လီလဲ့ယန်က ထိုစကားကို အလေးအနက်မထားဟန်ဖြင့် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။
"ဟေး... ကျွန်မက သူတို့ကောင်းကျိုးအတွက် လုပ်ပေးတာပါရှင်။ ကျွန်မတို့ရဲ့ မြင့်မြတ်တဲ့နယ်မြေက နောက်ဆုံးမှာ အင်မော်တယ်ဘုံနဲ့ ချိတ်ဆက်သွားမှာလေ။ သူတို့ကို သိမ်းသွင်းလိုက်နိုင်တာက သူတို့ အတွက် အမြတ်ကြီးကြီး ရသွားတာပဲ မဟုတ်လား …။"
လီလဲ့ယန်၏ စကားကို ကြားသောအခါ လင်းဖန်က အားရပါးရ ရယ်မောလိုက်မိသည်။
"ကောင်းပြီ... ကောင်းပြီ... ဒါဆိုရင်တော့ ငါ့ညီမလေး လဲ့ယန် ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့…။ ပြောရမယ်ဆိုရင် အင်မော်တယ်တိမ်တိုက်ဂိုဏ်းက ချင်းယွင်ဂိုဏ်းသုံးဂိုဏ်းနဲ့ တော်တော်လေး ရင်းနှီး တာပဲလေ။ ဒီဆက်ဆံရေးကို ထောက်ထားပြီး သူတို့ကိုပဲ အခွင့်အရေး ပေးလိုက်ကြရအောင်…။"
ဤသို့ဖြင့် သူတို့နှစ်ဦးသည် ရယ်မောစကားပြောရင်း အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ အနာဂတ်ဦး တည်ချက်ကို သတ်မှတ်လိုက်ကြလေသည်။
မှန်ပါသည်...။ နဝမအဆင့် ရှိသော ဂိုဏ်းကြီးတစ်ခုကို သိမ်းသွင်းခြင်းသည် အချိန်တိုအတွင်း မပြီးစီးနိုင် ဘဲ တဖြည်းဖြည်းချင်း ချဉ်းကပ်ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပေသည်။
လင်းဖန် အလိုရှိသည်မှာ ချင်းယွင်ဂိုဏ်းသားများကဲ့သို့ပင် အင်မော်တယ်တိမ်တိုက်ဂိုဏ်းသားများ ကလည်း မိမိတို့သဘောဆန္ဒအလျောက် စိတ်ပါလက်ပါ ဝင်ရောက်လာကြ ရန်ဖြစ်သည်။ အတင်းအဓမ္မ သိမ်းသွင်းခံရခြင်းမျိုးကို သူ မလိုလားပေ။
ဤကိစ္စကို မလောဘဲ နောက်မှ သာ ဖြည်းဖြည်းချင်း ဆောင်ရွက်သွားရန် ဆုံးဖြတ်ထား လိုက်သည်။
အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှ ထွက်ခွာပြီးနောက် သူတို့နှစ်ဦးသည် ပတ်ဝန်းကျင်ဒေသကို လှည့်လည် ၍ကြည့်ရှုခဲ့ကြလေသည်။ နောက်ဆုံးတွင် အင်မော်တယ်တိမ်တိုက်ဂိုဏ်းနှင့် မနီးမဝေးသော၊ တောင်သုံး လုံးဝန်းရံထားသည့် နေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့လေသည်။
ကျင့်ကြံခြင်းလောကတွင် ခုခံရန်လွယ်ကူပြီး တိုက်ခိုက်ရန်ခက်ခဲသော ပထဝီဝင်အနေအထားများကို အထူးတလည် တန်ဖိုးမထားကြသော်လည်း တောင်တန်းများရှိနေခြင်းက အားသာချက်များစွာ ရှိနေ လေသည်။
