ရဲ့ချန်အန်းက ကျောင်းယွီရှိကို လျစ်လျူရှုပြီး လော့မင်နှင့် စကားပြောနေရာမှ ရပ်နားလိုက်သည်။ မည်သို့ပင် ဆိုစေ ကျောင်းယွီရှိ မျက်နှာက ရောင်စုံ ဖြစ်နေလေပြီ။
" ငါ တောင်းပန်ပါတယ် ဒုဗိုလ်ချုပ် ရဲ့။ ငါ အလျင်လို သွားတယ်။ သွားတော့မယ် "
သူသည် လက်ကို ယမ်း၍ နောက်လိုက်များနှင့်အတူ ထွက်သွားလေသည်။ သူသည် မျက်နှာ အနည်းငယ် ပျက်ယွင်းသွားခဲ့သော်လည်း သူ၏ ရည်ရွယ်ချက်ကလည်း ရှင်းလင်းပြီးသား ဖြစ်သည်။ ထိုနေရာတွင် ဆက်နေပါက ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲသူ ဖြစ်သွားပေလိမ့်မည်။
" ဟွန်း... "
ရဲ့ချန်အန်းက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ဘာမှ မပြောတော့ဘဲ လော့မင်၏ အင်္ကျီကော်လာကို ဖြောင့်အောင် လုပ်ပေးသည်။
" ဒီတစ်ခါ ဗိုလ်ချုပ်ကြီးရှန်းနဲ့ ငါက မြို့တော်က ချင်မိသားစုဆီ သွားလိုက်တယ်။ ကျောင်းအုပ် ရှောင်နဲ့ စီနီယာ ထန်ကတော့ ရှန်းဟိုင် လီမိသားစုဆီကို သွားတယ်။ ငါတို့က ဒီကလန် နှစ်ခုကို ဖိနှိပ်ပေးနိုင်ခဲ့တယ်။ ဆိုတော့ အချိန်တို အတောအတွင်းမှာ သူတို့ မင်းဆီ ရောက်လာဦးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ရန်ရှားရဲ့ အခြေအနေက အခု မုန်တိုင်းထန်နေတာ။ ငါတို့ အရမ်းကြီး မိုက်ရူးရဲဆန်လို့ မရတဲ့ တချို့အရာတွေ ရှိနေသေးတယ်။ ဆိုတော့ မင်းဘာသာမင်း အင်အားတိုးတက်အောင် လုပ်ဖို့ ကြိုးစား။ မင်းကသာ လုံလောက်တဲ့ အင်အားကြီးမားပြီဆိုရင် မိစ္ဆာတွေဖြစ်ဖြစ်၊ မွန်းစတားတွေဖြစ်ဖြစ် ဘာလာလာ အသုံးဝင်တော့မှာ မဟုတ်တော့ဘူး။ ဟုတ်တယ်မလား "
ရဲ့ချန်အန်းက သူ့ကို သတိပေးသည်။
" သတိပေးတာ ကျေးဇူးတင်ပါတယ် စီနီယာရဲ့ " လော့မင်က ခေါင်းငြိမ့်သည်။
" ကောင်းပြီ၊ ကိစ္စမရှိတော့ရင် ငါလည်း သွားတော့မယ် "
ရဲ့ချန်အန်းက ခေါင်းငြိမ့်ပြီး အနောက်သို့ လှည့်ထွက်ရန် ပြင်လိုက်စဉ် အော်သံ ထွက်လာသည်။
" နေဦး...။ "
ဆိုင်ထဲမှ ပုံရိပ်တစ်ခု ပြေးထွက်လာသည်။
" ဒုဗိုလ်ချုပ်ရဲ့... ခဏနေပါဦး... ငါ ထျန်းချီ တော်ဝင်အဖွဲ့ထဲ ဝင်ချင်တယ် "
