လျူအန်းရှန်းကိုယ်တိုင်ပင်လျှင် ကနဦး၌ လင်းဖန်၏ နောက်ခံမှာ မရိုးရှင်းကြောင်း ခန့်မှန်းထားခြင်းသာ ဖြစ်ပြီး ခိုင်လုံသော အထောက်အထား တစ်စုံတစ်ရာ မရှိခဲ့ပေ။ လျူအန်းရှန်း တိတ်ဆိတ်နေသည်ကို မြင်သောအခါ လီချန်းချင်းက တိုက်ရိုက်ပင် နိဂုံးချုပ်လိုက်တော့သည်။
"အထက်ပါ အချက်တွေကို ထောက်ရှုပြီး ကျွန်ုပ် ဒီလို ကောက်ချက်ချလိုက်တယ်...။"
"အမြဲတမ်း မာနထောင်လွှားတတ်တဲ့ ရွှမ်းမင်ဂိုဏ်းဟာ ငါတို့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို အချိန် အတော်ကြာကတည်းက မျက်စိကျနေခဲ့တာ။ အခု မိတ်ဆွေငယ် လင်းရဲ့ နတ်ဘုရားအဆင့် ရတနာလို့ ယူဆရတဲ့ ပစ္စည်းပါ ထပ်တိုးလာတော့ သူတို့ဟာ ငါတို့ဂိုဏ်းကို တိုက်ခိုက်ဖို့ ပိုပြီးတော့တောင် ဆုံးဖြတ် ချက် ခိုင်မာသွားကြပြီ….။"
"တစ်ဖက်လူမှာ အတိဒုက္ခအဆင့် ကျင့်ကြံသူ နှစ်ယောက်တောင် ဆုံးရှုံးသွားပြီလေ…။"
"ဒါက ကံကြမ္မာတစ်ခု ဖြစ်ခဲ့ရင်တောင် ဒီပဋိပက္ခကတော့ ရှောင်လွှဲလို့မရတော့တာ အသေအချာပဲ…။"
"ငါတို့ လုပ်ရမှာကတော့ အလစ်အငိုက် အတိုက်မခံရအောင် တိုက်ပွဲအတွက် ပြင်ဆင်ထားကြဖို့ပဲ…။"
လီချန်းချင်းစကားဆုံးသွားသည်နှင့် ခန်းမအတွင်းရှိ အငွေ့အသက်များမှာ ချက်ချင်းပင် အရှိန်အဟုန် မြင့်တက်လာလေတော့သည်။
"ဟန့်... ရွှမ်းမင်ဂိုဏ်းက ငါတို့ကို အနိုင်ကျင့်လို့ရတဲ့သူတွေလို့ တကယ်ပဲ ထင်နေတာလား…။ သူတို့သာ တကယ် လာတိုက်ဝံ့ရင် သူတို့ကို နောင်တရသွားစေရမယ်…။"
"မှန်တယ်... သွေးမိစ္ဆာဂိုဏ်း လာတိုက်တုန်းက သူတို့ကို အမြစ်ပြတ် သုတ်သင်နိုင်ခဲ့ရင် ရွှမ်းမင်ဂိုဏ်းကို လည်း ငါတို့ သုတ်သင်နိုင်တာပဲ…။"
အစည်းအဝေး ပြီးဆုံးသွားပြီးနောက် လူတိုင်းသည် အသင့်ပြင်ရန်အတွက် အသီးသီး ထွက်ခွာသွားကြ လေသည်။ ဂိုဏ်း၏ အမိန့်တော် ထုတ်ပြန်ပြီးနောက် အင်မော်တယ်တိမ်တိုက်ဂိုဏ်း တစ်ခုလုံး လှုပ်လှုပ် ရှားရှား ဖြစ်သွားတော့သည်။
ဂိုဏ်းချင်း စစ်ပွဲဖြစ်ပြီဆိုလျှင် အဆင့်မြင့် ကျင့်ကြံသူချင်း ယှဉ်ပြိုင်ရုံမျှနှင့် မပြီးပေ။ ဂိုဏ်း၏ တပည့် များမှာလည်း စစ်ပွဲ၏ လားရာကို ဆုံးဖြတ်ပေးမည့် အဓိက အချက်အချာများ ဖြစ်ကြသည်။
