ရှောက်ရွှမ်က ပင်လယ်၏အခြားတစ်ဖက်မှ အခြေအနေများကို အော့အား ပြောပြနေသည်။ ပြီးခဲ့သော ဆောင်းတွင်းမှာ ထူးဆန်းလှသည်။ ပင်လယ်၏ ၂ဖက်ခြမ်းလုံးတွင်၊ ဆောင်းတွင်းတွင် ကြုံခဲ့ရသော ရာသီဥတုက ပြင်းထန်လွန်းသည်။
တစ်ဖက်ကမ်းတွင် ရေများအေးခဲသည်အထိ အအေးဓာတ်လွန်ကဲခဲ့ပြီ၊ အခြားတစ်ဖက်တွင်တော ပူလွန်းသဖြင့်၊ လူများမှာ အင်္ကျီပင် မကပ်နိုင်ပါ။
သူသည် ပြောရင်းနှင့်၊ အော့မှာ အတွေးနက်သည်။ ရှောက်ရွှမ် ကြုံတွေခဲ့သော အခြေအနေများမှာ သူတို့မြစ်ကြီးတွင် ကြုံတွေ့ခဲ့ရသော ရာသီဥတုအခြေအနေထက် ပိုဆိုးဝါးပါသည်။
ရာသီဥတုက ပြောင်းလဲသွားပြီးနောက်၊ အားလုံးမှာ အခြေအတကျ မဖြစ်ကြသေးပါ။ ၎င်းတို့သည် ကြိုတင်ခန့်မှန်းချက်များပြုလုပ်ခဲ့သော်လည်း၊ ရာသီဥတုသည် ထိုမျှပြောင်းလဲလိမ့်မည်ဟု ထင်မထားခဲ့ပါ။
“ဘယ်လိုပဲဖြစ်ဖြစ် အခြေအနေတွေက အရင်အတိုင်းပဲရှိနေသေးတယ်ဆိုရင်တော့ တော်သေးတာပေါ့…အခုနှစ် ဆောင်းတွင်းက ပိုပူလာရင်တော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားရမှာပဲ…” ရာသီဥတု ပူနွေးလာခြင်းမှာ ကောင်းသည့်လက္ခဏာမဟုတ်ပါ။ အပင်များသည် ၎င်းတို့၏ နရီစက်ဝန်းများပျက်စီးသွားမည်ဖြစ်သလို၊ သားရဲကြီးများ၏ အမူအကျင့်များသည်လည်း ပြောင်းလဲကုန်မည် ဖြစ်သည်။ သီးနှံများကို ရိတ်သိမ်းခြင်သည်ဆိုပါက၊ သူတို့သည် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်မည် ဖြစ်သည်။
သို့သော် သူတို့အတွက် အချိန်နောက်တစ်နှစ်လောက်ရှိဦးမည် ဖြစ်သည်။ သူတို့တွင် ပြင်ဆင်
စရာကိစ္စများစွာ ရှိနေပါသေးသည်။
သူတို့တစ်ဖွဲ့လုံးသည် ခဏနားလိုက်ပြီးနောက်၊ သုံးရက်လောက် ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်ကြပါသည်။ သို့သော် ၎င်းတို့တွင် အစာရေစာမလုံလောက်သောကြောင့် ကြာကြာ နား၍ရမည် မဟုတ်ပါ။ ထိုအတိုင်းသာ ဆက်ဖြစ်နေမည်ဆိုပါက၊ အခြေအနေများမှာ ပိုဆိုးကုန်လိမ့်မည် ဖြစ်သည်။
သူတို့မွေးမြူထားသော သားရဲကြီးများက လူမမာများအား သယ်ဆောင်လာပေးခဲ့သည်။ အော့သည် တချို့လူများအား လူနားများကို သယ်ဆောင်လာပေးရန် ညွှန်ကြားနေသည်။ သူတို့သည် မောပန်းနေကြသော်လည်း၊ ပင်လယ်ကို ဖြတ်ကျော်လာခဲ့သူများထက်တော့ အခြေအနေကောင်းပါသေးသည်။