လော့မင်က တစ်ဖက်လှည့်လိုက်ရာ သူ့၏ အခန်းဖော် စီနီယာ လုနင်ကို မြင်ရသည့်အတွက် အံ့ဩသွားသည်။ သူသည် အမျိုးသမီး ဝတ်စုံ ဝတ်ဆင်ထားသော်လည်း ခန့်ညားထည်ဝါနေပုံရသည်။ ပုံမှန်ကဲ့သို့ တက်ကြွခြင်း မရှိတော့ပေ။
" မင်းက ထျန်းချီ တော်ဝင်အမိန့်ကို ဝင်ချင်ရင် ဘွဲ့ရပြီး ပုံမှန် စာမေးပွဲကို ဖြေဆိုပြီးလို့ အဖွဲ့ဝင် ဖြစ်တဲ့အထိ စောင့်ပါဦး။ အခု ငါ့ကို ပြောတာ အပိုပဲ။ "
ရဲ့ချန်အန်းက ခေါင်းခါသည်။
" စာမေးပွဲ... ကျေးဇူးပြုပြီး ငါ့ကို စာမေးပွဲ စစ်ပေးပါ။ အခုပဲ စစ်ပေးပါ "
လုနင်က အော်သည်။
" မင်းကလား "
ရဲ့ချန်အန်းက ခေါင်းခါပြန်သည်။
" ထျန်းချီ တော်ဝင်အမိန့်ရဲ့ စာမေးပွဲက စိန်အဆင့် မရောက်ဘဲ အောင်ဖို့ ခက်တယ်။ မင်းရဲ့ လက်ရှိ အင်အားကတော့ အဝေးကြီး လိုသေးတယ် "
" အဲဒီလို ဆိုရင်တောင်မှ ငါ ထျန်းချီ တော်ဝင်အမိန့်နဲ့ ဝင်ချင်တယ်။ ကျေးဇူးပြုပြီး အခုပဲ ငါ့ကို စာမေးပွဲ စစ်ပေးပါ "
လုနင်က အော်သည်။ သူသည် အလွန်စိုးရိမ်စိတ် များနေပုံရသည်။
" စီနီယာ လုနင်... ဘာဖြစ်တာလဲ။ ဘာလို့ အလောတကြီး ဝင်ချင်နေရတာလဲ "
လော့မင်က နားမလည်သလို မေးသည်။
လုနင်သည် ယခုနှစ်တွင် စမ်းသပ်မှုကို နှစ်ကြိမ် ဝင်ပါခဲ့သော်လည်း ကျရှုံးခဲ့ကြောင်း သိရှိရသည်။ တရားဝင် စမ်းသပ်မှုက အလွန်အမင်း တင်းကျပ်လှသည်။ လူတိုင်းက လော့မင် မဟုတ်ပေ။ သာမန်လူများအတွက် ထျန်းချီ တော်ဝင်အမိန့်ထဲသို့ ဝင်နိုင်ခြင်းက ကောင်းကင်ဘုံကို တက်ရသလောက် ခက်ခဲနေပြီးသား ဖြစ်သည်။
" ငါ မင်းကို ပြောမယ်၊ မင်းက လော့မင် မဟုတ်ဘူး "
ဆိုင်၏ အပြင်ဘက် တစ်နေရာမှ အနက်ရောင် ဝတ်စုံအပြည့်ကို ဝတ်ဆင်ထားပြီး ရွှေကိုင်းမျက်မှန်နှင့် လူတစ်ယောက်က သူတို့ဆီ လျှောက်လာသည်။
" ရှောင်နင်... မင်း ထျန်းချီ တော်ဝင်အမိန့်ထဲကို မဝင်နိုင်ရင် ကျောင်းကနေ လေးလေးစားစားနဲ့ ထွက်ပြီး လုမိသားစုကို ပြန်လာ၊ မိသားစု စီးပွားရေးကို အမွေဆက်ခံမယ်လို့ မင်းကိုယ်တိုင် ပြောခဲ့တာနော် "
လုနင်က ထိုနေရာတွင် စကားဆက်မပြောဘဲ ရပ်နေသည်။ သူက လက်ကို ဆုပ်ထားပြီး ခေါင်းကို မော့လာသည်။
