ထိုချောက်ကမ်းပါးကြီးအတွင်း၌ မဟာတာအိုစုတ်တံသခင်၏ စကားကို ကြားပြီးနောက် ယန်ကျာ့က သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ကာ နောက်တစ်ကြိမ်၌ သူက ရုတ်ခြည်းဆိုသလို အော်ဟစ်လျက် ဓားနှင့်အတူ ရှေ့သို့ ပြေးဝင်သွားလေသည်။
သူ ယန်ကျာ့က ဤသို့ အလွယ်တကူ အရှုံးမပေးနိုင်ချေ။
လူတိုင်းက သူ့ကို ငြင်းပယ်ခဲ့ကြလျှင်ပင် သူက ဘယ်တော့မှ လက်လျှော့မည် မဟုတ်ပေ။
ယန်ကျာ့၏ တိုက်ခိုက်လိုစိတ်များ ပြန်လည်နိုးကြွလာသည်ကို မြင်လိုက်ရသည်တွင် မဟာတာအိုစုတ်တံသခင်က အကြည့်လွှဲလိုက်၏။ ထိုအခိုက်အတန့်၌ အကန့်အသတ်မဲ့အရှင်သခင်က သေရည်ခွက်ကိုင်ကာ လျှောက်လာသည်။ "ပြဿနာ မရှာပါနဲ့ကွာ... တကယ်ပြောတာပါ၊ ငါနဲ့ လိုက်ခဲ့စမ်းပါ..."
"မင်း နားမလည်ပါဘူး..."
မဟာတာအိုစုတ်တံသခင်က အကန့်အသတ်မဲ့အရှင်သခင်၏ စကားကို တိုက်ရိုက်ဖြတ်ပြောလိုက်ကာ လှည့်ထွက်သွားတော့၏။
အကန့်အသတ်မဲ့အရှင်သခင်က ခေါင်းခါယမ်းလျက်သာ သက်ပြင်းချလိုက်သည်။
...
ကြယ်တာရာကောင်းကင်တစ်ခုအတွင်း၌ ရီထျန်းမင်က တင်ပျဉ်ခွေလျက် ထိုင်နေ၏။ ဤကာလအတွင်း သူက ကြယ်နတ်ဘုရား၏ ကြယ်နတ်ဘုရားတာအိုကို ကျင့်ကြံနေခဲ့ခြင်း ဖြစ်သည်။ ကြယ်နတ်ဘုရား၏ မှတ်ဉာဏ်များကို ရရှိပြီးနောက် ကြယ်နတ်ဘုရားတာအိုက တကယ်ကို နက်နဲပြီး အင်မတန် အစွမ်းထက်ကြောင်းကို သူ တွေ့ရှိခဲ့ရ၏။
ထို့ပြင် သူက ကြယ်နတ်ဘုရားတာအိုကို သာမန်ကာလျှံကာ ကျင့်ကြံနေခြင်း မဟုတ်ဘဲ သူ၏ ကိုယ်ပိုင်တာအိုနှင့် ပေါင်းစပ်ရန်ပါ ကြိုးစားနေခြင်းပင်။
ထို့အပြင် ဤကာလအတွင်း၌ သူက သိုလှောင်လက်စွပ်ထဲရှိ ထူးခြားသော ဟင်းလင်းပြင်အချိန်ကိုလည်း လေ့လာနေခဲ့သေး၏။
ဆရာမကြီးယိညန်က ထိုထူးခြားသော သိုင်းပညာရပ်ကို အသုံးပြုခဲ့သည်အား မြင်လိုက်ရချိန်၌ သူက အင်မတန် စိတ်ဝင်စားသွားခဲ့ကာ အတုခိုးရန် ဆန္ဒရှိနေခဲ့ခြင်း ဖြစ်သည်။
အချိန်ကုန်သက်သာစေရန်အတွက် သူက သိုလှောင်လက်စွပ်ထဲရှိ ဟင်းလင်းပြင်အချိန်အတွင်း၌ တိုက်ရိုက် ဝင်ရောက်ကျင့်ကြံခဲ့၏။
အချိန်ဆယ်နှစ်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။
ယနေ့တွင် ခဲ့ရှန်းက ရီထျန်းမင်ထံသို့ ရောက်ရှိလာ၏။ "အထွတ်အမြတ်နတ်ဘုရား... နတ်ဘုရားမျိုးဆက်တစ်ယောက်ကို ကျုပ်တို့ တွေ့ထားတယ်..."