တစ်ဖက် မှာတော့ လင်းဖန်ဟာ ထျန်းဟော်ဂိုဏ်းကို ချင်းယွင်ဂိုဏ်းရဲ့ ဘေးနားမှာ အောင်မြင်စွာ နေရာချ ပြီးသွားခဲ့လေပြီ။
"သွားကြရအောင် ညီမလေး လဲ့ယန်။ ငါတို့မှာ အင်မော်တယ်စုံတွဲဂိုဏ်းနဲ့ ချင်းယွင်ဈေးကွက်ကို သယ်ဖို့ ကျန်သေးတယ်လေ…။"
ထို့နောက် လင်းဖန်သည် ယခင်အတိုင်းပင် ထိုနည်းလမ်းကို ထပ်မံ အသုံးပြုလိုက်သည်။
အင်မော်တယ်စုံတွဲဂိုဏ်းကို ကျုံးကျိုးသို့ ခေါ်ဆောင်လာပြီးနောက် ယခင် လမ်းကြောင်းအတိုင်းပင် ဆက်လက် ထွက်ခွာလာခဲ့လေသည်။ လမ်းတွင် ရွှေဓားဂိုဏ်းကဲ့သို့သော ဂိုဏ်းအချို့ ရှိနေသေး၏။ ပထမနှစ်ကြိမ်ပြီးနောက်တွင်မူ ဤအရာမှာ သာမန်ကိစ္စတစ်ခု ဖြစ်သွားခဲ့လေပြီ ဖြစ်သည်။
လင်းဖန်သည် နှုတ်ဆက်ရန်ပင် စိတ်မဝင်စားတော့ဘဲ တစ်ဖက်ဂိုဏ်း၏ အထက်မှ အသာအယာပင် ဖြတ်ကျော်သွားလေတော့သည်။
လင်းဖန်သည် ရွှမ်းမင်ဂိုဏ်း၏ ဌာနချုပ်သို့ နောက်တစ်ကြိမ် ရောက်ရှိလာသောအခါ တစ်ဖန် စိတ်လှုပ် ရှားလာပြန်၏။ ထျန်းဟော်ဂိုဏ်းနှင့် ပထမအကြိမ် စမ်းသပ်မှုအရ လင်းဖန်သည် သူသာ အကြာကြီး မနေပါက အန္တရာယ် မရှိနိုင်ကြောင်း သိထားသည်။ ထို့ကြောင့် သူတို့သည် ရွှမ်းမင်ဂိုဏ်း၏ ဂိုဏ်းစောင့် အစီအရင်ကို လျစ်လျူရှုကာ ဂိုဏ်းအတွင်း၌ ရမ်းကားဖျက်ဆီးလေတော့သည်။
ရွှမ်းမင်ဂိုဏ်းဝင်များမှာ သူတို့၏ ဝှက်ဖဲများကို အသုံးပြုရန် အကြိမ်ကြိမ် ကြံစည်ကြသော်လည်း ယခင် တစ်ခေါက်က တစ်ဖက်လူမှာ စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားခဲ့သဖြင့် ကြာကြာနေမည် မဟုတ် ကြောင်း ဆင်ခြင်မိကြသည်။
သူတို့၏ အရင်းအမြစ်များကို အသုံးပြုလိုက်သော်လည်း တစ်ဖက်လူက ထွက်ပြေးသွားပါက သူတို့၏ စွမ်းအင်များမှာ အလဟဿ ဖြစ်သွားမည်ကိုလည်း စိုးရိမ်နေခဲ့ကြလေသည်။ ထို့ကြောင့် လင်းဖန်က အဆောက်အဦးအချို့ကို ဖျက်ဆီးပြီး ထွက်သွားသည်အထိ ကြည့်နေရုံမှတစ်ပါး ဘာမျှ မတတ်နိုင်ခဲ့ ကြပေ။
လင်းဖန်သည် အင်မော်တယ်စုံတွဲဂိုဏ်းကို နေရာချပေးပြီးနောက် ချင်းယွင်ဈေးကွက် တစ်ခုသာ ကျန်ရှိ တော့လေသည်။ ချင်းယွင်ဈေးကွက်ကို ကျုံးကျိုးသို့ ခေါ်ဆောင်လာပြီးနောက်တွင်မူ လင်းဖန်သည် မျှော်လင့်ထားသည့်အတိုင်း ရွှမ်းမင်ဂိုဏ်းသို့ ထပ်မံ အလည်သွားလိုက်ပြန်သည်။
