အစေခံတောင်မြို့မှ မိုင်တစ်ရာကျော်အကွာတွင် အရာရှိတောင်တန်း တည်ရှိပြီး ၎င်းမှာ နေနှင့်လ တက်လှမ်းခြင်း တံခါးများနှင့် ဆယ်မိုင်ခန့်သာ ဝေးကွာသည်။
အစေခံတောင်တန်းမြို့နှင့် နှိုင်းယှဉ်ပါက အရာရှိတောင်တန်းမြို့မှာ သက်ဝင်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများ ပြည့်နှက်နေသဖြင့် နတ်ပြည်တစ်ခုကဲ့သို့ပင် ဖြစ်သည်။ ထို့ပြင် အရာရှိတောင်တန်းမြို့တွင် နေထိုင်သူများကို ချီဂိတ်နယ်ပယ်၏ အထွတ်အထိပ်အထိ ကျင့်ကြံခွင့်ပြုထားပြီး သူတို့အားလုံးကို ဂိတ်ကိုးပေါက် ကျင့်စဉ်လက်စွဲစာအုပ်များ ထောက်ပံ့ပေးထားသည်။
သို့သော်လည်း ထိုသို့ ထောက်ပံ့ပေးထားသည့်တိုင်အောင် ဆယ်ရာခိုင်နှုန်းသောသူများသာ တက်လှမ်းခြင်း လှေကားထစ်ကို တက်လှမ်းနိုင်ကြသည်။
နေလ တက်လှမ်းခြင်းတံခါးများကို လစဉ်ဖွင့်လှစ်ပေးပြီး အသက် ၃၀ အောက် မည်သူမဆို ထိုလှေကားထစ်ကို တက်လှမ်းရန် ကြိုးစားနိုင်သည်။ အကယ်၍ သူတို့သာ မဟာမိတ်၏ အရာရှိအဖွဲ့ဝင် ဖြစ်ပြီး ကြိုးစားမှုတစ်ကြိမ်စီအတွက် မဟာမိတ် ဂုဏ်ပြုမှတ် ၁၀၀ ပေးချေနိုင်ပါက အကြိမ်အရေအတွက် ကန့်သတ်ချက်မရှိ ကြိုးစားနိုင်သည်။
အရာရှိအဖွဲ့ဝင်များမှာ သေမျိုးနယ်မြေမှ ချီဆေးပင်များ စိုက်ပျိုးခြင်း၊ ချီသတ္တုရိုင်းများ သို့မဟုတ် ချီကျောက်တုံးများ တူးဖော်ခြင်းဖြင့် ဂုဏ်ပြုမှတ်များကို ရှာဖွေကြရသည်။ ဤနေရာသည် သတ္တုကြောမျိုးစုံနှင့် ချီမြေဆီလွှာများ ကြွယ်ဝပြီး ၎င်းတို့အားလုံးမှာ အဖွဲ့ချုပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။
ဤနေရာရှိ မျိုးနွယ်စုများအကြား ကြီးမားသော ပဋိပက္ခများမရှိသော်လည်း ပြိုင်ဆိုင်မှုများကိုမူ ရှောင်လွှဲ၍မရပေ။ အထူးသဖြင့် နတ်ဆိုး၊ အသူရာ၊ မုဆိုး နှင့် နတ်သူငယ်များကဲ့သို့သော မျိုးနွယ်စုများသည် သာလွန်ထူးကဲသည့် ပင်ကိုယ်စွမ်းရည်များကို ပိုင်ဆိုင်ထားကြသောကြောင့် ဖြစ်သည်။
ထို့ကြောင့် မိမိကိုယ်ကို သာလွန်သည်ဟူသော မာန်မာနမှာ ရှောင်လွှဲ၍မရဘဲ အဖွဲ့ချုပ်အတွင်း၌ တရားဝင်မဟုတ်သော လျှို့ဝှက်မျိုးနွယ်စု အဆင့်သတ်မှတ်ချက်တစ်ခု ရှိနေသည်။
အားလုံးက ၎င်းကို တိတ်တဆိတ် သဘောတူလက်ခံထားကြသလို အဖွဲ့ချုပ်ကလည်း တားဆီးခြင်းမရှိပေ။
