ယခုတစ်ကြိမ်တွင်လည်း ရွှေဓားဂိုဏ်းနှင့် ရွှမ်းမင်ဂိုဏ်းတို့ရှိရာ နယ်မြေများကို ဖြတ်ကျော်ရဦးမည် ဖြစ်သည်။ လမ်းကြောင်းအသစ်မှ သွားပါက နောက်တစ်ကြိမ် လမ်းပြန်ပျောက်မည်ကို လင်းဖန် စိုးရိမ် နေမိလေသည်။
မကြာမီမှာပင် ထျန်းဟော်ဂိုဏ်းကို ကို တင်ဆောင်ထားသော သုံးဘီးစက်ဘီးသည် ရွှမ်းမင်ဂိုဏ်းအနီးသို့ တစ်ဖန် ချဉ်းကပ်လာခဲ့ပြန်လေသည်။ သို့သော် လင်းဖန်သည် ယခင်အတိုင်း လမ်းလွှဲရန် ပြင်လိုက်စဉ် မှာပင်...။
အတိဒုက္ခအဆင့် အထွတ်အထိပ်မှာရှိတဲ့ အစောင့်အရှောက်ရုပ်သေးသည် လင်းဖန်၏ ဘေးနားတွင် ရုတ်တရက် ပေါ်လာခဲ့လေသည်။ ဤအခြေအနေကို မြင်သည်နှင့် လင်းဖန်သည် သူ့ကို ခြိမ်းခြောက်နိုင် သော အန္တရာယ်တစ်ခုနှင့် ရင်ဆိုင်နေရပြီဆိုသည်ကို သိလိုက်လေ၏။
ထိုအန္တရာယ်၏ အရင်းအမြစ်မှာ အခြားမဟုတ်ဘဲ ရွှမ်းမင်ဂိုဏ်းပင် ဖြစ်ရပေမည်။
မျှော်လင့်ထားသည့်အတိုင်းပင် အစောင့်အရှောက်ရုပ်သေး ပေါ်လာပြီးနောက် ကျင့်ကြံသူ သုံးဦးသည် လင်းဖန်၏ အမြင်အာရုံထဲသို့ ပျံသန်းဝင်ရောက်လာခဲ့ကြလေသည်။
"ဟဲဟဲ... ငါက နောက်မှ အင်မော်တယ်တိမ်တိုက်ဂိုဏ်းဆီသွားပြီး လူတောင်းမလို့ ကြံနေတာ၊ အခုတော့ မင်းတို့ကိုယ်တိုင် ငါတို့ခြေရင်းကို လာပို့တာပဲ...။"
လူမရောက်လာသေးမီမှာပင် အသံက လင်းဖန်၏ နားထဲသို့ အရင်ရောက်နှင့်နေခဲ့ပြီ ဖြစ်သည်။ အရှိန် အဟုန်နဲ့ ချဉ်းကပ်လာသော ထိုသုံးဦးကို ကြည့်ပြီး လင်းဖန်က သူ့စိတ်ထဲ၌ ထင့်နေသော မေးခွန်းကို မေးလိုက်လေတော့သည်။
"ကျွန်တော် တော်တော်လေး ဇဝေဇဝါ ဖြစ်နေလို့ပါ။ ခင်ဗျားတို့ ကျွန်တော့်ကို ပစ်မှတ်ထားရတဲ့ တကယ့် အကြောင်းရင်းက ဘာလဲ…။ အင်မော်တယ်တိမ်တိုက်ဂိုဏ်းကြောင့်လား….။ ဒါမှမဟုတ် ကျွန်တော့်ရဲ့ နေရာရွှေ့ပြောင်းရေး လုပ်ငန်းကြောင့်လား….။"
ထိုအချိန်တွင် ထိုသုံးဦးမှာ လင်းဖန်၏ ရှေ့သို့ ရောက်ရှိလာကြပြီ ဖြစ်သည်။ လင်းဖန်၏ မေးခွန်းကို ကြားသောအခါ သူတို့က လှောင်ပြောင်သရော်ရင်း အော်ဟစ်ရယ်မောလိုက်ကြ၏။
"ဟားဟား... မင်းက သေခါနီး လူတစ်ယောက် ဖြစ်နေတာတောင် သိချင်တာတွေ များလှချည်လား...။"
