"ကောင်းပြီ... တံခါးဖွင့်လိုက်တော့"
ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်က လက်ကို ဝှေ့ယမ်းရင်း အမိန့်ပေးလိုက်၏။
"ဟုတ်ကဲ့ပါ သခင်မ"
သူမ၏ အမိန့်ကို မလွန်ဆန်ရဲလေရာ လူဘီးလူးကြီးလည်း ကြီးမားသော ငွေရောင်သော့ တစ်ချောင်းကို ထုတ်ယူပြီး တံခါးငယ်အတွင်း ထိုးထည့်လိုက်တော့သည်။
သို့သော် ထိုအချိန်မှာပင် အလင်းတန်းတစ်ခု အဝေးတစ်နေရာမှ ပေါ်လာလေ၏။
ထိုအရာက တိမ်ပင်လယ်ပေါ် ဆင်းသက်ပြီးနောက် အရိပ်တစ်ခုပမာ သူတို့ဆီ ဦးတည် လာနေသည်။ ထိုအရာက လူအိုကြီး တစ်ယောက်ပုံပေါက်ကာ ဝက်ဝံတစ်ကောင်ကဲ့သို့ ကျယ်ပြန့်သော ပခုံးနှင့် ခေါင်းမှာမူ ခြင်္သေ့တစ်ကောင်ကဲ့သို့ ဆံပင်ဖြူများ ထူထဲနေ၏။ ထိုအခြင်းအရာက ရန်ရှင်းရီနှင့် အတော်ကလေး တူညီသော်လည်း သူ့ အော်ရာမှာ ရန်ရှင်းရီထက် များစွာသာလွန်နေရာ သူတို့နှစ်ယောက်ကို နှိုင်းယှဉ်ဖို့ ခဲယဉ်းလှသည်။
ထိုလူက လောကအုပ်ချုပ်သူ အဆင့်များစွာ အောင်မြင်ထားကြောင်း သိသာလှ၏။
အနည်းဆုံးတော့ ရန်ချီက သူနှင့် မယှဉ်ပြိုင်နိုင်ပေ။
သို့သော် ရန်ချီက ထိုအဘိုးအိုကို သတိမထားမိခဲ့ချေ။ ထိုအစား သူ့ အကြည့်က ထိုအဘိုး နောက်မှ လိုက်ပါလာသော အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ငယ်ရွယ်သော မိန်းမလှလေးထံတွင်သာ ရောက်နေတော့သည်။
ယွမ်ဟိုက်လန်...
ကံကြမ္မာကြောင့် ပြိုင်ဘက်နှစ်ယောက်က နောက်တစ်ချိန် မျက်နှာချင်းဆိုင် မိကြပြန်ပြီ။
ထိုအရာက ရန်သူတို့သည် အမြဲတမ်း လမ်းကျဉ်းလေးမှာ တွေ့တတ်ကြသည် ဟူသော ရှေးဆိုရိုး အတိုင်းပင်။
ရန်ချီက သူမပေါ် စိုက်ကြည့်ကာ စဉ်းစားနေမိသည်။
တစ်ချိန်တည်းမှာပင် သူမကလည်း သူ့ကိုတွေ့သွားကာ သူတို့ မျက်လုံးချင်း ဆုံကြသောအခါ မီးဝင်းဝင်း တောက်သွားကြလေ၏။
ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်က လူအိုကြီးကို တွေ့တော့ အမူအရာ ပြောင်းလဲသွားခဲ့ပြီး ပြောလိုက်သည်။
"ကြီးမြတ်သော အကြီးအကဲ နတ်ဘုရားသိန်းငှက်... ဘာလို့ ဒီကျောင်းသူလေးကို အသေးစား စကြဝဠာကမ္ဘာထဲကို ခေါ်လာတာလဲ"
