သူ့ရဲ့ကျောင်းသားဟာ သူ့ကို ရင်ထဲကနေ တကယ်ကြောက်ရွံ့သွားပြီဆိုတာ စုပင်း သတိထားမိလိုက်ပါတယ်။
ကဲ... ဒီလောက်ဆိုရင်တော့ သူ့ကို ခြောက်လှန့်လိုက်တာ တော်လောက်ပါပြီ။
" မင်း တကယ်တောင်းပန်ချင်တယ်ဆိုရင် အကောင်းဆုံးဖြစ်အောင်သာ သင်ယူပါ။ တကယ်လို့ မင်း မတတ်မြောက်ခဲ့ရင်တော့ ငါ့ကို အပြစ်မတင်နဲ့ "လို့ စုပင်းက ပြောလိုက်ပါတယ်။
" ဟုတ်... ဟုတ်ကဲ့ပါ..." ဟု ဇူရန်းက တုန်တုန်ယင်ယင် ပြန်ဖြေရှာသည်။
အပြင်မှာ စကားများတုန်းကတော့ ဇူရန်းက သူ နည်းနည်းပေါ့သွားလို့ စုပင်းက အလစ်အငိုက် တိုက်ခိုက်သွားတာလို့ ထင်နေခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့သားရဲတွေပါ စုပင်းလက်ထဲမှာ ခံလိုက်ရတာကို မြင်လိုက်ရတော့မှ သူတို့ကြားက မကျော်ဖြတ်နိုင်တဲ့ အစွမ်းအစ ကွာခြားချက်ကြီးကို အပြည့်အဝ နားလည်သွားပါတော့သည်။
" မင်းသင်ချင်တဲ့ဟာတစ်ခုကို ငါသင်ပေးမယ် " လို့ စုပင်းက ဇူရန်းနားကို တိုးသွားရင်း ပြောလိုက်သည်။ ဘေးနားကနေ စူးစူးဝါးဝါး ကြည့်နေတဲ့ သားရဲတွေကိုတော့ သူက ဂရုမစိုက်ပါဘူး။ "ကဲ... ဘာသင်မလဲ၊ကြယ်တာရာစွမ်းအား ထိန်းချုပ်မှုလား၊ ဒါမှမဟုတ် မင်းရဲ့သားရဲတွေအကြောင်းလား။
ဇူရန်း ခေါင်းငုံ့လိုက်ကာ " ကျွန်တော်... ကျွန်တော့်ရဲ့ ကြယ်တာရာစွမ်းအားပိုင်းမှာတော့ အတော်လေး အဆင်ပြေပါတယ် ဆရာကြီး။ ဒါကြောင့်... သားရဲတွေအကြောင်းပဲ သင်ပေးပါဗျာ။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်... အကြောင်းအရာတွေကိုပဲ ပြောပြတာမျိုး မဟုတ်ဘဲ ကျွန်တော် တကယ်သန်မာလာချင်တာပါ။ ကျွန်တော့်သားရဲတွေကို ပိုသန်မာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ... အမ်....ကျွန်တော် ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။
စုပင်း ခေါင်းငြိမ့်လိုက်သည်။သူ နားလည်သွားပါပြီ။