"ပြောပြလိုက်တာလည်း ဘာမှတော့မဖြစ်ပါဘူး၊ မင်း သေသွားရင်တောင် ဘာကြောင့်သေရမှန်း သိသွားရတာပေါ့...။"
"ငါတို့က ဂိုဏ်းတွေကို ရွှေ့ပေးနိုင်တဲ့ မင်းရဲ့ နတ်ဘုရားအဆင့် ရတနာကိုလည်း လိုချင်တယ်၊ အင်မော် တယ်တိမ်တိုက်ဂိုဏ်းရဲ့ နယ်မြေကိုလည်း လိုချင်တယ်...။"
"ကဲ... အခုတော့ သွားဖို့ ပြင်ပေတော့...။"
ထိုသို့ပြောပြီးနောက် အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ဦးက လင်းဖန်ကို တိုက်ရိုက် တိုက်ခိုက်လိုက် လေတော့သည်။
ကျန်နှစ်ဦးမှာမူ အရိပ်ထဲတွင် တစ်စုံတစ်ယောက် ပုန်းအောင်းနေမလားဟု ပတ်ဝန်းကျင်ကို အကဲခတ် နေခဲ့ကြသည်။ အကြောင်းမှာ ရှေ့ကလူများက သူတို့၏ ပထမအဆင့် အတိဒုက္ခ အကြီးအကဲ နှစ်ဦးကို သတ်နိုင်လိမ့်မည်ဟု သူတို့ မယုံကြည်သောကြောင့်ပင် ဖြစ်၏။
လင်းဖန်၏ ဘေးနားက အစောင့်အရှောက်ရုပ်သေးကိုမူ သူတို့ လျစ်လျူရှုထားကြလေသည်။ ထို ရုပ်သေးမလေးကို သာမန် အစေခံ မိန်းကလေးတစ်ဦးဟုသာ သူတို့ ထင်မှတ်နေကြခြင်း ဖြစ်၏။
ထို့အပြင် ရုပ်သေးမှာ မည်သည့် စွမ်းအားလှိုင်းကိုမျှ ထုတ်မပြထားသဖြင့် သူတို့အတွက် အန္တရာယ်ရှိ သည်ဟု မခံစားရပေ။
အဖြေကို ရရှိသွားပြီ ဖြစ်ရာ လင်းဖန်သည် သူတို့နှင့် စကားပြောကာ အချိန်မဖြုန်းချင်တော့ပေ။ သူ သည် ခရီးဆက်ရန် အလျင်လိုနေပြီး ဂိုဏ်းရွှေ့သည့် အလုပ်ကို အမြန်ဆုံး အဆုံးသတ်ချင်နေခဲ့သည်။ ထို့နောက် သူသည် ဘေးက ရုပ်သေးကို လှည့်၍ အမိန့်ပေးလိုက်လေတော့၏။
"စလိုက်တော့...။"
အမိန့်ကို ရလိုက်တာနှင့် အစောင့်အရှောက်ရုပ်သေးသည် ချက်ချင်း လှုပ်ရှားလေတော့၏။ ပထမဦးဆုံး အနေဖြင့် ထိုကျင့်ကြံသူ၏ တိုက်ခိုက်မှုကို လက်ဝါးတစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်လိုက်ပြီး ပြန်လည် တိုက်ခိုက်ခဲ့လေသည်။
သို့ပေမဲ့ လင်းဖန် အံ့သြသွားရသည်က အစောင့်အရှောက်ရုပ်သေးသည် ဤတစ်ကြိမ်မှာတော့ ထိုလူသုံးဦးကို ချက်ချင်း အသေသတ်နိုင်ခြင်း မရှိခြင်းပင်။
ဤသည်မှာ ထိုသုံးဦး၏ ကျင့်ကြံမှု အဆင့်မှာ မနိမ့်လှကြောင်း ပြသနေသည်။ ထို့အပြင် လင်းဖန်သည် ပိုက်ဆံကုန်မည်စိုးသဖြင့် ရုပ်သေးအတွက် မည်သည့် မှော်ရတနာနှင့် မှော်အတတ်ကိုမျှ စီစဉ်မထားခဲ့မိ ခြင်းမှာလည်း သူ၏ အမှားပင် ဖြစ်လေသည်။
