“အစ်ကိုချောင်၊ ဘိုင်ယွင်မြို့တော်က ယဲ့အိမ်တော်က ရှင့်အသိဟာလား”
စုန့်ကျောက်ယီ သူမခေါင်းလေးကို မော့ပြီး ချောင်ရို့ချန်ကို မေးလိုက်သည်။
“ဟုတ်တယ်”
ချောင်ရို့ချန် ခေါင်းညိတ်သည်။ သူ့မျက်နှာက အတိတ်ကို တမ်းတနေဟန်ပင်။ “ကိုယ်က အရင်က ဝမ်တောက်ကျောင်းတော်ရဲ့ အလိုလိုက်ခံထားရတဲ့ သခင်လေးလေ။ ယဲ့မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်က ဆင်းသက်လာတဲ့ ငတုံးသူငယ်ချင်းတွေ အများကြီးရှိတယ်။ ကိုယ်တောင် အရင်တုန်းက သူ့အကြောင်းပြောဖူးပါတယ်။ ဒါပေမဲ့ ကိုယ် သူ့နာမည်မေ့သွားလို့ ယဲ့အိမ်ကို တိုက်ရိုက်သွားဖို့ ပြောလိုက်တာ”
စုန့်ကျောက်ယီ သူ့ကို နားမလည်နိုင်စွာ ကြည့်လာသည်။ “ဒါပေမဲ့ သာမန်မြို့စောင့်လေးတွေက ဘယ်လိုလုပ်ပြီး ယဲ့အိမ်တော်ဆီမှာ မြို့ဝင်ကြေးသွားတောင်းရဲမှာလဲ”
ချောင်ရို့ချန် ဂရုမစိုက်စွာ ပခုံးတွန့်လိုက်သည်။ “ကိုယ့်နဲ့မဆိုင်ဘူးလေ။ ကိုယ်က ဝမ်တောက်ကျောင်းတော်ရဲ့ သခင်လေးလေ။ ဒါတောင် ဘိုင်ယွင်မြို့ဝင်ကြေးကို ပေးရဦးမှာလား။ ဒီသတင်းသာ အပြင်ပေါက်ကြားသွားရင် လူတွေ ဘယ်လောက်တောင် ဝိုင်းရယ်လိုက်မလဲ”
“…”
စုန့်ကျောက်ယီ သူ့ကို ဒေါသတကြီး ကြည့်လာသည်။ “အစ်ကိုချောင်၊ အစ်ကိုက ဝတ္ထုတွေထဲက လူဆိုးလို လာလုပ်နေတာပဲ”
“ဒီစကားက မင်း ပထမဆုံးပြောတာမဟုတ်ဘူး”
ချောင်ရို့ချန် တောက်ပစွာ ပြုံးသည်။ “ဆရာလည်း ကိုယ့်ကို အမြဲတမ်း စာအုပ်ထဲမှာဆို အခန်းတစ်ခန်းတောင် အသက်မရှင်နိုင်တဲ့ အရံဇာတ်ကောင်လေးလို့ ပြောတယ်”
စုန့်ကျောက်ယီ “...”