အားလုံးက ပင်ပန်းနေကြသော်လည်း၊ စိတ်လက်ကြည်သာနေကြသည်။ ပျော်ရွှင်ခြင်းက တွန်းအားတစ်ခုပင် မဟုတ်ပါလား။
ရှောက်ရွှမ်ကတော့ နီလာကြီးအား သူ့ပိုးမွှားတပ်ကြီးကို ဦးဆောင်လာစေသည်။ ၎င်းတို့သည် ရှောက်ရွှမ်တို့နောက်သို့ မြေကြီးအောက်မှ လိုက်လာကြသည်။ ပိုးကောင်အုပ်ကြီးကို မြင်ပါက၊ ကန္တာရာ သားရဲကြီးများက ရှောင်ခွာသွားကြမည်ကို စိုးသောကြောင့်၊ ၎င်းတို့သည် မြေအောက်မှ လိုက်ပါလာကြခြင်း ဖြစ်သည်။ အရင်တုန်းကဆိုလျှင်တော့ ၎င်းတို့သည် ကန္တာရသားရဲကြီးများကို ရင်မဆိုင်ချင်ကြသော်လည်း၊ ၎င်းတို့မှာ အခုတော့ အစာစားရန် လိုအပ်နေပြီ ဖြစ်သည်။
ထိုအချိန်တွင် ကင်းမြီးကောင်အုပ်ကြီးတစ်အုပ်နှင့်တိုးရသောကြောင့်၊ အားလုံး၏ မျက်လုံးများမှာ အစိမ်းရောင်အဖြစ်ပြောင်းလဲသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော ကင်းမြီးကောင်ကြီးသည် သူ့ထဲသို့ ပြင်းထန်သော လှိုင်းကြီးတစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရသောကြောင့်၊ အမြီးကို ဝှေ့ယမ်းပြီး ထွက်ပြေးသွားလေသည်။
“ဝှစ်…”
လူပေါင်းဆယ်ယောက်လောက်က ပြေးထွက်လာသောကြောင့်၊ ကင်းမြီးကောက်ကြီးမှာ ထွက်မပြေးသာတော့ပါ။
ကွေ့ဟယ်နှင့် ကျန်သူများက သူတို့နောင်တော်များရှေ့တွင် အစွမ်းပြချင်နေသောကြောင့် “အကိုတို့ အသာနေပါ… ကျွန်တော်တို့ ရှင်းလိုက်မယ်…” ဟုပြောလိုက်သည်။
သုန့်ကန်းနှင့် ကျန်သူများက “အကိုတို့လုပ်စရာမလိုပါဘူး… ကျွန်တော်တို့ လုပ်လိုက်ပါ့မယ်… အမဲမလိုက်ရတာ ကြာလို့ အမဲလိုက်ချင်နေတာနဲ့ အတော်ပဲ”
ကင်းမြီးကောက်တစ်ကောင်တည်းနှင့် မျိုးနွယ်စုတစ်ခုလုံး စားသောက်ရန် လုံလောက်မည် မဟုတ်ပါ။ အခြားသော သားရဲကြီးများကလည်း ပိုးကောင်တပ်ကြီးကြောင့် ထိုနေရာမှ ရှောင်ခွာသွားကြပြီ ဖြစ်သည်။
များသောအားဖြင့်၊ မျိုးနွယ်စုတစ်ခုလုံးသည် နေဝင်သွားသောအချိန်ကို စောင့်ပြီး ခရီးဆက်ကြသည်။ နေ့အချိန်များတွင်၊ ၎င်းတို့သည် ခရီးမဆက်ဘဲ အနားယူကြသည်။