"မင်း... ဒီကောင်လေး။ မင်း ဘယ်တော့မှ မရပ်တော့ဘူးလား..။ ငါတို့က မင်းကို ဘာမှမလုပ်နိုင်ဘူးလို့ တကယ် ထင်နေတာလား…။"
လင်းဖန် ရောက်လာသည်ကို မြင်သောအခါ ဒေါသနှင့် အရှက်ကွဲမှုကြောင့် ပေါက်ကွဲလုမတတ် ဖြစ်နေ သော ရွှမ်းမင်ဂိုဏ်းသားများက သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်နေကြတော့သည်။
လင်းဖန်ကမူ တစ်ဖက်လူ၏ ခြိမ်းခြောက်မှုကို လျစ်လျူရှုထားသည်။ စနစ်တွင် ရုပ်သေး ပေါက်ကွဲသွား မှာ စိုးရိမ်သည့် သတိပေးစနစ် ရှိလေ၏။ တကယ်သာ အန္တရာယ် ရှိလာလျှင် သူ ချက်ချင်း ထွက်ပြေးရုံ သာ ရှိပေသည်။
"ခင်ဗျားတို့က ကစားချင်သေးတာလား…။ အခု ကျွန်တော် ကစားပေးနေတာလေ...။ တော်တော်လေး ပျော်ဖို့ကောင်းတယ်…။"
"ဪ... အဲဒါကြောင့် ခင်ဗျားတို့က ကျွန်တော်နဲ့ နေရာရွှေ့ပြောင်းရေး လုပ်ငန်း မလုပ်ကြတာကိုး။ အဆောက်အဦး ဖျက်သိမ်းရေး လုပ်ငန်းတွေ ကျွန်တော့်အတွက် ချန်ထားပေးတယ်ပေါ့လေ…။"
"ကြည့်စမ်း... ကျွန်တော် ခင်ဗျားတို့အတွက် တရားမဝင် ဆောက်ထားတဲ့ အဆောက်အဦးတွေ အများ ကြီး ဖျက်ပေးခဲ့ပြီလေ။ ကျွန်တော့်ကို လုပ်အားခ နည်းနည်းလောက်တော့ မပေးသင့်ဘူးလား…။"
လင်းဖန်၏ လှောင်ပြောင်သော လေသံကို ကြားရသည့်အခါ ရွှမ်းမင်ဂိုဏ်းမှ ကျင့်ကြံသူများမှာ ဒေါသ ကို မထိန်းနိုင်ကြတော့ပေ။
"ကောင်းပြီ... ကောင်းပြီ... ပျော်နေတယ်ပေါ့လေ။ မင်း စောင့်နေလိုက်ဦး။ ငါတို့ရဲ့ ဘိုးဘေးကို ထွက်လာ ခိုင်းပြီး မင်းနဲ့ ကစားခိုင်းလိုက်မယ်…။"
ပြောပြောဆိုဆိုနှင့်ပင် သူတို့ထဲမှ တစ်ယောက်သည် ဂိုဏ်း၏ အတွင်းပိုင်းသို့ ပျံသန်းသွားတော့သည်။ ကြည့်ရသည်မှာ သူပြောသကဲ့သို့ပင် ဂိုဏ်း၏ ဘိုးဘေးကို သွားရောက် နှိုးတော့မည့်ပုံပင်။
၎င်းကို မြင်သောအခါ လင်းဖန်သည် ဆက်လက် မနောက်ပြောင်တော့ဘဲ ချက်ချင်းပင် ထွက်ပြေးလေ တော့သည်။ လင်းဖန် ထပ်မံ ထွက်ပြေးသွားသည်ကို မြင်သောအခါ ရွှမ်းမင်ဂိုဏ်းသားများမှာ သူ ထွက်သွားသည့် ဘက်သို့ လှမ်း၍ ဒေါသတကြီး အော်ဟစ်ကြပြန်လေသည်။
