" ငါ အရင် သွားနှင့်လိုက်မယ် "
လော့မင်က လုယန်ကို လေးနက်ကာ ထူးခြားဆန်းပြားစွာ တစ်ချက်ကြည့်ပြီးနောက် ကားပေါ်သို့ တက်သွားသည်။
" အစ်ကို လုယန်။ "
လုနင်က သူ့ကို စိုးရိမ်တကြီးကြည့်သည်။ လုယန်က ပြုံးပြီး လက်ကို ယမ်းပြသည်။
" မစိုးရိမ်နဲ့ လုနင်။ ဒီတစ်ခေါက် အမေနဲ့ အဖေက ငါ့ကို လွှတ်လိုက်တာ မဟုတ်ဘူး "
" ချော်ရည်မိကျောင်းက အမြဲတမ်း မင်းရဲ့ စွဲလမ်းစိတ် ဖြစ်နေခဲ့တာ ငါ သိတာပေါ့ "
လုနင် အမူအရာက နူးညံ့သွားသည်။
" ဒါ ယူထားလိုက်ပါ "
လုယန်က သူ၏ အိတ်ကပ်ထဲမှ တစ်ပေခန့် ရှည်သော တုတ်ကို ပေးလိုက်သည်။ ထိုတုတ်က ရွှေသားဖြင့် လုပ်ထားလေပြီး ထိပ်ဆုံးတွင်လည်း နဂါးမျက်လုံး အရွယ်အစားခန့်ရှိသော သွေးနီရောင် တန်ခိုးရှင် ကျောက်နှစ်လုံးပါသည်။
" ဒါက ဖောက်ခွဲခြင်း တုတ်တံပဲ။ ဖောက်ခွဲခြင်း တန်ခိုးရှင် သစ်သားတွေနဲ့ တန်ဆာဆင်ထားတယ်။ အရေးကြီးဆုံးအချိန်မှာ နှစ်ကြိမ် သုံးလို့ရတယ်။ စိန်အဆင့် မွန်းစတားတွေကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ဖို့ လုံလောက်တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပေါ့ "
လုယန်က ပြုံး၍ ပြောသည်။
" ကျေးဇူးတင်ပါတယ် အစ်ကို လုယန် "
လုနင်က ခေါင်းငြိမ့်သည်။
" ရပါတယ် ကံကောင်းပါစေ။ မင်း ချော်ရည်မိကျောင်းကို ရအောင်သတ်ပြီး ရွန်းအာအတွက် ကလဲ့စားချေရမယ်နော် "
လုယန်က ပြုံးပြီး လုနင်ဆံပင်ကို ဖွသည်။
" မစိုးရိမ်ပါနဲ့။ ငါ လုပ်မှာပါ။ "
လုယန် ပေးသော ဖောက်ခွဲခြင်း တောင်ဝှေးကို ကိုင်ထား၍ သူက ထိုသို့ ပြောလိုက်ချိန်တွင် လုယန်က သူ့ကို ပြုံးကြည့်နေသည်။ ထို့နောက် လုနင်က တစ်ဖန်လှည့်၍ ကားပေါ်သို့ တက်သွားသည်။
လော့မင်က မျက်လုံးမှိတ်၍ ထိုင်နေခဲ့သော်လည်း အဖြစ်အပျက်များ အားလုံးကို ကြားလိုက်ရသည်။
" ငါတို့က လှုပ်ရှားမယ်ဆိုရင် ဒီတစ်ခေါက်ထက် ပိုကောင်းတဲ့အချိန်က မရှိနိုင်ဘူး။ ဆိုတော့ သူ့ကို ရင်ပူရင်ဆာ မိမှာပဲ "
သူက တွေးလာပြီး မျက်ဝန်းက တောက်ပလာသည်။