ဥပမာအားဖြင့် ကျင့်ကြံရေးဂူဗိမာန်များ တည်ဆောက်ရာတွင် ပိုမိုအဆင်ပြေစေသည်။ ကျင့်ကြံသူများ သည်လည်း တောင်များကို တိုက်ရိုက်ထွင်းထု၍ ဂူများ ပြုလုပ်နိုင်ကြသည် မဟုတ်ပါလား။ ထို့အပြင် တောင်သုံးလုံးဝန်းရံထားသော ပတ်ဝန်းကျင်သည် လူတို့ကို စိတ်ပိုင်းဆိုင်ရာအရ လုံခြုံမှုပေးစွမ်း နိုင်သည်ပင်။
နေရာရွေးချယ်ပြီးနောက် နောက်ထပ်အရေးကြီးဆုံးအဆင့်မှာ ပစ္စည်းများ ရွှေ့ပြောင်းရန်ဖြစ်သည်။ လင်းဖန်နှင့် လီလဲ့ယန်တို့သည် ဟင်းလင်းပြင်တံခါးမှတစ်ဆင့် အရှေ့ဘက်ဒေသသို့ တိုက်ရိုက်သွား ရောက်ခဲ့ကြလေသည်။
အရှေ့ဘက်ဒေသ၏ ဟင်းလင်းပြင်တံခါးမှာ ဟင်းလင်းပြင်လေလံရုံအတွင်း၌ ရှိနေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် လင်းဖန်နှင့် လီလဲ့ယန်တို့ ထွက်လာသည်နှင့် လေလံရုံအတွင်းသို့ ရောက်ရှိသွားခဲ့ကြသည်။
လေလံရုံတွင်ရှိနေသော ထဲကျူးသည် လှုပ်ရှားမှုကို သတိပြုမိပြီး ချက်ချင်း ထွက်လာခဲ့လေသည်။
"မြင့်မြတ်တဲ့အရှင်... ပြန်လာပြီလား ….။ ကျွန်တော်လည်း နောက်တစ်ကြိမ် လေလံပွဲကို ဘယ်တော့ လုပ်မလဲလို့ မေးမလို့ပဲ။ အဲ... နတ်သမီးလေးရဲ့ အမည်က ဘယ်သူပါလဲ….။"
ထဲကျူးသည် ဟင်းလင်းပြင်မြင့်မြတ်နယ်မြေသို့ မကြာခဏ သွားရောက်လေ့ရှိပြီး ချင်းယွင်ဂိုဏ်း သုံးဂိုဏ်းမှ လူအများအပြားနှင့် တွေ့ဆုံဖူးသော်လည်း လူမြင်ကွင်းသို့ ထွက်လေ့မရှိသော လီလဲ့ယန်ကိုမူ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်လေသည်။
"ဒါက ငါ့ရဲ့ ဂျူနီယာညီမလေး လဲ့ယန် ပါ။ မင်း သူ့ကို ဘယ်လိုခေါ်ရမလဲဆိုတော့... အင်း….။"
လီလဲ့ယန်၏ အမည်ကို မိတ်ဆက်ပေးနေစဉ် လင်းဖန်သည် ထဲကျူးကို လီလဲ့ယန်အား မည်သို့ခေါ်ခိုင်းရ မည်လဲဆိုသည်ကို ဝေခွဲမရ ဖြစ်သွားလေသည်။ ထဲကျူးကမူ ချက်ချင်းပင် ထိုးထွင်းဉာဏ်ဖြင့် ခန့်မှန်း၍ မေးမြန်းလိုက်လေသည်။
"မြင့်မြတ်တဲ့အရှင်... အရှင့်ရဲ့ ဇနီးလား….။"
ထဲကျူး ခန့်မှန်းချက် မှားသွားလေပြီ။ အဓိကအကြောင်းရင်းမှာ သူ လင်းဖန်ကို သိလာသည့်သက်တမ်း တစ်လျှောက် လင်းဖန်က အမျိုးသမီးကျင့်ကြံသူတစ်ဦးအပေါ် ဤမျှ ကြင်နာယုယစွာ ပြောဆိုနေသည် ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းကြောင့်ဖြစ်လေသည်။
ယခင်ကဆိုလျှင် အခြားအမျိုးသမီးကျင့်ကြံသူများကို နတ်သမီး ဟုသာ ခေါ်လေ့ရှိသည်။ ယခုမူ ငါ့ညီမလေး လဲ့ယန် ဟုပင် ရင်းနှီးစွာ ခေါ်ဝေါ်နေသည် မဟုတ်ပါလား။ ထို့ကြောင့် ထဲကျူးက သူတို့ နှစ်ဦးကြားတွင် တစ်ခုခုရှိနေသည်ဟု ရဲရဲဝံ့ဝံ့ ခန့်မှန်းပြီး အရှင့်ဇနီး ဟုပင် လွှတ်ခနဲ ပြောထွက်သွား ခဲ့ခြင်းဖြစ်လေသည်။