၎င်းတို့၏ လူအုပ်ကြီးမှာ လူများလွန်းသောကြောင့် သိုသိုသိပ်သိပ် သွားရန် မဖြစ်နိုင်ပါ။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ကန္တာရထဲသို့ ဝင်လာသောအခါ၊ ကျောက်တောင်ကုန်းမြို့တော်မှ လူများက ၎င်းတို့ကို စောင့်ကြည့်ရန် သူလျှိုများ စေလွှတ်လိုက်သည် သို့သော် ၎င်းတို့သည် ပိုးမွှားတပ်မကြီးကို မြင်သောအခါ၊ ဆက်မလိုက်ရဲကြတော့ပါ။ ၎င်းတို့သည် သူတို့မြင်ခဲ့ရသည်များအား ခေါင်းဆောင်များသို့ ပြန်ပြီး အစီရင်ခံကြသည်။ ထို့နောက် ၎င်းတို့သည် အရေးကြီးသော ကုန်ပစ္စည်းများကို ဓားပြများ မြင်မသွားအောင် ကာကွယ်ထားကြသည်။
ကန္တာရစစ်ပွဲများ ဖြစ်ပေါ်နေစဉ်တွင်၊ မျိုးနွယ်စု
ဝင်များက စစ်ပွဲဖြစ်နေသည်ကို အခွင့်ကောင်းယူပြီး၊ ဓားပြတိုက်ကြသည်။ ထို့ကြောင့် ကန္တာရထဲမှ လူများက မျိုးနွယ်စုဝင်များကို အထင်အမြင်သေးသွားကြသည်။ ထို့ကြောင့် မျိုးနွယ်စုဝင်၁၀၀၀လောက် ကန္တာရထဲသို့ဝင်လာသည့်အခါ၊ ၎င်းတို့က သတိနှင့် စောင့်ကြည့်နေခြင်းဖြစ်သည်။ သူတို့သည် အခုလောက်များသော မျိုးနွယ်စုဝင်များအား တစ်ခါမှ မမြင်ဖူးခဲ့ပါ။ ထိုလူများနှင့်အတူ သားရဲကြီးများလည်း ပါလာပါသည်။
အခုတော့ ၎င်းတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို စောင့်ကြည့်နေကြသော်လည်း၊ ပိုးမွှားအုပ်ကြီးကို မမြင်လိုက်ကြပါ။ ၎င်းတို့တွင် ငှက်တစ်ကောင်ပါမလာသောကြောင့်၊ အခြေအနေများကို ဝေဟင်မှ အကဲမခတ်နိုင်ပါ။ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနောက် ခပ်ခွာခွာမှ သာလိုက်လာခဲ့ကြသည်။ သို့သော် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ အရေအတွက်များ ဘာကြောင့် တိုးပွားလာသလဲ သူတို့နားမလည် ဖြစ်နေသည်။ အခုတော့ ၎င်း
တို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအား ပိုမို သတိထားမိသွားပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် လေလွင့်သူများအား စည်းရုံးလာခဲ့ခြင်းများလား။
“မဖြစ်နိုင်တာ…”
သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအရေအတွက် တိုးပွားလာသည့် အကြောင်းကို ခေါင်းဆောင်များအား သတင်းပို့ရမည် ဖြစ်သည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက ၎င်းတို့အား စောင့်ကြည့်နေသော သူလျှိုများ ရှိနေကြောင်းကို သိထားသော်လည်း၊ သူလျှိုများအား ဖမ်းမမိပါ။ သူတို့တွင် တိုက်ခိုက်ရန် အင်အားလည်းမရှိပါ။ သူတို့တတ်နိုင်သည်မှာ ထိုနေရာမှ အမြန်ဆုံး ထွက်ခွာသွားရန်သာ ဖြစ်သည်။ ထိုလူများက သူတို့ကို ရန်မစလျှင်၊ မတိုက်ခိုက်ဘဲ ရှောင်ထွက်သွားမည် ဖြစ်သည်။ သူတို့သည် စွမ်းအင်ကို မလိုအပ်ဘဲ မဖြုန်းတီးချင်ပါ။