မဟာ အကြီးအကဲ သိန်းငှက်က ရပ်တန့်လိုက်ကာ သူမကို ကြည့်လာ၏။
"သူမက ပါရမီ အရမ်းရှိလွန်းတာကြောင့်ဘဲ... သူမကို လူအိုကြီးတွေက ကြည့်ရှူစစ်ဆေးဖို့ တာဝန်ပေးခံရလို့ ငါခေါ်လာခဲ့တာ... သူတို့ထဲက တစ်ယောက်ယောက်က သူမကို ပညာသင် တပည့်အဖြစ် ခေါ်ယူဖို့ မျှော်လင့်ရတာဘဲလေ... ပန်းပေါင်းစုံ မြင့်မြတ်သောသမီးတော်... မင်းရဲ့ ကျင့်ကြံခြင်းက သိသိသာသာ တိုးလာတာဘဲ... မင်းဘယ်အချိန် ဒဏ္ဍာရီလာအဆင့်ကို ချိုးဖောက် တက်လှမ်းနိုင်မလဲ ငါတကယ် စိတ်ဝင်စားမိတယ်"
သူတို့နှစ်ယောက်၏ လေသံက တစ်ယောက်ကိုတစ်ယောက် ရန်စောင်နေလေရာ ကြည့်ရသည်မှာ သူတို့အကြား သဘောထား ကွဲလွဲမှုအချို့ရှိကြောင်း သိနိုင်သည်။
ပန်းပေါင်းစုံ မြင့်မြတ်သောသမီးတော်က အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ ပြန်ပြောလိုက်၏။
"ကျွန်မက ရှင်ထက်အရင် ဒဏ္ဍာရီအဆင့်ကို ရောက်လိမ့်မည် မြင့်မြတ်တဲ့ အကြီးအကဲ နတ်ဘုရားသိန်းငှက်ရေ... ရှင်ကတော့ လောကအုပ်ချုပ်သူ အဆင့်ကိုးမှာ သောင်တင်နေတာ နှစ်ရာချီ နေပြီလေ... ဘဝသက်တမ်း တစ်လျှောက်လုံး ရှင်နောက်တစ်ဆင့် တက်လှမ်းနိုင်ပါ့မလားလို့တောင် ကျွန်မ သံသယ ဝင်မိတယ်"
မဟာ အကြီးအကဲ နတ်ဘုရားသိန်းငှက်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"မင်းထင်နေတာတွေ မှားသွားတာတော့ စိတ်တောင် မကောင်းဘူး။ ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်ရယ်... ငါ တော်ဝင်အိမ်ရှေ့စံထံက အကူအညီအချို့ ရရှိခဲ့တယ်... သူက ငါ့ကို အသက်ဓာတ် စမ်းရေ တစ်ပုလင်းတောင် ပေးခဲ့တယ်... အဲဒီရေက ငါ့ရဲ့ အသက်ဓာတ်ကို လှုံ့ဆော်ပေးနိုင်တယ်လေ... နှစ်ရက်အတွင်း ငါရဲ့ အိုမင်းခြင်းကို ပြုပြင်ပေးပြီးတော့ ခန္ဓာကိုယ်ကို ပြန်လည် ပုံဖော်ပေးနိုင်လိမ့်မယ်... အခုတော့ ငါက ဒဏ္ဍာရီအဆင့်ကို ရောက်မလား မရောက်မလား မေးခွန်းထုတ်စရာတောင် မလိုတော့ဘူး... မင်းကမှ နှေးကွေးတဲ့ သူတစ်ယောက်ဘဲ... ဘာလို့ ငါလို အိုမင်းသွားတဲ့အထိ မစောင့်တာလဲ... အဲချိန်ဆို မင်းလည်း အောင်မြင်လာနိုင်မှာပါ"
"အသက်ဓာတ်စမ်းရေ..."
ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်က တုန်လှုပ်သွားတော့သည်။
"တော်ဝင်အိမ်ရှေ့စံက ရှင်ကို အဲလို အဖိုးတန်တာ ပေးခဲ့မယ်လို့ ယုံတောင် မယုံနိုင်ဘူး... ရှင်ကော သူ့အတွက် ဘာလုပ်ပေးဖို့ သဘောတူလိုက်ရလဲ"
"လူအိုကြီး တစ်ယောက်ယောက်က ဒီကောင်မလေးကို ပညာသင်အဖြစ် လက်ခံအောင် စည်းရုံးပေးဖို့ဘဲ... မင်းသိတဲ့အတိုင်း သူတို့နဲ့ ငါ မိတ်ဆွေဖြစ်တာ နှစ်တော်တော် ကြာပြီလေ... ပြီးတော့ အခုငါက တော်ဝင်အိမ်ရှေ့စံ အဖွဲ့ရဲ့ ဓမ္မကိုယ်ရံတော်တစ်ယောက် ဖြစ်နေပြီဆိုတော့ တော်ဝင်အိမ်ရှေ့စံက ငါ့ကိုနည်းနည်း ကူညီပေးတာ သဘာဝပဲလေ"
"ဒါဆို မြင့်မြတ်တဲ့ အကြီးအကဲက တော်ဝင်အိမ်ရှေ့စံ အဖွဲ့ရဲ့ ညစ်ပတ်တဲ့ ဖိနပ်တွေ လိုက်လျက်တဲ့အဆင့်မှာ ရပ်သွားပြီပေါ့... ကျောင်းသားတွေက သူတို့ ကိုယ်အကျိုးအတွက် တော်ဝင်အိမ်ရှေ့စံ အဖွဲ့ကို ဝင်ရောက်ပေမယ့် ငါတို့လို အကြီးအကဲတွေက ဒီလိုမလုပ်ဘူး" ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်က ပြောလိုက်သည်။
"ကမ္ဘာပေါ်မှာ လူတွေက ရှေ့ဆက်နိုင်ဖို့ ကြိုးစားနေကြတာဘဲလေ... အင်မော်တယ် ခြေနင်း ကျောင်းတော်မှာလည်း အတူတူဘဲ... တော်ဝင်အိမ်ရှေ့စံက ကောင်းကင်ပါရမီရှင် တစ်ယောက်ဖြစ်ပြီးတော့ ကောင်းကင်ဘုံက မျက်နှာသာပေးမှုကို ခံရတယ်... သူက အခုထက်ပို ပိုပြီးတောင် တောက်ပလာဦးမှာ... သိပ်မကြာခင်မှာဘဲ ငါတို့ ကျောင်းတော်ရဲ့ အဓိပတိက ပိုမြင့်တဲ့ အဆင့်ကို တက်လှမ်းတော့မယ်... အဲဒီချိန်မှာ သရဖူဆောင်း င်းသားက အဲဒီနေရာကို ဆက်ခံရမှာဘဲ... သူ့ကို ကူညီတာ ဘာမှားလို့လဲ" အကြီးအကဲ နတ်ဘုရားသိန်းငှက်က ပြန်ပြောလိုက်၏။
မြင့်မြတ်သော သမီးတော်က သရော်သလို လှောင်ရယ် ရယ်လိုက်သည်။
"တော်ဝင်အိမ်ရှေ့စံအကြောင်း အမွှန်းတင်တာ တော်လိုက်တော့... သူက နောက်ထပ် အကြီးအကဲ အဓိပတိ ဖြစ်မယ် ထင်လား"
"လေပေါနေတာ တော်လောက်ပြီ"
မဟာ အကြီးအကဲ သိန်းငှက်က ပြောကာ အင်္ကျီလက်ကို ခါလိုက်သည်။
"ငါချိန်းထားတာ ရှိသေးတယ်"
ထိုအချိန်မှာပင် ယွမ်ဟိုက်လန်က ရှေ့တိုးကာ ပြောလာ၏။
"ရန်ချီ ဒီကိုခဏလာဦး... ရှင်နဲ့ ကျွန်မ ၂ ယောက်တည်း ပြောစရာ အချို့ရှိတယ်"
ထို့နောက် သူမက အခြားတစ်ဖက်ကို လျှောက်သွားလိုက်သည်။
ရန်ချီက ရင်ထဲ ပေါက်ကွဲလုနီးပါးဖြစ်သွားကာ ရန်စုစုကို ကြည့်လိုက်တော့ သူမက သူ့ကို ခေါင်းညိတ်ပြလိုက်၏။ သူက အံကြိတ်လိုက်ကာ ကိုးမီတာ အဝေးတွင်ရှိသည့် ယွမ်ဟိုက်လန်ထံ ရောက်သွားတော့သည်။
"ရန်သူတွေက အမြဲတမ်း လမ်းကျဉ်းလေးမှာ လာဆုံကြတာဘဲ... မမှန်ဘူးလား ယွမ်ဟိုက်လန်... ငါတို့တွေ သူတော်စင် သင်ကြားရေး အကယ်ဒမီမှာတွေ့ပြီး ခုလည်းအင်မော်တယ် ခြေနင်း ကျောင်းတော်ရဲ့ နှလုံးသားဖြစ်တဲ့ အသေးစား စကြဝဠာ ကမ္ဘာရှေ့မှာ လာတွေ့ကြပြန်ပြီ... မင်းပြောစရာ ရှိတယ်ဆို ပြောလိုက်"
"ရန်သူတွေက အမြဲတမ်း လမ်းကျဉ်းလေးမှာ တွေ့ကြတယ် ..."