ထဲကျူး၏ စကားကြောင့် လီလဲ့ယန်သည် အနည်းငယ် ရှက်သွေးဖြန်းသွားသော်လည်း ငြင်းဆိုခြင်း မပြုခဲ့ပေ။ လင်းဖန်မှာမူ ထဲကျူး၏ အခေါ်အဝေါ်ကြောင့် ဆွံ့အသွားရသော်လည်း သူ့ကို အပြစ်မတင် ခဲ့ပေ။
"လျှောက်မပြောနဲ့…။ သူ့ကို စီနီယာလီ လို့ပဲ ခေါ်ပါ…။ လဲ့ယန်က ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်တာမို့လို့ မင်း သူ့ကို စီနီယာလို့ ခေါ်တာက သင့်တော်ပါတယ်…။"
လီလဲ့ယန်မှာ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူဖြစ်ကြောင်း သိလိုက်ရသောအခါ ထဲကျူး၏ မျက်လုံးများ ပြူးကျသွားပြီး သူ၏ ခန့်မှန်းချက်မှာ ပို၍ပင် သေချာသွားတော့သည်။ သူ့အမြင်တွင် ဤမျှ ငယ်ရွယ်ပြီး ဤကဲ့သို့ မြင့်မားသော ကျင့်ကြံမှုအဆင့်ရှိသည့် နတ်သမီးလေးမှာ သူ၏အရှင်နှင့်သာ ထိုက်တန်သည်ဟု တွေးမိလေသည်။
လင်းဖန်ကမူ ထဲကျူး ဘာတွေးနေသည်ကို ဂရုမစိုက်တော့ဘဲ အခေါ်အဝေါ်များကို ရှင်းလင်းပြီးနောက် စီးပွားရေးအသစ်အကြောင်း စတင်ဆွေးနွေးခဲ့လေသည်။
"ထဲကျူး... လာမယ့်ကာလမှာ ဆေးလုံးတွေနဲ့ မှော်ရတနာတွေ ရောင်းချတာအပြင် စီးပွားရေးအသစ် တစ်ခုကိုလည်း မင်း ကြော်ငြာပေးဖို့ လိုမယ်…။"
စီးပွားရေးအသစ် ဆိုသော စကားလုံးက ထဲကျူးကို စိတ်ဝင်တစား ဖြစ်သွားစေခဲ့သည်ပင်။ လင်းဖန်၏ ဆန်းသစ်သော စီးပွားရေး အကြံဉာဏ်များသည် သူ့ကို တစ်ခါမျှ စိတ်မပျက်စေခဲ့ဖူးပေ။
"ငါတို့ရဲ့ ဟင်းလင်းပြင်ဆိုင်တွေမှာ မကြာခင် တယ်လီပို့ ဝန်ဆောင်မှုတွေကို စတင်တော့မယ်။ အရှေ့ ဘက်ဒေသအတွင်းက နေရာအသီးသီးကို တယ်လီပို့လုပ်တာပဲဖြစ်ဖြစ်၊ ကျုံးကျိုးနဲ့ ဒေသဖြတ်ကျော် တယ်လီပို့တာပဲဖြစ်ဖြစ် အားလုံးကို ဖွင့်လှစ်ပေးတော့မှာပါ….။"
"ဒါကို အခုကတည်းက စပြီး ကြော်ငြာထားလိုက်။ တရားဝင် စတင်တဲ့အခါ ငါ မင်းကို ပြန်ပြောမယ်။ ဒါနဲ့... ဒေသဖြတ်ကျော် တယ်လီပို့စနစ်ကို အသုံးချပြီး ဖောက်သည်တွေ ပိုစိတ်ဝင်စားအောင် လေလံပွဲ နောက်တစ်ခုလည်း ကျင်းပလို့ရတာပေါ့…။"
လင်းဖန် ပြောပြသော စီးပွားရေးအသစ်အကြောင်းကို ကြားလိုက်ရသောအခါ ထဲကျူး အလွန်အမင်း တုန်လှုပ်အံ့သြသွားလေသည်။
