" ဘာ... တကယ်ကို နည်းလမ်းရှိတာလား၊ ဘာ နည်းလမ်းလဲ "
လုနင်က အံ့ဩတကြီး မေးလိုက်သည်။
" အင်း... ငါတို့ စမ်းကြည့်လို့ ရတယ်။ ဒါပေမဲ့ စီနီယာ လုနင်... ငါ မင်းကို တစ်ခု အရင်မေးဦးမယ်။ ဘာလို့ မင်းရဲ့ အစ်ကို လုယန်ကို မိသားစု စီးပွားရေး အမွေ မဆက်ခံခိုင်းတာလဲ "
လုနင်က ခေါင်းခါသည်။
" အစ်ကိုလုယန်က မွေးစားသားလေ။ သူက လက်ရှိမှာ မိဘတွေကိုယ်စား မိသားစု စီးပွားရေးကို စီမံခန့်ခွဲနေပေမဲ့ ဒါက 'ကိုယ်စား' ဆိုတာပဲ။ လုမိသားစုရဲ့ စီးပွားရေးက မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းလာတာ သားအရင်းဆီပဲ ရောက်ရမှာ "
သူက ရှင်းပြသည်။
" ငါ သိပြီ။ ဒါဆိုရင် စီနီယာ လုနင်... မင်းရဲ့ အဲဒီအစ်ကိုကို သတိထားစေချင်တယ် "
" ဘာလို့လဲ "
ရန်ရှားနယ်မြေ လုမိသားစုတွင် ဖြစ်သည်။ လူကြီးတွေအနေနဲ့ သူ့ကို နောက်တစ်လလောက် စမ်းသပ်ဖို့အတွက် အချိန်ပေးစေချင်သည်။
ခန့်ညားထည်ဝါသော ဧည့်ခန်းထဲတွင် လုယန်က ဆိုဖာ၏ ရှေ့တွင် တည်ငြိမ်စွာ ရပ်နေသည်။ ဆိုဖာပေါ်တွင် သက်လတ်ပိုင်းအရွယ် ဇနီးမောင်နှံ နှစ်ယောက် ထိုင်နေကြသည်။
" ဘာ... ဒီ မသိတတ်တဲ့ သား...။ "
" သူ တစ်လတည်းနဲ့ ဘာလုပ်နိုင်မှာမို့လို့လဲ။ သူက အိပ်မက်မက်နေတာပဲ "
သက်လတ်ပိုင်း လူကြီးက ကော်ဖီစားပွဲကို လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်သည်။ သူသည် တောက်လျှောက် ချောင်းဆိုးနေ၏။
" အဖေ... အဲဒီလောက်ထိ ဒေါသမထွက်ပါနဲ့ "
လုယန်က ခပ်မြန်မြန် ရှေ့ထွက်ပြီး သူ့ကို တည်ငြိမ်အောင် လုပ်ပေးသည်။
" ငါ အဆင်ပြေတယ် လုယန်။ သူ့ကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရအောင် ပြန်ခေါ်ခဲ့၊ အခုချက်ချင်း ပြန်ခေါ်လာခဲ့တော့။ တစ်လမပြောနဲ့ တစ်ရက်တောင် မရဘူး "
လု အဖေက အော်သည်။
" ငါ့သမီးတစ်ယောက်ကို ဆုံးရှုံးထားပြီးသား၊ ငါ ငါ့ရဲ့သားကိုပါ မပို့နိုင်ဘူး။ သူသာ သေသွားခဲ့ရင် ငါ့ရဲ့ မိသားစုက အဆုံးသတ်ပြီ "
လုယန်၏ မျက်လုံးက တစ်ချက်လက်သွားသည်။
" အဖေ မစိုးရိမ်ပါနဲ့။ ငါ ငါ့ညီကို ပြန်ခေါ်လာခဲ့မယ်။ ငါ အခု သွားတော့မယ်။ ဒီတစ်ခေါက်မှာ ကြိုးနဲ့ချည်ပြီး ခေါ်လာရရင်တောင် ငါ ရအောင် ခေါ်လာခဲ့မယ် "
သူက ပြောကာ ထွက်သွားသည်။
သူသည် ကျောခိုင်းလိုက်ချိန်တွင် သူ၏ အကြည့်က ဆိုးယုတ်သွားသည်။