ယွမ်ဟိုက်လန်က သူမ၏ နားနောက်ဘက်သို့ ဆံပင်ကို သပ်တင်လိုက်သည်။ သူမ၏ ကိုယ်သင်းနံ့က သစ်ခွပန်းရနံ့နှင့် တူညီကာ ထိုအရာက ယောက်ျားသားတွေကို ရူးသွပ်စေနိုင်၏။ သူမက အရင်ထက် ပိုမိုဆန်းကြယ် လာသည်။ သူမ၏ ကိုယ်၌ ပင်လယ်နတ်ဘုရား သွေးများ ရှိနေခြင်းကြောင့် သူမက ပိုမိုလှပပြီး နတ်ဘုရားမတစ်ပါးအသွင် ဖြစ်လာပုံရသည်။ ထိုအခြင်းအရာကြောင့် သူမက တော်ဝင်အိမ်ရှေ့စံ၏ အာရုံကို ဆွဲဆောင်နိုင်ခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။
"ရှင်သိတဲ့ အတိုင်းဘဲ ရန်ချီ" သူမက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
"ကျွန်မက တော်ဝင်အိမ်ရှေ့စံရဲ့ မျက်နှာသာ ပေးခံရတာကြောင့် သူက ကျွန်မရဲ့ ကျင့်ကြံခြင်းကို တိုးတက်စေဖို့ အာရုံစိုက်ပြီး ကူညီပေးခဲ့တယ်... လက်ရှိ တော်ဝင်အိမ်ရှေ့စံ အဖွဲ့က ထိပ်ဆုံး အဖွဲ့အစည်းကြီးဘဲ... ဒီအဖွဲ့က ကျောင်းတော်ထဲမှာ တောင်မကဘူး ချမ်းသာကြွယ်ဝ တိုက်ကြီး တစ်ခုလုံးကိုပါ လွှမ်းမိုးနိုင်တယ်... ရှင်ဘယ်လို ကံကောင်းမှုဘဲ ကြုံခဲ့ကြုံခဲ့ တော်ဝင်အိမ်ရှေ့စံနဲ့ ယှဉ်ရင် ရှင်က စစ်ရထားကို တားဖို့ ကြိုးစားနေတဲ့ ရှိခိုးကောင် သာသာဘဲ"
"ဟုတ်ပြီ ဘာဖြစ်လဲ... အဲတော့ မင်းဘက်မှာ စွမ်းအားကြီးတဲ့ သူတစ်ယောက်ယောက် ရှိနေလို့ ငါက မင်းကို ကြောက်မယ်လို့ မင်းထင်နေတာလား... မင်းငါ့ကို ဒီလိုလုပ်ခဲ့ပြီးတဲ့ နောက်မှာ ငါက မင်းကို ကလဲ့စားချေမှာကို လက်လျှော့မယ်လို့ မင်းထင်လား... အဲဒါဆို မင်းအမှားကြီး မှားသွားပြီ"
"ကျွန်မက ရှင်ကောင်းဖို့အတွက် ပြောတာပါ ရန်ချီ"
သူမက အရေးမစိုက်သလို ပြောလိုက်၏။
"ကျွန်မ ရှင့်ကို တော်တော်လေး အလျှော့ပေးခဲ့တာ ရှင်သိလား... ရှင်ရော ယန်ကောင်းကင်ရော... ကျွန်မ ရှင်အိမ်အကြောင်း သိထားတယ်... ရှင်အဖေက တိုင်းပြည်အသစ် ထူထောင်ဖို့ အစီအစဉ် ချထားပေမယ့် အဲဒါက ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး"
ရန်ချီက သူမ၏ စကားလုံးများမှ ခြိမ်းခြောက်မှုကို သိရှိသွားသည်။
"မင်းသာ ငါ့ကလန်ကို တစ်ခုခု လုပ်ရဲ လုပ်ကြည့်... ငါ့ကို ယုံကြည်ထားလိုက် မင်းလုပ်တာနဲ့ ငါ မင်းကို သတ်မယ်"