"" ဒါဆိုရင် တိုက်ပွဲတွေမှာ မင်းရဲ့ခွန်အားနဲ့ သားရဲတွေရဲ့ စွမ်းဆောင်ရည်ကို အမြင့်ဆုံးဖြစ်အောင် ဘယ်လိုထုတ်သုံးရမလဲဆိုတာ ငါပြပေးမယ်။ မှတ်ထားရမှာက ငါက မင်းကိုရော မင်းရဲ့သားရဲတွေကိုရော အဆင့်တက်အောင် ကူညီပေးမှာမဟုတ်ဘူး။ ဒါပေမဲ့ မင်းအနေနဲ့ ပြိုင်ပွဲမှာ အခုထက်ပိုပြီး ဘယ်လိုကောင်းအောင် လုပ်ရမလဲဆိုတာ သိသွားလိမ့်မယ် "
ဇူရန်း အံ့သြတကြီး မော့ကြည့်လာခဲ့သည်။ "" ဆိုလိုတာက ကျွန်တော်က အခုထိ ကျွန်တော့်ရဲ့ အစွမ်းအစအပြည့်ကို မထုတ်ရသေးဘူးလို့ ပြောတာလား ဆရာကြီး ""
အေးလေ။ စောစောက မင်းရဲ့ အဖော်မွန်လေးတွေကို ငါ့ဆီ လွှတ်လိုက်တဲ့ပုံစံက တကယ့်ကို အသုံးမကျတဲ့ အမိန့် ပေးပုံပဲ။ မင်းတို့ အကယ်ဒမီမှာ အမိန့်ပေးပုံပေးနည်းကို ဒီလိုပဲ သင်ပေးတာလား။
စုပင်းက သူ့ရဲ့ ကြောက်စရာကောင်းလှတဲ့ သားရဲတွေကို အဖော်မွန်လေးတွေ လို့ သုံးနှုန်းလိုက်တာကြောင့် ဇူရန်း ခဏတော့ မှင်သက်သွားမိသည်။ ဇူရန်းကတော့ ဒီသားရဲတွေနဲ့ နေသားကျနေပေမဲ့ သူတို့ရဲ့ ကြောက်မက်ဖွယ်ပုံစံတွေက ရန်သူတွေကို အထူးသဖြင့် မိန်းကလေးတွေကို ခြောက်လှန့်ဖို့ အကောင်းဆုံး လက်နက်တွေမှန်း သိထားတာလေ။
ဒါပေမဲ့ စုပင်းကတော့ ဒါတွေကို ဘာမှမဟုတ်သလိုပဲ ပြောသွားတာပါ။
ဇူရန်း မျက်နှာလေး နီမြန်းပြီး ရှက်ကိုးရှက်ကန်းနဲ့ ပြန်ဖြေလိုက်သည်။ ကျွန်တော်က... ပြန်တိုက်ခိုက်ချင်စိတ်ပဲ ရှိနေတာမို့ပါ။ ဘာမှ သိပ်မစဉ်းစားမိလိုက်ဘူး။
" အဲဒါပဲ ပြဿနာပဲ "လို့ စုပင်းက တည်ငြိမ်တဲ့ မျက်နှာထားနဲ့ ပြန်ပြောလိုက်သည်။ မင်းက ငါ့ကို ခြောက်လှန့်ချင်တယ်။ မင်းရဲ့သားရဲတွေကလည်း မင်းဘာလိုချင်လဲဆိုတာ သိလို့ နှစ်ကောင်လုံး ငါ့ဆီ ပြေးလာကြတယ်။ ဒါပေမဲ့ ဒါက မင်းနိုင်မှာလား ရှုံးမှာလားဆိုတာ မင်း လုံးဝ မစဉ်းစားခဲ့ဘူး။ မင်းစိတ်ထဲမှာ ငါ့အကြောင်း ဘာမှမသိဘဲနဲ့ အောင်နိုင်မှုကိုပဲ မျှော်လင့်နေတာ။ ဒါဟာ တကယ့်ကို မိုက်မဲတဲ့ လုပ်ရပ်ပဲ ""
စုပင်းရဲ့ စကားတွေကို နားထောင်ရင်း ဇူရန်းရဲ့ မျက်နှာဟာ ရှုံ့မဲ့သွားရသည်။ ဒါပေမယ့်လဲ စုပင်းပြောတာတွေ အကုန်မှန်နေမှန်း သူသိပါတယ်။