" ငါ လက်မလျှော့ဘူး။ ဒီနှစ်ကုန်ဖို့ လတစ်လ ကျန်သေးတယ်။ ငါက ထျန်းချီ တော်ဝင်အမိန့်ထဲ ဝင်မှာ "
" ဟား... ဒုဗိုလ်ချုပ်ကြီး ရဲ့ချန်အန်း၊ ဒါက ဖြစ်နိုင်တယ် ထင်လား "
ဝတ်စုံပြည့်နှင့် လူက ပြုံးသည်။
" မင်းက ဘယ်သူလဲ "
" ရန်ရှားနယ်မြေ လုမိသားစုရဲ့ လုယန် "
" ဪ... ရန်ရှားနယ်မြေရဲ့ အချမ်းသာဆုံး လူရဲ့ မွေးစားသားပဲ "
ရဲ့ချန်အန်းက ခေါင်းငြိမ့်ပြီး လုနင်ကို ကြည့်သည်။
" သူ့ရဲ့ ရွှေအဆင့် ၃ ဆိုတဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ဆိုရင် တစ်လအတွင်း စာမေးပွဲကို အောင်ဖို့က မဖြစ်နိုင်ဘူးလို့ ထင်တယ်။ လုံးဝ မဖြစ်နိုင်ဘူး ဆိုတာမျိုးတော့ မရှိဘူး။ ဒါကြောင့် ငါ သေသေချာချာ အဖြေတော့ မပေးနိုင်ဘူး။ အကန့်အသတ်တွေကို ကျော်ဖြတ်နိုင်စွမ်း ရှိ မရှိ ဆိုတာက သူကိုယ်တိုင်အပေါ်ပဲ မူတည်တယ်။ ဒီလောက်ပဲ နှုတ်ဆက်ပါတယ် "
သူသည် လော့မင်ကို ယဉ်ကျေးပေးထားသော်လည်း အခြားသူများအတွက်မူ သူက ထျန်းချီ တော်ဝင်အဖွဲ့တွင် ဒု ဗိုလ်ချုပ် ဖြစ်သည်။ ထို့ကြောင့် သူ သဘောမကျသော သူများထံတွင် လေးစားမှု မပြနိုင်ပေ။ ဒီလုယန်က သူ့ကို အရမ်း မသက်မသာ ဖြစ်စေသည်။ ဒီတစ်ယောက်က အရမ်း အတုအယောင် ဆန်လွန်းသည်။
ရဲ့ချန်အန်းက ရှေ့သို့ ခြေလှမ်းတိုးလာပြီး နဂါးဟိန်းသံက ပဲ့တင်ထပ်ကာ ကောင်းကင်တစ်ခုလုံးကို ဟိန်းထွက်သွားသည်။
" လူငယ်လေး... ငါ မင်းကို သတိပေးဦးမယ်။ မင်းကိုမင်း သက်သေပြစရာ မလိုဘူး။ ရန်ရှားရဲ့ ယောက်ျားတစ်ယောက် အနေနဲ့ အပျက်အစီး နယ်မြေထဲကို ဝင်ပြီး မွန်းစတားတွေကို သတ်နိုင်ရင် ဒါနဲ့တင် ဂုဏ်ယူရပြီပဲ "
လုနင်က ကောင်းကင်ကို ကြည့်သည်။
" ငါ မပြန်ဘူး၊ ငါ လုံးဝ မပြန်နိုင်ဘူး။ ငါက တပ်ထဲ ဝင်မှာ။ ငါက မွန်းစတားတွေကို သွားသတ်မှာ။ ငါက ငါ့အစ်မအတွက် ကလဲ့စားချေမှာ "
" အဲဒီလိုလား... ဒါဆိုရင်တော့ အဖေနဲ့ အမေ ဘယ်လို လုပ်မလဲ မသိနိုင်ဘူး "
လုယန်က ခေါင်းခါပြီး ထွက်သွားသည်။
" စီနီယာ လုနင်... ဘာဖြစ်တာလဲ "
" ငါ မင်းကို ပြောပြမယ် "
