မိုဟန်ကျီသည် ဧည့်ဝတ်ပြုခန်းသို့ ရောက်ရှိလာသောအခါ ဝမ်မိသားစု၏ သမီးကြီးမှာ စိတ်ရှည်လက်ရှည် စောင့်ကြိုနေသည်ကို တွေ့လိုက်ရသည်။
"မစ္စတာမို”
မစ္စဝမ်က သူမ၏လက်ကို ကမ်းပေးကာ နှုတ်ဆက်သည်။ မိုဟန်ကျီသည် ယဉ်ကျေးရုံမျှ ခဏတာ လက်ဆွဲနှုတ်ဆက်ပြီးနောက် ဆိုဖာတွင် နေရာယူလိုက်သည်။
"လာရင်းကိစ္စကို ပြောပါ"
သူ၏ စကားသံမှာ အေးစက်တည်ငြိမ်လှသည်။
လက်ထောက်လင်က လက်ဖက်ရည် လာရောက်ချပေးသည်။ ပုံမှန်အားဖြင့်မူ ဤကဲ့သို့သော ဧည့်သည်မျိုးကို မိုဟန်ကျီကိုယ်တိုင် တွေ့ဆုံလေ့မရှိသလို လက်ထောက်လင်
ကိုယ်တိုင်လည်း ထွက်လာစရာ မလိုပေ။
သို့သော် ဝမ်မိသားစု၏ ဂုဏ်သိက္ခာကြောင့်သာ ဤသို့ စီစဉ်ထားခြင်း ဖြစ်သည်။
"အရှေ့အိုင် ဂေဟစနစ် စီမံကိန်းက တော်တော်လေး ကြီးမားပါတယ် အဲဒီလုပ်ငန်းမှာ ကျွန်မတို့ကိုလည်း ပါဝင်ခွင့်ပေးဖို့ မစ္စတာမို စိတ်ကူးရှိမလား သိချင်လို့ပါ"
မိုဟန်ကျီက သူမကို တစ်ချက်ကြည့်လိုက်ပြီး -
"ရှင်းယောင်းအုပ်စုက ဒီစီမံကိန်းကို တစ်ဦးတည်း အကောင်အထည်ဖော်နိုင်စွမ်း ရှိတယ်ဆိုတာ မင်းသိမှာပါ"
သူက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ခြင်း မဟုတ်သော်လည်း စီးပွားရေးသမားအချင်းချင်း ဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမရှိကြောင်းမှာ ထင်ရှားလှသည်။
မစ္စဝမ်ကမူ လက်မလျှော့ဘဲ -
"ကျွန်မတို့ဘက်က အလွန် စိတ်ရင်းရှိပါတယ်ရှင်က အသားစားမယ်ဆိုရင် ကျွန်မတို့ကို ဟင်းရည်လေး သောက်ခွင့်ပေးပါလို့ပဲ တောင်းဆိုချင်တာပါ"
ဟု ရည်မှန်းချက်ကြီးစွာ ဆိုသည်။
ထိုစဉ် ဧည့်ခန်းတံခါးဝတွင် ရပ်နေသော လက်ထောက်လင်သည် သီးသန့်ဓာတ်လှေကား ပွင့်သွားသည်ကို တွေ့လိုက်ရသည်။ ထွက်လာသူမှာ မင်ယွဲ့ ဖြစ်နေသဖြင့် သူ အံ့အားသင့်သွားရသည်။ သူသည် ပြုံးရွှင်စွာဖြင့် သူမကို ကြိုဆိုလိုက်သည်။
"မစ္စမင်... ဥက္ကဋ္ဌက အခု ဧည့်သည်နဲ့ တွေ့နေပါတယ် သူ့ရုံးခန်းမှာ ခဏနားနေပေးပါ၊ ကျွန်တော် သွားပြီး အသိပေးလိုက်ပါ့မယ်"
"အလျင်လိုဖို့ မလိုပါဘူး၊ သူ အလုပ်တွေ ပြီးတဲ့အထိ ကျွန်မ စောင့်နိုင်ပါတယ်"
မင်ယွဲ့က အေးအေးလူလူပင် ဆိုသည်။
သူမသည် မိုဟန်ကျီကို အံ့အားသင့်စေလိုသဖြင့် ကြိုတင်အကြောင်းမကြားဘဲ လာခဲ့ခြင်း ဖြစ်သည်။
လက်ထောက်လင်ကမူ 'ဟုတ်ကဲ့' ဟု ဆိုသော်လည်း ဧည့်ဝတ်ပြုခန်းအတွင်းသို့ ချက်ချင်းဝင်၍ သတင်းပို့တော့သည်။
"ဥက္ကဋ္ဌမို... မစ္စမင် ရောက်နေပါတယ်"