ရီထျန်းမင်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။ "သူ့ကို ငါ သွားကြည့်လိုက်မယ်"
ထိုသို့ပြောပြီးသည်နှင့် သူက ထိုနေရာမှ ထွက်ခွာသွားလိုက်၏။
ကြယ်တာရာကောင်းကင်တစ်ခုအတွင်း၌ အနက်ရောင်ဝတ်ရုံနှင့် လူငယ်တစ်ဦးက ထိုင်နေလျက် အောက်ဘက်ရှိ နတ်ဘုရားစကြာဝဠာကို ငုံ့ကြည့်နေသည်။
ထိုအခိုက်အတန့်၌ လူအိုကြီးတစ်ဦးက ထိုလူငယ်ထံသို့ လျှောက်လာ၏။ ထိုလူအိုကြီးက လေးနက်သောအသံဖြင့် "အထွတ်အမြတ်နတ်ဘုရားကျောင်းတော်လေးခုက ကျောင်းတော်သခင်တွေဟာ နတ်ဘုရားတွေကို သစ္စာဖောက်သွားပြီဆိုတဲ့ သတင်းကို ငါတို့ ရထားတယ်"
အနက်ရောင်ဝတ်ရုံနှင့် လူငယ်က "အဲဒီ ကြယ်နတ်ဘုရားကြောင့်လား"
လူအိုကြီးက ခေါင်းညိတ်လိုက်၏။ "အမှန်ပဲ။ ဒါပေမဲ့ သူတို့ ဘာတွေပြောခဲ့ကြလဲဆိုတာကိုတော့ ကျုပ်တို့ မသိရဘူး"
ပြောနေရင်းဖြင့် သူက စာလိပ်တစ်ခုကို ထုတ်ယူလိုက်ကာ အနက်ရောင်ဝတ်ရုံနှင့် လူငယ်ထံသို့ ကမ်းပေးလိုက်သည်။ "ဒါက အခု သူတို့ အပြင်းအထန် ကြေညာနေတဲ့ သက်ရှိသတ္တဝါအပေါင်းဉပဒေပဲ..."
အနက်ရောင်ဝတ်ရုံနှင့် လူငယ်က ယူကြည့်လိုက်၏။ ခေတ္တအကြာတွင် သူက "ပစ္စည်းကောင်းပဲ"
လူအိုကြီးက လေးနက်သောအသံဖြင့် "သူတို့ကတော့ ဒါကို ဘိုးဘေးနတ်ဘုရားက ဖန်တီးခဲ့တာလို့ ပြောနေကြတယ်"
အနက်ရောင်ဝတ်ရုံနှင့် လူငယ်က ခေါင်းခါယမ်းလိုက်၏။ "မဟုတ်ဘူး၊ သူ မဟုတ်ဘူး"
ပြောနေရင်းဖြင့် သူက သက်ရှိသတ္တဝါအပေါင်းဉပဒေကို တစ်ချက်ကြည့်လိုက်သည်။ "ဒီကြယ်နတ်ဘုရားရဲ့ ရည်မှန်းချက်က တကယ်ကို ကြီးမားလှတာပဲ"
လူအိုကြီးက "သခင်လေး... အထွတ်အမြတ်နတ်ဘုရားကျောင်းတော်လေးခုက နတ်ဘုရားတွေကို သစ္စာဖောက်သွားပြီဆိုတော့ ကျုပ်တို့ကရော..."
အနက်ရောင်ဝတ်ရုံနှင့် လူငယ်က ဘာမှမပြောဘဲ ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်ကာ အောက်ဘက်ရှိ စကြာဝဠာကမ္ဘာကို ကြည့်လိုက်၏။ "နတ်ဘုရားတွေမှာ ဘာအရန်အစီအစဉ်မှ မရှိဘူးလို့များ အဲဒီကျောင်းတော်သခင်လေးဦးက တကယ်ထင်နေကြတာလား။ အသိပညာမဲ့တဲ့ သတ္တဝါတွေ..."
လူအိုကြီးက လေးနက်သောအသံဖြင့် "အဲဒီကျောင်းတော်သခင်လေးဦးကတော့ စိုးရိမ်စရာ မရှိပါဘူး၊ ဒါပေမဲ့ အဲဒီကြယ်နတ်ဘုရားက..."
ကြယ်နတ်ဘုရား...
