ကွေ့ရီ ဓားသိုင်း ရဲ့ အစိတ်အပိုင်း တစ်ခုကို ချန်ထားခဲ့ပြီးတဲ့နောက်၊ ဂျူဟွာက သူ့ရဲ့ တံဆိပ်တော် ကို စွမ်းအင်ဖြည့်ပြီး နေမင်းကြီး ပေါ်ကနေ ထွက်ခွာလာခဲ့ပါတယ်။
လွတ်လပ်သော ကောင်းကင်ဘုံဂူနန်း အတွင်းက နေကိုးစင်း ပေါ်က စမ်းသပ်စစ်ဆေးမှုတွေဟာ စိန်ခေါ်မှုတွေရော အခွင့်အရေးတွေပါ ပြည့်နေတယ် ဆိုရမှာပါ။ ပြဇာတ်ကို ကြည့်ကောင်းအောင် ကပြရမှာ ဖြစ်တာကြောင့် ဂျူဟွာ အနေနဲ့ အကြောင်းပြချက် မရှိဘဲ စမ်းသပ်စစ်ဆေးမှု တစ်ခုကို လက်လျှော့မှာ မဟုတ်ပါဘူး။
ဒါပေမဲ့လည်း ဂျူဟွာက တပည့်ရင်း မဖြစ်ချင်တာကြောင့် တချို့သော စမ်းသပ်စစ်ဆေးမှုတွေမှာ လက်လျှော့ခဲ့ပါတယ်။
ဒါကြောင့် ဂျူဟွာဟာ ဒုတိယနဲ့ တတိယ နေမင်း တွေပေါ်က စမ်းသပ်စစ်ဆေးမှုတွေမှာ ကျရှုံးခဲ့ပါတယ်။
စတုတ္ထ နေမင်း ပေါ်မှာတော့ ဂျူဟွာက အလျှော့မပေးတော့ပါဘူး။ ဒါကြောင့် စမ်းသပ်စစ်ဆေးမှုကို ထပ်မံ အောင်မြင်ခဲ့ပါတယ်။
ဂျူဟွာက ပဉ္စမ နေမင်း ပေါ်က စမ်းသပ်စစ်ဆေးမှုကိုလည်း အောင်မြင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် သူဟာ လွတ်လပ်သော ကောင်းကင်ဘုံအရှင် ရဲ့ အမည်ခံတပည့် ဖြစ်လာဖို့ လိုအပ်ချက်တွေနဲ့ ကိုက်ညီသွားခဲ့ပါပြီ။
ဒါပေမဲ့ ဂျူဟွာက အဲဒီမှာတင် ရပ်မနေခဲ့ပါဘူး။ အဲဒီလိုလုပ်ရင် တမင်သက်သက် လုပ်နေတာမှန်း အရမ်း သိသာသွားမှာပါ။
ဒါကြောင့် ဂျူဟွာက ဆဋ္ဌမ၊ သတ္တမ နဲ့ အဋ္ဌမ နေမင်း တွေဆီကို သွားခဲ့ပါတယ်။ ဆဋ္ဌမ နေမင်း မှာ သူ ကျရှုံးခဲ့ပေမဲ့ သတ္တမ နဲ့ အဋ္ဌမ နေမင်း နှစ်ခုစလုံးမှာတော့ အောင်မြင်ခဲ့ပါတယ်။
ဒီနည်းလမ်းနဲ့ ဂျူဟွာဟာ စမ်းသပ်စစ်ဆေးမှု ငါးခုကို အောင်မြင်ခဲ့ပြီး သူ့အတွက် စမ်းသပ်စစ်ဆေးမှု တစ်ခုပဲ ကျန်ပါတော့တယ်။
ဆိုလိုတာက ဂျူဟွာသာ ဒီနေမင်း ပေါ်က စမ်းသပ်စစ်ဆေးမှုကို အောင်မြင်ခဲ့ရင် တပည့်ရင်း ဖြစ်လာမှာ ဖြစ်ပြီး၊ မအောင်မြင်ခဲ့ရင်တော့ အမည်ခံတပည့် သက်သက်သာ ဖြစ်လာမှာပါ။
တခြားသူတွေရဲ့ အမြင်မှာတော့ ဒီကိစ္စက ရင်ခုန်စရာ ကောင်းနေနိုင်ပေမဲ့၊ ဂျူဟွာကတော့ သူ သေချာပေါက် အောင်မြင်မှာ မဟုတ်ဘူး ဆိုတာကို သိထားပြီးသားပါ။
...
