ကျောင်းသားတွေအားလုံးက ဆရာသစ်အကြောင်းကို ပြောမဆုံးနိုင် ဖြစ်နေကြချိန်မှာတော့၊ စုပင်းကတော့ တုံးမင်စုန်းရဲ့ ရုံးခန်းထဲမှာ ဒီနေ့အတွက် နှုတ်ဆက်စကား ပြောနေပါပြီ။
"ဘာလို့ ဒီလောက် အလောတကြီး ပြန်မလို့လဲ?" စုပင်းက သင်တန်းပြီးတာနဲ့ ချက်ချင်း ပြန်မယ်ဆိုတော့ တုံးမင်စုန်းက အံ့ဩသွားတာပါ။
"ဆိုင်ကို ပြန်ကြည့်ရဦးမယ်လေ" လို့ စုပင်းက ပြန်ဖြေလိုက်သည်။ သူ ပြန်သွားပြီး သားရဲတွေကို ဆက်ပြီး လေ့ကျင့်ပေးရဦးမှာပါ။ သားရဲလေ့ကျင့်ပေးတဲ့နေရာမှာ အလိုအလျောက်စနစ် ရှိတယ်ဆိုပေမဲ့ နောက်ထပ် လေ့ကျင့်ပေးရမယ့် သားရဲအသစ်တွေကိုတော့ သူကိုယ်တိုင် ရွေးချယ်ပေးရတာ မဟုတ်လား။ အရာအားလုံးက အလိုအလျောက် ဖြစ်နေတာတော့ မဟုတ်ပါဘူး။
ဆိုင်အကြောင်းပြောလိုက်မှ တုံးမင်စုန်းလည်း သဘောပေါက်သွားပါတော့တယ်။ စုပင်းရဲ့ ဆိုင်ကနေဝယ်ခဲ့တဲ့ 'လေဟာနယ်သီး (Wind Fruit)' အကြောင်းကိုလည်း ပြန် သတိရသွားကာ တုံးမင်စုန်းရဲ့ မျက်လုံးတွေက အရောင်တောက်သွားပြီး မျှော်လင့်ချက်အပြည့်နဲ့ မေးလိုက်သည်။
"ဒါနဲ့ သတိရလို့... မင်းရဲ့ဆိုင်မှာ သားရဲတွေကို လေ့ကျင့်ပေးလို့ရတယ် မဟုတ်လား? ငါ့ရဲ့ သားရဲတွေကိုရော လေ့ကျင့်ပေးလို့ ရမလား? ဈေးနှုန်းကိုတော့ မင်းကြိုက်သလောက် ပြောပါ"
စုပင်းက သူ့ကို တစ်ချက်ကြည့်ပြီး ခေါင်းခါပြလိုက်တယ်။ "လောလောဆယ်တော့ အဆင့်မြင့်သားရဲတွေကို လက်မခံသေးဘူး"
တုံးမင်စုန်းရဲ့ အဆင့်အတန်းနဲ့ဆိုရင် သူ့သားရဲတွေက အဆင့်မြင့်သားရဲတွေပဲ ဖြစ်မှာပါ။ ဒါကြောင့် သူက စုပင်းရဲ့ လက်ရှိ ပစ်မှတ်ဖောက်သည် မဟုတ်သေးပါဘူး။
ဒီစကားကို ကြားလိုက်ရတော့ တုံးမင်စုန်း နည်းနည်း စိတ်ပျက်သွားသည်။ ဒါပေမဲ့ နောက်တစ်မျိုး ပြန်တွေးကြည့်တော့လည်း အကြောင်းပြချက်ရှိမှာပါလို့ သူ ယူဆလိုက်မိတာပေါ့။
စုပင်းရဲ့ နောက်ကွယ်က ထိပ်တန်းလေ့ကျင့်ရေးဆရာကြီးက ဒဏ်ရာကနေ အရှင်းမသက်သာသေးလို့ ဖြစ်မှာပါ၊ ဒါမှမဟုတ် သူ့ရဲ့ အထောက်အထားကို ဖုံးကွယ်ထားချင်လို့ အစွမ်းထက်လွန်းတဲ့ တိုက်ခိုက်ရေးသမားတွေနဲ့ မပတ်သက်ချင်တာလည်း ဖြစ်နိုင်တာပဲ...
