"ခဏနေရင် ငါ တစ်ယောက်တည်းနဲ့ မင်းတို့အားလုံးကို ဘယ်လို အသေသတ်မလဲဆိုတာ စောင့်ကြည့် နေလိုက်…။ ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ မင်းတို့ဆီကနေ အတိုးလေး အရင်ယူရဦးမယ်…။"
ပြောပြီးသည်နှင့် လင်းဖန်သည် သုံးဘီးစက်ဘီးကို နင်းကာ ရွှမ်းမင်ဂိုဏ်းဌာနချုပ်ရှိရာသို့ ဆက်လက် ဦးတည်မောင်းနှင်သွားလေသည်။
၎င်းကို မြင်သောအခါ တစ်ဖက်မှ အတိဒုက္ခအဆင့် အထွတ်အထိပ် ကျင့်ကြံသူနှစ်ဦးက ချက်ချင်းပင် ဝင်ရောက် တားဆီးကြတော့သည်။ သို့သော် သူတို့၏ တိုက်ခိုက်မှုများမှာ မည်မျှပင် ထက်မြက်ပါစေ...။
လင်းဖန်၏ ခရမ်းရွှေ နတ်နဂါး အစီအရင်ကို ထိမှန်သည့်အခါ ရေပြင်ပေါ်တွင် လှိုင်းတွန့်ကလေးများ ဖြစ်ပေါ်ရုံမျှသာ တတ်နိုင်ကြသည်။ ဤကြောက်မက်ဖွယ်ကောင်းလှသော ခုခံနိုင်စွမ်းမှာ ထိုသူနှစ်ဦးကို အံ့အားသင့်လွန်းသဖြင့် ဆွံ့အသွားစေတော့သည်။
ဤသည်မှာ လင်းဖန်ကို လုံးဝ စိတ်အေးသွားစေတော့သည်။
"ဟဲဟဲဟဲ... ဆက်လုပ်လေ... ဘာလို့ ရပ်လိုက်တာလဲ...။ ဒီလောက် တိုက်ခိုက်မှုလေးက ငါ့အတွက်တော့ ယားတောင် မယားဘူး...။ ဒါက အတိဒုက္ခအဆင့် အထွတ်အထိပ် ကျင့်ကြံသူရဲ့ စွမ်းအားလား...။"
လင်းဖန်က လှောင်ပြောင်ရင်းနှင့်ပင် သုံးဘီးစက်ဘီးကို တစ်ဖက်ဂိုဏ်း၏ အစီအရင်ထဲသို့ မောင်းဝင် လိုက်လေတော့သည်။
"မင်းက ငါတို့ဂိုဏ်းရဲ့ အကာအကွယ်အစီအရင်ကို အတင်းဝင်ရဲတယ်ပေါ့... မင်း တကယ့်ကို သတ္တိ ရှိတာပဲ...။"
"ဒါကတော့ တကယ့်ကို မဟာမောက်မာမှုပဲ...။ ငါတို့ ရွှမ်းမင်ဂိုဏ်းရဲ့ အစီအရင်က အလှပြသက်သက် ပဲထားတာလို့ မင်း ထင်နေတာလား...။"
သို့သော် သူတို့ စကားမဆုံးသေးမီမှာပင်...
