စုပင်း တစ်ယောက် လက်ကိုတောင် မြှောက်ရခြင်း မရှိသေးခင်မှာတင် သူ့ပုခုံးကို လှမ်းအုပ်လိုက်တဲ့ ထက်မြတဲ့ ခြေသည်းကြီးဟာ ရုတ်တရက် ကွေးညွတ်သွားပြီး... ဂျောက်ခနဲ အသံနဲ့အတူ ကျိုးသွားပါတော့သည်။
တစ်ချိန်တည်းမှာပဲ တောင်ပံသားရဲ ဟာ စုပင်းရဲ့ ရှေ့မှာတင် ဘုန်းခနဲ အသံနဲ့အတူ ကြမ်းပြင်ပေါ်ကို မှောက်လျက်သား ပြုတ်ကျသွားခဲ့ပြီး...ပြောမပြနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတစ်ခုက တောင်ပံသားရဲ ကို လှုပ်လို့မရအောင် ဖိနှိပ်ထားသလိုမျိုးပင်။
တောင်ပံသားရဲ က ရုန်းကန်ဖို့ ဒါမှမဟုတ် ပြန်တိုက်ဖို့တောင် မကြိုးစားနိုင်တော့ပဲ ...သူ့မျက်လုံးထဲက ရန်လိုမှုနဲ့ သတ်ဖြတ်လိုတဲ့ အရိပ်အယောင်တွေဟာ ချက်ချင်း ပျောက်ကွယ်သွားပြီး အကြောက်တရားတွေနဲ့ အစားထိုးဝင်ရောက်လာသည်။ တောင်ပျံသားရဲ ရဲ့ မျက်လုံးထဲမှာတော့ စုပင်းဟာ မဆန့်ကျင်ဝံ့စရာ ကောင်းတဲ့ မြင့်မြတ်တဲ့ နတ်ဘုရားတစ်ပါးလို ဖြစ်လာပုံရသည်။ စုပင်းဆီက ထွက်ပေါ်လာတဲ့ ကြောက်မက်ဖွယ် အရှိန်အဝါတွေက တောင်ပံသားရဲ ကို လုံးဝ လွှမ်းမိုးထားလိုက်တာကြောင့် သားရဲခဗျာ တုန်လှုပ်ချောက်ချားပြီး စိတ်တွေပါ လွတ်ထွက်မတတ် ဖြစ်နေရရှာသည်။
မကြာခင်မှာပဲ တောင်ပံသားရဲ ဆီကနေ ရွံရှာဖွယ် အနံ့အသက်ဆိုးတွေ ထွက်ပေါ်လာတော့သည်။ အကြောက်လွန်ပြီး အညစ်အကြေးတွေပါ ထွက်ကျကုန်တာပါပဲ။
ဒီလို ရုတ်တရက် အခြေအနေ ပြောင်းလဲသွားမှုကြောင့် လူငယ်နဲ့ သူ့နောက်က ကျောင်းသားတွေအားလုံး ဆွံ့အသွားကြသည်။
ကြမ်းပြင်ပေါ်မှာ တုန်တုန်ယင်ယင်နဲ့ ဝပ်နေတဲ့ တောင်ပံသားရဲ ကို ကြည့်ပြီး သူတို့အားလုံး မျက်လုံးအပြူးသားနဲ့ အံ့သြနေမိကြသည်။
လွန်ခဲ့တဲ့ စက္ကန့်ပိုင်းလောက်ကမှ တကယ့်ကို ခန့်ညားထည်ဝါနေတဲ့ တောင်ပံသားရဲ က ဘယ်လိုဖြစ်လို့ စုပင်းရှေ့မှာ ဒီလောက်တောင် ကြောက်လန့်တုန်ရီပြီး ဝပ်ဆင်းသွားရတာလဲ......
အညစ်အကြေးတွေ ထွက်ကျတဲ့အထိ ဖြစ်သွားတာကိုတော့ ပြောမနေပါနဲ့တော့။
အဓိကကတော့ စုပင်း တစ်ချက်ကလေးတောင် လှုပ်ရှားလိုက်တာကို သူတို့ မမြင်လိုက်ရတာပါပဲ!
