" ဟင်း... သူတို့ အားလုံးက အထဲမှာ။ ကောင်းပြီ... သူတို့အားလုံးကို တစ်ခါတည်း ချောင်ပိတ်ပြီးတော့ ရိုက်လိုက်ရအောင်။ "
တောင်တန်းအနက်ပိုင်းမှာ သွေးနီရောင်ကျောက်သားများကို ဖြတ်သန်းနေသော ပုံရိပ်တစ်ခုရှိသည်။ သူဟာ ဝတ်စုံပြည့် နက်ကတိုင်နှင့် သားရေဖိနပ်များကို ဝတ်ဆင်ထားပြီး အလွန်ပင် သပ်ရပ်သည်။ သူ၏ နံဘေးတွင်မူ ချော်ရည်မိကျောင်းများ အတန်းလိုက် ရှိနေသည်။
" ဒီနေရာမှာ နေ မနေနဲ့။ ပြေးဖို့ ပြင်ထား။ "
သူဟာ ချော်ရည်မိကျောင်းများကို စိတ်ဖြင့် ဆက်သွယ်ကာ ညွှန်ကြားသည်။
ဝေါင်း။
ချော်ရည်မိကျောင်းကြီးက ပါးစပ်ကြီးကို ဟလိုက်ပြီးနောက် ပူပြင်းလွန်းသော မီးတောက်များက အတန်းလိုက် ထွက်လာကာ ထိုနေရာဆီသို့ ဝင်ရောက်လာသည်။ ထို့နောက် တစ်ချက်ခုန်လိုက်ရုံနှင့် သံမဏိခြုံလွှာ ရွှေ ကင်းမြီးကောက်ထံ သွားသည်။ သံမဏိ ခြုံလွှာ ရွှေကင်းမြီးကောက်က ကျောက်ယွီယန်နှင့် ခြားနားသည်။ ပုံရိပ်ယောင်အကွက်များကို မထုတ်နိုင်သော်လည်း လက်မောင်းများစွာ ပါဝင်နေသည်။ သူ၏ လက်မောင်းရှစ်ဖက်လုံးက ရွှေဓားတစ်လက်စီကို ကိုင်ထားပြီး လျင်မြန်စွာ လှုပ်ရှားနေသည်မှာ အရိပ်ကိုပင် မမြင်ရပေ။
ချွင် ချွင် ချွင် ချွင်။
ဓား၏ အမှတ်အသားများက ချော်ရည်မိကျောင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျပြီး အဖြူရောင်အစင်းသာ ပေါ်သည်။ ထိုသို့ဖြင့် သူ၏ အရေခွံ မည်မျှ မာကြောင်း မြင်ရသည်။
ဦးချိုနှစ်ချောင်းနှင့် ကြံ့ကလည်း သူ၏ သွေးနီရောင်ပါးစပ်ကြီးကို ဖြဲ၍ မိုးပျံ အလင်းလုံးကို မှုတ်ထုတ်သည်။ သူက ချော်ရည်မိကျောင်းဆီသို့ ရိုက်ချလိုက်ပြီးနောက်တွင် သံတိုင်ကို တစ်ဖျတ်ဖျတ်ခတ်၍ လေထဲသို့ ထိုးတက်ပြီးမှ ပြန်လည် ထိုးဆင်းလာကာ ချော်ရည်မိကျောင်း၏ အရေပြားကို လက်သည်းဖြင့် လှမ်းကုတ်သည်။
မိကျောင်းက ဟိန်းဟောက်ပြီးနောက် သူ့ကို ခါထုတ်ရန် ကြိုးစားသည်။
" ကောင်းကင်ဘုံ ဝါးမြိုခြင်း လှံတံ "
ဗုန်း။