တုံးမင်စုန်းက စိတ်ထဲကနေ သက်ပြင်းချလိုက်ပြီး နားလည်ပေးသလိုမျိုး ပြောလိုက်သည်။ "ရပါတယ်... ပြဿနာမရှိပါဘူး။ နောက်ပိုင်း လေ့ကျင့်ပေးလို့ရတဲ့အခါကျရင်တော့ ငါ့ကို အကြောင်းကြားပေးဦးနော်။ ငါ စောင့်နေပါ့မယ်။ ဒါကို ကြိုတင် ဘိုကင်လုပ်ထားတယ်လို့ပဲ သဘောထားလိုက်ပါ။ ငါ့ကို အရင်ဆုံး သတိရပေးပါဦး"
စုပင်းက တုံးမင်စုန်းကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်လိုက်မိသည်။ တုံးမင်စုန်း ပြောပုံက ဆိုင်ရဲ့ စည်းကမ်းတွေကို သိနေသလိုလိုပါပဲလား။
"ကောင်းပါပြီ" ဟု စုပင်းက နှုတ်ဆက်ပြီး ထွက်လာခဲ့ပါတော့သည်။
ဖုန်းယန့်ကျင်းက သူ့ကို လိုက်ပို့ပေးပြီး... စုပင်းက အောက်ထပ်ဆင်း၊ စက်ဘီးသော့ဖွင့်ပြီး ဖုန်းယန့်ကျင်းကို လက်ပြနှုတ်ဆက်ကာ လာခဲ့တဲ့လမ်းအတိုင်း ပြန်နင်းလာခဲ့ တော့သည်။ ကျောင်းအဝင်ဝက လုံခြုံရေးတွေကတော့ ဒီတစ်ခါ သူ့ကို မတားတော့ပါဘူး။ သူ ဘယ်သူလဲဆိုတာ အခုတော့ တစ်ကျောင်းလုံး သိသွားကြပြီလေ။
နာရီဝက်လောက် ကြာတော့ စုပင်း ဆိုင်ကို ပြန်ရောက်လာခဲ့သည် ။
သူ ပထမဆုံး လုပ်လိုက်တာကတော့ ငရဲမီးနဂါး နဲ့ အရိုးစုလေး ကို ဆင့်ခေါ်ပြီး သားရဲပြုစုပျိုးထောင်ရေးခြံ ထဲကို ပြန်ထည့်လိုက်တာပါပဲ။
အရင်က သူ ဆင့်ခေါ်လိုက်တဲ့အချိန်မှာ ဒီကောင်လေး နှစ်ကောင်လုံးက ပြုစုပျိုးထောင်ရေးခြံထဲမှာ အနားယူနေကြတာပါ။
'ရှေးဟောင်း သားရဲစာချုပ်' ဟာ ခေတ်သစ် ' ကြယ်တာရာ စွမ်းအင်စာချုပ်' နဲ့ မတူပါဘူး။ စုပင်းရဲ့ သားရဲတွေက ဆင့်ခေါ်ခံရဖို့အတွက် စာချုပ်ဟင်းလင်းပြင်ထဲမှာပဲ နေစရာ မလိုပါဘူး။ သတ်မှတ်ထားတဲ့ အကွာအဝေးအတွင်းမှာ ရှိနေသရွေ့ စာချုပ်စွမ်းအားနဲ့ သူတို့ကို စာချုပ်ဟင်းလင်းပြင်ထဲ ဆွဲသွင်းပြီး တခြားတစ်နေရာမှာ ပြန်ဆင့်ခေါ်လို့ ရပါတယ်။