ထိုစကားလုံးကို ကြားလိုက်ရသည်တွင် အနက်ရောင်ဝတ်ရုံနှင့် လူငယ်၏ မျက်နှာထက်ရှိ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
ဤသူမှာ တစ်ချိန်တုန်းက ထိပ်တန်းအထွတ်အမြတ်နတ်ဘုရားတစ်ပါး ဖြစ်ခဲ့ဖူးပေသည်။
ထိပ်တန်းအထွတ်အမြတ်နတ်ဘုရားတစ်ပါးကို သေချာပေါက် သူတို့ အထင်မသေးရဲကြချေ။ မည်သို့ပင်ဆိုစေကာမူ နတ်ဘုရားများခေတ်၌ပင်လျှင် ထိပ်တန်းအထွတ်အမြတ်နတ်ဘုရားများက အထွတ်အမြတ်နတ်ဘုရားသုံးပါး၏ အောက်တွင်ရှိကာ အင်မတန် ကြောက်မက်ဖွယ်ကောင်းလှသည် မဟုတ်ပါလော။
လူအိုကြီးက ဆက်ပြောလိုက်သည်။ "ဒါ့ပြင် ဒီလူက နတ်ဘုရားတွေရဲ့ သမိုင်းကြောင်းကိုလည်း လုပ်ကြံဖန်တီးထားသေးတယ်... အခု အောက်ဘက်က လူတွေကတော့ အဲဒါကို ယုံကြည်နေကြပြီ"
အနက်ရောင်ဝတ်ရုံနှင့် လူငယ်က "သူက ဘယ်လို လုပ်ကြံဖန်တီးထားတာလဲ"
လူအိုကြီးက "အတိတ်ကာလတုန်းက ဘိုးဘေးနတ်ဘုရားဟာ သက်ရှိသတ္တဝါတွေအတွက် ဒီဉပဒေသကို ဖန်တီးခဲ့တာ၊ အဲဒါက နတ်ဘုရားတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေခဲ့တယ်။ အဲဒါကြောင့် နတ်ဘုရားတွေက ဘိုးဘေးနတ်ဘုရားကို သစ္စာဖောက်ခဲ့ကြတာလို့ သူက ပြောတာပဲ..."
"အဓိပ္ပါယ်မရှိလိုက်တာ..."
အနက်ရောင်ဝတ်ရုံနှင့် လူငယ်က မျက်မှောင်ကြုတ်သွား၏။
လူအိုကြီးက ခေါင်းညိတ်လိုက်သည်။ "သူက အောက်ခြေက လူတွေကို လမ်းလွဲအောင် လုပ်နေတာပဲ"
အနက်ရောင်ဝတ်ရုံနှင့် လူငယ်က သူ့ရှေ့ရှိ စာလိပ်ကို ကြည့်လိုက်၏။ "နတ်ဘုရားခန့်အပ်လွှာဆိုတာကရော တကယ် ရှိတယ်လို့ ထင်လား"
လူအိုကြီးက လေးနက်သောအသံဖြင့် "ပြောရခက်ပါတယ်"
အနက်ရောင်ဝတ်ရုံနှင့် လူငယ်က လူအိုကြီးကို ကြည့်လိုက်သည်တွင် လူအိုကြီးက ထပ်ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ဒီလူက ကြယ်နတ်ဘုရားပဲလေ။ အတိတ်ကာလတုန်းက အဲဒီလျှို့ဝှက်ချက်တွေနဲ့ ပတ်သက်ပြီး သူက ငါတို့ထက် ပိုသိမှာ သေချာတယ်"
အနက်ရောင်ဝတ်ရုံနှင့် လူငယ်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြုံးလိုက်၏။ "ဒီလောကမှာ အကြောက်ရဆုံးစကားက တစ်ဝက်မှန်ပြီး တစ်ဝက်မှားနေတဲ့ စကားတွေပဲ။ ငါတို့ရဲ့ ကြယ်နတ်ဘုရားက ဒီတာအိုလမ်းစဉ်မှာ တော်တော်လေး ကျွမ်းကျင်တာပဲ"
လူအိုကြီးက ခေါင်းညိတ်လိုက်သည်။ "ဒါပေမဲ့ ဒီလူက နတ်ဘုရားတွေကိုတောင် လူသိရှင်ကြား ဆန့်ကျင်ရဲတာကို ကြည့်ရရင် သူ့စကားတွေက ယုံကြည်ရလောက်တဲ့ အနေအထားမှာ ရှိနေလို့ပဲ ဖြစ်ရမယ်"
ရုတ်တရက် အနက်ရောင်ဝတ်ရုံနှင့် လူငယ်က ရယ်မောလိုက်၏။ "သူတို့ ရောက်လာတာ တော်တော် မြန်တာပဲ"
လူအိုကြီးက အနည်းငယ် တွေဝေသွားသည်။ ထိုစဉ် အဝေးမှနေ၍ ရုတ်တရက် ကြယ်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။ နောက်တစ်ကြိမ်၌ ထိုကြယ်အလင်းတန်းက သူတို့ရှေ့သို့ ကျဆင်းလာသည်။
ကြယ်အလင်းတန်း ပျောက်ကွယ်သွားသည်နှင့် ရီထျန်းမင် ထွက်ပေါ်လာ၏။
သူ၏ ဘေး၌ အကျဉ်းထောင်သခင်နှင့် ယုံရှီးတို့လည်း ရှိနေသည်။
အကျဉ်းထောင်သခင်က ကိုယ်ရံတော်ပင်။
ရီထျန်းမင်က ယုံရှီးအား အထူးတလည် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။
ထိုမိန်းကလေးက သေချာပျိုးထောင်ပေး၍ ရနိုင်ခြင်းကြောင့်ပင်။
ရီထျန်းမင်နှင့် သူတို့ကို မြင်လိုက်ရသည်တွင် လူအိုကြီး၏ အမူအရာက ချက်ချင်းဆိုသလို အကြီးအကျယ် ပြောင်းလဲသွား၏။ တစ်ဖက်လူက သူတို့ကို ရှာတွေ့နိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။
ရီထျန်းမင်က အနက်ရောင်ဝတ်ရုံနှင့် လူငယ်ကို ကြည့်လိုက်သည်။ "ဆွေးနွေးချင်လား"
အနက်ရောင်ဝတ်ရုံနှင့် လူငယ်က တည်ငြိမ်စွာပင် ပြုံးလိုက်၏။ "ရတာပေါ့..."