အောက်ဖက်မှာ သွေးနီရောင် အလင်းမုန်တိုင်းကလည်း ထိုးထွက်လာပြီး ချော်ရည်မိကျောင်းတစ်ကောင်ကို တစ်ကွက်တည်းနှင့် အစိပ်စိပ်အမွှာမွှာ ဖိချေကာ ဖောက်ခွဲပစ်လိုက်လေသည်။ မင်းချန်အသင်းက တစ်ကိုယ်တော် တိုက်ခိုက်သည်။
သူတို့ဟာ ချော်ရည်မိကျောင်းများကို စဉ်ဆက်မပြတ် ဖိနှိပ်နေသော်လည်း လော့မင်က မျက်မှောင်ကြုတ်လာသည်။ ဒီတာဝန်က အနည်းငယ် လွယ်လွန်းနေ၏။ ကျောက်ရီရှိတို့ နှစ်ယောက်က ချော်ရည်မိကျောင်းကို လုံးဝ ဖိနှိပ်ထားနိုင်နေပြီ။ ထိုနှုန်းအတိုင်းဆိုလျှင် အချိန်တစ်ခုအတွင်း အနိုင်ရသွားနိုင်၏။
ထိုအချိန်တွင် ချော်ရည်မိကျောင်းဘုရင်က ဟိန်းဟောက်သည်။ ချက်ချင်းဆိုသလိုပင် ချော်ရည်မိကျောင်းများ အားလုံးက အဝေးမှ လျင်မြန်စွာ ပြေးဝင်လာပြီး ချော်ရည်ထဲသို့ ဝင်ရောက်သည်။ ဝေါင်း။ ချော်ရည်မိကျောင်းဘုရင်ကလည်း ဒေါသတကြီး ဟိန်းဟောက်ပြီးနောက် အပူပိုင်း ချော်ရည်များက ကဗျာကယာဖြစ်ကာ လွင့်စင်ကုန်၏။ လော့မင်တို့ အားလုံးကလည်း အလျင်အမြန် ရှောင်ရ၏။
ထိုချော်ရည်တန်းများက ကောင်းကင်သို့ ထောက်ထားသော တိုင်ကဲ့သို့ အပေါ်သို့ ထိုးတက်သွားပြီးနောက် ကျောက်ရီရှိနှင့် တင်းပိုင်ဟွေ့တို့ကို တိုက်ခိုက်သည်။ ထိုနှစ်ယောက်ကလည်း ခပ်မြန်မြန်ရှောင်သည်။ သူတို့က ဟာကွက်ကို အခွင့်ကောင်းယူပြီး ချော်ရည်မိကျောင်းက ထွက်ပြေးသွားသည်။
" လိုက် "
သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်ပြီး နောက်မှ လိုက်သည်။
ဒါက မစ်ရှင်ရဲ့ ပစ်မှတ်လေ၊ လွတ်သွားလို့ မရဘူး။ ချော်ရည်မိကျောင်းက ထွက်ပြေးပြီးနောက် သူတို့နှစ်ယောက်လည်း ပျောက်ကွယ်သွားချိန်တွင် ထိုနေရာတစ်ခုလုံးက တိတ်ဆိတ်သွားသည်။
ထိုသို့ဖြင့် စီးဆင်းနေသော ချော်ရည်အသံကိုသာ ကြားရသည်။ ထို့နောက် ခြေလှမ်းသံကို ကြားရသည်။ တစ်စုံတစ်ယောက်ဟာ ချဉ်းကပ်လာပုံပေါ်သည်။ လော့မင်က ရုတ်တရက် ခေါင်းမော့သည်။ ကောင်းကင်မှာ အနက်ရောင် ဝဲတစ်ခုက ခုန်ဆင်းကာ သူ့ကို လက်သီးဖြင့် ထိုးသည်။