"ကျွန်မကို သတ်မယ်... ရှင်ရဲ့ နိမ့်ကျတဲ့ စွမ်းအင်ပညာရပ်လေးလောက်နဲ့ ကျွန်မကို သတ်နိုင်မယ်လို့ ရှင်ထင်နေတာလား... အိုး ရှင်က ဂူဖန်းရှန်းကို နိုင်ရုံနဲ့ ကျွန်မကို နိုင်မယ် ထင်နေတာလား... တကယ်ကြီးလား... ကျွန်မရဲ့ စွမ်းအင်ပညာရပ်နဲ့ ကျင့်ကြံမှု အခြေခံက ရှင်နားလည် နိုင်တာထက်ကို သာလွန်တယ်"
သူမက မာနထောင်လွှားကာ သူမကိုယ်သူမ အပြည့်အဝ ယုံကြည်ထားပုံ ပေါ်သည်။
"ရှင်အန်တီလေးက ဒုတိယအဆင့် လောကအုပ်ချုပ်သူအဆင့်ဖြစ်လည်း ကျွန်မ ဂရုမစိုက်ဘူး... သူမက ကျွန်မကို မယှဉ်နိုင်ပါဘူး... ကျွန်မသာ ဆန္ဒရှိရင် ရှင်တို့ နှစ်ယောက်လုံးကို သတ်လိုက်လို့ ရတယ်"
"အဲဒါဆို ကြိုးစားကြည့်လေ"
ရန်ချီက တည်တည်ငြိမ်ငြိမ်ဘဲ ပြောလိုက်တော့သည်။ သူက အရမ်းဒေါသ ထွက်နေသော်လည်း ခေါင်းအေးအေး ထားနိုင်ခဲ့၏။ သူက ကိစ္စတော်တော်များများ ဖြတ်သန်းခဲ့ပြီးနောက် ထိုစွမ်းရည် တစ်ခုတော့ ကျွမ်းကျင်လေပြီ။
"မင်းအတွက် ကမ္ဘာကြီးက လုပ်ပေးနေတယ် ထင်နေတာလား ယွမ်ဟိုက်လန်... ဒါပေမဲ့ အဆုံးမှာ အရေးကြီးဆုံးက ကိုယ်ပိုင်စွမ်းအားနဲ့ သန်မာမှုဘဲ... အစီအစဉ်တွေ၊ ကောက်ကျစ်မှုတွေက မင်းကို အဲဒါနဲ့ ပိုဝေးသွားစေလိမ့်မည်"
"ကောင်းပြီလေ"
သူမက ရေခဲတစ်မျှ အေးစက်သော အသံဖြင့် ပြန်ပြောလိုက်သည်။ "ကိုယ်ပိုင် ခွန်အားနဲ့ စွမ်းအားက ရှေ့ဆက်ဖို့ အဓိကဘဲ... ဒါကြောင့် ကျွန်မက ရှင့်လို ငတုံးလေးကို အသုံးချခဲ့တာဘဲ... ရှင်က တကယ်ကို သေးငယ်ပြီးတော့ တန်ဖိုးနည်းလွန်းတယ်... အခုချိန်မှာ ရှင်က ကျွန်မအတွက် အသုံးမဝင်တော့ဘူး... ကျွန်မနဲ့ ရှင်နဲ့ ကိစ္စက ပြီးသွားပြီ"
သူမ၏ အသံက သတိပေး ခြိမ်းခြောက်သလိုဖြင့် ဆက်ပြောသည်။
"လာပါ ရန်ချီ... အဲလောက်ကြီး ဖြစ်ပျက်မနေနဲ့... အဲဒါက ငုပ်လျှိုးနေသော နဂါးဆေးလုံးလေးဘဲကို... ကျွန်မ ရှင်အတွက် အနာဂတ်မှာ အများကြီး ပြန်လုပ်ပေးနိုင်တယ်... ရှင်က ကျွန်မနဲ့ ဆက်သွယ်ပြီး လက်အောက်ခံ ဖြစ်လာဖို့ဘဲ လိုတယ်... အဲဒါဆို ကျွန်မတို့ ကမ္ဘာနှစ်ခုလုံး မကောင်းသွားဘူးလား... တော်ဝင်အိမ်ရှေ့စံ အဖွဲ့က ရှင်မထွက်သွားသရွေ့တော့ ရှင်အဖေကော ယန်ကောင်းကင်ကော လုံခြုံမှာပါ... အနည်းဆုံးတော့ ရှင်ကလန် မြေပုံပေါ်ကနေ အမြစ်ဖျက် ရှင်းလင်း မခံရဘူးပေါ့"