တင်းပိုင်ဟွေ့က ဦးဆောင်သော အသင်း ၅ သင်းက နေရာရွှေ့ပြောင်း ဝင်္ကပါကို သွားမည့် ပလက်ဖောင်းထဲမှ ထွက်လာကြသည်။ ရထားတဲ့ သတင်းတွေအရဆိုရင် ချော်ရည်မိကျောင်းကို ဝိညာဉ်အပင်တွေ သွားပြီး ရိတ်သိမ်းတဲ့ ကြေးစားတပ်သားအဖွဲ့က ရှာတွေ့ခဲ့တာ။ အဲ့ဒီအချိန်မှာတော့ မီးတောင်ရဲ့ ထိပ်ဆုံးမှာ ချော်ရည်မိကျောင်းက ကောင်းကင်ကို ကြည့်ပြီး ဟိန်းဟောက်နေတာတဲ့။ သူ့ရဲ့ ခန္ဓာကိုယ်က မီးလျှံနဲ့ တောက်ပနေတယ်။ အဲ့ဒီတည်နေရာက သေချာတော့ မရှင်းလင်းဘူး။ ဒါပေမဲ့ ချော်ရည်မိကျောင်းရှိတဲ့ နေရာက မီးတောင်ရှိတဲ့ ဝန်းကျင်ပဲ။ ဒီမွန်းစတာတွေက ချော်ရည်ထဲမှာပဲ နေရတာကို သဘောကျတာ။ အမဲလိုက်တော့မှပဲ အပြင်ထွက်တာ။ ဆိုတော့ အဲ့ဒီတည်နေရာက တော်တော် သိသာနေပြီသား။ ဒီမှာ သွေးနီရောင် မီးတောင်တောင်တန်း။
တင်းပိုင်ဟွေ့က မြေပုံမှ အနီရောင် အမှတ်အသားနေရာကို ပြသည်။
သွေးနီရောင် မီးတောင်တောင်တန်းက အရမ်းပူတယ်။ ကားတွေက တောင် အပြင်ဘက် ၅ ကီလိုမီတာလောက် အကွာမှာပဲ ရပ်ခဲ့လို့ ရမယ်။ အဲ့ဒီနောက် ငါတို့က မွန်းစတာအဖြစ် ပြောင်းပြီး တစ်ခါတည်း အရှိန်ချင်း သွားကြတာပေါ့။
တင်းပိုင်ဟွေ့က ရှင်းပြသည်။ ထို့နောက် အပြင်ဘက်မှ အဖွဲ့ကလည်း အတွင်းသို့ စတင်ကာ ဝင်ရောက်သည်။ ထို့နောက် သူတို့ ယာဥ်တန်းကလည်း သွေးနီရောင် မီးတောင်တောင်တန်း အပြင်ဘက်သို့ ရောက်သည်။ ထိုနေရာက ကြောက်စရာကောင်းလောက်အောင် ပူသည်။ ၄၊ ၅ ကီလိုမီတာခန့် အကွာတွင်ပင် ပူလောင်လွန်းသော အပူဒဏ်က လေထုကို လွှမ်းခြုံထားပြီး အပူများက လာရောက်ရိုက်ခတ်နေသည်။ မြေပြင်ကလည်း အလွန်ပူသည်။ ကားကသာ နီးကပ်သွားပါက ပေါက်ကွဲနိုင်ခြေရှိသည်မှာလည်း မှန်ကန်လောက်၏။
" ဒါက နိုင်ငံခြားသားတွေရဲ့ မြေဆီလွှာပေါ် သွားပြီး တိုက်ခိုက်ရေး ဆင်းနေရသလိုပဲ။ ချော်ရည်မိကျောင်းတွေက အခွင့်ကောင်းယူပြီး တိုက်ခိုက်နိုင်တယ် "
ကျောက်ရီရှိက မျက်လုံးမှိတ်ချင်ကာ ပြောသည်။
" ငါ မွန်းစတားကိုတော့ ကိုယ်တိုင် မဆွဲထုတ်နိုင်လောက်ဘူး။ ဒါကြောင့် အစ်ကိုကျောက်ကတော့ ကူညီပေးရမယ် "
တင်းပိုင်ဟွေ့က ပြောသည်။
