ကောင်းကင်အဓိပတိရတနာ အမျိုးအစားများစွာ ရှိသည်။ ဥပမာအားဖြင့် ရတနာခုနစ်ပါးနန်းဆောင်၏ ဒုတိယထပ်မှ နဂါးသွဲ့ကျောက်ဓားသည် တိုက်ခိုက်ရေးအမျိုးအစား ကောင်းကင်အဓိပတိရတနာ ဖြစ်သည်။ အခြားတစ်ဖက်တွင် ရတနာခုနစ်ပါးနန်းဆောင်၏ တတိယထပ်ရှိ စစ်နတ်ဘုရားပုဆိန်မှာ တိုက်ခိုက်ရေးနှင့် အကာအကွယ်အမျိုးအစား ကောင်းကင်အဓိပတိရတနာ ဖြစ်သည်။ ရတနာခုနစ်ပါးနန်းဆောင်၏ စတုတ္ထထပ်ရှိ စင်္ကြဝဠာပေတံမှာ ၎င်း၏ ထူးခြားသော နတ်ဘုရားစွမ်းရည်ဖြစ်သည့် စင်္ကြဝဠာ နေရာရွှေ့ပြောင်းခြင်းဖြင့် ပြိုင်ဘက်ကို အာရုံထွေပြားစေရန် အသုံးပြုနိုင်သော အကူအညီအမျိုးအစား ကောင်းကင်အဓိပတိရတနာ ဖြစ်သည်။
သွမ့်လင်းထျန်၏ လက်ရှိစွမ်းအားဖြင့် သူသည် စင်္ကြဝဠာပေတံကို အသုံးပြုရန် လိုအပ်သည့် အခြေခံစွမ်းအားကိုသာ ပိုင်ဆိုင်ထားသည်။ ဤအကြောင်းကြောင့် သူ စင်္ကြဝဠာ နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုသောအခါ ၎င်း၏ စွမ်းရည်မှာ အလွန် အားနည်းသည်။
ကျီးကန်းနက်မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင်ဖြစ်သော ကျောင်ကျန်းသည် ခဏတာ မိန်းမောသွားပြီးနောက် သတိပြန်ဝင်လာသည်။ ထို့နောက် သူသည် သွမ့်လင်းထျန်က စင်္ကြဝဠာပေတံကို အသုံးပြု၍ ဖန်တီးထားသော နတ်ဘုရားစွမ်းရည်ဖြစ်သည့် စင်္ကြဝဠာ နေရာရွှေ့ပြောင်းခြင်း၏ ကန့်သတ်ချက်မှ လွယ်ကူစွာ ရုန်းထွက်နိုင်ခဲ့သည်။ သို့တိုင်အောင် ထိုနတ်ဘုရားစွမ်းရည်က ကျောင်ကျန်းအပေါ် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိသည်။
“ချီးပဲ...”
ကျောင်ကျန်း သတိပြန်ဝင်လာသောအခါ သွမ့်လင်းထျန်က သူ၏ ဘေးသို့ ရောက်နေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ထို့ပြင် မြန်ဆန်ပြီး စူးရှသည့် အော်ရာတစ်ခုကလည်း သူ့ဆီသို့ ဦးတည်လာနေသည်။ ထိုအော်ရာထံမှ ပြင်းထန်သော ခြိမ်းခြောက်မှုကို ခံစားလိုက်ရသဖြင့် သူ တတ်စမျှသမျှ အကာအကွယ်နည်းစနစ် အားလုံးကို အလျင်စလို ချက်ချင်း အသုံးပြုလိုက်သည်။
သွမ့်လင်းထျန် အသုံးပြုလိုက်သော စင်္ကြဝဠာပေတံမှာ အကူအညီအမျိုးအစား ကောင်းကင်အဓိပတိရတနာတစ်ခုသာ ဖြစ်သော်လည်း ၎င်းသည် ကောင်းကင်အဓိပတိရတနာတစ်ခုဖြစ်နေဆဲ ဖြစ်သည်။ သာမန်လောကများက သူတော်စင်လက်နက်များမှာ ၎င်းနှင့် နှိုင်းယှဉ်နိုင်စွမ်း မရှိသလောက်ပင် ဖြစ်သည်။
ဝုန်း...
