ကြီးမားသော ချော်ရည်မိကျောင်းဘုရင်က ကောင်းကင်ကို ကြည့်ကာ ဟိန်းဟောက်လိုက်ချိန်တွင် လော့မင်တို့ အားလုံးက အနောက်ဖက်သို့ ဆုတ်လိုက်ရလေသည်။ လုယန်၏ အင်အားမှာ စိန်အဆင့် (၆) ဖြစ်သော်လည်း ချော်ရည်မိကျောင်းဘုရင်မှာ အက်စ်အက်စ်အဆင့် ဖြစ်နေ၏။ သူဟာ တူညီသောအဆင့်ရှိသော ချော်ရည်မိကျောင်း နှစ်ကောင်ကို သတ်နိုင်သည်။
လုယန်ကသာ အစောပိုင်းကတည်းက လှုပ်ရှားခဲ့ပါက တင်းပိုင်ဟွေ့နှင့် ကျောက်ရီရှိတို့ အားလုံး ဒီနေရာမှာတင် သေဆုံးသွားနိုင်လောက်သည်။
" ငါ အစကတော့ ရှောင်နင်ကိုပဲ သတ်မလို့။ ငါ သူ့အစ်မကို သူနဲ့ တစ်နေရာတည်း သေပြီး အတူတူ တွေ့ဆုံပေးလိုက်မလို့လေ "
" ဒါပေမဲ့ မင်းတို့အားလုံးက အတင်းလာမယ် တကဲကဲ လုပ်နေကြတာဆိုတော့ ပြောပါဦး၊ ငါ မင်းတို့အားလုံးကို မသတ်ဘူးဆိုရင် မင်းတို့က နှစ်သစ်ကူး ရောက်တဲ့အထိ ခုန်ပေါက်နေဦးမှာပဲ "
" လော့မင်... မင်းက လူသားတွေထဲမှာ ထိပ်တန်းအဆင့် ပါရမီရှင်တစ်ယောက်ပဲ။ မင်း သေတာက ငါတို့ မွန်းစတားတွေအတွက် အရမ်းကောင်းတယ် "
" မင်းတို့လည်း တူတူပါပဲ၊ အားလုံးက ပါရမီရှင်တွေပဲ ဟုတ်တယ်မလား။ ဆိုတော့ ဒီမှာ တစ်ခါတည်း သေသွားလိုက်ကြပါလား "
ချော်ရည်မိကျောင်းကြီးက ကောင်းကင်ကို ကြည့်ကာ ဟိန်းဟောက်လိုက်ချိန်တွင် အသံလှိုင်းများက လိပ်တက်သွားပြီး ကျောက်သားနေရာ တစ်ခုလုံးကို လှုပ်ခါစေသည်။
" နောက်ဆုတ်... ထွက်ပြေးဖို့ နည်းလမ်းရှာ "
လော့မင်က အော်သည်။
" ဒီကောင်ရဲ့ အင်အားက ငါတို့ ကိုင်တွယ်နိုင်တဲ့ အတိုင်းအတာကို ကျော်နေပြီ "
လော့မင်က အေးစက်စွာ ပြောသည်။
" နောက်ဆုတ်မယ် ဟုတ်လား။ အိပ်မက်မက်မနေနဲ့။ မင်းတို့ ဆုတ်နိုင်မလား ကြည့်ကြည့်ပါဦး "
ဗုန်း။
လေထဲမှာ ချော်ရည်များက ခဲပြီး ပြန်လည် အရည်ပျော်လာကာ လိပ်ထွက်၍ အားလုံး၏ ဆုတ်လမ်းကို ပိတ်သည်။ ထို့နောက် မြေပြင်မှ ချော်ရည်များလည်း မြောက်တက်လာပြီးနောက် ကျောက်သားများကို တဖြည်းဖြည်း အုပ်သွားကာ လော့မင်တို့၏ မတ်တပ်ရပ်နိုင်သော နေရာကို ကျဉ်းသထက် ကျဉ်းလာစေသည်။
" ငါတို့ ထွက်လို့ မရဘူး "
