လင်းရန်က တကယ့်ကို အာဏာရှင်ဆန်လွန်းလှပေသည်။
ယခုအချိန်မှစ၍ လုံမိသားစုဝင်များသည် ချင်းရွှေ မြို့သို့ ခြေချခွင့်၊ ရှန်းနွန်ကျားတွင် ဝင်ပါခွင့်နှင့် ချင်ရှီဟွမ် ဂူဗိမာန် ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခွင့် လုံးဝ မရှိတော့ပါချေ။
ထို့အပြင် လင်းရန်က လုံမိသားစုအား လုံခွန်းနှင့် လုံဝူ တို့ကို လွှဲပြောင်းပေးရန် တောင်းဆိုခဲ့ပြီး သူတို့၏ လွတ်လပ်ခွင့်ကို ပြန်လည် ရရှိစေရန် ပြုလုပ်ခဲ့လေသည်။
လုံဟူတောင်မှ ကြီးမြတ်သော ကျင့်ကြံသူ နှစ်ဦး၏ ရှေ့တွင် လင်းရန်က လုံမိသားစု၏ အရင်ခေါင်းဆောင်ဖြစ်သော လုံရူယွီကို တောင်းဆိုချက် သုံးခု... မဟုတ်သေး... လေးခု တောင်းဆိုခဲ့ခြင်း ဖြစ်၏။ သံသယဖြစ်စရာ မလိုဘဲ ဤသည်မှာ ဗြောင်ကျကျ ခြိမ်းခြောက်လိုက်ခြင်းပင် ဖြစ်ချေသည်။
သို့သော် လင်းရန်၌ ယခုအခါ လုံးဝ အရည်အချင်း ပြည့်မီနေပြီ ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပါချေ။ တကယ်တမ်းတွင် လက်ရှိ အခြေအနေအရ သူက လုံမိသားစုဝင် သုံးဦးကို မသတ်ခဲ့ခြင်းကပင် အတော်လေး ယဉ်ကျေးနေပြီ ဖြစ်၏။
လင်းရန်က သူ့အစွမ်းထက်သော ရန်သူကို အလွယ်တကူ ချေမှုန်းလိုက်သည်ကို မြင်တွေ့ရပြီး လုံမိသားစုဝင် သုံးဦးအပေါ် အာဏာရှင်ဆန်ဆန် ခြိမ်းခြောက်လိုက်သည်ကို ကြားလိုက်ရသောအခါ ရီရှင်းချန်၏ လှပသော မျက်လုံးများတွင် မျှော်လင့်ချက် အလင်းတန်းများ တောက်ပလာခဲ့လေသည်။
ရီရှင်းချန်သည် ယင်ချင်းရွှမ်ကို သတိရသွားခဲ့၏။ လင်းရန်၏ လက်ရှိ စွမ်းအားဖြင့် မကြာမီ အချိန်အတွင်းတွင် သူသည် မိစ္ဆာဂိုဏ်း၏ ဌာနချုပ်သို့ သွားရောက်ကာ သူမ၏ ဆရာ တဖြစ်လဲ သူ့မိခင်ကို ဒုက္ခပင်လယ်ထဲမှ ကယ်တင်ပြီး ထိုအကျဉ်းထောင်ထဲမှ လွတ်မြောက်စေနိုင်လိမ့်မည်ဟု သူမ ခံစားလိုက်ရလေသည်။
လင်းရန်၏ အာဏာရှင်ဆန်သော တောင်းဆိုချက်ကို ကြားပြီးနောက် လုံဟူတောင် ရှန်ချင်းနန်းတော်မှ ဆရာသခင် လေထင်နှင့် ကောင်းကင်သခင်စံအိမ်မှ ကောင်းကင်သခင် ကျန်းရူယန်တို့မှာ ခါးသီးစွာ ပြုံးရုံသာ တတ်နိုင်တော့သည်။ သူတို့နှစ်ဦး အချင်းချင်း ကြည့်လိုက်ကြသော်လည်း စကားတစ်ခွန်းမျှ မဟရဲကြပါချေ။