တကယ်လို့သာ တောင်ပံသားရဲ ရဲ့ ရန်လိုမှုကို သူတို့ကိုယ်တိုင် မတွေ့ခဲ့ရဘူးဆိုရင် ဒါဟာ တမင်သက်သက် လုပ်ကြံဖန်တီးထားတဲ့ ပြကွက်တစ်ခုလို့တောင် ထင်မိကြမှာပါ။
စုပင်းကိုယ်တိုင်လည်း အံ့သြသွားမိသွားပေမဲ့ ..... စနစ် က ဝင်ပါလိုက်ပြီဆိုတာ သူ ချက်ချင်း သဘောပေါက်လိုက်သည်။
ဒီဆိုင်ရဲ့ နယ်မြေအတွင်းမှာ သူ့ကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့ ဘယ်အရာမဆို စနစ်ရဲ့ ဆုံးမမှုကို ခံရမှာပါပဲ။
အရင်တစ်ခါကလည်း ဖန်ယုကျင်းက သူ့ကို ဆဲဆိုပြီး ထိုးဖို့ ကြိုးစားလို့ လက်မောင်း ကျိုးသွားဖူးသည်။
ဒီ တောင်ပံသားရဲ ကတော့ တိုက်ခိုက်မှုမှာ သတ်ဖြတ်လိုတဲ့ စိတ်ပါနေတာကြောင့် ပိုပြီး အခြေအနေ ဆိုးသွားတာပါ။ ခြေသည်းကျိုးသွားရုံတင်မကဘဲ ကြမ်းပြင်ပေါ်မှာပါ ဖိနှိပ်ခြင်း ခံလိုက်ရတာ ဖြစ်သည်။
တောင်ပံသားရဲ ခံစားနေရတဲ့ ကြောက်မက်ဖွယ် အရှိန်အဝါကိုတော့ စုပင်းနဲ့ အဲဒီသားရဲပဲ ခံစားသိရှိနိုင်တာပါ။ ဒါဟာ သာမန်ထက် ထူးကဲတဲ့ စနစ်ဆီကလာတဲ့ အရာမျိုးမို့ သာမာန်လူတွေ အနေနဲ့က တော့ ဘာမှ ခံစားသိရှီနိုင်မှာ မဟုတ်ပါဘူး။
စုပင်း တွေးမိတာကတော့ ဒီသားရဲလေးဟာ စိတ်ရူးမပေါက်သွားရင်တောင် နောင်တစ်ချိန်မှာ ဒီအဖြစ်အပျက်ကြောင့် စိတ်ဒဏ်ရာကြီးကြီးမားမား ရသွားနိုင်တယ် ဆိုတာပါပဲ။
လူငယ်ကတော့ သူ့ရဲ့ တောင်ပံသားရဲ ကို ကြည့်ပြီး မယုံနိုင်အောင် ဖြစ်နေသည်။ ဒီသားရဲက ဘယ်လောက်အထိ ရန်လိုပြီး ရက်စက်လဲဆိုတာ သူ အသိဆုံးပါ။သူအနေနဲ့ ဒီသားရဲကို ယဉ်ပါးအောင် လုပ်ဖို့တောင် တော်တော် ခေါင်းခဲခဲ့ရတာပါ။ အခုလို မာနကြီးလှတဲ့ သားရဲက ဒီလောက်အထိ အရှက်ရစရာကောင်းတဲ့ အခြေအနေမျိုး ဖြစ်သွားလိမ့်မယ်လို့ သူ လုံးဝ မထင်ထားခဲ့ပါဘူး။
သူ့သားရဲဆီကလာတဲ့ ပြင်းထန်တဲ့ အကြောက်တရားကို လူငယ်ကိုယ်တိုင်ပါ ခံစားမိလာပြီး စုပင်းကို စတင် သတိထားပြီး ကြည့်လာမိသည်။
ဘာတွေ ဖြစ်သွားတာလဲ?
သူ့ အနေနဲ့ ဘာကိုမှ နားမလည်နိုင် ဖြစ်နေသည်။ ခြေသည်း ကျိုးသွားတာရော၊ သေးထွက်အောင်ထိကြောက်လန့်သွားတာရောက ဘယ်ကနေ ဘယ်လို ဖြစ်လာမှန်း သူ မသိပါဘူး။
အစကနေ အဆုံးအထိ စုပင်း လှုပ်ရှားလိုက်တာကို သူ လုံးဝ မမြင်လိုက်ရတာပါ။
ဒါမှမဟုတ် စုပင်းက သာမန်မျက်စိနဲ့ မမြင်နိုင်လောက်အောင် မြန်နေတာလား.......