"ငါ့ကို ခြိမ်းခြောက်နေတာက မင်းကို ပိုပြီး စက်ဆုပ်ရွံ့ရှာစေတယ် ယွမ်ဟိုက်လန်"
သူ့ အသံက ဓားသွားကဲ့သို့ ချွန်ထက်နေ၏။ "ငါနဲ့ ပထမတစ်ကြိမ် တွေ့တုန်းက ငါက အရူးတစ်ယောက်လို ဖြစ်ခဲ့လို့ မင်းကံကောင်းတယ်မှတ်ပါ... မင်းက ငါ့ကို သေစေချင်ပြီးတော့ ငါ့ကလန်ကို ဖျက်ဆီးချင်တယ်ပေါ့... ကောင်းပြီ ကြိုးစားကြည့်လေ"
ထိုအချိန်မှာ ယွမ်ဟိုက်လန်၏ အသံက ပြန်လည် ခက်ထန်သွားတော့သည်။
"ရှင်က ဝက်ခေါင်းလို လုပ်နေမှတော့ ကျွန်မကို အပြစ်မတင်နဲ့ပေါ့... ရှင့်ရဲ့ အဖွဲ့လေးက ရှင့်ကို ကူညီနိုင်မယ် ထင်နေတာလား... သူတို့ နာမည်က ဘာပါလိမ့်... အို ဟုတ်သား လီဟီ၊ လျန်တုန်၊ ဟွာရင်းဟူ၊ ဟီဂျီလီဘဲ... သူတို့ ကလန်တွေက ရှင်ကို ကာကွယ်နိုင်မယ် ထင်နေလား... အဲဒါက ဟာသတစ်ခုဘဲ... ငါတို့ တော်ဝင်အိမ်ရှေ့စံ အဖွဲ့က အဆင့်နိမ့်ဆုံး လူတောင် သူတို့လေးယောက်ထက် ကလန် ပိုသာတယ်... ဥပမာ ဂူဖန်းရှန်းလိုပေါ့... ဂူကလန်က ရှေးဟောင်း မဟာသူတော်စင်ရဲ့ သွေးမျိုးဆက်ဘဲ... သူတို့ ခြေတစ်ချက် ဆောင့်လိုက်ရင်တောင် ချမ်းသာကြွယ်ဝ တိုက်ကြီးတစ်ခုလုံး လှုပ်ယမ်းသွားနိုင်တယ်... အကယ်၍ သူတို့နဲ့သာ စစ်မြေပြင်မှာ ရင်ဆိုင်ရရင် ရှင့်သူငယ်ချင်းတွေရဲ့ ကလန်က ကြွေအိုးလေးလို ပျက်စီးသွားလိမ့်မည်... သူတို့ မလုပ်တဲ့ အကြောင်းက ကျွန်မက သူတို့ကို မလုပ်ဖို့ ပြောထားလို့ဘဲ... ရှင် သေချာစဉ်းစားပြီး ကျွန်မကို သစ္စာခံဖို့ အခွင့်အရေး တစ်ခု ပေးချင်ခဲ့တယ်... ဒါပေမဲ့ ရှင့်ဘက်က ဒီလောက် တင်းမာနေမှတော့ ကျွန်မ စိတ်ပြောင်းသွားတာကို အပြစ်မတင်နဲ့ပေါ့"
"ငါ့ညီအစ်ကို တစ်ယောက်ကို ထိရင် ငါမင်းတို့ ကလန်တစ်ခုလုံးကို ရှင်းပစ်မယ်... တကယ်လို့ သူတို့ကို မင်းစော်ကားရင် မင်းကိုငါ ရှင်းလင်းပစ်မယ်" ရန်ချီက သတ်ဖြတ်ချင်စိတ် ပြင်းထန်စွာဖြင့် ပြောလိုက်၏။
