နီရဲလှသောနေမင်းသည် အရှေ့အရပ်မှ ထွက်ပေါ်လာ၍ သစ်တောကြီးတစ်ခုလုံးကို နံနက်ခင်းအလင်းရောင်များဖြင့် လွှမ်းခြုံထားလိုက်သည်။
၎င်းသည် နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော သစ်ပင်ကြီးများနှင့် ရစ်ပတ်နေသော နွယ်ပင်များ အမြစ်များ ရှုပ်ထွေးယှက်တင်နေသည့် ရှေးဟောင်း တောနက်ကြီးတစ်ခု ပေဖြစ်သည်။
“ဝေါင်းးး”
တောင်တန်းကြီး၏ အနက်ရှိုင်းဆုံးနေရာမှ ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုအသံမှာ ကျယ်လောင်လှသဖြင့် အစာရှာထွက်နေသော ငှက်အုပ်များသည်ကြောက်လန့်တကြား ပျံသန်းပြေးကြကုန်သည်။
အမဲလိုက်ထွက်သွားသော ကျားမကြီး ပြန်လာခြင်းဖြစ်သည်။
တောင်အောက်ခြေရှိ ကျားဂူအတွင်း၌...
ကျားပေါက်လေးနှစ်ကောင်သည် ဂူထောင့်တစ်နေရာတွင် ပုန်းအောင်းနေရင်း ၎င်းတို့၏ဂူထဲသို့ ကျူးကျော်ဝင်ရောက်လာသော လူထူးဆန်းကို မပီသသော အသံလေးများဖြင့် ဟိန်းဟောက်နေကြသည်။
ထိုလူထူးဆန်းမှာ လူငယ်တစ်ဦးဖြစ်ပြီး နာမည်မှာ လုပေါင် ပင်ဖြစ်သည်။
လုပေါင်သည် ခေါက်ကုလားထိုင်တစ်ခုကို ဖြန့်လိုက်သည်၍ ကျားပေါက်လေးနှစ်ကောင်ကို တစ်ချက်ကြည့်လိုက်ပြီး ခေတ္တစဉ်းစားလိုက်သည်။ ထို့နောက် အကြီးကောင်ကို လှမ်းဖမ်းလိုက်သည်။ ကျားပေါက်လေး၏ ရုန်းကန်မှုကို ဂရုမစိုက်ဘဲ ကုလားထိုင်ပေါ်တွင် သက်သောင့်သက်သာ လှဲလျောင်းလိုက်သည်။
သူသည် ကျားပေါက်လေးကို ကြောင်တစ်ကောင်ကဲ့သို့ ပွတ်သပ်ပေးလိုက်သည်။ကျားပေါက်လေးမှာ ငြိမ်ကျသွားပြီး နားရွက်ကလေးများ ကုပ်ကာ ချစ်စဖွယ် အမူအရာလေး ဖြစ်သွားသည်။
“ဝူး...”