ရီထျန်းမင်က တိုက်ရိုက်ပင်။ "အဖေနဲ့ အမေရှိတာက ကိုယ်ကိုယ်တိုင် ရှိနေတာလောက် မကောင်းဘူးလေ"
အနက်ရောင်ဝတ်ရုံနှင့် လူငယ်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွား၏။
ရီထျန်းမင်က ထိုလူငယ်ကို ကြည့်လိုက်သည်။ "နတ်ဘုရားတွေရဲ့ မျိုးဆက်ဆိုတာ နတ်ဘုရားတွေရဲ့ မျိုးဆက်သက်သက်ပဲလေ၊ ကိုယ်တိုင်ကိုယ်ကျ နတ်ဘုရားတစ်ပါး ဖြစ်လာတာနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"
အနက်ရောင်ဝတ်ရုံနှင့် လူငယ်က ပြုံးလိုက်၏။ "အဆွေတော်က တကယ်ကို အစွမ်းထက်တယ်ဆိုတာကိုတော့ ကျုပ် ဝန်ခံရမှာပဲ။ စကားတစ်ခွန်းတည်းနဲ့တင် ကျုပ်တို့ရဲ့ အားနည်းချက်ကို တိုက်ရိုက် ထိမှန်သွားစေတယ်"
နတ်ဘုရားများ၏ မျိုးဆက်များ...
နားထောင်ရသည်မှာ လွှမ်းမိုးနိုင်စွမ်း ရှိလှပေသည်။
သို့သော် အစစ်အမှန်နတ်ဘုရားတစ်ပါးနှင့် မည်သို့ ယှဉ်နိုင်ပါမည်နည်း။
ဤသည်က ဒုတိယမျိုးဆက်သူဌေးတစ်ဦးနှင့် ကိုယ့်ထူးကိုယ်ချွန်သော သူဌေးတစ်ဦးကြား ကွာခြားချက်နှင့် တူညီပေသည်။
ရီထျန်းမင်က "ဘာများ တွေးနေလို့လဲ"
ထိုလူငယ်က လေးနက်စွာဖြင့် "အန္တရာယ်က အရမ်းကို ကြီးမားလွန်းတယ်"
ရီထျန်းမင်က သူ့ကို တစ်ချက်ကြည့်လိုက်သည်တွင် ထိုလူငယ်က သူ့ကို ပြုံးလျက် ပြန်ကြည့်လာသည်။
ဤကဲ့သို့သော လူမျိုးကို ဖျောင်းဖျရန် မလွယ်ကူကြောင်း ရီထျန်းမင်က သိထားသဖြင့် သူက ထပ်ပြောလိုက်၏။ "နတ်ဘုရားတွေကို ဆန့်ကျင်တဲ့နေရာမှာ ငါတို့နောက်ကို မင်းက တကယ်လိုက်ဖို့ မလိုပါဘူး။ ငါ့အတွက် ကိစ္စတစ်ခုလောက် ကူညီပေးသရွေ့ ငါ မင်းကို ကျေးဇူးတစ်ခု တင်သွားမယ်။ ဘယ်လိုလဲ"
ထိုလူငယ်က ပြုံးလိုက်သည်။ "ပြောကြည့်ပါဦး"
ရီထျန်းမင်က "ပထမဆုံးအနေနဲ့ လူ့လောကက ကိစ္စတွေကို လျှို့ဝှက်ထားပေးဖို့ ငါ့ကို ကူညီပေး"
ထိုလူငယ်က ရယ်မောလိုက်၏။ "ခင်ဗျားက အချိန်တွေ ပိုလိုချင်နေတာကိုး"
ရီထျန်းမင်က ခေါင်းညိတ်လိုက်သည်။
ထိုလူငယ်က ခေတ္တမျှ စဉ်းစားပြီးနောက်တွင် "ပုံမှန်အခြေအနေအောက်မှာဆိုရင်တော့ ဒီအပေးအယူက တန်ပါတယ်။ နတ်ဘုရားတစ်ပါးဖြစ်လာဖို့ ဆွဲဆောင်တာပဲဖြစ်ဖြစ်၊ ခင်ဗျားကို ကျေးဇူးတင်စေတာပဲဖြစ်ဖြစ်... အထူးသဖြင့် ဒုတိယအချက်ပေါ့။ ကျုပ်က ဘာမှတောင် လုပ်စရာ မလိုဘူးလေ။ ဒါပေမဲ့..."