လော့မင်က ဟိန်းဟောက်၍ သွေးနီရောင်အရှိန်အဝါကို ထိုးထွက်လာစေကာ လက်သီးဖြင့် ပြန်ထိုးသည်။ လက်သီးချင်း ထိပြီးနောက် နှစ်ယောက်လုံးက နောက်ဖက်သို့ ဆုတ်လိုက်ရလေ၏။ လော့မင်က ခြေငါးလှမ်းဆုတ်ပြီး တစ်ဖက်သူက လေထဲတွင် တစ်ဖျတ် လွင့်ပျံလိုက်ပြီးရုံနှင့် ချော်ရည်အလယ်မှ ကျောက်သားပေါ်သို့ တည်ငြိမ်စွာ ရပ်လိုက်သည်။ သူက လက်ချောင်းကို အသာသပ်သည်။
ဝီ ဝီ ဝီ။
လုနင် လက်မောင်းမှ တစ်စုံတစ်ရာက မီးစမီးနတောက်ပသော အလင်းတန်း ပေါ်ထွက်လာသည်။ ချက်ချင်းဆိုသလိုပင် သူ၏ အိတ်ကပ်ထဲမှ တောင်ဝှေးအတိုလေးက ထွက်ကာ တောင်ဝှေးအကြီးစားလေးဖြစ်ပြီး လေထဲတွင် ကွဲထွက်နေ၏။ ထိုတောင်ဝှေးက ချက်ချင်း ပေါက်ကွဲသွားပြီးနောက် သွေးနီရောင် တန်ခိုးရှင် ကျောက် နှစ်လုံးကသာ လွင့်လျက်သား ကျန်ရစ်သည်။ ထို့နောက် သူ လက်ကို ထိန်းရမ်းလိုက်သောအခါ အရပ်မျက်နှာအနှံ့မှ ချော်ရည်များက ကဗျာကယာ ဖြစ်လာပြန်ပြီး လေထဲသို့ ဝင်ရောက်၍ သွေးနီရောင်တန်ခိုးရှင်ကျောက် နှစ်လုံးနှင့် ဆက်သွားသည်။ တစ်ခုတည်းဖြစ် ပေါင်းစည်းသွားပြီးနောက် ချော်ရည်ဟာ လေထဲတွင်ပင် ခဲသွားသည်။
ထို့နောက် ကြီးမားသော နည်းပညာအတုဖြင့် ဖန်တီးထားသည့် တံတိုင်းကြီး ပေါ်လာသည်။
" ငါ့ရဲ့ အိမ်... သွေးနီရောင် မီးတောင်တောင်တန်းက ကြိုဆိုပါတယ် "
ချော်ရည်ထဲမှာ ဝတ်စုံပြည့်နှင့်လူက လော့မင်တို့ရှိရာ နေရာသို့ တဖြည်းဖြည်းချင်းစီ ထွက်လာသည်။
" မင်း ပထမဦးဆုံးအကြိမ် ငါ့ရဲ့ အိမ်ကို ရောက်ဖူးတာပဲ မဟုတ်လား ရှောင်နင် "
လုယန်က ရယ်ပြီး ရင်းနှီးဖော်ရွေသော အစ်ကိုကြီးတစ်ယောက်ကဲ့သို့ နွေးထွေးသောအပြုံးမျိုးကို ပြုံးပြသည်။
" အစ်ကိုကြီး လုယန် ... ဘယ်လိုဖြစ်ပြီး... "
လုနင်က ပဟေဠိ ဖြစ်သွားသည်။
" မသိဘူးလား။ ဒီသွေးနီရောင် မီးတောင်တောင်တန်းက ငါ့ရဲ့ ပိုင်နက်။ ငါက ဒီချော်ရည်မိကျောင်းတွေ အားလုံးကို ဦးဆောင်တဲ့ အစစ်အမှန် ဘုရင် "
သူက လက်ဖျောက်တီးလိုက်ရုံနှင့် ချော်ရည်ထဲတွင် ပုန်းနေသော ချော်ရည်မိကျောင်းများ အားလုံးက တစ်ကောင်ချင်းစီ ပေါ်ထွက်လာလေသည်။
