"ဘယ်သူကများ ဒီလောက် ရဲတင်းနေရတာလဲ"
ကျောက်ကုလားထိုင်ပေါ်မှာ ပျင်းရိပျင်းတွဲ လှဲလျောင်းနေတဲ့ အမျိုးသမီးက ချက်ချင်းပဲ မျက်ခုံးပင့်လိုက်ပါတယ်။ ဟိန်းဟောက်သံ ထွက်ပေါ်လာတဲ့ အချိန်လေးမှာတင် သူမက လှုပ်ရှားလိုက်ပြီး လော့ဟွမ်တောင်ရဲ့ အပြင်ဘက်ကို လျှပ်တစ်ပြက် ရောက်ရှိသွားပါတော့တယ်။
ဒီအချိန် လော့ဟွမ်တောင်ရဲ့ တောင်ထိပ်မှာတော့ ကျွမ်းရွှေ ကလန်ရဲ့ သီးသန့် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဂျူဟွာဟာ လက်နောက်ပစ်ရပ်ရင်း အဝေးက ရှုခင်းတွေကို လှမ်းကြည့်နေခဲ့ပါတယ်။ သူ့အနောက်ဘက်က လှုပ်ရှားမှုအသံကို ကြားလိုက်ရတော့မှပဲ သူက ဖြည်းဖြည်းချင်း လှည့်ကြည့်လာပါတော့တယ်။
"ကောင်းကင်ဇာမဏီမီးငှက် မိစ္ဆာဘုရင်မ လား"
ဂျူဟွာက ဇာမဏီမီးငှက် သရဖူကို ဆောင်းထားပြီး ရောင်စုံဂါဝန်ကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးကို ကြည့်လိုက်ပါတယ်။ သူက မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပါပြီ။ ဒဏ္ဍာရီလာ ကောင်းကင်ဇာမဏီမီးငှက် မိစ္ဆာဘုရင်မ မှာ ထူးခြားတဲ့ နောက်ခံသမိုင်းကြောင်း ရှိပြီး ကောင်းကင်အင်မော်တယ် တစ်ပါးနဲ့ ယှဉ်နိုင်တဲ့ စွမ်းအားရှိတယ်လို့ သူ ကြားဖူးပေမဲ့၊ ဒီ ကောင်းကင်ဇာမဏီမီးငှက် မိစ္ဆာဘုရင်မ က ဒီလောက်တောင် ချောမောလှပတဲ့ မိန်းမချောလေး တစ်ယောက် ဖြစ်နေမယ်ဆိုတာကိုတော့ သူ မကြားဖူးခဲ့ပါဘူး။
"မင်းက ဘယ်သူလဲ"
အမျိုးသမီးက ဂျူဟွာကို ကြည့်လိုက်ချိန်မှာ သူမရဲ့ စိတ်ထဲမှာ အံ့ဩသံသယဖြစ်မှု အရိပ်အယောင်လေး ဖြတ်သန်းသွားခဲ့ပါတယ်။ ဘာကြောင့်မှန်းမသိပေမဲ့ ဒီအချိန်မှာ သူမ နည်းနည်းလေး ကြောက်ရွံ့တုန်လှုပ်နေမိတာတော့ အမှန်ပါပဲ။
အစကတော့ အမျိုးသမီးဟာ သူမရဲ့ အင်မော်တယ်ဂူနန်း ကို လာတိုက်ခိုက်ရဲတဲ့ ဘယ်သူ့ကိုမဆို ချက်ချင်း အသေအကြေ ရင်ဆိုင်ဖို့ ပြင်ဆင်ထားခဲ့တာပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ ဒီနေရာက ဝင်္ကပါ တွေ၊ အကာအကွယ် အစီအရင် တွေ အများကြီးရှိတဲ့ သူမရဲ့ ခံတပ်ကြီး ဖြစ်နေပေမဲ့လည်း သူမကိုယ်တိုင် ခဏလောက် တုံ့ဆိုင်းသွားခဲ့ပါပြီ။
"ငါက ကျွမ်းရွှေ ဂျူဟွာ ပဲ"
ဂျူဟွာက ပြုံးလျက် ပြောလိုက်ပါတယ်။
"ကျွမ်းရွှေ ဂျူဟွာ"
အမျိုးသမီးက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပါတယ်။ ခုနလေးတင် သူမရဲ့ လက်အောက်ငယ်သားတွေနဲ့ ဒီလူအကြောင်း ပြောနေခဲ့တာလေ၊ အခုတော့ သူက သူမရဲ့ တံခါးကို လာခေါက်နေပြီလား။