ဤအဆင့်သတ်မှတ်ချက်ကို အရာရှိတောင်တန်းမြို့ရှိ အမြဲတမ်းအဖွဲ့ဝင် အရေအတွက်နှင့် မည်သည့်မျိုးနွယ်စုက အကြီးမားဆုံးသော အရင်းမြစ်များကို ထိန်းချုပ်ထားသလဲ ဆိုသည့်အပေါ် မူတည်၍ သတ်မှတ်ခြင်းဖြစ်သည်။
အသူရာ၊ နတ်ဆိုးနှင့် မုဆိုးမျိုးနွယ်စုများက ထိပ်ဆုံး သုံးနေရာတွင် ရှိနေဆဲဖြစ်သည်။ သို့သော် လူသားမျိုးနွယ်၏ အဆင့်မှာမူ တိုက်ကြီးဆယ်တိုက်တွင် ရှိခဲ့သည့် အဆင့်နှင့် များစွာ ကွာခြားသွားသည်။ သူတို့သည် အဆင့် ၉ တွင်သာ ရှိပြီး အဆင့် ၄ ကိုမူ နတ်သူငယ်များက ရယူထားသည်။
အကယ်၍ လူသားများတွင် ကျင့်ကြံခြင်းဆိုင်ရာ ပါရမီသာ မရှိခဲ့ပါက ဤတရားဝင်မဟုတ်သော အဆင့်သတ်မှတ်ချက်တွင် သူတို့က နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
ယနေ့သည် နေလ တက်လှမ်းခြင်းတံခါးများ ဖွင့်လှစ်မည့်နေ့ဖြစ်ပြီး ထုံးစံအတိုင်း မတူညီသော မျိုးနွယ်စုများမှ လူငယ်ထောင်ပေါင်းများစွာသည် ကြီးမားလှသော တံခါးကြီးများ၏ အပြင်ဘက်တွင် စုရုံးရောက်ရှိနေကြသည်။
ဤလူငယ်များက သူတို့၏ မျိုးနွယ်စုအလိုက် အုပ်စုကြီးများခွဲ၍ တံခါးအပြင်ဘက်ရှိ မတူညီသော နေရာများကို နေရာယူထားကြသည်။
သို့သော် သူတို့နေရာယူထားသည့် ဧရိယာများမှာ အရေအတွက်အလိုက် ကွာခြားမှုရှိပြီး နတ်ဆိုးလူငယ် သုံးထောင်ကျော်မှာ အရှေ့ဆုံးတွင် ရပ်နေကြပြီး အသူရာများကမူ သူတို့၏နောက်တွင် အနည်းငယ်လျော့နည်းသော အရေအတွက်ဖြင့် ရှိနေကြသည်။
လူသားလူငယ်အုပ်စုမှာမူ သဘာဝကျစွာပင် အရေအတွက် ၁၀၃ ဦးသာ ရှိသည်။
ထို့ပြင် ဤအုပ်စုသည် လူသားနှစ်ဦး၏ နောက်တွင် စုဝေးနေကြသည်။ တစ်ဦးမှာ အရပ်ရှည်ပြီး ချောမောသော၊ သွယ်လျသည့် ခန္ဓာကိုယ်နှင့် ဆံပင်အနက်ရောင် ရှည်ရှည်ရှိသည့် လူငယ်တစ်ဦးဖြစ်သည်။ သူက၏ဈဍဈဈဈ အပြာရောင် ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားပြီး တည်ကြည်သော အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။
အခြားတစ်ဦးမှာမူ ပန်းရောင်ဂါဝန်ဝတ်ထားပြီး တောက်ပသော မျက်လုံးကြီးများရှိသည့် နုနယ် ပြေပြစ်သော မိန်းကလေးတစ်ဦးဖြစ်သည်။ သူမက ထိုချောမောသောလူငယ်နှင့် ရုပ်ချင်းဆင်တူသဖြင့် သူတို့မှာ မောင်နှမများဖြစ်ကြောင်း သိနိုင်သည်။
