ရထားလုံးမှာ ခဲများထိမှန်ထားသောကြောင့်၊ အပျက်အစီးများ ရှိနေပါသည်။ ချောင်ချူးမြို့တော်နှင့် ဖုန်းမြို့တော်မှ လူများမရောက်လာမီ၊ သူတို့သည် ထိုရထားလုံးကို ပြင်ဆင်ကြမည် ဖြစ်သည်။
“ငါတို့လူတွေ ရှုံးသွားတယ်ဆိုတာ သိပ်မယုံချင်ဘူး”
၎င်းတို့သည် ရှောက်ရွှမ်၏ အစွမ်းများကို မြင်လိုက်ရသော်လည်း၊ယိကျုံးနှင့် ကျိလုတို့က မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအနေဖြင့်၊ ထိုကဲ့သို့ အစွမ်းမျိုးကို အမြဲတစေ ထုတ်သုံးရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် သူတို့တွင် နောက်တကြိမ်တိုက်ခိုက်ရန် အခွင့်အရေးရှိလာမည်ဟု မျှော်လင့်ထားကြသည်။ ထို့ပြင် ရှေ့နည်းနည်းဆက်သွားလျှင်၊ ကန္တာရအစွန်နားသို့ ရောက်တော့မည်
ဖြစ်သည်။ ထိုကန္တာရကို ဖြတ်ကျော်ပြီးသွားပါက၊ သမုဒ္ဒရာထဲသို့ ရောက်တော့မည် ဖြစ်သည်။ သူတို့စစ်တပ်မှာ လူအင်အားတောင့်တင်းသဖြင့်၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို အနိုင်ယူနိုင်ကောင်း အနိုင်ယူနိုင်လိမ့်ပါမည်။
သူတို့က ထိုအကြောင်းများကို တွေးမိသောအခါ၊ စိတ်ဓာတ်များ ပြန်လည်တက်ကြွလာပါသည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ကန္တာရထဲသို့ ဝင်လာကြပြီ ဖြစ်သည်။ သူတို့သည် ပါလာသော ဘူးများထဲမှ ရေများကို ချက်ချင်းမသောက်ကြသေးဘဲ၊ အပင်များပေါ်မှ ရေများကို အရင်သောက်ကြသည်။
ယခုဆောင်းတွင်းသည် အအေးဓာတ်ပြင်းထန်လွန်းသဖြင့်၊ ရှားစောင်းပင်လေးများ သေဆုံးကုန်သော်လည်း၊ အကုန်လုံးတော့သေဆုံးခြင်း မရှိပါ။ ရေခဲများအရည်ပျော်ကျသွားသောအခါ၊ ထို
ရှားစောင်းပင်များက ရေများကို စုပ်ယူထားလိုက်သည်။
မီးတောက်ဦးချိုမျိုးနွယ်စုသည် ထိုကဲ့သို့ ရေရှားပါးသောအခြေအနေမျိုးနှင့် ရင်ဆိုင်ရလေ့ သိပ်မရှိပါ။သူတို့သည် တောအုပ်ထဲတွင် ရေကို ဖောဖောသီသီ သုံးလာသည့် လူများဖြစ်ကြသည်။ သို့သော် အခုတော့ ၎င်းတို့သည် ခံနိုင်အောင် ခံရမည်သာ ဖြစ်သည်။ ကြာတော့လည်း အသားကျသွားမည်သာ။
ရှောက်ရွှမ်နှင့် ခံစစ်အဖွဲ့တို့က နောက်မှချန်ပြီးလိုက်လာကြသည်။ သူတို့သည် နောက်တွင်ဖြစ်ခဲ့သော သတင်းများကို အချိန်မီ သတင်းပို့ပေးကြသည်။ ထို့ကြောင့်မျိုးနွယ်စုဝင်များသည် ရှောက်ရွှမ်တို့အဖွဲ့အတွက် သိပ်စိတ်မပူတော့ပါ။