လင်းဖန်သည် သူ၏ သုံးဘီးဆိုင်ကယ်ကို လူသူမရှိသော ကွင်းပြင်ထဲ မောင်းဝင်သွားသကဲ့သို့ ရွှမ်းမင် ဂိုဏ်းအတွင်းသို့ အေးအေးဆေးဆေးပင် မောင်းဝင်သွားလေတော့သည်။
ဂိုဏ်းစောင့်အစီအရင်မှာမူ မည်သည့် တုံ့ပြန်မှုမှ မပြဘဲ ငြိမ်သက်နေဆဲ ဖြစ်၏။ ဤအံ့ဖွယ် မြင်ကွင်း ကြောင့် ရွှမ်းမင်ဂိုဏ်းမှ အတိဒုက္ခအဆင့် ကျင့်ကြံသူများမှာ လုံးဝ ကြောင်အမ်းသွားကြတော့ သည်။ သူတို့သည် လင်းဖန်နောက်သို့ လိုက်ရန်ပင် မေ့လျော့သွားကြကုန်၏။
ဤအခွင့်အရေးကို အသုံးချကာ လင်းဖန်သည် ရန်သူ့ဂိုဏ်းနယ်မြေအတွင်း စိတ်ကြိုက် သောင်းကျန်း လေတော့သည်။ အဆောက်အဦးများစွာကို ဖျက်ဆီးပြီးနောက်မှသာ သူ မောင်းထွက်ခဲ့သည်။ သူက ဆက်ပြီး ဒုက္ခပေးချင်သော်လည်း စနစ်က ရုတ်တရက် သတိပေးချက် ထုတ်ပြန်လာသောကြောင့် ဖြစ်သည်။
ရွှမ်းမင်ဂိုဏ်း၏ အနက်ရှိုင်းဆုံးနေရာတွင် လင်းဖန်ကို ခြိမ်းခြောက်နိုင်သည့် အရာတစ်ခု ရှိနေကြောင်း စနစ်က ပြောလာခြင်း ဖြစ်သည်။
"အင်မော်တယ်တိမ်တိုက်ဂိုဏ်းကတော့ တော်တော်လေး ကောင်းနေကြတာပဲ...။"
"ငါက မင်းတို့ကို နောက်မှ ရှင်းမလို့ ကြံထားတာ၊ အခုတော့ မင်းတို့ကိုယ်တိုင် သေတွင်းထဲ တိုးလာမှ တော့ စောစောစီးစီး သေလမ်းပို့ပေးရတာပေါ့...။"
ထွက်ခွာသွားသော လင်းဖန်ကို ကြည့်ရင်း ရွှမ်းမင်ဂိုဏ်းသားများမှာ မကျေမနပ် အော်ဟစ်နေရုံမှတစ်ပါး ဘာမျှ မတတ်နိုင်ကြပေ။
ရွှမ်းမင်ဂိုဏ်းမှ ထွက်လာပြီးနောက် လင်းဖန်သည် စနစ်နှင့် စတင် စကားပြောတော့သည်။
"မင်းကတော့ အသုံးမကျတဲ့ဟာပဲ... ငါ့ကို နောက်နေတာလား...။ အဋ္ဌမအဆင့် အတိဒုက္ခ ကျင့်ကြံသူ တောင် ငါ့ကို ဘာမှမလုပ်နိုင်တာ၊ ဘာက ငါ့ကို ခြိမ်းခြောက်နိုင်မှာလဲ...။"
"မင်းက ငါ့ကို ပိုက်ဆံထပ်ကုန်အောင် အန္တရာယ်ရှိတယ်ဆိုပြီး ညာနေတာ မဟုတ်လား...။"
ထိုစကားများကို ကြားသောအခါ စနစ်မှာ ဆွံ့အသွားရလေသည်။
[ငါ့ရဲ့ စေတနာတွေ အလကား ဖြစ်ကုန်ပြီပဲ။ မင်း မထင်မှတ်ထားတဲ့ အန္တရာယ်နဲ့ တွေ့ပြီး အစောင့် အရှောက်ရုပ်သေးကို ကိုယ်တိုင်ပေါက်ကွဲစေမယ့် အဖြစ်မျိုး ကြုံမှာစိုးလို့ ငါက သတိပေးရတာပါ။]
[မင်းက မဟာယာနအဆင့် အစောပိုင်းပဲ ရှိသေးတာဆိုတာကို မမေ့ပါနဲ့။ ဒီထျန်းယွမ်တိုက်ကြီးပေါ်မှာ မင်းက အနိုင်မရနိုင်တဲ့သူလို့ တကယ် ထင်နေတာလား…။]
အစောင့်အရှောက်ရုပ်သေး၏ ဘေးကင်းရေးအတွက် စနစ်က သတိပေးနေခြင်း ဖြစ်ကြောင်း ကြားလိုက်ရသောအခါ လင်းဖန်မှာ ဆွံ့အသွားရလေသည်။
"မဟုတ်ပါဘူး….။ မင်းက ဘာလို့ ဒီရုပ်သေးကို ဒီလောက် စိုးရိမ်နေရတာလဲ။ ဒါက ရုပ်သေးသက် သက်ပဲလေ...။ အသက်မှ မရှိတာ၊ ပေါက်ကွဲသွားလည်း ဘာဖြစ်လဲ….။"