သွမ့်လင်းထျန်၏ လက်ထဲရှိ စင်္ကြဝဠာပေတံက ကျောင်ကျန်းဆီသို့ ခုတ်ပိုင်းလာသောအခါ လေထုက ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားသည်။ ကျောင်ကျန်း အသုံးပြုထားသော အကာအကွယ်နည်းစနစ်များ အားလုံးမှာ စင်္ကြဝဠာပေတံကို ရင်ဆိုင်ရချိန်တွင် မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိပုံရသည်။
ရွှပ်...
ကျောင်ကျန်း ခေါင်းဖြတ်ခံလိုက်ရစဉ် လေထုထဲတွင် ကြည်ရှင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်နှင့် ကင်းကွာသွားသော ဦးခေါင်းသည် ပြင်းထန်သော အရှိန်ကြောင့် လေထဲ လွင့်စင်သွားသည်။ သွေးများ နေရာအနှံ့ ပန်းထွက်သွားပြီး မျက်စိကျိန်းစရာ မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်။
ဤအချိန်တွင် အချိန်များ ရပ်တန့်သွားပုံရသည်။
စင်္ကြဝဠာ နေရာရွှေ့ပြောင်းခြင်း၏ ထိန်းချုပ်မှုမှ ရုန်းထွက်နိုင်ခဲ့သော ဂိုဏ်းမဲ့ကျင့်ကြံသူများမှာ သွမ့်လင်းထျန်က စင်္ကြဝဠာပေတံဖြင့် ကျောင်ကျန်းအား ခေါင်းဖြတ်လိုက်သည်ကို မြင်တွေ့ရချိန်၌ သတိပြန်ဝင်လာကြသည်။ ထို့ပြင် ကျောင်ကျန်းကို ခေါင်းဖြတ်လိုက်ခြင်းက တို့ဟူးတုံးကို လှီးဖြတ်သကဲ့သို့ လွယ်ကူနေပုံရသည်။
ဂိုဏ်းမဲ့ကျင့်ကြံသူများသည် ခေါင်းဖြတ်ခံလိုက်ရသော ကျောင်ကျန်းကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်ရင်း တစ်ပြိုင်နက်တည်း ပင့်သက်ရှိုက်လိုက်မိကြသည်။
သူတို့၏ အရှေ့ရှိ သွေးထွက်သံယို မြင်ကွင်းကြောင့် သူတို့ တုန်လှုပ်သွားခြင်း မဟုတ်ဘဲ သွမ့်လင်းထျန်၏ စွမ်းအားကြောင့် ထိတ်လန့်သွားကြခြင်း ဖြစ်သည်။
အဆုံး၌ ကျီးကန်းနက်မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင် ကျောင်ကျန်းသည် အဓိပတိသူတော်စင်အဆင့်စာရင်းတွင် အဆင့် ၅၆၆ နေရာ၌ ရှိနေသူ ဖြစ်သည်။ သို့သော်လည်း သူသည် သွမ့်လင်းထျန်၏ အရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သွမ့်လင်းထျန်က သူ့ကို အားစိုက်ထုတ်စရာပင် သိပ်မလိုဘဲ တစ်မိနစ်ပင် မပြည့်မီ အချိန်အတွင်း သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
“ကြောက်ဖို့ကောင်းလိုက်တာ... ဝတ်ရုံနက်လူရဲ့ စွမ်းအားက အရမ်း ကြောက်စရာကောင်းလွန်းတယ်”
“ဘာပဲဖြစ်ဖြစ် ကျောင်ကျန်းက အဓိပတိသူတော်စင်အဆင့်စာရင်းမှာ အဆင့် ၅၆၆ နေရာက စွမ်းအားရှင် တစ်ယောက်လေ... ဒါပေမဲ့ သူက ဝတ်ရုံနက်လူရဲ့ တိုက်ခိုက်မှု တစ်ချက်ကိုတောင် ရင်မဆိုင်နိုင်ခဲ့ဘူး... ဒါ့ပြင် ဝတ်ရုံနက်လူက သူတော်စင်လက်နက်လို့တောင် မထင်ရတဲ့ သာမန် ပေတံတစ်ချောင်းနဲ့ ကျောင်ကျန်းကို သတ်သွားတာ...”