မည်သို့ပင်ဆိုစေ မိစ္ဆာနှိမ်နင်းအစည်းအဝေးမှ လူတစ်ရာကျော် အသက်ရှင် လွတ်မြောက်ခဲ့ကြလေသည်။ ထိုလူတစ်ရာကျော်မှာ ဆွံ့အ နားမကြားသူများ မဟုတ်ကြပါချေ။ သေမင်းတမန် တစ်ပါးဖြစ်သည့် လင်းရန်၏ နာမည်ဆိုးမှာ အရပ်မျက်နှာ အနှံ့အပြားသို့ ပြန့်နှံ့နေပြီ ဖြစ်၏။ သူ့စကားတစ်ခွန်း ထွက်လာသည်နှင့် လုံးဝ ညှိနှိုင်းစရာ အကြောင်း မရှိတော့ပါချေ။
ဤအချိန်တွင် လင်းရန်က သူတို့နှစ်ဦးထံသို့ မချဉ်းကပ်လာသေးသဖြင့် သူတို့ကလည်း လင်းရန်ကို ဆွပေးပြီး ကိုယ့်ဒုက္ခ ကိုယ်မရှာချင်လိုပေ။
မိစ္ဆာနှိမ်နင်းအစည်းအဝေးတွင် ရှိခဲ့သော လမ်းမှန် သိုင်းလောကသားများ၏ ရင်ထဲမှ ခါးသီးမှုကို လုံရူယွီ နောက်ဆုံးတော့ နားလည်သွားခဲ့ပြီ ဖြစ်ပေသည်။ အလွန်တရာ ခံရခက်သော်လည်း သူ ဘာမှ မလုပ်နိုင်ပါချေ။ လင်းရန်က အရမ်းကို ခွန်အားကြီးလွန်းလှပြီး သူကိုယ်တိုင်ပင် မျှော်လင့်ချက် ကင်းမဲ့သွားရလောက်အောင် စွမ်းအားကြီးမားလွန်းနေလေသည်။
ဤသည်မှာ စွမ်းအားပင်။ အကြွင်းမဲ့ စွမ်းအား၏ ရှေ့တွင် လုံမိသားစုလည်း မထူးခြားသလို အခြား မည်သူမျှလည်း ကွာခြားမည် မဟုတ်ပါချေ။
"လင်းရန်... မင်း ပြောတာတွေ အကုန်လုံး ငါ ကြားပါတယ်... ငါတို့ ပြန်ရောက်ရင် လုံမိသားစုက တိုင်ပင်ပြီး ဆုံးဖြတ်ချက် တစ်ခု ချပေးပါ့မယ်..."
မည်သို့ပင်ဆိုစေ လုံရူယွီမှာ လုံမိသားစု၏ အရင်ခေါင်းဆောင် ဖြစ်ခဲ့ဖူးလေသည်။ သူက မျက်နှာအပျက်ခံ၍ မရနိုင်သဖြင့် လုံမိသားစု အတွက် မျက်နှာပန်းလှအောင် အကောင်းဆုံး ကြိုးစားပြောဆိုလိုက်ရခြင်း ဖြစ်ချေသည်။ ပြောပြီးနောက် သူက ဆရာသခင် လေထင်နှင့် ကျန်းရူယန် တို့ကို ကြည့်ကာ လင်းရန်ကို ဆက်ပြောလိုက်လေသည်။ "ဒါပေမဲ့ ဒီ လုံဟူတောင်က ဆရာသခင် နှစ်ပါးက ငါတို့ လုံမိသားစုက ဖိတ်ခေါ်ထားတာ... မင်းတို့ကြားမှာ ဘယ်လို ရန်ငြိုးမျိုးပဲ ရှိရှိ... မင်း ဒီနေရာမှာ သူတို့ကို အရမ်း အခက်မတွေ့စေဖို့ ငါ မျှော်လင့်ပါတယ်..."
လုံရူယွီက သူ့ဘာသာသူ ထွက်မသွားဘဲ လုံဟူတောင်မှ နှစ်ယောက်ကိုပါ လင်းရန်အား လွှတ်ပေးစေချင်နေခဲ့ပေသည်။
"အဘိုးကြီး လုံက အရမ်း စိတ်ပူနေတာပဲ... အဲဒါက ကျုပ်တို့ကြားက ကိစ္စပါ... ခင်ဗျားတို့ လုံမိသားစုနဲ့ ဘာမှ မဆိုင်ဘူး... ကျေးဇူးပြုပြီး အမြန်ဆုံး ထွက်သွားပေးပါ..."