လော့မင် မျက်နှာက မည်းမှောင်သွားသည်။ သူတို့ဟာ ပြန်လည် တိုက်ခိုက်နိုင်ခြင်း မရှိသလို ထွက်လမ်းလည်း မရှိတော့ဘဲ အဆုံးသတ် ရောက်သွားလေပြီ။
" သတိထား "
ထိုအချိန်တွင် ကြီးမားသော ချော်ရည်မိကျောင်းကြီးက လုနင်ကို ခုန်အုပ်သည်။
ဗုန်း။
လော့မင်က လက်ကို မြှောက်၍ ကောင်းကင်ဘုံ ဝါးမြိုခြင်း လှံတံကို ပစ်လိုက်သော်လည်း ချော်ရည်မိကျောင်း၏ လက်သည်းဖြင့် ထိကာ လွင့်ထွက်သွားရသည်။
ဗန်း။
လုနင်က ကြီးမားသော လက်သည်းတစ်ဖက်ဖြင့် အဖိခံလိုက်ရသည်။
" မင်း သေသွားပြီးရင် လုမိသားစုက ငါ့အပိုင်ပဲ "
" မစိုးရိမ်ပါနဲ့၊ ငါ မင်းရဲ့ မိဘတွေကို ကောင်းကောင်း ဂရုစိုက်ပြီး မင်းတို့ မိသားစုချင်း အမြန်ဆုံး ဆုံအောင် ပို့ပေးမှာပါ "
ချော်ရည်မိကျောင်းဘုရင်ကြီးက အော်ရယ်သည်။ ကြီးမားသော လက်သည်းကြီးက လုနင်၏ အရေပြားကို တဖြည်းဖြည်း ပွတ်ဆွဲလာသည်။
" ကောင်မလေး... မင်းက တော်တော်တော့ ချောသားပဲ။ "
" လုနင်... မင်း မသိဘူးလား၊ မင်းအစ်မကလည်း မင်း သူ့အတွက် ကလဲ့စားချေပေးဖို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး "
" ဘာပဲဖြစ်ဖြစ် မင်းကိုလည်း ဘာအသုံးမှမကျတဲ့ မောင်တစ်ယောက်လိုပဲ ထင်ထားလို့ ဖြစ်မှာပေါ့ "
" သူမ မသေခင် ဘာပြောသွားလဲ သိလား။ မင်းကို ချမ်းသာပေးဖို့ ငါ့ကို တောင်းပန်ရှာတာ၊ မင်းကို မထိပါနဲ့တဲ့။ သူမက မသေခင်အထိ ငါ့ကို တောက်လျှောက် တောင်းပန်ပေမဲ့ ငါ မချမ်းသာပေးနိုင်ဘူးလေ။ ဟားဟား... ဟာသပဲ "
လုယန်၏ ကြီးမားသော မျက်လုံးကြီးထဲတွင် လှောင်ပြောင် အထင်သေးသော အကြည့်မျိုးက ပေါ်လာသည်။
" စိတ်ဝင်စားဖို့ မကောင်းဘူးလား။ သူမရဲ့ နှလုံးသားထဲမှာ မင်းက နေရာတိုင်းက ကာကွယ်ခံရဖို့ လိုအပ်နေတဲ့ အသုံးမကျတဲ့ မောင်။ သူမက မကာကွယ်ပေးတော့တဲ့ အချိန်မှာ ငါ မင်းကို သေအောင် ကစားလိုက်မှာ ကြောက်နေတာ "
လုနင်က အံကိုကြိတ်ထားပြီးနောက် မျက်လုံးကလည်း နီရဲလာသည်။
" ဆိုတော့... ငါ သနားလို့ သူမရဲ့ လက်မောင်းတစ်ဖက်ကို ထားပေးလိုက်တာလေ။ ဟီးဟီး... တစ်ကိုယ်လုံးတော့ အကုန် မစားလိုက်ပါဘူး။ မသနားလို့ မဟုတ်ဘူး၊ ဒါပေမဲ့ မင်းအစ်မရဲ့ အရသာက အရမ်းကောင်းတာ။ အရိုးတွေက ကျွတ်ရွနေတာပဲ။ ငါ နည်းနည်းလေးတောင် မချန်ထားရက်ဘူး "