“ကြည့်ပါဦး…” အဝတ်အစားများကို ခေါင်းမြီးခြုံထားသော မီးတောက်ဦးချိုမျိုးနွယ်စုဝင်တစ်ယောက်က သဲသောင်ကုန်းတစ်ခုကို ညွှန်ပြလိုက်သည်။
သဲသောင်ကုန်းပေါ်တွင် လမ်းလျှောက်နေကြသော သက်ရှိသတ္တဝါများ ရှိပါသည်။
လူအများက ထိုသတ္တဝါလေးများအား အစားအသောက်အတွက်ဖမ်းချင်နေကြသော်လည်း၊ ရှောက်ရွှမ်က သူတို့အား တားလိုက်ပါသည်။
သူတို့ကို တားဆီးသူမှာ ရှောက်ရွှမ်သာ မဟုတ်ပါက၊ ၎င်းတို့သည် ထိုသူအား ဂရုပင် စိုက်မည် မဟုတ်ပါ။ သူတို့သည် ဘာကြောင့် သားကောင်ကို လက်လွှတ်ခံရမည်နည်း။ အကြီးအကဲကပင် သူတို့ကို မတားသေးတာ၊ ထိုလူက ဘာကြောင့် တားသနည်း။
သို့သော် ၎င်းတို့ကို တားဆီးသူမှာ ရှောက်ရွှမ်
ဖြစ်နေသည်။ ရှောက်ရွှမ်သည် မျိုးနွယ်စု၂ခုလုံးထဲတွင် အရေးပါသော လူတစ်ယောက် ဖြစ်နေသည်။ သူသည် ရာထူးသည် နတ်ဆေးဆရာနှင့် အကြီးအကဲများလောက် မမြင့်သေးသော်လည်း၊ ၎င်းတို့သည် ၂ဖက်လုံးတွင် အရေးပါအရာရောက်သူ ဖြစ်သည်။ သမုဒ္ဒရာကို ဖြတ်သန်းပြီး ကတည်းက၊ ၎င်းတို့သည် ရှောက်ရွှမ်စကားဆိုလျှင် မငြင်းပယ်ရဲကြပေ။ ရှောက်ရွှမ်၏ စကားကို ငြင်းပယ်မည်ဆိုပါက၊ သူတို့သည် ဒုက္ခရောက်သွားမည် ဖြစ်သည်။
ထို့ကြောင့် သားကောင်များဆီကို ပျော်ရွှင်စွာ ပြေးသွားနေသော သူများမှာ ဓားများကို သိမ်းလိုက်ပြီး၊ နောက်ကို ပြန်လှည့်လာကြသည်။ ရှောက်ရွှမ်သည် သူတို့အား တားရခြင်းမှာ အကြောင်းရှိမည် ဖြစ်သည်။
ရှောက်ရွှမ်က လက်တစ်ဖက်နှင့် နေရောင်ခြည်ကို ကာထားလိုက်ပြီး၊ အဝေးကို လှမ်းကြည့်လိုက်သည်။ ရှောက်ရွှမ်သည် ကုလားအုတ်ကြီးများကို တွေ့ရသောအခါ၊ ပြုံးလိုက်ပါသည်။ ထို
ကုလားအုတ်ကြီးများသည် အခုအချိန်ထိ ဘာမှမဖြစ်ဘဲ၊ ဘာကြောင့် နေနိုင်နေသလဲ ရှောက်ရွှမ်က သိချင်နေပါသည်။
“ရွှံစေးကြီး… မင်းမသေသေးဘူးနော်”
ကုလားအုတ်ကြီးများ၏ ခေါင်းဆောင် ကုလားအုတ်ကြီးသည် သဲသောင်ကုန်းတစ်ခု ပေါ်တွင် မတ်တပ်ရပ်နေပါသည်။ ထိုကုလားအုတ်ကြီးမှာ လည်ပင်းနှင့် ကျောကုန်းပေါ်တွင် အညိုရင့်ရောင် အစက်အပြောက်များကို တွေ့ရပါသည်။ ထိုကုလားအုတ်ကြီးမှာ ယန်ဆွေ့က ရှောက်ရွှမ်ကို ပေးလိုက်သော ကုလားအုတ်ကြီး ဖြစ်သည်။