ဤနှစ်ဦး အရှေ့ဆုံးတွင် ရှိနေရခြင်းအကြောင်းမှာ သူတို့သည် အရာရှိတောင်တန်းမြို့ရှိ လူသားများအကြား နံပါတ်တစ် မိသားစုဖြစ်သည့် အက်တလက်စ် မိသားစုဝင်များ ဖြစ်သောကြောင့်ဖြစ်သည်။
အက်တလက်စ်မိသားစုက ယခုကဲ့သို့ အဆင့်အတန်းမျိုး ရရှိထားရသည့် စစ်မှန်သော အကြောင်းရင်းမှာ သူတို့သည် အမြဲတမ်းအဖွဲ့ဝင်အဖြစ် ပထမဆုံး ရောက်ရှိခဲ့သလို တက်လှမ်းခြင်းလှေကားထစ်ကို ပထမဆုံး တက်လှမ်းနိုင်ခဲ့သည့် လူသား၏ မိသားစုအဖြစ် ဂုဏ်ပြုခံထားရသောကြောင့် ဖြစ်သည်။
သေမျိုးနယ်ပယ်ရှိ လူသားတိုင်းက အက်တလက်စ်မိသားစုကို လေးစားကြသည်။
ထို့ကြောင့် ဤမောင်နှမနှစ်ဦးမှာ တက်လှမ်းခြင်းလှေကားထစ်ကို တက်လှမ်းရန် တတိယအကြိမ်မြောက် ကြိုးစားခြင်းဖြစ်သော်လည်း လူသားအဖွဲ့၏ ခေါင်းဆောင်များ ဖြစ်နေကြခြင်းဖြစ်သည်။
၎င်းမှာ အရှက်ရစရာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ပါရမီရှင်များထဲမှ ပါရမီရှင်များသာ ပထမဆုံးအကြိမ်တွင် လှေကားထစ်ကို တက်လှမ်းနိုင်သောကြောင့် ဖြစ်ပြီး ထိပ်ဆုံး မျိုးနွယ်စု သုံးခုကပင် ဤအချက်ကို လက်ခံထားကြသည်။
အကယ်၍ တစ်စုံတစ်ဦးဟာ ပထမဆုံး အကြိမ် ၁၀ ကြိမ်အတွင်း လှေကားထစ်ကို တက်လှမ်းနိုင်ပါက သေမျိုးနယ်ပယ်တွင် ပါရမီရှင်ဟု သတ်မှတ်ခံရပြီး ဖြစ်သည်။
ဤလူသားအဖွဲ့၏ နောက်ဆုံးတွင်မူ အက်တလက်စ်မိသားစုမှ လူငယ်ထက်ပင် ပိုမိုချောမောသော အရပ်ရှည်ရှည် လူငယ်တစ်ဦး ရပ်နေသည်။ သို့သော် သူ၏ ချောမောသော မျက်နှာပေါ်တွင် အမာရွတ်များစွာ ရှိနေသဖြင့် သူ၏ ရုပ်ရည်မှာ သိပ်ပြီးပေါ်လွင်ခြင်း မရှိပေ။
သူက မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရှည်လျားသော ဆံပင်ဖြူများနှင့် ငွေရောင်မျက်လုံးများက သူ့ကို အိမ်မက်ဆန်သော ပုံစံမျိုး ဖြစ်စေကာ သူ၏ မျက်လုံးများမှာ ထက်မြက်ပြီး စူးရှလှသည်။ သူ့ထံမှ ဖော်ပြ၍မရသော ဆွဲဆောင်မှုတစ်ခု ထွက်ပေါ်နေပြီး မည်သူမဆို သူ့ကို မြင်လျှင် ရင်းနှီးချင်စိတ် ဖြစ်ပေါ်စေသည်။
ဤသူမှာ စမ်းသပ်မှုကို ခံယူရန် မျက်နှာအစစ်ဖြင့် ရောက်ရှိလာသော အေ့စ်ပင် ဖြစ်သည်။
အေ့စ်အနေဖြင့် လူအများကြားတွင် မျက်နှာဖုံးမတပ်ဘဲ သို့မဟုတ် ရုပ်ဖျက်မထားဘဲ ရှိနေသည်မှာ ကြာပြီဖြစ်သည်။