မြေပြင်ပေါ်တွင် ရေများဝပ်နေသော ချိုင့်ပေါင်းများစွာ ဖြစ်နေပေါ်နေသလို ခြုံနွယ်များကလည်း ထူထပ်စွာ ပေါက်ရောက်နေသည်။ ထိုနားတွင်နေသောလူများသည် မီးတောက်ဦးချိုမျိုး
နွယ်စုဝင်များဆိုလျှင် တတ်နိုင်သမျှ ရှောင်တိမ်းသွားလေ့ရှိသည်။ သူတို့သည် အခုလို အခြေအနေမျိုုးနှင့် ကြုံဖူးလေ့မရှိပါ။ သူတို့သည် ဘာကြောင့် အခုလို နေရာပြောင်းရွှေ့နေထိုင်ကြသနည်း။ သူတို့သည် အခုနေရာတွင် အခြေချ နေထိုင်တော့မှာလား။ သူတို့တွင် လုံလောက်သော ရင်းမြစ်များ ပါလာသည်ကိုလည်း မတွေ့ရပါ။ ထိုကဲ့သို့ အခြေအနေနှင့် လာရောက်အခြေချမည်ဆိုပါက၊ ဖြစ်နိုင်မည် မဟုတ်ပါ။
ရက်များကုန်ဆုံးသွားသည်။ လမ်းတလျှောက်တွင် သူတို့မျိုးနွယ်စုနောက်သို့ လိုက်လာသော ငှက်ကို ရှောက်ရွှမ်မြင်နေရသည်။ ဘုရင့်မြို့တော်မှ စစ်တပ်သည်လည်း သူတို့နောက်တွင် ပါလာဦးမည်သာ ဖြစ်သည်။သူတို့သည် လွယ်လွယ်နှင့် လက်လျှော့မည့်လူများ မဟုတ်ပါ။ထို့ကြောင့် သတိဝီရိယနှင့် နေထိုင်ခြင်းက အကောင်းဆုံးသာ ဖြစ်သည်။
ရှောင်ရွှမ်သည် မာကမျိုးနွယ်စုဝင်များကိုလည်း တွေ့ခဲ့သည်။ သို့သော် ရှောက်ရွှမ်သည် မာ
ကမျိုးနွယ်စုဝင်များကို မသိပါ။ ဝမ်ဖုကိုလည်း မတွေ့ရပါ။ ထိုလူများမှာ အစောင့်အရှောက်များတင်းကျပ်နေသောကြောင့်၊ ရှောက်ရွှမ်က သူတို့ကို နှုတ်ဆက်၍ ရမည် မဟုတ်ပါ။
သူတိုမျိုးနွယ်စုသည် မလိုလားအပ်သော ပဍိပက္ခများဖြစ်ပေါ်လာခြင်း မရှိအောင်၊ ကန္တာရ အစွန်အဖျားနားကို ရှောင်ကွင်းလာခဲ့သည်။
အပူချိန်များက မြင့်တက်လာခဲ့သလို၊ ရာသီဥတုကလည်း ခြောက်သွေ့နေပါသည်။ ရှောက်ရွှမ်က မြူထုများကို မြင်သောအခါ၊ သူ့လူများအား ရေများကို စုဆောင်းထားစေသည်။ သူတို့သည် ကံကောင်းသူများ ဖြစ်ကြသည်။
မြူတောကို ဖြတ်ကျော်ပြီးသွားသောအခါ၊ ရှောက်ရွှမ်သည် သမုဒ္ဒရာအနံ့ကို ရလိုက်ပါသည်။ ကမ်းရိုးတန်းသို့ ရေလှိုင်းများရိုက်ခတ်သံကိုလည်း ကြားနေရသည်။
“ရှေ့ဆက်သွားရင် သမုဒ္ဒရာထဲကို ရောက်တော့