"ဘာလဲ... ကျွမ်းရွှေ ကလန် က ငါ့ရဲ့ လော့ဟွမ်တောင် မျိုးနွယ်စုနဲ့ စစ်ခင်းတော့မလို့လား"
အမျိုးသမီးက အေးစက်စက် လေသံနဲ့ မေးလိုက်ပါတယ်။
"ဒီနေ့ ငါလုပ်မယ့် ကိစ္စက ကျွမ်းရွှေ ကလန် နဲ့ ဘာမှ မဆိုင်ပါဘူး"
ဂျူဟွာက ခပ်အေးအေးပဲ ပြန်ဖြေလိုက်ပါတယ်။
"လော့ဟွမ်တောင် မျိုးနွယ်စုက မိစ္ဆာကြီးပေါင်း သောင်းနဲ့ချီဟာ မင်းရဲ့ ကောင်းကင်ဇာမဏီမီးငှက် မိစ္ဆာဘုရင်မ ဆိုတဲ့ နာမည်ကို အသုံးချပြီး တစ်နေ့တစ်နေ့ အားနည်းတဲ့သူတွေကို ဗိုလ်ကျ အနိုင်ကျင့်နေကြတယ်လို့ ငါ ကြားထားတယ်။ ဒီနေ့ ငါလာခဲ့တာက မိစ္ဆာတွေကို သတ်ဖြတ်ပြီး မကောင်းမှုတွေကို ရှင်းလင်းပစ်ဖို့ပဲ"
"မင်း သေချင်နေတာပဲ"
အမျိုးသမီးက ဒေါသတကြီးနဲ့ ရယ်မောလိုက်ပါတော့တယ်။ ဂျူဟွာက သူမရဲ့ ခေါင်းပေါ်ကို တက်နင်းပြီး စော်ကားနေတာလေ။ ဒါကိုတောင် သူမက ဆက်ပြီး သည်းခံနေမယ် ဆိုရင် သူမက ကောင်းကင်ဇာမဏီမီးငှက် မိစ္ဆာဘုရင်မ လို့ ခေါ်စရာ အကြောင်းမရှိတော့ပါဘူး။
ဒါ့အပြင် ဒီနေရာက လော့ဟွမ်တောင် လေ၊ သူမ ကိုယ်တိုင်ကိုယ်ကျ စောင့်ကြပ်နေတဲ့ လော့ဟွမ်တောင် ပါ။ ကောင်းကင်အင်မော်တယ် တွေ အုပ်စုလိုက်ကြီး ရောက်လာရင်တောင်မှ သူမမှာ ကာကွယ်နိုင်စွမ်း ရှိတယ်လေ။ ဂျူဟွာဆီကနေ အန္တရာယ်အငွေ့အသက်ကို သူမ ခံစားနေရပေမဲ့ အဲဒါက ဘာအရေးကြီးလို့လဲ။
ဒီအခြေအနေထိ ရောက်နေပြီဆိုတော့ သူမ ဆက်ပြီး သည်းမခံနိုင်တော့ပါဘူး။ အမျိုးသမီးက နည်းနည်းလေးတောင် တုံ့ဆိုင်းမနေဘဲ တိုက်ခိုက်လိုက်ပါတော့တယ်။
တစ်ခဏအတွင်းမှာပဲ သူမက လော့ဟွမ်တောင် ပေါ်က မဟာ ဝင်္ကပါ ကြီးကို အသက်သွင်းလိုက်ပါတယ်။ သူမ ကိုယ်တိုင်ကလည်း ရောင်ခြည်ငါးသွယ် သက်တံ့အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဂျူဟွာဆီကို အလွန်မြန်ဆန်တဲ့ အရှိန်နဲ့ ပြေးဝင်သွားပါတော့တယ်။
"ဟားဟား"
ဂျူဟွာက ခပ်ဟဟ ရယ်လိုက်ပါတယ်။ သူက လက်တစ်ဖက်ကို မြှောက်လိုက်တာနဲ့ မဟာ ဝင်္ကပါ ကြီးရဲ့ ချုပ်နှောင်ထားတဲ့ စွမ်းအားတွေထဲကနေ ချက်ချင်း ရုန်းထွက်သွားပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ဂျူဟွာက သူ့ရဲ့ လက်ဝါးကို ဓားတစ်လက်အဖြစ် ပြောင်းလဲလိုက်ပြီး အရှိန်အဟုန်နဲ့ ဝင်ရောက်လာတဲ့ ရောင်ခြည်ငါးသွယ် သက်တံ့အလင်းတန်းကို ပြင်းပြင်းထန်ထန် ခုတ်ပိုင်းချလိုက်ပါတယ်။
စူးစူးဝါးဝါး အော်ဟစ်သံကြီး တစ်ခု ထွက်ပေါ်လာပြီး ရောင်ခြည်ငါးသွယ် သက်တံ့အလင်းတန်း ဟာ ချက်ချင်း ပျောက်ကွယ်သွားပါပြီ။ အရောင်ငါးမျိုးရှိတဲ့ အတောင်ပံတွေနဲ့ ငှက်ကြီးတစ်ကောင်ဟာ အတောင်ပံ ကျိုးသွားတဲ့ ငှက်တစ်ကောင်လို တောင်ပေါ်ကို ပြုတ်ကျသွားပါတော့တယ်။