ဇာတ်လမ်းက တော်တော်လေး ထူးဆန်းလာပါပြီ။
စုပင်းက အလွန်ဆုံးရှိမှ အသက် ၂၀ ဝန်းကျင်ပဲ ရှိဦးမှာပါ။ ဒီအသက်အရွယ်နဲ့ တောင်ပံသားရဲ ကို အနိုင်ယူဖို့ ဆိုတာတောင် ခက်ခဲလှပြီ ဖြစ်သလို၊ လှုပ်ရှားမှုကို မမြင်ရလောက်အောင် မြန်ဖို့ဆိုတာကတော့ ပိုလို့တောင် မဖြစ်နိုင်တာပါ။
ဒါဆို စုပင်းက ဘယ်လောက်တောင် အစွမ်းထက်နေလို့လဲ...
ကျောင်းသား အတော်များများကလည်း အံ့သြနေရာကနေ သတိပြန်ဝင်လာပြီး စုပင်းကို လှည့်ကြည့်လိုက်ကြသည်။
ဒါဟာ အဆင့်မြင့် ဆရာတစ်ယောက်ရဲ့ တကယ့် အစွမ်းလား
ဆရာစုက ဒီသားရဲကို မျက်တောင်တစ်ခတ်အတွင်းမှာ အနိုင်ယူလိုက်တာပါ။ ဘာလှုပ်ရှားမှုမှ မလုပ်ဘဲနဲ့ ဒီသားရဲကြီးကို တုန်လှုပ်သွားအောင် ဖိနှိပ်ထားနိုင်ခဲ့တာမျိုးက ....သာမန် အဆင့်မြင့် သားရဲတိုက်ခိုက်ရေးသမား တစ်ယောက်တောင် ဒါမျိုး မလုပ်နိုင်ပါဘူး။
တစ်ခုတည်းသော အဖြေကတော့ စုပင်းဟာ အဆင့် ၈ တိုက်ခိုက်ရေးသမား တစ်ယောက် ဖြစ်နေတာပါပဲ... ဒါပေမဲ့ အသက် ၁၈ နှစ်နဲ့ မာစတာ အဆင့် တိုက်ခိုက်ရေးသမား ဆိုတာ ဖြစ်နိုင်ပါ့မလား....
ကျောင်းရဲ့ ဝက်ဘ်ဆိုက်မှာ စုပင်းရဲ့ အသက်ကို ကြည့်ထားဖူးတဲ့ အဲဒီကျောင်းသားတွေဟာ ဟိုလူငယ်ထက်တောင် ပိုပြီး အံ့သြနေကြတာပါ။
ဆရာစုက ငယ်ငယ်လေးနဲ့ တကယ့်ကို ကြောက်စရာကောင်းတဲ့ လူပဲ။ စုပင်းကတော့ ကြမ်းပြင်ပေါ်က တုန်နေတဲ့ တောင်ပံသားရဲ ကို တစ်ချက်ကြည့်လိုက်တော့ သားရဲရဲ့ မျက်လုံးထဲက အကြောက်တရားတွေအရ ဒီသားရဲလေး သေမတတ် ကြောက်နေပြီဆိုတာ သူ သိလိုက်သည်။
စိတ်ထဲကနေ စနစ်ကို သူ မေးလိုက်သည်။ "ငါ ဘာလုပ်ရမလဲ?"