မျက်နှာဖုံးကို ချွတ်ထားခဲ့ရခြင်း အကြောင်းမှာ သူက အဖွဲ့ချုပ်၏ အဓိကအတွင်းပိုင်း ဧရိယာထဲသို့ ဝင်ရောက်တော့မည် ဖြစ်သောကြောင့်ဖြစ်ပြီး တက်လှမ်းခြင်းလှေကားထစ် ပတ်ဝန်းကျင် ဆယ်မိုင်ပတ်လည်သည် ကံကြမ္မာမြေပုံတွင် အနက်ရောင်ဖြစ်နေသဖြင့် သူ၏မျက်နှာဖုံးကို အလွယ်တကူ မြင်သာစေမည့် အဆင့်မြင့် ဖွဲ့စည်းမှုများ ရှိနေနိုင်ကြောင်း သူ သေချာပေါက် သိထားသည်။
ထို့ကြောင့် သူက မျက်နှာဖုံးကို တပ်ဆင်၍ ဤနေရာသို့ မချဉ်းကပ်ရဲပေ။ အကယ်၍ တစ်ခုခုကြောင့် အဖွဲ့ချုပ်က သူ့ကို ရှာတွေ့သွားပါက ကြီးမားသော ပြဿနာနှင့် ရင်ဆိုင်ရပေလိမ့်မည်။
ဒါ့ကြောင့် သူ၏ ထူးခြားသော မျက်နှာသွင်ပြင်အချို့ကို ပြောင်းလဲထားခြင်းဖြစ်သည်။
ဥပမာအားဖြင့် သူက အထူးမှင်တစ်မျိုးကို အသုံးပြု၍ ဆံပင်အနက်ရောင်ကို အဖြူရောင်အဖြစ် ပြောင်းလဲထားသည်။ တစ်ချိန်တည်းမှာပင် သူ၏ မျက်လုံးအရောင်မှာ အဆင့် ၆ ရှိသော မျက်ဝန်းညှို့ ပဒုမ္မာကြာရေဟု ခေါ်သည့် ရှားပါးဆေးပင်ကြောင့် ဖြစ်သည်။
၎င်းကို သောက်သုံးသူသည် မိမိအလိုရှိသော မျက်လုံးအရောင်ကို တစ်နှစ်ပတ်လုံး ပြောင်းလဲထားနိုင်သည်။ ၎င်းမှာ ဤဆေးပင်၏ တစ်ခုတည်းသော လုပ်ဆောင်ချက်ဖြစ်သည်။
ဒါပေမဲ့လည်း အေ့စ်မှာ သူ၏ ပင်ကိုယ်ဆွဲဆောင်မှုကိုမူ ဘာမျှမတတ်နိုင်ပဲ ပြင်ဆင်၍ မရခဲ့ချေ။ သူ့ မျက်နှာပေါ်တွင် အမာရွတ်များ ဖန်တီးထားသော်လည်း မိန်းကလေးအတော်များများမှာ သူ့ဘက်သို့ နီမြန်းနေသော မျက်နှာလေးများနှင့် လှမ်းကြည့်နေကြသဖြင့် သူမှာ ခပ်ယဲ့ယဲ့သာ ပြုံးနိုင်တော့သည်။
မည်သို့ပင်ဆိုစေကာမူ သူက မည်သည့်ဖွဲ့စည်းမှု သို့မဟုတ် စွမ်းရည်ကိုမျှ အသုံးမပြုထားသောကြောင့် ရုပ်ဖျက်ခြင်းကို စစ်ဆေးသည့် ဖွဲ့စည်းမှုများအောက်တွင် သူ မိသွားလိမ့်မည် မဟုတ်ပေ။ သူက ဤနေရာသို့ မလာခင်ကတည်းက ထိုသို့သော စစ်ဆေးမှုမျိုးကို အရင်စမ်းသပ်ကြည့်ပြီးဖြစ်သည်။
သူ၏ ကျင့်ကြံမှု အဆင့်အတန်းနှင့် ပတ်သက်၍မူ သူကိုယ်တိုင် အသိဆုံးဖြစ်သည်။
မည်သူမျှ ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ဘဲ သူကိုယ်တိုင် ထုတ်မပြသရွေ့ သူ့အား သာမန်လူတစ်ယောက်အဖြစ်သာ မြင်တွေ့ရမည်ဖြစ်သည်။