"မြင့်မြတ်တဲ့အရှင်... စိတ်ချပါ….။ ဒီသတင်းကို ဒီမြို့တော်တင်မကဘဲ တစ်ဒေသလုံး သိစေရမယ်လို့ ကျွန်တော် အာမခံပါတယ်….။"
ထဲကျူး၏ စွမ်းဆောင်ရည်ကို လင်းဖန် မသံသယဖြစ်မိချေ။ ထဲကျူးသည် သုန်ယွဲအင်ပါယာ တော်ဝင် မိသားစုဝင်တစ်ဦး ဖြစ်သည့်အတွက် သူ၏ အရှိန်အဝါဖြင့် သတင်းဖြန့်ရန်မှာ အလွန်လွယ်ကူသော ကိစ္စပင်ဖြစ်လေသည်။
ထိုကိစ္စများကို ဆွေးနွေးပြီးနောက် လင်းဖန်သည် အချိန်မဆွဲတော့ဘဲ လီလဲ့ယန်ကို ခေါ်ဆောင်ကာ ချင်းယွင်ဂိုဏ်းရှိရာသို့ အမြန်ဆုံးနှုန်းဖြင့် ပျံသန်းထွက်ခွာသွားခဲ့လေသည်။ လင်းဖန်၏ မဟာတက် လှမ်းခြင်းအဆင့် ခွန်အားဖြင့် နင်းလိုက်သော သုံးဘီးစက်ဘီးမှာ လျှပ်စီးကဲ့သို့ မြန်ဆန်လှသဖြင့် မကြာမီမှာပင် ချင်းယွင်ဂိုဏ်း၏ နေရာဟောင်းသို့ ရောက်ရှိသွားလေတော့သည်။
လီလဲ့ယန်သည် သုံးဘီးစက်ဘီးပေါ်မှ ချက်ချင်းဆင်းကာ ဝမ်းသာအားရဖြင့် ချင်းယွင်ဂိုဏ်းထဲသို့ လမ်းလျှောက်ဝင်သွားလေတော့သည်။
"စီနီယာအစ်ကို လင်း... ဒီက အရာအားလုံးက ကျွန်မတို့ ထွက်သွားတုန်းကအတိုင်းပါပဲလား …။"
မိမိနှင့် ရင်းနှီးလှသော ချင်းယွင်ဂိုဏ်းကို ကြည့်ရင်း လင်းဖန်လည်း စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရ လေသည်။ ကံကောင်းသည်မှာ သူ ထွက်သွားသည့်အချိန်မှာ သိပ်မကြာသေးသဖြင့် ဂိုဏ်း၏ နေရာ ဟောင်းမှာ အခြား ကျင့်ကြံသူများ၏ ဖျက်ဆီးခြင်းကို မခံရသေးခြင်းပင်။
ချင်းယွင်ဂိုဏ်းအတွင်း ခဏတာ လှည့်ပတ်ကြည့်ရှုပြီးနောက် လင်းဖန်သည် လီလဲ့ယန်ကို ခေါ်ကာ ဂိုဏ်း ၏ အထက်ကောင်းကင်ယံသို့ ပျံတက်လိုက်လေသည်။
"ညီမလေး... သေချာကြည့်ထားနော်။ ငါ အခု တောင်ကို စပြီး ရွှေ့တော့မယ်…။"
သူ ပြောရင်းနှင့်ပင် လီလဲ့ယန်၏ စပ်စုလိုသော အကြည့်အောက်မှာပင် လင်းဖန်သည် ခရမ်းရွှေ နတ်နဂါးထီးကို ချက်ချင်း ထုတ်လိုက်လေသည်။ ထီးကို ဖွင့်လိုက်ပြီးနောက် လင်းဖန်သည် ခရမ်းရွှေ နတ်နဂါးအစီအရင် လုပ်ဆောင်ချက်ကို ချက်ချင်း အသုံးပြုလိုက်၏။
ထိုအခါ ခရမ်းရွှေနတ်နဂါးထီးမှာ ရုတ်တရက် အဆမတန် ကြီးမားလာပြီး ချင်းယွင်ဂိုဏ်းတစ်ခုလုံးကို လျင်မြန်စွာ လွှမ်းခြုံသွားလေတော့သည်။ မြေအောက်ရှိ မရေမတွက်နိုင်သော မြေထုများအပါအဝင် ချင်းယွင်ဂိုဏ်းတစ်ခုလုံးကို ခရမ်းရွှေနတ်နဂါးအစီအရင်က ဖုံးလွှမ်းသွားခဲ့လေသည်။
သို့သော် ဤမျှနှင့် မပြီးသေးပေ။ လင်းဖန်သည် သုံးဘီးစက်ဘီး ရွှေကျီးကန်းယာဉ်၏ ကုန်စည် ပို့ဆောင်ရေး လုပ်ဆောင်ချက်ကို စတင် အသုံးပြုလိုက်လေသည်။