ထိုစကားကို ကြားလိုက်ရချိန်တွင် မိုဟန်ကျီ၏ မျက်ဝန်းအစုံမှာ ကြယ်တာရာများအလား တောက်ပသွားသည်ကို မည်သူမျှ သတိမထားမိလိုက်ပေ။
သူသည် မစ္စဝမ်ကို နှုတ်ဆက်၍ပင် မစောင့်တော့ဘဲ -
"မစ္စဝမ်... ကျွန်တော် ပြောစရာရှိတာ အားလုံး ပြောပြီးပါပြီ အခု အရေးကြီးတဲ့ ကိစ္စရှိလို့ ခွင့်ပြုပါဦး"
ဟု ဆိုကာ အခန်းထဲမှ အမြန် ထွက်ခွာသွားတော့သည်။
မစ္စဝမ်၏ မျက်နှာမှာ ဒေါသနှင့် အရှက်ရမှုတို့ကြောင့် နီမြန်းသွားရသည်။
သူမသည် လက်ထောက်လင်အား
“ဥက္ကဋ္ဌမိုက ဘယ်သူ့ကို သွားတွေ့တာလဲ၊ ကြည့်ရတာ အတော်လေး ပျော်နေပုံပဲ"
ဟု မေးသော်လည်း လက်ထောက်လင်ကမူ လျှို့ဝှက်စွာဖြင့် ပြုံးရုံသာ တုံ့ပြန်ခဲ့သည်။
မင်ယွဲ့ ရုံးခန်းတံခါးကို ဖွင့်လိုက်သည်နှင့် ယွမ်ပေါ့က သူမအပေါ်သို့ ဝမ်းသာအားရ ခုန်တက်
လိုက်သည်။
သူမက လျင်မြန်စွာ ဖမ်းယူလိုက်ပြီး -
"နင်ပဲကိုး"
သူမက ယွမ်ပေါ့၏ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။ ထိုစဉ် အပြင်ဘက်မှ အပြေးအလွှား လာနေသော ခြေသံများကို ကြားလိုက်ရပြီး မိုဟန်ကျီ တံခါးကို တွန်းဖွင့်ကာ ဝင်လာတော့သည်။
"ယွဲ့ယွဲ့... လာမယ်ဆိုတာ ဘာလို့ ကြိုမပြောတာလဲ"
သူက ယွမ်ပေါ့ကို အသာအယာ ဘေးသို့ ဖယ်လိုက်ပြီး မင်ယွဲ့၏ လက်ကို ဆွဲကာ ဆိုဖာပေါ်တွင် အတူထိုင်လိုက်သည်။
ယွမ်ပေါ့ကမူ ဤအမျိုးသားသည် သူမနှင့် သူမသခင်ကြားရှိ ကြားလူဟု သတ်မှတ်ကာ မကျေမနပ် ဖြစ်နေလေသည်။
"အလုပ်တွေ ပြီးပြီလား"
ဟု မင်ယွဲ့က မေးသည်။
"မပြီးသေးဘူး"
ဟု သူက ခေါင်းခါပြသည်။
"ဒါဆိုရင် အရင်သွားလုပ်လေ"
ဟု ဆိုကာ သူမက လက်ကို ရုန်းသော်လည်း သူက လွှတ်မပေးပေ။
"မလွှတ်ချင်ဘူး"
ယခုအချိန်တွင် မိုဟန်ကျီမှာ အာဏာရှိသော ဥက္ကဋ္ဌကြီးနှင့် မတူတော့ဘဲ ကလေးတစ်
ယောက်ကဲ့သို့ ဖြစ်နေသည်။
နောက်ဆုံးတွင် မင်ယွဲ့သည် သူ၏ စားပွဲဘေး၌ ထိုင်ကာ အဖော်လုပ်ပေးလိုက်ရတော့သည်။ မိုဟန်ကျီသည် လက်တစ်ဖက်ဖြင့် သူမ၏လက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်
ဖြင့်သာ စာချုပ်များကို စစ်ဆေးနေသည်။
"ပုံမှန်ဆို တစ်နာရီနဲ့ ပြီးမယ့်အလုပ်ကို အခုတော့ အချိန်တွေ အများကြီး ပိုကုန်နေပြီ"
ဟု မင်ယွဲ့က ဆိုလိုက်သည်။
"ဒါက မတူဘူးလေ"
မိုဟန်ကျီသည် သူမ၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ နူးညံ့စွာ ဆိုလိုက်သည်။
သူတို့နှစ်ဦးကြားရှိ သံယောဇဉ်မှာ စီးပွားရေးလောက၏ တင်းမာမှုများကြားတွင် အေးချမ်းသာယာသော အရိပ်အာဝါသတစ်ခု ဖြစ်နေလေတော့သည်။
***