ရီထျန်းမင်က တိုက်ရိုက်ပင်။ "မင်းက သဘောတူမှာ မဟုတ်ဘူး... ဘာဖြစ်လို့လဲဆိုတာကို ငါ သိချင်တယ်"
ရုတ်တရက် ထိုလူငယ်က ရယ်မောလိုက်၏။ "သခင်လေးရီက ကောလာဟလတွေထဲကအတိုင်း တကယ်ကို ဉာဏ်ကောင်းတာပဲ"
သခင်လေးရီလော။
ရီထျန်းမင်မှာ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
တစ်ဖက်လူက သူ၏ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်းကို သေချာပေါက် သိထားခြင်းပင်။
သူက အနည်းငယ် တွေဝေသွား၏။ တစ်ဖက်လူက မည်သို့ သိသွားပါသနည်း။
ထိုလူငယ်က ရီထျန်းမင်ကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်လိုက်သည်။ "အဆွေတော်ရဲ့ အစီအစဉ်က ကွမ်ချွန်စကြာဝဠာထဲက ကစားပွဲထက် ပိုကြီးမားတဲ့ ကစားပွဲတစ်ခုကို ကစားဖို့ပဲ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းကတော့ အဆွေတော် အနိုင်ရခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့... အဆွေတော်က ကိုယ့်ကိုယ်ကိုယ် စစ်တုရင်ရုပ်လို့ ထင်သလား၊ စစ်တုရင်ကစားသမားလို့ ထင်သလား။ ဟားဟား..."
ရုတ်တရက် ရီထျန်းမင်က လက်ဆန့်ထုတ်ကာ ဖိချလိုက်၏။
ဝုန်း...
ထိုလူငယ်၏ ကျင့်ကြံခြင်းအဆင့်က ချက်ချင်းဆိုသလို ဖိနှိပ်ခံလိုက်ရသည်။
တစ်ချိန်တည်း၌ပင် စကြာဝဠာထဲမှနေ၍ ကြောက်မက်ဖွယ်ကောင်းသော ကြယ်ဖိအားတစ်ခု ထွက်ပေါ်လာ၏။ ထိုလူငယ်မှာ တုံ့ပြန်နိုင်စွမ်း မရှိသေးခင်၌ပင် ထိုကြောက်မက်ဖွယ်ကောင်းသော ကြယ်ဖိအား၏ တိုက်ရိုက်ဖိနှိပ်ခြင်းကို ခံလိုက်ရကာ နေရာ၌ပင် ဒူးထောက်ကျသွားလေသည်။
လူအိုကြီးမှာ အကြီးအကျယ် ထိတ်လန့်သွားကာ လှုပ်ရှားရန် ပြင်လိုက်သော်လည်း အကျဉ်းထောင်သခင်က သူ့ရှေ့၌ တိုက်ရိုက် ပိတ်ရပ်လိုက်၏။
ရီထျန်းမင်က ထိုလူငယ်ထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ကာ ဒူးထောက်နေသော လူငယ်ကို ငုံ့ကြည့်၍ စကားလုံးတစ်လုံးချင်းစီတိုင်းအား ပီပီသသ ပြောလိုက်သည်။ "ငါ့ရှေ့မှာ ဘာတွေ လာပြချင်နေတာလဲ"
ထိုလူငယ်၏ မျက်နှာက အင်မတန် မည်းသည်းနေ၏။
ရီထျန်းမင်ကို သူ မကြောက်ရသည့် အကြောင်းရင်းမှာ သူက နတ်ဘုရားတုအဆင့်၏ အထွတ်အထိပ်၌ ရှိနေသောကြောင့် ဖြစ်သော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်က တိုက်ရိုက်ဖိနှိပ်ခံရလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။
ယင်းက ယုံကြည်ရန် အင်မတန် ခက်ခဲလှပေသည်။
ရီထျန်းမင်က လူငယ်ကို ဂရုမစိုက်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားလိုက်၏။
ခေတ္တမျှ လျှောက်သွားပြီးနောက် ရုတ်တရက် ရီထျန်းမင်က ပြန်လည်ရပ်တန့်လိုက်သည်။ "မင်းကို ငါ ဘာလို့ မသတ်တာလဲဆိုတာ သိလား"
ထိုလူငယ်က ရီထျန်းမင်ကို မော့ကြည့်လိုက်ရာ ရီထျန်းမင်၏ စကားကို ကြားလိုက်ရ၏။ "မင်းက ငါ့လက်ထဲမှာ သေရလောက်အောင် မထိုက်တန်လို့ပဲ"
ပြောပြီးနောက် သူက အဝေးသို့ လျှောက်သွားလိုက်သည်တွင် သူ၏ ခြေထောာက်အောက်၌ ကြယ်အလင်းတန်းများ လင်းလက်သွားပြီးနောက် သူက မျက်စိတစ်မှိတ်အတွင်း၌ပင် ပျောက်ကွယ်သွားလေသည်။
အကျဉ်းထောင်သခင်က ထိုလူငယ်ကို တစ်ချက်ကြည့်လိုက်သည်။ "မင်းက ဘာတွေ လာဟန်ဆောင်နေတာလဲ။ ငါက ဘာမှမရှိတဲ့ ဘဝကနေ အခုအဆင့်အထိ ရောက်လာတာ။ မင်းထက် ပိုထူးချွန်မနေဘူးလား။ ငါက ဘယ်လောက်တောင် စကားနားထောင်နေလဲဆိုတာကို မင်း မမြင်ဘူးလား။ ဦးနှောက်မရှိတဲ့ အရူးကောင်၊ ဘယ်သူ့ရှေ့မှာ ဘာသွားလုပ်ပြနေမှန်းကို မသိဘူး"
ပြောပြီးသည်နှင့် သူက လှည့်ထွက်သွားလိုက်၏။
ယုံရှီးက ထိုလူငယ်ကို တစ်ချက်ကြည့်လိုက်သည်။ "ဘာမှလည်း မဟုတ်ပဲနဲ့...”
