ယန်ဆွေ့က ရှောက်ရွှမ်နှင့် ပြန်တွေ့ရသည့်အတွက် ဝမ်းသာနေပါသည်။ ရှောက်ရွှမ်သာ မကူညီခဲ့ပါက၊ သူသည် မိုးမျိုးနွယ်စု၏ နတ်ဆေးဆရာ ဖြစ်လာမည် မဟုတ်ဘဲ၊ မီးရှို့သတ်ခံရမည် ဖြစ်သည်။
ရှောက်ရွှမ်သည် လွန်ခဲ့သော ၂နှစ်အတွင်း ဘာတွေကြုံတွေ့ခဲ့ရသလဲ မသိသော်လည်း၊ ရှောက်ရွှမ်အနေဖြင့် ကန္တာရထဲမှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခြင်းက အခြေအနေကောင်းသည် မဟုတ်ပါလား။
ယန်ဆွေ့၏ ငယ်သူငယ်ချင်း မီရွှီသည် ယန်ဆွေ့ထက်ပင်ပိုပျော်နေပါသေးသည်။ သူမသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို သိပ်သဘောမကျသော်လည်း၊ “ရွှံ့စေးကြီး”ကို ပြန်တွေ့ရသောကြောင့် ပျော်နေပါသည်။ သူမသည် “ရွှံ့စေး
ကြီး”နှင့် ခွဲခွာခဲ့ရတုန်းက သူမနှင့် ပြန်တွေ့ရတော့မည် မဟုတ်ဟု ထင်ထားခဲ့သည်။ သူမတို့ ပြန်လည်တွေ့ဆုံရတော့မည် မဟုတ်ဟု ထင်ထားခဲ့သော်လည်း၊ အခုတော့ ရွှံ့စေးကြီးသည် အခြားသော ကုလားအုတ်များကိုပင် ဦးဆောင်ပြီး ရောက်လာပါသည်။
အခုတော့ ကုလားအုတ်များသည် ကန္တာရအပြင်ဘက်သို့ ရောက်နေပြီဖြစ်သောကြောင့်၊ ၎င်းတို့သည် မိုမျိုးနွယ်စုဝင်များ၏ ရွာတွင် ခဏနားကြမည် ဖြစ်သည်။ ကုလားအုတ်ကြီးများသည် မိရွှီခေါ်ဆောင်ရာနောက်သို့ ငြိမ်သက်စွာလိုက်ပါသွားကြသည်။ အခုတော့ နီလာကြီးမှာ မြေအောက်သို့ ရောက်သွားပြီဖြစ်သောကြောင့်၊ ၎င်းတို့ကို ကာကွယ်ပေးမည့် လူမရှိတော့ပါ။ ရွာထဲတွင် နေခြင်းက ကန္တာရထဲတွင် နေခြင်းထက် ပိုဘေးကင်းသည် မဟုတ်ပါလား။
ယန်ဆွေ့က သူ့လူများအား အစာရေစာများပြင်ဆင်ခိုင်းထားသည်။ သို့သော် မီးတောက်ဦးချို
မျိုးနွယ်စုဝင် အရေအတွက်သည် ဘာကြောင့် ၄ဆခန့်တိုးလာလဲ သူလည်း မသိပါ။
“ကျေးဇူးတင်ပါတယ်ဗျာ” ရှောက်ရွှမ်က ကျေးဇူးတင်စကားပြောရင်းနှင့် ယန်ဆွေ့ကို မိုးကျောက်တုံးများ ပြန်ပေးလိုက်သည်။ ထိုကျောက်တုံးများကို ယန်ဆွေ့က ရှောက်ရွှမ်အား ပေးလိုက်ခြင်းဖြစ်သည်။
“ဟားဟားဟား… ရပါတယ်ဗျာ… ခင်ဗျားအသက်မသေဘဲ ပြန်ရောက်လာတာတော်သေးတာပေါ့… ကန္တာရထဲမှာတော့ အခြေအနေတွေက ကသောင်းကနင်းပဲဗျို့” ယန်ဆွေ့က မိုးကျောက်တုံးများကို သူ့လူများအား ပြန်ပေးလိုက်သည်။