မယ်” ရွှင်ချန်းက ထိုနေရာကို ရောက်ဖူးသောကြောင့်၊ ထိုနေရာအကြောင်းကို ရင်းနှီးနေသည်။အခုတော့ သူတို့သည် လမ်းဆုံးသို့ ရောက်ပြီဖြစ်သောကြောင့်၊ သူတို့သည် နတ်ဆေးဆရာမ၏ ညွှန်ကြားချက်ကိုသာ စောင့်ဆိုင်းရုံသာ ရှိတော့သည်။ နတ်ဆေးဆရာမအဆိုအရတော့ သူတို့၏ ဘိုးဘေးများသည် သမုဒ္ဒရာတစ်ဖက်ကမ်းမှ လာကြသူများ ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် သူတို့သည် သမုဒ္ဒရာတစ်ဖက်ကမ်းကို မည်သို့ ကူးရမည်လဲ မသိသေးပါ။ လက်ပဲကူးသွားရမလား၊ သင်္ဘောပဲ ဆောက်ရမလား သူတို့လည်း မသိသေးပါ။ သင်္ဘောဆောက်မည်ဆိုလျှင်တောင် ထိုနားတွင် သစ်ပင်များများစားစားမရှိပါ။ ပင်လယ်ပြင်ကြီးသည် အခုထိ ဘာအပြောင်းအလဲမှ မရှိသေးပါ။ ရှောက်ရွှမ်ဖြတ်သန်းခဲ့တုန်းကလို၊ လှိုဏ်ခေါင်းမျိုးလည်း ဖြစ်ပေါ်မလာပါ။
လူတစ်စုက သမုဒ္ဒရာကြီးကို အံ့ဩတကြီး ကြည့်နေကြသည်။ သူတို့သည် အခုမှသာ သမုဒ္ဒရာကို မြင်ဖူးခြင်း ဖြစ်သည်။ သမုဒ္ဒရာကြီး
မှာ သူတို့ထင်ထားသည်ထက် ပိုကြီးမား ကျယ်ပြန့်နေပါသည်။ ကျယ်ပြန့်လွန်းသဖြင့် တစ်ဖက်ကမ်းကိုပင် လှမ်းမမြင်ရပါ။
နတ်ဆေးဆရာမသည်လည်း အခုမှ ထိုနေရာသို့ ရောက်ဖူးခြင်းဖြစ်သည်။ သူမသည် ကျယ်ပြောလှသော သမုဒ္ဒရာကြီးကို မျှော်ကြည့်ပြီး၊ အားလုံးကို အနားယူရန် ပြောလိုက်သည်။ ထို့နောက် သူမသည် ရှောက်ရွှမ်အား သွားရှာပါသည်။
အခုတော့ ရှောက်ရွှမ်နှင့် ခံစစ်အဖွဲ့တို့မှာ သူတို့နှင့် အတူတူပါလာပြီ ဖြစ်သည်။ ရှောက်ရွှမ်သည် နတ်ဆေးဆရာမကို တွေ့သောအခါ၊ “ကျွန်တော် ရေငုပ်ကြည့်လိုက်ဦးမယ်” ဟုပြောလိုက်သည်။
ရှောက်ရွှမ်သည် သားရေအိတ်ကလေးကို အောက်ချပြီး၊ ရေအောက်သို့ ငုပ်သွားသည်။
ရေအောက်ထဲသို့ ငုပ်သွားသောအခါ၊ ဆင်ခြေလျောတစ်ခုကိုတွေ့လိုက်ရသည်။ ထို့နောက် ရှော
က်ရွှမ်သည် ကျောက်သားလှိုဏ်ခေါင်းကြီးကို မြင်လိုက်ရသည်။ လှိုဏ်ခေါင်းထဲတွင်တော့၊ ခြုံနွယ်ပိတ်ပေါင်းများစွာ ပေါက်ရောက်နေပြီး၊ ငါးလေးများက ပိုးမွှားလေးများကို စားသောက်နေကြသည်။
ထိုအဖြစ်အပျက်ကို မြင်ပြီးသောအခါ၊ အထဲတွင် လေဝင်ပေါက်တစ်ခုခုရှိနိုင်သည်ဆိုတာကို ရှောက်ရွှမ်သိလိုက်သည်။
မြေဆွဲအားတစ်မျိုးဖြစ်ပေါ်နေသည်ကိုလည်း ရှောက်ရွှမ်ခံစားမိသည်။ ရှောက်ရွှမ်သည် အသက်ကိုအောင့်ထားလိုက်ပြီး၊ ကျောက်သားလှိုဏ်ခေါင်းကြီးပေါ်တွင် တပ်ရပ်လိုက်သည်။
ရှောက်ရွှမ်ကိုတွေ့သောအခါ၊ ငါးတစ်အုပ်က အလန့်တကြားထွက်ပြေးသွားကြသည်။ အောက်တွင် ရေညှိများရှိနေသောကြောင့် ရှောက်ရွှမ်သည် ချော်လဲမလို ဖြစ်သွားသေးသည်။ ရှောက်ရွှမ်သည် ထိုရေညှိများကို လေ့လာချင်သေးသော်လည်း၊ သူ့တွင် အချိန်မရသေးပါ။ ရေ