အပြင်ဘက်မှ လေပြင်းတစ်ချက် တိုးဝင်လာသည်။ ကျားပေါက်လေးနှစ်ကောင်သည် ချက်ချင်းပင် ခေါင်းထောင်လာပြီး အကူအညီတောင်းသည့်သံဖြင့် တညည်းညည်း လုပ်လာကြသည်။
မေမေရေ... ကယ်ပါဦးသားတို့ကို သူပြန်ပေးဆွဲသွားပြီ။
“နဂါးလာရင် တိမ်တိုက်တွေပါလာသလို ကျားလာရင်လည်း လေပြင်းတွေ ပါလာတတ်တယ်။ ပရိသတ်ကြီးတို့ရေ... အမဲလိုက်ထွက်သွားတဲ့ ကျားမကြီး ပြန်လာပြီ ထင်တယ်ဗျို့
လုပေါင်သည် သူ၏ကောင်းကင်မျက်လုံးတိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာကို သင့်တော်တဲ့ အနေအထားညှိလိုက်ပြီး ကျားပေါက်လေးကို ပွတ်သပ်ရင်း ဆက်လက်လဲလျောင်းလိုက်နေသည်။
ဒီနေ့ သူ၏တာဝန်မှာ ကျားဂူထဲတွင် သုံးနာရီကြာအောင် နေထိုင်ပြရန်ပင်ဖြစ်သည်။
Ocean Live Stream ပလက်ဖောင်းပေါ်ရှိ ရတနာနတ်ဘုရား၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် ကျားကြီးပေါ်လာသည်နှင့် ပရိသတ်များမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြရသည်။
လုပေါင်သည် တိုက်ရိုက်ထုတ်လွှင့်သူ အသစ်တစ်ဦး ဖြစ်သော်လည်း လွန်ခဲ့သော လဝက်ခန့်ကပင် ရေပန်းစားလာခဲ့သူဖြစ်သည်။
အကြောင်းရင်းမှာသူသည် ဝံပုလွေဂူထဲတွင် အိပ်ပျော်နေသည့် မြင်ကွင်းကို တိုက်ရိုက်ထုတ်လွှင့်ခဲ့သောကြောင့် ဖြစ်သည်။ ဝံပုလွေအုပ်ကြီးက သူ့ကို ကြောင်ကြည့်ကြည့်နေသည့်ပုံရိပ်မှာ အင်တာနက်ပေါ်တွင် အကြီးအကျယ် နာမည်ကြီးသွားခဲ့သည်။
သူတို့တို့မှာ တောရိုင်းဝံပုလွေများ ဖြစ်ကြကုန်သည်။
သူသည် တစ်ရက်အတွင်းမှာပင် Follower ၈ သိန်း ရရှိခဲ့သည်။ ထိုထုတ်လွှင့်မှုတစ်ခုတည်းဖြင့် သူသည် ချက်ချင်းပင် လူသိများလာခဲ့ပေသည်။
လဝက်ကြာပြီးနောက် လုပေါင်သည် တိုက်ရိုက်ထုတ်လွှင့်မှု အသစ်တစ်ခုကိုပြန်လည်စတင်ခဲ့ပြီး ပရိသတ်များကို ပို၍ပင် အံ့အားသင့်စေခဲ့သည်။ ယခုတစ်ကြိမ်တွင် သူသည် ကျားဂူထဲ၌ အိပ်စက်ပြနေခြင်းပင်ဖြစ်သည်။
သူ့ဦးနှောက်ကို မြည်း ကန်သွားတာလား။
ကျားပေါက်လေးတွေကိုပါ ပွတ်သပ်နေသေးသည်။ဒါက ကျားလေ။ကြောင်မဟုတ်ဘူ။လုပေါင်သည် ကျားပေါက်လေးကို ပွေ့ချီထားရင်း သူ၏စနစ် ကို စစ်ဆေးလိုက်သည်။
[တိုက်ရိုက်ထုတ်လွှင့်မှု အကောင်းဆုံး Check-in စနစ်]
ပိုင်ရှင်: လုပေါင် (Lu Bao)။
စွမ်းရည်: သားရဲတိရစ္ဆာန်များ၏ နှစ်သက်မှု +၁၀၀ (ရွှေရောင်အဆင့်)။
ကျွမ်းကျင်မှု: ဆရာကြီးအဆင့် ပုလွေမှုတ်ခြင်း (ဝံပုလွေဂူမှ ရရှိခဲ့သည်)။
စနစ်သုံးပစ္စည်း: စူပါတိုက်ရိုက်ထုတ်လွှင့်မှု ကောင်းကင်မျက်လုံး (အစပြုသူ လက်ဆောင်မှ ရရှိသည်)။