နောက်ဆုံး နေမင်း ပေါ်က စမ်းသပ်စစ်ဆေးမှုကတော့ ချော်ရည်ငရဲ ထဲမှာ အနှစ်သုံးဆယ် တိုင်တိုင် တရားကျင့်ရင်း ရှင်သန်ရမှာပါ။ ဒီချော်ရည်ငရဲမှာ တခြား ထူးခြားချက်တွေ မရှိပါဘူး။ ချော်ရည် သက်ရှိ တွေကို အဆက်မပြတ် ထွက်လာနေမှာပါ။ ဒီချော်ရည်တွေထဲ နေထိုင်တဲ့ သက်ရှိတွေဟာ အစွမ်းမထက်လှပေမယ့် အရေအတွက်က အဆုံးအစ မရှိနေခဲ့ပါဘူး။
ဒီနေရာမှာ အသက်ရှင်ဖို့အတွက် နည်းလမ်း တစ်ခုတည်းပဲ ရှိပါတယ်။ အဲဒါကတော့ အဆက်မပြတ် တိုက်ခိုက်ခြင်းပါပဲ။
အပြင်လောကမှာ ဆိုရင်တော့ စွမ်းအင် အရင်းအမြစ်တွေ ပေါများတာကြောင့် စမ်းသပ်စစ်ဆေးမှု ကျော်ဖြတ်ဖို့ ဝင်ရောက်လာတဲ့ အင်မော်တယ် တွေနဲ့ ဖင်းဂေါ့ တွေ အားလုံးက နှစ်ပေါင်းသုံးဆယ်တိုင်အောင် မရပ်မနား တိုက်ခိုက်နိုင်ကြမှာပါ။ ဒါပေမဲ့ ချော်ရည်ငရဲကတော့ ကွာခြားပါတယ်။
အရေအတွက် အလွန်များပြားလှတဲ့ ချော်ရည် သက်ရှိတွေ အပြင်၊ ချော်ရည်ငရဲက အလွန်တရာ ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်လည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဒီနေရာမှာ အနှစ်သုံးဆယ် တိုင်တိုင် ဆက်လက် ရှင်သန် တိုက်ခိုက်နေဖို့အတွက် အလွန်ကို ကြံ့ခိုင်တဲ့ စိတ်ဓာတ်ရှိဖို့ လိုအပ်ပါတယ်။
အမှန်ပါပဲ။ ဂျူဟွာရဲ့ အမြင်မှာတော့ ဒီအဆင့်က စိတ်ဓာတ် ကြံ့ခိုင်မှုကို ပိုပြီးသန့်စင်သွားစေဖို့ ရည်ရွယ်ထားခဲ့တာပါ။
ဂျူဟွာရဲ့ ပုံရိပ်က နောက်ဆုံး နေမင်း ပေါ်မှာ ပေါ်ထွက်လာပါတယ်။ ဒါပေမဲ့ သူက ဂူနန်း ဝိညာဉ်အစောင့်အရှောက်ကြီး နဲ့ ဆက်သွယ်ဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ၊ အနောက်ကနေ အံ့အားသင့်စွာ ခေါ်လိုက်တဲ့ အသံတစ်ခု ရုတ်တရက် ကြားလိုက်ရပါပြီ။
"တာအိုရောင်းရင်း ဂျူဟွာ လား"
"..."