"လော့ဟွမ်တောင် မျိုးနွယ်စု... ဒီနေ့ကစပြီး ပျောက်ကွယ်သွားစေရမယ်"
ဂျူဟွာရဲ့ အသံက မိုင်တစ်ထောင် ပတ်လည်အထိ ပဲ့တင်ထပ် ပေါ်ထွက်လာပါပြီ။ နောက်တစ်ခဏမှာတော့ ကျန်းတစ်ထောင် (ပေတစ်သောင်းခန့်) မြင့်တဲ့ နတ်ဘုရားကြီး တစ်ပါးဟာ လော့ဟွမ်တောင် အနီးမှာ ထွက်ပေါ်လာပါတော့တယ်။
နတ်ဘုရားကြီးရဲ့ လက်ဝါးကြီး ကျဆင်းလာတာနဲ့ အူ တောင်ပေါ်က မဟာ ဝင်္ကပါ ကြီးဟာ ချက်ချင်းပဲ ခုနစ်ဆယ် ရှစ်ဆယ်ရာခိုင်နှုန်းလောက် ပျက်စီးသွားပါပြီ။ မဟာ ဝင်္ကပါ ကြီးရဲ့ အကာအကွယ် မရှိတော့တဲ့ လော့ဟွမ်တောင် ဟာ နတ်ဘုရားကြီးရဲ့ လက်ထဲက ကစားစရာ အရုပ်လေး တစ်ခုလို ဖြစ်သွားပါတော့တယ်။ ဆက်တိုက် ရိုက်ချလိုက်တဲ့ လက်ဝါးရိုက်ချက် အနည်းငယ် အပြီးမှာတော့ တောင်ကြီး တစ်ခုလုံးဟာ မြေပြင်နဲ့ တစ်ပြေးတည်း ဖြစ်လုနီးပါး ပြိုကျပျက်စီးသွားခဲ့ပါပြီ။
တောင်ရဲ့ အတွင်းပိုင်းမှာ ရှိနေတဲ့ မိစ္ဆာတွေဟာ တိုက်ခိုက်မှုကို ထိပ်တိုက် မရင်ဆိုင်ရဘူး ဆိုပေမယ့်လည်း ဆိုပေမဲ့၊ အဲဒီ စွမ်းအင် တုန်ခါမှုလှိုင်းတွေကတင် သူတို့ ခံနိုင်ရည်ရှိတာထက် အများကြီး ပိုလွန်နေခဲ့ပါပြီ။ မျက်စိတစ်မှိတ် အတွင်းမှာတင် ဒီမိစ္ဆာကြီးတွေဟာ နေရာမှာတင် မြေမှုန့်တွေအဖြစ် ပြောင်းလဲသွားပြီး သူတို့ရဲ့ ပြာတွေက ကောင်းကင်နဲ့ မြေကြီးကြားမှာ လွင့်စဉ်ပျောက်ကွယ်သွားပါတော့တယ်။
မူလပုံစံ မျောက်ဝံကြီးအသွင် ရှိတဲ့ မြေကမ္ဘာအဆင့် မိစ္ဆာကြီး တစ်ကောင်တည်းသာ သူ့ရဲ့ နက်နဲတဲ့ တန်ခိုးအဆင့်ကြောင့် အသက်ရှင် ကျန်ရစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကံကောင်းထောက်မစွာ အသက်ရှင်သွားပြီးတဲ့နောက် သူ့မှာ တခြား ဘာအကြံအစည်မှ မရှိတော့ပါဘူး။ ဂျူဟွာ သတိလက်လွတ် ဖြစ်နေတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး သူ့ရဲ့ မူလပုံစံကို အလျင်အမြန် ဖော်ထုတ်လိုက်ကာ နောက်လှည့်မကြည့်ဘဲ အဝေးဆီကို ထွက်ပြေးပါတော့တယ်။
ဒါပေမဲ့ သူ သိပ်ဝေးဝေး မပြေးနိုင်ခင်မှာပဲ ကောင်းကင်ကြီးကို ဖုံးလွှမ်းသွားတဲ့ လက်ဝါးကြီး တစ်ဖက်က သူ့နောက်ကို လိုက်ပါလာခဲ့ပါပြီ။ လက်ဝါးကြီးရဲ့ ကြောက်မက်ဖွယ် စွမ်းအားအောက်မှာ မျောက်ဝံကြီးဟာ အသေအလဲ ရုန်းကန်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ နတ်ဘုရားဝိညာဉ်ပါ ချေမှုန်းခံလိုက်ရပါတော့တယ်။
...