ပြောပြီးနောက် သူမက လှည့်ကာ အဝေးသို့ ထွက်ခွာပျောက်ကွယ်သွားတော့၏။
ထိုနေရာ၌ အနက်ရောင်ဝတ်ရုံနှင့် လူငယ်၏ မျက်နှာက အင်မတန် မည်းသည်းနေသော်လည်း သိပ်မကြာခင်၌ပင် သူက ရုတ်တရက်ဆိုသလို ပြန်လည်ရယ်မောလိုက်၏။ သို့သော် ထိုအပြုံးက တကယ်ကို မကောင်းဆိုးဝါးဆန်နေ၏။ "မင်းက ဝက်ခြံထဲက ဝက်တစ်ကောင်သာသာပါပဲ... မင်းရဲ့ မောက်မာမှုအတွက် တန်ဖိုးကို ပြန်ပေးဆပ်ရလိမ့်မယ်"
သူ၏ ဘေးရှိ လူအိုကြီးကမူ တိတ်ဆိတ်နေ၏။
မူလက သူသည် နှစ်သိမ့်စကား ပြောချင်ခဲ့သော်လည်း ယခုမူ ထိုလူငယ်၏ စကားကို ကြားလိုက်ရသည်တွင် သူက အန္တရာယ်ကို ချက်ချင်း ခံစားလိုက်ရသည်။
အခြားတစ်ယောက်က သူ့အား အလွယ်တကူ ဖိနှိပ်သွားခဲ့သော်လည်း ဤကောင်က အထင်သေးနေတုန်းလော။
ထိုကောင်၏ ဦးနှောက်က ဘယ်ရောက်သွားပါသနည်း။
သေချာပေါက် လူအိုကြီးက အများကြီး မပြောခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ယခုချိန်၌ သူဘာပြောပြော အဓိပ္ပါယ်ရှိမည် မဟုတ်ကြောင်းကို သူသိထားသောကြောင့်ပင်။ ထွက်ပြေးရန် အခွင့်အရေးတစ်ခုကိုသာ သူရှာရမည်ဖြစ်သည်။
သူက နတ်ဘုရားတစ်ပါးကဲ့သို့သော ပြိုင်ဘက်မျိုးကို မကြောက်သော်လည်း ဝက်တစ်ကောင်ကဲ့သို့သော အပေါင်းအဖော်မျိုးကိုမူ တကယ် ကြောက်မိပေသည်။
အခြားတစ်ဖက်တွင်မူ...
