မိစ္ဆာမျိုးနွယ်ဝင်တွေက လူသားမျိုးနွယ်တွေထက် ရုပ်ပိုင်းဆိုင်ရာအားဖြင့် ပိုသန်မာကြသည်။
ထို့အပြင် ပဟွမ်က ပျက်ဆီးခြင်းရှစ်ပါးကို ပိုင်ဆိုင်ထားသည့်အတွက် သူ့ခန္ဓာကိုယ်က ရှစ်ဆ ပိုသန်မာသွားခဲ့ပြီ။
သူဘယ်လောက်တောင် သန်မာသွားတာလဲ..
လဲ့ထျန်၏ မျက်နှာက ချက်ချင်းကို မည်းမှောင်သွားလေကာ..
“ဒါတင်မကသေးမှာပဲ စိုးတယ်”
“ဟမ်၊ အဲ့ဒါဘာကိုပြောချင်တာလဲ” ချီဖုန်း တုန်ယင်စွာ မေးလိုက်တော့၏။
“ပြောကြတာတော့ ပျက်ဆီးခြင်းရှစ်ပါး ခန္ဓာကိုယ်ကို အဆုံးထိအသက်သွင်းလိုက်ရင် တစ်ခြားထူးခြားတဲ့တာအိုအစွမ်းသိုင်း တွေလည်း ရလာတယ်တဲ့”
“ထူးခြားတဲ့တာအိုအစွမ်းသိုင်း ဟုတ်လား၊ အဲ့ဒါဘာတွေလဲ”
လဲ့ထျန် ခေါင်းယမ်းပြလိုက်သည်။
“အဲ့ဒါတော့ ကျုပ်လဲမသိဘူး”
တစ်ခြားသူတွေရဲ့မျက်နှာက ချက်ချင်း ဖြူဖွေးသွားလေတော့၏။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါဆိုရင် မသေမျိုးဘုရင်လောထျန်းက သူ့ကို အနိုင်ယူနိုင်ပါ့မလား”
သူတို့အားလုံးက လောထျန်းကို တစ်ခြားဒေသကလာသော မသေမျိုးဘုရင်တစ်ယောက်ဟု ထင်နေကြသည်။
လဲ့ထျန် အံကြိတ်လိုက်ပြီး ခြောက်ကပ်စွာ ပြုံးလိုက်ရင်းမှ ပြောလိုက်သည်။
“ခက်ခဲလောက်တယ်”
ထိုအချိန်တွင် ပဟွမ်က ဗုဒ္ဓပုံရိပ်ရှစ်ခုကို အနောက်မှာချန်ထားရင်း ကြောက်စရာ အရောင်အဝါများ ထုတ်လွှတ်ထားသည်။ ထို့နောက် သူ၏ရှည်လျားသော အရပ်အားကိုးဖြင့် လောထျန်းကို အထင်သေးစွာ ပြုံးကြည့်လိုက်လေ၏။
“ဟေ့ကောင်၊ မင်းကဘာနည်းလမ်းတွေနဲ့ ကျို့ကုန်းကို အခုလိုကြောက်အောင် ဖြဲခြောက်ထားလဲငါမသိဘူး။ ဒါပေမဲ့ ငါပြောမယ်၊ ငါနဲ့သူနဲ့က ဘာမှမဆိုင်ဘူး.. မင်း ငါ့အရှေ့မှာ အခွင့်အရေးတစ်ခုတောင် ရမှာမဟုတ်ဘူး”
“ငါနဲ့သူ့နဲ့က ကွာခြားတယ်ဆိုတာ သက်သေပြဖို့ ငါမင်းကို မဟာအခွင့်အရေးကြီးတစ်ခု ချီးမြှင့်လိုက်မယ်”
ပဟွမ်က လက်ဖဝါးတစ်ဖက် ဖြန့်လိုက်ပြီး လောထျန်းကို ပြုံးပြလိုက်ပြီးမှ ဆက်ပြောသည်။
“ငါမင်းကို သုံးကွက်ဦးစားပေးမယ်.. ငါပြန်မတိုက်ဘူး”
ပဟွမ်က ပြုံးပြုံးကြီး ကြည့်နေလေ၏။
ထိုစကားလုံးများ ထွက်လာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံသွားသည်။
“ဘာ၊သုံးကွက်တောင်.. ပျက်ဆီးခြင်းအရှင်၈က ယုံကြည်မှုလွန်ကဲနေတာ မဟုတ်ဘူးလား”
“ဒါက နဲနဲ မသင့်တော်သလိုပဲ”
ပဟွမ်၏ ဂုဏ်မောက်နေပုံကြောင့် မိစ္ဆာဂိုဏ်းသားတစ်ချို့ ရှုတ်ထွေးလာတော့သည်။