ဂျူဟွာက မိုးကောင်းကင်တမျှ အသွင်ပြောင်းလဲခြင်း ကို ရုပ်သိမ်းလိုက်ပါတယ်။ သူ့ရဲ့ ပုံရိပ်က တစ်ချက် လှုပ်ရှားသွားပြီးနောက် အဝေးက တောင်ကြား ချိုင့်ဝှမ်းလေး တစ်ခုဆီမှာ ပြန်ပေါ်လာပါပြီ။
အမျိုးသမီးက အဲဒီအချိန်မှာ ဖုန်တွေ သဲတွေ ပေကျံနေတဲ့ အနေအထားနဲ့ ရပ်နေပါတယ်။ ဂျူဟွာ ချဉ်းကပ်လာတာကို မြင်တော့ သူမရဲ့ မျက်လုံးထဲမှာ ကြောက်ရွံ့မှု အရိပ်အယောင်လေး ဖြတ်သန်းသွားခဲ့ပါပြီ။
တကယ့်ကို ကြောက်စရာ ကောင်းလွန်းလှပါတယ်။
သူမ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရပါပြီ။ ဂျူဟွာက ခုနတုန်းက အလျှော့ပေးထားခဲ့တာပါ။ မဟုတ်ရင် သူမကိုယ်တိုင်လည်း သူမရဲ့ လက်အောက်ငယ်သားတွေလိုပဲ နေရာမှာတင် ပြာကျသွားလောက်ပြီလေ။
ဒါပေမဲ့ သူမက ကောင်းကင်အင်မော်တယ် တစ်ပါးနဲ့ ယှဉ်နိုင်စွမ်း ရှိပါတယ်။ ပြီးတော့ သူမ အဆင့်က သာမန် ကောင်းကင်အင်မော်တယ် အဆင့်လည်း မဟုတ်နေပါဘူး။
ဒီလူက တကယ်ပဲ ကျွမ်းရွှေ ဂျူဟွာ ဟုတ်ရဲ့လား။ ကောလာဟလတွေထဲမှာ သူမနဲ့ စွမ်းအားချင်း ယှဉ်နိုင်တယ်လို့ ပြောနေကြတဲ့ ကျွမ်းရွှေ ဂျူဟွာ လား။
"တာအိုရောင်းရင်း ကောင်းကင်ဇာမဏီမီးငှက်... မင်း ပြောစရာ တစ်ခုခု ရှိသေးလား"
ဂျူဟွာက မေးလိုက်ပါတယ်။
"ငါ့ရဲ့ တန်ခိုးစွမ်းအားက နိမ့်ကျနေတော့လည်း ငါ ပြောစရာ ဘာမှ မရှိပါဘူး။ သတ်ချင်သတ်၊ အရေခွံခွာချင်ခွာ... မင်း သဘောပဲ"
အမျိုးသမီးက မျက်နှာသေနဲ့ ပြောလိုက်ပါတယ်။
"ငါက လူယုတ်မာကြီး မဟုတ်ပါဘူး။ မိစ္ဆာတွေကို သတ်ဖြတ်ပြီး မကောင်းမှုတွေကို ရှင်းလင်းမယ် ဆိုတာကလည်း အကြောင်းပြချက် သက်သက်ပေးလိုက်တာ မဟုတ်ပါဘူးလေ"
ဂျူဟွာက ပြုံးလိုက်ပြီးနောက် သူ့ရဲ့ မှော်ရတနာ ထဲကနေ ဝါးစာလိပ်တစ်ခုကို ထုတ်ယူကာ အမျိုးသမီးဆီ ပစ်ပေးလိုက်ပါတယ်။
"တာအိုရောင်းရင်း အနေနဲ့ ဒါကို အရင် ကြည့်လိုက်တာ ပိုကောင်းမယ် ထင်ပါရဲ့"
ဂျူဟွာက ပြောလိုက်ပါတယ်။
"..."