အကျဉ်းထောင်သခင်နှင့် ယုံရှီးတို့က ရီထျန်းမင်ကို လိုက်မီသွားကြ၏။ အကျဉ်းထောင်သခင်က အနည်းငယ် သိချင်နေသည်။ "အထွတ်အမြတ်နတ်ဘုရား... သူ့ကို မသတ်ခဲ့တာက သေချာပေါက် ပိုနက်ရှိုင်းတဲ့ အဓိပ္ပါယ်တစ်ခုခု ရှိနေလို့မလား"
ရီထျန်းမင်က ခေါင်းညိတ်လိုက်၏။ "ငါ့ရဲ့ အစစ်အမှန်ပြိုင်ဘက်က သူ မဟုတ်ဘူး။ ဒါပေမဲ့ အကယ်၍ ငါ့ရဲ့ အစစ်အမှန်ပြိုင်ဘက်ဘေးမှာ အဲဒီလိုအပေါင်းအဖော်မျိုး ရှိနေတာဆိုရင်လည်း အဲဒါက ငါတို့အတွက် မကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးလေ"
အကျဉ်းထောင်သခင်က ခေါင်းညိတ်လိုက်၏။ "ကျုပ် နားလည်ပါပြီ"
ပြောပြီးနောက် သူက ထပ်မေးလိုက်၏။ "ဒါဆိုရင် အထွတ်အမြတ်နတ်ဘုရားရဲ့ အစစ်အမှန်ပြိုင်ဘက်က ဘယ်သူများလဲ။ နတ်ဘုရားတွေလား"
ရီထျန်းမင်က ပြုံးလိုက်သည်။ "ပြောလို့မရဘူး။ အဲဒါကို ပြောလိုက်ရင် စိတ်ဓာတ်ကျသွားလိမ့်မယ်"
အကျဉ်းထောင်သခင်က လေးနက်စွာဖြင့် "မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ အထွတ်အမြတ်နတ်ဘုရား... စိတ်ချပါ။ ပြိုင်ဘက်က ဘယ်သူပဲ ဖြစ်နေပါစေ၊ အထွတ်အမြတ်နတ်ဘုရားနောက်ကို သေတဲ့အထိ လိုက်ဖို့ ကျုပ်ကျိန်ဆိုပါတယ်..."
ရီထျန်းမင်က ပြုံးကာ "နောင်ကျရင် မင်း သိလာမှာပါ"
အကျဉ်းထောင်သခင်က ခေါင်းညိတ်လိုက်ကာ ထပ်မမေးတော့ချေ။
ရီထျန်းမင်က အကျဉ်းထောင်သခင်ကို ကြည့်လိုက်၏။ "အထဲက အဲဒီသန်မာသူတွေကို လေ့ကျင့်ပေးတဲ့နေရာမှာ မင်းက သေချာလေး ကြီးကြပ်ပေးပါဦး"
အကျဉ်းထောင်သခင်က ခေါင်းညိတ်လိုက်သည်။ "အထွတ်အမြတ်နတ်ဘုရား... စိတ်ချပါ။ သူတို့ တိုးတက်လာအောင် ကူညီပေးဖို့အတွက် ကျုပ်နဲ့ ကျောင်းတော်သခင်တွေက တတ်နိုင်သမျှ လုပ်ဆောင်သွားမှာပါ။ သူတို့ရဲ့ မွေးရာပါ ပါရမီတွေက ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်အောင် ကောင်းပြီးသားပါပဲ။ အခု ကျုပ်တို့က ကုန်ကျစရိတ်ကို ဂရုမစိုက်ဘဲ အရင်းအမြစ်တွေကို သုံးပေးနေမှတော့ သူတို့အတွက် နတ်ဘုရားတုအဆင့်ကို ရောက်ဖို့ဆိုတာ ခက်ခဲမှာ မဟုတ်ပါဘူး"
ရီထျန်းမင်က ခေါင်းညိတ်လိုက်၏။
အကျဉ်းထောင်သခင်က တုံ့ဆိုင်းနေပြီးနောက်တွင် "အခု ကျုပ် ပိုပြီး စိုးရိမ်နေတာက သက်ရှိသတ္တဝါအပေါင်းဉပဒေကို ကြေညာပြီးသွားတဲ့အခါ ဖြစ်လာနိုင်တဲ့ အထက်က နတ်ဘုရားတွေရဲ့ တုံ့ပြန်မှုပဲ။ ပြီးတော့ သက်ရှိသတ္တဝါအပေါင်းဉပဒေကို ကြေညာလိုက်တာက လက်ရှိဉပဒေသစနစ်ကို တကယ်ကြီး ထိခိုက်စေလိမ့်မယ်..."
ရီထျန်းမင်က ပြုံးလိုက်၏။ "အောက်ခြေမှာရှိတဲ့ ပြဿနာတွေက ကြီးမားတဲ့ပြဿနာတွေ မဟုတ်ဘူး။ အဓိကအင်အားစုတွေက ငါတို့ဘက်မှာ ရပ်တည်နေသရွေ့ ငါတို့က စနစ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ပါတယ်..."
သက်ရှိသတ္တဝါအပေါင်းဉပဒေကို ကျင့်ကြံသူ မည်သူမဆို သူ၏ သက်ရှိသတ္တဝါအပေါင်းစာရင်းကို လိုက်နာရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ရှုပ်ထွေးမှုများကို မကြောက်ချေ။ သူ ရီထျန်းမင် ရှိနေသရွေ့ နောက်ဆုံး၌ အရာအားလုံးကို ဖိနှိပ်နိုင်လိမ့်မည် ဖြစ်၏။
ရီထျန်းမင်က ဆက်ပြောလိုက်သည်။ "အထက်က နတ်ဘုရားတွေနဲ့ ပတ်သက်ပြီးတော့..."
ပြောနေရင်းဖြင့် သူက ကောင်းကင်၏ အနက်ပိုင်းကို မော့ကြည့်ကာ တီးတိုးရေရွတ်လိုက်၏။ "အဲဒါကြောင့် ငါတို့ မြန်မြန်လုပ်ရမှာပဲ..."