အောက်တွင် အလင်းရောင် ကောင်းစွာမရသေးခြင်းကြောင့်လည်း ပါပါသည်။
သို့သော် ရှောက်ရွှမ်သည် တဖျပ်ဖျပ်လက်နေသော အလင်းရောင်လေးကို တွေ့လိုက်ရသလို၊ သူ့ကိုယ်ထဲမှလည်း အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
အရိုးလေးချောင်းတွင် တပ်ဆင်ထားသော ပုတီးစေ့လေးများမှာလည်း နီရဲလာသည်။ ထို့နောက် အနီရောင်မီးတောက်ကလေးများ ဖြစ်ပေါ်လာသည်။
မီးတောက်များသည် ပင်လယ်ရေနှင့်ထိတွေ့နေရသော်လည်း၊ ငြိမ်းမသွားဘဲ တဖျပ်ဖျပ်တောက်နေပါသည်။ သို့သော် ခဏအကြာတွင်တော့ မီးတောက်များသည် ရုတ်တရက်ပျောက်ကွယ်သွားသည်။ အစပိုင်းတွင်တော့ မီးတောက်များသည် ရှောက်ရွှမ်၏ ကိုယ်ကို ရစ်ပတ်ထားသော်လည်း၊ နောက်ပိုင်းတွင်မူ သူ့ခြေထောက်အောက်မှ လှိုဏ်ခေါင်းဆီသို့ ကူးစက်သွားသည်။
ရှောက်ရွှမ်သည် လက်ထဲတွင် မီးလျှံသလင်းကျောက်တစ်လုံးကို ဆုပ်ကိုင်ထားသည်။ သူသည် ဘိုးဘေးများ၏ စွမ်းအင်များကို အသုံးပြုရဦးမည် ဖြစ်သောကြောင့်၊သူသည် မီးလျှံသလင်းကျောက်လေးကို အသင့်ပြင်ထားခြင်း ဖြစ်သည်။ ရှောက်ရွှမ်သည် သားရဲဘုရင်ကြီးနှင့် တွေ့ဆုံခဲ့ရတုန်းက၊ မီးလျှံသလင်းကျောက်တစ်ခုကို သုံးခဲ့ပါသည်။ ရှောက်ရွှမ်သည် ဘိုးဘေးများပေးသောအိပ်မက်မှ သဲလွန်စများကို သေချာအဓိပ္ပါယ်မဖော်နိုင်သော်လည်း၊ မီးလျှံသလင်းကျောက်များကိုတော့ သူနှင့်အပါ ဆောင်ယူလာခဲ့သည်။ ရှောက်ရွှမ်သည် ဘိုးဘေးများ၏ အရိုးလေးမှ ထွက်ပေါ်နေသော မီးတောက်များကို ထိန်းချုပ်၍မရပါ။ ဘိုးဘေးများ၏အရိုးလေးများမှာ ခံစားချက်များရှိနေသလို၊ မီးတောက်များက တဖျပ်ဖျပ်လက်နေပါသည်။
မီးတောက်များက မီးနဂါးတစ်ကောင်လို လှိုဏ်ခေါင်းထဲသို့ တိုးဝင်သွားသောကြောင့် လှိုဏ်ခေါင်းကြီးတစ်ခုလုံး မီးတောက်နေသလို ဖြစ်နေ
ပါသည်။ ငါးများက ထိုနေရာမှ ထွက်ခွာသွားကြပြီး၊ အဝေးတစ်နေရာမှ စောင့်ကြည့်နေကြသည်။
ထို့နောက် မီးတောက်များသည် ရုတ်တရက် အပေါ်ဘက်သို့ တိုးထွက်သွားသည်။
ကမ်းပေါ်တွင် စောင့်ဆိုင်းနေသော မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကတော့ ရေမျက်နှာပြင်ပေါ်သို့ တိုးထွက်လာသော မီးတောက်များကို ကြည့်နေပါသည်။
ရေထဲမှ မီးများတောက်လောင်နေခြင်းမှာ မဖြစ်နိုင်ပါ။