အမျိုးသမီးက ဘာမှ ပြန်မပြောပါဘူး။ သူမက ဝါးစာလိပ် ထဲက အကြောင်းအရာတွေကို သူမရဲ့ နတ်ဘုရား အာရုံ နဲ့ ဖတ်ရှုလိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ အမျိုးသမီးရဲ့ မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားပါတော့တယ်။
"ရှေးဆိုရိုးစကား ရှိတယ် မဟုတ်လား။ 'လူတွေ ကြံစည်မှုဟာ မိုးကောင်းကင်ရဲ့ အတွေးပဲတဲ့။ မင်းရဲ့ လက်အောက်ငယ်သားတွေ အပြင်ဘက်မှာ ကျူးလွန်ထားတဲ့ မကောင်းမှု ဒုစရိုက်တွေအတွက် တာအိုရောင်းရင်း မှာ တာဝန်ကင်းလွတ်တယ်လို့ ဘယ်လိုလုပ် ပြောလို့ရမှာလဲ"
ဂျူဟွာက ဆက်ပြောပါတယ်။
"ကမ္မအကြွေး ဆိုတာ တကယ် ရှိပြီး မိုးကောင်းကင် ကပ်ဘေး နဲ့ ဆက်စပ်နေတာပါ။ ဒီအတိုင်းသာ ဆက်သွားနေရင် တာအိုရောင်းရင်း မိုးကောင်းကင် ကပ်ဘေး ကို ကျော်ဖြတ်နိုင်ဖို့ ကျန်နေတဲ့ နောက်ဆုံး မျှော်လင့်ချက် ရောင်ခြည်လေးတောင် ပျောက်ကွယ်သွားနိုင်ပါတယ်လေ"
"အဲဒီကောင်တွေ သေသင့်တာ သေချာပါတယ်"
အမျိုးသမီးက အနည်းငယ် မှုန်မှိုင်းနေတဲ့ မျက်နှာထားနဲ့ ပြောလိုက်ပါတယ်။ တကယ်တော့ သူမရဲ့ လက်အောက်ငယ်သားတွေ အပြင်ဘက်မှာ မကောင်းတာတွေ လုပ်နေတယ် ဆိုတာကို သူမ ခပ်ရေးရေးတော့ သိထားခဲ့တာပါ။ ဒါပေမဲ့ ပုံမှန်အားဖြင့် သူမက သူတို့ကို လိုက်မအုပ်ချုပ်ချင်လောက်အောင်ကို ပျင်းရိနေတတ်တယ်လေ။ သူမက အရာအားလုံးကို သူမရဲ့ 'အတွင်းဝန်ချုပ်' ဖြစ်တဲ့ မျောက်ဝံကြီးဟာ ဆီမှာပဲ လွှဲအပ်ထားခဲ့တာ မဟုတ်လား။
ဒါပေမဲ့ ဒီလက်အောက်ငယ်သားတွေ လုပ်နေတာက သာမန် မကောင်းမှုတွေလောက်တင် မကဘဲ လုံးဝကို အသိတရား ကင်းမဲ့လွန်းနေမယ်လို့ သူမ မထင်ထားခဲ့မိပါဘူး။
"တာအိုရောင်းရင်း က ဒီသဘောတရားကို နားလည်တာ ကောင်းပါတယ်"
ဂျူဟွာက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပါတယ်။
"တကယ်လို့ မင်းက မိစ္ဆာတွေကို သတ်ဖြတ်ပြီး မကောင်းမှုတွေကို ရှင်းလင်းဖို့ တကယ် လာခဲ့တာဆိုရင် ငါ့ဆီကို ဒီဝါးစာလိပ် လာပေးလိုက်ရုံနဲ့တင် လုံလောက်ပါတယ်။ ငါကိုယ်တိုင် ရှင်းလင်းလိုက်မှာပေါ့"
အမျိုးသမီးက ဆက်ပြောပါတယ်။
"ဒါပေမဲ့ မင်းက ဒီလိုကြမ်းတမ်းတဲ့ နည်းလမ်းကို သုံးခဲ့တာဆိုတော့ မင်းရဲ့ ရည်ရွယ်ချက်တွေက အဲဒီလောက် မရိုးရှင်းဘူး မဟုတ်လား"