သက်ရှိသတ္တဝါအပေါင်းစာရင်းက နတ်ဘုရားများကို ယှဉ်နိုင်ပါ့မည်လော။
တရားဝင်အိမ်တော်ကမ္ဘာတစ်ခုမှ သတ္တဝါများက မယှဉ်နိုင်သော်လည်း တရားဝင်အိမ်တော်အားလုံးမှ သတ္တဝါများနှင့် နတ်ဘုရားစကြာဝဠာတစ်ခုလုံး ပေါင်းလိုက်မည်ဆိုလျှင်မူ မည်သို့ ဖြစ်နိုင်ပါသနည်း...။
သူ့အတွက်မူ တွေးရဲဖို့နှင့် ရဲတင်းဖို့သာ ရှိပေသည်။
ဤတစ်ကြိမ်၌ ဖိအားက ယခင်ကထက် သေချာပေါက် အများကြီး ပိုကြီးမားနေ၏။
သူက ယန်ကျာ့ကို အနည်းငယ် လွမ်းဆွတ်မိနေသည်ကိုတော့ ဝန်ခံရမည်ပင်။
ပြိုင်ဘက်ပြောင်းသွားပြီးကတည်းက ဖိအားမှာ တစ်နေ့ထက်တစ်နေ့ ပိုများလာနေခဲ့၏။
ရီထျန်းမင်၏ စကားကို ကြားလိုက်ရသည်တွင် အကျဉ်းထောင်သခင်က ခေါင်းညိတ်လိုက်၏။ "ဟုတ်ကဲ့ပါ... ကျုပ်တို့ မြန်မြန်လုပ်လိုက်ပါ့မယ်။ အဲဒီကောင်တွေကို လေ့ကျင့်ပေးဖို့ အခုပဲ ကျုပ် သွားလိုက်တော့မယ်..."
ပြောပြီးသည်နှင့် သူက လှည့်ထွက်သွားလိုက်သည်။
အကျဉ်းထောင်သခင် ထွက်ခွာသွားပြီးနောက် ရီထျန်းမင်က မလှမ်းမကမ်းရှိ ယုံရှီးကို လှည့်ကြည့်လိုက်၏။ "ယုံရှီး... ငါ့အတွက် စာတစ်စောင်လောက် သွားပို့ပေးပါလား"
ယုံရှီးက "ရပါတယ်"
ယုံရှီးက စာယူ၍ ထွက်ခွာသွားပြီးနောက်တွင် ရီထျန်းမင်က မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။ ယခုအခါ၌ သူ၏ ကျင့်ကြံခြင်းက ပိတ်မိနေပြီ ဖြစ်သည်။
ထွက်ပေါက်မရှိတော့ဘူးဟု ဆိုရမည်ပင်။
အကယ်၍ သူသာ နတ်ဘုရားအဆင့်သို့ မရောက်ရှိနိုင်ပါလျှင် သူ၏ ရုပ်ခန္ဓာက ယုံကြည်မှုစွမ်းအားများအားလုံးကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ချေ။ အကယ်၍ သူသာ နတ်ဘုရားအဆင့်သို့ မရောက်ရှိနိုင်ပါက သက်ရှိသတ္တဝါအပေါင်းစာရင်းကို ဖန်တီးနိုင်လျှင်ပင် ယင်းက အသုံးဝင်လိမ့်မည် မဟုတ်ခြင်းပင်။
သို့သော် ပြဿနာမှာ ယခုချိန်၌ နတ်ဘုရားအဆင့်သို့ သူရောက်ရှိရန်အတွက် သူက နတ်ဘုရားများကို အရင်ဆုံး အနိုင်ယူရမည်ဖြစ်ကာ နတ်ဘုရားတာအိုအသစ်တစ်ခုကို ဖန်တီးရမည် ဖြစ်သည်။ ထို့ပြင် နတ်ဘုရားများကို အနိုင်ယူရန်အတွက် သက်ရှိသတ္တဝါအပေါင်းစာရင်းကိုလည်း လုံးဝ လိုအပ်နေပြန်၏။
ခက်ခဲလှပေသည်။
ရီထျန်းမင်က ဆက်မကျင့်ကြံတော့ဘဲ နတ်ဘုရားကျောင်းတော်သို့ ရောက်ရှိလာ၏။
ဤတစ်ကြိမ် သူလာရသည့် အကြောင်းရင်းမှာ နှစ်ခုရှိပေသည်။ ပထမတစ်ခုမှာ ချင်ယွမ်ကို တွေ့ရန်ဖြစ်ကာ ဒုတိယတစ်ခုမှာမူ နတ်ဘုရားကျောင်းတော်၏ ကျောင်းအုပ်ကြီး ကုချင်ကို တွေ့ရန်ပင်။
***