"လာလာရွှေ့... ငါတို့က ဘာမဆို သယ်ပေးတယ်။ ကဲ... ကြွစမ်း…။"
လင်းဖန်၏ စကား ဆုံးသည်နှင့်... ရုတ်တရက်ဆိုသလို သုံးဘီးစက်ဘီးမှ မြင်နိုင်သော်လည်း ကိုင်တွယ် ၍ မရသော ကြိုးများစွာ ထွက်လာခဲ့လေသည်။ ထိုကြိုးများသည် ခရမ်းရွှေနတ်နဂါးအစီအရင်ဖြင့် ဖုံးလွှမ်းထားသော ချင်းယွင်ဂိုဏ်းဆီသို့ လျင်မြန်စွာ ဆက်သွယ်သွားလေသည်။
ဆိုင်းကြိုးများ ဆက်သွယ်ပြီးသွားသည်ကို မြင်သောအခါ လင်းဖန်သည် စက်ဘီးကို စတင် နင်းလေ တော့သည်။
ထိုအခါ ပြင်းထန်သော မြေငလျင်ကြီးတစ်ခု လှုပ်ခတ်သွားခဲ့လေသည်။ ချင်းယွင်ဂိုဏ်းတစ်ခုလုံးသည် လည်း ခဏချင်းအတွင်းမှာပင် မြေကြီးမှ ကျွတ်ထွက်သွားလေတော့သည်။ ကံကောင်းသည်မှာ ချင်းယွင်ဂိုဏ်းသည် ဝေးလံသော ဒေသတွင် တည်ရှိပြီး အခြား ဂိုဏ်းနှစ်ခုမှလွဲ၍ အနီးအနားတွင် အခြား အင်အားစုများ မရှိနေခြင်းပင်။မဟုတ်လျှင် ဤမျှ ပြင်းထန်သော လှုပ်ခတ်မှုမှာ သေချာပေါက် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ဖြစ်ပေလိမ့်မည်။
ချင်းယွင်ဂိုဏ်းကို မတင်နိုင်ပြီ ဖြစ်ကြောင်း မြင်သောအခါ လင်းဖန်သည် ရုတ်တရက် ဖြတ်လမ်းရှာရန် ကြိုးစားချင်လာသည်။ ဟင်းလင်းပြင်တံခါးမှတစ်ဆင့် ကျုံးကျိုးသို့ တိုက်ရိုက် တယ်လီပို့နိုင်မလားဟု စမ်းသပ်ကြည့်သည်။ သို့သော် စမ်းသပ်မှု၏ ရလဒ်က လင်းဖန်ကို စိတ်ပျက်စေခဲ့သည်။
"ငတုံး... ဒီဟင်းလင်းပြင်တံခါးမှာ ဘာကန့်သတ်ချက်တွေ ရှိနေတာလဲ... ငါ့ရဲ့ ကုန်ပစ္စည်းကိုတောင် ပေးမဝင်ဘူးလား...။"
[ပိုင်ရှင်... ဟင်းလင်းပြင်တံခါးက ပေးမဝင်တာ မဟုတ်ပါဘူး။ မြင့်မြတ်တဲ့နယ်မြေက မြေကွက်တွေက ဒီလိုအဆင့်နိမ့်တဲ့ မြေတွေကို ပေးမဝင်တာပါ။ သူတို့က အတွင်းပတ်ဝန်းကျင်ကို ညစ်ညမ်းသွားမှာ ကြောက်လို့ပါ…။]
"အော်... ခွဲခြားဆက်ဆံတာပေါ့လေ။ ဒါဆိုရင် ငါက ကျုံးကျိုးအထိ ဆိုင်ကယ်ကို တစ်လမ်းလုံး နင်းသွားရမှာလား…။ တော်တော် ပင်ပန်းမှာပဲ….။"
[ပိုင်ရှင် ပင်ပန်းတယ်လို့ ထင်ရင်တော့ စောင့်ဆိုင်းနိုင်ပါတယ်။ မြင့်မြတ်တဲ့နယ်မြေရဲ့ လုပ်ဆောင်ချက် တွေကို အဆင့်မြှင့်ပြီးရင်တော့ အဆင်ပြေသွားမှာပါ။]
[ဥပမာ - ဝါးမြိုခြင်းလုပ်ဆောင်ချက်ကို အဆင့်မြှင့် ပြီးရင် မြင့်မြတ်ရာနယ်မြေက ပြင်ပဟင်းလင်းပြင် တွေကို ဝါးမြိုပစ်နိုင်ပါလိမ့်မယ်…။]
***