ဘိုင်ယွင်မြို့၊ ယဲ့အိမ်တော်သည် နန်းတော်တမျှ ကြီးမား၏။
မူတစ်သိန်းစာ အကျယ်အဝန်းရှိပြီး အဆောက်အဦးတိုင်းကို ခမ်းနားစွာ ဆောက်ထားသည်။
ရွှေနန်းတော်ကြီးအလားတောက်ပနေပြီး နတ်ဘုံနတ်နန်းအလားပင်။
မြို့မျှော်စင်၏ထိပ်တွင်၊
သိမ်းငှက်တစ်ကောင် အောက်သို့ဆင်းသက်လာသည်။ အစောင့်က သိမ်းငှက်ခြေသည်းမှ စာကိုယူပြီးဖတ်ကြည့်ရာ အမူအရာပြောင်းလဲသွားသည်။
ဘေးက အစောင့်က မေးသည်။ “အစ်ကိုရှောင်ချီ၊ ဘာဖြစ်လို့လဲ”
ယဲ့ချီ၊ ယဲ့မိသားစု၏ မျိုးနွယ်ခွဲမှ ဆင်းသက်လာသူဖြစ်၍ ထိုသူက ကျားဖြူဂိတ်၏ ခေါင်းဆောင်ရာထူးကို ရထားသူပေ။
သူ မျက်မှောင်ကြုတ်ကာ ပြောသည်။ “ဒီစာက အနောက်ဂိတ်က လာတာ။ ဝမ်တောက်ကျောင်းတော်ရဲ့ ပါရမီရှင်ချောင်ရို့ချန်က ငါတို့ ယဲ့အိမ်တော်ကို လာနေတယ်တဲ့”
အစောင့်က ပြန်ဖြေသည်။ “ချောင်ရို့ချန်က ဝမ်တောက်ကျောင်းတော်ရဲ့ ပါရမီရှင်ဖြစ်နေပြီ။ ဒါပေမဲ့ ငါတို့ယဲ့မိသားစုမှာလည်း သူတော်စင်တစ်ပိုင်းအဆင့်ရဲ့ ကာကွယ်မှုကို ရထားတယ်။ သူ ပြဿနာ လာရှာတာတော့ မဟုတ်ဘူးမလား”
ယဲ့ချီ စာကို ပေးလိုက်သည်။ ထိုသည်ကို ဖတ်ပြီးနောက် သူ့အမူအရာပြောင်းလဲသွား၏။ သူ ညည်းတွားလိုက်သည်။ “ပါရမီရှင်တွေက မထင်ထားတာတွေကို လုပ်တတ်တယ်။ ကျွန်တော်တို့တွေ ဘာလုပ်သင့်လဲ”
“မင်း ဒီမှာ စောင့်နေ။ ငါ သခင်လေးရှောင်ကို တင်ပြလိုက်မယ်။ သူတို့က ဝမ်တောက်ကျောင်းတော်ရဲ့ ထိပ်သီးပါရမီရှင်တွေပဲ။ ချောင်ရို့ချန်က သူ့ကို လာတွေ့တာလား”
ယဲ့မိသားစု၏အဖွင့်ဝင်တစ်ဦးဖြစ်သည့် ယဲ့ချီသည် သဘာဝအတိုင်း ဖလှယ်ရေးပွဲတော်အကြောင်း သိပါသည်။ ယဲ့မိသားစုသည် မည်သည့်အဖျက်အမှောင့်ကိုမျှ သည်းခံမည်မဟုတ်ပေ။
အမျိုးသားက ခေါင်းညိတ်သည်။ “နားလည်ပါပြီ။ ဂရုစိုက်သွားပါ ရှောင်ချီ”
ယဲ့မိသားစု၏ အတွင်းခြံဝန်း၌
ယဲ့လင်းရှောင် အဓိကခုံတွင်ထိုင်နေပြီး အနားက ယဲ့မိသားစု ဂျူနီယာများကို ကြည့်နေ၏။
သူစကားပြောတော့မည့်အချိန်မှာ ရှောင်ချီးဝင်လာသည်။
“သခင်လေးရှောင်၊ ကျားဖြူဂိတ်ရဲ့ ဂိတ်ခေါင်းဆောင်ယဲ့ချီ ဝင်ခွင့်တောင်းပါတယ်”
ယဲ့လင်းရှောင် မျက်မှောင်အသာကြုတ်၏။ “ဝင်လာခဲ့”
“နားလည်ပါပြီ”