“ဒါက တကယ် သာမန် ပေတံတစ်ချောင်းနဲ့ တူတယ်... သူ့ရဲ့ သူတော်စင်မူရင်းစွမ်းအင်တွေကို ထည့်သွင်းလိုက်ပြီးတဲ့နောက်မှာတောင် အဲဒီပေတံဆီကနေ ဘာစွမ်းအင်မှ ထွက်လာတာကို ငါ မမြင်ရဘူး...”
................
သွမ့်လင်းထျန် အသုံးပြုခဲ့သော စင်္ကြဝဠာပေတံမှာ အကူအညီအမျိုးအစား ကောင်းကင်အဓိပတိရတနာတစ်ခုသာ ဖြစ်သည်။ ၎င်း၏ တိုက်ခိုက်မှုမှာ နဂါးသွဲ့ကျောက်ဓားကဲ့သို့ ပြင်းထန်မှု သို့မဟုတ် ထင်ရှားမှု မရှိသည်မှာ သဘာဝပင် ဖြစ်သည်။ ဤအကြောင်းကြောင့် ၎င်းမှာ သာမန်သာဖြစ်ပြီး ထူးခြားမှု မရှိပုံပေါ်ကာ လူအများအပြားအား သာမန်ပေတံတစ်ချောင်းသာ ဖြစ်သည်ဟု ထင်မြင်သွားစေခဲ့သည်။
၎င်းမှာ သွမ့်လင်းထျန်၏ အစီအစဉ်များထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ကျောင်ကျန်းကို နဂါးသွဲ့ကျောက်ဓားဖြင့် သတ်လိုက်ပါက ပို၍ မြန်ဆန်ပြီး လွယ်ကူလိမ့်မည် ဖြစ်သည်။ သို့သော်လည်း သွမ့်လင်းထျန်ဟူသော သူ၏ အထောက်အထား မပေါ်စေရန် စင်္ကြဝဠာပေတံကို အသုံးပြုဖို့ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
မကြာသေးမီက လူအများစုသည် ဝတ်ရုံနက်လူနှင့် သူ၏ အထောက်အထား အကြောင်းကိုသာ ပြောဆိုနေကြပြီး သွမ့်လင်းထျန်၏ အကြောင်းကိုမူ ပြောဆိုတာ နည်းပါးလာခဲ့သည်။ ၎င်းမှာ လူအများစုက သွမ့်လင်းထျန် ထွက်သွားပြီဟု ထင်နေကြသောကြောင့်လည်း ပါသည်။ ဒုစရိုက်မြို့တော်ရှိ လူများသာ သွမ့်လင်းထျန်နှင့် ဝတ်ရုံနက်လူက တစ်ယောက်တည်း ဖြစ်ကြောင်းကို သိသွားလျှင် ဒုစရိုက်မြို့တော်၌ သေချာပေါက် ပွက်လောရိုက်မည် ဖြစ်သည်။
သဘာဝကျကျပင် သွမ့်လင်းထျန်သည် သူ မည်သူမည်ဝါဖြစ်ကြောင်းကို မပေါ်ပေါက်သွားစေချင်ပေ။ သူသည် ဝတ်ရုံနက်လူဟူသော အသွင်အောက်တွင် သူ့ကိုယ်သူ ဆက်လက် ဖုံးကွယ်ထားပြီး သူ၏ ပင်ကိုဝိညာဉ်အမြစ်ကို တိုးတက်စေရန် အစီအစဉ်ဆွဲထားသည်။ သို့မှသာ သူ၏ ရည်မှန်းချက်ကို အမြန်ဆုံး အောင်မြင်နိုင်မည် ဖြစ်သည်။ ယခုလောလောဆယ် သူ၏ အရေးအကြီးဆုံး ကိစ္စမှာ သူ၏ ပင်ကိုဝိညာဉ်အမြစ် တိုးတက်စေရန် ယုတ်မာသော လူများထံမှ ပင်ကိုဝိညာဉ်အမြစ်များကို တတ်နိုင်သမျှ အများဆုံး ဝါးမျိုဖို့ ဖြစ်သည်။
“အကြီးအကဲဟော်...”