ငါသာ တကယ် အတည်အပေါက် စဉ်းစားခဲ့ရင် တစ်ခုခု ပြောင်းလဲသွားနိုင်မလား လို့ သူဘာသာ ပြန်တွေးမိသွားသည်။
အဲဒီအတွေးက တစ်စက္ကန့်လောက်ပဲ ကြာပါတယ်။ စုပင်းက ရွှံ့နွံတွားသွားကောင် ကြီးကို လက်တစ်ဖက်တည်းနဲ့ မပြီး လွှင့်ပစ်လိုက်တာရယ်၊ လူသားခန္ဓာကိုယ်နဲ့ နဂါးဟိန်းသံ ဟိန်းလိုက်တာရယ်ကို ချက်ချင်း ပြန်သတိရသွားတာမို့ပါ။
ဒီငနဲက တကယ်ရော လူသားမှ ဟုတ်ရဲ့လား လို့ ဇူရန်းခဗျာ သံသယဝင်နေရှာသည်။
မင်း နောက်ဆုံး ရှုံးခဲ့တဲ့ပွဲက ဘယ်တုန်းကလဲ လို့ စုပင်းက မေးလိုက်သည်။ ဘယ်သူနဲ့ ပြိုင်ခဲ့တာလဲ။
ဪ... အဟမ်း။ ဆရာကြီးကို စော်ကားတာ မဟုတ်ပါဘူး... ဒါပေမဲ့ ဒီရက်ပိုင်းအတွင်း ကျွန်တော် ဘယ်သူ့ကိုမှ မရှုံးဖူးသေးဘူးဗျ။ ကျွန်တော်က စစ်နတ်ဘုရား အကယ်ဒမီ မှာ အမြဲတမ်း ထိပ်ဆုံး ၁၀ ယောက်စာရင်းထဲမှာ ရှိနေတာ။
စုပင်းက သူ့ကို မယုံသင်္ကာ အကြည့်နဲ့ ကြည့်လိုက်သည်။
တကယ်ပြောတာပါဗျ။
ဇူရန်း အမှန်အတိုင်း ပြောနေတာပါ။ သူ ပွဲတစ်ပွဲ ရှုံးခဲ့ရင်တောင် သူ့ရဲ့ အဆင့်အတန်းကို ပြန်ရဖို့ နေ့ရောညပါ လေ့ကျင့်တတ်သူပါ။ စုပင်းနဲ့ မတွေ့ခင်အထိပေါ့။
" မင်းကိုယ်မင်း တော်တော် ယုံကြည်မှု ရှိနေတာပဲ။ ဒါဆို ဘာလို့ မင်းက တစ်ကျောင်းလုံးမှာ နံပါတ် ၁ မဖြစ်တာလဲ "
ကျွန်တော်......
အဲဒီစကားက ဇူရန်းရဲ့ အရှိုက်ကို တည့်တည့်မှန်သွားပါတော့သည်။
မင်း ရှုံးခဲ့တဲ့ ပွဲတွေအကြောင်း ပြောပြဦး။ ဒါမှ ငါ မင်းကို ဘယ်လိုကူညီရမလဲ သိမှာ။
ဇူရန်းလည်း အရှုံးပေးလိုက်ပြီး လွန်ခဲ့တဲ့ လအနည်းငယ်က သူ နံပါတ် ၂ နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲအကြောင်းကို ရှင်းပြပါတော့သည်။
စုပင်းက အဲဒီပုံပြင်ကို ထူးဆန်းတဲ့ အမူအရာနဲ့ နားထောင်နေမိသည်။ ဘာလို့လဲဆိုတော့ ဇူရန်းဟာ အဲဒီပွဲမှာ သေချာပေါက် နိုင်သင့်တာမို့ပါ။
နေပါဦး... မင်းက မင်းရဲ့ အဆင့် ၆ " ပုပ်သိုးခြင်း အရိုးစု " ကို ရန်သူ့ရဲ့ အဆင့် ၆ မီးတောက်တောင်ပံသားရဲ နဲ့ အနီးကပ် သွားတိုက်ခိုင်းတယ် ဟုတ်လား။ မင်းဦးနှောက်ထဲက ဝက်အူတွေများ ပြုတ်နေတာလား ....""