[ဒီစနစ်က ထုတ်လုပ်ထားတဲ့ ရုပ်သေးတွေက သာမန်ပစ္စည်းတွေ မဟုတ်ဘူး…။]
[ဘာပဲဖြစ်ဖြစ်...၊ မင်းသာ ဒီရုပ်သေးကို ပေါက်ကွဲအောင် လုပ်ဝံ့ရင် ငါ မင်းကို အကြွေးတွေနဲ့ သေအောင် ခြိမ်းခြောက်လိုက်မယ်...။]
[ဒါက မင်းကို ဘယ်တော့မှ ဆပ်လို့မကုန်နိုင်တဲ့ နက္ခတ္တဗေဒဆိုင်ရာ အကြွေးတွင်းထဲကို တိုက်ရိုက် ဆွဲချသွားလိမ့်မယ်….။]
စနစ်၏ ခြိမ်းခြောက်မှုကို ကြားသောအခါ လင်းဖန်မှာ ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်လိုက်သည်။
ရုပ်သေးကို ကိုယ်တိုင်ပေါက်ကွဲဆေး ကျွေးမည်ဟူသော အကြံမှာ သူ၏ စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်ပြီး တကယ် လုပ်မည်မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် ဤအစောင့်အရှောက်ရုပ်သေးများသည် တစ်လမ်း လုံး သူ ရဲရဲဝံ့ဝံ့ သောင်းကျန်းနိုင်ရန် ယုံကြည်မှု ပေးစွမ်းနေသည့် အရာများ မဟုတ်ပါလား။
အကြိမ်ပေါင်းများစွာ အသုံးမပြုရသေးသော်လည်း ရှိနေခြင်းနှင့် အသုံးမပြုခြင်းမှာ အဓိပ္ပာယ် တခြား စီပင် ဖြစ်လေသည်။ သို့သော်လည်း စနစ်က ဤရုပ်သေးအပေါ် အလေးအနက်ထားသည့် သဘောထား ကြောင့် လင်းဖန်မှာ စူးစမ်းလိုစိတ် ဖြစ်ပေါ်လာခဲ့လေသည်။
"အသုံးမကျတဲ့ကောင်... ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ။ ငါ အင်မော်တယ်ဘုံကို တက်လှမ်းသွားပြီးရင် ဒီအစောင့်အရှောက်ရုပ်သေးကို ဆက်ပြီး အဆင့်မြှင့်လို့ ရဦးမလား….။"
"အင်မော်တယ်ဘုရင်၊ အင်မော်တယ်ဧကရာဇ် ဒါမှမဟုတ် သူတော်စင် အဆင့်တွေအထိရော ရောက်နိုင် မလား….။"
စနစ်မှာမူ ဤမေးခွန်းကို ဘာမှပြန်မဖြေဘဲ တိတ်ဆိတ်နေခဲ့သည်။ စနစ်၏ တိတ်ဆိတ်မှုက လင်းဖန်ကို အတွေးပေါင်းစုံ ဖြစ်ပေါ်စေသည်။ သူ၏ ခန့်မှန်းချက် မှန်မမှန်ကိုမူ နောင်အနာဂတ်ကျမှသာ အတည် ပြုနိုင်ပေလိမ့်မည်။
သူ၏ အတွေးများကို ရပ်တန့်ကာ လင်းဖန်သည် အင်မော်တယ်တိမ်တိုက်ဂိုဏ်းဆီသို့ သယ်ယူပို့ဆောင် ရေး လုပ်ငန်းအတွက် အရှိန်မြှင့် မောင်းနှင်ခဲ့သည်။
ထိုအချိန်တွင် အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ အစည်းအဝေးခန်းမတွင် လူအများအပြား စုဝေးနေကြ လေသည်။ လျူအန်းရှန်းသည်လည်း သူ ကြုံတွေ့ခဲ့ရသည်များကို အားလုံးအား ပြောပြနေသည်။
လျူအန်းရှန်း၏ ပြောပြချက်ကို နားထောင်ပြီးနောက် အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ ဂိုဏ်းချုပ် လီချန်းချင်းက စတင် စကားစလိုက်လေသည်။
"ညီနောင်လျူ... မင်းရဲ့ အမြင်အရဆိုရင် သူတို့ရဲ့ ပစ်မှတ်က ငါတို့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းလား၊ ဒါမှမဟုတ် မိတ်ဆွေငယ်လင်းလား...။"