သဘာ၀ကျကျပင် သွမ့်လင်းထျန်သည် ကျောင်ကျန်းကို သတ်လိုက်ပြီဖြစ်ရာ ကျောင်ကျန်း၏ ပင်ကိုဝိညာဉ်အမြစ်ကို ဝါးမျိုရန် အကြီးအကဲဟော်ထံမှ အကူအညီတောင်းဖို့ မေ့မနေပေ။
သွမ့်လင်းထျန်၏ နေသူတော်စင်စွမ်းအင်များမှာ လောလောဆယ်တွင် စိန့်ကောင်းကင်အဆင့် စွမ်းအားရှင် တစ်ဦး၏ သူတော်စင်မူရင်းစွမ်းအင်နှင့် ညီမျှနေပြီဖြစ်သည်။ တကယ်တော့ သူ၏ နေသူတော်စင်စွမ်းအင်မှာ သူတော်စင်မူရင်းစွမ်းအင် မဟုတ်ကြောင်း မည်သူကမျှ ခန့်မှန်းနိုင်မည် မဟုတ်ပေ။ အဆုံး၌ သူ၏ ကျင့်ကြံမှုမှာ အနှစ်သာရသူတော်စင်အလယ်အဆင့်တွင်သာ ရှိနေသေးသည်။ သူ၏ ကျင့်ကြံမှုအခြေခံမှာ စိန့်ကောင်းကင်အဆင့်သို့ မရောက်သေးသောကြောင့် သူသည် အခြားသူများ၏ ပင်ကိုဝိညာဉ်အမြစ်များကို အာရုံမခံနိုင်သေးပေ။ ဤအကြောင်းကြောင့် သူသည် အကြီးအကဲဟော်၏ အကူအညီကို လိုအပ်နေခြင်း ဖြစ်သည်။
ယခုအချိန်၌ သွမ့်လင်းထျန်သည် ပင်ကိုဝိညာဉ်အမြစ်များကို ဝါးမျိုရာတွင် အတော်လေး ကျွမ်းကျင်နေပြီ ဖြစ်သည်။ သူ၏ ပတ်လည်တွင် ရပ်နေသော ဂိုဏ်းမဲ့ကျင့်ကြံသူများ အားလုံး အပြည့်အဝ သတိမဝင်လာမီမှာပင် ကျောင်ကျန်း၏ ပင်ကိုဝိညာဉ်အမြစ်ကို သူ ဝါးမျိုပြီးသွားပြီ ဖြစ်သည်။
ကျောင်ကျန်းရဲ့ ပင်ကိုဝိညာဉ်အမြစ်က အတော်လေး ကောင်းတာပဲ... ဒါက မကြာသေးခင်က ငါ ဝါးမျိုခဲ့တဲ့ ပင်ကိုဝိညာဉ်အမြစ်တွေ အားလုံးထဲမှာ အကောင်းဆုံး ဖြစ်လောက်တယ်... သူ့ရဲ့ ပင်ကိုဝိညာဉ်အမြစ် တစ်ခုတည်းကတင် မကြာသေးခင်က ငါ ဝါးမျိုခဲ့တဲ့ ပင်ကိုဝိညာဉ်အမြစ်တွေ အားလုံးနဲ့ ညီမျှတယ်.....