ဒါပေမဲ့ တစ်ခါ စာချုပ်ဟင်းလင်းပြင်ထဲ ပြန်ဝင်သွားပြီဆိုရင်တော့ ပြုစုပျိုးထောင်ရေးခြံထဲကို သူတို့ဘာသာသူတို့ ပြန်သွားလို့ မရတော့ပါဘူး။ စုပင်းအနေနဲ့ ပြုစုပျိုးထောင်ရေးခြံရဲ့ အချိန် နှစ်နာရီနီးပါးလောက် အလဟဿ ဖြစ်သွားတာကို နှမျောမိသွားသည်။
သားရဲနှစ်ကောင်လုံးကို နေရာချပေးပြီးတဲ့နောက် သူက လေ့ကျင့်ရေးနယ်မြေ မျက်နှာပြင် ကို ဖွင့်လိုက်ကာ ပြုစုပျိုးထောင်ရေးခြံထဲက ဒုတိယအသုတ် သားရဲတွေကို ရွေးချယ်ပြီး အလိုအလျောက်စနစ် သုံးပြီး လေ့ကျင့်ခိုင်းလိုက်တော့သည်။
စုပင်းရွေးချယ်နေတုန်းမှာပဲ ပြုစုပျိုးထောင်ရေးခြံတစ်ခုထဲက သူတစ်ခါမှ မမြင်ဖူးတဲ့ သားရဲလေးတစ်ကောင်ကို သတိထားမိသွားသည်။ အဲဒါကတော့ အဆင့် ၆ သွေးမျိုးဆက်ရှိတဲ့ 'ခရမ်းရောင် မြွေဟောက် 'ပေါက်လေးပါ။
အကွက်ထဲက ကွဲအက်နေတဲ့ ဥခွံတွေကို မြင်လိုက်တော့မှ ဒါဟာ ဒုတိယအဆင့် 'ဝိညာဉ်အိုင်' ကနေ ပေါက်ဖွားလာတဲ့ ဥဆိုတာ စုပင်း သိလိုက်ရပါတော့တယ်။
ဒုတိယအဆင့် ဝိညာဉ်အိုင်ကနေ အဆင့်မြင့်သားရဲတွေအထိ ပေါက်ဖွားနိုင်တာပါ။ သူကတော့ ကံအကောင်းဆုံးထဲမှာ မပါခဲ့ပါဘူး။ ဒါပေမဲ့လည်း စွမ်းအင် ၁၀၀ (ယွမ် ၁၀,၀၀၀) နဲ့ အဆင့် ၆ သားရဲတစ်ကောင် ရလာတာကတော့ တန်တယ်လို့ ပြောရမှာပါပဲ။
"ခရမ်းရောင် မြွေဟောက်လား... တော်တော်လေး အတွေ့ရများတဲ့ အမျိုးအစားပဲ။ အချက်အလက် ရှာမတွေ့တာ မဆန်းပါဘူး။ ငါက " အရမ်း မျှော်လင့်လွန်းသွားတာပဲ" လို့ စုပင်း သူ့ဘာသာသူ ရေရွတ်လိုက်မိသည်။
ဒါက တိုက်ခိုက်ရေးအမျိုးအစား သားရဲတစ်ကောင်ပါ။ နဂါး၊ မိစ္ဆာ ဒါမှမဟုတ် ဒြပ်စင်မျိုးနွယ် သားရဲတွေနဲ့ ယှဉ်ရင် တိုက်ခိုက်ရေးမျိုးနွယ်တွေက ယေဘုယျအားဖြင့် ပိုပြီး အားနည်းတတ်ကြတယ်။ သူတို့မှာ ထူးခြားတဲ့ စွမ်းရည်တွေ သိပ်မရှိဘဲ၊ ကြောက်စရာကောင်းတဲ့ ခွန်အားသက်သက်ပဲ ရှိတာပါ။