အဝေးမှာ ချန်ဟွဲ့က ဝင်လာပြီး သက်ပြင်းချသည်။
" ဒါက နင်နင့်ရဲ့ မိသားစု နောက်ခံလေ။ နင်နင် ငါ ပြောလို့ ရတယ် မဟုတ်လား "
လုနင်က ခေါင်းငြိမ့်သည်။
" မင်း မြင်တဲ့အတိုင်းပဲ နင်နင်က ရန်ရှားနယ်မြေ လုမိသားစုက မွေးဖွားလာတာ။ လုမိသားစု ဆိုတာက ရန်ရှားနယ်မြေ တစ်ခုလုံးမှာ အချမ်းသာဆုံး မိသားစုပဲ။ ကုန်ကြမ်းပစ္စည်းတွေကို ထောက်ပံ့ပေးတဲ့ စီးပွားရေးကို လုပ်တယ်။ နောက်ပြီး မြို့တော်က ရန်ဟွမ် နည်းပညာရဲ့ တွဲဖက် အဖွဲ့အစည်းတစ်ခုလို့ ပြောရမှာပေါ့။ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက လုမိသားစုက လုရွှန်လို့ ခေါ်တဲ့ မွေးရာပါ ပါရမီရှင် တစ်ယောက်ကို မွေးထုတ်ပေးခဲ့တယ်။ သူမက အမျိုးသမီးတွေထဲမှာတောင် သူရဲကောင်းပဲ။ SSS အဆင့် ပါရမီကို နိုးထထားပြီး သုံးနှစ်အတွင်းတင် တပ်ထဲက ခေါင်းဆောင်အဆင့် ရာထူးကို ရလာတယ်။ အထူးသဖြင့်တော့ စိန်အဆင့် ဖြစ်သွားတာပေါ့။ ထျန်းချီ တော်ဝင်အဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ယောက်လည်း ဖြစ်တယ်။ ကံဆိုးစွာနဲ့ လုရွှန်က တာဝန်တစ်ခု လုပ်နေတုန်း သေဆုံးသွားတယ်။ နင်နင်က လုရွှန်ရဲ့ မောင်လေး။ "
ချန်ဟွဲ့က ပြောသည်။
" ငါ့အစ်မက မိန်းကလေး တစ်ယောက်ဆိုပေမဲ့ အရမ်းကို စိတ်ဓာတ် ခိုင်မာတာ။ ငါ့ထက်တောင် ယောက်ျားဆန်သေးတယ်။ သူကလည်း ငါ့ကို ငကြောက်ဆိုပြီး မကြာခဏ စနောက်နေကျ။ ငါ့ကို မိန်းမ ဝတ်စုံတွေ ဝတ်ပေးတယ်၊ ဆံပင်အရှည်ကိုလည်း ချည်ပေးတယ်။ ပိတ်ရက်တွေမှာဆိုရင် ငါ့ကို ပေးသမျှ လက်ဆောင်တိုင်းက ကလစ်တွေ၊ အရုပ်တွေပဲ။ အမေနဲ့ အဖေကလည်း ငါက အမ ကိုယ်ပွားလို့ အမြဲတမ်း ပြောနေကျ။ တစ်ယောက်က အိမ်မှာ ဂရုစိုက်ပြီး တစ်ယောက်ကတော့ အပြင်ဘက် လောကကို ဂရုစိုက်မယ်ပေါ့။ လုမိသားစုက ဒီလိုနဲ့ ကြီးပွားမယ်လို့ ပြောနေကျလေ။ ငါတို့ရဲ့ မိသားစု စည်းမျဉ်းက အစ်မကြီးတွေက မိသားစု စီးပွားရေးကို အမွေဆက်ခံရတယ်။ ဒါကြောင့် ငါ့အစ်မက တိုက်ပွဲနယ်မြေထဲကို ဝင်သွားတဲ့အချိန်မှာ မိသားစုက လက်ခံတယ်။ ဒါပေမဲ့ ငါက မတူဘူး၊ ငါက မိသားစုရဲ့ တစ်ဦးတည်းသောသား။ ငါက လုမိသားစု စီးပွားရေးကို အမွေဆက်ခံရမှာ။ ဒါပေမဲ့ ငါ့အစ်မ သေသွားတယ် "
