ဒါပေမဲ့ ဒီလောက် အရှုံးပေါ်တာကတော့ ဘာမှ မဟုတ်သေးပါဘူး။
“အိုစုန့် ရှေ့က အခြေအနေကို သွားမေးကြည့်ပါဦးလား။ငါတို့ကိုယ်တိုင် ဆုံးဖြတ်လို့အဆင်ပြေတယ်ဆိုရင် ဒီနေ့ပဲ အပြတ်ဖြတ်မယ်။ ငါတို့အတွက် ဒီလောက် စီမံခန့်ခွဲမှုစရိတ်ကို လျှော့ပေးစရာ မလိုပါဘူး။
“ဟုတ်တယ်၊ သွားမေးကြည့်လိုက်။”
သူတို့တွေက ကုဋေချီတန်တဲ့ ဗီလာတွေကိုတောင် အလွယ်တကူ ဝယ်နိုင်ကြတာပဲ ဒီလောက် စီမံခန့်ခွဲမှုစရိတ်ကို ဂရုစိုက်ကြပါ့မလား။
အချို့ကတော့ ပွဲကြည့်ချင်သဖြင့် ဝိုင်းပြီး မြှောက်ပင့်ပေးနေကြသည်။
စုန့်ခွန်လင်းမှာ ကျားပေါ်ရောက်နေသည့် အလား ဆင်းရခက်နေသည်။ ယနေ့ ဒီကိစ္စကို ကောင်းကောင်း မကိုင်တွယ်နိုင်လျှင် သူ တကယ် ဒုက္ခရောက်တော့မည်ဆိုတာ သိသည်။ သူက အတင်းအကျပ် ပြုံးလျက်
“အာ... ကျွန်တော် အရင်က သွားခဲ့ဖူးပါတယ်။ အမှတ် (၁) မြေကွက်ပိုင်ရှင်ကတော့ အခုလောလောဆယ် မရှိဘူး ဒါပေမဲ့ စိတ်မပူပါနဲ့။ကျွန်တော် သေချာပေါက် ဖြေရှင်းပေးပါ့မယ်။”
လုပေါင်ကတင်းလင်ကို တွေ့သွားသည်။ ဤနေရာတွင် ဟိုဟိုဒီဒီ လျှောက်သွားနေရန် သူမကို သူ ကြိုတင် ဖုန်းဆက်ထားခြင်း ဖြစ်သည်။
“ဟိုမှာ အပြာရောင် ဂါဝန်နဲ့ အမျိုးသမီးက အမှတ် (၁) မြေကွက်ပိုင်ရှင် မဟုတ်ဘူးလား။”
လုပေါင်က လူအုပ်နောက်မှနေ၍ ချက်ချင်း အော်ပြောလိုက်သည်။
ထိုအော်သံကြောင့် လူအများအပြားက အောက်ဘက်ရှိ တင်းလင်ကို သတိထားမိသွားကြသည်။ သူမသည်လုပ်ကငန်းစဉ်များကို လာရောက် စစ်ဆေးနေပုံရသဖြင့် သူမသည် အမှတ် (၁) မြေကွက်၏ သူဌေးအစစ် ဖြစ်နိုင်ခြေ ရှိသည်။
ကျန်းရွှယ်ချီသည် ခဏတာ မှင်သက်သွားပြီး နောက်လှည့်ကြည့်လိုက်သည်။ ထိုအသံက ဘာလို့ သူမသား အသံနဲ့ တူနေရတာလဲ။
ဒီကောင်လေး ပြဿနာလာရှာတာတော့ မဟုတ်ပါဘူးနော်။
“အဖေ”
စုန့်မယ်ကျိန်းက သူမဘာသာ သွားမည်ဟု အမူအရာ ပြလိုက်သည်။
“မင်းသွားရင်...ထားလိုက်ပါတော့။ငါပဲ သွားလိုက်မယ်။”
စုန့်ခွန်လင်းကသူကိုယ်တိုင် ရှေ့ထွက်ရမည်ကို သိသည်။ သူ့နောက်က လူအုပ်ကြီးက မြေခွေးအိုကြီးတွေချည်းပဲ။သူ ဘယ်လိုလုပ် လိမ်လို့ ရပါ့မလဲ။
လူအုပ်ကြီးသည် အမှတ် (၁) မြေကွက်ရှိ ဝိုင်ချက်စက်ရုံဆီသို့ အမြန်သွားကြသည်။
“ဟင်... ဒါ မစ္စတင်း မဟုတ်လား။