သို့သော် ထိုစကားတွေကိုနားထောင်ရင်း လက်မောင်းအရှင်၆က ခပ်ဖွဖွ ပြုံးသွားလေ၏။
“ဟမ်”
ကံကြမ္မာအရှင်၇က ချက်ချင်း.လှည့်ကြည့်လာခဲ့သည်။
လက်မောင်းအရှင်၆က ခပ်တိုးတိုး ရှင်းပြလိုက်သည်။
“ပဟွမ်ရဲ့ အားသာချက်က ရုပ်ပိုင်းဆိုင်ရာ သန်မာမှုပဲလေ။ သာမာန်သူဆိုရင် သူ့ကို လာတိုက်တာနဲ့ ခန္ဓာကိုယ်ရဲ့တန်ပြန်အားနဲ့တင် သေသွားလိမ့်မယ်။.သူ လက်တစ်ချောင်းတောင် လှုပ်ရှားဖို့ လိုမှာ မဟုတ်ဘူး”
“ဟိုလူသားစောက်ကျင့်မကောင်းတဲ့ကောင်က ဉာဏ်နီဉာဏ်နက်တွေနဲ့ လှည့်ကွက်သုံးမှာစိုးလို့ သူက တိုက်ရိုက်တိုက်ခိုက်ဖို့ အခွင့်အရေး.ပေးလိုက်သလိုနဲ့ သူ့ရဲ့အားသာချက်ကို အသုံးပြုပြီး သတ်ဖို့ ကြိုးစားခဲ့တာပဲ”
ထိုမှပဲ ကံကြမ္မာအရှင်၇ သဘောပေါက်လိုက်သည်။
“ဒါဆို ပဟွမ်က မောက်မာနေတာ မဟုတ်ဘူးပဲ”
သို့သော် ထိုစကားတွေကို ကျို့ကုန်းတစ်ယောက် ကြားသည်နှင့် ချက်ချင်း.မျက်နှာပျက်သွားပြီး အော်ဟစ်တော့သည်။
“ပဟွမ် မလုပ်နဲ့၊ ဒီကောင်က ပုံမှန်မဟုတ်ဘူး.. မင်းသူ့ရဲ့ တိုက်ကွက်ကို ပိတ်နိုင်မှာ မဟုတ်ဘူး”
သူ၏ မသေမျိုးလက်နက်က မူလအဆင့် မသေမျိုးလက်နက် ဖြစ်နေတဲ့အချိန်မှာကို ထိုကောင်လေးက လက်ဗလာဖြင့် ဖမ်းဆုတ်ခဲ့တာ မှတ်မိပါသေး၏။
ထိုကောင်လေး၏ ကြောက်စရာစွမ်းအားက မကောင်းဆိုးဝါးတစ်ကောင်လိုပဲ။
သို့သော် ကျို့ကုန်း မအော်လိုက်ခဲ့လျှင်တောင် ပိုကောင်းအုံးမည်။ ကျို့ကုန်း၏အော်သံကို ကြားသည်နှင့် ပဟွမ် မျက်မှောင်ကြုတ်သွားပြီး စူးရှစွာ ပြန်အော်လိုက်တော့၏။
“စောက်ကြောက်.. မင်းပါးစပ်ကိုပိတ်ထားလိုက်စမ်း”
“ငါ့ကိုမင်းလို စောက်သုံးမကျတဲ့ ကောင် ထင်နေလားကွ၊ ငါသူ့ကို သုံးကြိမ်တိုက်ခွင့် ပေးမယ်လို့ ပြောပြီးပြီ။ ငါ့စကားကို ပြန်ပြောင်းစရာ အကြောင်းမရှိဘူး”
အငေါက်ခံလိုက်ရ၍ ကျို့ကုန်း၏ မျက်နှာက တွန့်လိမ်သွားတော့သည်။
ခဏကြာပြီးနောက် သူအေးစက်စွာ နှာမှုတ်လိုက်ပြီး ပြောလိုက်လေ၏။
“မကောင်းဆိုးဝါးကို တရားချလည်း ဘုရားမဖြစ်နိုင်ဘူးတဲ့.. ကောင်းပြီ၊ မင်း သေချင်သပဆိုလဲ သေလိုက်”
ပြီးသည်နှင့် ကျို့ကုန်းက ဘေးကိုသွားလိုက်ပြီး တစ်ခွန်းမှမပြောတော့ပေ။
ပဟွမ်တစ်ယောက် အနိုင်ရသလို ခံစားလိုက်ရ၍ ပိုမိုဂုဏ်မောက်သွားလေကာ လောထျန်းကို ကြည့်ပြီး ပြောလိုက်သည်။
“လာစမ်းပါ.. မင်းတိုက်လို့ရပြီ”
တစ်ဖက်က လောထျန်းကတော့ ရုတ်တရက် ပေါ်လာသော လူထွားထွားကြီးကို ကြည့်နေရင်း အနည်းငယ် မှင်သက်နေဟန်ပဲ။.