" မိမိတို့ တိုက်ပွဲ အားသာချက်က တစ်ခါတလေ စွမ်းရည်ကို အများကြီး မြှင့်တင်ပေးနိုင်တယ်။ ဒီလိုဆိုရင် ဘယ်လိုလဲ။ သူတို့ကို တောင် အပြင်ဘက်မှာ ပိတ်ခိုင်းထားခဲ့ပြီး ငါတို့နှစ်ယောက်ကပဲ အထဲဝင်ပြီး ချော်ရည်မိကျောင်းကို သတ်တာပေါ့။ ဒီလိုဆိုရင် တစ်ခါတည်း ပြီးမှာပဲ "
ကျောက်ရီရှိက မေးသည်။
" ရတာပေါ့။ ဒါပေမဲ့ ချော်ရည်မိကျောင်းအပြင် ငါတို့ တောင်ထဲက အခြားမွန်းစတာတွေကိုလည်း သတိထားရဦးမယ်။ ငါတို့အနေနဲ့ ရှေ့တိုးဖို့ အသင်းတစ်သင်းတော့ ခေါ်သွားရမယ် "
တင်းပိုင်ဟွေ့က မျက်မှောင်ကြုတ်မိသည်။
သူတို့ဟာ ပူပြင်းလွန်းတဲ့ ချော်ရည်ဒဏ်ကို တောင့်ခံရဦးမည့်အပြင် ချော်ရည်မိကျောင်းကိုလည်း တိုက်ခိုက်ရန် လိုအပ်သေးသည်။ ထို့ကြောင့် သူတို့၏ အင်အားကုန်ဆုံးနှုန်းက များနိုင်၏။
" ဒါဆိုရင်လည်း မင်းချန်အသင်းကို ခေါ်လာခဲ့မယ် "
ကျောက်ရီရှိက လော့မင်တို့ကို ကြည့်သည်။
" သူတို့ရဲ့ အင်အားက သိသာတယ်လေ။ ငါတို့နှစ်ယောက်ထဲအပြင် မင်းချန်အသင်းကို ခေါ်သွင်းသွားလိုက်ပြီး အခြားသောအသင်း ၄ သင်းကတော့ အပြင်ဘက်က အခုအခံကို တားထားပေါ့။ ချော်ရည်မိကျောင်းကသာ ထွက်ပြေးဖို့ ကြိုးစားရင် အားလုံးက အင်အားကုန်သုံးပြီး တားလို့ရတယ်။ "
" ရပြီ "
ထို့နောက် သူတို့အားလုံးက သဘောတူညီမှု ရသွားသည်။ လော့မင်တို့ကလည်း တင်းပိုင်ဟွေ့တို့၏ နောက်မှလိုက်ကာ တောင်ထဲဝင်သည်။
" ဟေ့ လော့မင်။ ငါ မင်းရဲ့ အင်အားကို ကြည့်ဦးမယ်။ မဟုတ်ရင် သူ ဗိုလ်ချုပ် ရဲ့ချင်အန်းက မင်းကို အရမ်းတန်ဖိုးထားတာကို ငါ လက်မခံနိုင်ဘူး "
ကျောက်ရီရှိက စနောက်သည့် လေသံမျိုးဖြင့် ပြောသည်။ လော့မင်က ပြန် မပြောလိုက်ပေ။
ကောင်းကင်ဘုံ ဝါးမြိုခြင်းလှံတံကိုသာ မြှောက်လိုက်ချိန်တွင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက သွေးနီရောင် အရှိန်အဝါဖြင့် လွှမ်းခြုံလာသည်။ လူတိုင်းကလည်း သားရဲ အသွင်ပြောင်း၍ ဝင်ရောက်ကြသည်။
စွတ်။
လော့မင်က လှံကို ရမ်းလိုက်ပြီး လူခေါင်းအရွယ်အစားရှိသော ငါးတစ်ကောင်ကို ထိုးလိုက်ကာ မီးတောက်များကို လွှမ်းခြုံစေလိုက်သည်။
" နီငါးပဲ။ ဒီကောင်ရဲ့ အရသာက တော်တော်ကောင်းတာ။ အပြင်မှာ ရောင်းရင် ဈေးကောင်းရတယ် "