အပူချိန်မြင့်တက်လာသောကြောင့်၊ ရှောက်ရွှမ်၏ အမြင်အာရုံများမှာ အနည်းငယ် မှုန်ဝါးလာပြီ ဖြစ်သည်။ ရှောက်ရွှမ်သည် နေလုံးကြီးကို လက်နှင့် ကာလိုက်ပြီး၊ ရွှံ့စေးကြီးကို ကြည့်လိုက်သည်။ ရွှံ့စေးကြီးသည် ၎င်း၏ကုလားအုတ်များကို ဦးဆောင်ပြီး လျှောက်လာခဲ့သည်။
“အန်း…”
ရွှံ့စေးကြီးက အော်လိုက်သည်။ ထို့နောက် ဦးခေါင်းကြီးကို လှုပ်ခါပြီး ရှောက်ရွှမ်အားလှမ်းနှုတ်ဆက်လိုက်သည်။
ရှောက်ရွှမ်က ရွှံ့စေးကြီးဟု လှမ်းအော်လိုက်သောအခါ၊ ထွော်နှင့် လဲ့တို့သည် ထိုကုလားအုတ်ကြီးအကြောင်းများကို ပြန်မှတ်မိသွားပြီး၊ အားလုံးအား ရှင်းပြလိုက်သည်။
ရှောက်ရွှမ်သည် ရွက်ကြွေမြို့တော်မှ ထွက်ခွာလာပြီးနောက်တွင်၊ ရွှံ့စေးကြီးကို လွှတ်ပေးလိုက်ပါသည်။ ကုလားအုတ်ကြီး၏ လည်ပင်းတွင် ရေအိတ်ကြီးတစ်လုံးကို ချိတ်ဆွဲပေးလိုက်သည်။ အခုတော့ ထိုရေအိတ်မှာ ပြောင်သလင်းခါနေပြီ ဖြစ်သည်။
ထိုသားရေအိတ်သာမပါလျှင်၊ ရှောက်ရွှမ်က ရွှံ့စေးကြီးအား မှတ်မိမည် မဟုတ်ပါ။
ရွှံ့စေးကြီးသည် ချေးပိုးထိုးကြီးနားသို့ လျှောက်လာသည်။ ရှောက်ရွှမ်က နီလာကြီးနှင့် ရွှံ့စေးကြီးတွင် တူညီသော အချက်များရှိနေကြောင်းကို သိထားသည်။ ထိုကုလားအုတ်များ အခုအချိန်ဘာမှမဖြစ်ဘဲ နေနိုင်ခြင်းမှာ၊ နီလာကြီးကြောင့် ဖြစ်မည်ဟု ရှောက်ရွှမ်က ထင်မိသည်။ နီလာကြီး၏ ပိုးမွှားအုပ်ကြီးများကို မြင်ရသောအခါ၊ မည်သူကမှ ကုလားအုတ်ကြီးများအား အမဲလိုက်ရဲတော့မည် မဟုတ်ပါ။
“သွားကြမလား” ရှောက်ရွှမ်က ရွှံ့စေးကြီး၏ လည်ပင်းကို လက်နှင့် အသာပုတ်လိုက်သည်။ ရွှံ့စေးကြီးမှာ အနည်းငယ်ပိန်သွားသော်လည်း၊ စွမ်းအင်ပြည့်ဝနေတုန်းပင် ဖြစ်သည်။ ရွှံ့စေးကြီးမှာ ကံကောင်းထောက်မသဖြင့် အသက်ရှင်နေသေးခြင်း ဖြစ်သည်။
ရွှံ့စေးကြီးက သူပြောလိုက်သည်ကို ငြင်းဆို
လိုက်သည်လား၊ လက်ခံလိုက်သည်လား ရှောက်ရွှမ်လည်း မသိပါ။ ရှောက်ရွှမ်သည် စစ်သည်တော်တချို့ကို ကုလားအုတ်ကြီးများနှင့် လိုက်ပါသွားစေသည်။ ထိုကုလားအုတ်ကြီးများသည် ကျွန်ပိုင်ရှင်များ၏ မြို့တော်များမှ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သောကြောင့် လူယဉ်နေကြပြီဖြစ်သည်။ ကုလားအုတ်ရိုင်းများသာဆိုလျှင် ထိုမျှ လူယဉ်မည် မဟုတ်ပါ။