သို့သော် အခုတော့ သူတို့သည် မျက်ဝါးထင်ထင် မြင်နေရပြီ ဖြစ်သည်။
သမုဒ္ဒရာအောက်မှ မီးတောက်များသည် ရေပြင်ကို ဓားတစ်စင်းလို ထိုးခွဲသွားပါသည်။
တိုက်ခတ်နေသော လေများက မီးတောက်များ
ကို ကမ်းရိုးတန်းဆီသို့ ပို့ဆောင်ပေးနေသလို ဖြစ်နေသည်။
သမုဒ္ဒရာရေပြင်ကြီးသည် ထက်ခြမ်းကွဲသွားပြီး၊ ကျောက်တုံးလှိုဏ်ခေါင်းကြီးပေါ်ထွက်လာသည်။
ကျောက်သားလှိုဏ်ခေါင်းကြီးပေါ်တွင် ရေညှိများ ပေါက်ရောက်နေပါသည်။ ရေညှိပင်များကြားတွင် ပုန်းအောင်းနေသည့် ပိုးမွှားလေးများမှာ ကြောက်လန့်တကြားထွက်ပြေးသွားကြသည်။
ရှောက်ရွှမ်သည် လှိုဏ်ခေါင်းကြီးပေါ်တွင် ရပ်ပြီး၊ ဖြစ်ပေါ်လာသော ရေတံတိုင်းကြီးကိုအံ့ဩစွာ ကြည့်နေပါသည်။ ဘိုးဘေးများသည် ရှောက်ရွှမ်အား ထိုနေရာသို့ လာရန် အိပ်မက်ပေးခဲ့သည်။ သို့သော် သူသည် အခုလိုဖြစ်လာမည် ဟုထင်မထားပါ။
ဘိုးဘေးများ၏ စွမ်းအင်ကြောင့် လှိုဏ်ခေါင်းကြီးတစ်ခု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ကမ်းရိုးတန်းပေါ်တွင် ရပ်နေသောမျိုးနွယ်စုဝင်များသည် ဖြစ်ပေါ်လာသည့် အခြေအနေများကို အံ့ဩတကြီး ကြည့်နေကြသည်။ သမုဒ္ဒရာကြီး၂ခြမ်းကွဲသွားပြီး၊ လူသွားလမ်းတစ်ခု ဖြစ်ပေါ်လာခြင်းက မီးတောက်ဘီလူးကြီးဖြစ်ပေါ်လာသည့် အဖြစ်ထက် ပိုဆိုးဝါးနေပါသည်။
နတ်ဆေးဆရာမကတော့ ဒူးထောက်ပြီး ဘိုးဘေးများကို အရိုအသေပေးနေသည်။ အခုလို အခြေအနေမျိုးဖြစ်ပေါ်လာသည့်အတွက်လည်း၊ ဘိုးဘေးများကို ကျေးဇူးတင်နေမိသည်။
ထို့နောက် အကြီးအကဲ ကျန်းလော်နှင့်အမဲလိုက်အဖွဲ့ခေါင်းဆောင် သောခန်တို့သည်လည်း ဒူးထောက်လိုက်ကြသည်။
ကောင်းကင်ပေါ်မှ ငှက်ကတော့ ကြောက်လန့်တကြားအော်လိုက်ပြီး၊ နောက်ပြန်လှည့်သွားပါသည်။
“အချိန်မရှိဘူး…သွားကြမယ်” ကျန်းလော်က ပြောလိုက်သည်။ “အားလုံး ငါ့နောက်လိုက်ခဲ့ကြ”
ကျန်းလော်နှင့် နတ်ဆေးဆရာမတို့သည် သမုဒ္ဒရာထဲတွင် ဖြစ်ပေါ်လာသော လမ်းအတိုင်းလျှောက်သွားကြသည်။
သူတို့နောက်မှ လူလေးထောင်လောက် လိုက်သွားကြသည်။ ထိုအဖြစ်အပျက်ကို လူတစ်ယောက်သာ မြင်လိုက်ရပါက၊ သူတို့အားလုံးသည် ကိုယ့်ကိုယ်ကိုယ်သတ်သေနေကြသည်ဟုသာ ထင်သွားမည် ဖြစ်သည်။
အားလုံးက ကျောက်သားလှိုဏ်ခေါင်းကြီးထဲဝင်ရောက်ပြီးသွားသောအခါ၊ ထက်ခြမ်းကွဲနေသော သမုဒ္ဒရာရေပြင်ကြီးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