သူတို့ အနားရောက်သွားသည့်အခါ တစ်စုံတစ်ယောက်က တိန်လင်းကို မှတ်မိသွားသည်။
“မစ္စတင်းဆိုတာ ဘယ်သူလဲ။”
“ဒီဝိုင်ချက်စက်ရုံရဲ့ ပိုင်ရှင်ဟောင်းလေ။ သူမမှာ ဒီလောက် ငွေကြေးအင်အား ရှိပုံမရဘူး။ သူမမိသားစုက ဒီလောက် ပိုက်ဆံ ထုတ်ပေးနိုင်ပေမဲ့ အကုန်လုံး အမေရိကန်ကို သွားအခြေချကုန်ကြပြီ မဟုတ်လာ။ဘာလို့ ပြန်ရောက်နေတာလဲ။”
“မဟုတ်သေးဘူး။ ကျွန်တော် အဆက်အသွယ်တွေနဲ့ စစ်ကြည့်တုန်းက အမှတ် (၁) မြေကွက်ကို လု မျိုးရိုးနဲ့ သူဌေးတစ်ယောက် ယူသွားတာပဲ သိရတယ်။တခြား အချက်အလက် ဘာမှ ရှာမရဘူး။
တင်းလင်ကို သိသူများ ရှိနေသေးသည်။တင်းလင်၏ ဝိုင်ချက်စက်ရုံမှာ အတော်အတန် နာမည်ကြီးခဲ့ဖူးသည် မဟုတ်လား။
“လု...”
လူအတော်များများက လု မျိုးရိုးရှိသော သူဌေးများကို စဉ်းစားကုန်ကြသည်။ သို့သော် ချင်းကျန်းမြို့တွင် ဤမျှ များပြားသော ငွေကြေးအင်အား ရှိသူများထဲတွင် လုပိုင်ဟောက် ကလွဲ၍ တခြား လု မျိုးရိုး မရှိသလောက်ပင်။ သို့သော် လုပိုင်ဟောက်မှာလည်း အသင့်အတင့်သာ ချမ်းသာသူဖြစ်ရာ ဤမျှ ပိုက်ဆံ အမြောက်အမြား မထုတ်နိုင်ချေ။
“ဒါရိုက်တာလု...ဒါ ခင်ဗျားပဲ မဟုတ်လား။
အချို့က လုပိုင်ဟောက်ဘက်သို့ လှည့်ကြည့်ကြသည်။
“ကျွန်တော့်မှာသာ အဲဒီလောက် ငွေကြေးအင်အား ရှိရင် ဘာလို့ ဒီမှာ ဗီလာလာဝယ်နေမှာလဲ။အောက်က မြေကွက်မှာ ကိုယ့်ဘာသာ အိမ်ဆောက်နေတာ ပိုမကောင်းဘူးလား။”
လုပိုင်ဟောက်ကမျက်စောင်းထိုးကာ ပြောလိုက်သည်။ ထိုသူက သူ့ကို လှောင်နေသည်ဟု သူ သံသယဝင်မိသည်။
“အဲဒါတော့ ကျွန်တော်တို့လည်း မသိဘူးလေ။ ဒါပေမဲ့ ဝက်မွေးတာနဲ့ မစင်ကျင်းတွေ လုပ်တာကတော့ ဒါရိုက်တာလု ခင်ဗျား လုပ်နိုင်တဲ့ အလုပ်မျိုးပဲ ဟားဟားဟား။”
ရယ်သံများ ထွက်ပေါ်လာသည်။ လုပိုင်ဟောက်သည် အမှတ် (၁) မြေကွက်ကို အနိုင်ရခဲ့သူ ဖြစ်လိမ့်မည်ဟု မည်သူမှ မယုံကြပေ။
အဘယ်ကြောင့်ဆိုသော် လုပိုင်ဟောက်တွင် ထိုကဲ့သို့သော ငွေကြေးအင်အား မရှိသေးသောကြောင့် ဖြစ်သည်။
အမှတ် (၂) မြေကွက်ကို ရဖို့တောင် သူ မနည်း ကြိုးစားခဲ့ရသည်။ရန်ပုံငွေတွေချေးငွေတွေ အကြာကြီး ပြင်ဆင်ခဲ့သော်လည်း မရခဲ့ချေ။ သို့ဖြစ်ရာ ဧက ၂၀၀ ရှိသော အမှတ် (၁) မြေကွက်ကို သူ မည်သို့ ရနိုင်ပါ့မလဲ။