တခြားလူသာ သူ့ကို ဒီလိုပြောရင် ဇူရန်း တစ်ယောက် ဆဲဆိုမိမှာ သေချာပေမဲ့ အခုတော့ သူ မလုပ်ရဲပါဘူး။
"" နေပါဦးဗျ....ကျွန်တော့်ရဲ့ ပုပ်သိုးခြင်း အရိုးစု က ကောင်းကင်ကို ပိတ်ဆို့ထားလို့ သူ့ရဲ့ မီးတောက်တောင်ပံ က မြေပြင်ပေါ် ဆင်းတိုက်ရတာလေ။ ကျွန်တော် လုပ်တာ မှားလို့လား။ အဲဒီငှက်က အစွမ်းချင်း ယှဉ်ရင် အသာရနေတာ ကျွန်တော့်အမှားမှ မဟုတ်တာ။
တိတ်စမ်း... ကလေးလို ပြုမူမနေနဲ့ လို့ စုပင်းက ဟန့်လိုက်သည်။ "မင်းရဲ့သားရဲ သုံးနိုင်တဲ့ စွမ်းရည် တိုင်းကို မင်း သိရဲ့လား..."
သိတာပေါ့။ အရိုးထောင်ချောက်၊ တိုက်စားမြူ၊ အရိုးဆူး၊ အရိုးချပ်ဝတ် နဲ့ သွေးဝိညာဉ်ကူးပြောင်းခြင်း တို့လေ။
"" ဒါဆို တိုက်စားမြူ ကို ဘယ်လိုသုံးရမလဲ သိလား ""
"" သိတာပေါ့။ ကွင်းထဲမှာ မြူတွေဖန်တီးပြီး ရန်သူ့အမြင်ကို ပိတ်ဆို့ရတာလေ။ ဒါပေမဲ့ မီးတောက်တောင်ပံ နဲ့ကျတော့ ဒါက အပိုပဲ မဟုတ်ဘူးလား။ အဲဒီငှက်က သူ့မီးနဲ့ မြူတွေကို အလွယ်တကူ ရှင်းပစ်နိုင်တာပဲကို""
စုပင်းက စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်မိသည်။ အမြင်အာရုံ ပိတ်ဖို့သက်သက်ပဲလို့ ဘယ်သူက မင်းကို ပြောလဲ။ အဲဒီမြူက တိုက်စား တာလေ... နာမည်မှာတင် ပါပြီးသားကို။ အဲဒီမြူတွေကို ရှူမိရင် ဘာဖြစ်မလဲ သိလား။ မင်းရဲ့ ခန္ဓာကိုယ်က အားနည်းလာပြီး သေတဲ့အထိ ဖြစ်သွားနိုင်တာ။ တိုက်စားမြူ ကို သွေးဝိညာဉ်ကူးပြောင်းခြင်း နဲ့ ပေါင်းသုံးရင် တကယ့်ကို ထိရောက်တယ်။ သားရဲနှစ်ကောင်လုံးက အဆင့် ၆ ချည်းပဲဆိုတော့ မင်းရဲ့ ပုပ်စပ်နေတဲ့ အရိုးစု က မီးတောက်တောင်ပံ ကို ဒဏ်ရာ တစ်ချက်နှစ်ချက်လောက်တော့ ပေးနိုင်မှာပဲ မဟုတ်လား။ ဒဏ်ရာရပြီဆိုတာနဲ့ မင်းရဲ့ ပုပ်စပ်နေတဲ့ အရိုးစု က အဲဒီမြူတွေကတစ်ဆင့် မီးတောက်တောင်ပံ ရဲ့ အသက်စွမ်းအားတွေကို စုပ်ယူပြီး သူ့ကိုယ်သူ ပြန်ဖြည့်နိုင်တယ်။ ရန်သူ အုပ်စုလိုက်ဆိုရင်တောင် ဒီနည်းနဲ့ ရှုပ်အောင် လုပ်ထားလို့ ရတယ်။ ပစ်မှတ် များလေလေ၊ စွမ်းအင် ပိုရလေလေပဲ။