ဒီခရမ်းရောင် မြွေဟောက်ကိုပဲ ကြည့်လေ။ သူ့မှာ ပြင်းထန်တဲ့ အဆိပ် မရှိပါဘူး။ တစ်ခုတည်းသော အားသာချက်က ခွန်အားပါပဲ။ မျိုးရိုးလိုက်တဲ့ စွမ်းရည်ဆိုလို့ 'မြွေရစ်ပတ်ခြင်း' နဲ့ 'မြွေကိုက်ခြင်း' ဆိုတဲ့ နှစ်ခုပဲ ရှိတာပါ။ တကယ်လို့ ဒီကောင်လေးက ပါရမီကောင်းရင်တော့ 'မြွေလိပ်ခြင်း' နဲ့ 'ပုန်းလျှိုးခြင်း' လိုမျိုး စွမ်းရည်တွေကို သင်ယူနိုင်ပါလိမ့်မယ်။
ဒါပေမဲ့ တခြားသားရဲတွေနဲ့ ယှဉ်ရင်တော့ အဲဒီစွမ်းရည်တွေက ပြောပလောက်စရာ မရှိပါဘူး။
လောလောဆယ်မှာတော့ ခရမ်းရောင် မြွေဟောက်လေးက အခုမှ ဥကပေါက်ခါစပါ။ သူ့အကြေးခွံပေါ်က ခရမ်းရောင်နဲ့ စိမ်းပြာရောင် အစက်အပြောက်တွေက တစ်ခုနဲ့တစ်ခု မဆက်မိသေးပါဘူး။ အရွယ်အစားကလည်း လူတစ်ယောက်ရဲ့ လက်မောင်းလောက်ပဲ ရှည်ပါသေးတယ်။ သူက ပြုစုပျိုးထောင်ရေးခြံထဲမှာ ခွေနေပြီး သူ့အကြေးခွံတွေက အသက်ရှူနေသလိုမျိုး နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့သည်။ ဒီကောင်လေးက ပြုစုပျိုးထောင်ရေးခြံထဲက ဝိညာဉ်စွမ်းအင်တွေကို ကောင်းကောင်းကြီး ဇိမ်ခံနေတာပါ။
စုပင်း သူ့ကို သေသေချာချာ ကြည့်နေမိရင်း.... အဆင့်မြင့်သားရဲတွေ လေ့ကျင့်ပေးတဲ့ ဝန်ဆောင်မှုကို ဖွင့်နိုင်ဖို့အတွက် သူ့မှာ အလတ်စားသားရဲတစ်ကောင် လိုအပ်နေတာကို သူ သတိရသွားမိသည်။ သားရဲက ပိုပြီး အားနည်းလေလေ၊ သူ့ကို 'ပျှမ်းမျှ' အဆင့်ထက် ကျော်လွန်အောင် လေ့ကျင့်ပေးဖို့ ပိုလွယ်လေလေပါပဲ။ ဒီခရမ်းရောင် မြွေဟောက်လေးကတော့ အသင့်တော်ဆုံး ရွေးချယ်မှုပဲ ဖြစ်ပုံရပါတယ်။
ဒါပေမဲ့ စုပင်း ချက်ချင်းတော့ မလုပ်သေးပါဘူး။ နောက်ထပ် လေ့ကျင့်ပေးရမယ့် သားရဲတွေကို အရင် ရွေးချယ်လိုက်ပါတယ်။
အလိုအလျောက်စနစ်က လေ့ကျင့်ပေးနေတဲ့အချိန်မှာ စုပင်းက ဆိုင်ထဲကို ပြန်လာခဲ့လိုက်သည် ။ သူက ကျင့်စဉ်ကျင့်ရင်း ဆိုင်ကိုလည်း စောင့်ကြည့်နေသလို၊ လေ့ကျင့်ရေးနယ်မြေတွေကိုလည်း လိုက်ကြည့်နေတာပါ။ ခရမ်းရောင် မြွေဟောက်အတွက် ဘယ်နေရာက အသင့်တော်ဆုံးဖြစ်မလဲဆိုတာ ရှာနေခြင်းပင် ဖြစ်သည်။