လင်းရန်က ပြုံးရင်း ပြောလိုက်လေသည်။ သူက စိတ်ထဲမှ တွေးနေခဲ့၏။ တကယ်တမ်း သေခြင်းရှင်ခြင်း ရန်ငြိုးကို ပြောရမည်ဆိုလျှင် လုံဟူတောင်နှင့် လင်းရန် ကြားက ရန်ငြိုးက ပိုကြီးမားသော်လည်း၊ အားလုံးက လင်းရန် အသာစီးရပြီး လုံဟူတောင်ကသာ နစ်နာခဲ့ရခြင်း ဖြစ်ပေသည်။ သူက လုံလောက်သော စွမ်းအားကို ပြသပြီးပြီဖြစ်ရာ လုံဟူတောင်က သူ့ကို ထပ်ပြီး ပြဿနာမရှာရဲသရွေ့ သူကလည်း လုံဟူတောင်ကို ကိုင်တွယ်ဖြေရှင်းရန် ပျင်းရိနေခဲ့ပြီ ဖြစ်ချေသည်။
ထို့နောက် ဆရာသခင် လေထင်က ဝင်ပြောလိုက်လေသည်။ "ရောင်းရင်းလုံ... ခင်ဗျားရဲ့ စေတနာကို ကျုပ် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကောင်းကင်သခင်ကျန်းနဲ့ ကျုပ်က လုံဟူတောင်နဲ့ လင်းရန်ရဲ့ ကိစ္စကို ကျုပ်တို့ ဘာသာ ဖြေရှင်းပါ့မယ်... ခင်ဗျား စိတ်ပူစရာ မလိုပါဘူး..."
ပြောရင်းဆိုရင်း ဆရာသခင် လေထင်နှင့် ကျန်းရူယန်တို့က လုံရူယွီကို တစ်ပြိုင်နက်တည်း အကဲခတ်ကြည့်လိုက်ကြပြီး လင်းရန်ကို ဖုံးကွယ်ရန်ပင် မကြိုးစားကြပါချေ။
လုံရူယွီက ခါးသီးစွာ ပြုံးလိုက်ပြီး ထိုလူနှစ်ယောက်ကို တောင်းပန်သည့် အကြည့်ဖြင့် ကြည့်လိုက်ကာ လင်းရန်ကို နောက်ဆုံးတစ်ကြိမ် ကြည့်ပြီး ပြောလိုက်လေသည်။ "ငါ မှတ်ထားပါ့မယ်... သွားပါဦးမယ်..."
ပြောပြီးနောက် လုံရူယွီက လက်ဝှေ့ယမ်းလိုက်ပြီး လုံကျောက်ကျန်း၊ လုံကျောက်ဟိုင် တို့နှင့်အတူ ကောင်းကင်သို့ ပျံသန်းထွက်ခွာသွားတော့သည်။
လုံရူယွီမှာ စကားကြမ်းတစ်ခွန်းမျှ မဟရဲပါချေ။ သူ တကယ် မဟရဲခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူက လင်းရန်၏ စိတ်သဘောထားကို သိထားပြီး နောက်ဆုံးတွင် ထွက်ပင်မသွားရမည်ကို စိုးရိမ်သောကြောင့်ပင်။
"ရှင်းချန်... ဒီကို လာခဲ့..."
လုံမိသားစုဝင် သုံးဦး ထွက်သွားပြီးနောက် လင်းရန်က ရီရှင်းချန်ကို သူ့အနားသို့ ခေါ်လိုက်ပြီးနောက် ဆရာသခင် လေထင်ကို ကြည့်လိုက်လေသည်။
"ခင်ဗျားတို့ နှစ်ယောက်ကို မိတ်ဆက်ပေးပါရစေ... ဒါက မိစ္ဆာဂိုဏ်းရဲ့ သူတော်စင်မ ရီရှင်းချန် ပါ... သူမက ကျုပ်ရဲ့ ဇနီးပဲ..."
"ကျုပ်တို့ တွေ့ဆုံရတာ တော်တော်လေး ကံစပ်တယ်လို့ ဆိုရမယ်... ခင်ဗျားတို့ကကော မိစ္ဆာတွေကို နှိမ်နင်းပြီး တရားမျှတမှုကို ထိန်းသိမ်းဖို့ ရည်ရွယ်ထားသေးလား မသိဘူး..."