ထို့နောက် အခြားသူများ၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် သွမ့်လင်းထျန်က ဂရုမစိုက်စွာဖြင့် ထွက်ခွာသွားခဲ့သည်။
သွမ့်လင်းထျန် ထွက်သွားသောအခါ လူများက သူ၏ ပျောက်ကွယ်သွားသော ကျောပြင်ကိုသာ ကြည့်နေခဲ့သည်။
သွမ့်လင်းထျန် ဝတ်ဆင်ထားသော ပွယောင်းပြီး ခေါင်းစွပ်ပါသည့် အနက်ရောင်ဝတ်ရုံရှည်ကြောင့် သူသည် မိန်းမ သို့မဟုတ် ယောက်ျား ဟုတ်မဟုတ်ဆိုသည်ကို မည်သူကမျှ မခွဲခြားနိုင်ပေ။ ထို့ကြောင့် အဓိပတိသူတော်စင်လက်နက် နှစ်ခုကို ပိုင်ဆိုင်ထားသည်ဟု ကောလာဟလ ထွက်နေသော သွမ့်လင်းထျန် ဖြစ်ကြောင်းကို ခွဲခြားသိရှိနိုင်ဖို့ဆိုသည်မှာ ဝေလာဝေးစွပင်ဖြစ်သည်။
သွမ့်လင်းထျန်က သူ့ကိုယ်သူ အလွန် ကောင်းမွန်စွာ ဖုံးကွယ်ထားခဲ့သည်။ သူသာ စကားမပြောလျှင် သူက ယောက်ျားတစ်ယောက်ဖြစ်ကြောင်း မည်သူကမျှ သိနိုင်မည် မဟုတ်ပေ။
“ကျီးကန်းနက်မဟာမိတ်အဖွဲ့ကနေ ကျောင်ကျန်း တစ်ယောက်တည်း လာခဲ့ပုံရတယ်”
သွမ့်လင်းထျန်၏ ပျောက်ကွယ်သွားသော ကျောပြင်ကို ကြည့်ကာ ဂိုဏ်းမဲ့ကျင့်ကြံသူ တစ်ဦးက ပြောလိုက်သည်။
လူအများအပြားက သူ၏ စကားကို သဘောတူကြသည်။
“မကြာသေးခင်က ကျီးကန်းနက်မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် ဒုစရိုက်မြို့တော်ကနေ ထွက်သွားတယ်လို့ ငါ ကြားတယ်... ဒီနေ့ ကျောင်ကျန်း တစ်ယောက်တည်း လာတာ မဟုတ်ရင်တောင်မှ ဒီအခြေအနေအောက်မှာ ကျီးကန်းနက်မဟာမိတ်အဖွဲ့က တခြားလူတွေ ထွက်လာရဲမယ်လို့ မင်း ထင်လို့လား...”
“အဲဒါ အမှန်ပဲ... ကျီးကန်းနက်မဟာမိတ်အဖွဲ့မှာ အသန်မာဆုံး လူက အဖွဲ့ခေါင်းဆောင်ဆိုတာ လူတိုင်း သိကြတယ်... သူပြီးရင် ကျောင်ကျန်းက အသန်မာဆုံးပဲ... ကျောင်ကျန်းကို ဒီလောက် အလွယ်တကူ သတ်သွားတဲ့ လူကို ကျီးကန်းနက်မဟာမိတ်အဖွဲ့က လူတွေ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး...”
“ငါ့အမြင်ကို ပြောရရင် ကျီးကန်းနက်မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်တောင် ဝတ်ရုံနက်လူရဲ့ ပြိုင်ဘက် မဟုတ်လောက်ဘူး...”