ဇူရန်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
"" ပြီးတော့ မင်း အရိုးထောင်ချောက် ကို သုံးတာလည်း မှားနေတယ်။ အဲဒါက ရန်သူကို ထိန်းချုပ်ဖို့ သက်သက်မဟုတ်ဘူး... မင်းရဲ့သားရဲက အဲဒီထောင်ချောက်ကို အကာအကွယ် အဖြစ် သုံးလို့ရတယ်။ ရဲတိုက်နံရံနောက်မှာ ပုန်းနေသလိုမျိုးပေါ့။ ပုပ်စပ်နေတဲ့ အရိုးစု က အဲဒီ အရိုးထောင်ချောက် အကာအကွယ်နောက်ကနေ အရိုးဆူး တွေနဲ့ လွတ်လွတ်လပ်လပ် ပစ်ခတ်နိုင်ပေမဲ့ မီးတောက်တောင်ပံ ကတော့ ပြန်တိုက်ဖို့ ခက်သွားလိမ့်မယ်။ တကယ်လို့ မင်းသားရဲက အဆင့်ထပ်တက်လာရင် အရိုးထောင်ချောက် အကာအကွယ် သုံးလေးခုကို တစ်ပြိုင်နက်တည်း ဖန်တီးထားလို့ ရမယ်။ အဲဒီအခါကျရင် မီးတောက်တောင်ပံ က ပြေးစရာ လမ်းတောင် ရှိမှာ မဟုတ်တော့ဘူး။
သိပြီလား... မင်းမှာ မီးတောက်တောင်ပံ ကို ကိုင်တွယ်ဖို့ နည်းလမ်းတွေ အများကြီး ရှိနေတာ။ မင်းပြောတာသာ မှန်မယ်ဆိုရင် အဲဒီငှက်က ပတ်ဝန်းကျင်ကို အခွင့်ကောင်းယူနိုင်တဲ့ စွမ်းရည် ဘာမှမရှိဘူး၊ မင်းရဲ့ ပုပ်စပ်နေတဲ့ အရိုးစု မှာတော့ အသုံးဝင်တဲ့ ထိန်းချုပ်မှု စွမ်းရည်တွေ အများကြီး ရှိနေတာ ""
အဲဒီအချိန်မှာ ဇူရန်းကတော့ သူကြားလိုက်ရတဲ့ အချက်တွေကို လိုက်မမီနိုင်အောင် ဖြစ်နေသည်။ သွေးဝိညာဉ်ကူးပြောင်းခြင်း က တိုက်စားမြူ ကနေတစ်ဆင့် အလုပ်လုပ်တယ် ဟုတ်လား။ အရိုးထောင်ချောက် ကို အကာအကွယ်အဖြစ် သုံးမယ်။ အရိုးထောင်ချောက် တွေကို အထပ်ထပ် သုံးမယ်။
တကယ်လို့သာ အဲဒီပွဲတုန်းက သူ့ရဲ့ ပုပ်စပ်နေတဲ့ အရိုးစု က ဒီလို နည်းစနစ်တွေကို သုံးနိုင်ခဲ့မယ်ဆိုရင် စုပင်းပြောတာ တကယ့်ကို မှန်ကန်နေမှာပါ။ ဒါပေမဲ့ ဒီနည်းလမ်းတွေက တကယ် အလုပ်လုပ် မလုပ်ဆိုတာ သူ မသေချာသေးပါဘူး။
စုပင်းက သူ့စိတ်ကို ရိပ်မိပြီး ပြောလိုက်သည်။ စမ်းကြည့်လိုက်လေ။ ဒီကွင်းက အကျယ်ကြီးပဲကို။
ဇူရန်း လေးနက်တဲ့ အမူအရာနဲ့ ခေါင်းငြိမ့်လိုက်သည်။ သူက သူ့ရဲ့ ပုပ်စပ်နေတဲ့ အရိုးစု ကို တိုက်စားမြူ ပြင်ဆင်ဖို့ အမိန့်ပေးလိုက်ပြီး သွေးစွန်းတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာအောင် အဆင့်နိမ့် သားရဲတစ်ကောင်ကို ထပ်ပြီး ဆင့်ခေါ်လိုက်သည်။