လွန်ခဲ့သော လဝက်က တောင်ပေါ်တွင် ဆေးမြစ်ရှာနေစဉ် ဝံပုလွေအုပ်၏ ဝိုင်းရံခြင်းကို ခံခဲ့ရသည်။
ထိုစဉ်က ဤစနစ် ပေါ်ထွက်လာပြီး သူ့ကို သားရဲတိရစ္ဆာန်များ၏ နှစ်သက်မှု +၁၀၀ဟူသော ရွှေရောင်စွမ်းရည်ကို ပေးအပ်ခဲ့သည်။ ထို့ကြောင့် မည်သည့်သားရဲတိရစ္ဆာန်မှ သူ့အပေါ် ရန်လိုစိတ် မရှိတော့ပေ။
သူ၏ ပထမဆုံးတာဝန်မှာ ဝံပုလွေဂူတွင် Check-in လုပ်ရန် ဖြစ်ပြီး အောင်မြင်ပြီးနောက် ဆရာကြီးအဆင့် ပုလွေမှုတ်ခြင်း ကျွမ်းကျင်မှုကို ရရှိခဲ့သည်။
တစ်ခဏ စဉ်းစားပြီးနောက် လုပေါင်သည် သူ၏အိတ်ထဲမှ ပုလွေ ကို ထုတ်ကာ အသံညှိလိုက်သည်။
“ကျွန်တော့်မှာ တမူထူးခြားနေတဲ့ အရည်အချင်းတော့ သိပ်မရှိလှပါဘူး။ အားလုံးအတွက် ပုလွေလေးတစ်ပုဒ် မှုတ်ပြပါရစေ။”
သူသည် ဆရာကြီးအဆင့် ကျွမ်းကျင်မှုရှိသူ ဖြစ်သည်။ ဤခရီးစဉ်မတိုင်မီကပင် သူသည် ဈေးကြီးသော ပုလွေတစ်လက်ကို ဝယ်ယူခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း လက်ဆောင်များစွာ တဖွဲဖွဲကျလာပြီး မှတ်ချက်များမှာလည်း အရမ်းမိုက်တယ် ဟူသော စာသားများဖြင့် ပြည့်နှက်နေသည်။ ပိုက်ဆံချမ်းသာသော ပရိသတ်တစ်ဦးဆိုလျှင် ယွမ် ၅၀၀၀ တန် ရတနာသေတ္တာကိုပင် ဖွင့်ပေးလိုက်သည်။
လူအများအပြား ဝင်ရောက်ကြည့်ရှုလာကြပြီး မြင်ကွင်းကိုကြည့်ကာ အံ့အားသင့်နေကြသည်။
“ဘုရားရေ... ကျားကို ပွတ်သပ်နေတာလားးး။”
“ဒါ ဟိုတစ်ခါက နာမည်ကြီးသွားတဲ့ Streamer မဟုတ်လား၊ ကျားဂူထဲ ရောက်နေတာလားးး။”
“ပုလွေထုတ်လိုက်ပြီ... သူ့ဘာသာသူအသုဘကို ကြိုဆိုနေတာလား။ ဘယ်လို လူမျိုးက ကျားဂူထဲ ပုလွေယူလာတာလဲ။”
“ဒီတောနက်ထဲမှာ ဘယ်လိုလုပ် အင်တာနက်လိုင်း ရနေတာလဲ။”
လုပေါင်သည် ရင်ထဲတွင် အနည်းငယ်တော့ တုန်လှုပ်နေဆဲဖြစ်သည်။ သို့သော် လွန်ခဲ့သော လဝက်အတွင်း သူသည် တောဝက်များကို ကန်ခြင်း။မြွေမြီးကို နင်းခြင်းနှင့် ဝံပုလွေများထံမှ အစာလုခြင်း စသည်တို့ကို စမ်းသပ်ခဲ့ပြီးဖြစ်ရာ ယခုအခါတွင် မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိနေပြီဖြစ်သည်။
“တူရိယာအားလုံးထဲမှာ ပုလွေက အမြင့်မြတ်ဆုံးပါပဲ။ မင်္ဂလာဆောင်ဖြစ်ဖြစ်။ နတ်ရွာစံတာပဲဖြစ်ဖြစ် ပုလွေသံထွက်လာရင် အားလုံးပြီးဆုံးသွားပြီ။”
လုပေါင်သည် မိတ်ဆက်ပြီးနောက် “Spectre” အမည်ရှိ တေးသွားကို စတင်မှုတ်လိုက်သည်။
ထိုအသံမှာ ကျောက်ဆောင်များကိုပင် ကွဲအက်စေနိုင်လောက်အောင် စွမ်းအားပါလှသည်။
“တူ တူ တူ တူ...”