ယခုအချိန်တွင် သူက အထွတ်အထိပ်ချီဂိတ် နယ်ပယ်၏ ဖျော့တော့သော တုန်ခါမှုလှိုင်းများကိုသာ ထုတ်လွှတ်ထားသည်။ ၎င်းကို အခြေခံအုတ်မြစ် တည်ဆောက်ခြင်းနယ်ပယ် သို့မဟုတ် ထိုထက်မြင့်သော ကျင့်ကြံသူများသာ အာရုံခံနိုင်သည်။
ဤနည်းလမ်းမှာ အေ့စ်အတွက် ထူးခြားသည့် နည်းလမ်းဖြစ်ပြီး အဆုံးမဲ့ပင်လယ်ထဲတွင် လှည့်လည်သွားလာနေစဉ်ကမှ သူ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
မည်သူမျှ သူ၏ စစ်မှန်သော ကျင့်ကြံမှုကို အာရုံမခံနိုင်ဘဲ မျက်နှာဖုံးမှပြသသော ကျင့်ကြံမှုအတုကိုသာ မြင်နိုင်မည်ဆိုလျှင်၊ သူကိုယ်တိုင်က နယ်ပယ်အတုတစ်ခု၏ အရှိန်အဝါကို ထုတ်ပြလိုက်ပါက ဘာဖြစ်လာမည်နည်း။
သို့တိုက် ၎င်းမှာ ပြောသလောက် မလွယ်ကူပေ။ သူ နားလည်သဘောပေါက်ရန် အချိန်အတော်ကြာ ယူခဲ့ရသော်လည်း မျက်နှာဖုံးကို အခြေခံအဖြစ် အသုံးပြုကာ ထိုသို့သော အကျိုးသက်ရောက်မှုရရှိရန် အခြားသော စွမ်းရည်များကိုလည်း အသုံးပြုခဲ့ရသည်။
ထို့ကြောင့် နောက်ဆုံးတွင် သူက အခြေခံအုတ်မြစ် တည်ဆောက်ခြင်းနယ်ပယ်၏ နောက်ဆုံးအဆင့်အထိ ကျင့်ကြံမှုအရှိန်အဝါအတု ဖန်တီးနည်းကို သင်ယူနိုင်ခဲ့သည်။
အကယ်၍ အခြားကျင့်ကြံသူတစ်ဦးက အရှိန်အဝါဖုံးကွယ်သည့် စွမ်းရည်ကို အသုံးပြုပါက အဆင့်မြင့် ကျင့်ကြံသူများက ရှာဖွေတွေ့ရှိသွားလိမ့်မည်ဖြစ်သော်လည်း အေ့စ်မှာမူ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ကျင့်ကြံခြင်းနည်းစနစ်မှ ဖုံးကွယ်ထားသော အစိတ်အပိုင်းကို ဖွင့်လှစ်ပြီးနောက် မည်သူမျှ သူ၏ စစ်မှန်သော ကျင့်ကြံဆင့်ကို ရှာမတွေ့ခဲ့ဖူးပေ။
ထို့ကြောင့် အခြားသူများ မည်သို့ပင် ကြိုးစားစေကာမူ သူပြသထားသည့် ကျင့်ကြံမှုအတိုင်းသာ မြင်တွေ့ရမည်ဖြစ်သည်။
နောက်ဆုံးအနေဖြင့် အေ့စ်၏ စစ်မှန်သော ရည်ရွယ်ချက်မှာ အဖွဲ့ချုပ်တွင် နေထိုင်ရန် မဟုတ်ဘဲ ထိုနေရာမှ ထွက်ခွာနိုင်မည့် နည်းလမ်းကို ရှာဖွေရန်သာ ဖြစ်သည်။ သူက အတွင်းပိုင်း ဧရိယာထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်သည်နှင့် ချက်ချင်းပင် စတင်ဆောင်ရွက်တော့မည်ဖြစ်သည်။
ထိုအချိန်တွင် လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားစေသည့် တည်ကြည်ပြီး ဩဇာတိက္ကမနှငိ့ ပြည့်စုံသော အသံတစ်သံ ထွက်ပေါ်လာသည်။
"သတိထားကြ.. နေလ တက်လှမ်းခြင်းတံခါးများ မကြာမီ ပွင့်တော့မယ်”
***