ချော်ရည်မိကျောင်းဘုရင်ကြီးက နှာခေါင်းရှုံ့ပြီး လုနင်၏ မျက်လုံးကို စိုက်ကြည့်သည်။ တစ်ဖက်သူ၏ မျက်လုံးထဲတွင် စိတ်ပျက်အားငယ်မှု၊ ကျရှုံးမှု၊ ဒေါသများ ပြည့်နှက်နေသည်ကို မြင်ကာ ကျေနပ်လာသည်။
" သတ်ဖို့အတွက် အရင်ဦးဆုံး စိတ်ကို ဖျက်စီးပစ်ရတယ်။ ဒီကလေးကတော့ စိတ်ပျက်အားငယ်မှု အပြည့်နဲ့ သေသွားမှာပဲ။ အဲ့လိုမှ မဟုတ်ရင်တော့ သူ့နဖူးက ဒဏ်ရာက အလကား ဖြစ်သွားမှာပေါ့ "
" လုရွှမ်း... ငါ မင်းနဲ့ မင်း မောင်လေးကို ပြန်ပြီး ဆုံစည်းပေးတော့မယ် "
သူက လက်ကို မြှောက်၍ လုနင်ကို ဖြတ်ရိုက်သည်။ ထိုအချိန်တွင် အော်သံက ထွက်လာသည်။
လုနင် ခန္ဓာကိုယ် ပတ်ပတ်လည်မှ ရွှေရောင် အလင်းတန်းများက ဖြာထွက်လာပြီး ဘေးပတ်ပတ်လည်သို့ အလင်းတန်းတစ်ခုက ဝင်ရောက်သွားကာ ချော်ရည်မိကျောင်း၏ တိုက်ကွက်မှ ရှောင်နိုင်အောင် ဆွဲခေါ်သွားပေးသည်။
" အက်စ်အဆင့် မွန်းစတား သူတော်စင် ဥဒေါင်း။ "
လုယန်က အံ့ဩသွားသည်။
" မင်းအစ်မကလည်း မင်းဆီက ထွက်တဲ့ အလင်းတန်းက အရမ်းနွေးထွေးတယ်လို့ ပြောနေကြ။ မျှော်လင့်ထားတဲ့ ဒီနွေးထွေးမှုက သူ့ကို မကယ်နိုင်ဘူး "
အက်စ်အဆင့် မွန်းစတား သူတော်စင်ဥဒေါင်းဟာ အက်စ်အဆင့် မွန်းစတား ချီလင် ဝိညာဉ်သမင် ကဲ့သို့သော သားရဲမျိုးနဲ့ ဆင်တူသည်။
နှစ်ယောက်လုံးက ကုသခြင်း၊ ကင်းစောင့်၊ အထောက်အပံ့ အမျိုးအစား မွန်းစတာများ ဖြစ်သည့်အတွက် တိုက်ခိုက်မှုတွင် အင်အားမကြီးကြပါ။ သို့ရာတွင် သူတော်စင် ဥဒေါင်းနှင့် ဆင်တူသည်က လုနင် မဟုတ်ပေ။
" မင်း ပြောတာမှန်တယ်၊ နွေးထွေးတဲ့ အလင်းတန်းက ဘယ်သူ့ကိုမှ မကယ်နိုင်ဘူး။ တစ်ခုခုကို ကယ်ချင်ရင် သွေးစွန့်ရတယ်။ ဖြစ်နိုင်တာက ဒါ ငါ့အစ်မရဲ့ ရည်ရွယ်ချက် ဖြစ်လိမ့်မယ်။ "
" သူမက မိန်းကလေးတစ်ယောက်၊ အပြင်ပန်းမှာ ထင်သလောက် သတ္တိကြီးတာလည်း မဟုတ်ဘူး။ သူမက သူမ၏ ရည်ရွယ်ချက်ကို သုံးပြီး အားနည်းမှုကို ဖုံးကွယ်ထားတာ။ ဒါမှ ငါ့ကို ကာကွယ်နိုင်မှာကိုး "