လင်းဖန် ထွက်သွားပြီး မကြာမီမှာပင် ရွှမ်းမင်ဂိုဏ်း၏ အနက်ရှိုင်းဆုံးနေရာမှ အလွန် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာတော့သည်။
ထိုအရှိန်အဝါကြောင့် အင်မော်တယ် တိမ်တိုက်ဂိုဏ်း၏ အထက်ကောင်းကင်တွင် မည်းမှောင်သော တိမ်တိုက်များပင် ဖုံးလွှမ်းသွားရသည်။ ဤ ထျန်းယွမ်တိုက်ကြီး၏ စည်းမျဉ်းများက ထိုကဲ့သို့သော အရှိန်အဝါမျိုး တည်ရှိနေခြင်းကို ခွင့်မပြုသည့်ပုံပင်။
သို့သော်လည်း ရွှမ်းမင်ဂိုဏ်း၏ အထက်၌ အတိဒုက္ခ ကျရောက်တော့မည့် နိမိတ်အဖြစ် မည်းမှောင် သော တိမ်တိုက်များ စုရုံးလာစဉ်မှာပင် အစောပိုင်းက အရှိန်အဝါမှာ ရုတ်တရက် ပျောက်ကွယ်သွား လေတော့သည်။ ၎င်းမှာ တစ်စုံတစ်ခုဖြင့် ဖုံးကွယ်လိုက်ခြင်း သို့မဟုတ် ပြန်လည် ပုန်းအောင်းသွားခြင်း ဖြစ်ဟန်တူသည်။
မကြာမီမှာပင် ရွှမ်းမင်ဂိုဏ်း၏ တိုင်ပင်ဆွေးနွေးရာ ခန်းမဆောင်မှ အမိန့်တစ်ခု ထုတ်ပြန်လိုက်လေ၏။ ဂိုဏ်းတစ်ခုလုံး စစ်ပွဲအတွက် ပြင်ဆင်ကြရန်နှင့် နောက် (၇) ရက်အကြာတွင် အင်မော်တယ်တိမ်တိုက် ဂိုဏ်းကို တိုက်ခိုက်တော့မည် ဖြစ်ကြောင်းပင်။
ဤသတင်း ပြန့်နှံ့သွားပြီးနောက် ရွှမ်းမင်ဂိုဏ်းသား အများစုမှာ ဆာလောင်နေသော ဝံပုလွေများကဲ့သို့ အမူအရာများ ပြသလာခဲ့ကြ၏။ သူတို့မှာ စစ်ပွဲကို အငမ်းမရ စောင့်မျှော်နေကြသည့် စစ်လိုလားသူများ ဖြစ်ကြသည့်ပုံပင်။
နောက်ရက်တွေမှာတော့ ရွှမ်းမင်ဂိုဏ်းနဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းတို့ စစ်ဖြစ်တော့မယ်ဆိုသော သတင်းက တောမီးပမာ ပြန့်နှံ့သွားလေတော့သည်။ ကျုံးကျိုးက လူအားလုံးရဲ့ အာရုံစိုက်မှုသည် ဒီနဝမ အဆင့် ဂိုဏ်းကြီး နှစ်ခုဆီကို ရောက်ရှိသွားပါတော့သည်။
ဒီပြဿနာအားလုံးကို စတင်ခဲ့တဲ့ လင်းဖန်ကတော့ ဒါကို သိပ်ပြီး ဂရုစိုက်မိခြင်းမရှိချေ။ သူကတော့ အခု ဂိုဏ်းသုံးဂိုဏ်းနဲ့ ဈေးကွက်ကို နေရာချရင်္နအတွက် အလုပ်ရှုပ်နေသည်ပင်။
"ဟူး... ညီမလေးလဲ့ယန်... ဒီဂိုဏ်းသုံးဂိုဏ်းကို ဒီလိုမျိုး စီစဉ်ထားတာ သင့်တော်တယ်လို့ မင်း ထင် လား...။"