တင်းပိုင်ဟွေ့က ပြုံး၍ ပြောသည်။ လော့မင်က မျက်နှာသေသေနှင့် လှံကို ပြန်သိမ်းလိုက်ချိန်တွင် နီငါး၏ ခန္ဓာကိုယ်က အစိပ်စိပ်အမွှာမွှာ ဖြစ်သွားသည်။
ဝေါင်း။
ထိုအချိန်တွင် ဟိန်းသံတစ်သံက တောင်တန်းဝန်းကျင်တစ်ခုလုံးကို ဟိန်းထွက်သွားသည်။ အရပ်မျက်နှာ အနှံ့မှ ချော်ရည်များက စတင်ကာ ဆူပွက်လာပြီး ဒီရေကဲ့သို့ လိပ်တက်လာသည်။
" ဒါက ချော်ရည်မိကျောင်းကြီးရဲ့ ဟိန်းသံပဲ "
တင်းပိုင်ဟွေ့၏ မျက်နှာထားက ပြောင်းလဲသွားသည်။ ထိုဟိန်းသံအရ ၎င်းဟာ တစ်ကောင်တည်း မကနိုင်ပေ။ သေချာစွာပင် အဝေးရှိ တောင်တန်းထံမှ ရေတံခွန်ကဲ့သို့ စီးလာသော ချော်ရည်များကို မြင်ရသည်။ တောင်ထိပ်ပေါ်၌ ကြီးမားသော အရိပ်ကြီးတစ်ခုက လူတိုင်း၏ မျက်လုံးထဲ ပေါ်လာသည်။ ကြီးမားလွန်းသော ချော်ရည်မိကျောင်းကြီးဖြစ်ပြီး သူ၏ ကြေးနီရောင် အသားအရေက ချော်ရည်ရောင်နှင့် လိုက်ဖက်ညီသော အရောင်မျိုး ဖြစ်သည်။ သူက တောင်တန်း၏ ထိပ်တွင် လှဲနေပြီးနောက် ပါးစပ်ကို ဟ၍ နေရောင်ခြည်များကို ဝါးမြိုသော ပုံသဏ္ဌာန်မျိုးကို လုပ်နေသည်။
ချော်ရည်မိကျောင်းကြီး၏ ဟိန်းသံနှင့်အတူ ပို၍ သေးငယ်သော ချော်ရည်မိကျောင်းများက အရပ်မျက်နှာ အနှံ့မှ ထွက်လာကြပြီး လော့မင်တို့၏ အဖွဲ့ကို ဝိုင်းလိုက်ကြသည်။ ထိုချော်ရည်မိကျောင်းများကမူ ခေါင်းဆောင်လောက် မကြီးပေ။ သူတို့၏ အရှိန်အဝါကလည်း အတန်အသင့် အားနည်းသည်။ သို့သော် အရေအတွက်က များနေ၏။
" ရွှေအဆင့် ချော်ရည်မိကျောင်းအဖွဲ့နဲ့ စိန်အဆင့် ချော်ရည် မိကျောင်းဘုရင်။ ငါ ဒီကောင်တွေကို အထင်သေးမိသွားတယ် "
တင်းပိုင်ဟွေ့က လေးလေးနက်နက် ပြောသည်။
" မင်းချန်အသင်း မင်းတို့ နောက်ဆုတ်။ ဒီကောင်တွေက မင်းတို့အသင်း မယှဉ်နိုင်ဘူး။ အခြား ၄ သင်းကိုပဲ ဝင်လာခိုင်းလိုက်တော့ "
တင်းပိုင်ဟွေ့က အလောတကြီး အမိန့်ပေးသည်။
" အစကတည်းက ဒီလောက် ဒုက္ခ ခံဖို့ မလိုပါဘူး။ မင်းချန်က ဒီနေရာကို ရှင်းမယ်လို့ သဘောတူထားပြီးသား။ ငါတို့ မင်းချန်ပဲ ကိုင်တွယ်လိုက်မယ်။ ကောင်းကင်ပြိုကျလာရင် မြေကမ္ဘာ ပြိုကွဲသွားရင် ဘယ်သူက ဂရုစိုက်နေမှာလဲ "