သူတို့သည် လှိုဏ်ခေါင်းအတိုင်းဆက်လျှောက်လာကြသည်။ အခုထိတော့ လှိုဏ်ခေါင်း၏ အဆုံးကို မမြင်ရသေးပါ။ ရေတံတိုင်းကြီး၂ခုလုံးမှာ
တော့ မြင့်သည်ထက် ပိုမြင့်လာသည်။ ၎င်းတို့သည် တံတိုင်းကြီးများထဲတွင် ရေကူးနေသော ငါးများကို မြင်နေရသည်။ ထိုငါးများသည် လူများကိုမြင်သည့်အခါ၊ ကြောက်လန့်တကြားထွက်ပြေးသွားကြသည်။
ရေအောက်မှ ငါးကြီးတစ်ကောင်က ရေပေါ်သို့ တက်လာသည်။ အားလုံးက ထိုငါးကြီးကို မြင်လိုက်ကြရသည်။ အနားမှလူများဆိုလျှင်၊ ထိုငါးကြီးကိုယ်ပေါ်မှ အစင်းကြောင်းများကို တွေ့လိုက်ရသည်။
ကလေးများသည် မီးတောက်များလွှမ်းခြုံထားသော ရေတံတိုင်းကြီးကို စိုက်ကြည့်နေကြသည်။ မြေပြင်ပေါ်တွင် ရေညှိများရှိနေပြီး ချော်လဲမည်စိုးသောကြောင့် လက်များကတော့ သူတို့အဖေများ၏ အင်္ကျီစများကို ဆွဲထားကြသည်။
ရှောက်ရွှမ်သည် တုန်လှုပ်နေသောစိတ်များကို ထိန်းလိုက်ပြီး၊ ဆက်လက်လျှောက်သွားသည်။ သူ့နောက်တွင်တော့၊ မျိုးနွယ်စုဝင်များက တန်းစီပြီး
လိုက်လာကြသည်။ သူတို့သည် လှိုဏ်ခေါင်းတလျှောက် ဖြည်းဖြည်းချင် လျှောက်သွားနေကြသည်။
ကမ်းရိုးတမ်းနားရောက်သောအခါ ပင်လယ်ရေပြင်သည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ မသိလျှင် ခုနကလို ထက်ခြမ်းကွဲသွားခြင်းမျိုးဖြစ်ပေါ်ခြင်းမရှိသလိုပင်။
ဘုရင့်မြို့တော်မှ တပ်များနှင့်အတူ၊ ချောင်ချူးမြို့တော်နှင့် ဖုန်းမြို့တော်မှ စစ်တပ်များပါ ရောက်လာကြသည်။
သူတို့သည် ကမ်းရိုးတန်းနှင့် နီးလာလေ၊ ပို၍ စိတ်ရှုပ်ထွေးလာလေ ဖြစ်သည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ဘယ်ရောက်သွားကြပြီလဲ။
သူတို့သည် ဤလမ်းကြောင်းအတိုင်း သွားနေကြခြင်းမဟုတ်လား။ အခုဘယ်ရောက်သွားကြ
လဲ။ ငါးတွေများဖြစ်ကုန်တာလား။
“သူတို့တွေ ဘယ်ရောက်သွားကြတာလဲ…ရှေ့မှာ ဘာတွေ ဖြစ်နေတာလဲ… မင်းကဘာလို့ ငြိမ်ငြိမ်ကြီးလုပ်နေတာလဲ” ရထားလုံးထဲမှ ထွက်လာသော ကျိလုက အော်ပြောလိုက်သည်။
“ဆရာ…ကျွန်တော်…”
ရောက်လာသော ဆက်သားသည် မောကြီးပန်းကြီးနှင့် စကားပင် ကောင်းစွာမပြောနိုင်ရှာပါ။ ကျိလုက စိတ်ရှုပ်ထွေးစွာဖြင့်၊ ထိုလူကို ထွက်သွားရန် အချက်ပြလိုက်ပြီး၊ ရထားလုံးပေါ်မှ ခုန်ဆင်းလာသည်။