အစောင့်ထွက်သွားပြီး ခဏအကြာ၌ ယဲ့ချီ ခြံဝင်းထဲဝင်လာပြီး လေးစားစွာ ဦးညွှတ်သည်။ “ယဲ့ချီက သခင်လေးရှောင်တို့ကို အရိုအသေပြုပါတယ်”
“ထ”
ယဲ့လင်းရှောင် သာမန်မျှပြောသည်။ “ဘာလဲ”
ယဲ့ချီ လေးစားစွာ ဖြေသည်။ “သခင်လေးရှောင်၊ ဝမ်တောက်ကျောင်းတော်က ချောင်ရို့ချန် ဒီကိုလာပါမယ်တဲ့၊ သူက ဂိတ်စောင့်ကိုလည်း မြို့ဝင်ကြေးကို ယဲ့အိမ်တော်မှာ သွားယူခိုင်းလိုက်တယ်”
ယဲ့လင်းရှောင် နားမလည်နိုင်ဖြစ်သွား၏။
‘ ချောင်ရို့ချန်က ဘာလာလုပ်တာလဲ၊ ငါနဲ့သူနဲ့က ခင်တာလည်းမဟုတ်ဘူး’
သူသည် ဝမ်တောက်ကျောင်းတော်၏ ထိပ်သီးပါရမီရှင်တစ်ဦးဖြစ်လာသော်လည်း ယခင်ကလို ချမ်းသားသည့် သခင်လေးတစ်ဦး၏အမူအကျင့်များ မပျောက်ကွယ်သေးပေ။
“ငါနားလည်ပြီ။ မင်းသွားတော့”
“ဟုတ်ကဲ့ပါ”
ယဲ့ချီ သတင်းစကားပါးပြီးနောက် ပြန်ထွက်သွားသည်။
ယဲ့လင်းရှောင် မေးလိုက်သည်။ “လူတိုင်းပဲ၊ ချောင်ရို့ချန် ဒီကို ဘာလာလုပ်တယ်ထင်လဲ”
လူတိုင်း တိတ်ဆိတ်နေစဉ် ပျင်းရိနေသည့် အသံတစ်သံထွက်လာ၏။
“အစ်ကိုလင်းရှောင်၊ ကျွန်တော် ထင်တာကတော့ သခင်လေးချောင်က ကျွန်တော်နဲ့ အရက်လာသောက်တာထင်တယ်”
လူတိုင်း အသံလာရာထောင့်သို့ ကြည့်လိုက်၏။
ထိုနေရာတွင် တန်ဖိုးကြီးဝတ်စုံများ ဝတ်ဆင်ထားသည့် သခင်လေးတစ်ဦးထိုင်နေသည်။ သူ့လက်တစ်ဖက်က ဝံပုလွေဖြူလေးတစ်ကောင်ကို ပွတ်သပ်နေသည်။
“အာခွန်း မင်း သေချာလား”
ယဲ့လင်းရှောင် ထိုဝမ်းကွဲအပေါ် များစွာ အကောင်းမမြင်ပေ။ သူတို့နှစ်ယောက်လုံးက ဝမ်တောက်ကျောင်းတော် တပည့်များဖြစ်သော်လည်း သူက သူ့ကိုယ်ပိုင်ခွန်အားကိုသုံးပြီး ယနေ့လို နေရာထိရောက်လာခြင်းပင်။
ထိုကောင်ကတော့ မိသားစုအချိတ်အဆက်များကို သုံးပြီးရောက်လာခြင်းပင်။ သူ့အရည်အချင်းဖြင့် သားရဲထိန်းကျောင်းဌာနကို ရောက်လာမည်မဟုတ်ပေ။ သူက ယဲ့မိသားစုစီးပွားရေးကို ကြည့်ရှူရန် အဝေးသို့ ပို့ခံရမှာပင်။
ယဲ့လင်းခွန်း ပြုံးကာ ပြောသည်။ “မသေချာပါဘူး။ ဒါပေမဲ့ အရင်တုန်းက ကျွန်တော်တို့တွေ အရက်တူတူသောက်လေ့ရှိတယ်။ သူတို့ ပြဿနာတတ်တုန်းက ကျွန်တော် ကူညီပေးဖူးတယ်။ အဲ့တုန်းက ဘိုင်ယွင်မြို့မှာ ပြဿနာတစ်ခုခုတတ်ရင် ယဲ့မိသားစုအိမ်ကို လာခဲ့လို့ ပြောလိုက်တယ်”
ယဲ့မိသားစုမှလူတိုင်း “...”