ရလဒ်ကတော့ တကယ့်ကို စိတ်ကျေနပ်စရာပါပဲ။ ပုပ်စပ်နေတဲ့ အရိုးစု ဟာ အားနည်းတဲ့ သားရဲဆီကနေ အသက်စွမ်းအားတွေကို အဝေးကနေ တကယ် စုပ်ယူနေတာပါ။ ဒါဟာ တိုက်စားမြူ ကို ရန်သူ့အမြင်အာရုံ ရှုပ်ထွေးအောင် လုပ်ဖို့သက်သက်ပဲလို့ အမြဲယုံကြည်ထားတဲ့ ဇူရန်းအတွက်တော့ အသစ်အဆန်းကြီး ဖြစ်နေပါတော့သည်။ အရိုးထောင်ချောက်တွေကို အထပ်ထပ် သုံးခြင်း ဆိုတဲ့ သီအိုရီကိုတော့ ဇူရန်း ထပ်မစမ်းတော့ပါဘူး၊ ဘာလို့လဲဆိုတော့ အဲဒါလည်း သေချာပေါက် မှန်နေမှာမို့ပါ။ စုပင်းက သူ့အတွက် ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းသစ်တစ်ခုကို လမ်းဖွင့်ပေးလိုက်တာပဲ ဖြစ်ပါတယ်။.
"" ဟို.. ဆရာကြီး၊ တကယ်လို့ မီးတောက်တောင်ပံသားရဲ က မီးလျှံရေလှိုင်း ကို သုံးလိုက်ရင်ရော....အရိုးထောင်ချောက် က အဲဒါကို ခံနိုင်မှာ မဟုတ်ဘူးလေ။
"မင်းရဲ့ ပုပ်သိုးခြင်းအရိုးစု က အရိုးချပ်ဝတ် ကို သုံးလို့ရတယ် မဟုတ်လား" လို့ စုပင်းက စိတ်မရှည်စွာ ပြောလိုက်သည်။ " အဲဒါက သူ့ကို ပိုခံနိုင်ရည်တိုးမြှင့်ပေးလိမ့်မယ်။ မီးတောက်တောင်ပံ က မီးလျှံရေလှိုင်း ကို သုံးနေချိန်မှာ သူ့ရဲ့ အရှိန်က နှေးသွားလိမ့်မယ်။ အဲဒီအချိန်က မင်း သူ့ကို အသေသတ်ဖို့ အကောင်းဆုံး အချိန်ပဲ ... နားလည်ပြီလား ""
ဇူရန်း နားလည်သွားသလို ခေါင်းငြိမ့်လိုက်သည်။ ဆိုလိုတာက သူ့ရဲ့ ပုပ်သိုးခြင်းအရိုးစု က အကာအကွယ်နောက်မှာ အချိန်အကြာကြီး ခံနိုင်ရည်ရှိနေသရွေ့ မီးတောက်တောင်ပံ ရဲ့ အားနည်းချက်ကို တိုက်ခိုက်ပြီး ပွဲအခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်တာပဲ ဖြစ်ပါတယ်။
တိုက်ပွဲတွေကို အနိုင်ယူဖို့ သုံးနိုင်တဲ့ ဒီလို အသိပညာအသစ်တွေကို ရလိုက်တာကြောင့် ဇူရန်း တကယ့်ကို ဝမ်းသာ သွားမိသည်။
ဆရာစု ပြောတာ မှန်တယ်... ငါ အဲဒီပွဲကို မရှုံးသင့်ခဲ့ဘူး လို့ ဇူရန်းခဗျာ တွေးရင်း နောင်တရနေမိတော့သည်။