အရင်က လေ့ကျင့်ပေးခဲ့ဖူးတဲ့ အတွေ့အကြုံအရဆိုရင် သင့်တော်တဲ့ လေ့ကျင့်ရေးနယ်မြေကို ရွေးချယ်နိုင်တာက ပိုပြီး ထိရောက် တဲ့ ရလာဒ် ရနိုင်ပါတယ်။
သိပ်မကြာခင်မှာပဲ ဖောက်သည်တစ်ယောက် ရောက်လာခဲ့ရာ စုပင်း စနစ်မျက်နှာပြင် ကို ပိတ်လိုက်သည်။ လာတဲ့သူက ဖောက်သည်ဟောင်းတစ်ယောက်ပါပဲ။
"ဆရာ... ကျွန်တော့်ရဲ့ စိတ်ကူးယဉ်သားရဲ လာယူတာပါ" အဲဒါက ကုပေချန်ပါ။ သူ ကြည့်ရတာ စိတ်ကြည်ပုံမရပါဘူး။ သူက သူ့သားရဲကို လာပြန်ယူရုံသက်သက်ပါပဲ။ လေ့ကျင့်ပေးတဲ့ ရလဒ်နဲ့ ပတ်သက်ပြီးတော့လည်း သူ ဘာမှ မျှော်လင့်မထားပါဘူး။ တစ်ရက်တာ အပ်ထားတဲ့ ဝန်ဆောင်မှုလို့ပဲ သူ သဘောထားလိုက်တာပါ။
ဈေးကတော့ ကြီးပေမဲ့ သူ ဝယ်နိုင်ခဲ့တဲ့ 'သွေးဝိညာဉ်ပုတီး' နဲ့ 'မိစ္ဆာအရိုး' တွေက ဒီဆုံးရှုံးမှုကို ပြန်ကာမိသွားလို့ပါပဲ။
"ရတာပေါ့" ကုပေချန် အချိန်မှန် ရောက်လာလို့ စုပင်း ဝမ်းသာသွားသည်။ "ကျွန်တော် သွားယူပေးမယ်။ ခဏစောင့်ဦး"
ဒီနေ့ ဆိုင်ကို ပြန်ရောက်ရောက်ချင်း ပထမဆုံး အလိုအလျောက်စနစ်နဲ့ လေ့ကျင့်ခိုင်းတဲ့ သားရဲတွေထဲမှာ ဒီစိတ်ကူးယဉ်သားရဲလည်း ပါတာကိုး။
စုပင်း သားရဲအခန်းထဲကို သွားကာ ပြုစုပျိုးထောင်ရေးခြံတစ်ခုထဲမှာ စိတ်ကူးယဉ်သားရဲကို တွေ့လိုက်တော့ မချီလိုက် သည်။
စိတ်ကူးယဉ်သားရဲက လေ့ကျင့်ရေးနယ်မြေကနေ ပြန်လာခါစဆိုတော့ တော်တော်လေးကို စိတ်ဒဏ်ရာ ရနေရှာတာပါ။ အခု ပြုစုပျိုးထောင်ရေးခြံထဲမှာ ဇိမ်ခံနေတုန်း စုပင်းက လာမချီလိုက်တော့ ထိုကောင်လေးက ဒေါသထွက်သွားခဲ့ပြီး တိမ်တိုက်လို ခန္ဓာကိုယ်ထဲကနေ ပါးစပ်ကြီး ထွက်လာပြီး စုပင်းကို သွားဖြဲပြကာ ခြိမ်းခြောက်လိုက်သည်။
ဒါပေမဲ့ စုပင်းက ဘယ်သူလဲဆိုတာကို မြင်လိုက်၊ ခံစားလိုက်ရတဲ့အခါမှာတော့ ဒေါသတွေက အံ့ဩမှုတွေအဖြစ် ချက်ချင်း ပြောင်းလဲသွားပါတော့တယ်။ ဟနေတဲ့ ပါးစပ်ကြီးကလည်း မမြင်ရတော့တဲ့အထိ ဖြည်းဖြည်းချင်း ပြန်ပိတ်သွားကာ...