" အားနည်းတယ်... ငါကိုယ်တိုင်က အားနည်းတော့ သူမက ရဲရင့်ရတယ်။ အခု ငါ ငါ့ရဲ့ ဂျူနီယာတွေကို ကာကွယ်ချင်တယ်။ အထူးသဖြင့် ငါ့ရဲ့ ဂျူနီယာလေးပဲ။ "
လုနင် မျက်ဝန်းထဲတွင် စူးရှသော အလင်းက လက်သည်။
" ငါက တစ်ပွင့်တည်းမှာ အမြွှာရှိတာ။ သူတော်စင်တင် မဟုတ်ဘဲ သေဆုံးခြင်းလည်း ရှိတယ် "
" ဒါဆိုရင် ငါက နတ်ဆိုးဖြစ်လို့ရတယ် "
လုနင် ခန္ဓာကိုယ်မှ အနက်ရောင် အလင်းတန်းများက ပေါက်ထွက်လာပြီး သူမ၏ မျက်စိကျိန်းမတတ် သောက်ပသော ရွှေရောင်အလင်းတန်းကို လွှမ်းခြုံသွားသည်။
" ဒါက ငါနဲ့ တူတူပဲ "
ရှားချင်းချန်က အံ့ဩသွားသည်။ သူမတွင် ရေခဲဖီးနစ်နှင့် မီးတောက်ဖီးနစ် ရှိသလို လုနင်ကလည်း ဥဒေါင်းအမြွှာ ဖြစ်သည်။ ကုသခြင်း သူတော်စင် ဥဒေါင်းနှင့် ကြိုးကိုင်ခြင်း သေဆုံးခြင်း ဥဒေါင်း ဖြစ်နေသည်။ အနက်ရောင် မြူများက တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပြီးနောက် တစ်ခါက တောက်ပခမ်းနားသော အမွေးအတောင်များက မည်းနက်သွားသည်။ ကတ္တီပါမည်းရောင် ဥဒေါင်းက မြူထဲမှ ခုန်ထွက်လာသည်။
အနက်ရောင် ဥဒေါင်း ဘုရင်ကြီးက ပို၍ပင် မြင့်မြတ်သေးသည်။
" ရပ် "
လုနင်က တည်ငြိမ်စွာ ပြောသည်။
ဝီ ဝီ ဝီ။
ကျောက်သားများ၏ မျက်နှာပြင်ပေါ်တွင် အနက်ရောင် စက်ဝိုင်းပေါင်း များစွာက ပေါ်လာသည်။ ထို့နောက် ချော်ရည်မိကျောင်းများ၏ ကိုယ်က မြေကြီးထဲသို့ ဆွဲသွင်းခံရသည်။ ချော်ရည်မိကျောင်းများ၏ ခန္ဓာကိုယ်က အနက်ရောင် မြူထုများကို လွှတ်ထုတ်ပြီး မြေပြင်ပေါ်မှာ မြောက်တက်လာကြသည်။
" ဒါ အရင်က သေသွားဖူးတဲ့ ချော်ရည်မိကျောင်းတွေ မဟုတ်လား "
လော့မင်က အံ့ဩသွားသည်။
အသွင်ပြောင်းလဲမှုကတစ်ဆင့် သူတို့ကို စီနီယာ လုနင်က ထိန်းချုပ်လိုက်တာ။ အံ့ဩသင့်စရာကောင်းတဲ့ စွမ်းရည်ပဲ။
ချော်ရည်မိကျောင်းဘုရင်က သူ့ကို ချဉ်းကပ်လာသော အနက်ရောင် မိကျောင်းများကို ကြည့်ကာ နှုတ်ခမ်းတွန့်သွားသည်။ မျက်နှာကလည်း အလွန်ပင် ပျက်စီး၏။
" မင်းက အမှိုက်သေးသေးလေးပါပဲ။ ဘယ်လိုတောင် ငါ့ရဲ့ လက်အောက်ခံ သားရဲတွေကို ထိရဲတာလဲ "