စုန့်ခွန်လင်းက လူတွေကို ခေါ်လာသည်။ လုပေါင်က ကြိုပြောထားသဖြင့် တိန်လင်းက လုံခြုံရေးတွေကို မတားခိုင်းတော့ပေ။
သူမသည် လူအုပ်နောက်တွင် ပုန်းနေသော လုပေါင်ကို မြင်ပြီး အတော်လေး ဆွံ့အသွားမိသည်။ ဒီသူဌေးလေးက ဘယ်လောက်တောင် အားနေလို့ ဒီလို စိတ်ကူးပေါက်ရတာလဲ။စုန့်ခွန်လင်းကို ဒုက္ခပေးဖို့အတွက် သူ့ဘက်က အကျိုးအမြတ်ရဖို့ကိုတောင် ထည့်မတွက်ဘူး။
သူ စိုက်ထူထားတဲ့ ဆိုင်းဘုတ်တွေကို ကြည့်ပြီး သူမတောင် အန်ချင်သလို ဖြစ်မိသည်။
“တင်းလင်လေး မင်းရဲ့ ဝိုင်ချက်စက်ရုံက အခုမွေးမြူရေးခြံ ဖြစ်သွားပြီလား။”
လူလတ်ပိုင်းအမျိုးသားတစ်ဦးက ပြုံးလျက် မေးလိုက်သည်။
“ဪ...ဦးလေးလင်းပဲ။”
တင်းလင်ထိုသူကို မှတ်မိသည်။သူမမိသားစုနှင့် အဆက်အသွယ် ရှိသူဖြစ်သည်။ သူမက ပြုံးပြီး
“မင်္ဂလာပါ ဦးလေးလင်း။ ဒီနေရာကို နောင်မှာ မွေးမြူရေးခြံအဖြစ် ပြောင်းဖို့ တကယ်ပဲ စီစဉ်ထားပါတယ်။ ဒါက သူဌေးရဲ့ တောင်းဆိုချက်ပါ။”
သူမက ပြုံးလျက် ဆိုင်းဘုတ်ကို ညွှန်ပြသည်။
လင်းဖိန်ရှန်းက စပ်စုသည်။
“မင်းတို့ သူဌေးက ဘယ်သူလဲ။”
“သူဌေးက သူ့အကြောင်း မပြောခိုင်းထားဘူးရှင့်။ ကျွန်မကို အကောင်အထည်ဖော်ဖို့ပဲ ခိုင်းထားတာ။”
တင်းလင်ကဝေခွဲမရသည့် အမူအရာ ပြပြီးမှ ခေါင်းခါပြလိုက်သည်။
“သူက မင်းကို တမင် ဒုက္ခပေးနေတာပဲ။”
“အိုစုန့် ခင်ဗျား ဘယ်သူ့ကို သွားငြိုးမိတာလဲ။မြန်မြန်သွား တောင်းပန်လိုက်ပါ။ ဘယ်သူ့မှာ အမှားရှိရှိ ခင်ဗျား တောင်းပန်ဖို့ လိုတယ်။”
စုန့်ခွန်လင်းနှင့် ရင်းနှီးသူ အချို့က အခြေအနေကို သဘောပေါက်သွားကြပြီးတစ်ဖက်လူက စုန့်ခွန်လင်းကို တမင် ဒုက္ခပေးနေခြင်းဖြစ်ပြီး သူတို့ကိုလည်း ရွံစရာကောင်းအောင် တမင် လုပ်ဆောင်နေခြင်း ဖြစ်သည်။
စုန့်ခွန်လင်း၏ မျက်နှာမှာ ထိတ်လန့်စရာကောင်းလောက်အောင် ဖြူလျော်နေပြီး စဉ်းစားလို့ မရ ဖြစ်နေသည်။ သူသည် များသောအားဖြင့် သူ မကြောက်ရသော သူများကိုသာ စော်ကားလေ့ရှိသည်။ ဒီလောက် ရက်စက်တဲ့သူက ဘယ်က ရောက်လာတာလဲ။
“ကျွန်တော်က စုန့်ခွန်လင်းပါ။အမှတ် (၂) မြေကွက်ကို အနိုင်ရထားတဲ့သူပါ။ ခင်ဗျားတို့ သူဌေးနဲ့ တွေ့ချင်ပါတယ်။ မစ္စတင်းအနေနဲ့ မိတ်ဆက်ပေးလို့ ရမလား။”