မိုးမျိုးနွယ်စုဝင်များသည် မိုးကျောက်တုံးများ ပြန်ရသောအခါ၊ စိတ်သက်သာရာရသွားကြပြီး၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအပေါ် ကြည်ကြည်လင်လင် ဖြစ်သွားကြသည်။ သူတို့နေသောနေရာမှာ ရေရှားသော နေရာတစ်ခု ဖြစ်
သောကြောင့်၊ သူတို့အတွက် မိုးကျောက်တုံးများသည် မရှိမဖြစ် အရေးပါပါသည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက အရေအတွက် များလွန်းသောကြောင့်၊ သူတို့တွင် လုံလောက်သော အိမ်အရေအတွက် မရှိပါ။ အားနည်းနေသော လူမမာများကိုသာ အိမ်ထဲတွင် ထားကြသည်။ ကျန်သူများကတော့ အပြင်ဘက် ကြမ်းပေါ်တွင်သာ ထိုင်ကြရသည်။
“ဒီရက်ပိုင်းတွေမှာ သဲမုန်တိုင်းတော့ တိုက်ဦးမှာ မဟုတ်ဘူး… မင်းဒီမှာ နားလို့ရတယ်” ယန်ဆွေ့ကပြောလိုက်သည်။
ရှောက်ရွှမ်က ယန်ဆွေ့၏ ရာသီဥတု ခန့်မှန်းချက်များကို ယုံကြည်ပါသည်။ သဲမုန်တိုင်းများမတိုက်နိုင်ဟု သူကပြောလျှင်၊ သဲမုန်တိုင်းများတိုက်ဦးမည် မဟုတ်ပါ။ ထို့ပြင် ယန်ဆွေ့သည်လည်း နတ်ဆေးဆရာတစ်ယောက်ပင် မဟုတ်ပါလား။
သူတို့သည် ဆာလောင်မွတ်သိပ်နေကြ
သောကြောင့်၊ ဘီစကွတ်မာမာကြီးများကပင် အရသာရှိနေပါသည်။ ၎င်းတို့သည် မာတောင့်နေသော မုန့်ခြောက်များကို ဝါးပြီး ရေနှင့် မျှောချလိုက်သောအခါ၊ အနည်းငယ် နေသာထိုင်သာ ရှိသွားသည်။
“အဲဒီလူတွေက မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေပဲ မဟုတ်ဘူးလား” ယန်ဆွေ့က ပြွတ်သိပ်နေသော လူများအားကြည့်ပြီး ရှောက်ရွှမ်ကို မေးလိုက်သည်။ အစပိုင်းတွင်တော့ ယန်ဆွေ့ထင်သည်မှာ ရှောက်ရွှမ်တို့သည် ကန္တာရထဲမှ ကျွန်များကို ခေါ်ဆောင်လာသည်ဟု ထင်ထားခြင်းဖြစ်သည်။ သို့သော် သူတို့သည် တစ်ဖွဲ့တည်းသားများလို တစ်ဦးနှင့် တစ်ဦးလွန်စွာ ရင်းနှီးနေကြသည်။ ထို့ပြင်၎င်းတို့တွင် မီးမျိုးစေ့လည်းပါလာပါသည်။ ယန်ဆွေ့ကနတ်ဆေးဆရာတစ်ယောက် ဖြစ်သောကြောင့်၊ မီးမျိုးစေ့ကို အာရုံရနေခြင်းဖြစ်သည်။
“ဟုတ်တယ်… သူတို့က မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေပဲ ဆိုပါတော့” ရှောက်ရွှမ်က