" ဆိုတော့... ခေါင်းဆောင် တင်းပိုင်ဟွေ့ တိုက်ခိုက်နေတဲ့ တစ်ကောင်က ဘုရင်မဟုတ်ဘူးလား "
လော့မင်က မေးသည်။
" တော်လိုက်တာ၊ မင်း ခန့်မှန်းမိသွားပြီ။ တကယ်တော့ ငါ့ရဲ့ ညာလက်ရုံးနဲ့ ဘယ်လက်ရုံးဆိုတာတွေ ရှိတယ်။ အခုဆိုရင် ငါ့ရဲ့ ညာလက်ရုံးနဲ့ ဘယ်လက်ရုံးတွေက သူတို့နှစ်ယောက်ကို ရင်ဆိုင်နေလောက်ပြီ။ ဒါကြောင့် သူတို့တွေ မင်းဆီကို ချက်ချင်းလာပြီး ကယ်နိုင်မှာ မဟုတ်ဘူး "
လုယန်က ဆိုသည်။
" ဆိုတော့... ခင်ဗျားကမှ ချော်ရည်မိကျောင်းတွေရဲ့ အစစ်အမှန်ဘုရင် မဟုတ်လား "
လုယန်က ခေါင်းငြိမ့်သည်။
" ရှောင်နင်... အဲ့ဒီတုန်းက မင်းအစ်မ ပေးခဲ့တဲ့ ဓာတ်ပုံရဲ့ အဓိပ္ပာယ်ကို မင်း မသိသေးဘူးလား "
လုယန်က အိတ်ကပ်ထဲမှ စုတ်ပြဲနေသော ဓာတ်ပုံကို ထုတ်လိုက်သည်။ မီးတောက်များ၏ အလယ်တွင် ချော်ရည်မိကျောင်း တစ်ကောင်က ဟိန်းဟောက်နေပြီး ကောင်းကင်ကို ကြည့်ကာ ဦးတည်နေသည်။
" ဒီဓာတ်ပုံ အဓိက အာရုံစိုက်တာက ဘယ်တုန်းကမှ ချော်ရည်မိကျောင်း မဟုတ်ဘူး "
လုနင်၏ မျက်လုံးက အကြောပြတ်သွားသည်။
" အဓိက အာရုံစိုက်တာက ယန် ဆိုတာပဲ "
သူက မီးတောက်များကို စိုက်ကြည့်ပြီးနောက် မျက်လုံးက ပြင်းထန်စွာ မှေးကျဉ်းသွားသည်။
" ဟုတ်တယ်... ယန်။ မင်းအစ်မက ငါ့ကို သတိထားဖို့ မင်းကို သတိပေးခဲ့တာ။ ဒါပေမဲ့ ကံဆိုးစွာနဲ့ မင်းက တုံးလွန်းတယ် "
လုယန်က ခေါင်းခါပြီး သက်ပြင်းချသည်။
" ဆိုတော့... ခင်ဗျားက ငါ့အစ်မကို သတ်လိုက်တာ မဟုတ်လား "
လုယန်က သန္နိဋ္ဌာန်ချသည်။
" ဟုတ်တယ်... ငါ့ အချစ်ကလေး။ အရမ်းကို နီးစပ်တယ် မဟုတ်လား။ မင်းအစ်မက ငါ့ရဲ့ နောက်ခံကို ရှာတွေ့သွားပြီလေ။ ဆိုတော့ ငါ တတ်နိုင်ဘဲ သတ်လိုက်ရတာပဲ "
လုယန်က နှုတ်ခမ်းများ ကော့တက်ကာ ပြုံးသည်။
" ငါ ဝန်ခံရမယ်၊ မင်းအစ်မက အရမ်း အင်အားကြီးတယ်။ အရမ်းကို အင်အားကြီးတယ်။ ငါ့ရဲ့ လက်ထောက်နှစ်ယောက်နဲ့ ငါ သုံးယောက်ပေါင်းတာတောင် သူမကို မနည်းဖိနှိပ်နိုင်တာ။ အဲ့ဒီတိုက်ပွဲမှာ ငါလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသေးတယ်။ သူမက လု မိသားစုရဲ့ ဂုဏ်အယူရဆုံး သမီးဆိုတဲ့ နာမည်နဲ့ တကယ် ထိုက်တန်တယ် "
