ဓားပေါ်တွင် ခန့်ညားထည်ဝါသော ရုပ်တုတစ်ခုကဲ့သို့ ရပ်နေသည့် ထိုသူသည် အသားဖြူဖြူ၊ ရုပ်ရည်ချောမောကာ အသက်နှစ်ဆယ်ကျော်ခန့် ရှိပုံရသည်။ သူ၏ ရှည်လျားသော ဆံပင်အနက်ရောင်နှင့် ဓားသွားသဏ္ဌာန် မျက်ခုံးများက သူ့ကို တင်းမာခက်ထန်သော ရုပ်သွင်ဖြစ်စေပြီး၊ ရင့်မှည့်သော အညိုရောင်မျက်လုံးများမှာ အေးစက်ကာ ဂရုမစိုက်သော အရိပ်အယောင်များ ရှိနေသည်။
ခေါင်းစွပ်ခြုံထားသော အေ့စ် မျက်နှာကို လှမ်းကြည့်လိုက်သောအခါ၊ ထိုအေးစက်သော မျက်လုံးများထဲတွင် ပိုးကောင်တစ်ကောင်ကို ကြည့်နေသကဲ့သို့ အထင်အမြင်သေးမှုများ သိသိသာသာ ပေါ်လွင်လာသည်။
အေ့စ်ကို ခဏမျှ အကဲခတ်ပြီးနောက် သူ၏မျက်လုံးထဲတွင် အံ့သြရိပ်တစ်ခု ဖြတ်ပြေးသွားသည်။ အဘယ်ကြောင့်ဆိုသော် အေ့စ်က စကားတစ်ခွန်းမှ မပြောသည့်အပြင် ကြောက်လန့်တကြားလည်း မဖြစ်ဘဲ၊ သူကဲ့သို့ပင် အရင် စကားစပြောရန် အစီအစဉ်မရှိသည့်အတိုင်း သူ့ကို ပြန်လည်စိုက်ကြည့်နေသောကြောင့် ဖြစ်သည်။
အေ့စ် သူ့ကိုမြင်လျှင် ထိတ်လန့်သွားမည်၊ သို့မဟုတ် အသက်ချမ်းသာပေးရန် တောင်းပန်လိမ့်မည်ဟု သူထင်ထားခဲ့သော်လည်း အခြေအနေမှာ ထိုသို့ လုံးဝမဟုတ်ပေ။
ထို့အပြင် အနက်ရောင်တွင်းနက်ကြီးသဖွယ် ဖြစ်နေသော ခေါင်းစွပ်ရှည်ကြီးကို ကြည့်လေလေ၊ အေ့စ်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသဖြင့် သူ ပို၍ စိတ်မသက်မသာ ဖြစ်လာလေလေ ဖြစ်သည်။ သို့တိုင် သူကဲ့သို့သော သူတစ်ယောက်က သာမန်ပုရွက်ဆိတ် အပေါ်တွင် သူ၏ သိုင်းအာရုံကို အသုံးပြုရန်မှာ သိက္ခာကျသည်ဟု ယူဆကာ အထင်အမြင်သေးနေမိသည်။
'ချီဝိညာဉ်သရုပ်ပြခြင်းနယ်ပယ် အစောပိုင်းအဆင့် လူသားတစ်ယောက်လား.. ပြီးတော့ ဒီလောက်တောင် ငယ်သေးတာလား၊ လူသားတွေက ဘယ်တုန်းက ဒီလောက်တောင် အစွမ်းထက်သွားတာလဲ၊ ဒါမှမဟုတ် သူ့ရုပ်ကသာ ငယ်နေတာလား၊ တကယ်က လူငယ်လေးလို ဟန်ဆောင်ကစားနေတဲ့ အဖိုးကြီးတစ်ယောက်လား..'