သက်ပြင်းချလိုက်သည်။ “ကန္တာရထဲမှာ အခြေအနေတွင် တင်းမာနေတာတောင်၊ ခင်ဗျားတို့က ဥမကွဲသိုက်မပျက်ဘဲနော်… ကန္တာရထဲက လူတွေက ခင်ဗျားတို့ကို အန္တရာယ်ပေးသေးလား”
“ပေးတာပေါ့” ယန်ဆွေ့သည် ပြောရင်းနှင့် စိတ်ဆိုးလာသည်။ ကန္တာရထဲမှ စစ်ပွဲများကြောင့်၊ တချို့လူများသည် မိုးမျိုးနွဘ်စုအား လာနှောင့်ယှက်ကြသည်။ တချို့လူများက သူတို့အား ဓားပြတိုက်ချင်နေကြသည်။ ထို့နောက်တွင် မိုးကျောက်တုံးများကို လိုက်ရှာကြသော မိုးမျိုးနွယ်စုဝင်များသည် ပျောက်ကွယ်သွားကြသည်။ သူတို့သည် ပျောက်ကွယ်သွားသောလူများအား ရှာဖွေရန် အဖွဲ့တစ်ဖွဲ့စေလွှတ်လိုက်သော်လည်း၊ ၎င်းတို့သည် အရိုးစုများကိုသာ ရှာတွေ့လိုက်ပါသည်။ ထိုအလောင်းများကို သားရဲများက မစားထားသောကြောင့်၊ အလောင်းများပေါ်တွင် ထက်မြက်သော လက်နက်ရာများကို တွေ့ရပါသည်။
“အခုတော့ ကျွန်တွေ ကန္တာရထဲက ထွက်သွားပြီ
လေ အဲဒီနောက်ပိုင်း ကျွန်တော်တို့ မျိုးနွယ်စုတွေကို သူတို့က ရန်သူတွေလို ဆက်ဆံကြတော့တာပဲ… သူတို့က ကျွန်တော်တို့ ရွာနားမလာရင်တော့ ဘာမှမဖြစ်ပါဘူး… ရွာနားကိုလာရင်တော့ ကင်းအဖွဲ့က သူတို့ကို သတ်ပစ်လိုက်ကြတာပဲ” ယန်ဆွေ့က သက်ပြင်းချလိုက်မိသည်။ “ ကျွန်ပိုင်ရှင်တွေနားမှာ နေရတယ်ဆိုတာ မလွယ်တာ ကျွန်တော်သိပါတယ်…တကယ်တမ်းတော့ ကျွန်တော်တွေးမိတာက ကျွန်တော်တို့တွေလည်း စိုက်ပျိုးလို့ရတဲ့ မြေတွေရှိတဲ့နေရာကို ပြောင်းပြီး အခြေချရင်ကောင်းမလား စဉ်းစားနေတာ” တချို့ကိစ္စများက မိုးခေါ်နေရုံဖြင့် ဖြေရှင်း၍ရမည် မဟုတ်ပါ။ ကန္တာရထဲမှလူများသည် သူတို့အား အချိန်မရွေးဒုက္ခပေးနိုင်ပါသည်။
မိုးမျိုးနွယ်စုဝင်များ၏ နတ်ဆေးဆရာတစ်ယောက်အနေနှင့်၊ ယန်ဆွေ့သည် ကြီးမားသော တာဝန်များကို ထမ်းဆောင်ထားရပါသည်။ သူသည် သူ့မျိုးနွယ်စုနှင့်အတူ နေရာသစ်တွင် ပြောင်းရွှေ့အခြေချချင်သော်လည်း၊ ထိုသို့ပြုလုပ်ရန် အများကြီး စွန့်စားရမည် ဖြစ်သည်။ လွယ်ကူ