လုယန်က ခေါင်းငြိမ့်သည်။ သူဟာ သူ၏ အင်္ကျီရှေ့လက်စများကို ဘေးဘက်သို့ ဖယ်လိုက်သောအခါ ကြောက်စရာကောင်းသော ဓားခုတ်ရာကြီး ရှိနေသည်။
" ဒါက မင်းအစ်မ ငါ့ဆီမှာ ချန်ထားခဲ့တာပဲ "
" ဘာလို့ ငါ့အစ်မကို သတ်တာလဲ "
လုနင်က ဒေါသတကြီး အော်သည်။
" ငါတို့ လုမိသားစုက မင်းကို ဒီလောက် ဂရုစိုက်ပေးတာ ဘာလို့ ငါ့အစ်မကို သတ်တာလဲ "
သို့ရာတွင် လုယန်က ရှင်းလင်းစွာ ခေါင်းငြိမ့်ပြီး ပြောသည်။
" မင်း မှားသွားပြီ။ လုမိသားစုရဲ့ မွေးစားသား လုယန် မဖြစ်ခင် ငါ့မှာ နောက်ထပ် နောက်ခံရှိတယ်။ ဒီသွေးနီရောင် မီးတောင်တောင်တန်းရဲ့ ဘုရင်... ချော်ရည်မိကျောင်းဘုရင်လေ။ အကျိုးပြုသက်ရောက်မှုကို မင်း နားလည်သင့်တယ် "
လုယန်က ရယ်သည်။ ထိုစကားကြားပြီး လော့မင်၏ နှလုံးသားက အခုန်နှုန်း မြန်ဆန်သွားသည်။
" မင်း ဆိုလိုတာက... အပျက်အစီးနယ်မြေထဲက မွန်းစတားတွေက... "
" အမှန်ပဲ။ လူသားတွေက မွန်းစတားအဖြစ် အသွင်ပြောင်းနိုင်တဲ့ စွမ်းရည်ရှိတာ၊ ငါတို့ရဲ့ မွန်းစတာတွေက ဘာကြောင့် လူသားအဖြစ် မပြောင်းနိုင်ရမှာလဲ "
လုယန်၏ အဖြေကို ကြားပြီး အားလုံးက ပင့်သက်ရှူသည်။
" မွန်းစတားတွေက လူသားအသွင် ပြောင်းတာလား "
ရှားချင်းချန်က ရေရွတ်သည်။
" မွန်းစတားတွေထဲမှာလည်း ရန်ဟွမ်နည်းပညာနဲ့ တူတဲ့ အဖွဲ့အစည်း ရှိလိမ့်မယ်။ သူတို့က လူသားတွေရဲ့ အလောင်းတွေကို သုံးပြီး လူတူဒီဇိုင်းတွေ လုပ်တယ်။ ငါတို့ရဲ့ မွန်းစတား အလောင်းကို အသုံးပြုသလိုပေါ့ "
ကျောက်ယွီယန်ကလည်း ပြောလိုက်သည်။ သို့သော် ထိုစကားက လူတိုင်း၏ ကျောကို အေးစေသည်။ တောထဲမှာ မွန်းစတားများကသာ လူ အသွင်ပြောင်းပြီး မျိုးရိုးထဲသို့ ဖောက်ဝင်လာခဲ့လျှင် လူသားနည်းပညာက တောင့်ခံနိုင်မည် မဟုတ်ပေ။
ဒါဆိုရင် ဘယ်လောက် ကြောက်စရာကောင်းသွားလိုက်မလဲ။
အပိုင်း ၁၃၉ ပြီး၏။
***