ဂျူဟွာ နောက်လှည့်ကြည့်လိုက်ပါတယ်။ ပန်းကိုးပွင့် အင်မော်တယ်က သူ့နဲ့ အလှမ်းမဝေးလှတဲ့ နေရာမှာ ရပ်နေပါတယ်။
"တာအိုရောင်းရင်း ပန်းကိုးပွင့်... တကယ်ကို အချိန်တွေအတော်ကြာသွားပြီပဲ"
ဂျူဟွာက လက်နှစ်ဖက်ယှက် ဂါရ၀ပြုလိုက်ပါယတ်။ နှစ်ပေါင်း တစ်ရာ အချိန်ယူခဲ့ရတဲ့ ပထမဆုံး စမ်းသပ်စစ်ဆေးမှုကလွဲရင် ကျန်တဲ့ စမ်းသပ်စစ်ဆေးမှုတွေကို ဂျူဟွာက တတ်နိုင်သမျှ အမြန်ဆုံး ကျော်ဖြတ်ခဲ့ပါတယ်။
အဲဒီလို ကျော်ဖြတ်ခဲ့တာတောင်မှ အခုဆိုရင် လွတ်လပ်သော ကောင်းကင်ဘုံဂူနန်း အတွင်းကို သူရောက်နေတာ နှစ်ပေါင်း နှစ်ရာ ကျော်သွားပါပြီ။
ဂျူဟွာက အခုမှ သက်တမ်း ငါးရာကျော်လေးပဲ ရှိပါသေးတယ်။ နှစ်ပေါင်း နှစ်ရာ ဆိုတာက သူ့စုစုပေါင်း သက်တမ်း ရဲ့ ထက်ဝက်နီးပါး ဖြစ်တာကြောင့် အချိန်အတော်ကြာသွားပြီ လို့ ပြောရမှာပါ။
ပန်းကိုးပွင့် အင်မော်တယ် ဆီမှာ ခြောက်ကပ်ကပ် ခံစားချက်မျိုး ရှိနေပါတယ်။ သူက ခါးသီးစွာ ပြုံးပြီး ခေါင်းခါယမ်းလိုက်ပေမဲ့ အများကြီးတော့ မပြောခဲ့ပါဘူး။
"တာအိုရောင်းရင်း ပန်းကိုးပွင့်၊ ဒီစမ်းသပ်စစ်ဆေးမှုကို ကျော်ဖြတ်မလို့လား"
ဂျူဟွာက မေးလိုက်ပါတယ်။
"တကယ်တော့ ငါက ချော်ရည်ငရဲ ထဲကနေ အခုလေးတင် ထွက်လာတာပါ"
ပန်းကိုးပွင့် အင်မော်တယ်က သက်ပြင်းချလိုက်ပါတယ်။
"ပွင့်ပွင့်လင်းလင်း ပြောရရင် တာအိုရောင်းရင်း... ငါ ဒီစမ်းသပ်စစ်ဆေးမှုမှာ ကျရှုံးသွားခဲ့ပြီ"
ဂျူဟွာက မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိပေမဲ့ ဘာမှတော့ မပြောဖြစ်ခဲ့ပါဘူး။
နှစ်ပေါင်းတစ်သန်းခွဲ တိုင်တိုင် အသက်ရှင် နေထိုင်ခဲ့တဲ့ လွတ်မြောက်အင်မော်တယ် တစ်ပါး အနေနဲ့ ပန်းကိုးပွင့် အင်မော်တယ်ရဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုကတော့ သံသယဖြစ်စရာ မလိုပါဘူး။ မမျှော်လင့်ဘဲ သူတောင်မှ ကျရှုံးသွားခဲ့ပါတယ်။
ဒါပေမဲ့ ပန်းကိုးပွင့် အင်မော်တယ်ရဲ့ နာမည်က မဟာရှ ကမ္ဘာကြီး အတွင်းမှာသာ ကျော်ကြားထင်ရှားတာပါ။ ဒီလွတ်လပ်သော ကောင်းကင်ဘုံဂူနန်း က လွတ်လပ်သော နယ်မြေ တစ်ခုလုံးရဲ့ အထူးချွန်ဆုံး လွတ်မြောက်အင်မော်တယ် အများကြီးကို ဆင့်ခေါ်စုစည်းထားတာ ဖြစ်ပြီး၊ မရေမတွက်နိုင်တဲ့ နှစ်ပရိစ္ဆေဒတွေ တစ်လျှောက် အသက်ရှင် နေထိုင်ခဲ့ကြတဲ့ အဆုံးမရှိ သက်တမ်း ပိုင်ဆိုင်ထားတဲ့ ကောင်းကင်အင်မော်တယ် တွေတောင် အများကြီး ရှိနေခဲ့ပါတယ်။