“ဒဏ်ရာရနေတဲ့လူတွေနဲ့ မကျန်းမာတဲ့လူတွေကို ဒီကို ခေါ်လာခဲ့… သူတို့ကို ကုလားအုတ်တွေပေါ်တင်ပေးလိုက်မယ်” ရှောက်ရွှမ်က ကုလားအုတ်ကြီးများ ရေတိုက်လိုက်သောအခါ၊ ကုလားအုတ်ကြီးများက သူတို့နှင့် အတော်ရင်းနှီးသွားကြသည်။
ကုလားအုတ်ကြီးများရောက်လာသောကြောင့်၊ အားလုံးမှာ အနည်းငယ် သက်သာရာရသွားသည်။
နီလာကြီးကတော့ ရှောက်ရွှမ်နားမှ မခွာဘဲ ဖြစ်နေ၏။ ဆီဆာက အစွယ်ကြီးများ ဖြဲပြနေ
သော်လည်း၊ ၎င်းသည် ရှောက်ရွှမ်နားမှမခွာဘဲ ကပ်မြဲကပ်နေလေသည်။
ရှောက်ရွှမ်က နီလာကြီးဘာကိုလိုချင်လဲ သိနေပါသည်။ တတိယအတားအဆီးကို ဖွင့်ပေးပြီးပြီဖြစ်သော်လည်း၊ ၎င်း၏ ကိုယ်ထဲတွင် အတားအဆီး၂ခု ကျန်နေပါသေးသည်။ မည်သည့် ကျွန် မဆို အတားအဆီးမှ လွတ်မြောက်ချင်ကြပါသည်။ စစ်ပွဲကာလ၂နှစ်အတွင်းတွင်၊ နီလာကြီးသည် ဒဏ်ရာပေါင်းများစွာကို ရခဲ့ပါသည်။ သူ၏ ပိုးမွှားတပ်ကြီးသာ မရှိပါက၊ နီလာကြီးသည် အသက်ရှင်နိုင်မည် မဟုတ်ပါ။ ကန္တာရထဲမှ အခြေအနေများတည်ငြိမ်သွားလျှင်၊ လူသားများက နောက်တကြိမ်ထပ်မံတိုက်ခိုက်ကြဦးမလား နီလာကြီးက သိချင်နေသည်။ ထိုပိုးမွှားအုပ်ကြီးမှာ ကျွန်ပိုင်ရှင်များအတွက် ပြဿနာကြီးတစ်ခုဖြစ်လာသည်။ အထူးသဖြင့် ရှီမိသားစုအတွက် ရင်ဆိုင်ရခက်သော ပြဿနာတစ်ခုဖြစ်လာသည်။ ရှီရှုက နီလာကြီးသည် ရှောက်ရွှမ်၏ ကျွန်ဖြစ်ကြောင်း၊ သိထားသဖြင့် ၎င်းသည် နီလာကြီးအား ရှင်းပစ်ချင်နေပါသည်။
နီလာကြီးနှင့် သူ၏ ပိုးမွှားအုပ်ကြီးသည် ကန္တာရထဲမှ အခြေအနေများနှင့် အသားကျနေပြီ ဖြစ်သည်။ သူတို့သည် သဲများကို နှစ်သက်ကြပြီး၊ အခြားသောနေရာများတွင် ၎င်းတို့သည် မနေတတ်ကြပါ။ နီလာကြီး၏ ဘေးကင်းရေးအတွက်၊ ရှောက်ရွှမ်သည် နီလာကြီးအား အစွမ်းပိုထက်အောင် လုပ်ပေးရုံသာရှိသည်။
ထို့ကြောင့်၊ ၎င်းတို့သည် ကန္တာရအစွန်နားသို့ ရောက်လာသောအခါ၊ ရှောက်ရွှမ်သည် နီလာကြီးအား သဲသောင်ကုန်းတစ်ခုသို့ ခေါ်ဆောင်လာသည်။ ရှောက်ရွှမ်သည် နီလာကြီး၏ စတုတ္ထမြောက်အတားအဆီးအား ဖွင့်လှစ်ပေးရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
ရှောက်ရွှမ်သည် ဤတစ်ခေါက်ပြီးလျှင်၊ နောက်ဘယ်တော့မှ ကန္တာရထဲသို့ ပြန်ရောက်လာတော့မလဲဆိုတာကို မသိတော့ပါ။ သူသာ နီလာကြီး၏ စတုတ္တမြောက် အတားအဆီးအား ဖွင့်ပေးနိုင်မည်ဆိုလျှင်၊ နီလာကြီးသည် အသက်ရှင်နိုင်