ဓားပေါ်တွင် ရပ်နေသော ထိုလူကို ကြည့်ရင်း အေ့စ် တွေးတောနေမိသည်။
အမှန်အတိုင်းပြောရလျှင် အေ့စ်ဟာ ပျံသန်းနိုင်သော သားရဲတစ်ကောင်ကဲ့သို့ ဓားပေါ်တွင် စီးနင်းလာသူကို မြင်ရသဖြင့် အတော်ပင် အံ့အားသင့်နေမိသည်။ ရွှေကောင်းကင်ကမ္ဘာတွင် ဤကဲ့သို့သော နည်းလမ်းမျိုးကို တစ်ခါမျှ မကြားဖူးခဲ့ချေ။ အထူးသဖြင့် လူသားများက ဤကဲ့သို့ ဆန်းသစ်သော နည်းလမ်းကို အသုံးပြုနေခြင်း ဖြစ်သည်။
ထို့အပြင် အခြားတစ်ဖက်မှလူကို သူ အကဲခတ်လေလေ၊ တစ်ခုခုတော့ မမှန်ဟု ခံစားရလေလေဖြစ်ပြီး ဓားပေါ်မှလူထံမှ အန္တရာယ်အငွေ့အသက်ကိုပင် သူ ခံစားလိုက်ရသည်။
သို့သော်လည်း တစ်ဖက်မှလူမှာ သံသယဖြစ်စရာမလိုဘဲ လူသားတစ်ဦးပင် ဖြစ်သည်။ ဤအချက်တစ်ခုတည်းကပင် အေ့စ်ကို ဒီနေရာက ဘယ်မှာလဲဆိုသည်ကို သိလိုစိတ် ပြင်းပြစေရန် လုံလောက်လှသည်။
"စနစ်... မျက်နှာနံပါတ် ၃ ကို အသက်သွင်းလိုက်"
ရုတ်တရက် သူ့ မျက်နှာက မျက်နှာဖုံးအောက်တွင် စတင်တွန့်လိမ်သွားတော့သည်။
ထိုအချိန်တွင် ဓားပေါ်မှလူကလည်း နောက်ဆုံး၌ ပါးစပ်ဟလိုက်ပြီး သူ၏ နက်ရှိုင်းသော အသံမှာ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် မြည်ဟည်းသွားသည်။
"မင်းမျက်နှာကို ပြစမ်း၊ ပြီးတော့ မင်းဘယ်သူလဲဆိုတာ ပြောစမ်း"
သူ၏ အသံမှာ မေးခွန်းထုတ်နေသော်လည်း မာနထောင်လွှားမှုများဖြင့် ပြည့်နှက်နေသည်။ ထိုမာနမှာ သူ၏ ကိုယ်နေဟန်ထားကိုပင် မပျက်ယွင်းစေလောက်အောင် အရိုးထဲထိ စွဲမြဲနေပုံရသည်။
အေ့စ်က သူ့လက်ကို လှုပ်ရှားလိုက်ပြီး ခေါင်းစွပ်အောက်မှ မျက်နှာကို ဖော်ပြလိုက်သည်။ အသက် ၁၇ နှစ်အရွယ်၊ သာမန်ရုပ်ရည်နှင့် အသား အနည်းငယ်ညိုသော လူသားတစ်ဦး၏ မျက်နှာ ပေါ်ထွက်လာသည်။
မျက်နှာနံပါတ် ၃ မှာ သူ အလယ်အလတ်အဆင့် နယ်မြေများတွင် အသုံးပြုခဲ့သော ရိုင်ယန်၏ မျက်နှာပင်ဖြစ်သည်။
မျက်နှာဖုံးထဲတွင် သိမ်းဆည်းထားသော လူသားမျက်နှာ အနည်းငယ်ကို အသုံးမပြုခဲ့သည်မှာ ကြာပြီဖြစ်သည်။
သူ၏ မျက်နှာဖုံးထဲတွင် များသောအားဖြင့် အသူရာ မျက်နှာများသာ ရှိသော်လည်း၊ ယခုအခြေအနေတွင် ထိုလူ၏ရှေ့၌ အသူရာမျက်နှာကို ပြသခြင်းမှာ ပညာရှိရာမကျဟု သူယူဆလိုက်သည်။
အေ့စ်ဟာ အခြားတစ်ဖက်မှလူနှင့် ထိပ်တိုက်မတွေ့ရဘဲ သူ့ကို လှည့်စားနိုင်မလားဟု စမ်းသပ်ချင်နေသည်။ ထို့ကြောင့် သူ၏ ကျင့်ကြံဆင့်ကို လုံးဝဖုံးကွယ်ထားပြီး၊ ထိုသူက သူ့ကို အထင်သေးကာ တိုက်ခိုက်လာလျှင် အငိုက်မိစေရန် ပြင်ဆင်ထားခြင်းဖြစ်သည်။ ၎င်းက အကျိုးရှိလာနိုင်ပေသည်။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူဟာ သူ ကုန်းမြေသို့ မရောက်မီမှာပင် ပေါ်လာခြင်းဖြစ်ပြီး အလွန်လည်း မြန်ဆန်လှသည်။ ၎င်းမှာ သူ့နောက်ကွယ်မှ လူများက ဤနယ်မြေကို စောင့်ကြည့်နိုင်သော နည်းလမ်းရှိနေပြီး သူ့ကို စုံစမ်းရန် လွှတ်လိုက်ခြင်းပင် ဖြစ်ရမည်။