လင်းရန်က တိုက်ရိုက်ပင် ပြောလိုက်ရာ သူတို့နှစ်ဦး၏ ရင်ဘတ်ထဲသို့ ဓားဖြင့် ထိုးစိုက်လိုက်သကဲ့သို့ ဖြစ်သွားခဲ့လေသည်။ သူတို့နှစ်ဦးမှာ တစ်ယောက်က လက်ရှိ မိစ္ဆာသခင် ဖြစ်ပြီး နောက်တစ်ယောက်က မိစ္ဆာဂိုဏ်း၏ သူတော်စင်မ ဖြစ်ကြကာ ဘေးချင်းယှဉ်လျက် ရပ်နေပြီး သူတို့က မိစ္ဆာနှိမ်နင်းရေးနှင့် ဖြောင့်မတ်သော လမ်းစဉ်ကို အကာအကွယ် လုပ်ဆောင်ချင်သေးလားဟု စတင် မေးမြန်းနေကြခြင်း ဖြစ်ချေ။
"ဟဲဟဲ... မိတ်ဆွေလေးက နောက်နေတာပဲ... မိစ္ဆာတွေကို နှိမ်နင်းပြီး တရားမျှတမှုကို ထိန်းသိမ်းဖို့ဆိုတာ အရင်ဆုံး အဲဒီလို လုပ်နိုင်တဲ့ စွမ်းရည် ရှိဖို့ လိုတယ်လေ... ကျုပ်တို့က အခု မင်းရဲ့ လက်ခုပ်ထဲက ရေတွေ ဖြစ်နေပြီ... ကျုပ်တို့ရဲ့ အသက်တွေက မင်းရဲ့ လက်ထဲမှာ အပြည့်အဝ ရှိနေတာ... ကျုပ်တို့က ဘယ်လိုလုပ်ပြီး မိစ္ဆာတွေကို နှိမ်နင်းပြီး တရားမျှတမှုကို ထိန်းသိမ်းနိုင်တော့မှာလဲ..."
ဆရာသခင် လေထင်မှာ လုံးဝ အရူးလုပ်မခံပါချေ။ သူက အမှန်တရားကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြောဆိုလိုက်ပြီး သူ့မျက်နှာပေါ်တွင် ရှက်ရွံ့သည့် အရိပ်အယောင်လေးမျှပင် မရှိပေ။
"သိပ်ကောင်းတယ်... ခင်ဗျားတို့က ကိစ္စတွေကို ဒီလောက် ရှင်းရှင်းလင်းလင်း မြင်နေမှတော့ ကျုပ်လည်း ခင်ဗျားတို့နဲ့ ဆက်ပြီး မစနောက်တော့ပါဘူး..."
လင်းရန်၏ မျက်နှာထားမှာ တည်ကြည်သွားပြီး တဲ့တိုးသာ ပြောလိုက်သည်။ "မိစ္ဆာနှိမ်နင်းအစည်းအဝေးကို လုံဟူတောင်၊ ရှောင်လင်ကျောင်းတော်နဲ့ ခွန်လွန် ဓားဂိုဏ်း တို့က ပူးပေါင်းပြီး စတင်ခဲ့တာ... သူတို့က ကျုပ်ရဲ့ လင်းမိသားစုကို ကိုင်တွယ်ဖြေရှင်းချင်တယ်၊ ကျုပ် မိဘတွေကို သတ်ချင်တယ်၊ ကျုပ်နဲ့ ရီရှင်းချန်ကို သတ်ချင်တယ်လို့ အမြဲပြောနေကြတယ်..."
"ကျုပ်က မိစ္ဆာနှိမ်နင်းအစည်းအဝေးကို သေခြင်းရှင်ခြင်း တိုက်ပွဲအတွက် သွားတာ... ကျုပ်ကို တိုက်ခိုက်တဲ့သူ မှန်သမျှကို ကျုပ် သတ်မယ်... ဒါကို ကျုပ် ထပ်ရှင်းပြနေစရာ မလိုဘူးလို့ ထင်တယ်... ခင်ဗျားတို့ နှစ်ယောက်စလုံး နားလည်လောက်မှာပါ... ဟုတ်တယ်မလား..."
ဆရာသခင် လေထင်နှင့် ကျန်းရူယန် တို့က တစ်ပြိုင်နက်တည်း လေးနက်စွာ ခေါင်းညိတ်လိုက်ကြပြီး.... "သေချာပေါက် နားလည်ပါတယ်..."
"ဒါဆို အရမ်း ရိုးရှင်းသွားပြီ... မိစ္ဆာနှိမ်နင်းအစည်းအဝေး ညက... ဆရာသခင် လီရီ အပါအဝင် ခင်ဗျားတို့ ရှန်ချင်းနန်းတော်က လူနှစ်ဆယ့်တစ်ယောက်နဲ့ ကောင်းကင်သခင်စံအိမ်က ကောင်းကင်သခင် ငါးယောက်... စုစုပေါင်း လူနှစ်ဆယ့်ခြောက်ယောက်ကို ကျုပ် သတ်ခဲ့တယ်ဆိုတာ ကျုပ် သိတယ်..."