"ဂိုဏ်းသုံးဂိုဏ်းရဲ့ တံခါးဝတွေကို ဘယ်ဘက်ကိုလှည့်ထားရင် ကောင်းမလဲ...။"
"ဒါမှမဟုတ် ဂိုဏ်းသုံးဂိုဏ်းနဲ့ ဈေးကွက်ကို မတူညီတဲ့ ဘက်တွေကို ဦးတည်ခိုင်းထားရမလား...။"
ဂိုဏ်းသုံးဂိုဏ်းနှင့် ဈေးကွက်ကို ခေါ်လာပြီးနောက် လင်းဖန် ပြဿနာအသစ်နှင့် ကြုံတွေ့နေရခြင်း ဖြစ် သည်။ ဂိုဏ်းဌာနချုပ် သုံးခုကို သူ မည်သို့ပင် စီစဉ်ထားပါစေ... ဒေသန္တရ ပတ်ဝန်းကျင်နှင့် တစ်မျိုးကြီး ဖြစ်နေသကဲ့သို့ ခံစားနေရသည်။ ထိုသို့ ကမောက်ကမ ဖြစ်နေခြင်းက လင်းဖန်ကို စိတ်မသက်မသာ ဖြစ်စေသည်။
"စီနီယာအစ်ကို လင်း...။ ကျွန်မကတော့ ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေပါတယ်…။"
"အစ်ကို စီစဉ်ထားတာတွေ အားလုံးက ကြည့်လို့ကောင်းပါတယ်…။"
လဲ့ယန်ရဲ့ အဖြေကို ကြားတော့ လင်းဖန် ဆွံ့အသွားလေ၏။
လီလဲ့ယန်၏ အဖြေကို ကြားသောအခါ လင်းဖန် ဆွံ့အသွားရသည်။
*ကောင်းပြီလေ... သူမဆီကတော့ ဘာမှ ရနိုင်မှာ မဟုတ်ဘူး…။*
"မြင့်မြတ်နယ်မြေထဲ သွားပြီး လီယွမ်ဖေးတို့ဆီမှာပဲ သွားမေးကြည့်တော့မယ်...။ သူတို့ကို ဒီသတင်း ကောင်း ပြောပြဖို့လည်း အချိန်တန်ပြီပဲ...။"
ခဏအကြာတွင် ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ အတွင်း၌...
လင်းဖန်သည် လီယွမ်ဖေးနှင့် တခြားလူနှစ်ယောက်၏ ခေါင်းပေါ်ရှိ ကျဲပါးလှသော ဆံပင်အနည်းငယ် ကို ကြည့်ကာ မရယ်ဘဲ မနေနိုင်အောင် ဖြစ်နေရသည်။ သို့သော် သူတို့၏ ခံစားချက်ကို ငဲ့ညှာသောအား ဖြင့် လင်းဖန်က ရယ်ချင်စိတ်aကို အတင်းအကျပ် အောင့်ထားလေရ၏။
"ဖူး... ဂလု... ဂလု... ဂလု...။"
လင်းဖန်က မရယ်မိအောင် အတင်းအောင့်ထားစဉ်မှာပင် သူ၏ဘေးမှ လီလဲ့ယန်ကမူ မထိန်းနိုင်ဘဲ ပေါက်ကွဲထွက်သွားတော့သည်။ သူမသည် "ဖူး.. " ဟု အသံထွက်ကာ ပါးစပ်ကို လက်ဖြင့် အုပ်၍ တခစ်ခစ် ရယ်လေတော့သည်။
သူမဖခင်၏ စူးစိုက်ကြည့်မှုကို ခံလိုက်ရသောအခါ လီလဲ့ယန်သည် အကြောင်းပြချက်တစ်ခု ပေးကာ အမြန်ပင် ထွက်ပြေးသွားလေတော့သည်။
"မြင့်မြတ်တဲ့အရှင်... ကျွန်တော်တို့ရဲ့ ဆံပင်တွေက တခြားတပည့်တွေနဲ့ ဘာလို့ မတူတာပါလဲ…။"