ဒါဆို မင်းက ယဲ့မိသားစုဂုဏ်သတင်းကို လျှောက်သုံးနေတာလား။ မင်းသုံးချင်တဲ့သုံးလို့ရတဲ့ အရာများထင်နေလား။
ယဲ့လင်းရှောင်၏နှုတ်ခမ်း တွန့်လိမ်သွားသည်။ “အားခွန်း၊ အဲ့လိုတွေပြောနေတာ တော်လိုက်တော့။ မင်း ပြဿနာတတ်မယ်။ ဂျူနီယာညီလေးချောင်က မင်းရဲ့မိတ်ဆွေဆိုတော့ ငါတို့ သူ့ကို ဧည့်ခံလိုက်ပါ့မယ်။ ဧည့်ဝတ်ကျေအောင်နေကြ။ သူ့ကိစ္စကို အရမ်းမစွက်ဖက်နဲ့”
ယဲ့လင်းခွန်း ပြုံးလိုက်သည်။ သူ မတ်တပ်ရပ်ကာ ဆိုသည်။ “ကောင်းပါပြီ။ ဒါဆို ကျွန်တော် သခင်လေးချောင်ကို သွားကြိုလိုက်ပါ့မယ်။ သူ့ကို အပြင်မှာ စောင့်ခိုင်းထားလို့မဖြစ်ဘူးလေ”
“အင်း”
ယဲ့လင်းရှောင် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
ယဲ့လင်းခွန်း သူ့ဝံပုလွေလေးကို ပခုံးပေါ်တင်လိုက်၏။ “ရှောင်အိုက် သွားစို့”
“အာဝူး”
ဝံပုလွေက အူလိုက်ပြီး ယဲ့လင်းခွန်း၏ကော်လံကို ကိုက်လိုက်သည်။ ထို့နောက် အခြားသူများ မတုံ့ပြန်နိုင်ခင် သူတို့ ခြံဝန်းထဲမှ ထွက်သွားကြ၏။
တစ်နာရီကြာပြီးနောက်။
ချောင်ရို့ချန်နှင့် စုန့်ကျောက်ယီ ကျားဖြူဂိတ်တံခါး၏ ယဲ့စံအိမ်သို့ ရောက်လာသည်။
ချောင်ရို့ချန် အော်ခေါ်တော့မည့်အချိန် အံ့ဩနေသည့်အသံတစ်သံ ထွက်လာသည်။ “ရို့၊ သခင်လေးချောင်ပါလား”
“သခင်လေးခွန်းပါလား။ အပြင်မှာဘာလုပ်နေတာလဲ။ ဂိတ်တံခါးကို မြန်မြန်ဖွင့်လိုက်တော့။ ဒါမှမဟုတ် ကျုပ်ကိုယ်တိုင်ဖွင့်ရမလား”
“ဟုတ်ပြီ၊ ဟုတ်ပြီ။ ကျုပ်မေ့သွားတာ”
ယဲ့လင်းခွန်း ယဲ့ချီ၏ပခုံးကို ပုတ်လိုက်သည်။ “တံခါးသွားဖွင့်။ ငါတို့တွေ သခင်လေးချောင်ကို စောင့်ခိုင်းလို့ မဖြစ်ဘူး။ နေဦး၊ ငါကိုယ်တိုင်ဖွင့်မယ်”
ခရက်၊ခရက်။
ဂိတ်တံခါးက ဖြည်းညှင်းစွာ ပွင့်လာသည်။ ယဲ့လင်းခွန်း ဂိတ်ထဲမှ ထွက်လာပြီး လက်သီးဆုပ်ကာ ပြော၏။
“သခင်လေးချောင်၊ ကြိုဆိုပါတယ်။ ကျုပ် ဒီနေ့တော့ သခင်လေးချောင်ကို ဂုဏ်ပြုတဲ့အနေနဲ့ သုံးခွက်သောက်ပါမယ်”
ချောင်ရို့ချန် ကျားကြီးပေါ်မှ စုန့်ကျောက်ယီနှင့်အတူ ခုန်ဆင်းလာသည်။ သူ ပြုံးလိုက်သည်။ “မင်းက စကားတတ်သားပဲ။ ကောင်းပြီ။ လမ်းပြတော့၊ ဒီညတော့ မင်းဒကာခံရမယ်”
“ကောင်းပါပြီ။ အခု သွားကြတာပေါ့”
ယဲ့လင်းခွန်း သူ့ရင်ဘတ်ကို ပုတ်လိုက်၏။ အစောင့်များက ကြောင်အကာ ကျန်ခဲ့တော့သည်။
အချိန်ခဏကြာပြီးနောက် သူတို့ထဲမှ တစ်ယောက်က ပြောသည်။ “အရှင်ယဲ့ချီ။ အဲ့ဒီသူက ကောလဟာလတွေထဲက သူလား”
***