"အင်း... အရေအတွက်ကတော့ အဲဒီလောက် ရှိမှာပါ... အတိအကျ အရေအတွက်က အရေးမကြီးပါဘူး..."
လင်းရန် ယခုအခါ သူ့စိတ်ထဲရှိ အရာများကို ပွင့်ပွင့်လင်းလင်း ပြောနေခြင်း ဖြစ်၏။ "သေခြင်းရှင်ခြင်း တိုက်ပွဲဆိုတာ ရန်ငြိုးတွေ ဖြစ်လာဖို့ မလွှဲမရှောင်သာဘူးဆိုတာ ကျုပ် နားလည်တယ်... အကယ်၍ ခင်ဗျားတို့ လုံဟူတောင်က အနာဂတ်မှာ ကလဲ့စားချေချင်တယ်ဆိုရင် ကျုပ်ဆီကိုပဲ လာဖို့ မျှော်လင့်တယ်... ကျုပ် ဘေးနားက လူတွေကို ကိုင်တွယ်ဖို့ ယုတ်မာတဲ့ နည်းလမ်းတွေကို မသုံးပါနဲ့... အဲဒီလိုမှ မဟုတ်ရင် ကျုပ်က လုံဟူတောင်ကို မြေလှန်ပြီး တစ်ယောက်မှ အရှင်မထားဘူး..."
ဤသည်မှာ နောက်ထပ် ခြိမ်းခြောက်မှုတစ်ခုပင်။ အဘယ်ကြောင့်ဆိုသော် သူ့အရှေ့ရှိ လူနှစ်ယောက်မှတစ်ဆင့် လုံဟူတောင်တွင် ပို၍ ကြောက်မက်ဖွယ်ကောင်းသော ဘိုးဘေးကြီးများ ရှိနေကြောင်း လင်းရန် သိထားပြီး၊ အကယ်၍ သူသာ မရှိခဲ့လျှင် လုံဟူတောင်သည် သူ့ဆွေမျိုးများနှင့် မိတ်ဆွေများ အားလုံးကို သတ်ဖြတ်နိုင်စွမ်း သေချာပေါက် ရှိနေမည် ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် လင်းရန်က ဤကဲ့သို့ ပြောလိုက်ခြင်း ဖြစ်ချေသည်။
"အဟမ်း... မိတ်ဆွေလေးက နောက်နေပြန်ပြီ..."
ဆရာသခင် လေထင်မှာ အနေရခက်သွားပြီး လျင်မြန်စွာ ပြောလိုက်လေသည်။ "မိတ်ဆွေလေးက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် မြင့်မားတဲ့ ကျင့်ကြံဆင့် ရှိနေတာ အံ့ဩစရာ မဟုတ်တော့ပါဘူး... မင်းရဲ့ တွေးခေါ်မှုနဲ့ လုပ်ရပ်တွေက ဒီလောက် ထိုးထွင်းသိမြင်နိုင်စွမ်း ရှိပြီး ပြတ်သားနေတာကို အခုမှ ငါ နားလည်တော့တယ်..."
"တာအိုလမ်းစဥ် လျှောက်လှမ်းသူတွေဆိုတာ လိမ်မပြောပါဘူး... မိတ်ဆွေလေးက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီအဆင့်ကို ရောက်နေတာ... ကျုပ်တို့ ဟွာရှ အတွက် ကြီးမားတဲ့ ကောင်းချီးတစ်ခုပါပဲ... အရင်တုန်းက မင်းကို သတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့သူတွေ အားလုံးက သူတို့ရဲ့ အကြောင်းပြချက်တွေနဲ့ လုပ်ရပ်တွေမှာ အရမ်းကို တိမ်ကောလွန်းပါတယ်..."
"ဒီနေ့ မိတ်ဆွေလေးက ကျုပ်တို့ရဲ့ အသက်ကို ချမ်းသာပေးခဲ့ပြီဆိုတော့... ကျုပ်တို့ လုံဟူတောင်ကို ပြန်ရောက်ရင် မင်းကို ပြဿနာ ထပ်မရှာအောင် ကျုပ်တို့ရဲ့ တပည့်တွေကို ဆုံးမပေးပါ့မယ်... ရှန်ချင်းနန်းတော်နဲ့ မင်းကြားက ရန်ငြိုးကို ဒီနေ့ကစပြီး အကုန်လုံး ကျေအေးလိုက်မယ်... ဘယ်လိုလဲ..."