မည်ဆိုပါက၊ သူတို့သည် ဟိုးအရင်ကတည်းက ပြောင်းရွှေ့ပြီးနေလောက်ပြီ ဖြစ်သည်။ သွားရင်းနှင့် လမ်းတွင် မီးမျိုးစေ့ပျောက်ကွယ်သွားနိုင်သည့် ဘေးကလည်း ရှိသေးသည်။မိုးမျိုးနွယ်စုသည် မီးတောက်ဦးချိုမျိုးနွယ်စုလောက် အင်အားမတောင့်တင်းပါ။
ရှောက်ရွှမ်သည် ပြောရင်းနှင့် တစ်စုံတရာကို တွေးမိသွားပြီး၊ မျက်နှာထားပြောင်းလဲသွားကာ ယန်ဆွေ့အား လှမ်းကြည့်လိုက်ပြီး “ကျွန်တော်ပြောစရာရှိတယ်” ဟုပြောလိုက်သည်။
ရှောက်ရွှမ်က လျှို့ဝှက်ချက်တစ်ခုခုကို ပြောတော့မည်ဆိုတာကို သိနေသောကြောင့် ယန်ဆွေ့က ခေါင်းငြိမ့်ပြလို်ပြီး၊ ရှောက်ရွှမ်အား နတ်ဆေးဆရာ၏ အိမ်ထဲသို့ ခေါ်ဆောင်လာသည်။ နတ်ဆေးဆရာ၏ အိမ်သို့ မည်သူမျှ ဝင်ခွင့်မရှိပါ။ အကြီးအကဲပင်လျှင် အခွင့်မရှိဘဲ ဝင်ခွင့်မရှိပါ။
ယန်ဆွေ့၏ လက်ရှိအခြေအနေမှာ အရင်တုန်း
ကနှင့် မတူတော့ပါ။ သူသည် အခုအချိန်တွင် နတ်ဆေးဆရာ ဖြစ်နေပြီ မဟုတ်ပါလား။ ရှောက်ရွှမ်သည် အိမ်ထဲတွင် အလှဆင်ထားသည့် ပစ္စည်းများကို ကြည့်နေပါသည်။
“ခင်ဗျားက မျိုးနွယ်စုအတွက် တာဝန်ကျေတဲ့ နတ်ဆေးဆရာ တစ်ယောက်ပါ” ရှောက်ရွှမ်က ခုံလေးတစ်လုံးပေါ်တွင် ထိုင်လိုက်သည်။
“အခြေအနေကောင်းတယ်ဆိုပါတော့ဗျာ” ယန်ဆွေ့က ပြုံးပြလိုက်သည်။ “ဒါနဲ့ ခင်ဗျားက ဘာပြောချင်တာလဲ… အရေးကြီးကိစ္စများ ရှိလို့လား”
“အရေးကြီးတယ်… ကျွန်တော်သိသလောက်ဆိုရင် လွန်ခဲ့တဲ့၂နှစ်လောက်တုန်းက ခင်ဗျားတို့ မျိုးနွယ်စုထဲမှာ မီးမျိုးစေ့နဲ့ ပတ်သက်ပြီး ပြဿနာပေါ်သေးတယ် မဟုတ်လား”
ရှောက်ရွှမ်က ယန်ဆွေ့ဆီမှ မီးမျိုးစေ့၏ လျှို့ဝှက်ချက်ကို သိထားပြီးသားသဖြစ်သည်။
“ဟုတ်တယ်” မိုးမျိုးနွယ်စု၏ အနေနှင့် မိုးကိုခေါ်ဆောင်နိုင်သည်မှာ နတ်ဆေးဆရာ၏ အစွမ်းကြောင့် မဟုတ်ပါ။ မီးမျိုးစေ့၏ အစွမ်းကြောင့် မဟုတ်ပါ။ မီးမျိုးစေ့၏ လက်ရှိအခြေအနေအရဆိုလျှင်တော့၊ ၎င်းတို့သည် ဘယ်လောက်ပဲ ဆုတောင်း ဆုတောင်း၊ မိုးက ရွာမည် မဟုတ်ပါ။ ယန်ဆွေ့ပြောပုံအရဆိုလျှင်တော့ မီးမျိုးစေ့သည် အိပ်ပျော်နေခြင်း ဖြစ်သည်။ နတ်ဆေးဆရာကလည်း မီးမျိုးစေ့၏ အစွမ်းများကို မနှိုးထနိုင်ပါ။ မီးမျိုးစေ့သည် တစ်နှစ်လျှင် တစ်ကြိမ်၊ ရိုးရာအခမ်းအနားပွဲကျင်းပသည့်အချိန်တွင်သာ နိုးထလာလေ့ရှိသည်။ တချို့နှစ်များဆိုလျှင် နိုးပင်မနိုးထလာပါ။ ရာစုနှစ်များပိုကြာလာသောအခါ၊ အခြေအနေများက တဖြည်းဖြည်း ပိုပိုဆိုးလာသည်။