မည် ဖြစ်သည်။
ရှောက်ရွှမ်သည် စတုတ္ထမြောက် အတားအဆီးအား ဖွင့်လှစ်ပေးနိင်ရန်၊ နတ်စွမ်းအင်များနှင့် ပညာဆက်ခံနိုင်မှု စွမ်းရည်များအား အတော်များများ သုံးလိုက်ရသည်။ ရှောက်ရွှမ်သည် သမုဒ္ဒရာကြီးကို ဖြတ်သန်းလာခဲ့ရသဖြင့်၊ အားများ အတော်ကုန်နေပြီဖြစ်သည်။ သို့သော် သူသည် ဘိုးဘေးများ၏ အရိုးမှ စွမ်းအင်ကိုလည်း ထိန်းချုပ်နေနိုင်ပြီ ဖြစ်သောကြောင့်၊ စတုတ္ထမြောက်အတားအဆီးကို အခက်အခဲမရှိ ဖွင့်လှစ်နိုင်ခဲ့သည်။
စတုတ္ထမြောက်အတားအဆီးကို ဖွင့်လှစ်ပြီးနောက်တွင်၊ နီလာကြီးသည် သဲပြင်အောက်သို့ တိုးဝင်သွားသည်။ ၎င်းသည် အချိန်အကြာကြီး အိပ်စက်တော့မည် ဖြစ်ကြောင်းကို ရှောက်ရွှမ်က သိလိုက်သည်။ စတုတ္ထမြောက်သော့ခလောက်သည် တတိယသော့ခလောက်ထက် ဖွင့်ရပိုခက်ပါသည်။ ရှောက်ရွှမ်က သော့ခလောက်ကို ဖွင့်ရုံသာ ဖွင့်ပေးနိုင်မည် ဖြစ်သည်။ သော့ခလောက်
ဖွင့်လိုက်ပြီးနောက် ဖြစ်ပေါ်လာသည့် အကျိုးဆက်ကိုတော့ နီလာကြီးသည် သူ့ဟာသူ ကျော်လွှားရမည် ဖြစ်သည်။
နီလာကြီးက သဲပြင်အောက်သို့ဝင်သွားသောအခါ၊ ကျန်ချေးပိုးထိုးများသည်လည်း ပျောက်ကွယ်သွားပါသည်။ ထိုအချိန်မှစပြီး ထိုချေးပိုးထိုးအုပ်ကြီးသည် ကန္တာရထဲတွင် နောက်တစ်ခါ ပေါ်မလာတော့ပေ။
လေးရက်မြောက်သောနေ့တွင်၊ မျိုးနွယ်စုတစ်ခုလုံးသည် ကန္တာရအပြင်သို့ ထွက်လာနိုင်ခဲ့သည်။
ယန်ဆွေ့က သူတို့မျိုးနွယ်စုနားသို့ တပ်မကြီးတစ်ခုချီတက်လာကြောင်းကို သတင်းရထားသောကြောင့်၊ ထိုတပ်မကြီးမှာ ၎င်းတို့ကို လာတိုက်ခိုက်မည့် လူများဖြစ်မည်ကို စိုးရိမ်နေသည်။ သို့သော် အနီးကပ်ကြည့်လိုက်သောအခါမှ၊ ၎င်းတို့မှာ ကျွန်ပိုင်ရှင်များမဟုတ်ဘဲ၊ သူရင်းနှီးနေသော မျက်နှာများဖြစ်ကြောင်း
ကို သိလိုက်ရသည်။
ယန်ဆွေ့သည် ထိုအခါမှ စိတ်သက်သာရာရသွားပြီး ပြုံးလိုက်နိုင်သည်။ သူသည် ကုလားအုတ်ကြီးများ ကိုမြင်လိုက်ရသောအခါ၊ ရှေ့ဆုံးမှ လျှောက်လာသော ရွှံ့စေးကြီးကို မှတ်မိသွားသည်။ ထိုအခါ ယန်ဆွေ့သည် စိတ်လှုပ်ရှားပျော်ရွှင်သွားပါသည်။
“ သူတို့သွားတုန်းက လူက ၁၀၀၀တည်းပါ… အခုမှ ဘာလို့ များသွားရတာလဲ… ဘာတွေ ဖြစ်ကုန်တာလဲ”
***