တကယ်လို့ ဒီချော်ရည်ငရဲ ရဲ့ အခက်အခဲ အဆင့်က အရမ်း နိမ့်လွန်းနေမယ် ဆိုရင် အဓိပ္ပာယ် ရှိမှာ မဟုတ်တော့ပါဘူး။
"တာအိုရောင်းရင်း ဂျူဟွာအနေနဲ့ စမ်းသပ်စစ်ဆေးမှု ဘယ်နှစ်ခုကို အောင်မြင်ပြီးပြီလဲ ဆိုတာ ငါ မမေးတော့ပါဘူး။ လွတ်လပ်သော ကောင်းကင်ဘုံအရှင် ရဲ့ တပည့်ရင်း ဖြစ်လာနိုင်ပါစေလို့ တာအိုရောင်းရင်း ကို ငါ ဆုတောင်းပေးလိုက်ပါတယ်"
ပန်းကိုးပွင့် အင်မော်တယ်က လက်နှစ်ဖက်ယှက် ဂါရ၀ပြုလိုက်ပြီးနောက်၊ သူ့ရဲ့ တံဆိပ်တော် ကို စွမ်းအင်ဖြည်ပြီး ဒီနေမင်းကြီး ပေါ်ကနေ ထွက်ခွာသွားပါတော့တယ်။
ဂျူဟွာက ဘာမှ ဆက်မပြောတော့ပါဘူး။ ပန်းကိုးပွင့် အင်မော်တယ် ရဲ့ စကားကို နားထောင်ရသလောက်၊ သူက တပည့်ရင်း ဖြစ်လာဖို့ မျှော်လင့်ချက် မရှိတော့ပုံ ရပါတယ်။ ဒါပေမဲ့ ပန်းကိုးပွင့် အင်မော်တယ် အနေနဲ့ တပည့်ရင်း မဖြစ်လာနိုင်ဘူး ဆိုရင်တောင်၊ အမည်ခံတပည့် ဖြစ်လာဖို့ကတော့ ပြဿနာ မရှိနိုင်ပါဘူး။
ပန်းကိုးပွင့် အင်မော်တယ် က ဘာပဲဖြစ်ဖြစ် အံ့မခန်း ပါရမီရှင် နှစ်သန်းချီသက်တမ်းရှိ လွတ်မြောက်အင်မော်တယ် တစ်ပါးပါ။ သူက အဆင့် သုံးဆင့်ကိုတောင် မအောင်မြင်နိုင်လောက်အောင် အထိတော့ အခြေအနေ ဆိုးရွားမနေနိုင်ပါဘူး။
ပန်းကိုးပွင့် အင်မော်တယ် ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ဂျူဟွာက ဂူနန်း ဝိညာဉ်အစောင့်အရှောက်ကြီး နဲ့ ဆက်သွယ်လိုက်ပါတယ်။
"မှတ်ထားရမှာက ဒီစမ်းသပ်စစ်ဆေးမှုက မင်းရဲ့ အသက်အန္တရာယ် ကို ထိခိုက်နိုင်ခြေ ရှိတယ်။ တကယ်လို့ ဆက်မသွားနိုင်တော့ဘူးလို့ ခံစားရရင် ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် ဖိအားမပေးပါနဲ့။ ငါ့ကိုသာ ခေါ်လိုက်၊ မင်းကို အပြင်ရောက်အောင် ပို့ဆောင်ပေးမယ်"
ဂူနန်း ဝိညာဉ်အစောင့်အရှောက်ကြီး ရဲ့ အသံက ဂျူဟွာရဲ့ နားထဲကို ဝင်လာပါတယ်။
"ကျွန်တော် နားလည်ပါပြီ"
ဂျူဟွာက ခေါင်းညိတ်လိုက်ပါတယ်။