"တာအိုရောင်းရင်း က ဉာဏ်ကောင်းသူပဲ"
ဂျူဟွာက ခေါင်းညိတ်လိုက်ပါပြီ။
အမျိုးသမီးရဲ့ အတွင်းစိတ်ထဲမှာ ဒေါသတွေ ထောင်းကနဲ ထွက်လာပါတယ်။ အဲဒီ လက်အောက်ငယ်သားတွေရဲ့ ကိစ္စက သူမအနေနဲ့ ဂရုစိုက်ဖို့ ပျင်းလွန်းနေခဲ့လို့ပါ။ သူမက ဘယ်လိုလုပ် ဉာဏ်တုံးရမှာလဲ။ ဒါပေမဲ့ စိတ်ထဲမှာ ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ၊ သူမ တတ်နိုင်တာက အံကြိတ်ပြီး မြိုသိပ်ထားဖို့ပဲ ဆိုတာကို အမျိုးသမီး သိနေပါတယ်။ ကိုယ့်ရဲ့ တန်ခိုးစွမ်းအားက နိမ့်ကျနေပြီဆိုရင် စကားပြောရဲတဲ့ ယုံကြည်မှုကလည်း သဘာဝကျကျ လျော့နည်းသွားတာပါပဲလေ။
" တကယ်ဆို ရှင်ကက ဘာလုပ်ချင်နေတာလဲ"
အမျိုးသမီးက မေးလိုက်ပါတယ်။
"တာအိုရောင်းရင်း အနေနဲ့ ငါ့ဆီမှာ နှစ်တစ်သန်းတိတိ အမှုထမ်းပါ့မယ်လို့ မိုးကောင်းကင်တာအို သွေးသစ္စာ ဆိုစေချင်တယ်"
ဂျူဟွာက တည်ငြိမ်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။
"မင်းကို အမှုထမ်းရမယ်။ မင်းက ငါ့ကို ဝိညာဉ်သားရဲ လုပ်ခိုင်းနေတာလား"
အမျိုးသမီးရဲ့ နှလုံးသားက အေးစက်သွားပါတော့တယ်။ သူမလို ရှားပါးတဲ့ မျိုးနွယ်တွေဟာ အခြားသူတွေရဲ့ ကျွန်ပြုခံရမယ့် ကံကြမ္မာကနေ မလွတ်မြောက်နိုင်ဘူးဆိုတာကို သူမ အစောကြီးကတည်းက သိထားခဲ့တာပါ။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် သူမကိုယ်တိုင်လည်း မြေကမ္ဘာ အထွတ်အထိပ်အဆင့် ကို တစ်ဆင့်ချင်းစီ ကျင့်ကြံရောက်ရှိလာခဲ့ပြီလေ။ အစကတော့ ဒီလို ကံကြမ္မာမျိုးကို ထပ်ပြီး ရင်ဆိုင်ရတော့မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ မမျှော်လင့်ဘဲနဲ့...
အမျိုးသမီးရဲ့ အရှုံးမပေးချင်တဲ့ မျက်နှာထားကို ကြည့်ရင်း ဂျူဟွာရဲ့ စိတ်ထဲမှာ ရယ်ချင်မိသွားပါတယ်။ သူက သူမကို ဝိညာဉ်သားရဲ လုပ်ခိုင်းမယ်လို့ ဘယ်နေရာမှာ ပြောလိုက်လို့လဲ။ သူ့ရဲ့ လက်ရှိ အခြေအနေအရ ဝိညာဉ်သားရဲ တစ်ကောင်က ဘာများ အသုံးဝင်တော့မှာမို့လဲ။
ဝိညာဉ်သားရဲ တစ်ကောင်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ သိပ်မကြာခင် အချိန်အတွင်းမှာ သူ့ရဲ့ အနောက်ဘက်အဝေးကြီးမှာ ပြတ်ကျန်ရစ်ခဲ့မှာ သေချာနေတယ် မဟုတ်လား။
***