ဆရာသခင် လေထင်သည် ကလဲ့စားချေမည့်အကြောင်း လုံးဝ မပြောတော့ဘဲ ရန်ငြိုးကို ဖြေရှင်းရန် ကိုယ်တိုင် အစပြုလိုက်သည်။
"မိတ်ဆွေလေး လင်းရန်... ငါ ကျန်းရူယန်က ဒီကတိကို ပေးနိုင်ပါတယ်... ငါ့ရဲ့ ကောင်းကင်သခင်စံအိမ်ကလည်း ပေးနိုင်တယ်..."
ဆရာသခင် လေထင် ပြောသည်ကို ကြားပြီးနောက် ကျန်းရူယန်က နောက်ထပ် စကားတစ်ခွန်း ထပ်ဖြည့်လိုက်လေသည်။
"ရန်ငြိုးတွေ အကုန် ကျေအေးမယ်ဆိုရင်တော့... ကျုပ်လည်း ထပ်ပြောစရာ ဘာမှ မရှိတော့ပါဘူး..."
လင်းရန် သူတို့၏ စကားများကို ကျေနပ်သွားခဲ့ပေသည်။ သူ ပြုံးကာ ခေါင်းညိတ်လိုက်ပြီးနောက် မေးလိုက်၏။ "ဒါဆို... ပိုင်အာရော ဘယ်လိုလဲ..."
"ပိုင်အာ..."
ဆရာသခင် လေထင်နှင့် ကျန်းရူယန် တို့ နှစ်ယောက်စလုံး အံ့အားသင့်သွားပြီး လုံးဝ ဇဝေဇဝါ ဖြစ်သွားကြလေသည်။
လင်းရန်က လျင်မြန်စွာ ရှင်းပြလိုက်၏။ "အော်... အဲဒါက ခင်ဗျားတို့ လုံဟူတောင်မှာ ဝိညာဉ် အသိစိတ် နိုးကြားလာတဲ့ ကိုးမြှီး ကောင်းကင်မြေခွေးကို ပြောတာပါ..."
ကိုးမြှီး ကောင်းကင်မြေခွေး အကြောင်း ကြားလိုက်ရသောအခါ ဆရာသခင် လေထင် ချက်ချင်း နားလည်သွားလေသည်။ "ကျုပ်တို့ ဘိုးဘေးတွေရဲ့ စကားအရဆိုရင် ကြီးမြတ်တဲ့ မိစ္ဆာတွေဟာ အမြဲတမ်း သူတော်စင်တွေနဲ့အတူ ပေါ်ထွက်လာပြီး သူတို့နဲ့အတူ ကြီးထွားလာတတ်ကြပါတယ်... ကိုးမြှီး ကောင်းကင်မြေခွေးက မင်းနောက်ကို လိုက်ဖို့ ရွေးချယ်ခဲ့ပြီဆိုတော့... ငါ့ရဲ့ လုံဟူတောင်က သဘာဝကျကျပဲ သူမကို အနည်းငယ်တောင် လိုချင်တပ်မက်နေမှာ မဟုတ်ပါဘူး... ကျေးဇူးပြုပြီး စိတ်ချပါ..."
ဆရာသခင် လေထင်၏ စကားများတွင် အဓိပ္ပာယ်များစွာ ပါဝင်နေလေသည်။ "ကမ္ဘာတုန်ဟီးစေသော မိစ္ဆာက သူတော်စင်နောက်သို့ လိုက်လေသည်" ဟူ၍ပင် ဖြစ်ချေသည်။
ဤစကားကို ကြားပြီးနောက် လင်းရန်မှာ အလွန်တရာ သက်သောင့်သက်သာ ဖြစ်သွားပြီး သူ့တစ်ကိုယ်လုံးရှိ ချွေးပေါက်တိုင်းက ပွင့်ထွက်သွားသလို ခံစားလိုက်ရပေသည်။ သူ မနေနိုင်တော့ချေ။ ဆရာသခင် လေထင်၏ မြှောက်ပင့်စကားများက တကယ့်ကို နားထောင်လို့ ကောင်းလွန်းနေလေသည်။
ရိုးရိုးသားသား ပြောရလျှင် လင်းရန်သည် ကျင့်ကြံခြင်း ကမ္ဘာကြီးမှ လာသူဖြစ်ရာ ဆရာသခင် လေထင် ပြောသော သဘောတရားများကို အခြားမည်သူထက်မဆို ပို၍ သဘာဝကျကျ နားလည်ထားပေသည်။ ၎င်းတို့ အားလုံးမှာ အမှန်တရားများ ဖြစ်ကြောင်း သူ သိသော်လည်း သူ ဘယ်သောအခါမှ စိတ်ထဲ မထားခဲ့ဖူးပါချေ။
လင်းရန် ပြုံးကာ လက်ကို ခပ်ဖွဖွ ဝှေ့ယမ်းလိုက်ပြီး ... "ဒါဆိုလည်း... ခင်ဗျားတို့ နှစ်ယောက် သွားလို့ ရပါပြီ..."