သူ့ရဲ့ နက်မှောင်ပြီး အရည်လဲ့နေတဲ့ မျက်လုံးလေးတွေထဲမှာတော့ ဝမ်းနည်းမှုတွေနဲ့ ပြည့်နှက်လာ တော့သည်။
စိတ်ကူးယဉ်သားရဲ ကြောက်နေပုံကို ကြည့်ရုံနဲ့တင် လေ့ကျင့်ရေးနယ်မြေမှာ သူ ဘယ်လောက်တောင် အပြင်းအထန် "လေ့ကျင့်" ခံခဲ့ရမလဲဆိုတာ စုပင်း သိလိုက်ေတာ့သည် ။ စုပင်းက သားရဲစစ်ဆေးတဲ့ စွမ်းရည်ကို သုံးကြည့်လိုက်တဲ့အခါ စွမ်းရည်သစ် နှစ်ခု ထပ်တိုးလာတာကို တွေ့လိုက်ရတယ်။ တစ်ခုကတော့ တော်တော်လေးကို အထင်ကြီးစရာကောင်းသည့် အဆင့်မြင့်စွမ်းရည် တစ်ခုပါပဲ။
ဒါ့အပြင် သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကလည်း ၀.၂ တိုးလာသဖြင့်.... ဒါဟာ သာမန်လေ့ကျင့်မှုတစ်ခုအတွက်ဆိုရင် မှင်တက်ဖွယ်ရာ ရလဒ်တစ်ခုပါပဲ။
စုပင်း တော်တော်လေး ကျေနပ်သွားကာ " စိတ်ကူးယဉ်သားရဲ "ကို အခန်းထဲက ထုတ်လာပြီး ကုပေချန်ကို ပြန်ပေးလိုက်သည်။ "မင်းရဲ့ သားရဲ"
ကုပေချန်က သူ့သားရဲကို ကြည့်လိုက်ပြီး.....ဒဏ်ရာဒဏ်ချက် မရှိတာ မြင်တော့ သူ စိတ်အေးသွားပြီး "ကျေးဇူးပဲ" လို့ ပြောလိုက်သည်။
ဒါက ရိုးရိုးယဉ်ယဉ်ကျေးကျေး ပြောလိုက်တဲ့ စကားသက်သက်ပါပဲ။ ရင်ထဲကလာတဲ့ စကားတော့ မဟုတ်ပါဘူး။ပြောပြီးတာနဲ့ သူက စိတ်ကူးယဉ်သားရဲကို သိမ်းလိုက်ကာ လှည့်ပြန်မို့ ပြင်လိုက်သည်။ လေ့ကျင့်မှုအကြောင်းကိုလည်း သူ လှည့်တောင် မမေးခဲ့ပါဘူး။ တစ်ရက်တည်းနဲ့ ဘာတွေများ ထူးခြားလာမှာလဲလို့ သူ တွေးထားလို့ပါပဲ။
"ကျွန်တော် သွားပြီ" ကုပေချန်က ဘာမှ မမေးစမ်းပဲ လှည့်ထွက်သွား တော့ စုပင်း အံ့ဩသွားသည်။ ကုပေချန်က သူ့သားရဲရဲ့ စွမ်းရည်တွေကို ကောင်းကောင်း မသုံးတတ်မှာစိုးလို့ (စုယန်ယင်တုန်းကလိုမျိုးပေါ့) စွမ်းရည်အသစ်တွေအကြောင်း ရှင်းပြဖို့ သူ ပြင်ထားတာပါ။ ဒါပေမဲ့ ကုပေချန်က သူ့ကို အခွင့်အရေးတောင် မပေးခဲ့ပါဘူး။
သူ ထွက်သွားပြီဆိုတော့လည်း စုပင်း လက်လျှော့လိုက်ရပါတော့တယ်။
ဆိုင်ကနေ ထွက်လာပြီးတဲ့နောက် ကုပေချန်က သူ့ရဲ့ SUV ကားကြီးကို မောင်းပြီး အခြေစိုက်မြို့ရဲ့ အစွန်အဖျားက တောရိုင်းနယ်မြေဆီကို ဦးတည်ထွက်ခွာသွားလိုက်သည်။
သူက မြို့ကို ပြန်ရောက်ကတည်းက မှတ်ပုံတင်တာတွေ လုပ်ပြီးသားပါ။ အခုတော့ 'ထိပ်သီးသားရဲစစ်သည် ပြိုင်ပွဲ" စဖို့ပဲ စောင့်ရတော့မှာပါ။ အဲဒီအချိန်အတောအတွင်းမှာ သူက တောရိုင်းနယ်မြေထဲမှာ နောက်ဆုံးပိတ် လေ့ကျင့်မှုတွေ သွားလုပ်တော့မှာ ဖြစ်ပါတယ်။