ထို့အပြင် ဤလူက အေ့စ်ဟာ အနက်ရောင်နယ်မြေထဲမှ ထွက်လာသည်ကို သိပုံမရပေ။ သိခဲ့လျှင် အဖော်များ ပိုမိုပါလာလိမ့်မည်၊ သို့မဟုတ် နောက်ကွယ်မှလူများက အေ့စ် ကဲ့သို့ ထူးဆန်းသောအရာကို ဂရုမစိုက်ခြင်းသာ ဖြစ်ရမည်။ သို့သော် လူသားတို့၏ စပ်စုတတ်သော သဘာဝအရ ၎င်းကို ယုံကြည်ရန် ခဲယဉ်းလှသည်။
နောက်ဆုံးတစ်ချက်မှာ၊ ဤလူသည် မြင်မြင်ချင်း တိုက်ခိုက်ခြင်းမပြုဘဲ သူ့ကိုယ်သူ မည်သူမည်ဝါဖြစ်ကြောင်း ပြောရန် အခွင့်အရေးပေးခြင်းကြောင့်၊ ပထမအခြေအနေ ဖြစ်နိုင်ခြေမှာ ပိုများနေပြီး မည်သူမှန်းမသိသောအချက်ကြောင့်သာ ရန်လိုနေခြင်း ဖြစ်သည်။
အေ့စ် စကားပင် မပြောရသေးမီ၊ ထိုလူက အေ့စ် မျက်နှာကို မြင်လိုက်ရသောအခါ သူ့မျက်လုံးထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ လက်ခနဲ ဖြစ်သွားပြီး အော်ဟစ်လိုက်၏။
"ရိုင်းလှချည်လား.. မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ကျွန်တောင်တန်းကနေ ထွက်လာပြီး ဒီလို ပုပ်သိုးနေတဲ့ သစ်သားချပ်နဲ့ သလင်းမြစ်ထဲကို ဝင်လာရဲတာလဲ..."
တစ်ဖက်လူ၏ ရုတ်တရက်ဆန်သည့် အော်ဟစ်မှုကြောင့် အေ့စ် ကြောင်အသွားပြီး ထိုသူ ဘာပြောနေသည်ကို နားမလည်နိုင် ဖြစ်သွားသည်။ သို့သော် သူက မည်သည့်စကားမှ မပြောဘဲ မျက်နှာကို အူကြောင်ကြောင် ပုံစံမျိုးဖြင့်သာ နေလိုက်ရန် ဆုံးဖြတ်လိုက်သည်။
'ဒီလူက သူ့ဘာသာသူ ကောက်ချက်တွေ ဆွဲနေမှတော့၊ သူ့သဘောအတိုင်းပဲ လွှတ်ထားလိုက်တော့မယ်'
သူက တွေးလိုက်သော်လည်း အရေးကြုံလျှင် အသင့်ဖြစ်စေရန် ပြင်ဆင်ထားသည်။
ဓားပေါ်မှလူကလည်း လူငယ်လေး၏ အူကြောင်ကြောင် မျက်နှာထားကို မြင်သောအခါ အထင်အမြင်သေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏အမြင်တွင် ဤလူငယ်မှာ အရူးတစ်ယောက်ထက် မပိုပေ။
"မင်းက နားမကြားတာလား.. အတာလား၊ ဒါမှမဟုတ် အူကြောင်ကြောင်လား၊ ဒါမှမဟုတ် သုံးမျိုးလုံးလား"
သူက ထပ်မေးလိုက်သည်။ သူ့ မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်များကလည ပိုမိုပြင်းထန်လာပြီး သူ၏ခြေဖဝါးအောက်မှ ဓားသည်လည်း ထက်ရှသော အလင်းတန်းများ ထွက်ပေါ်လာသည်။
အေ့စ်ကတော့ တုံ့ပြန်မှုမရှိဘဲ အူကြောင်ကြောင်ပုံစံအတိုင်းပင် ဆက်နေလိုက်သည်။ သူ၏ တုံ့ပြန်မှုမရှိခြင်းအပေါ် ထိုသူ ဘာဆက်လုပ်မလဲဆိုသည်ကို သူ စောင့်ကြည့်နေခြင်းဖြစ်သည်။ ဤအခြေအနေမှာ ပိုကောင်းသည်။ သူ မည်သည့်နေရာသို့ ရောက်နေသည်ကို မသိဘဲ စကားတစ်ခွန်း ပြောလိုက်ခြင်းက သူ့ကိုသာ အားနည်းချက် ဖြစ်စေလိမ့်မည်။