စနစ်က အေးဆေးပဲ "ဒါက ပထမဆုံးအကြိမ်မို့လို့ အသေးစား အပြစ်ပေးရုံပဲ ရှိပါသေးတယ်။ အခု ဝယ်သူက ပိုက်ဆံပေးပြီးပြီဆိုတော့ လက်ခံသူအနေနဲ့ လေ့ကျင့်ပေးဖို့ပဲ ဆက်လုပ်ရပါမယ်"
စနစ်က ဒီလို ပြောလာသဖြင့် စုပင်း တောင်ပံသားရဲ ရဲ့ တောင်ပံတွေကို ဆွဲကာ ဆိုင်နောက်ဘက်က သားရဲအခန်းထဲကို တရွတ်တိုက် ဆွဲခေါ်သွားတော့သည်။
စုပင်းက သူ့သားရဲကို ဆွဲခေါ်သွားပုံကို မြင်တော့ လူငယ်က တစ်ခုခု ပြောဖို့ နှုတ်ခမ်းလှုပ်လိုက်ပေမဲ့ စကားလုံးတွေက ထွက်မလာခဲ့ပါဘူး။ သူ သတ္တိမွေးပြီး ပြောဖို့ ပြင်လိုက်တဲ့အချိန်မှာတော့ စုပင်းက ဆိုင်နောက်ဘက်ကို ဝင်သွားပြီ ဖြစ်သည်။
တောင်ပံသားရဲ ကို လေ့ကျင့်ရေး ဟင်းလင်းပြင်ထဲ ပစ်ထည့်လိုက်ပြီးနောက် စုပင်း ဆိုင်ရှေ့ကို ပြန်ထွက်လာခဲ့သည်။
လူငယ်က အလောတကြီး မေးလိုက်သည်။ "ဆရာ... ဆရာ ကျွန်တော့်ရဲ့ တောင်ပံသားရဲ ကို ဘာလုပ်လိုက်တာလဲ?" စုပင်းက သူ့ကို အံ့သြသလို ကြည့်ပြီး... "မင်းပဲ လေ့ကျင့်ခ ပေးထားတာ မဟုတ်လား? ဒါကြောင့် နောက်မှ လေ့ကျင့်ပေးဖို့ ခဏ သွားထားလိုက်တာပေါ့"
"ဗျာ......? "
လူငယ်ခမျာ ဘာကိုမှ နားမလည်နိုင် ဖြစ်နေရပြန်သည်။ တောင်ပံသားရဲ က စုပင်းကို ရန်စခဲ့တာတောင်၊ စုပင်းက သင်ခန်းစာ ပေးပြီးတာတောင် လေ့ကျင့်ပေးတာကို ဆက်လုပ်မယ်လို့ သူ မထင်ထားခဲ့တာပါ။
အခုတော့ ..... ဒီဆိုင်ရှင်လေးကို သူ လုံးဝ မရိုမသေ မလုပ်ဝံ့တော့ပါဘူး။ စုပင်းက ဘာလှုပ်ရှားမှုမှ မပြဘဲ တောင်ပံသားရဲ ကို နှိမ်နင်းလိုက်နိုင်တာ တစ်ခုတည်းနဲ့တင် သူဟာ တကယ့်ကို အစွမ်းထက်တဲ့ တိုက်ခိုက်ရေးသမား ဆိုတာ သိသာလွန်းနေပါပြီ။ ဒါ့အပြင်ကိုမှ
ဒီလောက် ငယ်ငယ်လေးနဲ့ ဒီလို အစွမ်းမျိုး ရှိတဲ့ ပါရမီရှင်ဆိုတာ လွယ်လွယ်နဲ့ ရန်စရမယ့် လူမျိုး မဟုတ်ပါဘူး။ ဘာလို့ဆို အခုတောင် ဒီလောက်ဆိုရင် နောင်တချိန်ကျရင် စုပင်းက ဧရာမ တည်ရှီမှုကြီး ဖြစ်လာမှာ သေချာသလောက်ပါပဲ။