" ငါက မသေခြင်း စွမ်းအားကို အမြဲတမ်း ကြောက်နေခဲ့တာ။ ဒါက အရမ်းကို ရွံစရာကောင်းတယ်၊ ကြောက်ဖို့ကောင်းတယ်လို့ ထင်ပြီး တစ်ခါမှ မထိရဲဘူး။ ငါ့ရဲ့ နှလုံးသားထဲမှာပဲ ဝှက်ထားတာ၊ အဝေးကြီးမှာ သိမ်းထားတာပေါ့ "
" ဒါပေမဲ့ အခု ဘယ်စွမ်းအားကမှ ကြောက်စရာမကောင်းဘူးဆိုတာ သိလိုက်ရပြီ။ ကြောက်စရာ အကောင်းဆုံးက အဲ့ဒီစွမ်းအားကို အသုံးပြုတဲ့သူပဲ "
" ငါ့အနားက လူတွေကို ကာကွယ်နိုင်မယ်ဆိုရင် ဒါဟာ ကောင်းတဲ့ စွမ်းအားပါပဲ "
" ဒါကြောင့် လုယန်... ငါ့ရဲ့ ဂျူနီယာတွေကို လုံးဝ ထိခွင့်မပြုနိုင်ဘူး။ ငါ ငါ့အစ်မရဲ့ ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်မျိုးကို တစ်ဖန် ပြန်လည် မဖြစ်စေချင်တော့ဘူး။ ငါ မင်းကို ဒီနေရာမှာပဲ သတ်မယ် "
လုနင်၏ မျက်လုံးက တဖြည်းဖြည်း မည်းမှောင်လာပြီး လုယန်၏ အနားသို့ ကပ်သွားသည်။
" သောက်လခွမ်း။... မင်း... မင်း ထင်တာက မင်းက ဒီအမှိုက်တွေလောက်နဲ့ ငါ့ကို သတ်နိုင်မယ် ဟုတ်လား။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာပဲ။ "
လုယန်က ဒေါသတကြီး အော်သည်။
" ငါက မင်းတို့ရဲ့ ဘုရင်။ မင်းတို့က ဘယ်လိုများ ပြန်ပြီး ငါ့ကို ပြန်ထိရဲတာလဲ။ သေချင်နေတာလား။ "
ဗန်း။
ကြီးမားသော အမြီးကြီးကို ရိုက်ချလိုက်သောအခါ အနက်ရောင် ချော်ရည်မိကျောင်း ၁၀ ကောင်ကျော်ခန့်က ဖုံမှုန့် ဖြစ်သွားသည်။
" သူတို့က ပြန်ရှင်သန်လာပြီး အဆုံးစမဲ့လောက်အောင် ပေါ်ထွက်လာနိုင်ရင်တောင်မှ သူတို့ရဲ့ အင်အားက ငါ့ကို မယှဉ်နိုင်ဘူး။ ဒီလောက်နဲ့ ငါ့ကို ယှဉ်နိုင်မယ်လို့ ထင်နေတာကတော့ မင်း စိတ်ကူးယဉ်နေတာပဲ။ ထွက်သွားစမ်း "
ကြီးမားသော ချော်ရည်မိကျောင်းကြီးက သူ့ဆီ ခုန်အုပ်လာသမျှ အရာအားလုံးကို ဆွဲဖြဲပစ်ပြီး လုနင်ဆီ သွားသည်။
" မင်း မှန်လောက်တယ်၊ ဒါပေမဲ့ ငါကလည်း သူတို့က မင်းကို ယှဉ်နိုင်မယ်လို့ ထင်ရလောက်အောင် မတုံးဘူးလေ "
" မဟုတ်ဘူးလား အစ်မ။ "
လုနင် စကားဆုံးသွားချိန်တွင် ချော်ရည်မျက်နှာပြင်ပေါ်၌ အနက်ရောင် စက်ဝိုင်းကြီးတစ်ခုက ပေါ်လာသည်။ လုယန်၏ မျက်လုံးက မှေးကျဉ်းသွားသည်။
" မင်း... မင်း... မင်းလား "
အပိုင်း ၁၄၀ ပြီး၏။
***