ထို့ကြောင့် လွန်ခဲ့သော၂နှစ်တုန်းက ယန်ဆွေ့တစ်ယောက် မိုးကို အောင်မြင်စွာ ခေါ်ခဲ့နိုင်တုန်းက အပျော်ကြီးပျော်ခဲ့ကြခြင်း ဖြစ်သည်။
“ဖြစ်နိုင်တဲ့ အကြောင်းအရင်းတစ်ခုကိုတော့
ကျွန်တော် စဉ်းစားမိထားတယ်” ရှောက်ရွှမ်က ပြောလိုက်သည်။
ယန်ဆွေ့က ပုခုံးတွန့်ပြလိုက်ပြီး၊ ရှောက်ရွှမ်ကို ကြည့်လိုက်ပြီး “ဘာအကြောင်းရင်းလဲ…” ဟုမေးလိုက်သည်။ ထိုပြဿနာကို ဖြေရှင်းနိုင်မည့် ကိစ္စဆိုလျှင် ယန်ဆွေ့က ဘာပဲဖြစ်ဖြစ် လုပ်မည်သာ ဖြစ်သည်။
ရှောက်ရွှမ်သည် သမုဒ္ဒရာတစ်ဖက်ကမ်းတွင် သူကြုံတွေ့ခဲ့ရသည်များကို ယန်ဆွေံအား ပြောပြလိုက်သည်။ သို့သော် အသေးစိတ်ကိုတော့ မပြောပြဘဲ ချန်ထားလိုက်ပြီး၊ မီးမျိုးစေ့က အားလုံးနှင့် ဘယ်လိုပတ်သက်နေကြောင်းလောက်ကိုသာ ပြောလိုက်သည်။ သို့သော် အခုတော့ မီးမျိုးစေ့က ပျောက်ဆုံးသွားပြီဖြစ်သောကြောင့်၊ မျိုးနွယ်စုအနေဖြင့် ပြိုကွဲသွားနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ထိုသို့ ပျောက်ကွယ်သွားသော မျိုးနွယ်စုပေါင်းများစွာလည်း ရှိပါသည်။ တဖြည်းဖြည်းနှင့် မျိုးနွယ်စုများသည် မြို့တော်ကြီးများမှ ကျွန်ပိုင်ရှင်များ၏
လက်အောက်သို့ ဝင်ကုန်ကြပြီ ဖြစ်ပြီး၊လေလွင့်သူများကတော့ သွေးသစ်လောင်းပြီး အဖွဲ့များဖွဲ့၍ နေထိုင်ကြသည်။ တဖြည်းဖြည်းနှင့် မျိုးနွယ်စုများမှာ အားနည်းလာပြီ ဖြစ်သည်။ ထိုအရာမှာ သူတို့အတွက် အဆိုးရွားဆုံး ထိုးနှက်ချက်ဖြစ်သည်။
ယန်ဆွေ့သည် နှုတ်ဆိတ်နေပါသည်။ ရှောက်ရွှမ်က ကြောင်းကျိုးဆက်စပ်၍ ပြောပြသောအခါ၊ ယန်ဆွေ့သည် ချီတုံချတုံဖြစ်နေသည်။ အခုတော့ ယန်ဆွေ့သည် မီးမျိုးစေ့ကို အားနည်းမသွားအောင် ကာကွယ်နိုင်မည့် နည်းလမ်းကို သိသွားပြီ ဖြစ်သည်။ သို့သော် ဆုံးဖြတ်ချက်ချရန်တော့ လွယ်ကူလှသည် မဟုတ်ပါ။