ဤသည်မှာ လက်နက်မဲ့နေသော အစောင့်အရှောက်ရုပ်သေး အနေဖြင့် ပြိုင်ဘက်များကို ဖိနှိပ်ရန် သူမ ၏ ကျင့်ကြံမှု စွမ်းအားတစ်ခုတည်းကိုသာ အားကိုးနေရခြင်း ဖြစ်လေသည်။
ဤသည်ကိုမှ မကြာခင်မှာပင် ထိုသုံးဦးစလုံးသည် ရုပ်သေး၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာတွေ ရလာ ခဲ့ကြလေသည်။ သူတို့၏ အတိဒုက္ခအဆင့် ကျင့်ကြံသူတွေ၏ ဝိညာဉ်တွေသည်လည်း မကြာခင်မှာ ဤနေရာရှိ မြေကြီးထဲကို ထပ်ပြီး ရောက်သွားတော့မယ်ဟု ယုံကြည်ရပေသည်။
သူတို့၏ မှော်လက်နက်များ အားလုံးကို ပေါင်းပြီး ခုခံနေကြသော်လည်း ရုပ်သေး၏ တိုက်ခိုက်မှုကို မယှဉ်နိုင်သောကြောင့် သူတို့ ချက်ချင်းပဲ ထွက်ပြေးဖို့ ကြံစည်ကြလေတော့သည်။
"သူက... သူက အတိဒုက္ခအဆင့် အထွတ်အထိပ်မှာ ရှိနေတာပဲ...။ ဆုတ်ကြစို့...။"
ဦးဆောင်လာသော သတ္တမအဆင့် အတိဒုက္ခ ကျင့်ကြံသူသည် ကျန်ရှိသော ဆဌမအဆင့် အတိဒုက္ခ ကျင့်ကြံသူ နှစ်ဦးကို ခေါ်ကာ သူတို့ဂိုဏ်းရှိရာဘက်သို့ အလျင်အမြန် ထွက်ပြေးကြလေတော့သည်။
လွင့်ထွက်တော့မည့် သိုလှောင်လက်စွပ် သုံးကွင်းကို မြင်သောအခါ လင်းဖန်က မည်သို့ အလွတ်ပေး နိုင်ပါမည်နည်း။ ချက်ချင်းပင် သူသည် သုံးဘီးစက်ဘီးကို နင်းကာ အစောင့်အရှောက်ရုပ်သေးနှင့်အတူ ထိုသူများနောက်သို့ လိုက်လေတော့သည်။
ပြောရလျှင် တစ်ဖက်လူ၏ ထွက်ပြေးနှုန်းမှာ အတော်လေး မြန်လှသည်။ လင်းဖန်မှာ ထျန်းဟော်ဂိုဏ်း ၏ နယ်မြေကြီးကို ဆွဲထားရသဖြင့် လေးလံနေသော သုံးဘီးစက်ဘီးမှာ တစ်ဖက်လူကို အမီမလိုက်နိုင် ခဲ့ချေ။
အစောင့်အရှောက်ရုပ်သေးမှာမူ အမီလိုက်နိုင်သော်လည်း လင်းဖန်နှင့် အဝေးကြီး မခွာနိုင်သဖြင့် လိုက် မရ ဖြစ်နေရလေသည်။
သိုလှောင်လက်စွပ် သုံးကွင်းက သူ့လက်ထဲက လွတ်တော့မလို ဖြစ်နေသည်ကို မြင်ပြီး လင်းဖန် တော် တော်လေး ဒေါသထွက်သွားလေတော့သည်။ ထို့ကြောင့် သူသည် တစ်ဖက်ဂိုဏ်းရှိရာသို့ တိုက်ရိုက် ချီတက်ရန် ဆုံးဖြတ်လိုက်လေတော့၏။
သို့သော် လင်းဖန် အံ့အားသင့်သွားရသည်မှာ...၊ သူသည် ရွှမ်းမင်ဂိုဏ်းချုပ်ရုံးသို့ ရောက်ရှိသွားသည့် အခါ ယခင် ထွက်ပြေးသွားသော သူသုံးဦးမှာ ဂိုဏ်းဝင်ပေါက်တွင် ကြိုတင် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