အထူးသဖြင့် ထိုသူ၏စကားတွေကို.နားထောင်ပြီးနောက်မှာ သူ အလိုမကျစွာ မျက်မှောင်တင်းတင်း ကြုတ်လိုက်သည်။
ဒီကောင်က ဘာဖြစ်ချင်နေတာလဲ..
ရုတ်တရက်ကြီး ရောက်လာတဲ့အပြင် သူ့ကို သုံးကြိမ်အရင်တိုက်ခိုက်မည်ဟု ဆိုနေသေး၏။
“မင်း သေချာလား”
လောထျန်း လှမ်းကြည့်ကာ မျက်မှောင်ကြုတ်ဖြင့် မေးလိုက်တော့သည်။
“ သေချာပေါက်ပေါ့၊ လာစမ်းပါ၊ လာတိုက်လိုက်”
ပဟွမ် လှောင်ပြုံးဖြင့် ပြောလာသည်။
ထို့နောက်မှာ သူ့အနောက်မှာရှိနေသော ဗုဒ္ဓပုံရိပ်ရှစ်ခုက စတင်းဝန်းရံလာခဲ့ပြီး ကိုယ့်ကိုယ်ကို.ကာကွယ်မှုကို အမြင့်ဆုံး အနေအထားအထိ တိုးမြင့်လိုက်သည်။
ဒီဗုဒ္ဓပုံရိပ်ရှစ်ခုသာ အပြည့်အဝ ကာကွယ်ပေးနေသရွေ့.. မိစ္ဆာနတ်ဘုရားကိုယ်တိုင် လာတိုက်လျှင်တောင်မှ တန်ပြန်သက်ရောက်မှုကို ခံရလိမ့်မည်.. ထိုကောင်လေး ဘယ်လိုမှ တိုက်ရဲမှာ မဟုတ်ဘူး။
“မင်း.ဘယ်နေရာက လာခဲ့သလဲ ကျုပ်မသိဘူး။ ဒါပေမဲ့ မင်းရဲ့စကားတွေကို.နားထောင်ရသလောက် မင်းက မိစ္ဆာနတ်ဘုရားနန်းတော်နဲ့ တစ်ဖက်ထဲပဲ။ ဒီတော့ ကျုပ် ယဥ်ကျေးနေမှာ မဟုတ်တော့ဘူး”
လောထျန်း မျက်မှောင်ကြုတ်ဖြင့် ပြောလိုက်သည်။
ပြီးတာနှင့် လောထျန်း လက်သီးကို တင်းနေအောင် ဆုတ်ထားလိုက်သည်။
“အေး၊ မယဥ်ကျေးနဲ့၊ ယဥ်ကျေးရင် ငါမင်းကို အထင်သေးမိမှာပဲ”
ပဟွမ်က ခပ်ပြုံးပြုံး ပြန်ချေပသည်။
လောထျန်း ခေါင်းညိတ်ပြလိုက်၏။
“ကောင်းပြီလေ”
လောထျန်း ပေါ့ပါးစွာ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်….