ဂိုဏ်းမဲ့ကျင့်ကြံသူများက သွမ့်လင်းထျန်၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ကာ အချင်းချင်း ဆွေးနွေးလိုက်ကြသည်။
ကျီးကန်းနက်မဟာမိတ်အဖွဲ့မှ မည်သူမျှ ရောက်မလာကြောင်းကို သိသူမှာ သွမ့်လင်းထျန် တစ်ယောက်တည်းသာ ရှိသည်။ ကျောင်ကျန်းသည် မည်သည့် အကူအညီကိုမျှ ခေါ်ဆောင်မလာခဲ့ပေ။ အကြီးအကဲဟော်က ဤအကြောင်းကို သူ့အား အသိပေးထားပြီးသား ဖြစ်သည်။ ဤအကြောင်းကြောင့် သူ လူလုံးထွက်ပြခြင်း ဖြစ်သည်။ လက်ရှိအချိန်၌ သူသည် သူ၏ အသက်ကို အတိတ်ကထက် ပို၍ တန်ဖိုးထားနေပြီ ဖြစ်သည်။
ဤအချိန်တွင် ခူအယ်နှင့် သူတို့၏ သမီးကို မီးပူဇော်ခြင်းဂိုဏ်းမှ ကယ်တင်ခြင်းအပြင် သူသည် အောက်ပိုင်းပြည်နယ်သို့ ပြန်ကာ သူ၏ မိသားစု၊ သူငယ်ချင်းများနှင့် ပြန်လည်ဆုံစည်းနိုင်ရန် သူ၏ စွမ်းအားကို အမြန်ဆုံး တိုးတက်ချင်နေသည်။ လက်ရှိအချိန်တွင် အောက်ပိုင်းပြည်နယ်၌ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သူ ဘာမျှ မသိပေ။ ဤအကြောင်းကြောင့် အောက်ပိုင်းပြည်နယ်ရှိ သူ၏ မိသားစုနှင့် သူငယ်ချင်းများကို တွေးမိသောအခါ သူ စိတ်မပူဘဲ မနေနိုင်ပေ။
ဝတ်ရုံနက်လူက ကျီးကန်းနက်မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင် ကျောင်ကျန်းကို သတ်လိုက်သည်ဟူသော သတင်း ပျံ့နှံ့သွားသောအခါ သဘာဝကျကျပင် ဒုစရိုက်မြို့တော်၌ အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။ သွမ့်လင်းထျန်က သူ့ကိုယ်သူ သေချာစွာ ဖုံးကွယ်ထားသောကြောင့် သူသည် ဝတ်ရုံနက်လူ ဖြစ်ကြောင်းကို မည်သူကမျှ ဆက်စပ်တွေးတောနိုင်ခြင်း မရှိကြပေ။
ထို့အပြင် နဂါးသွဲ့ကျောက်ဓားနှင့် သူ မည်သူမည်ဝါဖြစ်ကြောင်း ပေါ် ပေါက်စေနိုင်သည့် သူ၏ အခြားနည်းစနစ်များကို အသုံးမပြုဘဲ ပင်ကိုဝိညာဉ်အမြစ်များကို ဝါးမျိုနိုင်မည့် နည်းလမ်းကို ရှာဖွေပေးရန် သွမ့်လင်းထျန်က အကြီးအကဲဟော်ထံမှ အကူအညီ တောင်းခံခဲ့သည်။
နောက်ဆုံးတွင် အကြီးအကဲဟော်က ရတနာခုနစ်ပါးနန်းဆောင်၏ စတုတ္ထထပ်ရှိ စင်္ကြဝဠာပေတံကို အသုံးပြုရန် သူ့ကို ပြောခဲ့သည်။ စင်္ကြဝဠာပေတံတွင် စင်္ကြဝဠာ နေရာရွှေ့ပြောင်းခြင်းဟူသော နတ်ဘုရားစွမ်းရည် ရှိသည်။
သွမ့်လင်းထျန်သည် သူ၏ လက်ရှိစွမ်းအားဖြင့် စင်္ကြဝဠာပေတံကို အပြည့်အဝ အသုံးမချနိုင်သေးသော်လည်း သတိလွတ်နေသော ပြိုင်ဘက်များကို အသုံးပြုသည့်အခါတွင်မူ ထိရောက်မှု ရှိနေဆဲ ဖြစ်သည်။
သွမ့်လင်းထျန်သည် သူ၏ နေသူတော်စင်စွမ်းအင်များကို ဖုံးကွယ်ရန် စင်္ကြဝဠာ နေရာရွှေ့ပြောင်းခြင်းကို အားကိုးခဲ့သည်။ သူ၏ နေသူတော်စင်စွမ်းအင်များကို ဒြပ်စင်ဝါးမျိုခြင်းနည်းစနစ်ဖြင့် မြှင့်တင်လိုက်သောအခါ စင်္ကြဝဠာ နေရာရွှေ့ပြောင်းခြင်းက ဒြပ်စင်ဝါးမျိုခြင်းနည်းစနစ်ကို ဖုံးကွယ်ပေးထားသောကြောင့် လူများက သူ့အား မှတ်မိသွားမည်ကို သူ စိတ်ပူစရာ မလိုတော့ပေ။ ဤနည်းဖြင့် သူ မည်သူမည်ဝါဖြစ်ကြောင်း ပေါ် ပေါက်မည် မဟုတ်ပေ။
သွမ့်လင်းထျန်သည် ကယ်တင်ရှင်ဖြစ်သော ဝတ်ရုံနက်လူ၏ ဇာတ်ကောင်နေရာတွင် သရုပ်ဆောင်ရန် အမှန်တကယ်ပင် အစွမ်းကုန် ကြိုးစားထားခြင်းဖြစ်သည်။
စိန့်ကောင်းကင် တတိယပုံစံ ဒါမှမဟုတ် အဲဒီထက် ပိုအစွမ်းထက်တဲ့ ထိပ်သီးစွမ်းအားရှင်တွေကလွဲလို့ ငါ့ရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင် ငါ ဘယ်သူလဲဆိုတာ သိသွားနိုင်တဲ့ အန္တရာယ် မရှိဘူး.....