သူတို့၏ နောက်ကွယ်တွင် လင်းဖန်တို့အဖွဲ့ကို အံ့အားသင့်စွာ ကြည့်နေကြသော အခြား ကျင့်ကြံသူ နှစ်ဦးလည်း ရှိနေသေးသည်။
"ကောင်လေး... ငါက မင်းနောက်ကို လိုက်မလို့ပဲ။ မင်းက ငါ့ဆီကို ကိုယ်တိုင် အရောက်လာလိမ့်မယ်လို့ မထင်ထားဘူး"
"ဟီးဟီး... အတိဒုက္ခအဆင့် အထွတ်အထိပ်က ဒီလောက်တောင် အစွမ်းထက်နေလို့လား…။"
"ငါတို့ နှစ်ယောက်စလုံးကို တစ်ပြိုင်တည်း ရင်ဆိုင်နိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့…။"
ပြောပြောဆိုဆိုနှင့်ပင် အသစ်ထွက်လာသော ကျင့်ကြံသူ နှစ်ဦးမှာ လင်းဖန်တို့ဆီသို့ တိုက်ရိုက် ပြေးဝင် လာကြလေသည်။ သူတို့ထံမှ ထွက်ပေါ်နေသော အစွမ်းထက်လှသည့် အရှိန်အဝါအရ ထိုသူနှစ်ဦးမှာ သေချာပေါက် အတိဒုက္ခအဆင့် အထွတ်အထိပ် ကျင့်ကြံသူများ ဖြစ်ကြလေသည်။
အတိဒုက္ခအဆင့် အထွတ်အထိပ် ဆိုသည်မှာ ကောင်းကင်အတိဒုက္ခ ရှစ်ကြိမ်တိုင်တိုင် ကျော်ဖြတ်ထား သော ကျင့်ကြံသူကို ဆိုလိုခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကိုးကြိမ်မြောက် အတိဒုက္ခကို ကျော်ဖြတ်ပြီးပါက အင်မော်တယ်ဘုံသို့ တက်လှမ်းသွားပြီ ဖြစ်ရာ အတိဒုက္ခအဆင့်တွင် မရှိတော့ သောကြောင့် ဖြစ်လေ၏။
လင်းဖန်၏ အစောင့်အရှောက်ရုပ်သေးမှာလည်း အတိဒုက္ခ ရှစ်ကြိမ် ကျော်ဖြတ်ထားသူ ဖြစ်သည်။ သို့သော် ရွှမ်းမင်ဂိုဏ်း၏ အင်အားမှာ လင်းဖန်ကို အတော်လေး အံ့အားသင့်သွားစေသည်။ သူသည် အတိဒုက္ခအဆင့် ကျင့်ကြံသူ နှစ်ဦးကို သတ်ခဲ့ပြီးပြီ ဖြစ်သော်လည်း၊ ယခု သူ၏ ရှေ့တွင် နောက်ထပ် အတိဒုက္ခအဆင့် ကျင့်ကြံသူ ငါးဦး ရှိနေပြန်သည်မဟုတ်ပါလား။
ထို့အပြင် သူတို့ထဲမှ နှစ်ဦးမှာ ဘေးဒုက္ခ ရှစ်ကြိမ် ကျော်ဖြတ်ထားသော အထွတ်အထိပ် အဆင့်များ ဖြစ်ကြလေသည်။ ဤအင်အားစုမှာ နဝမအဆင့်ရှိသော သုန်ယွဲ့အင်ပါယာထက်ပင် ပိုမို အစွမ်းထက် နေသည်ပင်။
သေချာပေါက်ပင် သုန်ယွဲ့အင်ပါယာတွင် အပြင်ပန်း၌ အတိဒုက္ခအဆင့် ငါးဦးထက်မက ရှိနိုင်သလို၊ လျှို့ဝှက်ထားသော အင်အားများလည်း ရှိနေနိုင်ပေသည်။ သို့သော် ရွှမ်းမင်ဂိုဏ်းတွင်လည်း ယခု မြင်တွေ့ရသည်ထက်မက ရှိနေမည်မှာ အသေအချာပင်။