“ကောင်းကင်ဘုံလက်သီး”
“ဟဟ၊ ခံပေတော့”
လောထျန်း၏ လက်သီးကို ကြည့်နေရင်း ပဟွမ်မျက်နှာကပိုမို ဂုဏ်မောက်လာတော့သည်။
ထို့အပြင် လောထျန်းပုံစံကို ကြည့်ရသလောက် လက်သီးက အားမပါပေ.. သို့ပေမဲ့ သူ့၏ တန်ပြန်အစွမ်းက အမြင့်ဆုံးနှုန်းထားမှာ ဖြစ်သည်။
လောထျန်း ပြင်းထန်စွာဒဏ်ရာရလိမ့်မည်ဟု ပဟွမ် ယုံကြည်ချက်အပြည့် ရှိနေသည်.. အနည်းဆုံးတော့ လောထျန်း ဒုက္ခိတ ဖြစ်သွားလိမ့်မည်။
ထိုအချိန်မှာပဲ လောထျန်း၏ လက်သီးက သူ့ခန္ဓာကိုယ်အနားကိုရောက်လာသည်။
သူ.ပြုံးရွှင်စွာပဲ လောထျန်း၏ လက်သီးက သွေးမြူအဖြစ် ပြောင်းသွားမှာကို စောင့်စားနေလိုက်သည်။
သို့ပေမဲ့ နောက်တစ်စက္ကန့်မှာ တစ်ခုခု မူမမှန်တာကို သူ.အာရုံခံမိလိုက်သည်။
သူ၏ အကာအကွယ်ပုံရိပ် ရင်ဘက်နှင့် တိုက်သွားသည့်တိုင်အောင် လောထျန်းလက်သီးက မပြိုကွဲသွားပဲ.. သူ၏ ပုံရိပ်ကသာ ယိုယွင်းချင်ဟန် ပြလာသည်။
“ဟမ်၊ ဘာဖြစ်နေတာလဲ”
ပဟွမ်၏ အပြုံးက အေးခဲသွားပြီး သူ့အစွမ်းကို ချက်ချင်း အသက်သွင်းကာ ရင်ဘက်အကာအကွယ်ကို အားဖြည့်လိုက်သည်။
သို့သော် အစွမ်းကုန် အသက်သွင်းထားသည့် တိုင်အောင် လောထျန်းလက်သီး၏အရှိန်ကို မလျှော့ချနိုင်သေးဘူး။
“တစ်ခုခုမှားနေတယ်.. ဒီကောင်က”
ပဟွမ်၏ အတွေးမဆုံးခင်မှာပဲ..
ခွပ်
လောထျန်း၏လက်သီးက ချက်ချင်းပဲ ပေါက်ထွက်သွားခဲ့သည်.. သူ့လက်သီးက ပဟွမ်၏ ရင်ဘက်ကိုသာမက၊ ခန္ဓာကိုယ်တစ်ခုလုံးကို သွေးမှုန်အဖြစ် ပျောက်ကွယ်စေခဲ့လေ၏။
ရှီး
ပဟွမ်အနောက်မှာရှိသော ပုံရိပ်ရှစ်ခုလည်း ရုတ်ချည်းပျောက်ကွယ်သွားသည်။
ကောင်းကင်နှင့်မြေကြီးကြားမှာ အသံတွေ တိတ်ဆိတ်နေခဲ့ပြီး အရောင်အဝါလက်ကျန် တစ်ခုတောင် မရှိခဲ့ပေ..
လောထျန်းတစ်ယောက်သာ ထိုးရက်အနေအထားဖြင့် လေထဲမှာ တန့်နေသည်။
“ပဟွမ်ဘယ်ရောက်သွားတာလဲ”
“ဘာ”
တစ်ဖက်ခြမ်းက မိစ္ဆာဂိုဏ်းသားတွေ အားလုံး မှင်သက်သွားသည်။
လက်မောင်းအရှင်၆၊ မြူခိုးအရှင်၁.. ဘယ်သူမှ စကားမပြောနိုင်တော့ပေ။
ဒါဘာအခြေအနေကြီးလဲ။
မိစ္ဆာမျိုးနွယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အသန်မာဆုံး ပဟွမ်က လက်သီးတစ်ချက်ထဲနဲ့ ပျောက်ကွယ် သွားခဲ့တာလား။
ဒါ့အပြင် သူတို့တွေ ပဟွမ်၏ ဝိညာဥ်ကို အစအနတောင် ရှာမရနေဘူး
ဆိုလိုတာက လောထျန်းလက်သီးက ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်ရုံတင်မကပဲ၊ ဝိညာဥ်ကိုပါ ရှင်းလင်းခဲ့တာလား။
ဒါ.. ဒါဘယ်လို တည်ရှိမှုကြီးလဲ။
“ကျို့ကုန်း၊ ဒီကောင်ကဘာကြီးလဲ”
မြူခိုးအရှင်၁ ချက်ချင်းပဲ ကျို့ကုန်းဘက် လှည့်ကာ အော်ဟစ်လိုက်သည်။
ကျို့ကုန်း ပုခုံးတွန့်ပြလိုက်ပြီး ကူကယ်ရာမဲ့စွာ ရှင်းပြလာ၏။
“ငါပြောခဲ့သားပဲ.. မင်းတို့တွေ နားထောင်ခဲ့လို့လား”
***