုင်သော်လည်း ၎င်းက ကောင်းကင်နှင့် မြေပြင်မှ စွမ်းအင်များ ပါဝင်နေသည့် နတ်ဘုရားကျောက်တုံး တစ်ခုခုဖြင့် ဆောက်လုပ်ထားသည်ကတော့ သိသာလွန်းလှသည်။
ထိုမျဉ်းကြောင်းများက နက်နဲလွန်းကာ ၎င်းတို့က ဆန်းကြယ်သည်ထက်ပင် ပိုမို ဆန်းကြယ်နေ၏။
ထို့ပြင် သူ့ခြေထောက်အောက်ရှိ တိမ်များအပေါ်၌ စွမ်းအင်ပညာ ဆရာသခင်များ လုံခြုံစွာ ပျံသန်းမလာနိုင်လောက်အောင် စွမ်းအားကောင်းသည့် စွမ်းအင်များပါဝင်နေသည်။ လောကအုပ်ချုပ်သူများ အတွက်ပင် ထိုအရာက အလွန်ခက်ခဲလွန်းလှသည်။
အနည်းငယ်မျှ အမှားလုပ်မိရုံဖြင့် လူတစ်ယောက်ရဲ့ အရိုးတွေက ဖုန်မှုန့်ဖြစ်သည့်အထိ ဖျက်ဆီးခံရနိုင်ပေသည်။
ရှေးဟောင်း ကျောက်တုံးမုခ်ဝ၏ အကျိုးသက်ရောက်မှုကြောင့် တိမ်ပင်လယ်အတွင်း မည်သည့် အန္တရာယ်ကြီးများမဆို ပျက်ပြယ်သွားကာ ကျောက်စိမ်းကဲ့သို့ အစိုင်အခဲပုံစံ ပြောင်းလဲသွားစေသည်။
တိမ်များကို ဖြတ်သန်း၍ လျှောက်လှမ်းသွားသည့် ခြေလှမ်းတိုင်းက အသံမြည်စေသည်။
သူ့ဓားစွမ်းအင်ပင် ထိုတိမ်များကို ထိုးဖောက်နိုင်ဖို့ နည်းလမ်းမရှိကြောင်း တစ်ခုသာ ရန်ချီ ပြောနိုင်သည်။
သူ့ဘဝမှာ ထိုကဲ့သို့ အရာမျိုး တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ဂိတ်တံခါးကို လူဘီလူးကြီးများက စောင့်ကြပ်နေကာ သူတို့ တစ်ယောက်ချင်းစီက မီတာတော်တော်လေး အရပ်ရှည်ကြကာ အချွန်အထက်ပါသည့် လွှသွားပုံ လက်နက်မျိုးကို ကိုင်ဆောင်ထားကြသည်။ သူတို့အားလုံးက လောကအုပ်ချုပ်ခြင်းအဆင့် ကျင့်ကြံမှု အခြေခံရှိကာ အင်မော်တယ်ခြေနင်း ကျောင်းတော်မှ လက်ရွေးစင် တပ်သားများ ဖြစ်ကြောင်း သိနိုင်ပေသည်။
ကြီးမားသော ကျောက်တုံးဂိတ်ဝ၏ အောက်ခြေ၌ တံခါးငယ်လေးတစ်ခုက ချိတ်ပိတ်ထားသည်။ ထိုအရာက အသုံးများသည့် ဝင်ပေါက်တစ်ခုဖြစ်ကြောင်း သိသာလှ၏။ ဂိတ်တံခါးတစ်ခုလုံးက အလွန်အရေးကြီးသည့် အချိန်အခါမှသာ ဖွင့်လှစ်လေ့ရှိသည်။
လူဘီလူးခေါင်းဆောင်က သူတို့ကို မြင်သောအခါ အနည်းငယ် ပြုံးသွားပြီး ရှေ့တိုးလိုက်သည်။ ထို့နောက် သူက ဒူးတစ်ဖက်ထောက်လိုက်လေရာ ကျောင်းတော်အတွင်း သူ့နေရာနှင့် ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်အကြား ဘယ်လောက် ကွာဟကြောင်း သိသာလှသည်တကား။
"ဒီက ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော် မဟုတ်လား… ဒီနေ့ ဒီကို ဘာလို့ လာခဲ့တာလဲ… အသေးစား စကြဝဠာကမ္ဘာက သူငယ်ချင်းတွေဆီ အလည်လာတာလား… သင်က ဒဏ္ဍာရီလာ အဆင့်နဲ့ နီးနေပြီ မဟုတ်လား… မကြာခင်မှာပဲ ဒီကိုလာပြီး ကျင့်ကြံနိုင်လာတော့မှာပါ"
End
***