ဤသည်မှာ သူတို့ကို ထွက်သွားရန် ပြောလိုက်ခြင်းပင်။
"အင်္သချေ ကောင်းကင်တာအို..."
ဆရာသခင် လေထင်နှင့် ကျန်းရူယန်တို့က သူတို့၏ တာအိုမန္တန်များကို တစ်ပြိုင်နက်တည်း ရေရွတ်လိုက်ကြလေသည်။ သူတို့က လင်းရန်ကို လေးလေးနက်နက် ကြည့်လိုက်ပြီးနောက် အချင်းချင်း အကဲခတ်ကာ ခေါင်းညိတ်လိုက်ကြပေသည်။
"မိတ်ဆွေလေး... စိမ်းလန်းတဲ့ တောင်တန်းတွေက မပြောင်းလဲပါဘူး... ကြည်လင်တဲ့ ရေတွေကလည်း ထာဝရ စီးဆင်းနေမှာ... ကျုပ်တို့ ထပ်တွေ့ကြဦးမှာပါ..."
"စိတ်မပူပါနဲ့... ကျုပ်တို့ သေချာပေါက် ထပ်တွေ့ကြဦးမှာပါ..."
လင်းရန် ပြုံးကာ သဘောတူလိုက်ပြီးနောက် သူတို့နှစ်ဦး ပျံသန်းထွက်ခွာသွားသည်ကို စောင့်ကြည့်နေလိုက်သည်။
သေချာပေါက် ထပ်တွေ့ကြဦးမည်သာ ဖြစ်၏။ လင်းရန်သည် ယနေ့ လုံဟူတောင်မှ ကြီးမြတ်သော ကျင့်ကြံသူ နှစ်ဦးကို သူ၏အစွမ်းထက်သော ခွန်အားဖြင့် လုံးဝ ခြိမ်းခြောက်နိုင်ခဲ့ပြီး သူတို့၏ အတိတ်က ရန်ငြိုးများကို ကျေအေးစေရန် အတင်းအကျပ် ဖိအားပေးကာ ပိုင်ရှင်းအာအတွက် တရားမျှတမှုကို ရယူပေးနိုင်ခဲ့သော်လည်း သူက လုံဟူတောင်ကို အလွန် စိတ်ဝင်စားနေဆဲ ဖြစ်ပေသည်။
အထူးသဖြင့် ပိုင်ရှင်းအာ၏ ဝိညာဉ် အသိစိတ် နိုးကြားလာခဲ့သော နေရာတွင် ထူးဆန်းမှု တစ်ခုခု သေချာပေါက် ရှိနေမည်ကို လင်းရန် သိထားသဖြင့် သူ သွားရောက် စူးစမ်းရမည်သာ ဖြစ်၏။ ထိုသို့မဟုတ်ပါက သူ အလွန် သွားချင်နေမည် မဟုတ်ပေ။
"လင်းရန်... အဲဒီ ဆရာသခင် လေထင် ပြောသွားတဲ့ ကမ္ဘာတုန်ဟီးစေတဲ့ မိစ္ဆာက သူတော်စင်နောက်ကို လိုက်ပြီး သူတို့နဲ့အတူ ကြီးထွားလာမယ် ဆိုတာ ဘာအဓိပ္ပာယ်လဲ..."
ဆရာသခင် လေထင်နှင့် ကောင်းကင်သခင် ကျန်းရူယန်တို့၏ အရိပ်များ ပျောက်ကွယ်သွားပြီးနောက် ရီရှင်းချန်က သူမ၏ လှပသော မျက်လုံးလေးများကို မှိတ်တုတ်မှိတ်တုတ် လုပ်ကာ လင်းရန်ဘက်သို့ လှည့်၍ မေးလိုက်လေသည်။
"ဟားဟားဟားဟား..."