ထို့သို့ တွေးမိလာသဖြင့်... "ကျွန်တော် မသိလို့ ရန်စမိတာရှိရင် ခွင့်လွှတ်ပါ" လို့ လူငယ်က ချက်ချင်း တောင်းပန်လိုက်သည်။
စုပင်းကတော့ သူ ရန်စခံရတယ်လို့ မယူဆပါဘူး။ သူ့ကို တိုက်ခိုက်ဖို့ ကြိုးစားတာက သားရဲဖြစ်ပြီး လူငယ်ရဲ့အပြစ်မဟုတ်ပါဘူး။ မဟုတ်ရင်တော့ စနစ်က လူငယ်ကိုပါ အပြစ်ပေးပြီးသား ဖြစ်မှာလေ။ "မပူပါနဲ့။ ဒါက အသေးအဖွဲ သင်ခန်းစာ ပေးရုံပါပဲ။ လေ့ကျင့်ပေးပြီးရင် မင်းရဲ့ သားရဲကို ပြန်ပေးပါ့မယ်"
အဲဒီတော့မှ လူငယ် စိတ်အေးသွားပြီး... "ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်သည်။
စုပင်းကတော့ လက်ယမ်းပြရင်း... "တခြား ဘာလုပ်ဦးမလဲ? မရှိရင်တော့ ဘေးကို ခဏ ဖယ်ပေးပါဦး"
လူငယ် ဘာပြန်ပြောရမှန်း မသိတော့ဘဲ ဘေးမှာပဲ ရပ်နေလိုက်သည်။
သူက ဆိုင်ထဲကို ခိုးကြည့်မိပေမဲ့ တံခါးတွေက ပိတ်ထားလို့ ဘာမှ မမြင်ရပါဘူး။ စပ်စုချင်ပေမဲ့လည်း ဆိုင်နောက်ဘက်ကိုတော့ မဝင်ရဲတော့ပါဘူး။ သူ့စိတ်ထဲမှာတော့ ဒီစုတ်ပြတ်နေတဲ့ ဆိုင်အိုကြီးက တကယ့်ကို အန္တရာယ်များတဲ့ နေရာကြီးလို ဖြစ်နေတာပါ။
"သွားပြီနော် ဆရာ" သူ ဘာမှ ထူးထူးခြားခြား မတွေ့တော့တာကြောင့် စုပင်းကို ယဉ်ယဉ်ကျေးကျေးပဲ နှုတ်ဆက်ပြီး ထွက်လာခဲ့သည်။
စုပင်းကတော့ "အေး" လို့ပဲ ခပ်တိုးတိုး ပြန်ပြောပြီး နောက်ထပ် ဝယ်သူရဲ့ နာမည်နဲ့ ဆက်သွယ်ရန် လိပ်စာတွေကို ရေးမှတ်ဖို့ပဲ အလုပ်ရှုပ်နေသည်ကို တွေ့ရသဖြင့် လူငယ်ကတော့ ခါးသက်သက် အပြုံးတစ်ခုနဲ့အတူ ဘာမှ ထပ်မပြောတော့ဘဲ အမြန်ပဲ ထွက်လာခဲ့ပါတော့သည်။ လမ်းထိပ် ရောက်တဲ့အခါမှာတော့ သူ နောက်လှည့်ကြည့်ပြီး ဒီဆိုင်ရဲ့ နာမည်ကို မှတ်သားထားလိုက်သည်။
"" ပိုင်စီသားရဲဆိုင် ""
ကြောက်စရာကောင်းတဲ့ ဆိုင်ရှင်လေးရှိတဲ့ ထူးဆန်းတဲ့ ဆိုင်လေးတစ်ခုပါပဲ....
ဒါကတော့ သူ ဒီဆိုင်လေးကို ပေးလိုက်တဲ့ ခေါင်းစဉ်ပါပဲ။ အဲဒီနောက် သူ ထွက်သွားသည်။
"ဆရာစု... ဆရာ တကယ် လန်းတယ်ဗျာ!"