ထိုမေးခွန်းကို ကြားသောအခါ လျူအန်းရှန်းသည် ခဏမျှ စဉ်းစားပြီးမှ ပြန်ဖြေလိုက်လေသည်။
"ဂိုဏ်းချုပ်စီနီယာ... ကျွန်တော် လမ်းမှာ မိတ်ဆွေငယ်လင်းနဲ့ ဒီကိစ္စကို ဆွေးနွေးခဲ့ပါသေးတယ်...။"
"မိတ်ဆွေငယ်လင်းကတော့ သူ့ကိုယ်သူ ပစ်မှတ်လို့ ထင်နေတာပါ၊ ရွှမ်းမင်ဂိုဏ်းက သူ့ရဲ့ ဂိုဏ်းရွှေ့တဲ့ လုပ်ငန်းကို အလကား ခိုင်းချင်နေတယ်လို့ သူက ယူဆထားတယ်...။"
"ဒါပေမဲ့ အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။ ဒါကြောင့် ရွှမ်းမင်ဂိုဏ်းက ငါတို့ အင်မော်တယ် တိမ်တိုက်ဂိုဏ်းကို ပစ်မှတ်ထားနေတာပဲ ဖြစ်ရမယ်လို့ ကျွန်တော် ယုံကြည်တယ်...။"
"သူတို့က ဒီကိစ္စကို အသုံးချပြီး ပြဿနာရှာချင်နေတာပဲ၊ ငါတို့ဂိုဏ်း အင်အား မပြည့်စုံသေးတာကို အခွင့်ကောင်း ယူချင်နေကြတာ...။"
လျူအန်းရှန်း၏ ခန့်မှန်းချက်ကို ကြားသောအခါ အခန်းထဲရှိ လူအားလုံး တိတ်ဆိတ်သွားကြလေသည်။ သို့သော် အချို့ကမူ လျူအန်းရှန်း၏ အယူအဆကို ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ပြကြသည်။
ဘာပဲဖြစ်ဖြစ် လင်းဖန်၏ အကြောင်းပြချက်မှာ ယုံကြည်ရခက်လွန်းလှသည် မဟုတ်ပါလား။ ထိုအချိန် တွင် လီချန်းချင်းက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
"မင်းရဲ့ ခန့်မှန်းချက်ရော၊ လင်းဖန်ရဲ့ ခန့်မှန်းချက်ရော နှစ်ခုလုံး ဖြစ်နိုင်တယ်လို့ ငါ ထင်ပါတယ်။ ဒါမှ မဟုတ် နှစ်ခုလုံးက အမှန်တရား ဖြစ်နေနိုင်တာပဲ"
"ငါတို့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းနဲ့ သွေးတိမ်တိုက်ဂိုဏ်းကြားက စစ်ပွဲကြီးအပြီးမှာ ငါတို့ကို မျက်စိကျနေတဲ့ နဝမအဆင့် ဂိုဏ်းတွေ အများကြီး ရှိနေတယ်...။"
"ရွှမ်းမင်ဂိုဏ်းကတော့ အဲဒီဂိုဏ်းတွေထဲမှာ အသိသာဆုံး ဖြစ်နေတာပဲ...။"
ဤနေရာသို့ ရောက်သောအခါ အခန်းထဲရှိ လူအားလုံးကလည်း ထောက်ခံစကား ဆိုကြလေသည်။
"ဂိုဏ်းချုပ် ပြောတာ မှန်ပါတယ်။ တခြား နဝမအဆင့် အင်အားစုတွေက တိတ်တဆိတ် စူးစမ်းတာ ဒါမှမဟုတ် အခွင့်အရေးကို စောင့်နေကြတာပဲ ရှိတာပါ။ ဒါပေမဲ့ ရွှမ်းမင်ဂိုဏ်းက ဒီတစ်ခါတော့ တကယ့် ကို လူသိရှင်ကြား လုပ်လွန်းပါတယ်…။"
"ဟုတ်ပါတယ်... ဒီအပြုအမူက ငါတို့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို တိုက်ရိုက် စိန်ခေါ်လိုက်တာပဲ"
"တခြားဂိုဏ်းတွေက အဆင့်နိမ့် တပည့်တွေကြားမှာပဲ ယှဉ်ပြိုင်မှုတွေ လုပ်နေကြတာလေ။ ဒါပေမဲ့ ရွှမ်းမင်ဂိုဏ်းက အတိဒုက္ခအဆင့် ကျင့်ကြံသူကိုတောင် စေလွှတ်လိုက်တယ်ဆိုတာ... ဒါက စစ်ကြေညာ လိုက်တာနဲ့ ဘာများကွာသေးလို့လဲ…။"