ယခင် သူသတ်ခဲ့သည်မှာ ပထမအဆင့် အတိဒုက္ခ ကျင့်ကြံသူများ ဖြစ်ပြီး၊ ယခု ရှေ့တွင် ရှိနေသည်မှာ ဆဌမ၊ သတ္တမနှင့် အဋ္ဌမအဆင့် ကျင့်ကြံသူများ ဖြစ်၏။ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမအဆင့် ကျင့်ကြံသူများလည်း ကြားထဲတွင် ရှိနေဦးမည်ဟု သူ ခန့်မှန်းမိလေသည်။
ဘာပဲဖြစ်ဖြစ် ဤကဲ့သို့ နဝမအဆင့် ဂိုဏ်းကြီးတစ်ခုမှာ အင်အား ကွာဟချက် ရှိနေလိမ့်မည် မဟုတ် ပါချေ။
လင်းဖန် တွေးတောနေစဉ်မှာပင် အစောင့်အရှောက်ရုပ်သေးသည် အထွတ်အထိပ် ကျင့်ကြံသူ နှစ်ဦးနှင့် စတင် တိုက်ခိုက်နေပြီ ဖြစ်သည်။ မှော်လက်နက်နှင့် မှော်အတတ်များ မရှိသဖြင့် အစောင့်အရှောက်ရုပ် သေးမှာ ချက်ချင်းပင် အသာစီး မရနိုင် ဖြစ်နေခဲ့ရလေသည်။
၎င်းကို မြင်သောအခါ လင်းဖန်သည် ကိုယ့်နဖူးကိုယ်ရိုက်ကာ ဘယ်လောက်တောင် အချည်းနှီး ဖြစ်ခဲ့ သလဲဟု တွေးမိသွားလေသည်။
မိမိ၏ ခရမ်းရွှေ နတ်နဂါးဓားကို အစောင့်အရှောက်ရုပ်သေးအား အဘယ်ကြောင့် ပေးမသုံးမိသနည်း။ သို့သော် လင်းဖန် ထိုသို့ တွေးလိုက်သည့် ခဏမှာပင် စနစ်က အသိပေးချက် တစ်ခု ထုတ်ပြန်လိုက် လေသည်။
[ပိုင်ရှင်... ခရမ်းရွှေနတ်နဂါးဓားလို ပစ္စည်းမျိုးတွေကို ပိုင်ရှင်ကိုယ်တိုင်ပဲ သုံးလို့ရပါတယ်။ ပိုင်ရှင်ရဲ့ အစောင့်အရှောက်ရုပ်သေးတွေတောင် သုံးလို့ မရပါဘူး…။]
ဤသည်ကို ကြားတော့ လင်းဖန် စိတ်ပူသွားလေတော့သည်။
"ဒုက္ခပါပဲ... ဒါက ငါ့ကို မှော်လက်နက်တွေ ထပ်ငှားခိုင်းဖို့ မင်း အသစ်ထည့်လိုက်တဲ့ စည်းကမ်းလား။ မင်း... အသုံးမကျတဲ့ကောင်…။"
"ဒါဆို ငါ့ရဲ့ ထုတ်လုပ်ရေးအဖွဲ့ ဆေးမီးဖိုကို တခြားလူတွေက ဆေးသန့်စင်ဖို့နဲ့ လက်နက်လုပ်ဖို့ သုံးလို့ ရနေတာကျတော့ရော…။"
[ပိုင်ရှင်... အဲဒါတွေက ဆေးမီးဖိုရဲ့ ကိုယ်ပွားတွေပဲ ဖြစ်ပါတယ်...။ ကိုယ်ပွားတွေ ဖြစ်နေတာတောင် အဲဒါတွေကို တကယ့်ကို အသုံးဝင်တယ်လို့ ပြောလို့ မရပါဘူး...။]
[သူတို့က ကုန်ကြမ်းတွေကို ဆေးမီးဖိုထဲ ထည့်ပေးရုံပဲလေ။ ဆေးမီးဖိုကပဲ ဆေးဖော်တာနဲ့ လက်နက် လုပ်တာတွေကို သူ့ဘာသာသူ လုပ်သွားတာပါ။ သူတို့က တကယ် သုံးနေတာ မဟုတ်ပါဘူး…။]