" ငါက မင်းတို့ရဲ့ လုမိသားစု မျိုးဆက်ကို အဆုံးသတ်ချင်တာလေ။ အဲဒီလိုမှ မဟုတ်ရင် ငါ ဘယ်လိုကြောင့် ဒီလောက် ကံကောင်းမှုကြီး၊ ကြွယ်ဝမှုကြီးကို ပိုင်ဆိုင်နိုင်မှာလဲ "
" လော့မင်... မင်း ဘာကို ဆိုလိုတာလဲ "
လုနင်က ပဟေဠိ ဖြစ်သွားသည်။
" စီနီယာ လုနင်... လောကမှာ ခန့်မှန်းရ အခက်ဆုံးက လူ့နှလုံးသားပဲ။ အများဆုံးကလည်း ကျေးဇူးမသိတတ်တဲ့ ကောက်ကျစ်တဲ့ အကောင်တွေပဲ။ မင်းက လုမိသားစုရဲ့ ပိုင်ဆိုင်မှုကို ဂရုမစိုက်တာနဲ့ပဲ အခြားသူက ဂရုမစိုက်ဘူးဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူး "
" မင်းဆိုလိုတာက... အစ်ကိုလုယန်က ငါ့မိသားစုရဲ့ ပိုင်ဆိုင်မှုကို သိမ်းပိုက်ချင်နေတာလား "
" စီနီယာလုနင်... ကဲ... မင်းကသာ မတော်တဆမှု တစ်ခုခုကြောင့် သေသွားခဲ့ရင် လုမိသားစုထဲမှာ အကျိုးအမြတ် အရဆုံးက ဘယ်သူဖြစ်မှာလဲ။ မင်းအဖေရဲ့ ကျန်းမာရေးက မကောင်းဘူးလို့ ငါ ခန့်မှန်းကြည့်နိုင်တယ်။ ဆိုတော့ အမွေခံကလေး မရနိုင်လောက်တော့ဘူး "
လုနင်က ခေါင်းငြိမ့်သည်။
" မင်း ဘယ်လို ခန့်မှန်းနိုင်တာလဲ ဂျူနီယာလော့မင်... မင်းက ဗေဒင်ဆရာလား "
လော့မင်က ကိုယ့်ဘာသာကိုယ် တွေးလိုက်သည်။ ဒါ သူ့အရင်ဘဝက တီဗီဇာတ်လမ်းတွဲတွေထဲမှာ ဒီလိုပဲလေ။
" တကယ်တော့ ထျန်းချီ တော်ဝင်အမိန့်ကို ပူးပေါင်းတယ်ဆိုတာ ငါ့အတွက် မခက်ခဲပါဘူး။ ငါက ထျန်းချီ တံဆိပ်ကို ကိုင်ဆောင်ထားနိုင်ကတည်းက ငါ့ရဲ့ ကိုယ်ပိုင်အဖွဲ့ကလည်း ထျန်းချီ တော်ဝင်အမိန့်ရဲ့ တရားမဝင် အဖွဲ့ဝင်တွေလို့ ပြောလို့ရတယ်။ မင်းကသာ ငါ့ရဲ့ မင်ချန်းအဖွဲ့ထဲကို ဝင်မယ်ဆိုရင် ထျန်းချီ တော်ဝင်အမိန့်ရဲ့ အဖွဲ့ဝင် တစ်ပိုင်း ဖြစ်သွားပြီ။ ဘာပဲဖြစ်ဖြစ် ဘယ်သူကမှလည်း တရားဝင် တရားမဝင် အဖွဲ့တွေကို ထည့်မတွက်ဘူး ဟုတ်တယ်မလား။ ဆိုတော့ ဖြေရှင်းရတာ မခက်ပါဘူး။ ဒါပေမဲ့ မင်း သတိထားရမှာက အဲဒီ အစ်ကို လုယန်ပဲ "
လော့မင်၏ စကားအဆုံးတွင် ဖြစ်သည်။
" ရှောင်နင်... စိတ်မရှိပါနဲ့။ အမေနဲ့ အဖေက မင်းကို ဘယ်လိုနည်းနဲ့မဆို ပြန်ခေါ်လာခဲ့လို့ ပြောလိုက်တယ် "
လုယန်က အဝေးမှ လျှောက်လာသည်။ သူက နက်ကတိုင်ကို ဆွဲဖြုတ်၏။
" ဆိုတော့ အစ်ကိုကြီးက ဒီနေ့ မင်းကို ပြန်ခေါ်သွားရမယ် "
လုယန်၏ ပညာသင်သား ပုံစံကို ကြည့်ပြီး အထင်မသေးလေနဲ့။ သူ့၏ အင်အားကလည်း အထင်သေးလို့ မရဘူး။ သူက လုနင်၏ ပခုံးကို လှမ်းဆွဲသည်။
" စိတ်မရှိပါနဲ့ အစ်ကိုကြီး။ ငါ့ရဲ့ ဒီစီနီယာက မင်းနဲ့ ပြန်မလိုက်နိုင်ဘူး "