ကုပေချန် ထွက်သွားပြီးနောက် စုပင်း ကျင့်စဉ်ကို ဆက်လက်ကျင့်နေလိုက်သည်။ အားလပ်ချိန်မှာ စနစ်ရဲ့ ဆိုင်ကိုဖွင့်ကြည့်ပြီး အလတ်စား 'သားရဲဖမ်း ကျော့ကွင်း " ကိုပါ ဝယ်ယူလိုက် တော့သည်။
မနက်ပိုင်းက လာခဲ့တဲ့ ဖောက်သည်တွေကြောင့် သူ့မှာ စွမ်းအင် ၅,၀၀၀ နီးပါး ရထားတာဆိုတော့ အလတ်စား သားရဲဖမ်းလက်စွပ် ဝယ်ဖို့က ပိုလျှံနေပါတယ်။ ဒါပေမဲ့ သူ လိုချင်နေတဲ့ အလတ်စား 'မူလစွမ်းအားဆေးလုံး " ဝယ်ဖို့ကျတော့ စွမ်းအင်မှတ်တွေ အများကြီး လိုနေပါသေးတယ်။ ဒါကို တွေးမိရင်တော့ စုပင်းစိတ်ပျက်ပြီး အားမလိုအားမရ ဖြစ်မိပြန်သည် ။
သိပ်မကြာခင်မှာပဲ နောက်ထပ် လူတစ်ယောက် ဆိုင်ကို ရောက်လာခဲ့သည်။ စုပင်းကတော့ ကုပေချန် ပြန်လာတာလားလို့ ထင်လိုက်မိတာပါ။ ဘာလို့လဲဆိုတော့ ကားအမျိုးအစားနဲ့ အိတ်ဇောသံက တစ်ပုံစံတည်း ဖြစ်နေလို့ပါပဲ။
စုပင်း မော့ကြည့်လိုက်တော့ ကုပေချန် မဟုတ်ဘဲ ရင်းနှီးနေတဲ့ လူတစ်ယောက် ဖြစ်နေတာကို တွေ့လိုက်ရတယ်။
"ဆရာစု... မတွေ့ရတာ ကြာပြီနော်" လို့ ယဲ့ချန်းရှန်း က ပြုံးပြုံးလေး နှုတ်ဆက်လာခဲ့သည်။
စုပင်း သိချင်စိတ်နဲ့ ပြန်မေးလိုက်သည်။ "ဘာကိစ္စ ရှိလို့လဲ?"
ယဲ့ချန်းရှန်းက ရယ်လိုက်ပြီး "ပြီးခဲ့တဲ့ တစ်ခေါက်က ကိစ္စအတွက် ကျေးဇူးတင်ရမှာပေါ့။ ဆရာ့ရဲ့ လုပ်ငန်းကို လာပြီး အားပေးရမှာက ကျွန်တော့် တာဝန် မဟုတ်လား?" စုပင်း ခေါင်းညိတ်လိုက်တယ်။ "ဟုတ်တာပေါ့... တကယ်ကို ဟုတ်ပါတယ်" စုပင်းရဲ့ အရှက်မရှီတဲ့ တည့်တိုး အဖြေကြောင့် ယဲ့ချန်းရှန်း အံ့ဩသွားရှာသည်။ "ဆရာစုက တကယ့်ကို ပွင့်လင်းတဲ့လူပဲ"
စုပင်းကတော့ ဘာမှ ပြန်မပြောပါဘူး။ "ကြည့်ကြည့်လေ... ဘာလိုချင်လို့လဲ?"
ယဲ့ချန်းရှန်းက ခပ်ပြုံးပြုံး လုပ်ကာ စုပင်းရဲ့ နောက်က စင်ပေါ်က ပစ္စည်းတွေကို ကြည့်လိုက် ပေမယ့်လဲ ဈေးနှုန်းတွေကို မြင်လိုက်ရတဲ့အခါမှာတော့ သူ့မျက်နှာပေါ်က အပြုံးကို ထိန်းထားဖို့ ခက်ခဲသွားပါတော့တယ်။ သူက အတင်းအဓမ္မ ရယ်ပြလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်တယ်။ "ဆရာစု... အမှန်တော့ ဆရာ့ကို ပြောပြချင်တဲ့ အံ့ဩစရာ သတင်းတစ်ခု ရှိလို့ပါ" "ဟေ... ဟုတ်လား?"