သွမ့်လင်းထျန်က ဤကိစ္စနှင့် ပတ်သက်၍ အလွန် ယုံကြည်မှု ရှိသည်။
သွမ့်လင်းထျန်သည် ဒုစရိုက်မြို့တော်တွင် သူ၏ ပင်ကိုဝိညာဉ်အမြစ်ကို တိုးတက်စေရန် ဆက်လက် အာရုံစိုက်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ သွမ့်လင်းထျန်သည် အောက်ပိုင်းပြည်နယ်ရှိ အဇူရာတိမ်ရဲတိုက်၏ ရဲတိုက်သခင်လေး ဖြစ်ကြောင်း၊ အမှောင်နယ်မြေဂိုဏ်း၏ ဦးသျှောင်လေးပါးထဲမှ တစ်ပါးဖြစ်သော ရွှေခြင်္သေ့ဘုရင်၏ သားဖြစ်သူ ရှဲကျုံကို သတ်ဖြတ်ခဲ့ကြောင်းနှင့် သူသည် အဓိပတိသူတော်စင်လက်နက် နှစ်ခုကို ပိုင်ဆိုင်ထားကြောင်း သတင်းများက နောက်ဆုံးတွင် မီးပူဇော်ခြင်းဂိုဏ်းသို့ ရောက်ရှိသွားခဲ့သည်။
အချိန်အတန်ကြာ မီးပူဇော်ခြင်းဂိုဏ်း တစ်ခုလုံး ပွက်လောရိုက်သွားသည်။
“ဘုရားရေ... စီနီယာအစ်ကို သွမ့်လင်းထျန်က တကယ်ပဲ အောက်ပိုင်းပြည်နယ်က အဇူရာတိမ်ရဲတိုက်သခင်လေး ဖြစ်နေတာလား... အဓိပတိသူတော်စင်လက်နက် နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို ရခဲ့တဲ့ ကံကောင်းတဲ့လူက သူပေါ့...”
“အံ့ဩစရာပဲ... စီနီယာအစ်ကို သွမ့်လင်းထျန်က အဲဒီ သွမ့်လင်းထျန် ဖြစ်နေမယ်လို့ ငါ မထင်ထားခဲ့ဘူး...”
“စီနီယာအစ်ကို သွမ့်လင်းထျန်က အံ့ဩစရာကောင်းလိုက်တာ... သူက တကယ်ပဲ အမှောင်နယ်မြေဂိုဏ်းက ရွှေခြင်္သေ့ဘုရင်ရဲ့ သားကို သတ်ပြီးတော့ အဓိပတိသူတော်စင်လက်နက် နတ်ဆိုးချိပ်ပိတ်ကျောက်ပြားကို ပြန်ယူခဲ့တာပဲ...”
“စီနီယာအစ်ကို သွမ့်လင်းထျန်က နောက်ထပ်အဓိပတိသူတော်စင်လက်နက် ခြေရာမဲ့ဓားကို တကယ် ပိုင်ဆိုင်ထားတာလား...”