လုပေါင်၏ ရင်ခွင်ထဲမှ ကျားပေါက်လေးမှာ ကြောက်လန့်လွန်းသဖြင့် မလှုပ်ဝံ့တော့ပေ။ ကျန်တစ်ကောင်မှာလည်း ထောင့်ထဲသို့ ပို၍ တိုးဝင်သွားသည်။
“ဝူး... ဝေါင်းးးး”
အမဲလိုက်ထွက်ရာမှ ပြန်လာသော ကျားမကြီးသည် ထိုအသံကို ကြားသည်နှင့် ဟိန်းဟောက်ကာ ဂူထဲသို့ ပြေးဝင်လာတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော မျက်နှာနှင့်သွေးဆာနေသော အစွယ်များရှိနေသည်။
သို့သော် ဂူထဲသို့ ရောက်ရှိလာသောအခါ ကျားကြီး၏ အမူအရာမှာ တောင့်တင်းသွားပြီး ဇဝေဇဝါ ဖြစ်သွားသည်။ သူသည် ဘာဖြစ်နေမှန်း မသိဘဲ ကြောင်သာကြည့်နေတော့သည်။
သုံးမိနစ်ခန့်အကြာတွင်...
ပုလွေမှုတ်ခြင်း ပြီးဆုံးသွားသည်။ လုပေါင်သည် ပုလွေကို ချလိုက်ပြီး ကျားကြီးကို သတိထားကာ ကြည့်လိုက်သည်။
“ဝု...”
လုပေါင်သည် ခေတ္တတုံ့ဆိုင်းသွားပြီးနောက် ခွေးဟောင်သံကို တုပကာ နှုတ်ဆက်လိုက်သည်။
ကျားကြီးကတိုးတိုးလေး ပြန်ဟိန်းသည်။
“ဝူး... အု...”
လုပေါင်သည်ကျားပေါက်လေးများ၏ အသံကို တုပလိုက်ပြန်သည်။
ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် ကျားကြီးသည် သူ၏ကျားပေါက်လေးနှစ်ကောင်ကို ကြည့်ကာ ဂူအပြင်ဘက်သို့ ပြန်ဆုတ်သွားသည်။ မကြာမီ သွေးညှီနံ့များ လွင့်ပျံ့လာပြီး ကျားကြီးသည် တောဆိတ်တစ်ကောင်ကို ကိုက်ချီကာ ဂူထဲသို့ ပြန်လည်ရောက်ရှိလာသည်။
ကျားကြီးသည် လုပေါင်၏ ရှေ့မှောက်မှာပင် ဆိတ်သားကို ကိုက်ဖြတ်ကာ စားသောက်လေတော့သည်။
“ပရိသတ်တို့ရေ... Streamer တော့ အိပ်တော့မယ်။ Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်။ နိုးလာရင် တောကျားပေါက်လေးတစ်ကောင် လက်ဆောင်ပေးနိုင်ရင် ပေးပါ့မယ်ဗျာ။”
လုပေါင်သည် ကင်မရာကို လက်ပြကာ ပြန်လည်လဲလျောင်းလိုက်သည်။ Check-in အချိန်ပြည့်ရန် ၃ နာရီခန့် လိုသေးသဖြင့် သူသည် အေးအေးဆေးဆေး အိပ်စက်ရန် သာဆုံးဖြတ်လိုက်သည်။
ကျားကြီးသည် လုပေါင်ကို စိုက်ကြည့်နေပြီးနောက် ကစားနေသော ကျားပေါက်လေးကို ကိုက်ချီကာ အစာကျွေးရန် ခေါ်ဆောင်သွားသည်။
“ကောင်းသောညပါ။”
***