စုပင်းကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ သူ နည်းနည်းလေးမှ မအံ့ဩပါဘူး။
အကြောင်းမရှိဘဲ ဘယ်သူမှ ဆိုင်ကို မလာဘူးဆိုတာ သူ သိတာပေါ့။ ယဲ့ချန်းရှန်းက တကယ်ပဲ ကျေးဇူးဆပ်ချင်တယ်ဆိုရင် အစောကြီးကတည်းက လာမှာပါ။ အခုမှ လာတာဆိုတော့ မေးစရာ ကိစ္စတစ်ခုခု ရှိလို့ပဲ ဖြစ်ရပါမယ်။
ယဲ့ချန်းရှန်းက ပြုံးလိုက်ရင်း "ဆန်းကြယ်နယ်မြေ တစ်ခု ပွင့်တော့မယ် ဆရာစု။ ဆရာ စိတ်ဝင်စားမလားလို့..." ကမ္ဘာ့ထိပ်သီးသားရဲစစ်သည်ပြိုင်ပွဲ "ကလည်း မကြာခင် စတော့မှာလေ... ဆရာစုလည်း အဲဒီအတွက် စာရင်းပေးထားမှာပဲ မဟုတ်လား? ဆန်းကြယ်နယ်မြေကို သွားတာက တကယ့်ကို ကောင်းမွန်တဲ့ လေ့ကျင့်ရေး အခွင့်အရေးပဲ။ ပြိုင်ပွဲအတွက် စာရင်းပေးထားတဲ့ လူအများကြီးက အဲဒီကို သွားပြီး လေ့ကျင့်ကြလိမ့်မယ်။ အဲဒီမှာ တစ်ခုခု ထူးခြားသွားရင် ပြိုင်ပွဲမှာ ထိပ်တန်းကနေ ပါဝင်နိုင်မှာ မို့လို့ပါ"
"ချန်ပီယံ မဖြစ်ရင်တောင်မှ၊ ထိပ်တန်း ၁၀ ယောက်စာရင်းထဲ ပါတဲ့သူတိုင်းက ဒဏ္ဍာရီလာ တိုက်ခိုက်ရေးသမားတစ်ယောက်ဆီကနေ လမ်းညွှန်မှု ခံယူခွင့် ရမှာလေ! ဆန်းကြယ်နယ်မြေက အဓိကပဲ။ အဲဒီကနေ တန်ဖိုးရှိတဲ့ ရတနာတွေ ဒါမှမဟုတ် ဘယ်သူမှ မမြင်ဖူးတဲ့ လျှို့ဝှက်ကျမ်းစာတွေ ရလာတဲ့သူကတော့ ထိပ်သီးသားရဲစစ်သည်ပြိုင်ပွဲ မှာ အနိုင်ရဖို့ သေချာသလောက်ပဲ!"
"ဆန်းကြယ်နယ်မြေ ဟုတ်လား?"
စုပင်း အံ့ဩသွားပါတော့တယ်။
ဆန်းကြယ်နယ်မြေတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် ပိတ်ဆို့မှုတွေက တောရိုင်းနယ်မြေတွေထက်တောင် ပိုပြီး တင်းကျပ်တယ်လို့ သူ ကြားဖူးပါတယ်။ သူ့လို သာမန်လူတစ်ယောက်အတွက်တော့ အချက်အလက် ရှာဖို့က တော်တော် ခက်တာပါ။ သူ သိထားတာ ကတော့ တောရိုင်းနယ်မြေမှာ အစွမ်းထက်တဲ့ တိုက်ခိုက်ရေးသမားတွေတောင် ဆန်းကြယ်နယ်မြေထဲမှာ အသက်ပျောက်သွားနိုင်တယ် ဆိုတာပါပဲ။
***