"ရှင်ရွေးချယ်နိုင်တယ် သေမလား ရှင်မလား... ကျွန်မကို သစ္စာရှိကြောင်း ကျိန်ဆိုမလား ဒါမှမဟုတ် ရှင်သိသမျှ လူတိုင်း အသတ်ခံရချင်လား... အမ်း ရန်ချီ ရှင်က ကျွန်မ တကယ် ဘာလုပ်နိုင်လဲ သိပုံမရဘူး... ပန်းပေါင်းစုံ မြင့်မြတ်သော သမီးတော်က ဒီမှာ ရှင့်အတွက် ဆရာတစ်ယောက် ရအောင် ခေါ်လာတာ မှတ်လား... ရှင်ကျွန်မကို သစ္စာရှိကြောင်း မကျိန်ဆိုသရွေ့ ရှင်ဆရာတစ်ယောက် မရလာစေရဘူး"
ရန်ချီက အထင်အမြင် သေးသွားသည်။
"အင်မော်တယ်ခြေနင်း ကျောင်းတော်မှာ မင်းဘာတွေ လုပ်ချင်နေတာလဲ... မင်းက တော်ဝင်အိမ်ရှေ့စံ အဖွဲ့နဲ့ ပတ်သက်နေတာနဲ့ မင်းလုပ်ချင်တာ လုပ်လို့ရပြီ ထင်နေတာလား... ကမ္ဘာကြီး တစ်ခုလုံးမှာ ဒီလိုလုပ်ရိုး ထုံးစံမရှိဘူး"
"ရေတွင်းထဲက ဖားသူငယ်လေးဘဲ" ယွမ်ဟိုက်လန်က ပြောလိုက်သည်။ ထို့နောက် သူမက မဟာ အကြီးအကဲ နတ်ဘုရားသိန်းငှက်ဘက် လှည့်ကာ "အကြီးအကဲ အထဲကို သွားရအောင်"
ကျယ်လောင်စွာ ရယ်မောရင်း အကြီးအကဲ သိန်းငှက်က အရိပ်တစ်ခုကဲ့သို့ လှုပ်ရှားကာ တံခါးဆီ ဦးတည်သွားတော့သည်။
ပန်းပေါင်းစုံ မြင့်မြတ်သောသမီးတော်က အေးစက်စက် နှာတစ်ချက် ရှုံ့လိုက်ကာ နောက်မှ လိုက်သွားလေ၏။
ရန်ချီက ယွမ်ဟိုက်လန်နှင့် ပြောသည့် အကြောင်းအရာများက သူမ တကယ် ပြင်ဆင်ထားကြောင်း သိရသည်။ သူရော သူ့သူငယ်ချင်းတွေပါ ဂရုတစိုက် သွားလာဖို့ လိုအပ်လှသည်။
'ငါချူထျန်းကောကို သတ်သလို သူမကို သတ်ဖို့ နည်းလမ်း ရှာရမယ်... မဟုတ်ရင် ညတိုင်း ကောင်းကောင်း အိပ်နိုင်မှာ မဟုတ်ဘူး'
ဝှစ်...
သူက သေစေချင်နေသည့် အတွေးများ တွေးနေရင်းဖြင့် အသေးစား စကြဝဠာ ကမ္ဘာထဲသို့ ဝင်သွားတော့သည်။ သို့သော်လည်း အထဲသို့ ရောက်သွားပြီး မကြာမီမှာပင် စိတ်တည်ငြိမ်သွားလေ၏။
ပထမဆုံး သူမြင်လိုက်သည့်အရာက တောက်ပနေသည့် အလင်းတန်းပင်။ အလင်းတန်းများ၊ တံလျှပ်များက အပေါ်မှအောက်သို့ ကျဆင်းလာကာ ထိုနေရာတစ်ခုလုံး နည်းနည်းလေးမှ မှောင်မိုက်မနေချေ။ အရာရာတိုင်းက ထိတ်လန့်စရာ ကောင်းလောက်အောင် တောက်ပနေသည်။
'ဒီအလင်းတွေက ဘာတွေလဲ... အဲဒါတွေက ငါ့စိတ်နဲ့ နှလုံးသားက ဒေါသတွေ ငြိမ်းအောင် ကူညီနိုင်တာလား'
သူပြောနိုင်သလောက်တော့ ထိုအလင်းတန်းတွေက ဧကရာဇ်များ၏ တာအိုစွမ်းအင် ပုံစံထက် ၁၀ ဆ၊ အဆ ၁၀၀ လောက် ပိုမို သက်ရောက်မှု ရှိပေသည်။
End
***