ဂူနန်း ဝိညာဉ်အစောင့်အရှောက်ကြီး က ဘာမှ ဆက်မပြောတော့ပါဘူး။ မကြာခင်မှာပဲ မျက်စိနဲ့ မမြင်နိုင်တဲ့ စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ဂျူဟွာရဲ့ ပုံရိပ်က မူလနေရာ ကနေ ချက်ချင်း ပျောက်ကွယ်သွားပါတော့တယ်။
ဂျူဟွာ ပြန်ပေါ်လာတဲ့ အခါမှာတော့ သူဟာ မီးဟုန်းဟုန်း တောက်လောင်နေတဲ့ အနီရောင် ကမ္ဘာကြီး တစ်ခု အတွင်းကို ရောက်ရှိနေခဲ့ပါပြီ။
ဒီကမ္ဘာကြီး ရဲ့ အပူချိန် က အလွန်အမင်း မြင့်မားလွန်းလှပါတယ်။ မျက်စိတစ်ဆုံး ကြည့်လိုက်တဲ့ အခါ သူ့ပတ်ဝန်းကျင်က အရာအားလုံး ဟာ မီးဟုန်းဟုန်း တောက်နေတဲ့ အနီရောင် ချော်ရည်တွေ နဲ့ ပေါက်ကွဲနေတဲ့ မီးတောင်တွေ ချည်းပါပဲ။ ဂျူဟွာက အချိန်အတော်ကြာ ရှာဖွေခဲ့ပေမဲ့ ဆင်းသက်ဖို့ နေရာ တစ်ခုမှ ရှာမတွေ့ခဲ့ပါဘူး။
ရုတ်တရက်ဆိုသလို စက်လုံးပုံသဏ္ဍာန် ချော်ရည် သက်ရှိတွေ ဟာ ပတ်ဝန်းကျင်က ချော်ရည်တွေ ထဲကနေ တွားသွား ထွက်လာပြီး ဂျူဟွာကို ချက်ချင်း ဝိုင်းရံလိုက်ကြပါတယ်။
ဒီချော်ရည် သက်ရှိတွေက ဂျူဟွာနဲ့ ဆက်သွယ် စကားပြောမှာ မဟုတ်တာ သေချာပါတယ်။ ဂျူဟွာကို ခဏလောက် စောင့်ကြည့်ပြီးတဲ့နောက် သူတို့က ဂျူဟွာဆီ ပြေးဝင်လာကြပါပြီ။
ဒါပေမဲ့ ဒီချော်ရည် သက်ရှိတွေ ဂျူဟွာ အနားကို မရောက်လာခင်မှာတင်၊ ကြောက်စရာကောင်းတဲ့ ဓားအလင်းတန်း တစ်ခု က လေဟာနယ် ထဲကနေ ပေါ်ထွက်လာပါတယ်။ မျက်တောင်တစ်ခတ် အတွင်းမှာတင် ချော်ရည် သက်ရှိ အားလုံး ဖုန်မှုန့် အဖြစ် ပျောက်ကွယ် လွင့်စင်သွားပါတော့တယ်။
"သူတို့က တကယ်ကို တော်တော်လေး အားနည်းတာပဲ"
ဂျူဟွာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိပါတယ်။ ဒီချော်ရည် သက်ရှိတွေ ထဲက အားအနည်းဆုံး အကောင်တွေ က ဇင်တျန်အဆင့်တွေနဲ့ သာ ညီမျှပါတယ်။ ပိုသန်မာတဲ့ အကောင်တွေ တောင်မှ ဇီဖူ အဆင့် လောက်ပဲ ရှိနေတာပါ။
ဒီလို စွမ်းအားမျိုးနဲ့ ဆိုရင် သာမန် လွတ်မြောက်အင်မော်တယ် တစ်ပါး က သူတို့ကို အစုလိုက်အပြုံလိုက် သတ်ပစ်နိုင်ပါတယ်။ နှစ်သန်းချီသက်တမ်းရှိ လွတ်မြောက်အင်မော်တယ် တစ်ပါး ဆိုရင် လာသမျှ အကုန် သတ်ပစ်မှာပါ။ ပိုသန်မာတဲ့ ကောင်းကင်အင်မော်တယ် တစ်ပါး ဆိုရင်တော့...