"ဟုတ်ပါတယ်... ကျွန်တော်တို့ ခေါင်းပေါ်က ဆံပင်စိမ်းတွေ ကျွတ်သွားပြီးတဲ့နောက် တခြားတပည့်တွေ ရဲ့ ဆံပင်တွေက ဖြည်းဖြည်းချင်း ပြန်ပေါက်လာပေမဲ့ တစ်ပြိုင်တည်း အကုန်ပေါက်လာတာလေ။"
"ကျွန်တော်တို့ကျမှ ဘာလို့ တစ်ပင်ချင်းစီ ပေါက်နေရတာလဲ…။"
"ဒီလို ဆံပင်အနည်းငယ် ရှိနေတာက ဘာမှမရှိတာထက်တောင် ပိုဆိုးသေးတယ်...။ ကြည့်ရတာ အရမ်း ရုပ်ဆိုးတာပဲ...။ ကျွန်တော်ဖြင့် အကုန်လုံး နှုတ်ပစ်ချင်စိတ် ပေါက်နေပြီ...။"
လင်းဖန်သည်လည်း သူတို့၏ မေးခွန်းကြောင့် ဇဝေဇဝါ ဖြစ်သွားရသည်။ မြင့်မြတ်နယ်မြေအတွင်းသို့ ဝင်လာပြီးနောက် လင်းဖန်သည် တခြားတပည့် အများအပြားနှင့်လည်း တွေ့ခဲ့လေသည်။
တပည့် အများအပြား၏ ဦးခေါင်းများပေါ်တွင် ခပ်စိပ်စိပ်လေး ပေါက်နေသော ဆံပင်အမြစ်များကို မြင်တွေ့ခဲ့ရလေသည်။ ကြည့်ရသည်မှာ သိပ်တော့ မလှသေးသော်လည်း အနည်းဆုံးတော့ တစ်ချက် ကြည့်လိုက်လျှင် ဆံပင်အမည်းရောင်များ မြင်နေရသည်ပင်။
လီယွမ်ဖေးတို့ သုံးယောက်လို ပြောင်လက်နေတဲ့ ခေါင်းပေါ်မှာ ဆံပင် လေးငါးပင်ပဲ ရှိနေတာမျိုး တော့ မဟုတ်ချေ။ သူတို့ရဲ့ ဆံပင်တွေက တပည့်တွေထက် ပိုရှည်နေသော်လည်း အရမ်းကို ကျဲလွန်းနေခြင်း ပင်။
"အဲ... ဦးလေးလီ...။ ဦးလေးတို့ရဲ့ အခြေအနေကို ကျွန်တော်လည်း သိပ်ပြီးတော့ မသဲကွဲဘူး…။"
"အင်း... ဦးလေးလီ... ခင်ဗျားတို့ အခြေအနေကို ငါလည်း သိပ်မသေချာဘူး...။"
"ဒါက ဦးလေးတို့ အသက်အရွယ်တစ်ခုကို ရောက်သွားလို့များလား...။"
လင်းဖန်၏ မေးခွန်းက လီယွမ်ဖေးတို့ သုံးယောက်ကို လုံးဝ ကြောင်အမ်းသွားစေခဲ့သည်။
"အသက်အရွယ်တစ်ခုကို ရောက်သွားလို့ဟုတ်လား...။"
"ဘာကို ဆိုလိုတာလဲ...။"
"ဘယ်လို အသက်အရွယ်လဲ...။"
တစ်ဖက်လူက နားမလည်သည်ကို မြင်သောအခါ လင်းဖန်က တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ရှင်းပြတော့ သည်။
"အဲဒါက... အဲဒါက... ဒီလိုလေ...။"
"စကားပုံ ရှိတယ် မဟုတ်လား...။ လူလတ်ပိုင်းအရွယ် ရောက်လာရင် ထိပ်ပြောင်တာက သဘာဝ ပဲလို့လေ...။"
"ဦးလေးတို့လည်း ထိပ်ပြောင်ရမယ့် အသက်အရွယ်ကို ရောက်နေပြီ မဟုတ်လား...။"
***