လုနင် မျက်လုံးက တုန်ဆိုင်းလာသည်။ သူသည် ကြောက်စရာကောင်းသော မြင်ကွင်းများကို သတိရသွားပုံရသည်။
" ငါ့အစ်မရဲ့ အလောင်းကို ပြန်သယ်လာတဲ့နေ့က တစ်လောကလုံး ပြိုကျသွားသလို ငါ ခံစားရတယ်။ ငါ့အစ်မက ဒီလောက်ထိ တက်ကြွပြီး ဒီလောက်ထိ အင်အားကြီးတာကို အဆုံးသတ်မှာတော့ သွေးစွန်းနေတဲ့ လက်မောင်းတစ်ဖက်ပဲ ပြန်ရောက်လာတာ။ သူမမှာ ခန္ဓာကိုယ် တစ်ခုလုံး အကောင်းအတိုင်း မကျန်ဘူး။ ဒါက ထူးဆန်းတယ်၊ ဒါပေမဲ့ သူမ အသက်ရှင်နေတုန်းက ငါ သူမကို တောက်လျှောက် အထွန့်တက်ခဲ့ပေမဲ့လည်း သူမကို သဘောမကျခဲ့ပေမဲ့လည်း ငါ့ကို အရမ်းစပြီး မိန်းကလေးတစ်ယောက်လိုမျိုး နေခိုင်းပေမဲ့လည်း သူမ သေသွားပြီးတော့ သူမ စကားလုံးတွေက ငါ့ရဲ့နားမှာ ဟိန်းထွက်နေသလိုပဲ။ ဒါကြောင့် ငါကလည်း သူမ သဘောကျတဲ့ လူမျိုးဖြစ်အောင် ကြိုးစားတယ်။ ဒါကြောင့် ဂါဝန်တွေ ဝတ်တယ်၊ ဆံပင်တွေ စည်းတယ်၊ မိတ်ကပ်တွေ လိမ်းတယ်၊ နှုတ်ခမ်းနီတွေ ဆိုးတယ်။ အဲဒါတွေ မကသေးဘူး၊ ငါက သူမ မပြီးမြောက်နိုင်ခဲ့တဲ့ ကိစ္စတွေကိုလည်း ပြီးမြောက်အောင် လုပ်ပေးချင်တယ် "
" မင်းက ဒါကြောင့် ထျန်းချီ တော်ဝင်အမိန့်နဲ့ ဝင်ချင်နေတာလား "
လော့မင်က မေးလိုက်ရာ လုနင်ကလည်း ခေါင်းငြိမ့်သည်။
" ငါ ငါ့ရဲ့ မိဘတွေကို ကတိပေးထားတယ်။ ငါကသာ တစ်နှစ်အတွင်းမှာ ထျန်းချီ တော်ဝင်အမိန့်ထဲကို မဝင်နိုင်ရင် မိသားစုဆီ လေးလေးစားစားနဲ့ ပြန်ပြီး အမွေကို ဆက်ခံပါ့မယ်လို့ပေါ့။ အဲဒီနောက်ပိုင်း အပျက်အစီး နယ်မြေကို သွားမယ့်အကြောင်း ငါ လုံးဝ မပြောတော့ဘူးလို့ ပြောထားတာ "
လုနင်၏ အင်အားနှင့်သာဆိုလျှင် ထျန်းချီ တော်ဝင်အမိန့်ကို တစ်လအတွင်း ဝင်ရန် အလွန်ပင် ခက်ပေလိမ့်မည်။
ချန်ဟွဲ့ကသာ သူ့အနေနှင့် ယန်ရှားတက္ကသိုလ်ထဲ ဝင်ရောက်ရန် မည်မျှ ကြိုးစားခဲ့ရကြောင်း နားလည်ထားသည်။
" ငါ သိပြီ။ မဖြစ်နိုင်တာတော့ မဟုတ်ဘူး "
လော့မင်က မေးစေ့ကို ပွတ်ပြီး ရုတ်တရက် ပြောလိုက်လေသည်။
အပိုင်း ၁၃၄ ပြီး၏။
***