လော့မင်က လက်ကို ဆန့်ထုတ်၍ လုယန်၏ လက်ကောက်ဝတ်ကို လှမ်းဆွဲသည်။ ယန်ရှားတက္ကသိုလ်တွင် အသွင်မပြောင်းသရွေ့ တိုက်ခိုက်သည်ဟု မသတ်မှတ်ပေ။ နောက်ပြီး သူ အသွင်ပြောင်းရင်တောင်မှ လော့မင်က မရှုံးဘူး။ လူသား ပုံစံနှင့်ဆိုရင် ပိုတောင် ဆိုးသွားပြီ။
" ငါ မင်းကို သိတယ် လော့မင်။ မင်းက အခုနောက်ပိုင်း တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်အောင် လုပ်နေတာ။ ဒါပေမဲ့ ဒါ ငါတို့ မိသားစုရေးရာ ကိစ္စ၊ မင်း ဝင်မပါဖို့ ပြောချင်တယ် "
လုယန်က လော့မင်ကို ကျော်ပစ်သကဲ့သို့ ကန်ချက်ဖြင့် လှမ်းကန်သည်။ သူ့၏ စိန်အဆင့် အင်အားမျိုးဖြင့် ဆိုလျှင် လူသား ပုံစံနှင့်ပင် လော့မင်က တောင့်မခံနိုင်လောက်ပေ။ ထို့ကြောင့် သူတို့ လော့မင်ကို အလေးအနက် မထားချေ။ သို့သော် သူ မသိသည်မှာ လော့မင်သည် အမှန်တကယ် နဂါးဖီးနစ် ခုနစ်ကောင်ကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ သူသည် လူသား မွန်းစတား ဖြစ်နေပေပြီ။
လော့မင်က ထိုကန်ချက်ကို လက်တစ်ဖက်ဖြင့် တားပြီး လုယန်၏ ခြေထောက်ကို လှမ်းကိုင်၍ ဆောင့်တွန်းထုတ်လိုက်သည်။
" သူက ငါ့ရဲ့ စီနီယာ၊ ငါ့ရဲ့ အခန်းဖော်၊ အခု ငါ့ရဲ့ အသင်းဖော် ဖြစ်သွားပြီ။ ငါ ဝင်ပါလို့ ရတယ်။ ဒါဆိုလည်း ငါ့ကို မယဉ်ကျေးဘူးလို့ အပြစ်မတင်နဲ့ "
လူသား ပုံစံနှစ်ခုက ထိပ်တိုက် ရင်ဆိုင်ကြပြီး အကွက် ၁၀ ကွက်ကျော်ကို ဖလှယ်လိုက်ကြ၏။ အများအားဖြင့် လုယန်ကသာ ဆိုးရွားသော အခြေအနေ ရောက်သည်အထိ အကန်ထုတ်ခံရခြင်း ဖြစ်သည်။ သူ့မျက်နှာတွင် အံ့သြမှုများ မြင်လာရသည်။
" ဒီကလေးရဲ့ အင်အားက တကယ်ပဲ ဒီလောက်ထိ ကြောက်စရာ ကောင်းနေတာလား "
" အစ်ကိုလုယန်... ငါက လော့မင်ရဲ့ မင်ချန်း အသင်းနဲ့ ဝင်လိုက်ပြီ။ ဒီနေ့က စတင်ပြီး ငါက ထျန်းချီ တော်ဝင်အမိန့်ရဲ့ တရားမဝင် အဖွဲ့ဝင်ပဲ။ ဆိုတော့ ငါက ကတိတည်တယ်။ ကျေးဇူးပြုပြီး မင်း ပြန်ပြီးတော့ အဖေနဲ့ အမေကို ပြောပေးပါလား "
လုယန်က နက်ကတိုင်ကို ပြန်ချည်လိုက်သည်။
" အဲဒီလိုလား... မင်းက ဒီလိုနဲ့ ရှောင် ထွက်သွားမယ်ပေါ့။ မင်းအစ်မသာ ဒီအကြောင်း သိရင် ဒီလို ပြောမလားပဲ။ သူမက သူမရဲ့ ကိုယ်ပိုင် အင်အားကို သုံးပြီး ထျန်းချီ တော်ဝင်အမိန့်ကို ဝင်နိုင်ခဲ့ပေမဲ့ မင်းကတော့ သူများကို အမှီသဟဲပြုတာလေ "
လုနင် မျက်လုံးက မှေးမှိန်သွားသည်။
" ကောင်းပြီ... ငါ အဖေနဲ့ အမေကို ပြောလိုက်မယ် "