မျိုးနွယ်စုများ တည်ရှိနေကြခြင်းမှာ မီးမျိုးစေ့ကို ဗဟိုပြုပြီး၊ စည်းလုံးခဲ့ကြသောကြောင့် ဖြစ်သည်။ အခုတော့ မီးမျိုးစေ့မရှိတော့ဘူးဆိုလျှင်၊ မိုးမျိုးနွယ်စုသည် ဆက်လက်ပြီး ရပ်တည်ရန် မလွယ်ကူတော့ပါ။
“ခင်ဗျားတို့ မျိုးနွယ်စုကကော ဘာကို ရွေးထားလဲ” ယန်ဆွေ့က ရှောက်ရွှမ်၏ မျက်လုံးများအား စိုက်ကြည့်ပြီး အမှန်ကို ပြောနေခြင်း ဟုတ်၊မဟုတ် အကဲခတ်လိုက်သည်။
“ကျွန်တော်တို့ ရွှေးချယ်ထားတာလား… အဲဒါကတော့ ရှင်းပါတယ်…ခင်ဗျားတို့ရဲ့ အရည်အချင်းနဲ့ဆိုရင်၊ အသစ်ရောက်လာတဲ့လူတွေနဲ့ အရင်မီးတောက်ဦးချိုမျိုးနွယ်စုဝင်အဟောင်းတွေကြားမှာ ရှိတဲ့ ကွာခြားချက်ကို သိတယ် မဟုတ်လား”
ယန်ဆွေ့သည် မျက်မှောင်ကြုံ့သွားပြီး၊ လက်သီးကို ဆုပ်ထားလိုက်ကာ၊ “ကွာခြားချက်…”
“ကွာခြားချက်က မီးမျိုးစေ့ပဲ” ရှောက်ရွှမ်က မတ်တပ်ရပ်လိုက်သည်။ ရှောက်ရွှမ်အနေဖြင့် သူပြောစရာရှိသည်များကို ပြောပြီးသွားပြီ ဖြစ်သည်။ ဆုံးဖြတ်ချက်ခချရမှာက ယန်ဆွေ့၏ အလုပ်ဖြစ်သည်။
“မျိုးနွယ်စုဝင်တွေ ရှိနေဦးမယ်ဆိုရင်တော့ မီးမျိုးစေ့လည်း ရှိနေဦးမှာပဲ…စဉ်းစားကြည့်ပါ… ခင်ဗျားဆုံးဖြတ်ပြီးသွားရင် ကျွန်တော့်ကို သားရဲတို့ပျော်စံရာမြေမှာ လာရှာလို့ရတယ်… အဲဒီနေရာကို ခင်ဗျားသိပါတယ်” ရှောက်ရွှမ်က ယန်ဆွေ့အနေဖြင့် ဆုံးဖြတ်ချက်ကို ချက်ချင်းချဦးမည် မဟုတ်သည်ကို သိနေပါသည်။ ထိုကိစ္စသည် မျိုးနွယ်စုတစ်ခုလုံးနှင့် ဆက်စပ်နေသော အရေးကြီးကိစ္စတစ်ခု ဖြစ်သည်။ သူသည် နတ်ဆေးဆရာတစ်ယောက် ဖြစ်သော်လည်း၊ ဆုံးဖြတ်ချက်ကို သူတစ်ယောက်တည်း ချ၍မရပါ။
ရှောက်ရွှမ်ထွက်ခွာသွားသောအခါ၊ ယန်ဆွေ့က အိမ်ထဲတွင် တစ်ယောက်တည်း အခန်းအောင်းနေပြီး၊ မည်သို့ဆုံးဖြတ်လျှင် ကောင်းမလဲ စဉ်းစားနေပါသည်။ အစောင့်များအားလည်း မည်သူ့မှ ဝင်ခွင့်မပေးရန် မှာထားသည်။ ထို့နောက် ယန်ဆွေ့သည် အတွေးရေယာဉ်ကြောတွင် နစ်မြောပြီး၊ လောကကြီးတစ်ခုလုံးကို မေ့သွားပါတော့သည်။ သူအိမ်ပြင်သို့ ထွက်လာသောအချိန်တွင်၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက ထွက်ခွာ
သွားပြီ ဖြစ်သည်။