လော့မင်က တည်ငြိမ်စွာ ပြောပြီးနောက် သူသည် ချော်ရည်မိကျောင်း သုံးကောင်ထံသို့ သွားလိုက်၏။ ကျောက်သားများက ဟိန်းဟောက်ပြီး မြေကမ္ဘာက တုန်ခါသည်။ ချော်ရည်များကလည်း ပန်းထွက်လာ၏။ ထိုသို့ဖြင့် လော့မင်ပေါ်သို့ ကျလေသည်။ သို့သော် သူ၏ သွေးဆာသော အရှိန်အဝါကြောင့် ရေငွေ့ပြန်သွားသည်။
ချော်ရည်မိကျောင်း သုံးကောင်ကလည်း လော့မင်ကို မြင်သည်နှင့် ခက်ထန်စွာ ဟိန်းဟောက်သည်။ ထို့နောက် သူ့ကို ခုန်အုပ်၏။
" တစ်ကောင်က ရွှေအဆင့် (၄)၊ တစ်ကောင်က ရွှေအဆင့် (၅)၊ တစ်ကောင်က ရွှေအဆင့် (၃)။ တစ်ခါတည်းပဲ ရှင်းတာပေါ့ "
သူက ကောင်းကင်ဘုံ ဝါးမြိုခြင်းလှံတံကို လက်တစ်ဖက်ဖြင့် ရမ်းလိုက်သည်။
ဗန်း။
သူက ရှေ့ဘက်သို့ ထိုးသွင်းသော အမူအရာမျိုး လုပ်လိုက်သည်။
သွေးနီရောင် လှံအရိပ်ကြီးက လေထဲတွင် ဖြတ်ကနဲ လက်သွားပြီးနောက် ချော်ရည်မိကျောင်း သုံးကောင်ကို ချက်ချင်း အတန်းလိုက် ထိုးဖောက်သွားသည်။
" မင်းတို့က ဘာကို စောင့်နေတာလဲ။ မင်းတို့နှစ်ယောက်လည်း လှုပ်ရှားကြလေ "
လော့မင်က ပြန်လှည့်၍ တစ်ဖက်မှ ခေါင်းဆောင်နှစ်ယောက်ကို ပြောသည်။
" ဟုတ်သားပဲ။ မင်းချန်အသင်းက တော်တော်လေး ကြမ်းတယ် "
တင်းပိုင်ဟွေ့က နှုတ်ခမ်းသပ်ပြီး ပြောနေသည်။
၎င်းတို့ဟာ မွန်းစတားတွေကို တစ်ကောင်ချင်းစီ ရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူး။ အုပ်လိုက် ရှင်းရမှာပေါ့။
ဗုန်း။
ထိုအချိန်တွင် အလင်းတန်း နှစ်တန်းက သူတို့နှစ်ယောက်ကို လွှမ်းခြုံသွားသည်။
" အေ အဆင့် မွန်းစတာ ဦးချိုနှစ်ချောင်းနဲ့ ကြံ့ "
" အက်စ်အက်စ်အဆင့် မွန်းစတာ သံမဏိ ခြုံလွှာ ရွှေကင်းမြီးကောက် "
ထိုပုံရိပ်နှစ်ခုကလည်း ချော်ရည်မိကျောင်းဘုရင်ထံသို့ အပြေးသွားသည်။
" နေရာကို ရှင်း "
လော့မင်က အော်လိုက်ပြီးနောက် သူ၏ လှံတံကို ပြန်လည်ဆွဲထုတ်၍ ကျန်သော ချော်ရည်မိကျောင်းများထံ ပြေးဝင်သွားသည်။ ကျောက်ယွီယန်တို့ အားလုံးကလည်း တိုက်ပွဲထဲသို့ ဝင်ရောက်လာကြ၏။
အပိုင်း ၁၃၈ ပြီး၏။
***