[ပိုင်ရှင်ရဲ့ စကားနဲ့ ပြောရမယ်ဆိုရင် သူတို့က တကယ့်ကို ကိရိယာတွေပဲ ဖြစ်ပါတယ်…။]
ထိုရှင်းပြချက်ကို ကြားသောအခါ လင်းဖန် ဆွံ့အသွားလေတော့သည်။ တစ်ခုခုတော့ မှားနေသလို ခံစား နေရသော်လည်း ပြန်ပြီး ချေပဖို့လည်း အချက်အလက် ရှာမတွေ့သေးချေ။ ရှေ့မှ အစောင့်အရှောက် ရုပ်သေး အရေးနိမ့်နေတာကို မြင်တော့ လင်းဖန်မှာ သူ့ကို ယာယီ ပြန်သိမ်းလိုက်ရန်ကလွဲ၍ တခြား ရွေးချယ်စရာ မရှိတော့ချေ။
တစ်ချိန်တည်းမှာပဲ အစောင့်အရှောက်ရုပ်သေးအတွက် အဆင့်မြင့် မှော်လက်နက်တစ်ခု လုပ်ပေးဖို့ကို လည်း သူ စတင် စဉ်းစားလိုက်လေသည်။
ရွှမ်းမင်ဂိုဏ်းမှ အထွတ်အထိပ် ကျင့်ကြံသူ နှစ်ဦးမှာ သူတို့၏ ပြိုင်ဘက် ရုတ်တရက် ပျောက်ကွယ်သွား သည်ကို မြင်သောအခါ ကြောင်သွားကြ၏။ ပတ်ဝန်းကျင်ကို ရှာဖွေကြည့်သော်လည်း အရိပ်အယောင် ပင် မတွေ့ရသဖြင့် သူတို့၏ အကြည့်ကို လင်းဖန်ဆီသို့ လှည့်လိုက်ကြလေသည်။
"ကောင်လေး...၊ မင်းတော့ အစွန့်ပစ်ခံလိုက်ရပြီ ထင်တယ်...။"
တစ်ဖက်လူ၏ လှောင်ပြောင်သော အကြည့်ကို မြင်သော်လည်း လင်းဖန်မှာ လုံးဝ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူသည် ခရမ်းရွှေ နတ်နဂါး အစီအရင်၏ အတိုင်းအတာအတွင်းမှာ ရှိနေသည် မဟုတ်ပါ လား။
အဆိုးဆုံး ဖြစ်လာလျှင်ပင် အစီအရင်က မကာကွယ်နိုင်တော့ပါက သူ မြင့်မြတ်ရာနယ်မြေထဲ ဝင်ပုန်း လိုက်ရုံသာ ဖြစ်ပြီး၊ ထျန်းဟော်ဂိုဏ်း၏ အခြေစိုက်စခန်းသာ ပျက်စီးသွားပေလိမ့်မည်။
ထို့အပြင် ခရမ်းရွှေ နတ်နဂါးထီး၏ မူလပုံစံမှာ ခုခံရေးအတွက် အသုံးပြုသော ထီးပုံစံ မှော်ရတနာ ဖြစ်သည်။ ၎င်း၏ ခုခံနိုင်စွမ်းမှာ တိုက်စစ်ထက် အဆပေါင်းများစွာ သာလွန်လှသည်။ သူ မဟာယာန အဆင့်သို့ အဆင့်မြှင့်ထားသော ခရမ်းရွှေ နတ်နဂါးထီးသည် ပြိုင်ဘက်ကို ခုခံနိုင်စွမ်း ရှိနေဆဲ ဖြစ်ရ ပေမည်။
မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိနေသဖြင့် လင်းဖန်သည် ချက်ချင်းပင် စကားပြန်ပြောလိုက်တော့သည်။
"ဟဲ... အတိဒုက္ခအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဟုတ်လား….။ အဲဒါက ဒီလောက်တောင် အစွမ်း ထက်နေလို့လား….။"
***