ထိုသူက သူ့အား လူသားချင်းဖြစ်ကြောင်း မြင်လိုက်ရသောအခါ သဘောထား လုံးဝပြောင်းလဲသွားပြီး၊ သူ၏ မျက်လုံးထဲမှ သတိထားမှုများ ပျောက်ကွယ်သွားကာ လုံးဝ ပေါ့ပေါ့ပါးပါး ဖြစ်သွားသည်ကို ခံစားလိုက်ရသည်။
စောစောက သူပြခဲ့သော သတ်ဖြတ်လိုစိတ်မှာ အေ့စ်က အမှန်တကယ် အရူး ဟုတ်မဟုတ် စမ်းသပ်ခြင်းသာ ဖြစ်နိုင်ပြီး၊ အကယ်၍ မဟုတ်ခဲ့လျှင် တိုက်ခိုက်ရန်ပင် ဖြစ်နိုင်သည်။
အေ့စ်ကလည်း သူ့ စွမ်းအားအစစ်အမှန်ကို မဖော်ပြဘဲ ထိုသူကို အမြန်ဆုံး ဖမ်းဆီးရန် အသင့်ပြင်ထားသည်။ ထိုသို့လုပ်ရန် အလွယ်ဆုံးနည်းလမ်းမှာ အခြားတစ်ဖက်မှလူအား သူ့ကို အထင်သေးအောင် လုပ်ခြင်းပင် ဖြစ်သည်။
အေ့စ်က ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားသောကြောင့် အခြားတစ်ဖက်မှလူက သူ့ကို သေမျိုး တစ်ယောက်အဖြစ်သာ မြင်မည်ကို သူသိသည်။ ထိုသူကလည်း ၎င်းကို အာရုံခံနိုင်မည် မဟုတ်ပေ။
ဤလူ၏ နောက်ကွယ်မှ လူများအကြောင်းကိုမူ သူ့အသက်ကို အရင်ကယ်တင်ပြီးမှသာ စဉ်းစားရမည်ဖြစ်သည်။
ထိုသူ၏ မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်များ စတင်မှေးမှိန်သွားသောအခါ အေ့စ်၏ ခန့်မှန်းချက်မှာ မှန်ကန်ကြောင်း သိလိုက်ရသည်။ သို့သော် ယခုမေးခွန်းမှာ သူဟာ အရူး တစ်ယောက်ကို ဘာလုပ်မည်နည်း ဟူသည်ပင်။
"ဟူး... မဟုတ်သေးဘူး။ ဒါပေမဲ့ ငါက ဘာလို့ ဒီအရူးတစ်ကောင်ကို ကိုင်တွယ်ရတဲ့လူ ဖြစ်နေရတာလဲ.. သူ့ကို ကျွန်တောင်တန်းဆီပဲ ပို့ပေးလိုက်ပြီး ငါ့ရဲ့ အစီရင်ခံစာကို အဆုံးသတ်လိုက်တော့မယ်"
သူက ညည်းတွားလိုက်ပြီးနောက် အရူးတစ်ယောက်လို ရပ်နေသည့် အေ့စ်ကို စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
"ကောင်စုတ်လေး၊ ငါသာ လူသားချင်း မသတ်ရဘူးလို့ အမိန့်မရှိရင် မင်း သေချင်စိတ်ပေါက်သွားအောင် လုပ်လိုက်မှာ"
စိတ်ဝင်စားဖွယ် သတင်းစကားကို ကြားလိုက်ရသောအခါ အေ့စ် မျက်လုံးများထဲ ထူးခြားသော အရိပ်အယောင်များဖြင့် တောက်ပသွားသည်။
'လူသားချင်း မသတ်ရဘူးပေါ့.. ဒါဆို ဒီနေရာမှာ လူသားတွေအပြင် တခြားမျိုးနွယ်စုတွေလည်း ရှိသေးတာပေါ့'
ဤဖြစ်နိုင်ခြေကြောင့် ပို၍ပင် အံ့အားသင့်သွားရသည်။ ဓားဖျားမှ ပြာလွင်သော မြူခိုးများ သူ့ဆီသို့ ရုတ်တရက် တိုးဝင်လာသဖြင့် သူ၏ အတွေးများ ပြတ်တောက်သွားသည်။
၎င်းမှာ အန္တရာယ်မရှိကြောင်း သေချာစေပြီးနောက်၊ သူက မခုခံတော့ဘဲ ၎င်းကို သူ၏ လက်ကောက်ဝတ်တွင် ပတ်ထားစေလိုက်သည်။ နောက်တစ်ခဏတွင် ဓားက ကောင်းကင်ယံသို့ ပျံတက်သွားပြီး အေ့စ်ကိုလည်း အရုပ်စုတ်လေးတစ်ရုပ်ကဲ့သို့ ဆွဲခေါ်သွားတော့သည်။
***