လင်းရန် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ... "မင်း နားမလည်ဘူးလား... ဆရာသခင် လေထင်က ကိုယ့်ကို သူတော်စင်လို့ ပြောနေတာလေ..."
"ဟွန်း..."
ရီရှင်းချန်သည် လင်းရန်၏ မာနထောင်လွှားနေသော ပုံစံကို ဆက်လက် သည်းမခံနိုင်တော့ချေ။ သူမက လင်းရန်ကို ဒေါသတကြီး စိုက်ကြည့်ကာ ပြောလိုက်လေသည်။ "သူတော်စင်... သူတော်စင်တွေ အားလုံးကသာ ရှင့်လိုဆိုရင် နေက အနောက်ဘက်ကနေ နေ့တိုင်း ထွက်လာလိမ့်မယ်..."
အာဏာရှင်ဆန်တယ်၊ အရှက်မရှိဘူး၊ စိတ်ပြောင်းလွယ်တယ်၊ နည်းနည်းလေး ဆွပေးတာနဲ့ သတ်ဖြတ်တတ်တယ်၊ ပြီးတော့ အမြဲတမ်း မိုးကြိုးအပစ်ခံရတယ်...
လင်းရန် လုပ်သမျှ အရာအားလုံးက သူတော်စင် တစ်ယောက်နှင့် လုံးဝကို မသက်ဆိုင်နေပေ။
"ကျွန်မ ထင်တာတော့ ရှင်က မိစ္ဆာကြီး တစ်ကောင်နဲ့ ပိုတူတယ်..."
လင်းရန်၏ လုပ်ရပ်များကို စဉ်းစားရင်း ရီရှင်းချန် မနေနိုင်ဘဲ တခစ်ခစ် ရယ်မောလိုက်မိလေသည်။
"ကြီးမြတ်တဲ့ မိစ္ဆာသခင်... ဒီလောက် ချောမောတဲ့ မိစ္ဆာသခင်ကို မင်း မြင်ဖူးလို့လား..."
လင်းရန် မတ်တပ်ရပ်လိုက်ပြီး မာနကြီးသည့် ဟန်ပန်ဖြင့် ပြောလိုက်လေသည်။ "ဒါပေမဲ့ 'သူတော်စင်' ထက်စာရင် 'ကြီးမြတ်တဲ့ မိစ္ဆာ'က ပိုပြီး နားထောင်လို့ ကောင်းတယ်... ကိုယ့်အကြိုက်ပဲ..."
ဤအချိန်တွင် အရှေ့ဘက် ပင်လယ်ပြင်မှ အနီရောင် နေမင်းကြီး ထွက်ပေါ်လာပြီး ပင်လယ်နှင့် ကောင်းကင်ကို တစ်သားတည်း ဖြစ်သွားစေသော တောက်ပသည့် အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့လေသည်။ တောက်ပသော အနီရောင် အလင်းတန်းများက လင်းရန်အပေါ်သို့ ကျရောက်လာပြီး သူ့ကို ရွှေရောင် အနားကွပ်လေးတစ်ခု ဖြစ်ပေါ်စေကာ ဤကမ္ဘာလောကကြီးနှင့် လုံးဝ တစ်သားတည်း ဖြစ်သွားသကဲ့သို့ ဖြစ်နေသည်။
ရီရှင်းချန်သည် အရှေ့ဘက် ပင်လယ်ပြင်တွင် ထွက်ပေါ်လာသော တောက်ပသည့် နေမင်းကြီးကို ငေးကြည့်နေရင်း သူမ ရုတ်တရက် ဆက်သွယ်မှုတစ်ခုကို ခံစားလိုက်ရပြီး ချီသန့်စင်ခြင်း အဆင့်ငါးသို့ ချက်ချင်း ချိုးဖျက် အဆင့်တက်သွား၏။
တစ်ချိန်တည်းမှာပင် ဟွာရှ၏ မြို့တော်တွင်... ယွန်မန်တောင်၏ အမြင့်ဆုံး တောင်ထွတ်၌ နေထွက်ချိန်၏ အလင်းရောင်ကို ခံယူနေသည့် နင်လင်းယုသည်လည်း ချီသန့်စင်ခြင်း အဆင့်ခြောက်သို့ အဆင့်တက်သွားတော့၏။
အခန်း ၁၅၇၁ ပြီး