လုယန်က ခေါင်းငြိမ့်ပြီး ထွက်သွား၏။ လုနင်၏ မျက်ဝန်းထဲတွင် ဝမ်းနည်းမှုက ပေါ်လာသည်။ လုယန် ပြောတာ မှန်သည်။ သူ့၏ အင်အားပဲဖြစ်ဖြစ်၊ ပါရမီပဲဖြစ်ဖြစ် သူက သူ့အစ်မကို မီဖို့ အဝေးကြီးပင်။ ဒါ အမှန်တရားပဲ။
သို့သော် သူ လက်မခံချင်သေးပေ။
ထိုမျှော်လင့်ချက်ကြောင့်လည်း သူ ယခုလို လုပ်ရသည်။ တော်ဝင်အမိန့် အစစ်အမှန် အဖွဲ့ဝင် ဖြစ်လာမှသာ အစ်မဖြစ်သူကို သတ်သွားသော ထိုမွန်းစတားကို သတ်နိုင်ပေလိမ့်မည်။ ထိုမွန်းစတားက ချော်ရေမိချောင်းဟု ခေါ်ပြီး အစ်မဖြစ်သူ မသေခင်က နောက်ဆုံး ပို့ခဲ့သော ပုံရိပ်လည်း ဖြစ်သည်။ သူသည် ထိုမွန်းစတားကို မမေ့နိုင်ပေ။ သူသည် ထိုမွန်းစတားနှင့် တွေ့ဆုံသည့်နေ့တွင် သူ့ကိုယ်ပိုင် လက်ကိုသုံးပြီး သတ်ဖြတ်ရပေမည်။ မည်သည့် တန်ကြေးကို သုံးရစေကာမူ။
ထိုညတွင် လေထုက အေးမြကာ တောင့်တင်းနေသည်။
" လုနင်... မင်း မသေမချင်း ငါ စိတ်အေးနိုင်မှာ မဟုတ်ဘူး "
လုမိသားစု စံအိမ်တွင် လုယန်က ပြတင်းပေါက်နားတွင် ရပ်ပြီး နေဝင်ဆည်းဆာ အချိန်ကို ကြည့်ကာ မျက်ဝန်းက ခပ်ထန်လာသည်။
" မင်း သေသွားမှ လု မိသားစုကို ငါ တကယ် ပိုင်မှာ။ မင်းက မင်း အစ်မအတွက် အမြဲတမ်း ကလဲ့စားချေချင်နေတာ မဟုတ်လား။ ကောင်းပြီ... ဒီဆန္ဒကို ငါ ဖြည့်ပေးမယ် "
လုယန်က ဖုန်းကို ထုတ်ပြီး ဓာတ်ပုံတစ်ခုကို ဝေမျှလိုက်သည်။ ဓာတ်ပုံထဲတွင် ဟိန်းဟောက်နေသော ကြောက်မက်ဖွယ်ကောင်းသော တောင်တန်း အရွယ်အစားမျှ ကြီးမားသည့် မိချောင်းပုံကြီး ဖြစ်သည်။ ခေါင်းက ကောင်းကင်ကို မော့ကြည့်နေပြီး ပူပြင်းကြိမ်းမောင်းသော အပူကို လွှတ်ထုတ်ထားသည်။
" မင်း လိုချင်တဲ့ ချော်ရေမိချောင်းနဲ့ ပတ်သက်တဲ့ အချက်အလက်က ဒီမှာ "
သူက ပေးပို့သည်ဆိုသော ခလုတ်ကို နှိပ်လိုက်သည်။ ထို့နောက် တစ်ရက်တွင် ယန်ရှားနယ်မြေ စစ်တာဝန် ဘုတ်ပြားတွင် တောက်ပသော မစ်ရှင် ကြေညာချက်ကြီးက ပေါ်လာသည်။
" စိန်အဆင့် ၆၊ S အဆင့် ချော်ရေမိချောင်းကို သတ်ရန် "
မစ်ရှင်၏ ခက်ခဲမှုက အလွန်အမင်း ကြီးမားလှသည်။ ထိုမစ်ရှင်က ပေါ်လာသည်နှင့် ယန်ရှားနယ်မြေ တစ်ခုလုံးက အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ ကြယ် ၅ ပွင့် မစ်ရှင်ဆိုသော အဆင့်က အဖွဲ့သေးသေးလေးများအတွက် ဆိုလျှင် အဝေးသို့ ကျော်သွားပြီ ဖြစ်သည်။ ခေါင်းဆောင် အဆင့် ပုဂ္ဂိုလ်ကြီးများပင် ပါဝင်ရန် လိုအပ်လာသည်။
အပိုင်း ၁၃၅ ပြီး၏။
***