ဂျူဟွာ စဉ်းစားနေတုန်းမှာတင် အောက်ဘက်က ချော်ရည်တွေ ထဲကနေ နောက်ထပ် ချော်ရည် သက်ရှိ အုပ်စု တစ်စု ထွက်ပေါ်လာပါပြီ။ သူတို့ရဲ့ အရေအတွက် က အရင် အုပ်စုထက် အများကြီး ပိုများနေပါတယ်။
ဂျူဟွာက ဓားတစ်ချက်တည်းနဲ့ သူတို့ကို နောက်တစ်ကြိမ် ရှင်းလင်းလိုက်ပြီးနောက် တုံ့ဆိုင်းမှု မရှိဘဲ ပျံသန်း ထွက်ခွာသွားပါတော့တယ်။
ဒါပေမဲ့ ဂျူဟွာ ဘယ်နေရာကိုပဲ ပျံသန်းသွားပါစေ၊ အောက်ဘက်မှာ ချော်ရည် သက်ရှိ အမြောက်အမြား ချက်ချင်း ပေါ်လာပြီး တခြား ဘာကိုမှ ဂရုမစိုက်ဘဲ သူ့ကို အပြင်းအထန် တိုက်ခိုက်လာကြပါတယ်။
တဖြည်းဖြည်းနဲ့ ဂျူဟွာဟာ ဒီချော်ရည်ငရဲ ရဲ့ ဒုက္ခပေးတဲ့ သဘာဝကို နောက်ဆုံးတော့ သဘောပေါက်သွားပါတော့တယ်။
ဒီချော်ရည် သက်ရှိတွေက ထူးခြားတာ ဘာမှ မရှိပေမဲ့၊ သူတို့ရဲ့ မရပ်မနား နှောင့်ယှက်မှု တွေကတော့ အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှပါတယ်။ ဒါ့အပြင် ဒီချော်ရည် သက်ရှိတွေ က ဘယ်တော့မှ မကုန်ခမ်းနိုင်ဘူး ဆိုတာကို ဂျူဟွာ နောက်ဆုံးတော့ နားလည်သွားပါတယ်။ သူ တစ်ခါတည်း ချော်ရည် သက်ရှိ ဘယ်လောက် အများကြီးကို သတ်လိုက်ပါစေ၊ အောက်ဘက်က ချော်ရည်တွေ ထဲကနေ ပိုများတဲ့ အကောင်တွေ ချက်ချင်း ပေါ်ထွက်လာတာပါပဲ။
သူ့ရဲ့ နတ်ဘုရား စွမ်းအင် နဲ့ ဖင်းဂေါ့စွမ်းအင်တွေက အဆုံးမရှိတာ မဟုတ်ပါဘူး။ အစွမ်းထက်တဲ့ တိုက်ခိုက်မှု တွေကို ထပ်ခါတလဲလဲ ပြုလုပ်နေမယ့် အစား၊ ဒီချော်ရည် သက်ရှိတွေ နဲ့ ဖြည်းဖြည်းချင်း အချိန်ဆွဲ တိုက်ခိုက်နေတာက ပိုကောင်းပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် သူက ဒီနေရာမှာ နှစ်ပေါင်းနှစ်ဆယ်ကျော်လောက် တောင့်ခံထားဖို့ပဲ လိုအပ်တာပါ။
***