ယန်ဆွေ့သည် မီးဖိုကြီးနားတွင် ရပ်နေပါသည်။ ထို့နောက် သူသည် မျိုးနွယ်စုထဲမှ အတွေ့အကြုံရှိသူများနှင့် အကြီးအကဲတို့ကို ဖိတ်ခေါ်ပြီး အစည်းအဝေတစ်ခုကို ပြုလုပ်ပါသည်။ ကျန်မိုးမျိုးနွယ်စုဝင်များကတော့ လူကြီးများ ဘာတွေ တိုင်ပင်ဆွေးနေကြသလဲ မသိပါ။ အစည်းအဝေးပြီးသွားသောအခါ၊ လူကြီးများသည် စိတ်နှင့်လူမကပ်ဘဲ နတ်ဆေးဆရာ၏ အိမ်ထဲမှ ထွက်လာသည်ကို တွေ့လိုက်ကြရသည်။
ထိုအချိန်တွင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကတော့ သားရဲများပျော်စရာမြေသို့ ဦးတည်သွားနေကြပါသည်။
မျိုးနွယ်စုဝင်အသစ်များအတွက်တော့ အရာရာသည် အသစ်အဆန်းဖြစ်နေပါသည်။ အခုဘက်ခြမ်းမှာ မျိုးနွယ်စုဝင်များသည် အခုအချိန်ထိ ရှေးထုံးများကို မပယ်ကြသေးပါ။ သူတို့သည် ကျောက်လက်နက်များနှင့် တိရိစ္ဆာန်အရိုးများကို
လက်နက်အနေနှင့် သုံးကြဆဲဖြစ်သည်။
သူတို့၏ သတ္တုလက်နက်များကို သားရေစ၊ အဝတ်စများဖြင့် ပတ်ထားကြဆဲဖြစ်သည်။ ထို့ကြောင့် မိုးမျိုးနွယ်စုဝင်များသည် သူတို့၏လက်နက်များကို မမြင်လိုက်ရခြင်းဖြစ်သည်။ ထို့နောက် သတ္တုပစ္စည်းများကို ထည့်ပြီး သယ်ဆောင်ရန် ခြင်းတောင်းများကို ယက်လုပ်ခဲ့ကြသည်။ ဤဘက်ကမ္ဘာတွင် သတ္တုများသည် ရှားပါးသောကြောင့်၊ သူတို့ပစ္စည်းများကို မြင်လျှင် လိုချင်နေကြမည် ဖြစ်သည်။ သူတို့သည် လူသစ်များဖြစ်နေသောကြောင့်၊ မလိုလားအပ်သော ပြဿနာများအား ရှောင်ရှားသွားကြမည် ဖြစ်သည်။
“ မင်းနဲ့ မိုးမျိုးနွယ်စုနတ်ဆေးဆရာ မီးမျိုးစေ့အကြောင်းကို ပြောနေကြတာလား” အော့က ရှောက်ရွှမ်ကို မေးလိုက်သည်။
“အင်း… ကျွန်တော်ပြောပြခဲ့တယ်… ဆုံးဖြတ်ရမှာကတော့ သူ့အလုပ်ပဲ” ရှောက်ရွှမ်ကပြောလိုက်
သည်။
အော့က ခေါင်းညိတ်ပြလိုက်သည်။ သူကလည် ယန်ဆွေ့မှာ စိတ်ချရသောသူတစ်ယောက်ဟု ယူဆထားသည်။ ထို့ပြင် ယန်ဆွေ့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို အကူအညီပေးနေကျလူတစ်ယောက်ဖြစ်သည်။ အော့သည် ရောက်ရွှမ်ကု လေးစားမှုရှိသလို၊ ယန်ဆွေ့ကိုလည်း လူကောင်းတစ်ယောက် ထင်မြင်ထားပါသည်။ ယန်ဆွေ့သည် မျိုးနွယ်စုကြီးများမှ လူတချို့ထက် ပိုမိုစိတ်ချရသူတစ်ယောက် ဖြစ်ကြောင်းကို သိထားသည်။