ယိကျုံး၏ မျက်နှာမှာ ရှုံ့မဲ့သွားသည်။ သူ့စိတ်ထဲတွင်လည်း ပို၍လေးလံလာပါသည်။ သူသည်လည်း ရထားလုံးပေါ်မှ ဆင်းလာပြီး၊ ရှေ့သို့ တိုးသွားသည်။
သူတို့သည် ကုန်းမြေမြင့်တစ်နေရာတွင် ရပ်နေ
ပြီး၊ သမုဒ္ဒရာကြီးကို စောင့်ကြည့်နေသည်။ ကမ်းရိုးတန်းမှ ဝေးကွာသော တစ်နေရာတွင်၊ ပင်လယ်ရေပြင်သည် ထက်ခြမ်းကွဲသွားပြီး၊ ရှည်လျားသော စင်္ကြ့လမ်းတစ်ခု ဖြစ်ပေါ်လသည်။ လူများကတော့ ထိုစင်္ကြံလမ်းပေါ်တွင် လျှောက်သွားနေကြသည်။
သားရဲကြီးတစ်ကောင်ကို စီးနင်းလိုက်ပါလာသူတစ်ယောက်ဆိုလျှင် ထိုမြင်ကွင်းကို မြင်သောအခါ၊ အံ့ဩပြီး အောက်သို့ ပြုတ်ကျသွားမလို ဖြစ်သွားသည်။
“ဘာတွေဖြစ်နေတာလဲ… ငါ့ကိုပြောကြပါဦးဟ… ဘာတွေဖြစ်ကုန်တာလဲ” ကျိလုက သမုဒ္ဒရာကြီးကို ညွှန်ပြလိုက်ပြီး ပြောလိုက်သည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် သမုဒ္ဒရာအောက်တွင် လမ်းလျှောက်နေကြသည်။ “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ယိကျုံးသည် မျက်လုံးမှိတ်ထားလိုက်သည်။
သူ့လက်များကတော့ တုန်ယင်နေသည်။ သူသည် သူ့လူများအား နောက်တွင် ချန်ထားခဲ့ခြင်းအတွက် နောင်တရနေပါသည်။ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို အချိန်ရတုန်းက ရှင်းပစ်ခဲ့ရမည် ဖြစ်သည်။ အခုတော့ အားလုံးနောက်ကျကုန်ပြီ ဖြစ်သည်။
လွန်ခဲ့သော နှစ်တစ်ထောင်တုန်းက မုဟန်တို့အဖွဲ့သည် ဘုရင့်မြို့တော်မှ ရှောင်တိမ်းသွားချိန်တွင်၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် သမုဒ္ဒရာတစ်ဖက်ကမ်းမှ ရောက်လာကြသည်။ အခုတော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် သမုဒ္ဒရာ တစ်ဖက်ကမ်းကို ပြန်ကူးသွားကြလေပြီ။ ကျန်ခဲ့သောလူများကကော ဤဘက်ကမ်းသို့ လာဦးမှာလား။
ရှောက်ရွှမ်သည် စင်္ကြံလမ်းအတိုင်းလျှောက်လာပြီး၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို ဦးဆောင်လာပါသည်။
နတ်ဆေးဆရာသည် မီးဖိုကြီးနားတွင် ရပ်နေ
ပြီး၊ မီးဖိုကြီးထဲမှ ထွက်ပေါ်နေသော မီးတောက်များကို ကြည့်နေပါသည်။
နေ့ဝက်ခန့်ကြာသောအခါ လူတစ်ထောင်လောက်ရှိသောအဖွဲ့တစ်ဖွဲ့နှင့် ကြောက်မက်ဖွယ်သားရဲ၇ကောင်တို့သည် တောအုပ်အပြင်သို့ ထွက်လာကြပါတော့သည်။
***