လူတိုင်းက ပထမအကြောင်းပြချက်ကိုသာ ထောက်ခံနေကြစဉ်မှာပင် လီချန်းချင်းက ဆက်လက် ပြောဆိုလိုက်သည်။
"မင်းတို့ ပြောတာတွေ အားလုံး မှန်ပါတယ်... ဒါပေမဲ့ မိတ်ဆွေငယ်လင်းရဲ့ ခန့်မှန်းချက်ကလည်း အခြေ အမြစ် မရှိတာတော့ မဟုတ်ဘူး...။"
"အကယ်၍ သူ့ရဲ့ မှော်ရတနာက ညီနောင်လျူ ပြောသလို တကယ်ပဲ အံ့သြဖို့ ကောင်းနေမယ်ဆိုရင် ငါတို့ကိုယ်တိုင်တောင် လောဘစိတ်တွေ ဖြစ်လာနိုင်တယ် မဟုတ်လား...။"
ထိုစကားကို ကြားသောအခါ လျူအန်းရှန်းသည် လီချန်းချင်းကို အံ့သြသော မျက်နှာဖြင့် ကြည့်လိုက် လေသည်။ လျူအန်းရှန်း၏ အကြည့်ကို မြင်သောအခါ လီချန်းချင်းက ရယ်မောလိုက်သည်။
"ဂျူနီယာညီအစ်ကို လျူ... စိတ်မလောပါနဲ့ဦး။ ငါက လူ့သဘာဝကို ပြောပြတာပါ။"
"ဒါပေမဲ့ ငါတို့က မင်းနဲ့ လင်းဖန်ရဲ့ ဆက်ဆံရေးကို သိထားကြတာပဲလေ...။ မင်းတို့က မိသားစုလို ဖြစ်နေကြပြီပဲ။ ငါတို့ လူအချင်းချင်းကြားမှာတော့ လောဘစိတ်တွေ ရှိလာမှာ မဟုတ်ပါဘူး…။"
"အဲဒီအပြင် မင်းပြောခဲ့သလိုပဲ မိတ်ဆွေငယ် လင်းမှာ ထူးခြားတဲ့ နောက်ခံတွေ ရှိနေမယ်လို့လည်း ငါတို့ ယုံကြည်ပါတယ်…။"
"ဒါပေမဲ့ ဂျူနီယာညီအစ်ကို လျူ...။ မင်း နားလည်ထားရမှာက ငါတို့က မင်းအပေါ် ယုံကြည်မှု ရှိလို့သာ ဒီလို တွေးပေးတာပါ။ လင်းဖန်နဲ့ ဘာပတ်သက်မှုမှ မရှိတဲ့ တခြားဂိုဏ်းတွေကတော့ အဲဒီလို တွေးမှာ မဟုတ်ဘူး…။"
"သူတို့က လင်းဖန်ကို မသိဘူးလေ။ အဲဒါကြောင့် လင်းဖန်ရဲ့ မည်သူမည်ဝါဖြစ်ကြောင်း မင်းရဲ့ ခန့်မှန်း ချက်တွေကိုလည်း သူတို့ မသိနိုင်ဘူး…။"
"ရွှမ်းမင်ဂိုဏ်းကတော့ လင်းဖန်ကို ငါတို့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက လူတစ်ယောက်လို့ပဲ ယူဆ မှာပဲ။ ငါတို့ရဲ့ အခုလက်ရှိ အခြေအနေအရဆိုရင် သူတို့အတွက် ကြောက်စရာ ဘာမှမရှိဘူးလို့ ထင်နေ ကြမှာပေါ့….။"
လီချန်းချင်း၏ စကားကြောင့် လျူအန်းရှန်းမှာ ချက်ချင်းပင် သဘောပေါက်သွားတော့သည်။
မှန်ပါသည်... တခြားလူများသည် လင်းဖန်ကို သူ သိသလောက် မသိကြပေ။ လင်းဖန်တွင် မြင့်မြတ်ရာ နယ်မြေများကိုပင် ကျော်လွန်သော ကောင်းချီးပေးထားသည့် နယ်မြေတစ်ခု ရှိနေသည်ကို သူတို့ မသိ ကြပေ။
လင်းဖန်တွင် ဤမျှ မြန်ဆန်သော ကျင့်ကြံမှုအမြန်နှုန်း ရှိနေသည်ကိုလည်း သူတို့ မသိကြပေ။ လင်းဖန် တွင် အတိဒုက္ခအဆင့် အထွတ်အထိပ်ရှိသော အစောင့်အရှောက်ရုပ်သေး တစ်ဦး ရှိနေသည်ကိုလည်း သူတို့ မသိကြပေ။
ဤအရာများကို မသိကြသည့်အတွက် သူတို့သည် လင်းဖန်၏ နောက်ခံကို ကြောက်ရွံ့နေကြမည် မဟုတ်ပေ။
***