အော့ကတော့ ထိုအဖြစ်ကို သိပ်မယုံနိုင်သေးပါ။ ကျန်းလော်တို့ရောက်လာသောအခါ၊ အော့က မီးမျိုးစေ့နှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပါသည်။ အစပိုင်းတွင် သမုဒ္ဒရာပေါ်တွင် မီးများတောက်လောင်ခြင်းမှာ မီးမျိုးစေ့ကြောင့် ဖြစ်မည် ထင်ထားသော်လည်း၊ နောက်ပိုင်းတွင်တော့ ထိုသို့ ဖြစ်ပေါ်ခြင်းမှာ ဘိုးဘေးများ၏ အရိုးလေးမှ စွမ်းအင်များကြောင့်
ဖြစ်နေကြောင်းကို သိလိုက်ကြရသည်။ ဒါဆိုလျှင် မီးမျိုးစေ့က ဘာဖြစ်သွားသနည်း။
ရှောက်ရွှမ်က ရှင်းပြလိုက်သောအခါ၊ အော့က နားလည်သွားသည်။
အော့သည် ရှေးဟောင်းမျိုးနွယ်စုတစ်ခု၏ အကြီးအကဲတစ်ယောက် ဖြစ်နေသောကြောင့်၊ မီးမျိုးစေ့မရှိပါက သူတို့ဘဝများ မည်သို့ဖြစ်သွားမလဲဆိုတာကို သူမသိပါ။ သို့သော် ၎င်းတို့၏ နောင်တော်အသစ်များသည် သူတို့ထက် ပိုသန်စွမ်းကြသည်မှာ မီးမျိုးစေ့၏ အစွမ်းကြောင့် ဖြစ်မည်ဆိုတာတော့ သူသိထားသည်။ ထို့ပြင်၊ သူတို့၏ ဘိုးဘေးများသည် မီးမျိုးစေ့ကြောင့်သာ ခွဲခွာခဲ့ရခြင်း ဖြစ်သည်။အခုတော့ သူတို့သည် ပြန်ပေါင်းဆုံမိကြပြီ ဖြစ်သည်။ အခုတော့ သူတို့သည် အမိမြေမှ ထွက်ခွာသွားသော မျိုးနွယ်စုတစ်ဝက်က မှန်ကန်နေကြောင်းကို သိသွားကြပြီ ဖြစ်သည်။ သူတို့သည် အခုဆိုလျှင် မီးမျိုးစေ့အား စွမ်းအင်များလျှော့ကျမသွားအောင် ထိန်းသိမ်းနိုင်မည့် နည်းလမ်းများကို သိသွားပြီ
ဖြစ်သည်။ အော့သည် ပင်လယ်၏ အခြားတစ်ဖက်မှ လူများ၏ ဘဝများအကြောင်းကို သိရသောအခါ၊ ထိုဘဝများက တချို့နေရာများတွင် သူတို့နေရသော ဘဝများထက် ပိုကောင်းသည့်အချက်များရှိကြောင်းကို သိသွားပါသည်။
ခေတ်သစ်စတင်ပြီ ဖြစ်သည်။ အခုလို လမ်းဆုံသို့ရောက်နေသော အခြေအနေမျိုးတွင် ရွေးချယ်ရမည်မှာ သူတို့တာဝန်သာ ဖြစ်သည်။
အော့ကထိုအကြောင်းများကို စဉ်းစားနေချိန်တွင်၊ ရှောက်ရွှမ်ကတော့ မျိုးနွယ်စု၂ခုကို ၁ခုတည်းဖြစ်အောင် ဘယ်လို ပြန်ပေါင်းစည်းရမလဲ စဉ်းစားနေမိသည်။ သူတို့တွင် နတ်ဆေးဆရာက ၂ယောက်၊ မျိုးနွယ်စုခေါင်းဆောင်က ၂ယောက်၊ အမဲလိုက်အဖွဲ့ခေါင်းဆောင်က ၃ယောက် ဖြစ်နေပေသည်။
“ဘာဆက်လုပ်ရင် ကောင်းမလဲ”
***