စုန့်ခွန်လင်းက ထိုသူ ဘယ်သူလဲဆိုတာ သိချင်နေသည်။သို့မှသာ သူ ဖြေရှင်းနိုင်မည် မဟုတ်လား။
လုပိုင်ဟောက်ကလွဲလို့ သူ စော်ကားမိတဲ့ လုမျိုးရိုးနဲ့ သြဇာရှိသူကို သူ စဉ်းစားလို့ မရပေ။ ဒီလောက် လူကုံထံတွေ ကြားထဲကနေ အမှတ် (၁) မြေကွက်ကို အလွယ်တကူ ယူနိုင်တဲ့သူက ဘယ်သူ ဖြစ်နိုင်မှာလဲ။
လုပိုင်ဟောက်တော့ မဖြစ်နိုင်ပါဘူး။
တိန်လင်းက စုန့်ခွန်လင်းကို အကဲခတ်ပြီး သအားနာသလို အမူအရာဖြင့် ပြောသည်။
“စိတ်မရှိပါနဲ့ ဒါရိုက်တာစုန့် ကျွန်မတို့ သူဌေးက ဘယ်သူ့ကိုမှ မတွေ့ဘူးလို့ ပြောထားပါတယ်။”
ဒီလူက ဘာလို့ လုပေါင်ကို သွားစော်ကားမိတာလဲ။
လုပေါင်က ငယ်ငယ်ရွယ်ရွယ်နဲ့ မာန်တက်နေသူ ဖြစ်ရာ သူ့ဘက်က အရှုံးပေါ်မှာကိုလည်း လုံးဝ ဂရုမစိုက်ပုံရသည်။
“ဒါဆို ခင်ဗျားတို့ သူဌေးက ဘယ်သူလဲဆိုတာ ပြောပြလို့ ရမလား။ကျွန်တော် စုန့်ခွန်လင်းက ခင်ဗျားကို သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်။”
စုန့်ခွန်လင်း၏ နဖူးမှ ချွေးစေးများ တရစပ် စီးကျနေသည်။ ဒီလို အခြေအနေမျိုးမှာ ဒီလိုလူကို သွားငြိုးမိတာက သူ့အတွက် အလွန် ဒုက္ခရောက်စေနိုင်သည်။
သူ့ကို ရင်းနှီးမြှုပ်နှံမှု ငွေတွေ ထုတ်ပေးနေတဲ့ ဘဏ်မန်နေဂျာက မျက်မှောင်ကြုတ်နေတာကို သူ သတိထားမိသည်။ အကယ်၍ ဒီကိစ္စကို ကောင်းကောင်း မဖြေရှင်းနိုင်ဘဲ သုံးလအတွင်း အဲဒီငွေ အမြောက်အမြားကို ပြန်ဆပ်ခိုင်းရင် သူ ဘာနဲ့ ဆပ်ရမှာလဲ။
သူ အခု အကြောက်ဆုံးက သြဇာရှိသူတစ်ယောက်ကို စော်ကားမိမှာနဲ့ ပိုကြောက်ဖို့ ကောင်းတာက ငွေကြေးထောက်ပံ့မှု ပြတ်တောက်သွားမှာကိုပဲဖြစ်သည်။
တိန်လင်းက ခေါင်းခါပြီး
“စိတ်မကောင်းပါဘူးရှင့်။”
စုန့်ချင်းဝေ မအောင့်နိုင်တော့ပေ။ နောင်မှာ ဒီဗီလာမှာ နေရင်း ဒါတွေကို ရင်ဆိုင်ရမှာကို တွေးမိရုံနဲ့တင် သူ စိတ်ဆင်းရဲနေပြီ။ သူက ချက်ချင်း ဆဲဆိုတော့သည်။
“မင်းတို့ သူဌေးက ဘယ်က အကောင်လဲ။ဒီမှာ ရှိနေတဲ့သူတွေ ဘယ်သူတွေလဲဆိုတာမင်း သိလား။”
“မင်း ပါးစပ်ကိုပိတ်ထားစမ်း။”
စုန့်ခွန်လင်းက ဟောက်လိုက်သည်။ ဒီငတုံးက အခြေအနေ ဘယ်လောက် ဆိုးနေလဲဆိုတာ မမြင်ဘူးလား။
သူ လူတွေ အများကြီးကို စော်ကားခဲ့ဖူးသည်၊ များသောအားဖြင့် သူ မကြောက်တတ်သော်လည်း အခု အခြေအနေကတော့...