"ဒါက အဆင့် ၅ တောင်ပံသားရဲ လေ၊ အဆင့် ၉ သွေးမျိုးဆက်ရှိပြီး မာနလည်း အရမ်းကြီးတာ။ အဲဒါကို ဆရာက ဘယ်လိုလုပ်ပြီး ဒီလောက် မြန်မြန် နှိမ်နင်းလိုက်တာလဲ? ကျွန်တော်တို့ ဘာမှတောင် မမြင်လိုက်ရဘူး"
"ဟုတ်တယ်ဗျ။ အဲဒီသားရဲလေး ကြောက်လွန်းလို့ သေး တောင် ထွက်သွားတယ်"
ဟိုလူငယ် ထွက်သွားတော့မှ ကျောင်းသားတွေ သတိပြန်ဝင်လာပြီး စိတ်လှုပ်ရှားစွာနဲ့ ဝိုင်းပြောကြပါတော့သည်။ အရင်က စုပင်းအကြောင်း ကြားဖူးပေမဲ့ သူတို့က သိပ်မယုံကြပါဘူး။ စုပင်းရဲ့ သားရဲတွေကပဲ အစွမ်းထက်တာလို့ ထင်ခဲ့ကြပြီး စုပင်းက သူဌေးသား တစ်ယောက်လို့ပဲ ယူဆခဲ့ကြတာပါ။
ဒါပေမဲ့ အခုတော့ စုပင်းကိုယ်တိုင်ကလည်း တကယ့်ကို အစွမ်းထက်မှန်း သူတို့ သိသွားကြပါပြီ။
ကြမ်းပြင်ပေါ်မှာ တောင်ပံသားရဲ ရဲ့ အညစ်အကြေးတွေ ကျန်ခဲ့ပြီး အနံ့အသက်က မကောင်းပေမဲ့ ကျောင်းသားတွေကတော့ စိတ်လှုပ်ရှားနေတုန်းပါပဲ။
စုပင်းက သူတို့နဲ့ အသက်တူတူပါပဲ။ သူက ဒီနေရာမှာ ရပ်နေရုံလေးနဲ့တင် တောင်ပံသားရဲ ကို ဖိနှိပ်နိုင်ခဲ့သည်။ သူတို့တွေကတော့ အဲဒီသားရဲကို ရင်ဆိုင်ဖို့ သတ္တိတောင် မရှိကြပါဘူး။ ကွာခြားချက်က တကယ့်ကို ကြီးမားလွန်းလှသည်။
ဆိုင်အပြင်ဘက်၊ သစ်ပင်တစ်ပင်ရဲ့ အောက်မှာ...
စုလင်းယွဲ့ဟာ အရိပ်ထဲမှာ ရပ်ရင်း တိတ်တဆိတ် အကဲခတ်နေခဲ့သည်။ တောင်ပံသားရဲ က သူ့ခြေသည်းနဲ့ လှမ်းအုပ်လိုက်တဲ့ အချိန်မှာ သူမ လန့်ပြီး အော်မိတော့မလို့ပါပဲ။ သူမက သားရဲကို ကြောက်တာ မဟုတ်ဘဲ စုပင်း တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်မိတာ ဖြစ်သည်။
ဒါပေမဲ့ အခြေအနေက မယုံနိုင်စရာကောင်းအောင် ပြောင်းလဲသွားခဲ့သည်ကို သူမ မြင်လိုက်ရသည်။ ဒါက စုပင်းရဲ့ တကယ့် အစွမ်းလား.....
ဒီလူက အခုထိ သူ့အစွမ်းတွေကို ဝှက်ထားတာပေါ့....
သူမရဲ့ မျက်နှာမှာ ခံစားချက်တွေ အမျိုးမျိုး ပြောင်းလဲနေပြီး အရာအားလုံးက အိပ်မက်လိုလို ဖြစ်နေသည်။
စုပင်းက အကယ်ဒမီမှာ အဆင့်မြင့် ဆရာတစ်ယောက် ဖြစ်လာကတည်းက သူ အစွမ်းထက်လိမ့်မယ်လို့ သူမ ခန့်မှန်းထားပေမဲ့ အခုလိုမျိုးတော့ မထင်ထားခဲ့ပါဘူး။ ဒီအရှိန်နဲ့ဆိုရင် သားရဲတွေကို အသုံးမပြုဘဲနဲ့တောင် သူဟာ သူမထက် အများကြီး ပိုပြီး အစွမ်းထက်နေပါပြီ။
ဒါဟာ တစ်ရက်တည်းနဲ့ ဖြစ်လာနိုင်တဲ့ အရာ မဟုတ်ပါဘူး။
ဒါဆို စုပင်းဟာ လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက အစွမ်းတွေ နိုးထနေခဲ့တာပေါ့။
ဒါပေမဲ့ သူက ဘာမှ မသိသလို နေပြီး သူမကို စိတ်တိုင်းကျ နောက်ပြောင်ခွင့်နဲ့ နှိပ်စက်ခွင့် ပေးခဲ့တာလား...
ရုတ်တရက်ဆိုသလို သူမရဲ့ မျက်လုံးတွေ နီမြန်းလာပြီး အောက်နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။ ရင်ထဲမှာ ပြောမပြနိုင်တဲ့ ခံစားချက်တွေ ပြည့်နှက်နေပြီး ဝမ်းနည်းသလိုလို၊ ဝမ်းသာသလိုလိုနဲ့ ဆို့တက်လာပါတော့သည်။ (ဟူး...,.Women ...☕ )
***