“ရှင်က ဘာလို့ သူ့ကို လာအော်နေတာလဲ။”
လူအများကြီးရှေ့မှာ သားဖြစ်သူ အအော်ခံရသဖြင့် စုန့်ခွန်လင်း၏ ဇနီးသည် မကျေမနပ် ဖြစ်သွားသည်။ သူမ၏ အသည်းကျော် သားလေးမှာလည်း မျက်နှာရှိသေးသည် မဟုတ်လား။
တင်းလင်က အနည်းငယ် ပြုံးလိုက်ပြီး ဒေါသထွက်နေသော စုန့်ချင်းဝေကို ကြည့်ကာ ပြောသည်
“မင်း ဒီလောက်တောင် သိချင်နေမှတော့ ငါ ပြောပြမယ်။ ငါတို့ သူဌေးက ပြောတယ်သူက မင်းကို တမင်တကာ ဒုက္ခပေးနေတာတဲ့။ ဒီမှာ မွေးမြူရေးခြံအတွက် တိရစ္ဆာန်တွေ အကုန်လုံး ဒီရက်ပိုင်းအတွင်း တစ်သုတ်ပြီး တစ်သုတ် ရောက်လာတော့မယ်။ ပြီးတော့ အရာအားလုံးက ဥပဒေနဲ့အညီ လုပ်ဆောင်ထားတာ ဖြစ်လို့ ဘယ်သူမှ ဝင်စွက်ဖက်လို့ မရဘူး။ အခု ကျေနပ်ပြီလား။”
“ဟား...”
တစ်စုံတစ်ယောက်ကအံ့သြတကြီး အသံထွက်လာသည်။
“အိုစုန့်တော့ ဒုက္ခအကြီးအကျယ် ရောက်ပြီ။
“ဒီဗီလာကို ဝယ်ဖို့ မလိုတော့ဘူး။ ဒီမြေကွက် ပိုင်ရှင် မပြောင်းသရွေ့ပြောင်းသွားရင်တောင် အမှတ် (၁) ပိုင်ရှင်ကို သွားစော်ကားမိသလို ဖြစ်ဦးမယ်။ ဒီလူက ဘယ်သူလဲဆိုတာ မသိရသရွေ့ ဘယ်သူမှ ကြားထဲက ဝင်မပါရဲကြဘူး။”
လုပေါင်က စုန့်ခွန်လင်းကို ရွံသွားအောင် လုပ်ချင်ရုံသာ ဖြစ်သော်လည်း တခြားသူများကတော့ သူ့လုပ်ရပ်ကို အဲဒီလို မမြင်ကြပေ။
ရင်းနှီးသော ဘဏ်မန်နေဂျာမှာလည်း စတင် စိတ်မသက်မသာ ဖြစ်နေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စုန့်ခွန်လင်းက အမှတ် (၂) မြေကွက်ကို ယူရန် သုံးခဲ့သော ငွေအများစုမှာ သူ့မှတစ်ဆင့် လည်ပတ်ထားခြင်း ဖြစ်သောကြောင့် ဖြစ်သည်။
စုန့်ခွန်လင်းမှာ ယိုင်နဲ့သွားပြီး လဲကျလုနီးပါး ဖြစ်သွားသည်။ သူ့ခေါင်းထဲတွင် သူ ဘယ်သူ့ကို သွားစော်ကားမိသလဲဆိုတာကိုသာ အသည်းအသန် စဉ်းစားနေတော့သည်။
ဒါပေမဲ့ သူ စော်ကားခဲ့တဲ့သူတွေက များလွန်းနေတယ်။
***